← Chapters

ဆုံးဖြတ်ချက်

Vol. 10 Ch. 149

ဆုံးဖြတ်ချက်

Vol. 10 Ch. 149

"ဒါက... သူက ကံကြမ္မာပြိုင်ဆိုင်မှုရှိတဲ့ကံကြမ္မာဆရာသခင်တစ်ယောက် ဖြစ်နေတာများလား"

အချိန်တခဏအတွင်းမှာပင် ယုလုံချင်းသည် အရေးကြီးသောအရာတစ်ခုကို နားလည်သွားပုံရသော်လည်း ရုတ်တရက် သူ၏ခေါင်းကို ခါယမ်းလိုက်သည်။

"မဟုတ်ဘူး.... ဒါက မဟုတ်သေးဘူး.....ငါ မှတ်မိသလောက်ဆိုရင် ဒီအရှင်လင်းက ကျိုးယီအင်ပါယာက အရှင်မိုရဲ့ ကံကြမ္မာသင်ကြားမှုတွေကို လိုက်နာတာ....ဒါဆိုရင် ကံကြမ္မာပြိုင်ဆိုင်မှု မဟုတ်နိုင်ဘူး...."

လူတစ်ဦးချင်းစီတွင် ကံကြမ္မာတစ်ခုသာ ရှိသော်လည်း ကံကြမ္မာဆရာသခင်တိုင်း သေသည်အထိ တိုက်ခိုက်ရန် မလိုအပ်ပေ။ တူညီသောကံကြမ္မာကို မျှဝေပြီး တိုက်ရိုက်ပြိုင်ဆိုင်မှုအတွင်းတွင် ရှိနေသူများသာ ဤကဲ့သို့ အစွန်းရောက်မှုများအထိ တွန်းပို့ခံရသည်။

ဥပမာအားဖြင့် ခံစားချက်မဲ့ဓားတာအိုကို ကျင့်ကြံသူများသည် အထွတ်အထိပ်သို့ရောက်ရှိပြီး လောကီမှလွတ်မြောက်ရန် တူညီသောတာအိုလမ်းစဉ်မှ ကျင့်ကြံသူတိုင်းကို အနိုင်ယူရပေမည်။ အလားတူပင် ပန်းပဲလမ်းစဉ်တွင်လည်း စစ်မှန်သောအောင်မြင်မှုတစ်ခု ရရှိရန် ထိုတာအိုလမ်းစဉ်ပေါ်မှ တခြားမည်သူ့ကိုမဆို ဖယ်ရှားရန် လိုအပ်သည်။

ဤကံကြမ္မာတစ်ခုတည်းဖြစ်ခြင်းသည် တူညီသောဂိုဏ်းမှ တပည့်အချင်းချင်းအပြင် တစ်ခါတစ်ရံ၌ ဆရာနှင့်တပည့်ဖြစ်နေလျှင်ပင် ရန်သူများဖြစ်လာစေရန် တွန်းအားပေးသည်။

တစ်ချိန်က အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ဦးသည် သူ၏မိဘများ သူ၏ဇနီးနှင့်သားသမီးများ သူ၏တပည့်များကို သတ်ဖြတ်ခြင်းဖြင့် အထွတ်အထိပ်ခွန်အားကို ရရှိခဲ့သည်။ သူသည် သူနှင့်ဆက်စပ်သမျှ အရာအားလုံးကို ဖယ်ရှားခဲ့လေ၏။

အမှန်အားဖြင့် ဤကိစ္စများသည် မြင့်မားသောအဆင့်များတွင်သာ ဖြစ်ပွားပြီး ယေဘုယျအားဖြင့် ကြယ်ခုနစ်ပွင့်ကံကြမ္မာကြိုးပမ်းခြင်းနယ်ပယ်အထက်၌ပင်။ သာမန်ကံကြမ္မာဆရာသခင်များအတွက်မူ အတူတကွ ကျင့်ကြံရန် ဖြစ်နိုင်ပြီး အများဆုံးအနေဖြင့် တိုးတက်မှု အနည်းငယ် နှေးကွေးသွားရုံသာရှိသည်။

ဥပမာအားဖြင့် လင်းပုယန်သည် ဓားမကြီးကံကြမ္မာကို ကျင့်ကြံပြီး ထိုလက်နက်နှင့်ပတ်သက်၍ ပြိုင်ဘက်ကင်းသော အရည်အချင်းကို ပိုင်ဆိုင်ထားသည်။ သူ၏ဆရာသည် ကျိုးယီအင်ပါယာရှိ ဓားမကြီးဂိုဏ်းကိုတည်ထောင်သူ မိုပိုင်ယဲ့ပင်။

မိုပိုင်ယဲ့သည် ကြယ်သုံးပွင့်ကံကြမ္မာသိမြင်ခြင်းနယ်ပယ်တွင်သာရှိသည့် ကျင့်ကြံသူတစ်ဦးဖြစ်ပြီး ကံကြမ္မာကြိုးပမ်းခြင်းနယ်ပယ်သို့ရောက်ရန် အလွန်အလှမ်းကွာဟသည်။ ထို့ကြောင့် ဤဓားမကြီးကံကြမ္မာသည် ပြိုင်ဘက်ကင်းဖြစ်ရန် မလိုအပ်ဘဲ ထိုလမ်းစဥ်တွင် ဩဇာအာဏာလွှမ်းမိုးမှုကို ချဲ့ထွင်ခြင်းမှ ကံကြမ္မာ၏မူလအစဖြစ်သော မိုပိုင်ယဲ့အတွက် အကျိုးအမြတ်များ ရရှိနိုင်သည်။

သူသည် ကံကြမ္မာကြိုးပမ်းခြင်းနယ်ပယ်သို့ မရောက်သေးသရွေ့ သူ

တပည့်များနှင့်နောက်လိုက်များအားလုံး ဘေးကင်းလုံခြုံနေပေမည်။

လက်ရှိတွင် ကျန်းရွှမ်၏တိကျသောကံကြမ္မာကို မသိရသေးသော်လည်း ဓားမကြီးကံကြမ္မာနှင့် မသက်ဆိုင်သည်မှာ သေချာသည်။ တစ်နည်းအားဖြင့် သူသည် လင်းပုယန်နှင့် ပြိုင်ဆိုင်ရန် အကြောင်းမရှိချေ။ ထိုသို့ဆိုလျှင် မည်သည်ကြောင့် သူတို့သည် သူ့ကို ဝိုင်းရံသတ်ဖြတ်ရန် ကြိုးစားနေသနည်း။

"ဒါက ကံကြမ္မာပြိုင်ဆိုင်မှု မဟုတ်ဘူး... ဖရိုဖရဲကံကြမ္မာဆရာသခင်တစ်ယောက်ကြောင့်ပဲ..."

လျောင်ရှီချွမ်က တည်ကြည်လေးနက်စွာ ပြောဆိုသည်။

"ဖရိုဖရဲကံကြမ္မာဆရာသခင်...ဟုတ်လား.."

ယုလုံချင်းက မျက်မှောင်ကြုတ်လိုက်သည်။ မြို့အရှင်ဖြစ်သော်လည်း သူသည် ဤအသုံးအနှုန်းကို မကြားဖူးခဲ့ချေ။။

"ဒါက ကံကြမ္မာကို နှောင့်ယှက်နိုင်စွမ်းရှိတဲ့လူတစ်ယောက်လို့ ဆိုကြတယ်... ကံကြမ္မာခန်းမဆောင်က သည်းမခံနိုင်တဲ့လူတစ်ယောက်ပေါ့... အသေးစိတ်ကိုတော့ ကျွန်တော် အတိအကျမသိဘူး.... ဒါပေမယ့် အရှင်လင်းက ကျန်းရွှမ်ရဲ့အိမ်ကို ဝိုင်းရံဖို့ လျှူမိသားစုကို အမိန့်ပေးခဲ့ပြီးပြီ... လိုအပ်ရင် သူ့ကို သတ်ပစ်ဖို့တောင် အမိန့်ထုတ်ပြန်ခဲ့တယ်"

ယုလုံချင်း အံ့အားသင့်သွားသည်။

ဤသို့သော အမိန့်သည် ကြောက်မက်ဖွယ်ကောင်းပေ၏။ ကျန်းရွှမ်၏အရည်အချင်းသည် အထင်ကြီးဖွယ်ကောင်းပြီး သူ၏တိုးတက်မှုသည် လျှင်မြန်သော်လည်း ထိပ်သီးမိသားစုတစ်စုလုံးနှင့်ကံကြမ္မာဆရာသခင်တစ်ဦးကို ရင်ဆိုင်ရလျှင် သူ့အတွက် အခွင့်အရေးမရှိနိုင်ချေ။

'ငါ ဘာလုပ်ရမလဲ....'

သူ၏စိုးရိမ်မှုများကို မြင်တွေ့ချိန်၌ လျောင်ရှီချွမ်က ဆက်လက်၍ ပြောဆိုသည်။

"မြို့အရှင်....သခင်မလေးရှောင်ယွီက ကျန်းရွှမ်ရဲ့တပည့်ပါ...တကယ်လို့ သူက ဖရိုဖရဲကံကြမ္မာဆရာသခင်တစ်ယောက် တကယ်ကြီးဖြစ်နေရင် သခင်မလေး ပါဝင်ပတ်သက်သွားမှာကို ကျွန်တော် စိုးရိမ်မိတယ်... မြို့အရှင်တောင်မှ အထိအခိုက်မရှိဘဲ လွတ်မြောက်မှာ မဟုတ်ဘူး"

သူသည် ဟန်ယွမ်အင်ပါယာမှ ခန့်အပ်ထားသော မြို့အရှင်ဖြစ်သော်လည်း ဤကမ္ဘာတွင် ကံကြမ္မာဆရာသခင်များသည် အရာအားလုံး၏အထက်၌ ရပ်တည်နေသည်။ အကယ်၍ သူတို့သည် ကံကြမ္မာခန်းမဆောင်ကို အပြစ်ပြုခဲ့ပါက အင်ပါယာမှ သူတို့ကို ကာကွယ်ပေးမည်မဟုတ်သည့်အပြင် တခြားသူများကို သတိပေးသည့်အနေဖြင့် သူ့ကို အပြစ်ပေးနိုင်ခြေပင် ရှိသည်။

"မင်း ဘယ်လိုအကြံပေးချင်လဲ"

ယုလုံချင်းက လျောင်ရှီချွမ်ကို ကြည့်လိုက်သည်။

လျောင်ရှီချွမ်၏မျက်လုံးများ တောက်ပသွားသည်။

"ရွေးချယ်စရာနှစ်ခု ရှိပါတယ်...ပထမတစ်ခုက မြို့အရှင်အိမတော်ကနေ တပ်ဖွဲ့တွေ စေလွှတ်ပြီးတော့ အရှင်လင်းကို ထောက်ခံရမယ်...မြို့အရှင်က ကျန်းရွှမ်ကို ဖမ်းဆီးတဲ့နေရာမှာ ကူညီပြီးတော့ သစ္စာစောင့်သိမှုကို ပြသပါ....ဒီလိုနည်းနဲ့ဆိုရင် သခင်မလေးရှောင်ယွီ ပါဝင်ပတ်သက်လာခဲ့ရင်တောင် အရှင်လင်းဆီကနေ သက်ညှာမှုတောင်းခံဖို့ ကျွန်တော်တို့မှာ အားသာချက်ရှိသွားလိမ့်မယ်....ဘာပဲဖြစ်ဖြစ် မသိနားမလည်မှုက ကျွန်တော်တို့ကို အပြစ်လွတ်စေတယ်...ကျွန်တော်တို့က စိတ်ရင်းမှန်နဲ့လုပ်ဆောင်ခဲ့ရင် အရှင်လင်းက ဘယ်အမှားကိုမဆို နားလည်ပေးလိမ့်မယ်"

"ဒုတိယတစ်ခုကရော"

ယုလုံချင်းက မေးမြန်းသည်။

"အရင်အတိုင်း ပြုမူရမယ်....မြို့အရှင်က ဘာမှမသိချင်ယောင်ဆောင်ပြီးတော့ သခင်မလေးရှောင်ယွီကို ကျန်းရွှမ်နဲ့ အဆက်အသွယ်အားလုံး ဖြတ်တောက်ဖို့ တိတ်တဆိတ် အကြောင်းကြားလိုက်ပါ...ဒီလိုဆိုရင် သူ တစ်ခုခုဖြစ်သွားရင်တောင် သခင်မလေးက ပါဝင်ပတ်သက်မှာမဟုတ်ဘူး....ပြီးတော့ ဘေးဒုက္ခတစ်ခုခု ဖြစ်လာရင်တောင် ကျွန်တော်တို့မှာ လှုပ်ရှားဖို့အခွင့်အရေး ရှိလာပါလိမ့်မယ်"

"တတိယရွေးချယ်စရာ မရှိတော့ဘူးလား"

ယုလုံချင်း တိတ်ဆိတ်သွားသည်။

သူ၏အရှင်သခင်သည် သစ္စာစောင့်သိမှု အလွန်ကြီးမားကြောင်း သိရှိထားသော လျောင်ရှီချွမ်က အလျင်အမြန် ထပ်မံ၍ပြောဆိုသည်။

"အရှင်....ကံကြမ္မာဆရာသခင်တွေက ကံကြမ္မာခန်းမဆောင်ကို ကိုယ်စားပြုတယ်ဆိုတာ သတိရပါ... ကျန်းရွှမ်ကို ကူညီတာက ဆိုးရွားတဲ့အကျိုးဆက်တွေကို ဖြစ်ပေါ်စေလိမ့်မယ်...အဲ့ဒီအချက်ကို လျစ်လျှူရှုမထားသင့်ဘူး...အခုချိန်မှာ အရေးကြီးဆုံးက သခင်မလေးရှောင်ယွီကို ကာကွယ်ဖို့ပဲ...."

"ငါ နားလည်ပြီ"

ယုလုံချင်းက ခေါင်းညိတ်လိုက်ပြီး သူ၏အကြည့်သည် စူးရှနေပေ၏။

"မြို့အရှင်အိမ်တော်က ကျင့်ကြံသူတွေကို စုစည်းပြီးတော့ လျှူအိမ်တော်ဆီ လွှတ်လိုက်တော့....မြို့အရှင်အိမ်တော်က အရှင်လင်းရဲ့ ဆုံးဖြတ်ချက်တွေကို ခြွင်းချက်မရှိ ထောက်ခံမယ်လို့ သူတို့ကို ပြောလိုက်စမ်း..."

"ဟုတ်ကဲ့"

လျောင်ရှီချွမ်က သက်ပြင်းရှိုက်လိုက်ပြီး သူ့ကိုကြည့်ရသည်မှာ အနည်းငယ်ဇဝေဇဝါ ဖြစ်နေပုံပင်။

"မြို့အရှင်ကရော..."

"ငါက ရှောင်ယွီကိုရှာပြီး အိမ်ကို အရင်ပြန်ခေါ်လာမယ်....မဟုတ်ရင် ငါတို့က သူ့ရဲ့ဆရာကို အရေးယူရတဲ့ အဆုံးသတ်ကို ရောက်သွားတာနဲ့ သူ ခုခံနိုင်တယ်...ဒါက ပဋိပက္ခတွေကို ပိုပြီးဖြစ်လာစေနိုင်တယ်"

ယုလုံချင်းက ပြောဆိုသည်။

သူ၏အရှင်သခင်သည် အရေးကြီးသောအချိန်တွင် ဥာဏ်ပညာရှိသော ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ခဲ့သည့်အတွက် စိတ်သက်သာရာရသွားသော လျောင်ရှီချွမ်က ခေါင်းညိတ်လိုက်သည်။ "ကျွန်တော် ချက်ချင်း လုပ်ဆောင်လိုက်ပါ့မယ်"

သူ ထွက်ခွာသွားပြီးနောက် ယုလုံချင်းသည် အသက်ပြင်းပြင်းရှိုက်ကာ အနက်ရောင်အဝတ်အစားများကို လဲလှယ်ဝတ်ဆင်ပြီး အဖြူရောင်ကျောက်တုံးကျောင်းတော်ဘက်သို့ လျင်မြန်စွာ ပျံသန်းသွားသည်။ မကြာမီမှာပင် သူသည် သူ့သမီး၏နေအိမ်သို့ ရောက်ရှိသွားပေ၏။

"အဖေ...ဘာလို့ ဒီကို ရောက်လာတာလဲ"

သူ အခန်းအတွင်းသို့ ဝင်လာသည်ကို မြင်တွေ့ချိန်၌ ယုရှောင်ယွီသည် အံ့အားသင့်သွားပြီး မတ်တတ်ထရပ်လိုက်သည်။

"မင်းက... ခန္ဓာကိုယ်သန့်စင်ခြင်းနယ်ပယ် အလယ်အလတ်အဆင့်ကို ရောက်နေပြီလား"

သူမ၏ထိန်းချုပ်မထားသော အရှိန်အဝါသည် ကျယ်ပြန့်ပြီး အစွမ်းထက်နေသည်ကို မြင်တွေ့ချိန်၌ ယုလုံချင်း အံ့အားသင့်သွားသည်။

လွန်ခဲ့သောနှစ်ရက်က တိုက်ပွဲတစ်ပွဲတွင် သူမသည် စွမ်းအင်သိုလှောင်ခြင်းနယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိနေသဖြင့် နာမည်ကျော်ကြားသွားခဲ့သည့် သတင်းအား သူ ကြားခဲ့သည်။ ထို့ကြောင့် သူမသည် နောက်ရက်အနည်းငယ်အတွင်း သူမ၏ကျင့်ကြံမှုကို ခိုင်မာအောင် လုပ်ဆောင်မည်ဟု သူ တွေးထင်ခဲ့သည်။ သို့ရာတွင် သူမသည် ကျင့်ကြံဆင့်ချိုးဖျက်ရုံသာမက ရင်းမြစ်ရေအိုင်နယ်ပယ်၏ စတုတ္ထအဆင့်ဖြစ်သော ခန္ဓာကိုယ်သန့်စင်ခြင်းနယ်ပယ် အလယ်အလတ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။

ဤခွန်အားသည် ချန်းဟောင်ကဲ့သို့သော စီနီယာကျောင်းသားတချို့ထက်ပင် ပို၍သန်မာအားကောင်းနိုင်ခြေရှိသည်။

"ဆရာက သမီး စွမ်းအင်သိုလှောင်ခြင်းနယ်ပယ် အထွတ်အထိပ်ကို ရောက်သွားတာ သိတော့ သမီးရဲ့ခန္ဓာကိုယ်နဲ့ သင့်တော်တဲ့ ခန္ဓာကိုယ်သန့်စင်ခြင်းနယ်ပယ် ကျင့်ကြံခြင်းနည်းစနစ်တစ်ခုကို အထူးဖန်တီးပေးခဲ့တယ်...ဒါကြောင့် သမီးက ဒီအဆင့်ကို မြန်မြန်ဆန်ဆန် တက်လှမ်းနိုင်ခဲ့တာပဲ"

ယုရှောင်ယွီသည် သူမ၏ဆရာအကြောင်း ပြောဆိုနေချိန်၌ သူမ၏မျက်လုံးများအတွင်း၌ ကြည်ညိုလေးစားမှုများဖြင့် ပြည့်နှက်နေသည်။ သူမက သူမ၏ဖခင်ကို အကြောင်းစုံရှင်းပြလိုက်သည်။

သူမ၏ဆရာ သင်ကြားပေးသော ကျင့်ကြံနည်းစနစ်များသည် သူမကို အလျင်အမြန် ကျင့်ကြံဆင့်မြင့်တက်စေရုံသာမက ဘေးထွက်ဆိုးကျိုးများလည်း မရှိချေ။ သူမသည် လေ့ကျင့်လေလေ ဆရာဖြစ်သူ၏ နက်နဲသိမ်မွေ့သော အသိဉာဏ်ပညာကို ပို၍ခံစားရလေလေပင်။

"အခြေအနေတစ်ခု ရှိတယ်... ငါက မင်းရဲ့အတွေးအမြင်ကို ကြားချင်တယ်..."

ယုလုံချင်းက သူမကို ကြည့်ရင်း အကြံပေးလျောင် ရှင်းပြခဲ့သည်များကို ပြန်ပြောပြလိုက်သည်။

"...အခြေအနေက ဒါပဲ....အခု မင်းက အရွယ်ရောက်နေပြီ...မင်းရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ကို ချနိုင်ပြီ...မင်း ဘယ်လိုရွေးချယ်မှုမျိုးကိုပဲ လုပ်လုပ် ဘယ်လောက်ထိ ပေးဆပ်ရပါစေ ငါ မင်းကို ထောက်ခံမယ်..."

ဤစကားများကို ပြောဆိုပြီးနောက် ယုလုံချင်းသည် သူမကို တည်ကြည်လေးနက်စွာ ကြည့်လိုက်၏။

သူမ မည်ကဲ့သို့ဆုံးဖြတ်ချက်ကို ချသည်ဖြစ်စေ သူသည် သူမကို ထောက်ခံပြီး အကျိုးဆက်များကို ရင်ဆိုင်ရန် အကောင်းဆုံး ကြိုးစားပေမည်။ ဤသည်မှာ သူမအပေါ် သူ၏ချစ်ခြင်းမေတ္တာနှင့်လေးစားမှု နှစ်မျိုးလုံးကို ပြသခြင်းပင်။

"ကျွန်မ..."

ယုရှောင်ယွီ၏မျက်နှာ ဖြူဖျော့သွားသည်။

တစ်ဖက်တွင် သူမ၏ လေးစားရသော ဆရာကျန်းဖြစ်ကာ တခြားတစ်ဖက်တွင် ကံကြမ္မာခန်းမဆောင်ဖြစ်သဖြင့် သူမ မည်သည့်အရာကို ရွေးချယ်ရမည်နည်း။

အချိန်အတော်ကြာပြီးနောက် ယုရှောင်ယွီက အံ့တင်းတင်းကြိတ်ပြီး သက်ပြင်းရှိုက်လိုက်သည်။

"အဖေ....တစ်ခါက အဖေ သမီးကို ပြောခဲ့ဖူးတယ်....လူတွေက ကျေးဇူးတရားကို သတိရသင့်ပြီးတော့ စည်းမျဥ်းစည်းကမ်းတွေနဲ့အညီ ပြုမူသင့်တယ်... အဲ့ဒီလိုမှ မဟုတ်ရင် ဘဝက အဓိပ္ပာယ်မဲ့သွားတယ်တဲ့..."

"ဒါက အမှန်ပဲ....လူနဲ့ တိရစ္ဆာန်ကြားက ခြားနားချက်က ငါတို့က တန်ဖိုးထားတဲ့အရာတွေကို ထိန်းသိမ်းပြီးတော့ စည်းမျဥ်းစည်းကမ်းတွေကို လိုက်နာတာပဲ...အဲ့ဒါတွေကို စွန့်လွှတ်လိုက်ရင် ငါတို့က တိရစ္ဆာန်တွေထက် သာမှာမဟုတ်ဘူး"

ယုလုံချင်းက ခေါင်းညိတ်လိုက်သည်။

"ဒါဆိုရင်တော့....."

ယုရှောင်ယွီ၏မျက်လုံးများအတွင်း၌ ခိုင်မာပြတ်သားသော အရိပ်အယောင်များ ထင်ဟပ်သွားသည်။

"သမီးက ဆရာကျန်းနဲ့အတူ ရပ်တည်ဖို့ ရွေးချယ်တယ်..တကယ်လို့ သူ အဖမ်းခံရရင် ဒါမှမဟုတ် အသတ်ခံရရင် သမီးက သူ့ကို ကာကွယ်မယ်.... သူ့အတွက် တောင်းပန်မယ်.. သူ့အတွက် လက်စားချေမယ်...အဲ့ဒါက သမီးကို အန္တရာယ်ဖြစ်စေရင်တောင်မှ သမီး လုပ်ကိုလုပ်ရမယ်...."

"ငါရဲ့သမီး ပီသတယ်..."

သူမသည် ဤကဲ့သို့ရွေးချယ်မှုကို ပြုလုပ်သည်အား မြင်တွေ့ချိန်၌ ယုလုံချင်းသည် စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။

အကယ်၍ သူမသည် လျောင်ရှီချွမ် အကြံပြုခဲ့သော လမ်းကြောင်းများကို ရွေးချယ်ခဲ့ပါက သူသည် သူမကို ထောက်ခံမည်ဖြစ်သော်လည်း အနည်းငယ် စိတ်ပျက်မိပေမည်။

လူတစ်ယောက်သည် ကိုယ်ကျိုးအတွက် တခြားလူများအတွက် သို့မဟုတ် အကျိုးအမြတ်အတွက် အရာရာတိုင်းကို စတေးနိုင်သော်လည်း သူ၏လူသားဆန်မှုကို မည်သည့်အချိန်မျှ မစတေးသင့်ချေ။

"အဖေ... အဖေက သမီးရဲ့ရွေးချယ်မှုကို သဘောတူတာလား"

ယုရှောင်ယွီ အံ့အားသင့်သွားသည်။

"ဒါပေါ့...."

ယုလုံချင်းက ခေါင်းညိတ်လိုက်သည်။

"တပည့်တစ်ယောက်က သူ့ကို ကူညီခဲ့တဲ့ ဆရာကို မကာကွယ်ဘူးဆိုရင် ဘဝက ဘာအဓိပ္ပာယ်ရှိတော့မှာလဲ"

"ကျေးဇူးတင်ပါတယ် အဖေ..."

ယုရှောင်ယွီ၏မျက်လုံးများ နီမြန်းသွားသည်။

"သမီး..... သမီးက အဖေ့ကို ဒုက္ခပေးမိမှာ စိုးရိမ်လို့ပါ...."

ယုလုံချင်းက ပြုံးလိုက်သည်။

"မင်းက ငါ့ရဲ့သမီးပဲ.... မင်းက ငါ့ကို ဒုက္ခပေးတာ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ.... အမှန်အတိုင်းပြောရရင် ကံကြမ္မာခန်းမဆောင် လုပ်သမျှက အမြဲတမ်း မှန်တာမဟုတ်ဘူး...ဒီ နှစ်တွေတလျှောက်မှာ သူတို့က ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေ အများကြီးကို ကျူးလွန်ခဲ့တယ်"

"အဖေ..."

ယုရှောင်ယွီ ယုလုံချင်း၏ရင်ခွင်အတွင်းသို့ ပြေးဝင်သွားသည်။

"အခု မင်းရဲ့မျက်ရည်တွေကို သုတ်လိုက်တော့...မင်း ပြင်ဆင်ထားရမယ်.. ငါက ဆရာကျန်းကို သွားအကြောင်းကြားပြီးတော့ အဖြူရောင်ကျောက်တုံးမြို့ကနေ ထွက်သွားဖို့ အကြံပေးလိုက်မယ်...တကယ်လို့ သူ မထွက်သွားဘူးဆိုရင် တိုက်ပွဲတစ်ခု ဖြစ်လာနိုင်တယ်... သူက ခွန်အားနဲ့ အာရုံစူးစိုက်မှုတွေအားလုံးကို အသုံးချဖို့ လိုအပ်လိမ့်မယ်"

ယုလုံချင်းသည် သူမကို ညင်သာစွာ တွန်းဖယ်ရင်း ချစ်ခင်ယုယစွာ ကြည့်လိုက်၏။

"ဟုတ်ကဲ့"

ယုရှောင်ယွီက ခေါင်းညိတ်လိုက်သည်။

ယုရှောင်ယွီ၏ဆုံးဖြတ်ချက်ကို သိရှိပြီးနောက် ယုလုံချင်းသည် အလျင်အမြန် ထွက်ခွာသွားပြီး ကျောင်းအုပ်ကြီးရုံးခန်းထံသို့ သွားရောက်ခဲ့သည်။

ယခုကဲ့သို့အခြေအနေတွင် ကျောင်းအုပ်ကြီးလု မည်ကဲ့သို့ ရွေးချယ်မှုမျိုးကို ပြုလုပ်မည်အား သူ သိလိုသည်။

"ငါက အရှင်လင်းကို ကူညီဖို့ တစ်ယောက်ယောက်ကို စေလွှတ်ပြီးတော့ သူရဲ့အမိန့်တွေအားလုံးကို ဆောင်ရွက်ပေးမှာပေါ့" ကျောင်းအုပ်ကြီးလုမင်ရုန်က ပြောဆိုသည်။

"အဖြူရောင်ကျောက်တုံးကျောင်းတော်က ကံကြမ္မာခန်းမဆောင်ကို အများကြီး အကြွေးတင်နေခဲ့တယ်....ဒါကြောင့် သူတို့ထုတ်ပြန်တဲ့ ဘယ်အမိန့်ကိုမဆို ငါတို့က ဘာတွေဝေတုံ့ဆိုင်းမှုမှမရှိဘဲနဲ့ လိုက်နာမယ်"

ယုလုံချင်းက ခေါင်းညိတ်ပြလိုက်ကာ မည်သည့်မှတ်ချက်မျှ ထပ်မပေးတော့ချေ။

လူတစ်ဦးချင်းစီတွင် သူတို့၏ကိုယ်ပိုင်လမ်းကြောင်း ရှိသဖြင့် သူ ဝင်ရောက်စွက်ဖက်ရန် အကြောင်းမရှိချေ။

"ဒါဆိုရင် ကျွန်တော်လည်း ပြင်ဆင်မှုတွေ လုပ်လိုက်ပါ့မယ်...ကျန်းရွှမ်ကို လွတ်မြောက်ခွင့်ပေးလို့ မဖြစ်ဘူး..."

ယုလုံချင်းက သူ၏လက်နှစ်ဖက်ကိုပူးဆုပ်ပြီး ပြောဆိုသည်။

ကျောင်းအုပ်ကြီးလုက သဘောတူညီသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။

မြို့အရှင် ထွက်ခွာသွားပြီးနောက် ကျောင်းအုပ်ကြီးလုသည် လက်ထောက်ကျောင်းအုပ် ဝူယွင်ကျိုးဘက်သို့ လှည့်ကြည့်လိုက်၏။

"မင်း ဘယ်လိုသဘောရလဲ"

လက်ထောက်ကျောင်းအုပ်ဝူယွင်ကျိုးက တုံ့ပြန်အဖြေပေးသည်။

"အရှင်လင်းနဲ့ ဆရာကျန်းတို့ကြားမှာ အထင်လွဲမှုတစ်ခုခုများ ရှိနေနိုင်မလား..ငါတို့က ရှင်းပြဖို့ ကြိုးစားသင့်လား"

ကျောင်းအုပ်ကြီးလုက ခေါင်းခါလိုက်သည်။

"မင်းလင်းပုယန်ကို အရင်က မတွေ့ဖူးဘူး...ငါ သူ့နဲ့သိခဲ့တာ နှစ်တွေအများကြီး ကြာနေပြီ... သူက အာဏာကို စွဲလန်းတယ် ခေါင်းမာတယ်..ဘယ်သူ့ရဲ့အကြံပေးမှုကိုမှ နားမထောင်ဘူး....တကယ်လို့ ငါက အခုချိန်မှာ ရှင်းပြဖို့ သွားရင်တောင် ဘာအထောက်အကူမှ ဖြစ်မှာမဟုတ်ဘူး....ကျောင်းတော်ကိုတောင် ပါဝင်ပတ်သက်စေနိုင်တယ်..."

"ဒါဆိုရင် ငါတို့ ဘာလုပ်ကြမလဲ"

ဝူယွင်ကျိုးက စိုးရိမ်ပူပန်တကြီး မေးမြန်းသည်။

"ဒါက ရိုးရှင်းပါတယ်... ဒီနေ့ကနေစပြီးတော့ ငါက ကျောင်းအုပ်ကြီးရာထူးကနေ နုတ်ထွက်တယ်... မင်း ဆက်ခံလိုက်တော့... ပြီးတော့ အကြီးအကဲအားလုံးနဲ့အတူ မင်းက အရှင်လင်းဆီကို သွားပြီးတော့ သူ့ရဲ့ဆုံးဖြတ်ချက်တွေကို ထောက်ခံတယ်လို့ ပြောလိုက်ပါ...ငါကတော့... ဆရာကျန်းကို သွားရှာပြီး အဖြူရောင်ကျောက်တုံးမြို့ကနေ ထွက်သွားဖို့ အကြံပေးလိုက်မယ်"

"သူ့ကို ထွက်သွားခိုင်းမယ်...ဟုတ်လား..."

ဝူယွင်ကျိုး အံ့အားသင့်သွားသည်။

"အမှန်ပဲ..."

ကျောင်းအုပ်ကြီးလုက ခေါင်းညိတ်လိုက်ပြီး သူ၏မျက်လုံးများ တောက်ပနေသည်။

"တကယ်လို့ သူသာ အဖြူရောင်ကျောက်တုံးမြို့ကနေ ထွက်သွားရင် လင်းပုယန်က သူ့ကို ရှာတွေ့မှာမဟုတ်ဘူး.... ဘာပဲဖြစ်ဖြစ် ဒီကိစ္စက အဖြူရောင်ကျောက်တုံးကျောင်းတော်ကို ထိခိုက်စေမှာ မဟုတ်ဘူး....ဒီလိုနည်းနဲ့ ငါ ကျင့်ကြံဆင့်ချိုးဖျက်နိုင်အောင် ကူညီခဲ့တဲ့ သူ့ရဲ့ကျေးဇူးကို ဆပ်ပြီးသား ဖြစ်သွားလိမ့်မယ်..ဒါ့ပြင် ကိစ္စတွေက လွဲချော်သွားရင်တောင် ငါ တစ်ယောက်တည်း အကျိုးဆက်တွေကို ခံယူမယ်...ကျောင်းတော်ကို ပါဝင်ပတ်သက်စေမှာမဟုတ်ဘူး"

All Chapters