← Chapters

မြောင် မြောင် လက်သီးချက်

Vol. 7 Ch. 104

မြောင် မြောင် လက်သီးချက်

Vol. 7 Ch. 104

ဖဝါးလေးရေ.. ဒီကလေးက ဘာကိစ္စနဲ့ ငိုနေရတာလဲ.. သူမက အငိုသန်တဲ့ ကလေးလေး မဟုတ်ဘူးလေ..

အင်စလေ အနာဂတ်မရှိတော့သလို အော်ဟစ်ငိုကြွေးနေချိန်တွင် ကုတ် - စီ သည် တည်တည်ငြိမ်ငြိမ် မနေနိုင်တော့ပေ။ ကြောင်သည် အင်စလေ၏ တံတောင်ဆစ်အား ခေါင်းလေးဖြင့် တိုးဝှေ့ကာ ကလေး၏ အခြေအနေအား သိရရန် ကြိုးစားသော်ငြား ကလေးသည် ပို၍ပင် ငိုကြွေးလာသေးသည်။

“ဝါးးး ငါ့ကိုလာမထိနဲ့.. ရက်စက်ပြီး တွန့်တိုတဲ့ကြောင်.. နင်က ငါ့အိပ်ရာကိုလည်း ခိုးသွားတယ်.. ပြီးတော့ ငါ့ကို လျစ်လျူရှုတယ်.. ပြီးတော့ ပြီးတော့..”

အင်စလေသည် ကလေးတစ်ဦးလို မပြောတော့ချေ။ ကတ်ထူပုံး ချစ်သူရှေ့တွင် ကလေးတစ်ဦးလို ပြောနေခြင်းမှာ အသုံးမဝင်ဟု သူမ ခံစားရသည်။

အင်စလေ၏ စကားသည် ကုတ် - စီ အား မှင်တက်သွားစေသည်။

ဘာလား.. ငါက ဘာဖြစ်လို့ ရက်စက်ပြီး တွန့်တိုတဲ့ကြောင် ဖြစ်ရတာတုန်း.. နင့်ကို ဘာမှလည်း မဟုတ်ဘူးနော်.. ဟုတ်ပြီလား.. လိမ်လိမ်မာမာလေး နေတဲ့ကြောင်ကို..

ကုတ် - စီ သည် မျက်နှာသေနှင့် ငိုကြွေးနေသည့် ကလေးအား စူးစမ်းနေလိုက်သည်။

အင်စလေသည် မြင့်မြတ် အစောင့်အရှောက်အား အာရုံမစိုက်တော့ဘဲ မျက်ရည်များ တသွင်သွင် စီးကျလျက်နှင့် ကြမ်းပြင်ပေါ်တွင် လှဲနေတော့သည်။

ကောင်းတယ်.. အခုတော့ ကလေးက ငိုနေတာ မရပ်တော့ဘူး.. ငါသိသလောက်တော့ နေ့လယ်မရောက်ခင်အထိ ဘယ်သူမှ ဒီအခန်းကို ရောက်လာမှာ မဟုတ်ဘူး..

အချိန်မှာ နံနက်စောစောသာ ရှိနေသေးသည်။ အင်စလေသည် အပြာရင့်ရောင် အစင်း ၂ ကြောင်းပါသည့် ရိုးရှင်းသော အဖြူရောင်ကော်လံပါ ရှပ်အင်္ကျီလက်တိုအား ဝတ်ဆင်ထားသည်။

အပြာရင့်ရောင် စကပ်တိုလေးနှင့် တွဲဖက် ဝတ်ဆင်လိုက်ချိန်တွင် ကလေးမှာ ချစ်စဖွယ်ကောင်းနေတော့သည်။ သို့သော် သူမ ငိုကြွေးချိန်မှစကာ ချစ်စဖွယ် မကောင်းတော့‌ချေ။

ကလေးသည် ဝတ်စားပြင်ဆင်ပြီးနောက် မနက်စာ စားသောက်ပြီးပြီ ဖြစ်သဖြင့် သူမအခန်းသို့ မည်သူမှ ရောက်လာတော့မည် မဟုတ်ကြောင်း ကုတ် - စီ သိသည်။ ထို့ကြောင့်ပင် ကလေးသည် ခိုးခိုးထွက်ကာ မည်သည့်အရာများ လုပ်နေကြောင်း ဘုရားသခင်သာ သိလိမ့်မည်။

ဤနေ့မှာ သာမန်နေ့တစ်နေ့ဆိုလျှင် ကုတ် - စီ ဂရုစိုက်လိမ့်မည် မဟုတ်ပေ။ သို့သော် ကလေးသည် ပြန်ပေးဆွဲခံရသလို၊ အနိုင်ကျင့်ခံရသလို အူလှိုက်သည်းလှိုက် ငိုကြွေးနေလေသည်။

ကုတ် - စီ မရှိသည့် မျက်ခုံးများအား တွန့်ချိုးလိုက်သည်။

“အာဝူးးး”

ကြောင်သည် မြောင်သံပေးကာ ကလေးအား မေးမြန်းရန် ကြိုးစားလိုက်သည်။ လူသားဘာသာစကား မပြောတတ်သောကြောင့် သူမအား အနှောင့်အယှက် ပေးလိုက်လျှင် သူ့အား သတိပြုမိသွားလောက်သည်။

အင်စလေသည် သူမပတ်လည်တွင် လျှောက်သွားနေသည့်ကြောင်အား မကျေနပ်ချက်များ ပြည့်နေသည့် မျက်လုံးဖြင့် ကြည့်ကာ မျက်လုံးများ ပြူးကာ အော်ဟစ်လိုက်သည်။

“ဝါးးး နင်ကငါ့ကို လှောင်နေတာလား.. ငါက အရွယ်ရောက်နေတာတောင် ဒီလိုမျိုး ငိုနေတယ်ဆိုပြီး သနားဖို့ကောင်းတယ်လို့ ထင်နေတာ မလား..”

အင်စလေသည် ကုတ် - စီ မှာ ကြောက်မက်ဖွယ်ကောင်းသည့် မြင့်မြတ် အစောင့်အရှောက် ဖြစ်သည်ဟူသော အချက်အား မေ့လျော့ကာ မျက်ထောင့်နီနှင့် စိုက်ကြည့်လိုက်သည်။

လက်ရှိအချိန်တွင် သူမ၏ ဖိအားများအား ပေါက်ကွဲချင်စိတ်သာ ရှိသည်။

နောက်တစ်ကြိမ် စွပ်စွဲခံရပြီးနောက် ကုတ် - စီ ၏ နှုတ်ခမ်းများ မဲ့ကျသွားသည်။ ထိုကလေးအား ဖဝါးလေးနှင့် ပိတ်ချင်စိတ် ပေါ်လာတော့သည်။

ကြောင်သည် အင်စလေ၏ ဝမ်းဗိုက်ပေါ်သို့ ခုန်တက်ပြီးနောက် ကလေး၏ ပါးစပ်အား အမွေးဖွားဖွား ရှေ့ဖဝါးလေးနှင့် ဖိပိတ်လိုက်သည်။

“အာဝူးးးး”

နားထောင်စမ်း အကောင်ပေါက်လေး.. နင်က ဘာကိစ္စနဲ့ ငါ့ကို စွပ်စွဲနေရတာလဲ.. ဟမ့်.. ငါက နင့်ကို လှောင်ပြောင်နေတာ မဟုတ်ဘူး.. နင်ရဲ့ ဝိညာဉ်က လူကြီးတစ်ယောက်ဆိုတာလည်း သိပြီးတော့.. အဲဒီတော့ ဘာဖြစ်လဲ..

လွန်ခဲ့သော ၃ ရက်တာသည် အင်စလေ၏ လျှို့ဝှက်ချက်အား သိလာရန် ကုတ် - စီ အတွက် လုံလောက်လေသည်။ ကလေး၏ ဝိညာဉ်မှာ ၃ နှစ်အရွယ် ကလေးတစ်ဦး မဟုတ်ကြောင်း သူခံစားရသည်။

သူမသည် ထို့ထက်များစွာ ပိုကြီးပြီး သူမ၏ ဝိညာဉ်သည်လည်း ဤကမ္ဘာနှင့် ရင်းနှီးမှု မရှိသောကြောင့် အခြားကမ္ဘာမှ ရောက်လာခြင်းဖြစ်သည်။ သို့သော် ထိုအချက်ကပင် ကုတ် - စီ ၏ စူးစမ်းလိုစိတ်အား နှိုးဆွကာ အင်စလေနှင့်အတူ မြက်ခင်းပြင်မှ ထွက်လာစေရန် ဆွဲဆောင်လိုက်ခြင်း ဖြစ်ပေမည်။

ကုတ် - စီ သည် အင်စလေအား သူမ၏ လျှို့ဝှက်ချက်ကို သိထားကြောင်း ပြောပြလိမ့်မည် မဟုတ်ပေ။ ကလေးသည် သူ့အား သူမလာခဲ့သည့် အခြားကမ္ဘာတစ်ခုအကြောင်း ကိုယ်တိုင်ကိုယ်ကျ ပြောပြစေလိုသည်။

ထို့ကြောင့်ပင် သူ့အား ပွတ်သပ်ရန်၊ သူမအား သူ့အနီး၌ နေစေပြီး ဆော့ကစားရန် ခွင့်ပြုထားခြင်း ဖြစ်သည်။ သို့သော် ကလေးသည် ရုတ်တရက် အော်ဟစ်ငိုကြွေးကာ သူ့အား စွပ်စွဲပြောဆိုနေလေသည်။

ဒီလိုလုပ်လို့ ရရိုးလား.. ရှောင်တစ်ခင်တိုက်ကွက် မြောင် မြောင် လက်သီးချက်..

“အွတ်..”

အင်စလေ သူမ၏ နှုတ်ခမ်းအား အားနှင့်ဖိထားသော အမွေးဖွားဖွား ဖဝါးလေးအား ကြည့်ကာ မျက်လုံးများ ပြူးကျယ်လာသည်။ ထိုဖဝါးလေးမှာ သူမ၏ ပါးစပ်ထဲသို့ပင် ဝင်လုမတတ် ဖြစ်လာသောကြောင့် အမွေးများ သီးတော့သည်။

“အဟွတ်.. အဟွတ်..”

ကလေးသည် ကုတ် - စီ အား စိုက်ကြည့်ပြီး ယက်ကန်ယက်ကန်ဖြင့် စတင်ရုန်းကန်လေသည်။ အင်စလေသည် သူမ၏ ဝမ်းဗိုက်လေးပေါ်တွင် တက်နေသည့် ကြောင်အား မကျေမချမ်း ကြည့်လိုက်သည်။

သောက်ကြောင်စုတ်.. နင်က အရမ်းလေးတဲ့ဟဲ့ ကိုယ့်ကိုယ်ကိုယ် သိရဲ့လား.. ငါ့ဗိုက်ပေါ်က ဆင်းစမ်း.. အားးး

သို့သော် ကုတ် - စီ မျက်လုံးများ လှိမ့်လိုက်သည်။

“အာဝူးးးး”

ကုတ် - စီ အူလိုက်သည်။ သို့သော် သူ၏ အူသံမှာ သားရဲတစ်ကောင်နှင့် မတူဘဲ ဝံပုလွေပေါက်လေးနှင့် တူလေသည်။ ကြောင်မှာ နောက်တစ်ကြိမ် ဒေါသထွက်လာပြန်သည်။

ငါတို့က ဆက်သွယ်လို့မရတော့ ဘယ်လိုလုပ်ပြီး စကားပြောရတော့မှာလဲ.. ကောင်မလေး.. ဘာဖြစ်လို့ ငိုတာလဲသာ ပြောစမ်းပါ..

ကုတ် - စီ သည် အင်စလေ၏ ဝမ်းနည်းဖွယ်ကောင်းသည့် ငိုသံအား သည်းမခံနိုင်ပေ။ ငိုကြွေးနေသည့် ကလေးတစ်ဦးအား တစ်ယောက်တည်း ပစ်ထားရလောက်အောင်လည်း အသည်းမမာနိုင်ပါ။ ထို့အပြင် ကလေး၏ ဝိညာဉ်ကိုလည်း စိတ်ဝင်စားသဖြင့် ကလေးသည် သူမ၏ လျှို့ဝှက်ချက်အား ထုတ်ဖော်မပြောမချင်း တစ်ယောက်တည်း မထားနိုင်ချေ။

ကုတ် - စီ သည် သူ၏ ဖဝါးလေးအား ပြန်ဆွဲယူပြီးနောက် အင်စလေ၏ မေးစေ့အား ခေါင်းဖြင့်တိုက်ကာ ဆက်သွယ်ရန် ကြိုးစားလေသည်။ နူးညံ့သော အမွေးပွပွလေးများဖြင့် ကလေး၏ မေးစေ့အား ပွတ်သပ်နေခြင်းသည် ကလေးအား အံ့ဖွယ်ကောင်းလောက်အောင် တည်ငြိမ်သွားစေသည်။

“..ဘာလဲ.. နင်က ငါ့ကို နှစ်သိမ့်နေတာလား..”

အင်စလေ နှာမှုတ်လိုက်သည်။ ဤကောင်အား တစ်ချိန်တည်းမှာပင် မုန်းလည်းမုန်းသလို အရမ်းလည်း ချစ်နေမိသည်မှာ ဘာကြောင့်မှန်း မသိတော့ချေ။

ထိုသည်မှာ ဆီလျော်မှုမရှိသော အချစ်၊ အမုန်း ဆက်ဆံရေးပင် ဖြစ်လေသည်။ သူမသည် ကိုယ်ပိုင် မပြည့်စုံမှုကြောင့် ဤကောင်အား မုန်းနေမိခြင်း ဖြစ်သည်။ ထားလိုက်ပါတော့..။

“ဝူး”

ကုတ် - စီ သည် နူးညံ့သော အသံလေးဖြင့် ပြန်ဖြေလိုက်သည်။ နားရွက်လေးများ လှုပ်ခတ်ကာ အမြီးမြှောက်လိုက်သည်။ သူ၏ အမြီးသည် ချက်ချင်းဆိုသလို ရေပန်းကဲ့သို့ ဖြာကျလာပြီး ကြောင်သည် ကလေးနှင့် ပါးချင်းအပ်လိုက်သည်။

ဟုတ်တယ်.. ဟုတ်တယ်.. မငိုနဲ့.. နားညီးတယ်.. ငိုနေမဲ့အစား နင့်အကြောင်းလေးဘာလေး ပြောပြပြီး ငါ့ကို ခေါ်သွားပေး.. အိုး.. ငါနဲ့ သံယောဇဉ်ကြိုးမှ မဖွဲ့ရသေးတာ.. စိတ်မပူနဲ့.. ဖြည်းဖြည်းချင်း သွားကြတာပေါ့..

အင်စလေသည် အနှေးနှင့် အမြန် ဆိုသလို သူ၏ စိတ်တံခါးအား ပွင့်လာအောင် လုပ်နိုင်လိမ့်မည်ဟု ကုတ် - စီ ယုံကြည်သည်။ လူသားများအနီးတွင် သက်သောင့်သက်သာ ရှိသည်ဟု ခံစားရသည်မှာ ရှားပါးလှသည်။

ကလေးသည် သူ့အနီး၌ ရှိနေသူအား စိတ်လက်ပေါ့ပါးကာ သက်သောင့်သက်သာ ဖြစ်စေသည်။ သူမ၏ ကံကောင်းခြင်း အငွေ့အသက်သည် သူ၏ စားသောက်ဖွယ်ရာ ဖြစ်လာသောကြောင့်များလား။ သူ၏ သွေးမျိုးဆက်အား နိုးထစေခြင်း မရှိသေးသည့်တိုင်အောင် စွမ်းအားများ တိုးလာလေသည်။

ကုတ် - စီ သည် အင်စလေအား နှစ်သိမ့်ပေးနိုင်ရန် ကြိုးစားနေသောကြောင့် အင်စလေ အငိုရပ်သွားတော့သည်။ သို့သော် ယင်းမှာ စက္ကန့်အနည်းငယ်မျှသာ ဖြစ်သည်။

ကြောင်သည် အလွန်ချစ်စဖွယ်ကောင်းပြီး သူမအား နှစ်သိမ့်ပေးနိုင်ရန် အကောင်းဆုံး ကြိုးစားနေသောကြောင့် သူမ နှလုံးသားထဲရှိ အပြစ်ရှိစိတ်များ ရုန်းကြွလာပြန်သည်။

အင်စလေ နောက်တစ်ကြိမ် အော်ဟစ်ကာ ငိုမိတော့သည်။

“အူးဝါးးး နင်က အရမ်းကြင်နာတတ်တာပဲ.. ဒါပေမဲ့ ငါက နင့်ကို မကူညီနိုင်သေးဘူး.. နင့်ရဲ့ သွေးမျိုးဆက် နိုးထအောင် မလုပ်နိုင်ဘူး.. ငါက.. ငါက..”

All Chapters