← Chapters

ဟန်ယွမ်မြို့သို့ ခရီးနှင်ခြင်း

Vol. 11 Ch. 162

ဟန်ယွမ်မြို့သို့ ခရီးနှင်ခြင်း

Vol. 11 Ch. 162

"ဆရာက ကျွန်မကို မစွန့်ပစ်သရွေ့ ကျွန်မက တစ်သက်လုံး ဆရာ့နောက်ကို မယိမ်းမယိုင်ဘဲ တည်တည်ငြိမ်ငြိမ်နဲ့လိုက်ဖို့ ဆန္ဒရှိပါတယ်"

ပထမဆုံး စကားပြောထွက်လာသူမှာ ဟုန်ရီ သို့မဟုတ် ယုရှောင်ယွီမဟုတ်ဘဲ ယခင်က ကျန်းရွှမ်၏ တပည့်ဖြစ်ရန် ဆန္ဒမရှိခဲ့ဆုံးဖြစ်ခဲ့သော လျှူမင်ယွဲ့ပင်။

သူမ၏မျက်လုံးများသည် သူမ၏ဖခင်သေဆုံးမှုအတွက် ဝမ်းနည်းပူဆွေးမှုကြောင့် နီမြန်းနေဆဲဖြစ်သော်လည်း ထိုအရာများအတွင်းတွင် တုနှိုင်းမရသော စိတ်ပိုင်းဖြတ်ထားမှုဖြင့် တောက်ပနေသည်။

"ဆရာနဲ့ မတွေ့ခင်က ကျွန်တော်က အရည်အချင်းမရှိ နောက်ခံမရှိတဲ့ အရေးမပါတဲ့လူတစ်ယောက်ပါ..ကျွန်တော် ဘယ်နေရာကိုသွားသွား တခြားလူတွေက အထင်သေးကြတယ်....အခုတော့ ကျောင်းတော်မှာ ဘယ်သူကမှ ကျွန်တော်ကို မကောင်းပြောမဝံ့တော့ဘူး.... တချို့ဆိုရင် ကျွန်တောကိုမျက်နှာလုပ်ဖို့တောင် ကြိုးစားနေကြတယ်... ဘဝရဲ့ ပိုကောင်းတဲ့ဘက်ကို တွေ့ကြုံခံစားပြီးမှ အရင်က ဘယ်လောက်တောင် စိတ်ပျက်စရာကောင်းခဲ့လဲဆိုတာကို ကျွန်တော် သဘောပေါက်လာတယ်"

"ကျွန်တော်က အဲ့ဒီဘဝကို ပြန်မသွားချင်တော့ဘူး...ဒါကြောင့် စီနီယာအစ်မမင်ယွဲ့လိုပဲ ဆရာ ဘယ်ကိုသွားသွား ကျွန်တော် လိုက်မယ်.... သေရမယ်ဆိုရင်တောင် ကျွန်တော်က ဘယ်တော့မှ နောင်တရမှာ မဟုတ်ဘူး"

ဟုန်ရီက အပြုံးနှင့်ခေါင်းညိတ်လိုက်သည်။

"အန္တရာယ်အတွက်ကတော့... ဘဝဆိုတာ အလှပဆုံးဖြစ်နေမှ အဓိပ္ပာယ်ရှိတာ...စိန်ခေါ်မှုတွေနဲ့ မရင်ဆိုင်ရဘဲ ကျွန်တော်က ဘယ်လိုလုပ် ပိုပြီးသန်မာလာနိုင်မှာလဲ...."

"အင်း..."

ကျန်းရွှမ် အနည်းငယ် အံ့အားသင့်သွားသည်။ ယခင်က သူ အလွန်အာရုံမစိုက်ခဲ့သော ဤကျောင်းသားသည် ရက်အနည်းငယ်အတွင်းတွင် သိသိသာသာ ရင့်ကျက်လာခဲ့သည်။

သူသည် လျှူမင်ယွဲ့ကိုကြည့်ပြီး စိတ်ကျေနပ်စွာ ဖြင့် ခေါင်းညိတ်လိုက်၏။ တစ်ချိန်က မာနကြီးပြီး ခေါင်းမာခဲ့သော မိန်းကလေးသည် သိသာထင်ရှားသော စမ်းသပ်မှုများကို ဖြတ်သန်းခဲ့ပြီး ယခုအချိန်၌ တောက်ပစပြုနေသော ပွတ်တိုက်ပြီးသား ကျောက်မျက်ရတနာတစ်ပွင့်နှင့် တူညီနေသည်။

"မင်းကရော...."

ကျန်းရွှမ်၏အကြည့်သည် ယုရှောင်ယွီထံသို့ ကျရောက်သွားသည်။

"ကျွန်မ..."

ယုရှောင်ယွီက ခေါင်းမော့လိုက်ရာ သူမ၏ဝတ်စုံမှ ခေါင်းလောင်းသံများ တချွင်ချွင်မြည်သွားပြီး သူမ၏အနက်ရောင်ဆံပင်ရှည်များသည် လေနှင့်အတူ လူးလွန့်နေပေ၏။

"တကယ်တော့ ကျွန်မ ခုဏက မြို့အရှင်အိမ်တော်ကို ပြန်သွားတုန်းက...အဖေကလည်း ကျွန်မကို ဒီမေးခွန်း မေးခဲ့တယ်"

"ကျွန်မရဲ့အဖြေက ကျွန်မမသိဘူးဆိုတာပဲ... ကျွန်မက အဖြူရောင်ကျောက်တုံးမြို့မှာ ကြီးပြင်းခဲ့ပြီးတော့ အဝေးကို ဘယ်တော့မှ မသွားဖူးဘူး... ဘယ်တော့ပြန်လာမယ်မှန်းမသိဘဲ အိမ်ကနေ ထွက်ခွာရမှာက ကျွန်မကို စိုးရိမ်ပူပန်မှုတွေ နောက်ဆံတင်းမှုတွေနဲ့ ပြည့်စေတယ်"

"ဒါက ဆရာ့နောက်ကိုလိုက်ရင် ကြုံတွေ့ရမယ့် အန္တရာယ်တွေကို ကြောက်လို့ ဒါမှမဟုတ် ကံကြမ္မာခန်းမရဲ့ တရားစီရင်မှုကို ကြောက်လို့ မဟုတ်ဘူး.... ကျွန်မက အိမ်ကနေ ထွက်ခွာပြီးရင် ရင်းနှီးကျွမ်းဝင်မှုတွေ ပျောက်ဆုံးသွားမှာကို ကြောက်တာ သူငယ်ချင်းတွေမရှိဘဲ လူစိမ်းတွေနဲ့ နေရမှာကို ကြောက်တာ...မိုးခြိမ်းတဲ့ညတွေမှာ ကျွန်မ ကိုင်ထားစရာ အရုပ်မရှိမှာကို ကြောက်တာပဲ...."

"ကျွန်မ အဖေ့ကို ဒီစိုးရိမ်ပူပန်မှုတွေကို ပြောပြခဲ့တယ်...သူက... ဒါက ကျွန်မရဲ့ရွေးချယ်မှုပဲ နှလုံးသားရဲ့စေညွှန်ရာအတိုင်း လိုက်နာရုံပဲတဲ့... သူက ကျွန်မကို ပြိုင်ဘက်ကင်းကျင့်ကြံသူတစ်ယောက် ဖြစ်လာဖို့ ဒါမှမဟုတ် မိသားစုဝန်ထုပ်ဝန်ပိုးတစ်ခုခုကို ထမ်းဆောင်ဖို့ ဆန္ဒမရှိခဲ့ဘူး....သူက ကျွန်မကို ပျော်ရွှင်စေချင်ရုံလေးပဲ"

"ဒါကြောင့် ကျွန်မရဲ့ဘဝကို ကျွန်မ ပြန်သုံးသပ်ခဲ့တယ်....အရင်ကဘဝနဲ့ လွန်ခဲ့တဲ့ရက်အနည်းငယ်ကဘဝကို ကျွန်မ နှိုင်းယှဉ်ခဲ့တယ်"

"ကျွန်မက အဖေ့ရဲ့ ကောင်းကောင်းမွန်မွန် စောင့်ရှောက်မှုကို ခံခဲ့ရပြီတော့ ကောင်းမွန်ပျော်ရွှင်တဲ့ဘဝမှာ နေထိုင်ခဲ့တယ်... ပြဿနာတွေပေါ်လာရင်တောင် အဲ့ဒါတွေက မြန်မြန်ဆန်ဆန် ပျောက်ကွယ်သွားတယ်...ဒါကြောင့် ကျွန်မက စိတ်ကျေနပ်စရာကောင်းတယ်လို့ တွေးထင်ခဲ့တယ်"

"ဒါပေမဲ့ လွန့်ခဲ့တဲ့ရက်အနည်းငယ်အကြာက ကျွန်မ အဆင့်တက်သွားပြီးတော့ မိုယန်ရွှယ်ကို လက်သီးတစ်ချက်နဲ့ လွင့်သွားအောင် ထိုးနိုင်ခဲ့တယ်.... ကျွန်မနဲ့သက်တူရွယ်တူတွေအားလုံးထက် ကျွန်မရဲ့ခွန်အားက အလွယ်တကူ ကျော်လွန်သွားတဲ့အချိန်မှာ... ကြိုးစားအားထုတ်မှုကနေ ရရှိလာတဲ့ အောင်မြင်မှုခံစားချက်က ကျွန်မကို ပျော်ရွှင်စေခဲ့တယ်...ကျွန်မအဖေ့ရဲ့ အဆင့်အတန်းကြောင့်မဟုတ်ဘဲနဲ့ ကျွန်မရဲ့ကိုယ်ပိုင်အရည်အချင်းတွေကြောင့် ရရှိလာတဲ့ လေးစားမှုက ကျွန်မရဲ့စိတ်နှလုံးသားထဲကို နက်နက်ရှိုင်းရှိုင်း ရောက်သွားတယ်....အဲ့ဒီအချိန်ကျမှသာ ကျွန်မရဲ့အတိတ်က ပျော်ရွှင်မှုတွေက ဘယ်လောက်ထိ သေးနုပ်ခဲ့တယ်ဆိုတာကို ကျွန်မ နားလည်သဘောပေါက်သွားခဲ့တယ်"

"အစစ်အမှန်ပျော်ရွှင်မှုက ရည်မှန်းချက်တွေကို အောင်မြင်ပြီး ကိုယ့်ကိုယ်ကိုယ် ကန့်သတ်ချက်တွေထက် ကျော်လွန်အောင် တွန်းအားပေးတာကနေ လာတာပဲ...."

"ဒါကြောင့်... ကျွန်မက အဖေ့ကို နှုတ်ဆက်ခဲ့တယ်...ကျွန်မက ဆရာ့နောက်ကို လိုက်ဖို့ ဆုံးဖြတ်ပြီးပြီ...ဘာတွေပဲဖြစ်လာလာ အသက်သေသေရှင်ရှင် ကျွန်မက ဆရာနဲ့အတူ ပျော်ရွှင်မှုနဲ့ ဝမ်းနည်းမှုတွေကို မျှဝေခံစားမယ်... ဘယ်လောက်ပဲ အန္တရာယ်များပါစေ ကျွန်မ ထိတ်လန့်တုန်လှုပ်မှာမဟုတ်ဘူး"

ယုရှောင်ယွီ၏ ဖြူစင်ရိုးသားသောမျက်နှာပေါ်တွင် စိတ်ပိုင်းဖြတ်ထားမှုများဖြင့် ပြည့်နှက်နေသည်။

ဤအချိန်အခိုက်အတန့်တွင် သူမသည် အနည်းငယ်ကြောင်တောင်တောင်နိုင်ပြီး အလိုလိုက်ခံထားရသော မိန်းကလေးငယ်တစ်ဦး မဟုတ်တော့ချေ။ သူမသည် သူမ၏အိပ်မက်များနှင့်ရည်မှန်းချက်များအတွက် ကြိုးပမ်းနေသော စစ်သည်တော်တစ်ဦးပင်။

"မင်းတို့အားလုံး စိတ်ပိုင်းဖြတ်ပြီးမှတော့ ဒီညမှာ မင်းတို့ရဲ့မိသားစုနဲ့ သူငယ်ချင်းတွေကို နှုတ်ဆက်ဖို့ အချိန်ယူလိုက်ကြပါ... မနက်ဖြန်မနက်ကျရင် ငါတို့ ထွက်ခွာမယ်..."

ကျန်းရွှမ်က သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

"ဟုတ်ကဲ့...."

သူတို့သုံးဦးသည် တပြိုင်နက်တည်း ဦးညွှတ်အရိုအသေပြုလိုက်ကြ၏။

သူတို့ထွက်ခွာသွားပြီးနောက် ကျန်းရွှမ်သည် သူ၏အခန်းသို့ ပြန်သွားပြီး အသစ်ရရှိထားသော ကံကြမ္မာချပ်ပြားသုံးချပ်ကို စုပ်ယူရန်ဟန်ပြင်လိုက်စဉ်တွင် အဝေးမှနေ၍ သောက်လီ ချဉ်းကပ်လာသည်ကို မြင်တွေ့လိုက်ရသည်။

မြင်းကောင်းတစ်စီးဟု နာမည်ကျော်ကြားသောမြင်းသည် ယခုအချိန်၌ သူ တစ်နေရာရာမှ ရှာတွေ့ထားသော ခါးစည်းတစ်ခုကို သူ၏ခါးတွင် ချည်နှောင်ထားသည်။ သူသည် ရှေ့သို့တိုးလာပြီး သူ၏ရှေ့ခြေထောက်များကို ကျန်းရွှမ်၏ ပခုံးပေါ်တင်ကာ နှိပ်နယ်ပေးလေ၏။

"မင်းလိုချင်တာကိုသာ ပြောလိုက်...ငါ့ကို မျက်နှာချိုသွေးဖို့ မလိုဘူး..."

ကျန်းရွှမ်က မျက်မှောင်ကြုတ်လိုက်သည်။

"ဟီး... ဟီး..."

သောက်လီသည် အနည်းငယ်ရှက်ကိုးရှက်ကန်းဖြစ်နေကာ နှိပ်နယ်မှုကို ဆက်လက်၍ ပြုလုပ်နေသည်။

"မင်းက ငါနဲ့အတူ လိုက်ချင်တာလား..."

ကျန်းရွှမ် နားလည်သဘောပေါက်သွားသည်။

ဤသည်မှာ ကောင်းမွန်သော အကြံတစ်ခုပင်။ ခရီးရှည်သွားရန် အနက်ရောင်အကြေးခွံ ဖီးနစ်လင်းယုန်သည် အကောင်းဆုံးဖြစ်သော်လည်း ခရီးတိုများအတွက်မူ သောက်လီသည် ပို၍အဆင်ပြေပေမည်။

အကောင်းဆုံးအချက်မှာ သောက်လီသည် သူ့ကို ချက်ပြုတ်ပေးနိုင်နှိပ်နယ်ပေးနိုင်ပြီး လက်ဖက်ရည်ဖျော်စပ်ပေးနိုင်ခြင်းပင်။

ကျန်းရွှမ်၏တွေဝေတုံ့ဆိုင်းနေမှုကို မြင်တွေ့ချိန်၌ သောက်လီ၏မျက်လုံးဝိုင်းကြီးများအတွင်း၌ တောင်းပန်သောအမူအယာတစ်ရပ် ဖြတ်ပြေးသွားပေ၏။

"ကောင်းပြီလေ... မင်း လိုက်ခဲ့လို့ရတယ်"

ကျန်းရွှမ်က သူ၏လက်ကိုဝှေ့ယမ်းပြီး ပြောဆိုသည်။

အနက်ရောင်အကြေးခွံ ဖီးနစ်လင်းယုန်၏ကျောပေါ်တွင် သူ စွန်းချန်နှင့် တပည့်သုံးဦးတို့ဖြင့် ပြည့်ကျပ်နေပြီးဖြစ်သည်။ မြင်းအတွက် နေရာမရှိတော့ချေ။ သို့ရာတွင် သူ၏တိုးပွားလာသော စွမ်းအားနှင့် ရွှမ်ကမ္ဘာကိုဖွင့်ရန် လွယ်ကူလာမှုကြောင့် သောက်လီကို သူ ဝယ်ထားသော အစာအားလုံးနှင့်အတူ ခေါ်ဆောင်သွားခြင်းသည် ပြဿနာတစ်ရပ် မဟုတ်ပေ။

"အော် စကားမစပ်... ဒါက ငါ ခုဏက သတ်ခဲ့တဲ့ ရင်းမြစ်သားရဲပဲ..ဒါကို ကင်ဖို့အတွက် ပြင်ဆင်ထားလိုက်ပါ"

ကျန်းရွှမ်က သူ၏လက်ကောက်ဝတ်ကို လှုပ်ခတ်လိုက်ရာ ကြီးမားသော သားရဲအလောင်းတစ်လောင်းက မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။

သောက်လီသည် စိတ်လှုပ်ရှားစွာ ခေါင်းညိတ်ပြီး သားရဲအလောင်းကို မီးဖိုချောင်သို့ ဆွဲခေါ်သွားသည်။ သူသည် အိမ်၏စားဖိုမှူးအဖြစ် ဆက်နေရခြင်းအပေါ် နာကြည်းမှု သို့မဟုတ် မလိုလားမှု အရိပ်အယောင်မရှိပေ။

ဖိအားခံစားရ၍လော သို့မဟုတ် စိတ်အားထက်သန်၍လော မသိနိုင်သော်လည်း ဤတစ်ကြိမ်တွင် သောက်လီ၏အသားကင်သည် အစပ်အဟပ်တည့်ကာ အနံ့အရသာ အထူးကောင်းမွန်နေသည်။

ကျန်းရွှမ်သည် စိတ်ကျေနပ်သွားပြီး ဝက်သားချိုချဥ်ကြော် ဝက်သားနီချက်နှင့် ကြက်သားကုန်းဘော်ကြီးကြော်ကဲ့သို့သော ရိုးရာဟင်းလျာများအတွက် ချက်ပြုတ်နည်းများကို ရေးမှတ်ပြီး နောင်တစ်ချိန်တွင် လေ့လာထားရန်အတွက် သောက်လီထံသို့ ပေးအပ်လိုက်သည်။

နောက်တစ်နေ့တွင် ထွက်ခွာသွားတော့မည် ဖြစ်သောကြောင့် ကျန်းရွှမ်သည် ချန်းမိသားစုသို့ နောက်ဆုံးအကြိမ် သွားရောက်လည်ပတ်ခဲ့သည်။ ထိုနေရာတွင် သူသည် အဆင့်နှစ် အဆင့်သုံးနှင့် အဆင့်လေးဟု အမှတ်အသားပြုထားသော အဆင့်နိမ့်မြင်းဇောင်းများရှိ မြင်းများကို ယဉ်ပါးအောင်လုပ်ပေးခဲ့လေ၏။ ထို့ပြင် ပါမောက္ခကုန်းမြေမှ သားရဲယဉ်ပါးစေခြင်းနည်းစနစ်အချို့ကို ကျိုးချွမ်နှင့်တခြားမြင်းထိန်းများအား သင်ကြားပေးခဲ့သည်။

နောက်ဆုံးတွင် သူသည် ချန်းရှောင်၏ကျင့်ကြံမှုတွင် လမ်းညွှန်ပေးပြီး ချန်းမိသားစုခေါင်းဆောင်ကို နတ်ဘုရားစိတ်ဝိညာဉ်နယ်ပယ် အစောပိုင်းအဆင့်သို့ ချိုးဖျက်ဝင်ရောက်နိုင်အောင် ကူညီပေးခဲ့သည်။

ချန်ရှောင်သည် သူ့ကို ဂုဏ်ထူးဆောင်ဧည့်အကြီးအကဲအဖြစ် ဖြစ်လာရန် စိတ်ရင်းမှန်ဖြင့် ဖိတ်ခေါ်ခဲ့ပြီး သောက်လီအတွက် ကြီးမားသော ငွေကြေးပမာဏကိုပင် ပေးချေခဲ့သည်။ ဤသည်မှာ ကျန်းရွှမ် ပြန်လည်ပေးဆပ်ရန် စိတ်ပိုင်းဖြတ်ထားသော အကြွေးတစ်ခုပင်။

ယုလုံချင်းနှင့်လုမင်ရုန်အတွက်မူ သူသည် အတိတ်ရှိကျင့်ကြံမှုများမှ သူတို့ရရှိခဲ့သော လျှို့ဝှက်ဒဏ်ရာတချို့ကို ဖြေရှင်းပေးခဲ့သည်။ သူသည် သူတို့၏ရှေ့ဆက်ရမည့်လမ်းကြောင်းများ ပို၍ချောမွေ့ကာ သူတို့၏အနာဂတ်အလားအလာ ပို၍ကြီးမားစေရန် လုပ်ဆောင်ပေးခဲ့လေ၏။

ညအချိန်သည် မည်သည့်အနှောက်အယှက်မျှမရှိဘဲ ကုန်ဆုံးသွားသည်။ အရုဏ်တက်ချိန်တွင် တပည့်သုံးဦးသည် ရောက်ရှိလာပြီး ထွက်ခွာသွားရန် အဆင်သင့်ဖြစ်နေလေပြီ။

ကျန်းရွှမ်သည် ဆက်လက်၍နှောင့်နှေးနေရန် အကြောင်းမရှိသည်ကို သိရှိသောကြောင့် အနက်ရောင်အကြေးခွံ ဖီးနစ်လင်းယုန်ကို ဆင့်ခေါ်လိုက်သည်။ ထို့နောက် သူသည် လင်းပုယန်အယောင်ဆောင်ကာ စွန်းချန် တပည့်သုံးဦးတို့နှင့်အတူ လင်းယုန်ပေါ်သို့တက်ပြီး ပျံသန်းသွားသည်။

အနက်ရောင်အကြေးခွံ ဖီးနစ်လင်းယုန်သည် သန်မာသော်လည်း လူငါးယောက်ကို သယ်ဆောင်ထားရကာ အထူးသဖြင့် အရွယ်အစားသည် လူနှစ်ယောက် သို့မဟုတ် သုံးယောက်နှင့် ညီမျှသော စွန်းချန်ပါဝင်နေခြင်းကြောင့် ပင်ပန်းနွမ်းနယ်နေသည်။

သို့ရာတွင် လင်းယုန်သည် ဒယိမ်းဒယိုင်ဖြစ်တော့မည့်အချိန်တွင် သူ့သခင်၏ခြေထောက်များမှ နွေးထွေးသော စွမ်းအင်စီးကြောင်းတစ်ခု စီးဝင်လာသည်ကို ခံစားလိုက်ရသည်။ ထိုအရာသည် သူ၏ပိတ်ဆို့နေသော သွေးကြောများကို ချက်ချင်းရှင်းလင်းပေးပြီး သူ၏သက်လုံအား မြင့်တက်လာပေ၏။

"..."

သူ၏မျက်လုံးဝိုင်းကြီးများသည် စိတ်လှုပ်ရှားမှုများဖြင့် တောက်ပနေသည်။

ယခင်က သူ၏အညံ့ခံမှုတွင် မလိုလားမှုအရိပ်အယောင်များ ပါဝင်ခဲ့သော်လည်း ယခုအချိန်၌ သူ့ထံတွင် စိတ်ကျေနပ်မှုသာ ရှိတော့သည်။ ဤသခင်သစ်၏နောက်သို့ လိုက်ခြင်းသည် သူ၏အသက်ကို ကယ်တင်နိုင်ရုံသာမက ဓမ္မရုပ်သွင်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်ရန်ပင် ကူညီနိုင်ပေလိမ့်မည်။

အဖြူရောင်ကျောက်တုံးမြို့နှင့် ဟန်ယွမ်အင်ပါယာ၏တော်ဝင်မြို့တော်ဖြစ်သော ဟန်ယွမ်မြို့ကြားရှိ အကွာအဝေးမှာ မိုင်တစ်သောင်းကျော် ရှိသည်။ အနက်ရောင်အကြေးခွံ ဖီးနစ်လင်းယုန်နှင့်ပင် အနည်းဆုံး တစ်ရက်ကြာ ပျံသန်းရပေလိမ့်မည်။ ဤအချိန်အတောအတွင်းတွင် ကျန်းရွှမ်သည် သူ၏တပည့်များကို ကျင့်ကြံမှုတွင် လမ်းညွှန်ပေးနေလေ၏။

သောက်လီ ပြင်ဆင်ပေးခဲ့သော ရင်းမြစ်သားရဲအသားသည် အရသာရှိရုံသာမက ရှားပါးသော ဆေးပင်များနှင့် ဆေးလုံးတချို့ထက်ပင် ပို၍ပေါကြွယ်ဝသည့် စွမ်းအားများဖြင့် ပြည့်နှက်နေသည်။

ထိုသို့သော အားဖြည့်အစားအစာကို တစ်ကြိမ်တစ်ခါမျှ မစားသုံးဖူးသောကြောင့် ဟုန်ရီ၏ တိုးတက်မှုသည် မမျှော်လင့်ဘဲ သူ့ဤပါရမီအရည်အချင်းထက် ပို၍မြင့်မားသော ယုရှောင်ယွီထက် ပို၍လျှင်မြန်နေသည်။

ဤသည်က မိန်းကလေးနှစ်ယောက်ကို သူမတို့၏လေ့ကျင့်မှုတွင် ပို၍ကြိုးစားရန် တွန်းအားပေးခဲ့သည်။ လမ်းတစ်လျှောက်ရှိ ရှုခင်းများသည် လှပသော်လည်း သူတို့အနက်မှ မည်သူမျှ အာရုံမစိုက်ခဲ့ကြချေ။

ကျန်းရွှမ်သည်လည်း ကြည့်ရှုရန် စိတ်မဝင်စားဘဲ သူ၏ကိုယ်ပိုင်ခန္ဓာကိုယ်အတွင်းမှ စွမ်းအားကိုသာ အာရုံစိုက်နေသည်။

ခန္ဓာကိုယ်တွင်းအင်္ဂါသန့်စင်ခြင်းနယ်ပယ်၏ နှောင်းပိုင်းအဆင့်သို့ ရောက်ရှိသည့်အချိန်မှစ၍ သူ၏ခွန်အားသည် မြင်းကောင်ရေအား ၉၉ တွင် ကန့်သတ်ခံထားရသည်။ ယခုအချိန်၌ သူသည် ကျောက်စိမ်းအရိုးနယ်ပယ် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိသည့်တိုင် ထိုခွန်အားသည် ထပ်တူထပ်မျှပင်။ ဤသည်မှာ မမြင်နိုင်သော အားလှိုင်းတစ်ရပ်က သူ၏ခွန်အားကို ချိပ်ပိတ်ထားသည့်အလားပင်။

ဤကိစ္စသည် ကောင်းကင်ကံကြမ္မာ သော့ခလောက်၏ အကျိုးသက်ရောက်မှုများအနက်မှ တစ်ခုဖြစ်ပြီး ရင်းမြစ်ကမ္ဘာမှ ကျောက်စိမ်းအရိုးနယ်ပယ်အထိ ကျင့်ကြံသူများအားလုံး၏ခွန်အားကို မြင်းကောင်ရေအား ၉၉ တွင် ကန့်သတ်ထားသည်မှာ သံသယဖြစ်ဖွယ်မရှိချေ။

မည်သည့်ကံကြမ္မာကောင်း သို့မဟုတ် အရည်အချင်းမျိုး ရှိနေပါစေ နတ်ဘုရားစိတ်ဝိညာဉ်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်မှု မလုပ်မချင်း ဤကန့်သတ်ချက်ကို ကျော်လွှားရန် မဖြစ်နိုင်ပေ။

သူ့ထံတွင် နဂါးနက်လက်ဝါးနည်းစနစ်ကဲ့သို့ မြင့်မားသောစွမ်းအားနှင့်နားလည်နိုင်စွမ်းရှိသည့်တိုင် အသုံးမဝင်ချေ။ ထိုနည်းစနစ်ကို ကျွမ်းကျင်သည့်တိုင် ကောင်းကင်ကံကြမ္မာသည် လူတစ်ဦး၏ခွန်အားကို သတ်မှတ်ထားသောအဆင့်၌ ချိတ်ပိတ်ထားပြီး တားမြစ်ကန့်သတ်ထားသည်။

"ရင်းမြစ်ကမ္ဘာမှာ ကျင့်ကြံခြင်းက ကောင်းကင်ကံကြမ္မာရဲ့ လွှမ်းမိုးမှုကို ခံရပြီးတော့ ခွန်အားကို မြင်းကောင်ရေအား ၉၉ မှာ ကန့်သတ်ထားတယ်....ကမ္ဘာသစ်က ကန့်သတ်မခံရပေမယ့် အဲ့ဒီနေရာမှာရရှိတဲ့ စွမ်းအားကို ဒီကို ယူဆောင်လာလို့မရဘူး..."

ကျန်းရွှမ်က သူ၏နားထင်များကို ပွတ်သပ်လိုက်သည်။

သူသည် ဤကိစ္စကို အကြိမ်ပေါင်းများစွာ စမ်းသပ်ခဲ့သည်။ ကမ္ဘာသစ်တွင် သူ၏ခွန်အားသည် မြင်းကောင်ရေအား ၁၀၀ကို ကျော်လွန်နိုင်ပြီး ၂၀၀အထိပင် ရောက်ရှိနိုင်သည်။ သို့ရာတွင် သူ ရင်းမြစ်ကမ္ဘာသို့ ပြန်ရောက်လာသည်နှင့် ထိုခွန်အားသည် နောက်တစ်ကြိမ် ဖိနှိပ်ခြင်းခံရပေလိမ့်မည်။

ဤသည်မှာ ကမ္ဘာသစ်တွင် ပုန်းအောင်းခြင်းဖြင့် ကောင်းကင်ကံကြမ္မာကို ရှောင်လွှဲခြင်းသည် အဓိပ္ပာယ်မရှိဟု ဆိုလိုခြင်းပင်။ သူသည် ဤအတားအဆီးကို ရင်းမြစ်ကမ္ဘာတွင် ချိုးဖျက်ရန် လိုအပ်ပေလိမ့်မည်။

သူသာ ဤကိစ္စကို အမှန်တကယ် အောင်မြင်နိုင်ခဲ့လျှင် မြင်းကောင်ရေအား ၉၉ ကို ကျော်လွှားနိုင်စွမ်းရှိသော ကျောက်စိမ်းအရိုးနယ်ပယ် ကျင့်ကြံသူတစ်ဦး ဖြစ်သွားပေမည်။ သူသည် ကောင်းကင်ဘုံ၏သောကကဲ့သို့သော နည်းစနစ်များကို အသုံးမပြုဘဲနှင့်ပင် နတ်ဘုရားစိတ်ဝိညာဉ်အဆင့်ပြိုင်ဘက်တစ်ဦးကို လက်သီးတစ်ချက်တည်းဖြင့် အနိုင်ယူနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းပေလိမ့်မည်။

"သခင်လေး...ရှေ့မှာ ရန်ပွဲတစ်ခုဖြစ်နေပုံရတယ်..."

စွန်းချန်၏ အသံက သူ၏အတွေးများကို ဖြတ်တောက်လိုက်သည်။

ကျန်းရွှမ်က လှမ်းကြည့်လိုက်ရာ အမှန်တကယ်ပင် အဝေးရှိ တောင်ထိပ်တစ်ခုပေါ်တွင် ရင်းမြစ်စွမ်းအားများ မျောလွင့်နေပြီး အုပ်စုနှစ်စု တိုက်ခိုက်နေကြသည်ကို တွေ့လိုက်ရသည်။

ထွက်ပြေးနေသောပုံရိပ်တစ်ခုမှာ အမျိူးသမီးတစ်ဦးဖြစ်ပြီး မျက်လုံးစုံမှိတ်ထားပြီး မျက်နှာဖြူဖျော့နေသော သုံးနှစ် လေးနှစ်အရွယ် ကလေးတစ်ဦးကို ပွေ့ချီထားသည်။

သူမ၏ခင်ပွန်းဖြစ်ဟန်တူသော လူငယ်တစ်ဦးသည် သူတို့ကို လိုက်လံတိုက်ခိုက်နေသူများဖြစ်သည့် ဓားရှည်များကို ကိုင်ဆောင်ထားသော လူဆယ်ယောက်ကျော်အုပ်စုကို တားဆီးရန် ကြိုးစားနေပေ၏။ သူတို့၏ထိုးနှက်ချက်များသည် သူ့ကို ဒဏ်ရာဒဏ်ချက်များဖြင့် သွေးထွက်သံယိုဖြစ်စေကာ သူ မနည်းအားတင်း၍ တောင်ခံထားရသည်။

"ရပ်လိုက်တော့... ငါတို့က ရွက်နီမြက် ကို အရှုံးပေးဖို့ ဆန္ဒရှိပါတယ်... ငါတို့ကို အသက်ချမ်းသာပေးပါ"

အမျိုးသမီးသည် သူမခင်ပွန်း၏ဒဏ်ရာများ ပို၍ဆိုးလာသည်ကို မြင်တွေ့ချိန်၌ သူမ၏လက်အတွင်းမှ ကလေးကို ငုံ့ကြည့်လိုက်ပြီး သူမ၏နှုတ်ခမ်းကိုကိုက်ကာ အော်ဟစ်လိုက်သည်။

"နောက်ကျသွားပြီ... ငါတို့ ရွက်နီမြက်ကိုရော မင်းတို့အသက်တွေကိုပါ ယူမယ်..."

လိုက်လံတိုက်ခိုက်နေသော လူအုပ်စုအကြားမှ အေးစက်စက်အသံတစ်သံ ထွက်ပေါ်လာသည်။

ကျန်းရွှမ်၏မျက်နှာအမူအယာသည် ထိုအသံကြောင့် သုန်မှုန်သွားပေ၏။

All Chapters