ကောင်းကင်ကံကြမ္မာ၏ စွမ်းအား
Vol. 12 Ch. 179
ကျန်းရွှမ်က တည်ငြိမ်စွာ တုံ့ပြန်အဖြေပေးသည်။
"သခင်မယုက ကျွန်တော့်ကို ဘာလို့သံသယဝင်တာလဲ...ကျွန်တော်သာ လျန်ဟောင်မဟုတ်ရင် ဘယ်သူဖြစ်နိုင်မှာလဲ... ဒါမှမဟုတ် သခင်မက ရွက်နီမြက်ကို ရယူဖို့ လူတစ်ယောက်ထက်ပိုပြီး စေလွှတ်ခဲ့လို့လား..."
ယုချင်းယုက လှောင်ပြောင်ရယ်မောလိုက်သည်။
"လျန်ဟောင်ကို ငါကိုယ်တိုင် ပျိုးထောင်ခဲ့တာ... ငါက သူ့ရဲ့အရည်အချင်းနဲ့အကျင့်စရိုက်ကို သိတယ်...အရေးအကြီးဆုံးက သူက ငါ့နောက်ကို နှစ်တွေအများကြီးကြာအောင် လိုက်ခဲ့ပြီးတော့ စည်းကမ်းတွေကို နားလည်တယ်... သူက ဘယ်တော့မှ ဒီလိုမေးခွန်းတွေကို မမေးဘူး"
သူမ၏အသံ အေးစက်တင်းမာသွားသည်။
"နင်က ယွင်ရှန်းခန်းမကပဲ ဖြစ်မယ်...အမျှင်တစ်ထောင် ကောင်းကင်ကံကြမ္မာက တကယ့်ကို နာမည်ဂုဏ်သတင်းနဲ့ ထိုက်တန်တာပဲ..."
ကျန်းရွှမ် မတုံ့ပြန်နိုင်မီမှာပင် ယုချင်းယုသည် တိုက်ခိုက်မှုတစ်ခုကို စတင်လိုက်၏။ သူမ၏လက်သည် လျင်မြန်သော လက်ဝါးရိုက်ချက်တစ်ခုအသွင်ဖြင့် ထွက်ပေါ်လာသော်လည်း ဤသည်မှာ ဟန်ပြသက်သက်သာဖြစ်သည်။ ကျန်းရွှမ်သည် နံဘေးသို့ ရှောင်တိမ်းလိုက်သည်နှင့် သူမသည် ထိုအခွင့်အရေးကို ဆုပ်ကိုင်ပြီး သူ၏လက်အတွင်းမှ မိုတောက်ဓားကို လုယူလိုက်သည်။
သူမ၏လက်ကောက်ဝတ်ကို လှုပ်ခတ်လိုက်သည်နှင့် ထိုဓားမှ အလင်းတန်းမျာဖြာထွက်လာပြီး ကျန်းရွှမ်ကို လုံးလုံးလျားလျားလွှမ်းခြုံသွားသည်။
သူမ၏ဓားချက်သည် ထက်ရှသော်လည်း ကျန်းရွှမ်က ဤသည်မှာ သူ့ကိုသတ်ရန် ရည်ရွယ်မထားကြောင်း လျင်မြန်စွာ နားလည်သဘောပေါက်သွားသည်။ သူသည် မျက်ခုံးပင့်လိုက်သော်လည်း တန်ပြန်တိုက်ခိုက်ခြင်းမပြုဘဲ သူမကို အနီးကပ် လေ့လာလိုက်၏။
ဓားအလင်းတန်းသည် စီးဆင်းနေသော ရေကန့်လန့်ကာတစ်ခုကဲ့သို့ သူ၏နံဘေးပတ်လည်တွင် လှိုင်းထနေသော်လည်း သူ၏ခန္ဓာကိုယ်ပေါ်တွင် ခြစ်ရာတစ်ခုကိုမျှ မဖြစ်စေခဲ့ချေ။
"ထူးဆန်းလိုက်တာ..."
ယုချင်းယုသည် သူမ၏ဓားကို လှုပ်ခတ်နေရင်း ရပ်တန့်သွားကာ သူမ၏ရှေ့မှ သန်မာထွားကျိုင်းသောလူကို စေ့စေ့စပ်စပ် ကြည့်လိုက်သည်။ ထိုလူသည် ယခင်အတိုင်း မပြောင်းမလဲရှိနေပုံရသည်။
"ငါ့ရဲ့ဓားချက်က အမျှင်တစ်ထောင်ကောင်းကင်ကံကြမ္မာကို ဖြတ်တောက်နိုင်သင့်တယ်...တကယ်လို့ မင်းသာ အဲ့ဒီကံကြမ္မာရဲ့ထိန်းချုပ်မှုအောက်မှာ ရှိနေခဲ့ရင် မင်း အခုအချိန်မှာ အသိပြန်ဝင်လာသင့်ပြီ...ဘယ်လိုလုပ်ပြီးတော့ ဘာပြောင်းလဲမှုမှ မရှိတာလဲ..."
"ထိန်းချုပ်မှုလား..."
ကျန်းရွှမ်က ပြုံးလိုက်သည်။
"သခင်မယုက စိုးရိမ်လွန်နေပြီ...ကျွန်တော်က ဘယ်လိုလုပ်ပြီး တစ်ယောက်ယောက်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနိုင်မှာလဲ..."
ယုချင်းယုက မျက်မှောင်ကြုတ်လိုက်သည်။
"ခန်းမဆောင်သခင်က ကျွန်မကို ဖုန်းကျောက်ထင်ရဲ့ အမျှင်တစ်ထောင် ကောင်းကင်ကံကြမ္မာအကြောင်း တစ်ခါက သတိပေးခဲ့ဖူးတယ်...အဲဒါက စိတ်ဝိညာဉ်အမျှင်တန်းတွေကိုသုံးပြီးတော့ တခြားလူတွေရဲ့စိတ်ဝိညာဉ်တွေကို ထိန်းချုပ်နိုင်တယ်...သူ့ထက်အားနည်းတဲ့ ဘယ်သူမဆို ခြယ်လှယ်ခံရမှာဖြစ်ပြီးတော့ အဲ့ဒီလူရဲ့လုပ်ရပ်တွေက သူ့ရဲ့ကိုယ်ပိုင်အတွေးနဲ့ မဟုတ်တော့ဘူး...နင်က သံသယဖြစ်စရာကောင်းနေတာကြောင့် သူ့ရဲ့လွှမ်းမိုးမှုအောက်ကို ကျရောက်သွားပြီလို့ ငါ ထင်ခဲ့တယ်..."
ထို့နောက် ယုချင်းယုသည် သူမ၏ဆံပင်ကို သပ်တင်ပြီး ကျန်းရွှမ်ကို အေးစက်သောအကြည့်ဖြင့် စူးစိုက်၍ကြည့်လိုက်၏။
"ဒါပေမဲ့ မင်း ထိန်းချုပ်ခံရတာပဲဖြစ်ဖြစ် မခံရတာပဲဖြစ်ဖြစ် ငါ့ထက်ပိုပြီး အရည်အချင်းရှိတဲ့ ဘယ်သူ့ကိုမှ အသက်ရှင်ခွင့်ပေးလို့မရဘူး"
"မင်းထက် အရည်အချင်းပိုရှိတဲ့လူတွေက သေရမယ်..ဟုတ်လား.. ဒါက ဘယ်လိုသဘောတရားမျိုးလဲ..."
ကျန်းရွှမ်၏လေသံတွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။
ယုချင်းယုက အေးစက်စက် နှာမှုတ်လိုက်သည်။
"တကယ်လို့ မင်းသာ ငါ့ထက်သာသွားရင် ခန်းမဆောင်သခင်လင်းက မင်းကို မျက်နှာသာပိုပေးပြီးတော့ ကောင်းကင်ကံကြမ္မာစွမ်းအင်တွေကို ဆုလာဘ်အနေတဲ့ အမျာကြီးပိုချီးမြှင့်လိမ့်မယ်... ထောက်ပံ့မှုတွေက အကန့်အသတ်ရှိတာကြောင့် မင်းရဲ့အမြတ်က ငါ့ရဲ့အရှုံးပဲ... တကယ်က မင်း အားနည်းနေတဲ့အချိန်မှာ မင်းရဲ့အရည်အချင်းကို ထုတ်မပြခဲ့သင့်ဘူး"
သူမ၏စကားမဆုံးမီမှာပင် သူမက မိုတောက်ဓားကို နောက်တစ်ကြိမ် မြှောက်လိုက်သည်။ ဤတစ်ကြိမ်တွင် သူမ၏ဓားချက်သည် ကျန်းရွှမ်၏လည်ပင်းသို့ တန်းတန်းမတ်မတ်ချိန်ရွယ်ထားသည်။
ဤသည်မှာ တွေဝေတုံ့ဆိုင်းခြင်းမရှိသော သတ်ဖြတ်ခြင်းလှုပ်ရှားမှုတစ်ခုပင်။
သူမ၏ရက်စက်ကြမ်းကြုတ်သော စိတ်ပိုင်းဖြတ်မှုကို မြင်တွေ့ချိန်၌ ကျန်းရွှမ်က သက်ပြင်းရှိုက်လိုက်သည်။
"ငါက မင်းရဲ့အသက်ကို ချမ်းသာပေးမယ်လို့ စဥ်းစားထားခဲ့မိတာ..."
သူသည် မူလက ပုရွှီခန်းမဆောင်ကို တိတ်တဆိတ် စုံစမ်းရန် ကြံသည်ခဲ့သည်။ သို့ရာတွင် ယခုအချိန်၌ သူ ညင်သာနေရန် မလိုအပ်တော့ကြောင်း သိသာထင်ရှားပေ၏။ ယုချင်းယု၏ ရက်စက်ကြမ်းကြုတ်သော အကျင့်စရိုက်ကြောင့် သူမ အကြိမ်ကြိမ်အခါခါ သေဆုံးသွားရန် တရားမျှတသည်။
ကျန်းရွှမ်းသည် လက်ချောင်းနှစ်ချောင်းဖြင့် သူ့ထံဝင်လာသော ဓားသွားကို ညင်သာစွာ ညှပ်ဖမ်းလိုက်သည်။
ဝှစ်...
တောက်ပနေသော မိုတောက်ဓားသည် ချက်ချင်းမှိန်ကျသွားပြီး ဓား၏စွမ်းအားပြင်းထန်မှုသည် လည်ပင်းမှ ဖမ်းဆုပ်ခံရသော မြွေတစ်ကောင်ကဲ့သို့ ငြိမ်းသတ်ခြင်းခံလိုက်ရသည်။ ယုချင်းယု မည်မျှထိ အားစိုက်၍ ဆွဲထုတ်စေကာမူ ဓားသည် မလှုပ်မယှက်ဖြစ်နေပေ၏။
သူမ၏မျက်နှာ ဖြူဖျော့သွားသည်။
"နင်... နင်က ဘယ်လိုလုပ်ပြီး ဒီလောက်ထိ သန်မာအားကောင်းနေတာလဲ...နင်က လျန်ဟောင်မဟုတ်ဘူး...နင်က အမျှင်တစ်ထောင် ကောင်းကင်ကံကြမ္မာနဲ့ ထိန်းချုပ်ခံထားရတာလည်း မဟုတ်ဘူး....နင်က အယောင်ဆောင်နေတဲ့လူပဲ"
သူမသည် နောက်ဆုံးတွင် အမှန်တရားကို နားလည်သဘောပေါက်သွားသည်။ ကြီးမားသော စွမ်းအားရှိသူတစ်ဦးကသာလျှင် သူမကို ဤမျှထိ လွယ်လင့်တကူ ဖိနှိပ်နိုင်ပေမည်။
"မင်း သိတာ နောက်ကျသွားပြီ"
ကျန်းရွှမ်က တည်ငြိမ်စွာ ပြောဆိုလိုက်သည်။
ထို့နောက် သူ၏လက်ချောင်းများကို လှုပ်ခတ်လိုက်သည်နှင့် ယုချင်းယုသည် နောက်သို့လွင့်ထွက်သွားပြီး နံရံနှင့် ဆောင့်မိသွားသည်။ သူမ၏ပါးစပ်မှ သွေးများယိုစီးကျလာပြီး သူမ သည် ပြင်းထန်စွာ ချောင်းတဟွတ်ဟွတ်ဆိုးလိုက်၏။
သူမ၏မျက်လုံးများအတွင်းတွင် ထိတ်လန့်ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေပြီး သူမက အလျင်စလို ပြောဆိုသည်။
"ကျေးဇူးပြုပြီး... ငါ့ကို မသတ်ပါနဲ့...မင်း လိုချင်တာမှန်သမျှ ငါ လုပ်ပေးပါ့မယ်"
သူမ၏အဝတ်အစားများသည် သူမ၏ပခုံးများပေါ်မှ လျှောကျသွားပြီး သူမ၏အတွင်းခံများ ပေါ်လွင်သည်။ သူမ၏အချိုးအဆစ်ကျသော ခန္ဓာကိုယ်သည် ပေါ်လွင်လာပြီး သူမ၏ချောမွေ့သော အသားအရေသည် ကျောက်စိမ်းကဲ့သို့ နူးညံချောမွတ်နေသည်။ သူမသည် ကျန်းရွှမ်ထံသို့ ဆွဲဆောင်မှုရှိစွာ ညွှတ်ကိုင်းလိုက်ပြီး သူမ၏အသံတွင် ညှို့ငင်ဖျားယောင်းမှုများဖြင့် ပြည့်နှက်နေပေ၏။
ကျန်းရွှမ်က ပြုံးလိုက်သည်။
"အကြီးအကဲလင်း မနာလိုဖြစ်မှာကို မင်း မစိုးရိမ်ဘူးလား..."
"မနာလိုဖြစ်မှာလား... သူ့မှာ မနာလိုဖြစ်ဖို့ ဘာအခွင့်အရေးရှိလို့လဲ"
ယုချင်းယုက သရော်တော်တော် ပြောဆိုသည်။
"သူ ငါ့ကို လက်ထပ်ခဲ့ပေမယ့် ငါတို့က ဘယ်တော့မှ မပေါင်းသင်းခဲ့ကြဘူး...သူက လက်ထောက်ခန်းမဆောင်သခင်ရာထူးအတွက် ထောက်ခံမှုတစ်ခုရဖို့ အပေးအယူပစ္စည်းတစ်ခုအဖြစ်တောင် ငါ့ကို ကမ်းလှမ်းခဲ့သေးတယ်... သူက ငါ့ကို ဇနီးတစ်ယောက်လို ဘယ်တော့မှ မဆက်ဆံခဲ့ဘူး...ငါက ဘာလို့ သူ့အပေါ်မှာသစ္စာရှိနေရမှာလဲ..."
"ဒါက အမှန်ပဲ"
ကျန်းရွှမ်က ရယ်မောလိုစိတ်ကို ချိုးနှိမ်ရင်း ခေါင်းညိတ်လိုက်သည်။
'လင်းပုယန်က မင်းကို ထိခဲ့ရင် ပိုပြီးတောင် အံ့အားသင့်ဖို့ ကောင်းအုံးမယ်'
ယုချင်းယု၏အကြည့်သည် ပို၍ဆွဲဆောင်မှုရှိလာပေ၏။
"လာပါ... နင် လိုချင်တာမှန်သမျှ ဘာမဆို ငါ လုပ်ပေးပါ့မယ်"
"ဘာမဆိုလား...."
ကျန်းရွှမ်၏မျက်လုံးများသည် ဟန်ဆောင်စိတ်လှုပ်ရှားမှုများဖြင့် တောက်ပလာသည်။
ထို့နောက် ယုချင်းယုကိုဖိနှိပ်ထားသော စွမ်းအား ပျောက်ကွယ်သွားသည်။ သူသည် လက်ဝှေ့ယမ်းလိုက်ရာ မိုတောက်ဓားသည် သူမ၏လက်အတွင်းသို့ ပြန်လည်၍ပျံသန်းသွားပေ၏။
"မင်းမှာ ဒီလောက်ထိအရည်အချင်းရှိရင် မင်း မိုတောက်ဓားအကြောင်း သင်ယူခဲ့သမျှ အရာအားလုံး ငါ့ကိုပြပေးပါ..."
"..."
ယုချင်းယုသည် မယုံကြည်နိုင်ဖြစ်သွားကာ သူမ၏ခန္ဓာကိုယ် တောင့်တင်းသွားသည်။
သူမ ဆိုလိုသည်မှာ မတူညီသော အကြောင်းအရာတစ်ခုတွင် 'ဘာမဆို'ဖြစ်သည်။ ကျန်းရွှမ်သည် သူမ၏ချဉ်းကပ်မှုများကို စိတ်မဝင်စားသည်မှာ သိသာထင်ရှားသည်။ သူ့ကို ထပ်မံ၍ရန်မစလိုသောကြောင့် သူမသည် မလိုလားစွာဖြင့် သူမ၏ဓားနည်းစနစ်များကို သရုပ်ပြလိုက်၏။
ဝှစ်...
ပေါ့ပါးပြီးပါးလွှာသော အဝတ်အစားများသာ ဝတ်ဆင်ထားသဖြင့် သူမ၏လှုပ်ရှားမှုများသည် မျှော်လင့်မထားသော တင့်တယ်လှပမှုကို ပြသနိုင်သည်။ သူမသည် မိုတောက်ဓားကို လွှဲလိုက်သည်နှင့် ကောင်းကင်ကံကြမ္မာစွမ်းအင်သည် ဓား၏နံဘေးပတ်လည်တွင် စုစည်းလာပြီး အခန်းတစ်ခန်းလုံးကို ခပ်ဖျော့ဖျော့တောက်ပသွားစေသည်။
ကျန်းရွှမ်သည် စေ့စေ့စပ်စပ် ကြည့်ရှုပြီးနောက် သူမ၏နည်းစနစ်များသည် အစောပိုင်းကထက် ပို၍သန့်စင်ကြောင်း မှတ်သားမိသည်။
ထိုဓားနည်းစနစ်သည် ရုပ်ခန္ဓာကိုယ်နှင့်စိတ်ဝိညာဉ် ပျက်စီးမှုကို ဖြစ်စေရုံသာမက ကံကြမ္မာကိုလည်း ထိုးဖောက်နိုင်စွမ်းရှိပုံရပြီး ကံကြမ္မာဆိုး၏ခံစားချက်ကို ဖြစ်ပေါ်စေသည်။
"ဒါဆို ဒါက ကောင်းကင်ကံကြမ္မာရဲ့ စွမ်းအားပဲ..."
ကျန်းရွှမ် နားလည်သဘောပေါက်သွားသည်။
ဤသည်မှာ သိုင်းပညာနည်းစနစ်များနှင့်တူသော်လည်း အခြေခံအားဖြင့် ကွဲပြားသည်။ ကောင်းကင်ကံကြမ္မာနည်းစနစ်များသည် ကံကြမ္မာ၏အခြေခံအမျှင်များကို ခြယ်လှယ်ပြီး ကျင့်ကြံသူနှင့်သူ၏ရန်သူ နှစ်ဦးလုံးကို လွှမ်းမိုးချုပ်ကိုင်သည်။
ရုတ်တရက် သူ၏အတွေးများ ပြတ်တောက်သွားပေ၏။
မှောင်ရိပ်အတွင်းမှ ဓားအလင်းတန်းလေးခု ထွက်ပေါ်လာကာ သူ၏အရေးကြီးသော နေရာများသို့ ပစ်မှတ်ထားပြီး ရုတ်တရက် တိုးဝင်လာသည်။ တစ်ချိန်တည်းမှာပင် အခန်းအတွင်းမှ ကောင်းကင်ကံကြမ္မာစွမ်းအင်များသည် အသက်ဝင်လာပြီး ဖိအားအရှိန်အဝါတစ်ရပ် ထွက်ပေါ်လာသည်။
ကျန်းရွှမ်သည် သူ၏အတွေးများ သွေဖည်သွားသည်ကို ခံစားလိုက်ရပြီး ကံကြမ္မာဆိုး၏တီးတိုးရေရွတ်သံသာ စွဲကပ်လာသည်။
'ဘာလို့ ခုခံနေရမှာလဲ...ဒီနေရာမှာ သေရတာက သိပ်မဆိုးပါဘူး...'
ကောင်းကင်ကံကြမ္မာ၏ မသိမသာလွှမ်းမိုးမှုသည် သူ မျှော်လင့်ထားသည်ထက် များစွာပို၍ အန္တရာယ်များသည်။
"အထင်ကြီးစရာပဲ..."
ယုချင်းယုက ပြုံးလိုက်သည်။
"နင်က ငါ့ကို ရုပ်လှရုံသက်သက်လို့ ထင်နေတာလား....ခန်းမဆောင်သခင်က ဖုန်းယိကျိုးကို သတ်လိုက်တဲ့အချိန်ကစပြီး ငါက ဒီကိစ္စအတွက် ပြင်ဆင်ထားခဲ့တယ်..မင်း ဒီနေ့ ဒီနေရာမှာ သေရလိမ့်မယ် .."
ဓားအလင်းတန်းများကို ထိန်းချုပ်နေသော လူလေးယောက်သည် ပုရွှီခန်းမဆောင်၏ ထိပ်သီးစည်းကမ်းထိန်းသိမ်းသူများဖြစ်ပြီး တစ်ဦးချင်းစီသည် ရင်းမြစ်ရေအိုင်နယ်ပယ် ဆဋ္ဌမအဆင့်ဖြစ်သော ခန္ဓာကိုယ်တွင်းအင်္ဂါသန့်စင်ခြင်းနယ်ပယ်တွင် ရှိကြသည်။ ဓမ္မရုပ်သွင်နယ်ပယ် ထိပ်သီးကျင့်ကြွသူတစ်ဦးပင်လျှင် ထိုသို့သော ချောင်းမြောင်းတိုက်ခိုက်မှုကို ရင်ဆိုင်ရပါက ရုန်းကန်ရပေလိမ့်မည်။
"သေစမ်း..."
ယုချင်းယု၏မိုတောက်ဓားတွင် ရာနှင့်ချီသော ကောင်းကင်ကံကြမ္မာစွမ်းအင်စီးကြောင်း ရစ်သိုင်းလွှမ်းခြုံနေပြီး ရှေ့သို့တိုးဝင်လာသည်။ သူမကိုကြည့်ရသည်မှာ ကျန်းရွှမ်အား အနိုင်ယူနိုင်ရန် သေချာနေပုံရသည်။
သို့ရာတွင် သူမသည် သတ်ဖြတ်နိုင်တော့မည်အား မျှော်လင့်နေစဉ်မှာပင် ကျန်းရွှမ်၏ မျက်လုံးများ စိတ်လှုပ်ရှားမှုကြောင့် တောက်ပလာသည်။ အချိန်တခဏအတွင်းမှာပင် အခန်းအတွင်းမှ ကောင်းကင်ကံကြမ္မာစွမ်းအင်များသည် ဝါးမျိုခြင်းခံလိုက်ရသည့်အလား ပျောက်ကွယ်သွားပေ၏။
ဘုန်း...ဘုန်း...ဘုန်း...ဘုန်း...
ဓားအလင်းတန်းလေးခု ကြေမွှပျက်စီးသွားပြီး ထိုဓားများကိုကိုင်ဆောင်သူများသည် လေထုအတွင်းသို့ လွင့်ထွက်သွားကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး သူတို့၏ပါးစက်များမှ သွေးများအန်ထုတ်လိုက်ကြသည်။ သူတို့သည် လဲလျောင်းကာ အကြောဆွဲသွားရင်း အသက်မဲ့သွားကြသည်။
"ဒါက "
ယုချင်းယုသည် ထိတ်လန့်တကြားဖြစ်သွားကာ သူမ၏မျက်လုံးသူငယ်အိမ်များ ကျဥ်းမြောင်းသွားသည်။
သူမ ဂရုတစိုက် ချမှတ်ထားသော အစီအစဉ်များကြားမှ ကျန်းရွှမ်သည် ကောင်းကင်ကံကြမ္မာစွမ်းအင်များကို လွယ်လင့်တကူစုပ်ယူပြီး စည်းကမ်းထိန်းသိမ်းသူများကို ဖျက်ဆီးကာ သူမ၏ကာကွယ်ရေးကို ကြေမွှပျက်စီးစေခဲ့သည်။
"နင်က... ဖုန်းကျောက်ထင်လား..."
သူမသည် အဓိပ္ပာယ်ရှိသည့် တစ်ခုတည်းသော အဖြေကို တွယ်ကပ်ရင်း အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောဆိုလိုက်၏။
ကျန်းရွှမ်က ပြုံးလိုက်သည်။
"နောက်တစ်ခါ ခန့်မှန်းကြည့်အုံး...."
သူ၏ သာမာန်ကာလျှံကာ လက်သီးတစ်ချက်ဖြင့် ယုချင်းယု နောက်တစ်ကြိမ် လွင့်ထွက်သွားသည်။ သူမ၏ပါးစပ်မှ သွေးများယိုစီးကျလာပြီး သူမသည် မမြင်နိုင်သော အားလှိုင်းတစ်ရပ်၏ ဖိနှိပ်ခြင်းကိုခံရကာ နံရံနှင့်ဆောင့်မိသွားသည်။
"ကယ်ကြပါ..."
သူမက အော်ဟစ်၍ အကူအညီတောင်းခံလိုသည်။ သို့ရာတွင် ကျန်းရွှမ်သည် သူ၏လက်ဖြင့် သူမ၏လည်ပင်းကိုညှစ်ကာ သူမကို အထက်သို့ မြှောက်တင်လိုက်သဖြင့် ထိုအကူအညီတောင်းခံသံ ပြတ်တောက်သွားသည်။
"ငါက မင်းကိုမသတ်ချင်ခဲ့ဘူး"
ကျန်းရွှမ်က တီးတိုးပြောဆိုလိုက်သည်။
"ဒါပေမဲ့ မင်းက ခေါင်းမာခဲ့တယ်..."
ယုချင်းယုက ရူးသွပ်စွာ ရယ်မောလိုက်ပြီး သူမ၏လေသံသည် မတည်မငြိမ်ဖြစ်နေပေ၏။
"နင် သတ်ချင်ရင်သတ်လိုက်စမ်း..ဘာပြဿနာမှ မရှိဘူး... ငါက အမြဲတမ်း ကစားစရာ နယ်ရုပ်တစ်ရုပ်သက်သက်ပဲ"