← Chapters

ကံကြမ္မာ၏ အလှည့်အပြောင်း

Vol. 11 Ch. 161

ကံကြမ္မာ၏ အလှည့်အပြောင်း

Vol. 11 Ch. 161

လူများအားလုံး၏ ဇဝေဇဝါဖြစ်နေမှုများသည် ကြာရှည်မခံခဲ့ချေ။ ခြံဝင်းတံခါးသည် ကျွီခနဲပွင့်လာပြီး 'လင်းပုယန်'သည် အပြုံးနှင့် ထွက်လာသည်ကို လူများအားလုံး မြင်တွေ့လိုက်ရသည်။ သူက တောင်းပန်သောအမူအယာဖြင့် ပြောဆိုသည်။

"ကျွန်တော် တကယ်တောင်းပန်ပါတယ်... ဒီသားရဲက အခုတလော ထိန်းမနိုင်သိမ်းမရဖြစ်နေတာကြောင့် လူတွေအားလုံးကို ဒုက္ခပေးမိတယ်"

ယုလုံချင်းက အလျင်အမြန်လှမ်းကြည့်လိုက်သည်။ ယခင်က ဆန့်ကျင်ဘက်လုပ်နေသော အနက်ရောင်အကြေးခွံ ဖီးနစ်လင်းယုန်သည် ယခုအချိန်၌ ကျန်းရွှမ်၏နောက်တွင် နာခံရို့ကျိုးစွာ လိုက်ပါနေသည်။ ထိုသားရဲ၏ ယခင်က ရက်စက်ကြမ်းတမ်းသောအကြည့်သည် နာခံကျိုးနွံမှုအပြည့်ဖြင့် အစားထိုးခြင်းခံထားရသည်။ ထိုကြီးမားသောသားရဲသည် ကျန်းရွှမ်၏ ခြေထောက်ကို သူ၏ကြီးမားသောခေါင်းဖြင့် ပွတ်သပ်ကာ မိခင်ကိုရှာဖွေတွေ့ရှိသည့် ကြက်ပေါက်စလေးကဲ့သို့ တကျီကျီမြည်သံများကိုပင် ပြုလုပ်နေပေ၏။

"လင်းပုယန်က အံ့အားသင့်စရာပဲ..."

"ကံကြမ္မာဆရာသခင်တစ်ယောက်ဆိုတဲ့အတိုင်းပဲ..."

အကြီးအကဲများသည် လေးစားမှုအပြည့်ဖြင့် သူ့ကို ကြည့်လိုက်ကြပြီး သူတို့၏မျက်လုံးများအတွင်းတွင် ကြည်ညိုလေးစားမှုများဖြင့် ပြည့်နှက်နေသည်။

သူတို့၏အမြင်အရ ဤသည်မှာ အဓိပ္ပာယ်ရှိပေ၏။ နောက်ဆုံးတော့ ဤသည်မှာ သူ၏သားရဲအဖော်ဖြစ်သည် မဟုတ်လော။

သင်ခန်းစာတစ်ခုပေးလိုက်သည်နှင့် ၎င်းသည် ပြန်လည်နာခံသွားသည်။ ယုလုံချင်းတစ်ဦးတည်းသာ အမှန်တရားကို သိရှိသဖြင့် အံ့အားသင့်နေကာ စကားမပြောနိုင်ဖြစ်နေသည်။

'သူ တကယ်ကြီး အဲ့ဒီသားရဲကို ယဉ်ပါးအောင်လုပ်လိုက်တာလား....'

သူတစ်ပါး၏သားရဲကို သူ၏သားရဲအဖြစ် ပြောင်းလဲခြင်း...

ကျန်းရွှမ်၏ သားရဲယဉ်ပါးအောင်လုပ်နိုင်စွမ်းသည် မြင်းများ သို့မဟုတ် သေလုမျောပါးဖြစ်နေသော အမဲလိုက်လင်းယုန်များအတွက်သာ ကန့်သတ်ထားသည်ဟု သူ တွေးထင်ထားပေ၏။ သို့ရာတွင် ကျန်းရွှမ်၏အရည်အချင်းသည် ထို့ထက်များစွာ ကျော်လွန်နေသည်မှာ သိသာထင်ရှားသည်။

နတ်ဘုရားစိတ်ဝိညာဉ်အဆင့်ရှိသော အနက်ရောင်အကြေးခွံ ဖီးနစ်လင်းယုန်သည် သူ၏ကိုယ်ပိုင်ခွန်အားနှင့် တန်းတူအဆင့်တွင် ရှိလုနီးပါးပင်။

"သွားကြစို့.....ခဏလောက် ပျံသန်းကြည့်ဖို့ အချိန်တန်ပြီ..."

တခြားလူများ၏အတွေးများကို ဂရုမစိုက်ဘဲ ကျန်းရွှမ်က ခေါင်းညိတ်ပြီး လင်းယုန်၏ကျောပေါ်သို့ ပေါ့ပေါ့ပါးပါး ခုန်တက်လိုက်သည်။ စူးရှသော အော်သံတစ်ချက်နှင့်အတူ သားရဲသည် ခန့်ညားထည်ဝါသော အတောင်ပံများကို ဖြန့်ကျက်ပြီး မျက်စိတစ်မှိတ်အတွင်း မိုးကောင်းကင်ယံသို့ ပျံတက်သွားသည်။

"အရမ်းမြန်တာပဲ"

လင်းယုန်၏ကျောပေါ်တွင် စီးနင်းရင်း ကျန်းရွှမ်သည် စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်၏။

သူသည် တော်ဝင်မြို့တော်သို့ ရောက်ရှိရန် အချိန်မည်မျှကြာမည်ကို တွေးတောနေခဲ့သည်။ ဤသားရဲနှင့်ဆိုလျှင် သူ ခရီးသွားခြင်းသည် များစွာပိုမိုမြန်ဆန်သွားပေလိမ့်မည်။

မိုးကောင်းကင်ယံတွင် အကြိမ်အနည်းငယ်ခန့် လှည့်ပတ်၍ပျံသန်းပြီးနောက် ကျန်းရွှမ်သည် စိတ်ဝင်စားမှု ပျောက်ဆုံးသွားပြီး ပြန်လာတော့မည်အပြုတွင် အတွေးတစ်ခုက သူ၏စိတ်အတွင်းသို့ ဝင်ရောက်လာသည်။

"စွန်းချန်က ငါ့ကိုပေးခဲ့တဲ့ စာရင်းထဲမှာ ရွှေသစ်ရွက်တောင်ကြားက ကျောက်စိမ်းအရိုးနယ်ပယ် အထွတ်အထိပ်အဆင့် ရင်းမြစ်သားရဲတစ်ကောင်ကိုသတ်ဖို့ တာဝန်တစ်ခု ပါတယ်ဆိုတာ ငါ မှတ်မိတယ်....အဲ့ဒီကိစ္စအတွက် အဖြူရောင်ကျောက်တုံးဆေးဆိုင်က ရင်းမြစ်ဒင်္ဂါးတစ်သန်း ဆုချီးမြှင့်မယ်... ငါ့မှာ အားလပ်ချိန်နည်းနည်းရှိနေမှတော့ ငါက ဘာလို့ လမ်းကြုံဝင်မသွားရမှာလဲ..."

ကျောင်းတော်၏စာကြည့်တိုက်တွင် ဟွိုက်ယွမ်တောင်တန်း၏မြေပုံတစ်ခုရှိသည်။ သူသည် ကျင့်ကြံနည်းစနစ်များကို စုဆောင်းစဉ်က ထိုအရာကို ကြည့်ရှုခဲ့သဖြင့် ရွှေသစ်ရွက်တောင်ကြား၏နေရာအတိအကျကို သိရှိထားသည်။ အတွေးတစ်ချက်ဖြင့် အနက်ရောင်အကြေးခွံ ဖီးနစ်လင်းယုန်သည် တိမ်တိုက်များကို ဖောက်ထွင်းပြီး ရည်မှန်းထားသောနေရာသို့ လျင်မြန်စွာ ပျံသန်းသွားပေ၏။

ရွှေသစ်ရွက်တောင်ကြားသည် နှစ်စဉ်နွေဦးရာသီတိုင်း တောင်ကြားကို ဖုံးလွှမ်းသွားသော ရွှေရောင်ဝါးပန်းပွင့်များ ပွင့်လန်းလာခြင်းကြောင့် အမည်တွင်လာခဲ့ပြီး ထိုနေရာကို ရွှေရောင်ပင်လယ်ကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲပေးသည်။

တောင်ကြား၏ပြင်ပတွင် ဆေးပင်ရှာဖွေသူတချို့၏ခန္ဓာကိုယ်များတွင် သွေးများစိုရွှဲနေပြီး ဖရိုဖရဲကာ ဒယိမ်းဒယိုင်ဖြင့်ထွက်လာကြသည်။

"ဒါက ပွတ်ကာသီကာလေးပဲ..."

သူတို့အနက်မှ ကျောင်းတော်သားပုံစံရှိသော လူတစ်ဦးက သက်ပြင်းရှိုက်လိုက်၏။ ကြောက်မက်ဖွယ်ကောင်းသော ဘေးအန္တရာယ်မှ သူတို့ လွတ်မြောက်လာသည့်တိုင် ထိတ်လန့်ကြောက်ရွံ့မှုသည် သူ၏မျက်လုံးများအတွင်းတွင် မပျောက်ကွယ်သေးချေ။

ရွှေသစ်ရွက်တောင်ကြားသည် မိုင်ရာပေါင်းများစွာ ကျယ်ဝန်းပြီး မရေမတွက်နိုင်သော ဆေးဖက်ဝင်အပင်များဖြင့် ပြည့်နှက်နေသောကြောင့် ဆေးပင်ရှာဖွေသူများအတွက် သုခဘုံတစ်ခုဖြစ်သည်။ အတိတ်တွင် သူတို့သည် အမြဲတစေ တောင်းအပြည့်ဖြင့် ပြန်လာခဲ့ကြသည်။ သို့သော် ယခုချိန်တွင် ထိုတောင်ကြားအတွင်း၌ ပုန်းအောင်းနေသော ရင်းမြစ်သားရဲကြောင့် သူတို့၏ခရီးစဉ်တိုင်းသည် ငရဲနယ်မြေသို့ ဝင်ရောက်ရသည့်အလား ခံစားနေရသည်။

"ငါ စုကျောက်ကို သိလာတာ နှစ်နှစ်ဆယ်ရှိပြီ.... သူက အဲ့ဒီသားရဲရဲ့လက်ချက်နဲ့ သေသွားလိမ့်မယ်လို့ ဘယ်သူက ထင်မိမှာလဲ..."

ပတ်ဝန်းကျင်တွင်ရှိနေသော ဗလတောင့်တောင့်လူတစ်ဦးက သက်ပြင်းရှိုက်ပြီး ပြောဆိုသည်။

ကျောင်းတော်သားက ထပ်မံ၍ ပြောဆိုလိုက်၏။

"သူ့မှာ ရွေးချယ်စရာမရှိခဲ့ဘူး... သူ့မိန်းမက အပြင်းအထန်ဖျားနေတယ်...သူ့သားကို ရထားလုံးတစ်စီးက ဝင်တိုက်ခံရတယ်...သူ့ရဲ့အမေအိုကြီးက မနှစ်က ရူးသွပ်သွားခဲ့တယ်...အဲ့ဒီကိစ္စတွေအားလုံးအတွက် သူ ပိုက်ဆံလိုခဲ့တယ်... သူက သူ့ရဲ့ကျင့်ကြံမှုအတွက် အရင်းအမြစ်တွေကိုတောင် မဝယ်ခဲ့ဘူး.... ဆေးဆိုင်က ရွှေသစ်ရွက်တောင်ကြားရဲ့ အတွင်းပိုင်းမှာ ပေါက်တဲ့ ဗျိုင်းဖြူမြက်ကို အသည်းအသန်လိုချင်နေတယ်လို့ ကြားတဲ့အချိန်မှာ... သူက ပြဿနာတွေအားလုံးကို ဖြေရှင်းပေးနိုင်မယ်လို့ တွေးထင်ခဲ့ပြီးတော့ ခြင်းတောင်းတစ်လုံးကိုဆွဲပြီး ထွက်လာခဲ့တယ်...သူက ဒီလောက်ထိကံဆိုးလိမ့်မယ်လို့ ဘယ်သူက ကြိုတင်ခန့်မှန်းနိုင်မှာလဲ..."

"အမှန်ပဲ...ငါတို့ထဲမှာ ဘယ်သူက ပိုက်ဆံမလိုလို့လဲ...မဟုတ်ရင် ငါတို့က ဘာလို့ ဆေးဖက်ဝင်အပင်တွေကို ခူးဖို့အတွက် အသက်နဲ့ရင်းပြီးစွန့်စားနေကြမှာလဲ..."

ဗလတောင့်တောင့်လူက တည်ကြည်လေးနက်စွာ ခေါင်းညိတ်လိုက်သည်။

"ငါတို့တောင် မနည်းထွက်ပြေးခဲ့ရတာ...ငါတို့သာ နည်းနည်းနှောင့်နှေးခဲ့ရင် ငါတို့လည်း သေနေလောက်ပြီ...ဘဝက မတရားဘူး...ငါတို့က အရင်ကတည်းက ခက်ခဲတဲ့ဘဝတွေကို ရှင်သန်နေခဲ့ရတယ်....ဘာလို့ ဒီလိုဖြစ်ရမှာလဲ... ဘယ်သူမဆို အဲဒီသားရဲကို သတ်နိုင်ခဲ့ရင် ငါက သူအသက်ရှည်ဖို့အတွက် နေ့တိုင်းအမွှေးတိုင်ထွန်းပေးမယ်...."

ကျောင်းတော်သားက ခေါင်းညိတ်သည်။

"ငါလည်း အဲ့ဒီလို လုပ်မိမှာပဲ"

"ဒီကိစ္စကို လူတွေက မကြိုးစားတာမဟုတ်ဘူး.... အဲ့ဒီသားရဲက အရမ်းသန်မာအားကောင်းနေတာကြောင့် မသတ်နိုင်တာပဲ...လွန်ခဲ့တဲ့တစ်နှစ်ကျော်လောက်ကတည်းက အဖြူရောင်ကျောက်တုံးဆေးဆိုင်က ရင်းမြစ်ဒင်္ဂါးတစ်သန်းဆုကြေးထုတ်ထားခဲ့ပေမယ့် ကြိုးစားကြည့်ခဲ့တဲ့ သားရဲ့မုဆိုးနှစ်ရာလောက်ထဲက ဘယ်သူမှ ပြန်မလာနိုင်ခဲ့ဘူး"

"ဒါက အမှန်ပဲ....ငါ့ညီဝမ်းကွဲရဲ့ ယောက်ဖရဲ့ ဦးလေးရဲ့ တူက သားရဲမုဆိုးအယောက်နှစ်ဆယ်အုပ်စုထဲမှာ ပါခဲ့တယ်...အဲ့ဒီအုပ်စုမှာ အတော်ဆုံးမုဆိုးက ကျောက်စိမ်းအရိုးနယ်ပယ်ရဲ့ အထွတ်အထိပ်အဆင့်မှာ ရှိနေခဲ့တယ်...ဒါပေမဲ့ သူတို့က တောင်ကြားထဲကတောင် ပြန်မထွက်နိုင်ခဲ့ဘူး... ငါတို့ လွတ်မြောက်ခဲ့တာ ကံကောင်းတယ်"

သူတို့သည် ထိုသားရဲ၏ရက်စက်ကြမ်းတမ်းမှုကို သတိရကာ ထိတ်လန့်တုန်လှုပ်သွားကြပြီး သူတို့အကြားတွင် တိတ်ဆိတ်ငြိမ်သက်မှုက ကြီးစိုးသွားသည်။

"အဲ့ဒီသားရဲ ငါတို့နောက်ကို လိုက်မလာခင် နေရာရွှေ့ကြစို့...သူသာလိုက်လာရင် ငါတို့အားလုံး သေသွားလိမ့်မယ်..."

သူတို့ အသက်ပြင်းပြင်းရှိုက်ပြီး ထွက်ခွာသွားရန် ဟန်ပြင်လိုက်ကြ၏။ ထိုအချိန်မှာပင် တောင်ကြား၏အတွင်းပိုင်းမှ ပြင်းထန်သော ဟိန်းဟောက်သံတစ်သဲ ပဲ့တင်ထပ်လာပြီး တောင်တန်းတစ်ခုလုံး တုန်ခါသွားသည်။

"အဲ့ဒီ သားရဲပဲ..."

သူတို့၏မျက်လုံးသူငယ်အိမ်များ ထိတ်လန့်ကြောက်ရွံ့မှုကြောင့် ကျဥ်းမြောင်းသွားသည်။

"သူက ငါတို့နောက်ကို လိုက်နေတာလား..."

"အဲ့ဒီကောင်ရဲ့အသံက ငါတို့နဲ့ နီးကပ်လာတဲ့ပုံမရှိဘူး... တကယ်တော့... သူ့ရဲ့အသံက တစ်ခုခုကို ကြောက်နေသလိုပဲ....."

"ကြောက်နေတာလား...."

သူတို့သည် ရင်းမြစ်သားရဲများ၏ အမူအကျင့်များနှင့်ပတ်သက်ပြီး ကျွမ်းကျင်ကြသည်။ သားရဲ၏ဟိန်းဟောက်သံ၌ ရောယှက်နေသော စိတ်ခံစားချက်ကို သူတို့ လွယ်လင့်တကူ ခွဲခြားသိမြင်နိုင်ပေ၏။ ထိုသားရဲ၏အသံကို ပြန်လည်တွေးတောကြည့်ချိန်တွင် ထိုအရာ၌ ကြောက်ရွံ့မှု အရိပ်အယောင်တစ်ရပ် ရောယှက်နေပုံရသည်။

ကျောက်စိမ်းအရိုးနယ်ပယ် အထွတ်အထိပ်အဆင့် ရင်းမြစ်သားရဲတစ်ကောင်...

ဟွိုက်ယွမ်တောင်တန်းရှိ သန်မာအားကောင်းဆုံး သားရဲများအနက်မှ တစ်ကောင်သည် အစောပိုင်းကပင် သူတို့ကို လိုက်လံမောင်းထုတ်နေကြ၏။ ယခုချိန်၌ သူတို့သည် ဤသားရဲ ထိတ်လန့်ကြောက်ရွံနေသည်ဟု တွေးထင်နေကြသည်မှာ ရယ်ရွှင်ဖွယ်ရာပင်။

"ငါတို့ သွားပြီးစစ်ဆေးကြည့်သင့်လား...."

လူတစ်ယောက်၏အသံတစ်သံ ထွက်ပေါ်လာကာ အချိန်တခဏကြာ တွေဝေတုံ့ဆိုင်းပြီးနောက် ကျောင်းတော်သားက သဘောတူညီလိုက်သည်။

"ကောင်းပြီလေ... "

သူတို့သည် ခြေသံမထွက်အောင် သတိကြီးစွာထား၍ ခြေလှမ်းလှမ်းပြီး တောင်ကြားကို မြင်တွေ့နိုင်သော တောင်ကုန်းငယ်တစ်ခုပေါ်တွင် ရပ်တန့်လိုက်ကြသည်။

ဘုန်း...ဘုန်း...ဘုန်း...

မြေပြင်တပြင်လုံး တုန်ခါသွားပြီး သစ်ပင်များ ပြိုလဲကျလာသည်။ ဤပြိုလဲမှုတိုင်း၏နောက်တွင် ဧရာမသတ္တဝါတစ်ကောင်၏လှုပ်ရှားမှုများ ရှိနေပေ၏။ ထို့နောက် သားရဲထံမှ နာကျင်စွာအော်ဟစ်သံများ ထွက်ပေါ်လာသည်။

ဆေးပင်ရှာဖွေသူအုပ်စုသည် ထိတ်လန့်တကြားဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

ဤမျှထိ သန်မာအားကောင်းသော သားရဲတစ်ကောင်ကို မည်သည့်အရာက ထိတ်လန့်ကြောက်ရွံစေသနည်း...

"ကြည့်လိုက်အုံး"

တစ်စုံတစ်ဦးက လက်ညှိုးညွှန်ပြလိုက်ရာ လူအများ၏စိတ်အာရုံများကို ဆွဲဆောင်သွားသည်။

မီတာနှစ်ထောင် သို့မဟုတ် သုံးထောင်အကွာတွင် သစ်ပင်ထိပ်ဖျားတစ်ခုပေါ်တွင် ပုံရိပ်တစ်ခု မတ်တတ်ရပ်နေသည်။ အစောပိုင်းက သူတို့ကို လိုက်လံဖမ်းဆီးသတ်ဖြတ်ခဲ့သော ရင်းမြစ်သားရဲသည် ဒေါသတကြီးဟိန်းဟောက်ပြီး သူထံသို့ ခုန်တက်သွားလေ၏။

"သတိထား..."

တစ်စုံတစ်ဦးသည် ပေါ့ပေါ့ပါးပါး မတ်တတ်ရပ်နေပြီး ရင်းမြစ်သားရဲကို ပြောင်ပြောင်တင်းတင်း ရင်ဆိုင်နေသည်အား မြင်တွေ့ချိန်တွင် ဆေးပင်ရှာဖွေသူများသည် စိုးရိမ်တကြီးဖြင့် သူတို့၏လက်သီးများကို ဆုပ်လိုက်ကြသည်။

သို့ရာတွင် သူတို့၏စိုးရိမ်ပူပန်မှုများသည် အချိန်တခဏအတွင်းမှာပင် ပျောက်ကွယ်သွားသည်။ သန်မာအားကောင်းသော သားရဲသည် ထိုပုံရိပ်ထံသို့ မရောက်မီမှာပင် လက်ဝါးရိုက်ချက်တစ်ခုတည်းဖြင့် လွင့်စင်သွားပြီး သစ်ပင်များ၏ပင်စည်များကို ဖြတ်သန်း၍ ပြုတ်ကျသွားသည်။

လက်ဝါးရိုက်ချက်အမြောက်အများ ကျရောက်လာအပြီးတွင် သိသိသာသာ ထိတ်လန့်နေသော ရင်းမြစ်သားရဲသည် ထွက်ပြေးရန် နောက်သို့လှည့်လိုက်၏။ သို့ရာတွင် သူ အဝေးသို့ မရောက်မီမှာပင် ထိုပုံရိပ်သည် သူ၏ရှေ့မှ တခြားသစ်ကိုင်းတစ်ခုပေါ်တွင် ပေါ်လာပြီး သူ့ကို ထပ်မံ၍ရိုက်နှက်လိုက်သည်။

ဘုန်း...ဘုန်း...ဘုန်း...

ရိုက်ချက်တိုင်းသည် ရင်းမြစ်သားရဲကို ပို၍အားနည်းသွားစေသည်။ သားရဲ၏သန်မာအားကောင်းသော အရှိန်အဝါသည် ရိုက်ချက်တစ်ချက်စီနှင့်အတူ လျော့နည်းသွားသည်။

"ရင်းမြစ်သားရဲတစ်ကောင်ကို သူက လက်ဝါးရိုက်ချက်သက်သက်နဲ့ အနိုင်ယူနေတာလား...."

ဆေးပင်ရှာဖွေသူများအားလုံး တံတွေးမျိုချလိုက်ကြသည်။

ရင်းမြစ်သားရဲများသည် သူတို့၏ထူထဲသော အရေခွံနှင့် ကြီးမားသောအရွယ်အစားတို့ကြောင့် လူသိများသည်။ ထိပ်သီးကျင့်ကြံသူများပင်လျှင် ရင်းမြစ်သားရဲတစ်ကောင်ကို သတ်ရန် လက်နက်များ လိုအပ်သည်။ သို့ရာတွင် ဤလူသည် သူ၏လက်ဝါးသက်သက်ကိုသာ အသုံးပြုပြီး အရိုင်းဆန်သောခွန်အားဖြင့် သားရဲကို ဖိနှိပ်ချုပ်ကိုင်နိုင်ခဲ့သည်။

ဤသည်မှာ မည်သည့်အဆင့်တွင်ရှိသော စွမ်းအားမျိုး ဖြစ်သနည်း...

"ကစားတာ တော်လောက်ပြီ..မင်းက အရမ်းအားနည်းလွန်းတယ်...နဂါးနက်လက်ဝါးရဲ့ စွမ်းအားနှစ်ဆယ်ရာခိုင်နှုန်းတောင် တောင့်မခံနိုင်ဘူး..."

လေသည် ထိုစကားလုံးများကို သူတို့၏နားများအတွင်းသို့ ခပ်သဲ့သဲ့ သယ်ဆောင်လာပြီးနောက် ထိုပုံရိပ်ထံမှ နောက်ဆုံးလက်ဝါးရိုက်ချက်တစ်ချက် ကျရောက်သွားသည်။

ဘုန်း...

ရင်းမြစ်သားရဲသည် မီတာခုနစ်ဆယ် ရှစ်ဆယ်အမြင့်သို့ မြောက်တက်သွားပြီးနောက် မြေပြင်ပေါ်သို့ ပြုတ်ကျသွားကာ အကြိမ်အနည်းငယ်ခန့်အကြောဆွဲသွားပြီးနောက် ငြိမ်သက်သွားပေ၏။

ပေါ့ပေါ့ပါးပါး လက်ဟန်သင်္ကေတတစ်ခုနှင့်အတူ ထိုပုံရိပ်သည် သားရဲ၏အလောင်းကို သိမ်းဆည်းလိုက်သည်။ အချိန်တခဏအကြာတွင် ဧရာမလင်းယုန်တစ်ကောင် ဆင်းသက်လာပြီး သူသည် ထိုသားရဲပေါ်သို့ တက်ကာ မိုးကောင်းကင်အတွင်းသို့ ပျံသန်းသွားသည်။

"အဲ့ဒီသားရဲက သေသွားပြီလား...."

"အဲ့ဒီထိပ်သီးကျင့်ကြံသူက သားရဲကို သတ်လိုက်တာလား...ဒါဆိုရင် ငါတို့က အခုချိန်ကနေစပြီးတော့ ဆေးဖက်ဝင်အပင်တွေကို ဘေးကင်းကင်းနဲ့စုဆောင်းနိုင်ပြီလား...."

"အံ့အားသင့်စရာပဲ...တခြားသူတွေ မတွေ့ခင် မြန်မြန်လုပ်ကြစို့...မဟုတ်ရင် အကောင်းဆုံးဆေးပင်တွေ ကုန်သွားလိမ့်မယ်..."

သူတို့၏ထိတ်လန့်တုန်လှုပ်မှုကို စိတ်လှုပ်ရှားမှုက လွှမ်းမိုးသွားပြီး သူတို့သည် တောင်ကြားထဲသို့ အပြေးအလွှား ဝင်ရောက်သွားကြ၏။ လျှို့ဝှက်ဆန်းကြယ်သော ထိပ်သီးကျင့်ကြံသူသည် မည်သူမည်ဝါဖြစ်သည်ကို သူတို့ မသိရှိသော်လည်း သူတို့၏အသက်ကို ကယ်တင်ခဲ့သည့်အတွက် သူ့ကို ပူဇော်ပသမှုများဖြင့် ကျေးဇူးဆပ်ရန် စိတ်ပိုင်းဖြတ်ထားကြသည်။

"မင်း ပြောနေတာက... သခင်လင်းပုယန်က ဟွိုက်ယွမ်တောင်တန်းကို သွားပြီးတော့ အဲ့ဒီနေရာကသားရဲကို သတ်ပြီး ရင်းမြစ်ဒင်္ဂါးတစ်သန်းဆုကို ယူသွားတာလား..."

ကျောင်းအုပ်ကြီရုံးခန်းတွင် လက်ထောက်ကျောင်းအုပ်ဝူယွင်ကျိုး၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် လုမင်ရုန်သည် စကားမပြောနိုင်ဖြစ်သွားပေ၏။

ဒီဆရာကျန်းက ဘယ်လောက်တောင် ငွေမက်နေတာလဲ... သူက အမြဲတမ်း သိုသိုသိပ်သိပ်နေတတ်ပုံရတယ်.... ဒါပေမဲ့ သိုသိုသိပ်သိပ်နေတဲ့လူတွေထဲမှာ ဘယ်သူက တစ်ရက်တည်းနဲ့ မြို့ထဲက ဆုငွေအားလုံးကို လိုက်ယူနေမှာလဲ...

ဒါက အာရုံစူးစိုက်မှုကို အရမ်းဆွဲဆောင်ရာ မရောက်ဘူးလား...

သူ၏ဆုငွေလိုက်ရှာမှုကြောင့် အဖြူရောင်ကျောက်တုံးမြို့တွင် ဖြစ်ပွားသွားစေခဲ့သော ဂယက်ကို လျစ်လျူရှုကာ ကျန်းရွှမ်သည် ယခုအချိန်၌ သူ၏တပည့်သုံးဦးကို မျက်နှာထားတည်တည်ဖြင့် ရင်ဆိုင်နေသည်။

"အခြေအနေက ဒါပဲ...ငါက လင်းပုယန်အဖြစ် ဟန်ဆောင်ပြီးတော့ ကံကြမ္မာခန်းမထဲကို ခိုးဝင်မယ်.... ဒါက ပြင်းထန်တဲ့ ပြစ်မှုတစ်ခုဖြစ်ပြီး ဖော်ထုတ်ခံရရင် ထာဝရငရဲကျသလိုမျိုး ဘေးကပ်ဆိုးတွေကို ရင်ဆိုင်ရနိုင်တယ်.... မင်းတို့ ငါနဲ့အတူ လိုက်ဖို့ရွေးချယ်ရင် မင်းတို့က ကြံရာပါတွေ ဖြစ်လာပြီးတော့ မင်းတို့ရဲ့နာမည်တွေကို ရှင်းလင်းနိုင်တော့မှာ မဟုတ်ဘူး... အကြီးမားဆုံးစိန်ခေါ်မှုကြောင့် အဆက်မပြတ်အန္တရာယ်နဲ့ ရင်ဆိုင်နေရမယ်...ဒါ့ပြင် မင်းတို့ရဲ့အသက်တွေက တကယ်တမ်းတော့ မင်းတို့ရဲ့ကိုယ်ပိုင် မဖြစ်နိုင်တော့ဘူး... မင်းတို့ နေမလား မနေဘူးလားဆိုတာက မင်းတို့အပေါ်မှာပဲ မူတည်တယ်.... ငါ အတင်းအကြပ်မလုပ်ဘူး.... ဒါပေမဲ့ မင်းတို့ ထွက်သွားရင် ငါ့ရဲ့လက်အောက်မှာ ပညာသင်ယူခဲ့တယ်ဆိုတာကို ဘယ်သူ့ကိုမှ မပြောနဲ့"

သူ၏နေအိမ်သို့ ပြန်ရောက်ချိန်၌ ကျန်းရွှမ်သည် ရောက်ရှိလာသော တပည့်သုံးဦးကို တဲ့တိုးပြောဆိုလိုက်သည်။

နောက်ပိုင်းတွင် သူတို့သည် သူ့ကို သစ္စာဖောက်မဖောက်ဟူသည်မှာ မတူကွဲပြားသော ကိစ္စတစ်ရပ်ပင်။

အကယ်၍ သူတို့ နေရန်ရွေးချယ်ရင် သစ္စာဖောက်မှုသည် ပြဿနာတစ်ရပ် မဟုတ်တော့ချေ။ သူတို့ မနေဘူးဆိုလျှင် ထိုကိစ္စကို ကိုင်တွယ်ရန် သူ့ထံ၌ တခြားနည်းလမ်းများရှိသည်။

"ဒါက..."

ကျောင်းသားများသည် သူတို့၏ဆရာက ကံကြမ္မာဆရာသခင်တစ်ဦးကို သတ်ပြီး ယခုအချိန်၌ ကံကြမ္မာခန်းမသို့ လင်းပုယန်အယောင်ဆောင်၍ ခိုးဝင်ရန် ကြံစည်နေသည်ကို သိရှိရသဖြင့် ကြက်သေသေသွားကြသည်။ သူတို့သည် ထိတ်လန့်တုန်လှုပ်ပြီး အံ့အားသင့်ဖွယ်ကောင်းသောသတင်းကို ချေဖျက်ရင်း မလှုပ်မယှက် မတ်တတ်ရပ်နေကြ၏။

သူတို့သည် အချိန်တခဏကြာမျှ ထိတ်လန့်တုန်လှုပ်နေပြီးနောက် လေးလေးနက်နက် စဥ်းစားတွေးတောလိုက်ကြသည်။

သူတို့သည် ဆရာဖြစ်သူ၏နောက်သို့ လိုက်ရမည်လော သို့မဟုတ် မလိုက်ဘဲနေရမည်လော....

အသက်ရှင်နေခြင်းသည် အခွင့်အရေးတစ်ခုပင်။ ထိုအရာမရှိပါက အကောင်းဆုံးလမ်းများပင်လျှင် ငရဲတံခါးဝသို့သာ ဦးတည်နေပေမည်။

ဘဝ၏အရေးကြီးသော အခိုက်အတန့်တိုင်းတွင် ကံကြမ္မာသည် လမ်းကြောင်းပြောင်းလဲတတ်သည်။ ဤသည်မှာ သူတို့အတွက် အရေးကြီးဆုံးသော အလှည့်အပြောင်းတစ်ခုဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိချေ။

All Chapters