← Chapters

လွှမ်းမိုးခြယ်လှယ်သော အဖိုးယိုဖန်

Vol. 7 Ch. 97

လွှမ်းမိုးခြယ်လှယ်သော အဖိုးယိုဖန်

Vol. 7 Ch. 97

ကုတ် - စီ အား မြက်ခင်းပြင်မှ ခေါ်ထုတ်လာသူမှာ အင်စလေဖြစ်ကြောင်း သိသွားကြသည်နှင့် ထိုလူများသည် မည်သည်ကြောင့် သူမအား သတ်ဖြတ်ရန် ကြိုးစားကြမည်နည်း။

အကြောင်းမှာ မြင့်မြတ်အစောင့်အရှောက်၏ ပိုင်ဆိုင်မှု အမှတ်အသားသည် သူတို့အား မြက်ခင်းပြင်မှ ဆင့်ခေါ်ထုတ်လာသည့် သူ မသေမချင်း သို့မဟုတ် သဘောဆန္ဒအရ ပြောင်းလဲပေးခြင်း မရှိသရွေ့ ထိုအမှတ်အသားအား လွှဲပြောင်းမရနိုင်သောကြောင့် ဖြစ်သည်။

မြင့်မြတ် အစောင့်အရှောက်မှာ သားရဲအသွင် မပြောင်းရသေးဘဲ ကြောင်ပုံစံဖြင့် ရှိနေသေးသည့်တိုင်အောင် ပိုင်ဆိုင်မှု အမှတ်အသားမှာ သားရဲအား မြက်ခင်းပြင်သို့ ပြန်လွှတ်ပေးလိုက်သည့် အချိန်အထိ ရှိနေဆဲဖြစ်မည်။ ပိုင်ရှင်သည် သားရဲအား ထိန်းချုပ်နိုင်ခြင်း မရှိတော့မှသာ ထိုသို့ ဖြစ်လာမည် ဖြစ်သည်။

သို့သော် ကောက်ကျစ်သည့် မြေခွေးကဲ့သို့သော လူအိုကြီးများသာ ပိုင်ဆိုင်မှုအား အင်စလေ ကိုင်ဆောင်ထားမှန်း သိပါလျှင် သူတို့သည် ပိုင်ဆိုင်မှု ရရှိရန်အတွက် အင်စလေအား သတ်ဖြတ်ပစ်နိုင်ကြသည်။

မြင့်မြတ် အစောင့်အရှောက်တစ်ကောင် ပိုင်ဆိုင်ထားခြင်းမှာ စလိုအန်မိသားစုထဲ၌ ခိုင်မာသည့် ခြေကုတ်တစ်ခု ရယူလိုက်ခြင်းနှင့် အတူတူပင်ဖြစ်သည်။ အခြားမာဖီးယား မိသားစုများသည်ပင် မြင့်မြတ် အစောင့်အရှောက်အား သိမ်းသွင်းနိုင်ခဲ့သူအား ဆန့်ကျင်ရန် နှစ်ကြိမ်စဉ်းစားရမည် ဖြစ်သည်။

ထို့ကြောင့် သူတို့သည် မြင့်မြတ် အစောင့်အရှောက်၏ ပိုင်ဆိုင်မှုအား အယ်လီယာနာထံမှ သူတို့ထဲမှ တစ်ဦးအား လွှဲပြောင်းပေးရန် အကြောင်းပြချက် ရှာနေခြင်းသာ ဖြစ်သည်။ သူတို့ မသိသည်မှာ အယ်လီယာနာသည် အပြစ်ကင်းသည်ပင်။

“မဟာအကြီးအကဲ.. ကျုပ်ထင်တာတော့ မိသားစုခေါင်းဆောင်ရဲ့ အုပ်ထိန်းသူက သားရဲကို ထိန်းချုပ်နိုင်မှာ မဟုတ်ပါဘူး.. သူမက အင်အားကြီးတဲ့ မိသားစုခွဲကလူလည်း မဟုတ်ဘူးလေ..”

ချဲသည် အယ်လီယာနာအား ချောင်ပိတ်ရိုက်ရန် မစောင့်နိုင်တော့ချေ။

ထိုသို့ပြောပြီးနောက် အယ်လီယာနာအား လှောင်ပြောင်ဟန်ဖြင့် ကြည့်လိုက်သည်။

“သူမက စကားတောင် သေချာမပြောနိုင်ဘူးလို့ ကြားထားတယ်..”

“မဟာအကြီးအကဲ.. ကျုပ်တို့က မိသားစုခေါင်းဆောင်ရဲ့ အုပ်ထိန်းသူကို သိမ်ငယ်အောင် လုပ်တာ မဟုတ်ပါဘူး.. ဒါပေမဲ့ သူမရဲ့ လက်ရှိအနေအထားက မြင့်မြတ် အစောင့်အရှောက်ကို သိမ်းသွင်းဖို့ မသင့်တော်ပါဘူး..”

လီယွန် သဘောတူဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။

“မြင့်မြတ် အစောင့်အရှောက်ကို တခြားတစ်ယောက်ကို စောင့်ရှောက်ခိုင်းပြီးမှ မိသားစုခေါင်းဆောင်ကို ပိုင်ဆိုင်ခွင့် ပေးတာ ပိုကောင်းပါလိမ့်မယ်..”

ဦးလေးဒိုဘာသည် အင်စလေအား ကြည့်ပြီး ဖော်ရွေစွာ ပြုံးပြလိုက်သည်။ ထိုလူမှာ အင်စလေအတွက် အမှန်တကယ် စိုးရိမ်နေပုံ ပေါ်သော်ငြား အဖိုးယိုဖန်မှာ အရူးမဟုတ်ပေ။

ဒီကောင်က သူတို့ကို ပိုင်ဆိုင်မှု လွှဲပြောင်းပြီးမှ အင်စလေ အရွယ်ရောက်လာရင် ပြန်ပေးပါမယ်လို့ ဘယ်လိုတောင် ပြောရဲရတာလဲ..

မြင့်မြတ် အစောင့်အရှောက်၏ သွေးမျိုးဆက်အား အပြည့်အဝ နိုးထစေနိုင်ပြီး သွေးပဋိညာဉ် ပြုလိုက်မည်ဆိုလျှင် ထိုသူ၏ ပိုင်ဆိုင်မှုအား အခြားသူထံသို့ လွှဲပြောင်းနိုင်တော့မည် မဟုတ်ပေ။

ပိုင်ဆိုင်မှုသည် မြင့်မြတ် အစောင့်အရှောက် ကြောင်သဏ္ဌာန်ဖြင့် ရှိနေချိန်တွင်သာ ရှိနိုင်သော အမှတ်အသားဖြစ်သည်။

အင်စလေ အရွယ်မရောက်ခင် သားရဲအား သိမ်းသွင်းနိုင်သူ ရှိလာလျှင် မည်သို့လုပ်ရမည်နည်း။ ထိုသူများသည် ကတိပြုထားသလို ပိုင်ဆိုင်မှုအား ပြန်ပေးမည်တဲ့လား။

ပြန်ပေးမည် မဟုတ်ချေ။ ထိုလူများသည် လက်ရှိအချိန်တွင် အင်အားမသုံးဘဲ တရားနည်းလမ်းကျကျ မြင့်မြတ် အစောင့်အရှောက်အား ခိုးယူလိုခြင်း ဖြစ်သည်။

အဖိုးယိုဖန် မေးရိုးများ တင်းကာ မြင့်မြတ်သားရဲ၏ ပိုင်ဆိုင်မှု အမှတ်အသားအား လွှဲပေးရန် ဖိအားပေးနေကြသော မိသားစုခွဲ ခေါင်းဆောင် ၄ ယောက်အား ကြည့်လိုက်သည်။

“လေဒီ အယ်လီယာနာက မြင့်မြတ်သားရဲကို ကောင်းကောင်း ကိုင်တွယ်နိုင်တယ်လို့ ငါထင်တယ်.. ဆင့်ခေါ်သူ မဟုတ်ရင် မိသားစုခွဲတွေက မြင့်မြင့် အစောင့်အရှောက်ကို ထိန်းသိမ်းပေးတယ်ဆိုတာ ဟိုတုန်းကတည်းက တစ်ခါမှတောင် မကြားဖူးခဲ့ဘူး..”

အဖိုးယိုဖန်သည် သားရဲနှင့် အစောင့်အရှောက် ဟူသည့် အခေါ်အဝေါ်အား မကြာခဏ ပြောင်းလဲသုံးစွဲနေပြီး သူတို့ ပြောနေသည့် သားရဲဆိုသည်မှာ သားရဲတစ်ကောင်ထက်ပိုသော အစောင့်အရှောက် ဖြစ်ကြောင်းကို ထိုသူများအား သတိပေးနေခြင်း ဖြစ်သည်။

“လေဒီ အယ်လီယာနာက အစောင့်အရှောက်ကို မြက်ခင်းပြင်ကနေ ဆင့်ခေါ်ထုတ်ခဲ့တာ.. သူမ ဘယ်သူပဲဖြစ်ဖြစ် အစောင့်အရှောက်ကို ထိန်းသိမ်းထားနိုင်တဲ့ စွမ်းအားရှိတယ်..”

အဖိုးယိုဖန် အသံမြှင့်ပြီး ‘စွမ်းအား’ ဟူသည့် စကားလုံးအား အလေးပေးပြောလိုက်သည်။

“ဒါ့အပြင် သူမက မိသားစုခေါင်းဆောင်ရဲ့ အုပ်ထိန်းသူလည်းဖြစ်တယ်.. သူမက ကျုပ်တို့ မိသားစုခေါင်းဆောင်ရဲ့ ကိုယ်စားလှယ်ပဲ.. မိသားစု ခေါင်းဆောင်အတွက် မြင့်မြတ် အစောင့်အရှောက်ကို သူမကိုယ်တိုင် ထိန်းသိမ်းပေးထားတာ ပိုကောင်းပါတယ်..”

အခြားလူများ၏ အကြည့်များ ချက်ချင်း ပြောင်းလဲသွားသည်။ အချို့သည် မျက်နှာသေများ ဖြစ်သွားကြပြီး ရာအော့မိသားစုနှင့် အဲလီမိသားစုမှ လူများမှာမူ ပြုံးလျက် ရှိနေကြသည်။

“မဟာအကြီးအကဲ ပြောတာကို ကျုပ် သဘောတူတယ်..”

ရာအောစ့်မိသားစုမှ တောင့်တောင့်တင်းတင်း လူတစ်ဦးသည် အင်စလေနှင့် အယ်လီယာနာအား လေးစားနှစ်သက်ဟန်ဖြင့် ကြည့်လိုက်သည်။

“လေဒီ အယ်လီယာနာက မြင့်မြတ် အစောင့်အရှောက်ကို ဆင့်ခေါ်ပြီး သူမရဲ့ခွန်အားကို သက်သေပြပြီးသား.. သူမကပဲ အစောင့်အရှောက်ကို ထိန်းသိမ်းထားသင့်တယ်လို့ ကျုပ်ထင်တယ်..”

သက်လက်ပိုင်းအရွယ်လူသည် မျက်နှာပေါ်ရှိ အဖြူအမဲစပ် မျက်နှာဖုံးအား ထိလိုက်သည်။

မျက်နှာဖုံး၏ အောက်တွင် အံ့အားသင့်ဖို့ ကောင်းပြီး တောင့်တင်းသော ခန္ဓာကိုယ်နှင့် လားလားမှ မအပ်စပ်‌သည့် နူးညံ့သိမ်မွေ့သော မျက်နှာတစ်ခု ရှိသည်။

“ကျုပ်လည်း ဆာ (Sir) ရန် ပြောတာကို သဘောတူတယ်.. မိသားစုခေါင်းဆောင်ရဲ့ အုပ်ထိန်းသူက မြင့်မြတ် အစောင့်အရှောက်ကို ထိန်းသမ်းထားသင့်ပါတယ်..”

နဖူးပေါ်တွင် လင်းယုန်နီ တက်တူးရှိသော ဦးလေး အလက်ဇန္ဒြားသည် ရာအောစ့် မိသားစုခွဲ၏ ခေါင်းဆောင် ရန် ဘက်မှ ရပ်တည်လိုက်သည်။

ထိုသူနှစ်ဦးသည် ဤနေရာသို့ ရောက်ချိန်ကတည်းက အဖိုးယိုဖန်အား မြင့်မြတ် အစောင့်အရှောက် ပိုင်ဆိုင်မှု အမှတ်အသားအား လွှဲပြောင်းပေးရန် တောင်းဆိုခြင်း မရှိခဲ့သည့်အပြင် အင်စလေအား အထင်အမြင်သေးခြင်း၊ နှိမ့်ချခြင်းမျိုးလည်း မရှိကြချေ။

အင်စလေသည် ထိုလူ နှစ်ဦးအား သဘောကျသွားမိသည်။ သူမသည် ထမင်းစားခန်း အတွင်းရှိ လူများ၏ မျက်နှာအား တိတ်တဆိတ် မှတ်သားထားသည်။

မိသားစုခေါင်းဆောင်အဖြစ် အာဏာဖြန့်ကျက်ပြီးရင် ကြင်နာတတ်တဲ့ ဦးလေး ၂ ယောက်ကျလွဲပြီး နင်တို့အားလုံးကို ဖြုတ်ပစ်မယ်လို့ ကျိန်ဆိုတယ်..

“ကျေးဇူးတင်ပါတယ် ဆာ ရန်.. ဆာ အလက်ဇန္ဒြား..”

အဖိုးယိုဖန်သည် ချက်ချင်းပင် ထိုလူနှစ်ဦးအား ကျေးဇူးတင်ကြောင်း ဖော်ပြလိုက်သည်။ ကျန်လူများမှာမူ ယင်ကောင်မျိုချမိသလို အမူအရာများ ဖြစ်သွားကြသည်။

ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်ရတာလဲ.. မဟာအကြီးအကဲက ဒီလို မထင်မရှား မိန်းမတစ်ယောက်ကို မြင့်မြတ် အစောင့်အရှောက် ထိန်းသိမ်းခွင့် ပေးလိုက်တယ်ပေါ့.. ဒီမိန်းမက မိသားစုဝင်တွေ ကြားထဲမှာတောင် လူမသိ သူမသိလေ..

“ဒါပေမဲ့ မဟာအကြီးအကဲ.. လေဒီ အယ်လီယာနာက ဒီလိုမျိုး အရေးကြီးတဲ့ တာဝန်နဲ့ မသင့်တော်ပါဘူး.. သူမက..”

လီယွန်သည် ကန့်ကွက်ဆန့်ကျင် ဆန္ဒပြလိုသော်ငြား အဖိုးယိုဖန်၏ အေးစက်သော အကြည့်တစ်ချက်အား ရလိုက်သည်။

“မင်းက ငါ့ရဲ့ ဆုံးဖြတ်ချက်ကို မေးခွန်းထုတ်နေတာလား..”

အဖိုးယိုဖန်သည် ရုတ်တရက် သူ၏ အငွေ့အသက်အား ထုတ်ဖော်လိုက်ပြီး လေထုထဲမှ ဘလက်ဟိုးတစ်ခု ထွက်ပေါ်လာသည်။ သေးငယ်သော ဘလက်ဟိုးလေးသည် အဖိုးယိုဖန်၏ နောက်ကျောဘက်၌ လှည့်ပတ်နေသည်။

“နားထောင်ကြ.. ဒီမိသားစုမှာ မိသားစုခေါင်းဆောင်နဲ့ မိသားစုခေါင်းဆောင်ရဲ့ အုပ်ထိန်းသူကပဲ မြင့်မြတ် အစောင့်အရှောက်ကို ထိန်းသိမ်းပိုင်ခွင့် ရှိတယ်..”

အဖိုးယိုဖန်၏ ဆံပင်များ မြင့်တက်ကာ လေထဲတွင် လွင့်နေသည်။ အခြားတစ်ဖက်တွင် ဘလက်ဟိုးသည် လူ ၄ ဦး၏ ရှေ့တွင်ရှိသော ဇွန်း၊ ခရင်း၊ ပန်းကန် စသည့် ပစ္စည်းများအား စုပ်ယူသွားသည်။ စားပွဲခင်းပင်လျှင် လက်သီးဆုပ် အရွယ်မျှသာရှိသော ဘလက်ဟိုးအတွင်းသို့ ပျံသန်းသွားလုနီးနီး ဖြစ်သည်။

“သာမန် မိသားစုခွဲ တစ်ခုက မြင့်မြတ် အစောင့်အရှောက်ကို ထိန်းသိမ်း စောင့်ရှောက်ပေးတယ်လို့ ဘယ်တုန်းကမှ မကြားဖူးခဲ့ဘူး.. မိသားစုခေါင်းဆောင် နေရာကို ယှဉ်ပြိုင်မဲ့ သူတွေသာ အဲဒီလို လုပ်ပိုင်ခွင့် ရှိတယ်.. ဒါပေမဲ့..”

အဖိုးယိုဖန်သည် အင်စလေအား တစ်ချက်ကြည့်လိုက်သည်။

သူ၏ မြေစွမ်းအားဖြင့် စားပွဲပေါ်ရှိ ကောက်ကျစ်သည့် လူတစ်စုအား တဖြည်းဖြည်းချင်း ဖိနှိပ်လိုက်သည်။

“ငါတို့မှာ မိသားစု ခေါင်းဆောင်အသစ် ရှိနေပြီးသား..”

အဖိုးယိုဖန်သည် ဂုဏ်ယူဝံ့ကြွားမှု အပြည့်ဖြင့် ပြောလိုက်သည်။

All Chapters