← Chapters

ကုတ် - စီ ၏ အတိတ်

Vol. 7 Ch. 92

ကုတ် - စီ ၏ အတိတ်

Vol. 7 Ch. 92

အင်စလေ မျှော်လင့်ချက်မဲ့သလို ခံစားရသည်။ ချစ်စဖွယ် ကြောင်လေးအား ပြဿနာတစ်ခုလိုမျိုး ကြည့်လိုက်သည်။

တကယ်တမ်းတွင် ပုခတ်မှာ အတော်လေး ကျယ်ဝန်း၏။ သို့သော် ကြောင်၏ အိပ်နေသော ပုံစံသည် နေရာတစ်ဝက်အား ယူထားသဖြင့် ကြောင်အား မတော်တဆ မထိမိဘဲ အိပ်မည်ဆိုလျှင် အင်စလေ တစ်ညလုံး ကွေးကွေးလေး အိပ်ရမည် ဖြစ်သည်။

ထိုသို့ အိပ်စက်ရန် တွေးရုံနှင့်ပင် အတော်လေး ကြောက်ဖို့ကောင်းလေသည်။ သစ်ချောင်းများ အပ်များအပေါ် ထိုင်နေရသလို ခံစားလိုက်ရသည်။ ဘုရားသခင်သာလျှင် သူမ ထိုသို့ အိပ်စက်နိုင်ခြင်း ရှိ၊ မရှိ သိလိမ့်မည်။ ထိုသို့သော ဖိအားအောက်တွင် အရွယ်ရောက်ပြီးသူ တစ်ဦးပင်လျှင် အိပ်စက်နိုင်လိမ့်မည် မဟုတ်ချေ။

ညဇီးကွက်များဖြစ်သည့် လူကြီးများနှင့် မတူဘဲ အင်စလေ၏ ခန္ဓာကိုယ်လေးမှာ ကလေးပေါက်စ တစ်ဦးမျှသာ ရှိသေးသည်။ သူမသည် အိပ်ချိန်များစွာ လိုအပ်ပြီး မကြာခဏဆိုသလို အိပ်ငိုက်တတ်လေသည်။

သူမ အိပ်ပျော်သွားချိန် ကြောင်အား မတော်တဆ ကန်မိလိုက်လျှင် မည်သို့လုပ်ရမည်နည်း။

ယင်းမှာ အန္တရာယ်များလှ၏။

ထို့ကြောင့် အင်စလေသည် ကြောင်အား သူမ၏ ပုခတ်ပေါ်မှ ရွှေ့ချင်သည်။ ယင်းသည် သူ့သဘောနှင့်သူ ရွှေ့သွားမည့်ပုံ မပေါ်ချေ။ မြင့်မြတ် အစောင့်အရှောက် တစ်ကောင်အနေနှင့် ထိုကြောင်မှာ အင်စလေ ရောက်နေခြင်းအား မသိရန် မဖြစ်နိုင်ချေ။ သို့သော် ကလေး၏ ပုခတ်အား အပိုင်စီးကာ ဆက်အိပ်နေသည်။

ဆိုလိုသည်မှာ ကြောင်သည် အင်စလေအား ယုံကြည်ခြင်း သို့မဟုတ် သူတို့နှစ်ဦးကြားရှိ အဆင့်အတန်း ကွာဟမှုအား ဖော်ပြလိုခြင်း ဖြစ်ရမည်။ ကြောင်၏ သဘောထားမှာ အင်စလေအပေါ် ယုံကြည်နေခြင်း ဖြစ်သော်ငြား အင်စလေသည် ဒုတိယအချက်ဖြစ်သည့် အဆင့်အတန်း ခွဲခြားခြင်းဟုသာ ယူဆလိုက်သည်။

ကုတ် - စီ လျှို့ဝှက်စွာဖြင့် မျက်လုံးဖွင့်ကာ ကလေးအား စိုက်ကြည့်ပြီး နှာမှုတ်လိုက်သည်။ ယင်းမှာ အထင်အမြင် သေးစွာဖြင့် နှာမှုတ်လိုက်ခြင်း မဟုတ်ဘဲ အနည်းငယ် ကျေနပ်မှု ရောစွက်နေခြင်းသာ ဖြစ်သည်။

ကုတ် - စီ..။ အဆင့်တူ မြင့်မြတ် အစောင့်အရှောက် များထဲတွင် အားအနည်းဆုံးဖြစ်ပြီး အင်ထရိုဗာ့ တစ်ကောင် ဖြစ်သော်ငြား စူးစမ်းလိုစိတ် ပြင်းပြသည့် အကောင်ပေါက်လေးလည်း ဖြစ်သည်။

ကုတ် - စီ သည် ရိုင်းစိုင်းသော အမြွှာဖြစ်သူနှင့် မွေးဖွားလာချိန်တွင် အထွတ်အထိပ် မြင့်မြတ် အစောင့်အရှောက်ဖြစ်သည့် ကုတ် - အယ်လ်နှင့် ဆုံတွေ့ခဲ့သည်။ ကုတ် - အယ်လ်မှာ မြင့်မြတ် အစောင့်အရှောက် ၃ ကောင်ထဲတွင် တစ်ကောင်တည်းသော အမ ဖြစ်သည်။

ကုတ် - အယ်လ်သည် တိတ်ဆိတ်သော ကုတ် - စီ အဖို့ ကြောက်မက်ဖွယ်ရာ တည်ရှိမှုမျိုး ဖြစ်သည်။ စားသောက်ရန် သားကောင်ဖမ်းမိချိန်တွင် ကုတ် - စီ သည် အခြားသူများ စားသောက်ပြီးချိန်မှသာ စားလေ့ရှိသည်။ သူသည် အမြဲလိုလို အပယ်ခံတစ်ကောင် ဖြစ်နေခဲ့ရသည်။

ကုတ် - စီ သည် ရိုင်းစိုင်းမောက်မာသော အမြွှာဖြစ်သည့် ကုတ် - ဘီ နှင့် မတူဘဲ တိတ်ဆိတ်စွာ နေရခြင်းကို သဘောကျသူဖြစ်သည်။ အဟမ်း..။ ကုတ် - ဘီ သည် ကုတ် - အယ်လ်နှင့် တိုက်ခိုက်ချိန်တွင် ရှုံးနိမ့်သွားသောကြောင့် သတ္တိကြောင်သည့် ငကြောက်တစ်ကောင် ဖြစ်သွားခဲ့သော်ငြား အားနည်းသည့် ကုတ် - စီ အတွက်မူ ကြောက်မက်ဖွယ် ကောင်းနေဆဲ ဖြစ်သည်။

အားနည်းသော ကုတ် - စီ သည် မည်သည့် အခါတွင်မှ ပထမဆုံး ရွေးချယ်မှု မဟုတ်ခဲ့ချေ။ မြက်ခင်းပြင်သို့ ဝင်ရောက်လာကြသော စလိုအန် မိသားစုဝင်များသည် အားအနည်းဆုံးဖြစ်သည့် ကုတ် - စီ အား အကြည့်တစ်ချက်ပင် မပေးကြချေ။

ထိုသူများသည် အခြား မြင့်မြတ် အစောင့်အရှောက်များနှင့် တိုက်ခိုက်ရာတွင် ရှုံးနိမ့်သွားသည့် အချိန်မှသာ သူ့ထံသို့ လှည့်လာကြခြင်း ဖြစ်သည်။ အားအနည်းဆုံး ဖြစ်သောကြောင့် ပြင်ပကမ္ဘာ၏ သွေးဆောင်ဖြားယောင်းမှုအား အလွယ်တကူ ခံရလေ့ရှိသည်။ ကုတ် - စီ သည် မြက်ခင်းပြင်မှ အကြိမ်အနည်းငယ်ခန့် ထွက်သွားဖူးသော်ငြား မကြာမီပင် ပြန်ပို့ခံရတတ်သည်။

ပထမဆုံးအကြိမ် အပြင်ဘက်သို့ ထွက်လာချိန်တွင် စံအိမ်မှာ အသစ်အတိုင်း ရှိနေဆဲ ဖြစ်သည်။ ဒုတိယအကြိမ်၌မူ သွေးနံ့များ စွန်းနေပြီ ဖြစ်သည်။ တတိယအကြိမ်တွင် စံအိမ်မှာ ခမ်းနားကြီးကျယ်ဆဲ ဖြစ်သော်ငြား အေးစက်ကာ အထီးကျန်ဆန်သည်။

ယခု စတုတ္ထမြောက် အကြိမ်တွင် စံအိမ်သည် သူ၏မျက်လုံးထဲ၌ ဟောင်းနွမ်းစုတ်ပြတ်နေပြီဟု ခံစားရသည်။

မည်သို့ပင်ဖြစ်စေ အခြားသူများ၏ အလေးထားခြင်း မခံရသော ကုတ် - စီ သည် အကျင့်ပျက် ဆိုးသွမ်းကာ အာရုံစိုက်ခံလိုသည့် အမြွှာအစ်ကိုနှင့် မတူဘဲ အမှီအခိုကင်းမဲ့သူ ဖြစ်လာသည်။

ကုတ် - ဘီ သည် ကုတ် - အယ်လ် အား မိတ်လိုက်ရန် ကြိုးစားချိန်တွင် သူ၏ ဖိုအင်္ဂါအား ဆုံးရှုံးလိုက်ရသဖြင့် အပြုအမူကောင်းများ ရှိလာသောကြောင့် လူသားများ၏ အာရုံစိုက်မှုအား ယခင်ထက်ပိုမို လိုချင်လာသည်။

သူ၏ အထွတ်အထိပ် အချိန်၌ စလိုအန် မိသားစုဝင်များ မြက်ခင်းပြင်သို့ ဝင်လာချိန်တိုင်းတွင် ကုတ် - ဘီ သည် သူ့အား အာရုံစိုက်လာရန် လူသားများအား ကျွန်ပြုရန် ကြိုးစားလေသည်။ သူ၏ ဖိုအင်္ဂါအား ဆုံးရှုံးသွားပြီးနောက် လူသားများအား ဆွဲဆောင်ရန် ကြိုးစားလာပြီး လွယ်ကူသော ပစ်မှတ်များသဖွယ် ကြည့်လေသည်။

သူတို့ကဲ့သို့သော မြင့်မြတ် အစောင့်အရှောက်များအဖို့ ယင်းမှာ ဟာသတစ်ခုအလားပင်။

မြက်ခင်းပြင်သို့ ရောက်လာသူများ ချန်ထားခဲ့သည့် စိတ်ဒဏ်ရာကြောင့် ကုတ် - ဘီ သည် လူစိမ်းများအား အတော်လေး ကြောက်တတ်လာသည်။ အထူးသဖြင့် ကလေးများအပေါ် ဖြစ်သည်။

ထို့ကြောင့် ၎င်းသည် အင်စလေ အနီးသို့ တိုက်ရိုက် ချဉ်းကပ်လာခြင်း မရှိဘဲ တစ်ခါတစ်ရံ ကုတ် - အယ်လ်၏ အာရုံစိုက်မှုအား ရှာဖွေနိုင်ခဲ့သည်။ အမြွှာဖြစ်သည့် ကုတ် - စီ ကိုပင် ဂရုစိုက်ရန် အချိန်ရှိချေ။

ကုတ် - ဘီ သည် ကုတ် - စီ အား အကြောင်းပြချက်မရှိ တိုက်ခိုက်လိုသည့် အခါမှသာ ကုတ် - စီ အနီးသို့ ချဉ်းကပ်လာတတ်ပြီး သူတို့၏ ခေါင်းဆောင်ဖြစ်သူ ကုတ် - အယ်လ်သည် နှစ်ကောင် တိုက်ခိုက်သည်ကို အပျင်းပြေ ကြည့်လေ့ရှိသည်။

တိုက်ခိုက်ရာတွင် ကုတ် - စီ မှာ အမြဲတမ်း ရှုံးလေ့ရှိသောကြောင့် လှပသည့် အမွေးများအား ဆုံးရှုံးရလေသည်။ မည်သို့ပင်ဖြစ်စေ ကုတ် - စီ မှာ ၃ ကောင်ထဲတွင် အားအနည်းဆုံး ဖြစ်၏။

ကုတ် - စီ သည် ဆိုးသွမ်းလွန်းသော အမြွှာဖြစ်သူ၏ အဆက်မပြတ် တိုက်ခိုက်မှုကြောင့် ကိုယ်ပိုင်နေရာတစ်ခု မရခဲ့ချေ။ အမြွှာကောင် ကုတ် - ဘီ မှာ အားအနည်းဆုံးဖြစ်သည့် သူ့ကိုသာ တိုက်ခိုက်ရဲသည့် ငကြောက်ကောင် ဖြစ်ပြီး ကုတ် - အယ်လ် အား တိုက်ခိုက်ရန် ကြိုးစားရဲခြင်းပင် မရှိချေ။

အဆက်မပြတ် တိုက်ခိုက်မှုများ ရှိသလို တစ်ခါတစ်ရံ ညလယ်အချိန် စပရိုက် တိုက်ခိုက်ခြင်းများလည်း ရှိတတ်သောကြောင့် ပုန်းအောင်းရန် နေရာမရှိချေ။ ထို့ကြောင့်ပင် ကုတ် - စီ သည် ကိုယ်ပိုင်နေရာတစ်ခု ရှိလာရန် တောင့်တမိသည်။

ကျယ်ပြန့်သော မြက်ခင်းပြင်အနှံ့ စူးစမ်းကာ သေးငယ်လုံခြုံသော နေရာတစ်ခု ရှာဖွေခဲ့ပြီး ထိုနေရာများတွင် အိပ်တတ်သည်။ ထို့ကြောင့်ပင် ကုတ် - စီ သည် သေးငယ်သည့် ကတ်ထူပုံးများအား ကြိုက်နှစ်သက်လာခဲ့ခြင်း ဖြစ်သည်။

တစ်နေ့တွင် ကလေးတစ်ယောက်သည် ပလက်စတစ်အိတ်တစ်လုံး၊ ကျောပိုးအိတ် တစ်အိတ်နှင့် မြက်ခင်းပြင်သို့ ရောက်လာသည်။ ကလေးသည် မိန်းကလေးဖြစ်ပြီး မြက်ခင်းပင် တစ်ခုလုံးအား စူးစမ်းလိုမှု အပြည့်ဖြင့် ကြည့်နေလေသည်။

သူတို့၏ စွမ်းအားများအား ကြွားဝါရန် ကြိုးစားကြသည့် အခြားသူများနှင့် မတူဘဲ ကလေးသည် ကြောင်စာကိုသာ ထုတ်ယူလိုက်သည်။

အတော်လေး ထူးဆန်းလှ၏။

အိုး.. သို့သော် လောဘကြီးသော ကုတ် - ဘီ သည် ကျန် အစောင့်အရှောက်များထက် အစာခြောက်အား ပိုကြိုက်ပြီး ကျန်အစောင့်အရှောက်များမှာ အစာခြောက်အား မကြိုက်ကြချေ။ ကုတ် - အယ်လ် သည် အစာစိုကိုသာ ကြိုက်နှစ်သက်ပြီး ကုတ် - စီ မှာမူ ထွေထွေထူးထူး ကြိုက်နှစ်သက်တာမျိုး မရှိပေ။

ထို့နောက် သူမ၏ အစီအစဉ် ကျဆုံးသွားမှန်း သိပြီးနောက် ထိုကလေးသည် သူမ၏ စွမ်းရည်အား စတင်အသုံးပြုလေသည်။ ထိုစွမ်းရည်မှာ.... ထူးဆန်း၏။ ရှားပါးသော စွမ်းရည် မဟုတ်ချေ။ ညှို့ဓာတ်စွမ်းရည်မှာ စွမ်းရည်အသုံးပြုသူ ၁၀ ဦးလျှင် ၅ ဦးခန့်၌ တွေ့ရတတ်သော စွမ်းရည် အမျိုးအစား ဖြစ်သည်။

သို့သော် ကလေး၏ ညှို့ဓာတ်အမျိုးအစားမှာ အခြားသူများနှင့် အတော်လေး ကွဲပြားနေသည်။ အထူးသဖြင့် စွမ်းရည်အတွင်း၌ အခြားအရာများ ပါဝင်ပေါင်းစပ်နေသည်။

စွမ်းအားမှာ အတော်လေး ထူးဆန်းလာသည်။ စူးစမ်းလိုသည့် အကျင့်စရိုက်ရှိသူ ကုတ် - စီ သည် ကလေး၏ စက္ကူအိတ်အား ဆွဲယူနိုင်ရန် သူ၏ ဇိမ်ခံ ကတ်ထူပုံးထဲမှ ထွက်လာတော့၏။

အဟမ်း...။ ကြောင်သည် ကလေးအား အတော်လေး စိတ်ဝင်စားမိခြင်း ဖြစ်သည်။ ကလေးသည် ပုံမှန်ကလေးတစ်ဦးနှင့် မတူချေ။ သူမသည် သာမန်ကလေးတစ်ဦး မဟုတ်ဘဲ သူမ၏ စွမ်းအားသည် သူ့အား သက်သောင့်သက်သာ ခံစားရစေသည်။

သူမနှင့်အတူ အပြင်သို့လိုက်သွားပါက သူမသည် သူ၏ သွေးမျိုးဆက်အား အပြည့်အဝ နိုးထစေနိုင်ခြင်း ရှိ၊ မရှိ သိနိုင်လိမ့်မည်။

ထို့နောက် ကုတ် - စီ သည် ကလေး၏ အခန်းအတွင်းသို့ ဝင်လိုက်သည်။ အခန်းမှာ ယခင်ပိုင်ရှင်၏ အခန်းများနှင့် နှိုင်းယှဉ်လျှင် အတော်လေး သေးငယ်၏။

ဤကလေးမှာ အနိုင်ကျင့်ခံနေရပုံ ပေါ်သည်။ ယင်းသည် သူ့ကိုယ်သူပင် အမှတ်ရစေ၏။

ကုတ် - စီ သည် ကလေးနှင့် ဘဝတူဟု ခံစားမိသောကြောင့် နှလုံးသားတစ်ခုလုံး နူးညံ့လာသည်။

ထို့ကြောင့် သူမ၏ ပုခတ်အား ကျူးကျော်လိုက်ခြင်း ဖြစ်လေသည်။

All Chapters