← Chapters

ကျောက်ယာနှင့် တခြားသူများကို ကူညီခြင်း

Vol. 10 Ch. 141

ကျောက်ယာနှင့် တခြားသူများကို ကူညီခြင်း

Vol. 10 Ch. 141

နောက်နှစ်ရက်အတွင်း ဒုက္ခများရှောင်တိမ်းရန်အတွက် ကျန်းရွှမ်သည် အပြင်မထွက်ခဲ့သည့်အပြင် ဧည့်သည်လည်း လက်မခံခဲ့ချေ။ ယုရှောင်ယွီနှင့်တခြားတပည့်များကိုလည်း ခန္ဓာကိုယ်သန့်စင်ခြင်းနယ်ပယ်အတွက် သင့်တော်သော ကျင့်ကြံခြင်းနည်းစနစ်များကို သူ ပေးအပ်ခဲ့သည်။ ထို့နောက် သူသည် သူတို့ကို မြင့်မားသောကျင့်ကြံဆင့်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်ရန် အာရုံစိုက်ခိုင်းခဲ့သည်။

တတိယနေ့တွင် သူသည် နောက်ဆုံးအရိုးတစ်ချောင်းကို သန့်စင်၍ ပြီးစီးသွားခဲ့သည်။ ဤအချိန်တွင် ကျန်းရွှမ်၏ခန္ဓာကိုယ်အတွင်းရှိ အရိုးများအားလုံးသည် ကျောက်စိမ်းကဲ့သို့ ကြည်လင်ပြီး သံမဏိကဲ့သို့ မာကျောနေပေ၏။ အကယ်၍ သူသာ တစ်စုံတစ်ခုကို ထိုးနှက်လိုက်ပါက သံမဏိအချင်းချင်းထိခတ်သံကဲ့သို့ ကျယ်လောင်သောအသံကို ထွက်ပေါ်စေမည်မှာ သေချာပေါက်ပင်။

ကျောက်စိမ်းအရိုးနယ်ပယ်၏ အထွတ်အထိပ်အဆင့်....

သူ၏ခွန်အားသည် တိုးတက်လာခြင်းမရှိဘဲ မြင်းကောင်ရေအား၉၉တွင် ရပ်တန့်နေပြီး သူ ကျင့်ကြံဆင့် ချိုးဖျက်နိုင်ခြင်း မရှိသေးချေ။ သို့ရာတွင် သူ၏ကျင့်ကြံမှု တိုးတက်လာသည်နှင့်အမျှ သူ၏ တုံ့ပြန်မှု လျင်မြန်မှုနှင့် အရှိန်အဟုန်တို့သည် သိသိသာသာ တိုးတက်လာပေ၏။ တိုက်ခိုက်ရေးစွမ်းအားအရ သူသည် လွန်ခဲ့သောနှစ်ရက်ကထက် နှစ်ဆကျော် ပို၍သန်မာအားကောင်းလာသည်။

အကယ်၍ သူသာ လျှူမိသားစုခေါင်းဆောင်နှင့် တစ်ဖန်ပြန်တွေ့ပါက သူသည် သူ့ကို လက်ချောင်းတစ်ချောင်းတည်းဖြင့် လွယ်လွယ်ကူကူ ချေမှုန်းနိုင်ပေမည်။ နတ်ဘုရားစိတ်ဝိညာဉ်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်သွားသော လုမင်ရုန်ပင်လျှင် သူ့ကို လက်ရည်တူသာ တိုက်ခိုက်နိုင်ပေမည်။

အမှန်အားဖြင့် ဤသည်မှာ သူ ကောင်းကင်ဘုံ၏သောက ဓားနည်းစနစ်ကို အသုံးမပြုလျှင်ပင်....။ ထိုအရာကို အသုံးပြုလိုက်သည်နှင့် ဓမ္မရုပ်သွင်အဆင့် မြို့အရှင်ယုပင်လျှင် သူ့ကို ယှဉ်ပြိုင်နိုင်မည်မဟုတ်ချေ။ ဤသို့သောခွန်အားဖြင့် ကျန်းရွှမ်သည် အဖြူရောင်ကျောက်တုံးမြို့၏ အထွတ်အထိပ်တွင် အမှန်တကယ်ကို ရပ်တည်နိုင်လေပြီ။

"သူတို့နဲ့ သွားဆွေးနွေးရမယ်..."

အတွေးတစ်ချက်ဖြင့် သူသည် ကမ္ဘာသစ်သို့ ပြန်ရောက်သွားသည်။

အခန်းအတွင်းတွင် လင်းရှီ လော့ချီးချီး ကျောက်ယာ ကျန်းယန်နှင့် တခြားသူများသည် အတူတကွ ထိုင်နေကြ၏။

"ရင်းမြစ်ကမ္ဘာက အန္တရာယ်တွေနဲ့ ပြည့်နှက်နေပြီးတော့ ခုန်းရှီကလည်း အန္တရာယ်ကျရောက်နေပုံရတယ်.... မင်းတို့ အဲ့ဒီကို တကယ်သွားချင်တာ သေချာလား"

ကျန်းရွှမ်က အခန်းကို ဝေ့ဝိုက်၍ ကြည့်လိုက်သည်။

"ဒါပေါ့...ဆရာသွားတဲ့နေရာတိုင်းကို ကျွန်မတို့ လိုက်မှာပါ... စိတ်မပူပါနဲ့ ဆရာ...ကျွန်မတို့က ဆရာ့ရဲ့ခြေလှမ်းတွေကို အမီလိုက်နိုင်အောင် ကြိုးစားပြီးတော့ ဆရာ့ကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေရပါဘူး..."

ကျောက်ယာက ခေါင်းညိတ်လိုက်သည်။

ဤအချိန်တွင် ထိုမိန်းကလေးသည် သူမ၏သန့်စင်ယင်ခန္ဓာကိုယ် အပြည့်အဝ နိုးထလာသည်နှင့်အမျှ ကျက်သရေရှိမှုနှင့်ဆွဲဆောင်မှု နှစ်မျိုးလုံးကို ထုတ်လွှတ်နေပြီး မတူညီသော ခံစားမှုနှစ်ခုကို ထူးခြားသော စိတ်အာရုံတစ်ခုအဖြစ် ပေါင်းစပ်ထားသည်။

"အမှန်ပဲ...ဆရာ့ရဲ့ လမ်းညွှန်မှုနဲ့ဆိုရင် ကျွန်တော်တို့က ကမ္ဘာသစ်တစ်ခုကို ဖွင့်နိုင်မယ်လို့ ယုံကြည်တယ်"

ကျန်းယန်က သူ၏လှံကို မြေပြင်ပေါ်သို့ ဆောင့်ချရင်း ပြောဆိုလိုက်၏။

"ဆရာ...အဲ့ဒီနေရာမှာ ပိုပြီးအန္တရာယ်များတယ်ဆိုရင် ကျွန်တော်တို့က ပိုပြီးသွားရလိမ့်မယ်... ဒီလိုနည်းနဲ့မှ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် အထောက်အကူပြုနိုင်မှာပေါ့... ကျွန်တော်တို့ရဲ့ခွန်အားက ဆရာ့ထက် အများကြီး နိမ့်ကျပေမယ့် ကျွန်တော်တို့ စည်းလုံးနေသရွေ့ ဆရာကို ကူညီနိုင်မှာ သေချာတယ်"

ယွမ်ထောင်က ပြောဆိုသည်။

"ဒါက..."

ရင်းမြစ်ကမ္ဘာရှိ အခြေအနေကို ရှင်းပြပြီးနောက် လူများအားလုံးထံတွင် ဤကဲ့သို့ သဘောထားမျိုး ရှိနေမည်ဟု ကျန်းရွှမ် မျှော်လင့်မထားခဲ့ချေ။ သူသည် အနည်းငယ် ကူကယ်ရာမဲ့စွာဖြင့် နယ်လင်းရှီဘက်သို့ လှမ်းကြည့်လိုက်သည်။

"မင်းရော ဘယ်လိုထင်လဲ...."

လွတ်လပ်သောကောင်းကင်ဘုံ၏ ယခင်အရှင်မက အနည်းငယ် ပြုံးလိုက်သည်။

"ရှင်နဲ့ကျွန်မက လက်ထပ်ပြီးသားပဲ.... ဒါကြောင့် ရှင်သွားတဲ့နေရာတိုင်းကို ကျွန်မ လိုက်မှာပဲ.....ကျွန်မကို စွန့်ပစ်ဖို့ မစဉ်းစားနဲ့....ပြီးတော့ ခုန်းရှီက ရှေ့ဆောင်လမ်းပြရှိနေတာကို ကျွန်မက ဘာလို့ မသွားနိုင်ရမှာလဲ"

"ကျွန်မလည်း သွားမယ်...ပါမောက္ခကုန်းမြေက ကျွန်မကို တစ်ခါ စွန့်ပစ်ခဲ့ပြီးပြီ...ဒီတစ်ခါတော့ ကျွန်မ လုံးဝလက်လွှတ်ခံလို့မဖြစ်ဘူး"

လော့ချီးချီးက နှုတ်ခမ်းစူလိုက်သည်။

"ရှင် တကယ်ပဲ ကျွန်မကို ခေါ်မသွားဘူးဆိုရင် ရှင် သုံးနေတဲ့ လမ်းကြောင်းကနေ ကျွန်မ သွားလိုက်မယ်...ရှင် ကျွန်မရဲ့ စရိုက်ကို သိသားပဲ.... ကျွန်မက ပြောပြီးပြီဆိုရင် သေချာပေါက် လုပ်မှာ...."

သူတို့သည်လည်း ထပ်တူထပ်မျှ ခေါင်းမာနေသည်ကို မြင်တွေ့ချိန်၌ ကျန်းရွှမ်ထံတွင် ခေါင်းညိတ်ရုံမှတပါး တခြားရွေးချယ်စရာ မရှိတော့ချေ။

"မင်းတို့အားလုံး သွားချင်ကြတယ်ဆိုရင် အတူတူ သွားကြတာပေါ့... ဒါပေမယ့် မင်းတို့က အရင်ဆုံး ရွှမ်ကမ္ဘာထဲကို ဝင်ရမယ်...အဲ့ဒီနေရာမှာ လုံလောက်တဲ့ ရင်းမြစ်စွမ်းအင်တွေ ရှိတယ်.... အဲ့ဒီပတ်ဝန်းကျင်မှာ မင်းတို့ လိုက်လျောညီထွေဖြစ်အောင် နေပြီးတော့ ကျင့်ကြံဆင့်စွမ်းအားတွေ နည်းနည်းရလာပြီးမှ ရင်းမြစ်ကမ္ဘာထဲကိုဝင်ရင် မင်းတို့အတွက် အန္တရာယ်မရှိတော့ဘူး"

အင်အားသည် အရေအတွက်ပေါ်တွင် မူတည်ပေ၏။ ရင်းမြစ်ကမ္ဘာသည် အလွန်အန္တရာယ်များသော်လည်း သူတို့အားလုံးသည် ပါမောက္ခကုန်းမြေလာခဲ့ကြသောကြောင့် မရေမတွက်နိုင်သော စမ်းသပ်မှုများကို အတူတကွ ဖြတ်သန်းခဲ့ပြီးဖြစ်သည်။ ဤအဆင့်အကျပ်အတည်းသည် သူတို့အတွက် အရေးမပါချေ။

ထို့ပြင် မြင့်မားသောကမ္ဘာလောကဆိုသည်မှာ ပို၍သန်မာသော ပြိုင်ဘက်များကို စိန်ခေါ်ရန် အခွင့်အရေးကို ဆိုလိုပြီး ဤသည်မှာ သူတို့အားလုံးအတွက် အတွေ့အကြုံသစ်တစ်ခုလည်း ဖြစ်လာပေမည်။

"ကောင်းပါပြီ...ကျွန်မတို့က ရှင့်ရဲ့စီစဉ်မှုအတိုင်း လိုက်နာပါ့မယ်"

ကျန်းရွှမ်၏စိုးရိမ်ပူပန်မှုများကို နားလည်သောကြောင့် နယ်လင်းရှီသည် ဤတစ်ကြိမ်တွင် သူ့၏စကားကို မငြင်းဆန်ခဲ့ချေ။

ကျန်းရွှမ်က ခေါင်းညိတ်ပြီး သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။ သူတို့အားလုံးသည် ချက်ချင်းဆိုသလိုပင် အခန်းအတွင်းမှ ပျောက်ကွယ်သွားပြီး နောက်ထပ်အချိန်တခဏတွင် ရွှမ်ကမ္ဘာ၌ ပြန်လည်၍ထွက်ပေါ်လာသည်။

ဤအချိန်တွင် ရွှမ်ကမ္ဘာသည် အချင်း ကီလိုမီတာ တစ်ဘီလီယံကျော် ရှိနေလေပြီ။ ကောင်းကင်ကံကြမ္မာစွမ်းအင်သည် လေဟာနယ်ကို ထောက်ပံ့ပေးသော ဧရာမတိုင်လုံးကြီးများကို ဖွဲ့စည်းထားပေ၏။ မရေမတွက်နိုင်သော ရင်းမြစ်စွမ်းအင်များသည် ရှေးဦးမြေဝါရောင်စွမ်းအင်ဖြင့် ဖွဲ့စည်းထားသော မီးပြင်းဖိုမှတဆင့် ဆင်းသက်နေသည်။

ကျန်းရွှမ်သည် သူ၏လက်ညှိုးကို ဓားတစ်စင်းအလား မိုးကောင်းကင်ယံသို့ ညွှန်ပြလိုက်သည်။

ဤအချိန်အခိုက်အတန့်တွင် ရွှမ်ကမ္ဘာ၏အထက်တွင် ကြီးမားသော တွင်းနက်ကြီးတစ်ခု ထွက်ပေါ်လာပြီး မသန့်စင်ရသေးသော ရင်းမြစ်စွမ်းအင်အမြောက်အများ ကျဆင်းလာကာ လူများအားလုံးကို လွှမ်းခြုံသွားသည်။

ရုန့်ရင်းကြမ်းတမ်းသော ရင်းမြစ်စွမ်းအင်များကို ခံစားမိချိန်၌ လူများအားလုံး၏မျက်နှာများ ဖြူဖျော့သွားပြီး သူတို့သည် အလိုအလျောက် နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်ကြသည်။

သူတို့သည် ဤအရာ၏ ကြောက်မက်ဖွယ်ကောင်းပုံကို ကြိုတင်သိထားသော်လည်း ကိုယ်တိုင်တွေ့ကြုံရခြင်းသည် ကုန်းနေသတ္တဝါများကို ရေထဲသို့ ပစ်ချခံရသလို အလွန်အမင်း မသက်မသာဖြစ်စေပြီး အသက်ရှူမွန်းကြပ်စေသည်။

ဤသည်မှာ ရင်းမြစ်စွမ်းအင်ပင်။

ကျန်းရွှမ်က ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။

"ငါ မင်းတို့ကို ရင်းမြစ်ရေအိုင် ဖွင့်ပေးမယ်...ပြီးတော့ ကျင့်ကြံခြင်းနည်းစနစ်တွေကို သင်ပေးမယ်...မင်းတို့ ကျင့်ကြံနိုင်ပြီဆိုရင် ဒီရင်းမြစ်စွမ်းအင်နဲ့ လိုက်လျောညီထွေ ဖြစ်သွားလိမ့်မယ်"

တက်လှမ်းလာသူများသည် ရင်းမြစ်ရေအိုင်ကို ရှာမတွေ့နိုင်သောကြောင့် ကျန်းရွှမ်သည် သူ၏ဖန်တီးမှုစွမ်းရည်များကို အသုံးချပြီး သူတို့ကို လေဟာနယ်အသစ်များ ဖွင့်ပေးခဲ့သည်။ ဤနည်းစနစ်ကို သူသည် စွန်းချန်ဖြင့် စမ်းသပ်ခဲ့ပြီး အလွန်ထိရောက်ပေ၏။

တစ်နာရီကျော်အကြာတွင် လူများအားလုံး၌ သူတို့၏ကိုယ်ပိုင် ရင်းမြစ်ရေအိုင်များ ရှိလာပြီး ရှေးဦးမြေဝါရောင်စွမ်းအင်ကို အသုံးပြု၍ မီးပြင်းဖိုများကို ထွန်းညှိခဲ့ကြသည်။

သူသည် နယ်လင်းရှီ ကျောက်ယာနှင့် တခြားသူများအတွက် မီးပြင်းဖိုများကို ထွန်းညှိပေးချိန်တွင် ရှေးဦးမြေဝါရောင်စွမ်းအင်အကြောင်း သိသွားမည်ကို စိုးရိမ်ရန်မလိုသောကြောင့် သူတို့၏မီးပြင်းဖိုများအားလုံး တော်ဝင်အဆင့်သို့ ရောက်ရှိသွားသည်။ ဆိုလိုသည်မှာ သူတို့သည် ရင်းမြစ်စွမ်းအင်အမျှင်တန်းတစ်ရာကျော်ကို လွယ်လင့်တကူ စုပ်ယူနိုင်ပေမည်။

ထိုမျှသာမက လေဟာနယ်ကိုဖွင့်၍ ဖွဲ့စည်းထားသော ရင်းမြစ်ရေအိုင်များသည်လည်း အလွန်ကြီးမားသော ရင်းမြစ်စွမ်းအင် ပမာဏကို သိုလှောင်နိုင်ပြီး တစ်ခုချင်းစီသည် သူတော်စင်အဆင့်ထက်ပင် ကျော်လွန်နေသည်။

ဤသည်ကြောင့် သူတို့အားလုံးသည် လောကကြီး၏အထွတ်အထိပ်တွင် မတ်တတ်ရပ်နေသကဲ့သို့ ခံစားလိုက်ရသည်။

ဤသို့သော အရည်အချင်းမျိုးကို ကောင်းကင်ဘုံစာကြည့်တိုက်မှ နည်းစနစ်များနှင့် ပေါင်းစပ်လိုက်လျှင် သူတို့ တိုးတက်လာရန်မှာ ရေသောက်ခြင်း သို့မဟုတ် အစာစားခြင်းကဲ့သို့ ရိုးရှင်းပေလိမ့်မည်။

ဤတာဝန်များကို ပြီးမြောက်ပြီးနောက် ကျန်းရွှမ်သည် နောက်ဆုံးတွင် သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။

ဤအချိန်တွင် သူ မြို့အရှင်ယုထံမှ ယခင်ကရရှိခဲ့သော ကောင်းကင်ကံကြမ္မာစွမ်းအင်များ လုံးလုံးလျားလျားကုန်ဆုံးသွားပြီး သူ့ထံတွင် စွမ်းအင်တန်းတစ်တန်းမျှ မကျန်တော့ချေ။ သူသည် သက်တောင့်သက်သာ ဘဝကို ဖြတ်သန်းပြီးနောက် ယခုချိန်တွင် ဆင်းရဲသားဘဝသို့ ပြန်ရောက်သွားလေပြီ။

ကျန်းရွှမ်သည် သူ၏လက်ချောင်းများကို လှုပ်ခတ်လိုက်သည်နှင့် လူတစ်ဦးချင်းစီ၏လက်အတွင်းတွင် စာအုပ်များ ထွက်ပေါ်လာသည်။ ဤစာအုပ်များတွင် ခန္ဓာကိုယ်သန့်စင်ခြင်းနယ်ပယ်မှ ကျောက်စိမ်းအရိုးနယ်ပယ်အထိ ကျင့်ကြံနည်းစနစ်များကို အသေးစိတ် ဖော်ပြထားသည်။

"မင်းတို့ အားလုံး အေးအေးဆေးဆေး ကျင့်ကြံကြတော့...ငါ အပြင်ကို ခဏထွက်လိုက်အုံးမယ်..."

ကျန်းရွှမ်သည် လုပ်စရာရှိသည်များကို ပြီးစီးအောင် လုပ်ပြီးနောက် နေရာမှ ပျောက်ကွယ်သွားပြီး သူ၏နေအိမ်ဖြစ်သော ခြံဝန်းငယ်လေးအတွင်း၌ ပြန်လည်၍ထွက်ပေါ်လာသည်။

သူ ခြံဝန်းငယ်လေးအတွင်း၌ ထွက်ပေါ်လာသည်နှင့် စွန်းချန်က သူ၏အနီးသို့ ချဉ်းကပ်လာပေ၏။

"ဘယ်လိုနေလဲ....မင်း ငွေရှာဖို့ နည်းလမ်းတွေ့ပြီလား"

မြို့အရှင်ယုထံမှ သက်သေခံတံဆိပ်ပြားတစ်ခုကို ရရှိပြီးနောက် စွန်းချန်သည် လွန်ခဲ့သော ရက်အနည်းငယ်အတွင်း နေ့စဥ်နေ့တိုင်း အပြင်ထွက်ပြီး ငွေရှာရန်နည်းလမ်းများကို ရှာဖွေနေခဲ့သည်။ ယခုအချိန်တွင် သူသည် နည်းလမ်းတစ်ခုခုကို ရှာတွေ့သင့်လေပြီ။

"ငွေရှာဖို့ နည်းလမ်းတချို့တော့ ရှိတယ်...ဒါပေမယ့် အဲ့ဒီနည်းလမ်းတွေအားလုံးအတွက် ကျွန်တော်တို့ဘက်က နည်းနည်းတော့ ကြိုးစားအားထုတ်ဖို့ လိုအပ်တယ်"

စွန်းချန်က သူ၏အိတ်ကပ်အတွင်းမှ စာရွက်တစ်ရွက်ကို ထုတ်ယူရင်း ပြောဆိုလိုက်သည်။

ကျန်းရွှမ်က ထိုစာရွက်ကို ပေါ့ပေါ့ပါးပါး ဖွင့်ကြည့်လိုက်ရာ အချက်အလက်များဖြင့် ပြည့်ကျပ်နေသည်ကို တွေ့လိုက်ရသည်။

"အဖြူရောင်ကျောက်တုံးကျောင်းတော်၏ ဆဋ္ဌမမြောက် ကျောင်းအုပ်ကြီး ချန်ထားခဲ့သော မပြည့်စုံသည့် 'ရွှမ်လုံလက်ဝါး'နည်းစနစ်ကို ပြင်ဆင်ရန်...ဤသိုင်းပညာနည်းစနစ် ပျက်စီးခဲ့သည်မှာ နှစ်သုံးရာကြာမြင့်သွားခဲ့သည်....လူအမြောက်အများသည် ထိုနည်းစနစ်ကို ပြန်လည်ပြုပြင်ရန် ကြိုးစားခဲ့သည့်အပြင် ထိပ်သီးကျင့်ကြံသူအမြောက်အများသည် နှစ်ပေါင်းနှစ်ရာကျော် ကြိုးစားခဲ့သော်လည်း နောက်ဆုံးတွင် ကျရှုံးခဲ့သည်...ဆုငွေမှာ ရင်းမြစ်ဒင်္ဂါး ၂ သန်းဖြစ်သည်..."

"မြို့တောင်ပိုင်းမှ စွန်းချန်ယိုသည် လေလွင့်ကျင့်ကြံသူဖြစ်သော်လည်း အလွန်ချမ်းသာသည်....ကံမကောင်းစွာဖြင့် သူသည် ငယ်ရွယ်စဉ်က ရင်းမြစ်သားရဲများကြောင့် ဒဏ်ရာရခဲ့ပြီး အသက်ရှင်သန်နိုင်ရန်အတွက် အချိန်အနည်းငယ်သာ ကျန်တော့သည်... အကယ်၍ သူ့ကို ကုသပေးနိုင်ပါက ရင်းမြစ်ဒင်္ဂါး တစ်သန်း ဆုငွေကို ရရှိနိုင်သည်..."

"တစ်စုံတစ်ယောက်သည် ခရီးစဉ်တစ်ခုအတွင်း လော့ယွီပန်းဟုခေါ်သော ဆေးပင်တစ်မျိုးကို ရရှိခဲ့သည်....ထိုအရာသည် စိတ်ကို တည်ငြိမ်စေပြီး ကျင့်ကြံမှုအရှိန်နှုန်းကို မြှင့်တင်ပေးနိုင်သော ရနံ့ကို ထုတ်လွှတ်ပေးသည်... ထိုဆေးပင်ကို တိတ်ဆိတ်သောအခန်းအတွင်းတွင် ထားရှိရကာ ပျိုးထောင်ရန်အတွက် အလွန်လိုအပ်ချက်များသည်.... သို့ရာတွင် လွန်ခဲ့သော ခြောက်လက ဤပန်းသည် အဝါရောင်ပြောင်းသွားပြီး ရနံ့သည်လည်း မှိန်ဖျော့သွားကာ စိတ်တည်ငြိမ်စေသောစွမ်းအားကို ဆုံးရှုံးသွားသည်.... အကယ်၍ ထိုအပင်ကို ပြန်လည်ကောင်းမွန်အောင် လုပ်နိုင်ပါက ရင်းမြစ်ဒင်္ဂါး တစ်သန်း ဆုငွေ ရရှိပေမည်..."

"ဟွိုက်ယွမ်တောင်၏ ရွှေသစ်ရွက်ချိုင့်ဝှမ်းတွင် ကျောက်စိမ်းအရိုးနယ်ပယ် အထွတ်အထိပ်အဆင့်၌ရှိသော ရင်းမြစ်သားရဲတစ်ကောင် ထွက်ပေါ်လာသည်....အကယ်၍ ထိုသားရဲကို သတ်နိုင်ပါက အဖြူရောင်ကျောက်တုံးဆေးခန်းမမှ ရင်းမြစ်ဒင်္ဂါး တစ်သန်း ဆုချီးမြှင့်မည်..."

"လော့ချင်းခုံး အမည်ရှိ နာမည်ဆိုးဖြင့် ကျော်ကြားသော သူခိုးတစ်ယောက်ရှိပြီး သူ့ကိုဖမ်းမိပါက ဆုငွေအဖြစ် ရင်းမြစ်ဒင်္ဂါး ၂ သန်း ရရှိပေမည်... လော့ချင်းခုံးသည် ကျောက်စိမ်းအရိုးနယ်ပယ် အထွတ်အထိပ်အဆင့် ကျင့်ကြံသူဖြစ်ပြီး ထွက်ပြေးရာတွင် ကျွမ်းကျင်သည်.... သူသည် တစ်ချိန်က ဟန်ယွမ်တော်ဝင်မိသားစုထံမှ 'ကျစ်ကွေမင်ယွဲ့ပန်းချီကား' ကို ခိုးယူခဲ့ဖူးသည်..."

...

ကျန်းရွှမ်က ထိုစာရွက်ကို ဝေ့ဝိုက်၍ ကြည့်လိုက်သည်။ စွန်းချန် မှတ်တမ်းတင်ထားသော မည်သည့်တာဝန်ကိုမဆို ပြီးမြောက်ပါက ယေဘုယျအားဖြင့် ရင်းမြစ်ဒင်္ဂါး တစ်သန်းကျော် ရရှိနိုင်သည်။ ထိုစာပေါ်တွင် ဤကဲ့သို့တာဝန်မျိုး ဆယ်ခုကျော်ဖြင့် ပြည့်နှက်နေပေ၏။

"ငါက အဖြူရောင်ကျောက်တုံးမြို့ကို အထင်သေးခဲ့မိပုံရတယ်"

ယခင်က သူသည် ရင်းမြစ်ဒင်္ဂါး သန်းသုံးဆယ်ကို ရှာဖွေရန် ခက်ခဲမည်ဟု ထင်ခဲ့ပြီး မည်မျှကြာမည်ကို မသိခဲ့ချေ။ ယခုချိန်တွင်မူ မြို့အတွင်းတွင် လူဦးရေဆယ်သန်းကျော် ရှိနေသောကြောင့် သူသာ စိတ်နှစ်၍ရှာဖွေပါက ငွေရှာရန် နည်းလမ်းအမြောက်အများ အမှန်တကယ်ကို ရှိနေသည်။

"ဘယ်တစ်ခုကို အရင်ရွေးကြမလဲ" သူ၏မျက်လုံးများသည် စာရင်းပေါ်သို့ ကျရောက်သွားပြီး နှစ်ကြိမ်တိုင်တိုင် ဂရုတစိုက် ဖတ်ရှုလိုက်သည်။ အချိန်တခဏကြာခန့် တွေဝေတုံ့ဆိုင်းနေပြီးနောက် ကျန်းရွှမ်သည် ရုတ်တရက် ခေါင်းခါလိုက်၏။

"ငွေရှာစရာ ရှိနေမှတော့ ရှာလိုက်ရုံပဲ...ဘာမှ စိတ်ရှုပ်နေစရာမလိုဘူး...ဘယ်ဟာပဲဖြစ်ဖြစ်တစ်ခုခုကို ရွေးလိုက်ကြစို့"

ထိုစာရင်းရှိတာဝန်များမှ အခြေအနေများသည် တခြားလူများအတွက် ပြီးမြောက်ရန် ခက်ခဲနိုင်သော်လည်း သူ့အတွက်မူ ထိုအရာများသည် သာမန်ကိစ္စများပင်။

ထိုတာဝန်များအားလုံးသည် အသေးအမွှားများသာဖြစ်ပြီး ရွေးချယ်ရခက်နေသောကြောင့် သူသည် တစ်ခုပြီးတစ်ခုကို ကိုင်တွယ်ဖြေရှင်းပြီး ပြဿနာတစ်ခုချင်းစီကို ဖြေရှင်းရန် နည်းလမ်းရှာဖွေခြင်းက ပိုကောင်းပေလိမ့်မည်။

သူ၏အကြည့်သည် ပထမဆုံးတာဝန်ပေါ်သို့ ကျရောက်သွားပြီး စွန်းချန်ကို လမ်းပြစေကာ တံခါးကို တွန်းဖွင့်ပြီး ပြင်ပသို့ထွက်လိုက်သည်။

"ပထမတစ်ခုက ကျောင်းတော်အတွင်းက ရွှမ်လုံခန်းဆောင်မှာပါ...သခင်လေးက ရုပ်ဖျက်ချင်လား...ဘာပဲဖြစ်ဖြစ် သခင်လေးဆီမှာ တပည့်ခံချင်တဲ့သူတွေ အရမ်းများနေတယ်"

စွန်းချန်က ကျန်းရွှမ်ကိုကြည့်ပြီး အပြုံးနှင့်ပြောဆိုသည်။

"မလိုပါဘူး... ငါ မနေ့က ကျောင်းအုပ်ကြီးလုကို ဖြေရှင်းဖို့ ပြောခဲ့တယ်...ယုရှောင်ယွီ လျှူမင်ယွဲ့နဲ့ ဟုန်ရီကလွဲပြီးတော့ ငါက ကျောင်းသားတချို့ကို အမည်ခံတပည့်တွေအဖြစ် လက်ခံဖို့ စဉ်းစားမယ်...ဒါပေမယ့် ဘယ်သူ့ကို လက်ခံမလဲဆိုတာ ငါ့ရဲ့ရွေးချယ်မှုပဲ.... ကိုယ့်ဘာသာကိုယ် လာပြီးအကြံပြုတဲ့သူတိုင်းကို ငါ ငြင်းပယ်မယ်"

ကျန်းရွှမ်က ပြောဆိုသည်။

စွန်းချန်၏မျက်လုံးများ

ဤသည်မှာ အလွန်လိမ္မာပါးနပ်သော နည်းဗျူဟာပင်။

ရက်အနည်းငယ်အကြာက သခင်လေးသည် ဤမျှကြီးမားသော ရုန်းရင်းဆန်ခတ်ကို ဖြစ်စေခဲ့ရာ အဖြူရောင်ကျောက်တုံးမြို့တစ်မြို့လုံး သိရှိသွားခဲ့သည်။ မရေမတွက်နိုင်သောလူများသည် သူ့ထံတွင် တပည့်ခံလိုကြ၏။ အကယ်၍ သူသာ သူတို့အား အမှန်တကယ် လျစ်လျူရှုလိုက်ပါက ထောင်နှင့်ချီသောလူများသည် အပြင်ဘက်တွင် စုရုံးကာ သူ၏အာရုံစိုက်မှုကို တောင်းခံနေကြပေမည်။

အကယ်၍ ထိုအခြေအနေသို့ ရောက်လာပါက သူ လက်ခံမည် ငြင်းပယ်မည်မှာ ကိစ္စတစ်ရပ်မဟုတ်တော့ချေ။

အကယ်၍ သူသည် လူတချို့ကို လက်ခံပြီး တခြားလူများက မကျေနပ်ပါက မသင့်တော်ဟု ထင်ရပေမည်။ အကယ်၍ သူ ငြင်းပယ်ပါက တခြားသူများက သူ အလွန်မာနကြီးသည်ဟု ထင်ကြပေလိမ့်မည်။

သူသည် အမည်ခံတပည့်များကို လက်ခံမည်ဖြစ်သော်လည်း သူကိုယ်တိုင်ရွေးချယ်မည်ဟု တိုက်ရိုက်ပြောဆိုခြင်းဖြင့် လူများအားလုံးထံတွင် အခွင့်အရေးရှိကြောင်း ညွှန်ပြနေသည်။ ဤအခြေအနေတွင် သူတို့သည် တပည့်ဖြစ်ခွင့် အလျင်စလို တောင်းခံပါက သူတို့၏သင်္ချိုင်းကို သူတို့ကိုယ်တိုင် တူးသကဲ့သို့ ဖြစ်သွားပေလိမ့်မည်။

ထို့ကြောင့် လူများအားလုံးသည် အချိန်အတိုင်းအတာတစ်ခုအတွင်း၌ ကျန်းရွှမ်သည် တပည့်သစ်များ ခေါ်ယူမည်မဟုတ်ကြောင်း သိရှိထားသဖြင့် သူတို့သည် မြင့်မားသော မျှော်လင့်ချက်များသာ ထားရှိပြီး မဆင်မခြင်မပြုမူဝံ့တော့ချေ။

အမှန်တကယ်ကိုပင် ဤသတင်းကြောင့် ကျန်းရွှမ်သည် ကျောင်းဝန်းအတွင်းတွင် လျှောက်လှမ်းသွားချိန်၌ ကျောင်းသားအမြောက်အများ၏မျက်နှာများပေါ်တွင် စိတ်လှုပ်ရှားမှုများ ထင်ဟပ်လာကြသော်လည်း မည်သူတစ်ဦးတစ်ယောက်မျှ သူ့ထံသို့ ချဉ်းကပ်ဝံ့ခြင်း မရှိချေ။ သူတို့သည် သူ အာရုံစိုက်ခံရစေရန် အမျိုးမျိုးသော အပြုအမူများကိုသာ ပြသကြသည်။

"ကြည့်စမ်း...ဆရာကျန်း လာနေပြီ... ငါ့ရဲ့ဆံပင်တွေ ခုဏက ရှုပ်နေလား.."

"မင်းရဲ့ဆံပင် မရှုပ်ရင်တောင် မင်းရဲ့မျက်နှာက မျက်နှာချေတွေနဲ့ ဖွေးနေမှာ သေချာတယ်" ...

မိသားစုတစ်ခုမှ သခင်လေးတစ်ဦးသည် ဂျူနီယာတစ်ဦးနှင့် သိုင်းပညာ လေ့ကျင့်နေစဉ်၌ ကျန်းရွှမ် ဖြတ်သွားသည်ကို မြင်တွေ့လိုက်ရသည်။ သူသည် လေထုအတွင်းသို့ ခုန်တက်ကာ သူ၏ဂျူနီယာညီလေးကို ဖမ်းပြီး သူ၏ခေါင်းကို အောက်သို့ ဆောင့်ချရန် ပြင်ဆင်လိုက်၏။

"ဘာလုပ်တာလဲ စီနီယာအစ်ကို..."

ထိုဂျူနီယာညီလေးက မေးမြန်းသည်။

"ငါတို့က ပြိုင်နေကြတာဆိုတော့ ငါ မင်းကို တစ်ချက်ကူညီလိုက်မယ်"

သခင်လေးက ကျယ်လောင်စွာ ပြောဆိုပြီးနောက် သူ၏လေသံကို နှိမ့်လိုက်သည်။

"စကားမများနဲ့တော့...ငါ့ကို မြန်မြန်ပြန်တိုက်စမ်း...ငါ ခုဏက သင်ထားတဲ့ သိုင်းပညာတွေ ငါ မင်းကို ပြမယ်..."

ဂျူနီယာညီလေးသည် နားလည်သွားပြီး ရုတ်တရက် ရှေ့သို့ပြေးဝင်လိုက်၏။

သူတို့နှစ်ယောက်သား တိုက်ခိုက်မှုကို စတင်လိုက်ကြသည်။

အချိန်တခဏအကြာတွင် တိုက်ပွဲပြီးဆုံးသွားကာ သခင်လေးသည် ဝေးကွာသွားသော ပုံရိပ်ကို စိတ်လှုပ်ရှားစွာဖြင့် ကြည့်လိုက်သည်။

"ငါ့ရဲ့သိုင်းပညာက ခုဏက စံနှုန်းမီရဲ့လား... ဆရာကျန်းက ငါ့ကို မြင်လိုက်လား"

ဂျူနီယာညီလေးက သူ၏ယောင်ကိုင်းနေသော မျက်နှာကို ပွတ်သပ်ရင်း တီးတိုးရေရွတ်လိုက်၏။

"သူ မင်းကို မမြင်ဘူး..."

All Chapters