← Chapters

အံ့ဖွယ်ကလေး နောက်တစ်ဦး

Vol. 7 Ch. 100

အံ့ဖွယ်ကလေး နောက်တစ်ဦး

Vol. 7 Ch. 100

အင်စလေသည် အယ်လီယာနာ၏ ယုံကြည်မှုအား စိတ်မပျက်စေရဟု ပြောခဲ့သည်။ သို့သော် ရက်အနည်းငယ် ကြာပြီးသည့်တိုင်အောင် ကလေးသည် ကြမ်းပြင်ပေါ်သို့ ပုံလျက်သား ကျသွားလေသည်။

သောက်ကျိုးနည်း.. ဘာကိစ္စကြောင့် ကြောင်နဲ့ သံယောဇဉ်ကြိုး မဖွဲ့နိုင်ရသေးတာလဲ.. ဂါးး

အင်စလေ ပါးဖောင်းကာ ကိုယ့်အမြီးကိုယ် ပြန်ဆော့နေသော ကုတ် - စီ အား ကြည့်လိုက်သည်။ ထိုကြောင်ငတုံးသည် ခွေးတစ်ကောင်နှင့် တူနေသည့်တိုင်အောင် ချစ်စဖွယ်ကောင်းလှသည်။

ထိုကောင်သည် မည်မျှပင် ချစ်ဖို့ကောင်းနေစေကာမူ အင်စလေအား စိတ်ရင်းနှင့် ဖွင့်ထုတ်ဆက်ဆံခြင်း မပြုချေ။ သူတို့သည် မြန်မြန်ဆန်ဆန်ပင် သူငယ်ချင်းကောင်းများ ဖြစ်လာသော်ငြား ထိုသည်က အကြောင်းသပ်သပ်ပင်။ သူမသည် နှစ်ဦးကြားရှိ ဆက်ဆံရေးအား ပိုမိုလေးနက်လိုသော်ငြား တံတိုင်းတစ်ခု ကာဆီးထားဆဲဖြစ်သည်။

“ဟူးးးး”

အင်စလေ သက်ပြင်းချလိုက်သည်။ ဦးခေါင်းတစ်ခုလုံးမှာလည်း n ကြိမ်မြောက် ကိုက်ခဲလာပြန်သည်။ ဆက်မလုပ်နိုင်တော့ဘူး။

ဘာလုပ်ရမှာလဲ..

ကလေးသည် ကြမ်းပြင်ပေါ် ပက်လက်လှန်ကာ မျက်နှာကြက်အား မော့ကြည့်လိုက်သည်။ လက်မအား ပါးစပ်ဖြင့်ကိုက်ကာ ပူပန်သောက ရောက်နေရသည်။

ဖင်းနီနဲ့လည်း တိုင်ပင်ကြည့်ပြီးပြီ.. ဒါပေမဲ့ သူလည်း မကူညီနိုင်ဘူး.. သူ့ပုံကို ကြည့်ရတာတော့ ကူညီနိုင်ပေမဲ့ မလုပ်ချင်တဲ့ပုံပဲ.. ဘာလို့လဲ.. ခက်ခဲလို့လား.. ဘာပဲဖြစ်ဖြစ် ၃ ရက် ကြာပြီးတာတောင် ကုတ် - စီ ရဲ့ ယုံကြည်မှုကို အပြည့်အဝ မရသေးဘူး..

အင်စလေ မျက်မှောင်ကြုတ်လိုက်သည်။ သူမကိုယ်သူမ စိတ်မရှည် ဖြစ်လာမှန်း သိသော်ငြား အချိန်များစွာ မရသောကြောင့် ဖိအားဖြစ်လာသည်။ ကုတ် - စီ နှင့် သံယောဇဉ်ကြိုး နှောင်ဖွဲ့ရန် အချိန်ကြာနေမည် ဆိုပါက အယ်လီယာနာအတွက် အန္တရာယ် ပိုများလာမည် ဖြစ်သည်။

လွန်ခဲ့သော ရက်အနည်းငယ်ခန့်က မိသားစုခွဲများမှ ခေါင်းဆောင်များသည် သူမနှင့် အကြီးအကဲများထံသို့ အဆက်မပြတ် လာရောက်လည်ပတ်ကာ သူမနှင့် ကုတ် - စီ အား ခွဲထားသင့်ကြောင်း ပြောကြသည်။

ဖိအားများမှာ အစစ်အမှန် ဖြစ်သည်။ အခြားသူများသည် ကုတ် - စီ အား အငမ်းမရ လိုချင်ရုံတင် မကဘဲ ယမန့်နေ့က အယ်လီယာနာသည် လုပ်ကြံမှုနှင့် ကြုံခဲ့ရသည်။

အယ်လီယာနာ လက်မောင်းအား ပတ်တီးစည်းကာ အလုပ်သို့ ရောက်လာပုံကို အမှတ်ရပြီး အင်စလေ မျက်ရည်များ ဝဲတက်လာသည်။

“အယ်..”

ကလေး တိုးညင်းစွာ ပြောလိုက်သည်။ သူမသည် အိမ်အကူများ မရှိဘဲနှင့် အခန်းထဲ၌ တစ်ဦးတည်း လဲလျောင်းနေခြင်း ဖြစ်သည်။

အယ်.. ဘာလုပ်ရမလဲ.. ငါက သူမကို အန္တရာယ်တွေပဲ ပေးနေမိတယ်.. ငါ့အလုပ်ကိုတောင် ကောင်းကောင်း မလုပ်နိုင်ဘူး..

အင်စလေသည် ကုတ် - စီ အပေါ်တွင်သာ အာရုံစိုက်ထားသောကြောင့် မိသားစုခေါင်းဆောင် တာဝန်များအား အဖိုးယိုဖန်နှင့် အယ်လီယာနာကိုသာ လွှဲထားလေသည်။

သူတို့နှစ်ဦးသည် သူမ၏ လျှို့ဝှက်ကူညီမှု မရရှိတော့သောကြောင့် သူမအစား အလုပ်ရှုပ်နေကြသည်။ စာရင်းကိုင်ချုပ် ကျူစယ်လီပင်လျှင် အတော်လေး အလုပ်များနေသည်။

အဖိုးယိုဖန်သည် သူမအစား မိသားစုခေါင်းဆောင် တာဝန်များအား လုပ်ကိုင်ပေးသည့်အပြင် ကုတ် - စီ နှင့် ရင်းနှီးမှု တိုးလာစေရန် သူ၏ လျှို့ဝှက်ရန်ပုံငွေကိုလည်း အသုံးပြုကာ ထောက်ပံ့ပေးသည်။

အယ်လီယာနာသည် သူမ၏ အိပ်ချိန်များကိုပင် စတေးကာ မိသားစုခေါင်းဆောင်၏ အုပ်ထိန်းသူကောင်းတစ်ဦး ဖြစ်လာစေရန် လိုအပ်သည့် အရာများအား လေ့လာသင်ယူနေစဉ် ကျူစယ်လီသည် အကျင့်ပျက်ခြစားသော မိသားစုဝင်များနှင့် ငြင်းခုန်မှု ပြုနေရသည်။

သူမ၏ သစ္စာအရှိဆုံး ဘက်တော်သား ၃ ဦးမှာ သူမအတွက် အလုပ်များနေပြီး သားရဲအား အောင်မြင်စွာ သိမ်းသွင်းနိုင်ရန် မျှော်လင့်လျက် ရှိကြသည်။ သို့သော်..

သူမ မအောင်မြင်သေးချေ။

အင်စလေ အောက်နှုတ်ခမ်းအား ကိုက်လိုက်သည်။ အမြဲလိုလို ရွှင်လန်းတက်ကြွနေတတ်သည့် မျက်နှာလေးမှာ သုန်မှုန်လျက် ရှိနေပြီး တောက်ပသည့် မျက်လုံးလေးများသည်လည်း မှိန်ဖျော့နေလေ၏။

သူမသည် ယခင်ကဲ့သို့ နှစ်လိုဖွယ်ကောင်းခြင်း မရှိတော့ချေ။ မိသားစုဝင်များသည် သူမ၏ ညှို့ဓာတ်စွမ်းရည်အား အသားကျလာကြပြီး အချို့လူများအပေါ် သူမ၏ စွမ်းရည် သက်ရောက်မှု မရှိတော့ချေ။

ယခုအခါတွင် အင်စလေ၏ ညှို့ဓာတ်စွမ်းရည်မှာ မိသားစုဝင်များ သူမအပေါ် ကောင်းမွန်စွာ ဆက်ဆံပေးရန်သာ သက်ရောက်မှု ရှိတော့သည်။

ထိုသက်ရောက်မှု မရှိတော့လျှင် ဘေးလူများသည် သူမအား တိတ်တဆိတ် အထင်အမြင်သေးကာ အိမ်အကူများသည်လည်း အပေါ်ယံမျှသာ ဂရုစိုက်ကြလိမ့်မည်။

အတော်လေး ခက်ခဲလွန်းလှသည်။

မာဖီးယားမိသားစုသည် သူမ၏ ကလေးဆန်ဆန် ချစ်စဖွယ် သွင်ပြင်အပေါ် သဘောကျနှစ်ခြိုက်ခြင်း မရှိကြချေ။ ထိုသည်ကပင် အင်စလေအား ခံစားချက် ဆိုးဝါးစေခြင်း ဖြစ်သည်။

သူတို့ကို မျက်နှာချိုသွေးဖို့ ဒီလောက်တောင် ကြိုးစားနေတာတောင် ငါ့ကို ဘာဖြစ်လို့ သဘောမကျရတာလဲ.. အဲဒီ သဲသဲတုန်အောင် ချစ်ပေးတဲ့ ဖေဖေရှိတဲ့ အဓိကဇာတ်ဆောင်တွေလိုမျိုး အကောင်းဆုံး ကြိုးစားနေတာတောင်.. အဲဒီနည်းလမ်းက အမြဲတမ်း အလုပ်မလုပ်ဘူးလား..

အင်စလေသည် မိသားစုဝင်များအား သူမဘက်သို့ ဆွဲခေါ်နိုင်အောင် အရာအားလုံး လုပ်ခဲ့သော်ငြား သူမသည် အမွေဆက်ခံသူ မဟုတ်ဘဲ မိသားစုခေါင်းဆောင် တစ်ဦးဖြစ်သောကြောင့် မလွယ်လှချေ။

မိသားစုအတွက် များစွာ အထောက်အပံ့ ပြုပေးခဲ့သော်ငြား မိသားစုအတွင်းမှ ရာထူးကြီးပုဂ္ဂိုလ်များသည် သူမ၏ နောက်ကွယ်၌ ကူညီပေးနေသူမှာ အဖိုးယိုဖန် သို့မဟုတ် အယ်လီယာနာသာ ဖြစ်ရမည်ဟု ထင်နေကြသည်။

သူမ စွမ်းရည်နိုးထလာကြောင်း သိကြသည့်တိုင်အောင် သူမအား လုပ်နိုင်စွမ်းရှိသည်ဟု မည်သူကမှ.. မည်သူကမှ မထင်ကြချေ။

မှန်သည်။ မိသားစုဝင်များသည် အင်စလေ စွမ်းရည်နိုးထပြီဖြစ်ကြောင်း သိထားကြသော်ငြား တုံ့ပြန်မှု ကြီးကြီးမားမား မရှိကြချေ။ ထိုအကြောင်းအား သိချိန်တွင် အံ့အားသင့်သွားကြသော်ငြား သူမ၏ စွမ်းရည် အမျိုးအစားအား သိရှိပြီးနောက်..

အထင်သေးဟန်ဖြင့် ကြည့်ကြလေသည်။

အခြားသူများသည် သူမ၏ စွမ်းရည်အား မည်သို့ သတိပြုမိသွားကြမှန်း အင်စလေ မသိချေ။ သို့သော် တစ်နေ့၌ ပေါက်ကွဲသွားလေသည်။ လွန်ခဲ့သော ၂ ရက်ခန့်က ဖြစ်မည်။ ထိုသူများသည် သူမထံ၌ ညှို့ဓာတ်စွမ်းရည် ရှိနေကြောင်း သိသွားပြီး သူမအား စတင်ကာ သံသယဝင်လာကြသည်။

“ဟေ့.. သူမကို ချစ်ဖို့ကောင်းတယ်လို့ ထင်အောင်လို့ ငါတို့အပေါ် ညှို့ဓာတ်စွမ်းရည် သုံးနေတယ်လို့ မထင်ဘူးလား..”

“ဟုတ်တယ်.. အမှန်ပဲ.. အဲဒါကြောင့် သူမအနားကို ရောက်သွားရင် စိတ်ထဲတစ်မျိုးကြီး ဖြစ်နေတတ်တာ..”

“မိသားစုခေါင်းဆောင်က အသက် ၃ နှစ်ပဲ ရှိသေးတာတောင် ဒီလောက် စဉ်းလဲနေပြီလား.. ကျောချမ်းလိုက်တာ..”

“သူမက ဖြားယောင်းနေတာပဲ.. ကျက်သရေယုတ်တာကွာ..”

ညှို့ဓာတ်စွမ်းရည် အသုံးပြုသူများသည် လူထုအမြင်ကောင်းများ မရခဲ့ကြပေ။ အကြောင်းမှာ ထိုစွမ်းရည်ပိုင်ရှင်များသည် အဆင့်နိမ့် ဆွဲဆောင်သူများနှင့် ပြည့်တန်ဆာ လုပ်ငန်း လုပ်ကိုင်သူများ ရှိသောကြောင့်ပင်။

ရှေးရိုးစွဲတွေ..

အင်စလေ၏ ညှို့ဓာတ်စွမ်းရည်မှာ ပြင်းထန်သော ဆွဲဆောင်မှုနှင့် ညစ်ညမ်းသော ညှို့ငင်မှုမျိုး မဟုတ်ဘဲ ကလေးတစ်ဦး၏ ဆွဲဆောင်မှုသာဖြစ်ကြောင်း သူတို့မသိကြချေ။

“ဖွီ..”

အင်စလေ ဤရက်ပိုင်းအတွင်း ကြုံတွေ့ခဲ့ရသမျှ အဖြစ်အပျက်များအား ပြန်တွေးပြီးနောက် တံတွေးထွေးလိုက်သည်။ သူမ၏ ညှို့ဓာတ်စွမ်းရည်အား ရှာဖွေတွေ့ရှိသွားသည့် လူများအား ကျေးဇူးတင်ရမည်။ အခြားသူများသည် သူမ၏ စွမ်းရည်အကြောင်း သိပြီးနောက် ပလိပ်ရောဂါကဲ့သို့ ရှောင်တိမ်းသွားကြသည်။ မိသားစုဝင်များအား သူမဘက်သို့ သိမ်းသွင်းရန် ကြိုးစားအားထုတ်ခဲ့သမျှ သဲထဲရေသွန် ဖြစ်ခဲ့ရသည်။

သူမသည် အဖိုးယိုဖန်နှင့် စားသောက်စဉ် တစ်ခါတစ်ရံ သူမ၏ စွမ်းရည်နှင့် ပတ်သက်၍ ပြောလေ့ရှိသဖြင့် ယင်းနှင့်ပတ်သက်သည့် အချက်အလက်အား ဖြန့်ဝေသည့် တရားခံမှာ ထမင်းစားခန်း၌ တာဝန်ယူရသော အိမ်အကူများထဲမှ တစ်ဦးဖြစ်ရမည်။

နေရာတိုင်းတွင် သစ္စာဖောက်များ ရှိသောကြောင့် အင်စလေသည် သူမ၏ လှုပ်ရှားမှုများအား အလွန်အကျူး ဂရုစိုက်ရန် လိုအပ်လာသည်။

အင်စလေသည် ကုတ် - စီ နှင့် သံယောဇဉ်ကြိုး နှောင်ဖွဲ့ရန် ကြိုးစားချိန်တိုင်းတွင် အခြားသူများအား မြင်တွေ့ခွင့် မပေးခဲ့ချေ။ အိမ်အကူများသည် သူမအား ဝတ်စားပြင်ဆင်ပေးရန် အခန်းထဲသို့ ဝင်လာချိန်တိုင်းတွင်လည်း ကုတ် - စီ အား မမြင်ခဲ့ပေ။

အမှန်တကယ်ကို ပင်ပန်းလွန်းလှ၏။

အင်စလေ လက်ကလေးများအား ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ သူမ၏ အငွေ့အသက် အားနည်းလာသလို စိတ်ဝိညာဉ်လည်း တုန်လှုပ်နေသည်ကို ခံစားမိသည်။ သူမအပေါ်ရှိ ဝန်ထုပ်ဝန်ပိုးမှာ အတော်လေး ကြီးမားလွန်းနေသည်။

ကလေးသည် လှုပ်ရှားမှု မပြုရသေးခင်မှာပင် အဘက်ဘက်မှ ဖိအားများစွာ ဝိုင်းရံလာသည်။

‘ငါက အဓိကဇာတ်ဆောင် မဟုတ်လို့များလား..’

အင်စလေ မျက်ရည်ဝဲလာသည်။ ထိုစဉ်က အိမ်အကူများ ပြောခဲ့သော အခြားမာဖီးယား မိသားစုတစ်ခုရှိ ကံကောင်းသော ကလေးတစ်ဦးအကြောင်းနှင့် ပတ်သက်သည့် အတင်းအဖျင်းများအား အမှတ်ရလိုက်သည်။

သူမအပြင် ထူးဆန်းအံ့ဩဖွယ်ရာများ ဖန်တီးနေသော အခြားကလေးတစ်ဦးလည်း ရှိနေလေသည်။

All Chapters