သခင်မယု
Vol. 12 Ch. 177
လွန်ခဲ့သောနာရီဝက်အကြာက တံခါးပိတ်ကျင့်ကြံနေခဲ့သော ဖုန်းကျောက်ထင်သည် ဤသတင်းကြောင့် ထိတ်လန့်တုန်လှုပ်သွားပေ၏။ သူသည် အသက်ရှုမမှန်ဖြစ်သွားပြီး သွေးတစ်လုတ်အန်ထုတ်လိုက်ရကာ သူ၏မျက်နှာ ပြာနှမ်းသွားသည်။
"ယိကျိုး..."
သူ၏ခန္ဓာကိုယ် တုန်ရီသွားပြီး အော်ဟစ်လိုက်သည်။
ငယ်စဉ်ကတည်းက မိဘမဲ့ဖြစ်ခဲ့သော ဖုန်းကျောက်ထင်သည် သူ၏ညီငယ်ကို ကြည့်ရှုစောင့်ရှောက်ပြီး ကြီးပြင်းလာခဲ့သည်။ သူတို့၏နှောင်ကြိုးကို မဖြတ်တောက်နိုင်ပေ။ ဖုန်းယိကျိုးသည် မကောင်းမှုများစွာ ကျူးလွန်ခဲ့သည့်တိုင် ဖုန်းကျောက်ထင်သည် သူ့အတွက် အမြဲတစေ ဖုံးကွယ်ပေးခဲ့ပြီး ပြဿနာများကို ညည်းညူသံတစ်ချက်မထွက်ဘဲ တိတ်တဆိတ် ဖြေရှင်းပေးခဲ့သည်။
သူ လက်ထောက်ခန်းမသခင်ရာထူးကို ရရှိသည်နှင့် သူ၏ညီသည် မည်သည့်ခြိမ်းခြောက်မှုကိုမျှ ရင်ဆိုင်ရတော့မည်မဟုတ်ဟု သူ မျှော်လင့်ခဲ့သည်။ ထိုကဲ့သို့နေ့ရက်မျိုး မည်သို့မျှ ရောက်လာနိုင်တော့မည်မဟုတ်ဟု သူ တစ်ကြိမ်တစ်ခါမျှ တွေးထင်မထားခဲ့ချေ။ ဖုန်းယိကျိုးသည် သေဆုံးသွားခဲ့လေပြီ။
"အရှင်ဖုန်းက ခင်ဗျားကို ရွက်နီမြက်ရအောင် ကူညီပေးဖို့ ကြိုးစားနေတုန်းမှာ လင်းပုယန်နဲ့ ပဋိပက္ခဖြစ်ခဲ့တာပါ"
သတင်းလာပို့သော အကြီးအကဲတစ်ဦးက ရိုသေလေးစားစွာဦးညွှတ်ရင်း အစီရင်ခံသည်။
"လင်းပုယန်.."
ဖုန်းကျောက်ထင်က သူ၏လက်သီးများကို တင်းတင်းကြပ်ကြပ်ဆုပ်လိုက်သည်။
သူတို့သည် လက်ထောက်ခန်းမဆောင်သခင်ရာထူးအတွက် ပြိုင်ဘက်များဖြစ်သော်လည်း ရေးမှတ်မထားထားသော စည်းမျဉ်းတစ်ခုရှိသည်။
ဤသည်မှာ မိသားစုဝင်များကို မထိပါးရဟူသော အချက်ပင်။
သို့ရာတွင် လင်းပုယန်သည် သူ၏ညီကို လူသူအများရှေ့တွင် ပြောင်ပြောင်တင်းတင်း သတ်ဖြတ်ခဲ့ပြီး သူ့ကို ထိုးနှက်ခဲ့သည်။
"ရင်းမြစ်ဒင်္ဂါး သန်းသုံးဆယ်ထုတ်ပြီး အလုံးစုံသိမြင်ဂိုဏ်းကို ဆက်သွယ်လိုက်...လင်းပုယန်အတွက် ဆုငွေကို တိုးမြှင့်လိုက်စမ်း"
ဖုန်းကျောက်ထင်က အေးစက်တင်းမာသောလေသံဖြင့် အမိန့်ပေးလိုက်၏။
အကြီးအကဲသည် တွေဝေတုံ့ဆိုင်းသွားပြီး မျက်မှောင်ကြုတ်လိုက်သည်။
"အရှင်ကိုယ်တိုင် ဒါကို မကိုင်တွယ်တော့ဘူးလား...အရှင်ဖုန်းယိကျိုးကို လူအများရှေ့မှာ သတ်ဖြတ်တာက ခင်ဗျားရဲ့အခွင့်အာဏာကို တိုက်ရိုက်စိန်ခေါ်တာပဲ..."
ဖုန်းကျောက်ထင်က ခေါင်းခါလိုက်သည်။
"ငါ့ရဲ့အဆင့်တက်ခြင်းကို အထောက်အကူပြုမယ့် ခရမ်းရောင်ဝါးဆေးလုံးတစ်လုံးကို ငါ ခုလေးတင် ရခဲ့တယ်...ဒါကိုသန့်စင်ပြီးရင် ငါက ဓမ္မရုပ်သွင်နယ်ပယ်ရဲ့ တတိယအဆင့်ကို ရောက်သွားလိမ့်မယ်...အဲ့ဒီအချိန်ကျရင် ငါ့ရဲ့ခွန်အားက ကြီးမားလာပြီးတော့ လက်ထောက်ခန်းမဆောင်သခင်ရာထူးက ငါ့ရဲ့လက်ထဲကို အလိုလိုရောက်လာလိမ့်မယ်...အခုအချိန်မှာ သူ့ကို ထိပ်တိုက်ရင်ဆိုင်မယ်ဆိုရင် ငါ အနိုင်ရဖို့အတွက် သေချာမှုမရှိဘူး"
သူသည် ဝမ်းနည်းပူဆွေးနေသော်လည်း စဥ်းစားချင့်ချိန်နိုင်မှုရှိနေဆဲပင်။
လင်းပုယန်သည် သူ၏ညီကို လူသူအများရှေ့တွင် သတ်ရဲလျှင် ဤသည်မှာ သူ့ထံ၌ အားကိုးစရာတစ်ခုခုရှိသည်ဟု ဆိုလိုခြင်းပင်။ အကယ်၍ သူသည် အလျင်အမြန်ထိပ်တိုက်ရင်ဆိုင်လိုက်ပါက လင်းပုယန်၏ထောင်ချောက်အတွင်းသို့ ကျရောက်သွားနိုင်သည်။ ထိုအစား သူသည် ဆုငွေကို တိုးမြှင့်ပြီး အင်အားစုအသီးသီး၏တုံ့ပြန်မှုကို စောင့်ဆိုင်းရပေမည်။ ထိုလူများ၏လုပ်ရပ်များမှတဆင့် လင်းပုယန်၏ အစစ်အမှန်အားသာချက်များနှင့် အားနည်းချက်များကို ဖော်ထုတ်ပြသနိုင်ကာ သူ လိုက်လျောညီထွေဖြစ်အောင် စီစဉ်နိုင်ပေမည်။
"အရှင်က ဥာဏ်ပညာရှိလိုက်တာ...."
အကြီးအကဲက ချီးမွမ်းလိုက်သည်။
"ဒါပေမဲ့ ငါအခု မလှုပ်ရှားဘူးဆိုတိုင်း ငါ ဒါကို လွှတ်ထားမယ်လို့တော့ မဆိုလိုဘူး...ယွင်ရှန်းခန်းမဆောင်ကို ပုရွှီခန်းမဆောင်ကို နှောင့်ယှက်ခိုင်းပြီးတော့ သူတို့ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ခိုင်းလိုက်စမ်း... ပြီးတော့ ငါ့ရဲ့မြင်းကို အသင့်ပြင်ထားစမ်း... ငါက ခန်းမဆောင်သခင်ဆီ သွားတွေ့မယ်..."
ဖုန်းကျောက်ထင်သည် ဤကိစ္စကို ခန်းမဆောင်သခင်ထံသို့ တရားဝင်တင်ပြရန် ရည်ရွယ်ထားသည်။ ခန်းမဆောင်သခင်၏တုံ့ပြန်မှုအပေါ် မူတည်၍ သူ တိုက်ရိုက်အရေးယူမည် သို့မဟုတ် အချိန်ဆွဲမည်ကို ဆုံးဖြတ်ရပေမည်။
ဤနောက်ဆက်တွဲကိစ္စများကို မသိဘဲ ကျန်းရွှမ်သည် သူ၏လက်အတွင်းမှ အမဲလိုက်စာရင်းကိုကြည့်ကာ အတွေးများအတွင်း၌ နစ်မျောနေသည်။
'ငါ လင်းပုယန်ကို အခုချက်ချင်းသတ်ပြီး ဆုငွေကို ယူလိုက်သင့်လား...'
ဤအတွေးသည် အလွန်ဆွဲဆောင်မှုရှိပြီး ရင်းမြစ်ဒင်္ဂါးသန်း ၆၀ကို ရရှိနိုင်သော အခွင့်အရေးပင်။
"ငါ ဖုန်းယိကျိုးအတွက် ဆုငွေကို တောင်းခံတုန်းက သူ့နာမည် ပျောက်သွားခဲ့တယ်...လင်းပုယန်ကတော့ သေဆုံးသွားပေမယ့် စာရင်းထဲမှာ ရှိနေတုန်းပဲ.... ဒါက ဘယ်သူမှ သူ သေဆုံးသွားတာကို မသိသေးလို့ပဲ... စာရင်းက အချိန်နဲ့တပြေးညီ အသစ်ပြောင်းလဲနေပေမယ့် လူတစ်ယောက်ရဲ့ သေခြင်းရှင်ခြင်းကို တိုက်ရိုက်စောင့်ကြည့်တာ မဟုတ်တဲ့အပြင် သူလျှိုတွေကနေ ခြေရာခံတာမျိုးလည်း မရှိဘူး"
ဥပမာအနေဖြင့် ကျန်းရွှမ်သည် ဖုန်းယိကျိုးကို သတ်ဖြတ်ခဲ့သော်လည်း သူ အယောင်ဆောင်နေသော လင်းပုယန်၏နာမည်အောက်တွင်သာ မှတ်တမ်းတင်ခြင်းခံခဲ့ရသည်။
"ထားလိုက်တော့...ငါက လင်းပုယန်ရဲ့အထောက်အထားကိုသုံးပြီး လူယုတ်မာတွေကို ထပ်သတ်ဦးမယ်...သူ့ရဲ့ဆုငွေ မြင့်တက်လာလေ လေ နောက်ဆုံးကျ ငါ လင်းပုယန်အတွက် ဆုငွေတောင်းခံတဲ့အချိန်ကျရင် ပြန်ရမယ့်ငွေက ပိုများလေလေပဲ"
ဖုန်းယိကျိုးကို သတ်ဖြတ်ခြင်းက လင်းပုယန်အတွက် ဆုငွေကို နှစ်ဆတိုးစေခဲ့ပြီးဖြစ်သည်။ နောက်ထပ်သတ်ဖြတ်မှုအနည်းငယ်ဖြင့် ဤသည်မှာ သန်းတစ်ရာကို ကျော်လွန်သွားနိုင်သည်။ ထိုအချိန်ကျပါက ကျန်းရွှမ်သည် လင်းပုဟန်၏အလောင်းကို တင်ပြပြီး ဆုငွေအားလုံးကို တောင်းခံနိုင်ပေမည်။
ငွေရှာဖို့ သတ်ဖြတ်ပြီးနောက် 'အသတ်ခံရခြင်း' ဖြင့် ပိုပြီးများပြားသော ငွေများကိုရှာဖွေနိုင်လေရာ ဤသည်မှာ အကျိုးအမြတ်နှစ်ကြိမ်ရရှိခြင်းပင်။
သူသွားမည့်နေရာကို အတည်ပြုပြီးနောက် ကျန်းရွှမ်သည် အမဲလိုက်စာရင်းကို သူ၏ကမ္ဘာသစ်အတွင်းသို့ ထည့်လိုက်ပြီး သောက်လီပေါ်မှ ဆင်းကာ မြင်း၏နံဘေးကို ပုတ်လိုက်သည်။
"လောလောဆယ် မင်း ပြန်သွားနှင့်တော့..."
မြင်းသည် ဖြည်းညှင်းစွာ ထွက်ခွာသွားပြီးနောက် ကျန်းရွှမ်သည် အာရုံစိုက်ပြီး သူ၏ပုံပန်းသွင်ပြင်ကို လျန်ဟောင်၏ပုံစံအဖြစ်သို့ ပြောင်းလဲလိုက်သည်။
ယုဖေးတို့မိသားစု၏ ကြေကွဲဖွယ်အဖြစ်အပျက်သည် ဖုန်းယိကျိုး၏လုပ်ရပ်သက်သက်ကြောင့် မဟုတ်ချေ။ ဤကိစ္စတွင် လင်းပုယန်၏လက်အောက်ရှိ ပုရွှီခန်းဆောင်သည်လည်း နက်ရှိုင်းစွာ ပါဝင်ပတ်သက်နေသည်။ အကယ်၍ ထိုခန်းမဆောင်၏အဖွဲ့ဝင်များသည် လျန်ဟောင်ကဲ့သို့ မရိုးဖြောင့်သူများဖြစ်နေပါက ကျန်းရွှမ်သည် သူတို့ကို သုတ်သင်ရှင်းလင်းရန် တွေဝေတုံ့ဆိုင်းနေမည်မဟုတ်ချေ။
ထို့ပြင် သူသည် ဓားမကြီးကောင်းကင်ကံကြမ္မာအကြောင်းကို လေ့လာရန်လည်း လိုအပ်နေပေ၏။
ကျန်းရွှမ်သည် အချိန်တခဏကြာ လမ်းလျှောက်ပြီးနောက် ကြီးမားသောခြံဝန်းတစ်ခုရှေ့သို့ ရောက်ရှိလာသည်။ ဤခြံဝန်းသည် မသိသာမထင်ရှားသော်လည်း ခန္ဓာကိုယ်သန့်စင်ခြင်းနယ်ပယ် ကျင့်ကြံသူနှစ်ဦးကို တံခါးဝတွင် အစောင့်ချထားသည်။
လျန်ဟောင်၏လမ်းလျှောက်ပုံနှင့် လေသံကို အတုခိုးပြီးနောက် ကျန်းရွှမ်က ယုံကြည်မှုအပြည့်ဖြင့် ခြံဝန်းထံသို့ ချဉ်းကပ်သွားသည်။
"ဘယ်သူလဲ..."
အစောင့်များက တင်းမာခက်ထန်စွာ အော်ငေါက်လိုက်သော်လည်း သူ့ကိုမှတ်မိသွားချိန်၌ သူတို့သည် ထိတ်လန့်တုန်လှုပ်ကာ သူတို့၏ခန္ဓာကိုယ်များ တောင့်တင်းသွားကြသည်။
"လျန်ဟောင်...မင်း... အသက်ရှင်နေတုန်းလား.."
"အသက်ရှင်ပြီး လန်းဆန်းနေတုန်းပဲ.."
ကျန်းရွှမ်က စိတ်မရှည်သောလေသံဖြင့် အော်ငေါက်လိုက်သည်။
"ငါ့မှာ ခန်းမသခင်အတွက် အရေးကြီးတဲ့သတင်း ရှိတယ်"
လက်ဝဲဘက်တွင်ရှိနေသော အစောင့်က လှောင်ပြောင်ရယ်မောလိုက်သည်။
"ခန်းမသခင်လား....မင်း အိမ်မက်သာ မက်နေလိုက်တော့... သူ ဒီနေရာကို ဘယ်တော့မှမလာဘူးဆိုတာ မင်း သိသားပဲ...မင်း ဒီမှာ နေလာတာ ကြာပြီ...မင်း သူ့ကို ဘယ်တုန်းက မြင်ဖူးလို့လဲ.."
"ငါ့မှာ အရေးကြီးတဲ့ကိစ္စတစ်ခု အစီရင်ခံစရာရှိတယ်"
ကျန်းရွှမ်က တင်းခံလိုက်သည်။
ကျန်းရွှမ် အဖြူရောင်ကျောက်တုံးမြို့မှ ထွက်လာစဥ်က လျန်ဟောင်နှင့်တွေ့ဆုံမှုအတွင်း၌ သူ့ကို မမှတ်မိခဲ့သည်မှာ အံ့အားသင့်ဖွယ် မရှိတော့ချေ။ လျန်ဟောင်သည် လင်းပုယန်ကို ယခင်က မြင်တွေ့ခဲ့ဖူးခြင်း မရှိပေ။
"ဒီနေရာမှာ စောင့်နေအုံး...ငါက သခင်မယုကို အကြောင်းကြားလိုက်မယ်"
အစောင့်က အလျှော့ပေးလိုက်သည်။
သခင်မယု...
ကျန်းရွှမ်၏နှလုံးခုန်သံ တစ်ချက်မှားသွားသည်။
သူမသည် ကံကြမ္မာခန်းမတွင် သူ့ကို လာရှာခဲ့သော ကိုယ်လုပ်တော် မဟုတ်လော...
သူမသည် ပုရွှီခန်းမကို ထိန်းချုပ်နေမည်ဟု သူ မျှော်လင့်မထားမိချေ။
အချိန်တခဏကြာမျှ စောင့်ဆိုင်းပြီးနောက် အစောင့် ပြန်ရောက်လာသည်။
"သခင်မယုက မင်းကို တွေ့လိမ့်မယ်"
အစောင့်၏နောက်သို့ လိုက်ပြီး ကျန်းရွှမ်သည် ကျယ်ပြန့်သော ခြံဝန်းအတွင်းသို့ ဝင်ရောက်သွားသည်။ သူသည် ဆယ်နှင့်ချီသောတပည့်များမှ ဓားမကြီးနည်းစနစ်များကို လေ့ကျင့်နေသော လေ့ကျင့်ရေးကွင်းတစ်ခုကို ဖြတ်ကျော်ခဲ့ရသည်။ သူတို့၏ဓားသွားများတွင် စိတ်ဝိညာဉ်ကိုပင် ဖြတ်ပိုင်းနိုင်သော ခပ်ဖျော့ဖျော့စွမ်းအားလှိုင်းများဖြင့် တောက်ပနေပေ၏။
ကျန်းရွှမ်က မှတ်သားလိုက်သည်။ ဤစွမ်းအားသည် အားနည်းသော်လည်း လူအများမှ စုပေါင်း၍တိုက်ခိုက်ပါက အကျိုးသက်ရောက်မှုမှာ အလွန်အန္တရာယ်များနိုင်သည်။
သူတို့သည် ကျယ်ဝန်းသော ခန်းမဆောင်တစ်ခုသို့ ရောက်ရှိသွားပြီး ထိုနေရာတွင် အမျိုးသမီးတစ်ဦးသည် တံခါးကို ကျောပေးပြီး ထိုင်နေသည်။ သူမ၏နံဘေးပတ်လည်တွင် ခပ်ဖျော့ဖျော့တောက်ပနေသော ဝင်္ကပါတစ်ခုဖြင့် ဝန်းရံထားပေ၏။ ကောင်းကင်ကံကြမ္မာစွမ်းအင်စီးကြောင်းများသည် သူမ၏ခန္ဓာကိုယ်အတွင်းသို့ စီးဝင်နေပြီး သူမ၏ကျင့်ကြံမှုကို မြှင့်တင်ပေးနေသည်။
"ဒီနေရာမှာ ကောင်းကင်ကံကြမ္မာစွမ်းအင်တွေ ရှိတယ်လား..ဒီအနီးအနားမှာ ကံကြမ္မာချပ်ပြားတွေ ရှိနေလိမ့်မယ်"
ကျန်းရွှမ် စိတ်ဝင်စားသွားပြီး စဥ်းစားတွေးတောလိုက်သည်။
"သခင်မယု...လျန်ဟောင် ရောက်လာပါပြီ"
အစောင့်က ဦးညွှတ်အရိုအသေပြုရင်း သတင်းပို့လိုက်၏။
"သူ့ကို ထားခဲ့...."
သူမက အေးစက်စက်လေသံဖြင့် တုံ့ပြန်အဖြေပေးသည်။
အစောင့် ထွက်ခွာသွားပြီးနောက် ကျန်းရွှမ်သည် ကံကြမ္မာချပ်ပြားများကို ရှာဖွေရန် ဟန်ပြင်နေစဉ်မှာပင် သခင်မယုက နောက်တစ်ကြိမ် စကားပြောလိုက်သည်။
"လျန်ဟောင်...မင်းရဲ့အပြစ်ကို မင်း သိရဲ့လား..."
"လက်အောက်ငယ်သားက အပြစ်ကို ဝန်ခံပါတယ်"
ကျန်းရွှမ်က အလေးအနက်ထား၍ ဦးညွှတ်ရင်း တုံ့ပြန်လိုက်သည်။
သခင်မယုက မတ်တတ်ထရပ်လိုက်ကာ ငယ်ရွယ်လှပသော အမျိုးသမီးဖြစ်သော သူမကိုယ်သူမ ပေါ်လွင်ထင်ရှားသွားစေသည်။ သူမထံတွင် နူးညံ့သိမ်မွေ့သော အသွင်အပြင်ရှိသည့်တိုင် သူမ၏ကျင့်ကြံမှုသည် ရင်းမြစ်ရေအိုင်နယ်ပယ်၏သတ္တမအဆင့်ဖြစ်သော ကျောက်စိမ်းအရိုးနယ်ပယ်သို့ ရောက်ရှိနေလေပြီ။
"ငါ့ကို ရှင်းပြစမ်း...ရွက်နီမြက်က ဘာဖြစ်ခဲ့တာလဲ....ဘာလို့ ရက်တွေအများကြီးကြာတဲ့အထိ သတင်းအစအနတောင် မရှိတာလဲ"
သူမ၏စူးရှသောအကြည့်သည် သူ့ကို နေရာမှာပင် တောင့်တင်းသွားစေသည်။
"အဲ့ဒါက ဖုန်းယိကျိုးကြောင့်ပါ"
ကျန်းရွှမ်က ဇာတ်လမ်းတစ်ပုဒ်ကို လျင်မြန်စွာ ဖန်တီးလိုက်သည်။
"ကျွန်တော် ဆေးပင်ကို ရခါနီးမှာ သူ့ရဲ့လူတွေက ဝင်ပြီးစွက်ဖက်ခဲ့တယ်...ကျွန်တော့်ရဲ့အပေါင်းtဖော်တွေအားလုံး အသတ်ခံလိုက်ရတယ်... ကျွန်တော်က မနဲထွက်ပြေးခဲ့ရပြီးတော့ ဒဏ်ရာရခဲ့တာကနေ အခုမှ သက်သာလာတာကြောင့် လာပြီးအစီရင်ခံတာပါ"
"မင်းပြောတာက ဖုန်းယိကျိုးက ရွက်နီမြက်ကို ခိုးသွားတာလား..."
သခင်မယု၏မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ ထို့နောက် သူမထံမှ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒတစ်ရပ် ရုတ်တရက် ပွင့်အံ့ထွက်လာပြီး သူမက လက်သီးဆုပ်လိုက်သည်။
ကျန်းရွှမ်သည် မလှုပ်မယှက်နေနေခဲ့ရာ သူမ၏လက်ဝါးသည် သူ၏နဖူးနှင့် လက်မအနည်းငယ်အကွာတွင် ရပ်တန့်သွားပြီး လေလှိုင်းများက သူ၏ဆံပင်ကို လှုပ်ခတ်သွားစေသည်။
"မင်း ဘာလို့မရှောင်တာလဲ"
သူမက အေးစက်သောလေသံဖြင့် မေးမြန်းသည်။
"ကျွန်တော့်ရဲ့အသက်ကို သခင်မယု ပိုင်ပါတယ်....သခင်မ ယူချင်တယ်ဆိုရင် ယူလိုက်ပါ"
ကျန်းရွှမ်က တည်ငြိမ်စွာ တုံ့ပြန်အဖြေပေးသည်။
သခင်မယုသည် စိတ်ကျေနပ်သွားကာ သူမ၏လက်ကို ပြန်ရုတ်သိမ်းလိုက်၏။
"ရွက်နီမြက်ကို ဆက်မလိုက်နဲ့တော့...ဖုန်းယိကျိုး သေသွားပြီ...ငါတို့ရဲ့ခန်းမသခင်က သတ်လိုက်တာပဲ...ယွင်ရှန်းခန်းမက မကြာခင်မှာ လက်တုံ့ပြန်လိမ့်မယ်... တိုက်ပွဲအတွက် ပြင်ဆင်ဖို့ မင်းရဲ့လေ့ကျင့်မှုအပေါ် အာရုံစိုက်ပါ"
"နားလည်ပါပြီ"
ကျန်းရွှမ်က ဦးညွှတ်အရိုအသေပြုပြီး ထွက်ခွာရန် နောက်သို့လှည့်လိုက်စဉ်တွင် သခင်မယု၏အသံက သူ့ကို တားဆီးလိုက်သည်။
"ခဏနေအုံး ငါ ကတိပေးထားတဲ့အတိုင်း ငါ က ဓားမကြီးနည်းစနစ်တွေကို သရုပ်ပြမယ်... မင်း တတ်နိုင်သလောက် သင်ယူတော့.."
သခင်မယုသည် သူမ၏လက်ကောက်ဝတ်ကို လှုပ်ခတ်ပြီး ဓားတစ်စင်းကို ဆင့်ခေါ်လိုက်သည်။ သူမ၏အမူအရာသည် နူးညံ့သော အလှပဂေးတစ်ဦးမှ ကြမ်းတမ်းသော စစ်သည်တော်တစ်ဦးအဖြစ်သို့ ပြောင်းလဲသွားသည်။
တစ်ချက်တည်းသော ဓားချက်ဖြင့် သူမ၏ဓားသည် ကောင်းကင်ကံကြမ္မာစွမ်းအင်များဖြင့် တောက်ပလာပြီး စိတ်ဝိညာဉ်ကိုဖြတ်ပိုင်းနိုင်သော စွမ်းအားတစ်ရပ်ကို ထုတ်လွှတ်လိုက်သည်။ ဤနည်းစနစ်သည် စိတ်ဝိညာဉ်များကိုသာမက ကံကြမ္မာကိုပင် ဖြတ်တောက်နိုင်စွမ်းရှိပြီး ကျင့်ကြံဆင့်အတားအဆီးများကို ချိုးဖျက်နိုင်ခြေရှိသည်။
ကျန်းရွှမ်သည် ဤနည်းစနစ်ကို လေ့လာနေစဉ်တွင် သူသည် အခန်းအတွင်းတွင် သိုဝှက်ထားသော ကံကြမ္မာချပ်ပြားများကို တွေ့ရှိမိလေ၏။ ထိုအရာများ၏စွမ်းအင်များကြောင့် ဓား၏အရှိန်အဝါကို ပို၍ပြင်းထန်သွားစေသည်။