← Chapters

ကစားစရာတစ်ခု

Vol. 12 Ch. 180

ကစားစရာတစ်ခု

Vol. 12 Ch. 180

ကျန်းရွှမ်က မျက်မှောင်ကြုတ်လိုက်သည်။ "ကစားစရာတစ်ခုလား..."

"အမှန်ပဲ...အစတုန်းက ငါက နိမ့်ကျတဲ့မိသားစုက သာမန်မိန်းကလေးတစ်ယောက်ပဲ...ငါ ရှစ်နှစ်သမီးအရွယ်မှာ အမေက ငါ့ကို ဈေးဝယ်ခေါ်သွားတုန်း လင်ပုယန်က ငါ့ကို တွေ့သွားတယ်.... သူက ငါ့ကိုဝယ်ဖို့ ရင်းမြစ်ဒင်္ဂါးငါးရာနဲ့ ကမ်းလှမ်းခဲ့တယ်..."

"အမေက ကျွန်မကို ဘယ်တော့မှ လက်လွှတ်ပေးမှာမဟုတ်ဘူးလို့ ပြောဆိုပြီးတော့ ကျိန်ဆိုပြီး ငြင်းဆန်ခဲ့တယ်....သူရဲ့လက်အောက်ငယ်သားတွေက အမေ့ကို အဲ့ဒီနေရာမှာပဲ သတ်ပစ်ခဲ့တယ်...ပိုဆိုးတာက ငါ့ရဲ့ အနှောင်အဖွဲ့တွေကို အမြစ်ပြတ်ဖြတ်တောက်ဖို့အတွက် သူတို့က အမေ့ဆီကနေ ငါတို့မိသားစုရဲ့ တည်နေရာကို အတင်းအကြပ်မေးပြီးတော့ ငါ့ရဲ့ အိမ်သူအိမ်သားအားလုံးကို သတ်ပစ်ခဲ့တယ်..."

"အဲ့ဒီနေ့ကစပြီး ငါ့ရဲ့တစ်ခုတည်းသော ရှင်သန်ရာလမ်းကြောင်းက နာခံခြင်းပဲဆိုတာ ငါ နားလည်သွားခဲ့တယ်.. ဒါကြောင့် ငါက သူတို့တောင်းဆိုတာမှန်သမျှကို ဖြည့်ဆည်းပေးတဲ့နာခံမှုအရှိဆုံး အစေခံတစ်ယောက် ဖြစ်လာခဲ့တယ်..."

"ငါ ဆယ့်လေးနှစ်ပြည့်တဲ့အချိန်မှာ အရွယ်ရောက်လာပြီးတော့ တခြားမိန်းကလေးတွေကြားမှာ ပေါ်လွင်ထင်ရှားလာတယ်....လင်းပုယန်က ငါ့ကို သူ့ရဲ့အခန်းထဲကို ခေါ်ခဲ့တယ်...နောက်ဆုံးတော့ ငါက သူ့ရဲ့မိန်းမဖြစ်တော့မယ်လို့ ငါ ထင်ခဲ့မိတယ်.. ဒါပေမဲ့ အဲ့ဒီအစား သူက ငါ့ကို ချည်နှောင်ပြီးတော့ ဖယောင်းတိုင်တွေ ကြာပွတ်တွေကိုသုံးပြီး နည်းလမ်းပေါင်းစုံနဲ့ ငါ့ကို ညှင်းပန်းနှိပ်စက်ခဲ့တယ်....သူက ဘယ်တော့မှ ဒီလိုမျိုး ဆက်ဆံတာကို အဆုံးမသတ်ခဲ့ဘူး..."

"ဒီလိုနဲ့ အချိန်တွေကြာလာခဲ့တယ်... အစပိုင်းမှာရှိခဲ့တဲ့ ငါ့ရဲ့စိတ်ပျက်အားငယ်မှုနဲ့ ဒေါသတွေကနေ ငါ ထုံကျင်လာခဲ့တယ်...သူ့ရဲ့မျက်လုံးထဲမှာ ငါက တန်ဖိုးမရှိတဲ့ ကစားစရာတစ်ခုထက် ဘာမှမပိုဘူးဆိုတာ ငါ သဘောပေါက်လာခဲ့တယ်"

"ဒါကြောင့် ငါက အရှက်ရမှုကို သည်းခံပြီးတော့ ကြိုးစားကျင့်ကြံခဲ့တယ်...သူ့ရဲ့ ပုံမှန်မဟုတ်တဲ့ စိတ်ဆန္ဒတွေကို ဖြည့်ဆည်းပေးဖို့ မိန်းကလေးတွေကို ပိုပြီးစုဆောင်းပေးခဲ့တယ်.... နောက်ဆုံးတော့ မနှစ်က သူက ငါ့ကို သူ့ရဲ့ကိုယ်လုပ်တော်အဖြစ် တရားဝင်လက်ထပ်ခဲ့တယ်... ဒါပေမဲ့ အဲ့ဒီအချိန်မှာတောင် သူက ငါ့ကို ဂုဏ်သိက္ခာရှိရှိ မဆက်ဆံခဲ့ဘူး..... သူ့ရဲ့ မူမမှန်တဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေက ဘယ်တော့မှ ရပ်တန့်မသွားခဲ့ဘူး..."

သူမက ခံစားချက်ကင်းမဲ့စွာဖြင့် ရယ်မောပြီး ပြောဆိုသည်။

"ငါ့ကို သတ်လိုက်ပါ... ဒါဆိုရင် ငါက ဘယ်သူ့ရဲ့ကစားစရာမှ မဖြစ်နိုင်တော့ဘူး.. ငါ ဆက်ပြီးအသက်ရှင်နေဖို့ အကြောင်းပြချက်မရှိတော့ဘူး...."

ကျန်းရွှမ်က သက်ပြင်းရှိုက်လိုက်ပြီး သူ၏မျက်နှာအမူအယာ တည်ကြည်လေးနက်နေသည်။ သူသည် သူ၏လက်ကိုမြှောက်ကာ သူမ၏နဖူးကို ညင်သာစွာ တို့ထိလိုက်သည်။ စွမ်းအားလှိုင်းတစ်ရပ်သည် သူမ၏စိတ်အတွင်းသို့ ဝင်ရောက်သွားပြီး သူမ၏မှတ်ဥာဏ်များအားလုံးကို သူ၏အမြင်အာရုံအတွင်းသို့ ဆောင်ကြဉ်းလာသည်။

ထိုမှတ်ဥာဏ်များအားလုံးကို ဆင်ခြင်သုံးသပ်ပြီးနောက် ကျန်းရွှမ်သည် သူ၏လက်ဖြင့် သူမ၏နဖူးကို ညင်သာစွာ ပွတ်သပ်လိုက်၏။ သူမသည် မယုံကြည်နိုင်ဖြစ်သွားကာ သူမ၏မျက်လုံးများ ပြူးကျယ်သွားပြီး သူမ၏နှုတ်ခမ်းထောင့်မှ သွေးစီးကြောင်းတစ်ကြောင်း ယိုစီးကျလာသည်။ ထို့နောက် သူမသည် အသက်မဲ့သွားကာ သူမ၏ခန္ဓာကိုယ်သည် မြေပြင်ပေါ်သို့ ပုံလျက်သားလဲကျသွားပေ၏။

ကြေကွဲဖွယ်အတိတ်ကြောင့် သူမသည် မကောင်းမှုများ၏တရားခံဖြစ်လာသည်ဟု ဆင်ခြေပေး၍မရပေ။ သူမသည် လင်ပုယန်၏ပြစ်မှုများတွင် ကူညီခဲ့ပြီး မကောင်းမှုများကို ဆက်လက်၍ ရှင်သန်ကြီးထွားလာခွင့်ပြုခဲ့သည်။

ကျန်းရွှမ်သည် သူ၏လက်ကို တစ်ချက်လှုပ်ခတ်ပြီးနောက် သူမ၏ပစ္စည်းများမှ ရင်းမြစ်ဒင်္ဂါးတစ်သိန်းခန့်ကို ယူဆောင်လိုက်သည်။ ထို့နောက် သူသည် အခန်းအတွင်း၌ ရှာဖွေလိုက်ရာ အသုံးပြုထားသော ကံကြမ္မာချပ်ပြားလေးချပ်ကို တွေ့ရှိသဖြင့် သူ၏ကမ္ဘာသစ်အတွင်း၌ သိမ်းဆည်းလိုက်၏။

ဤချပ်ပြားများသည် ကုန်ခမ်းလုနီးပါးဖြစ်ဖြစ်နေကာ လေးချပ်ပေါင်းလျှင်ပင် ကံကြမ္မာစွမ်းအင်တန်းတစ်သောင်းအောက်သာ ကျန်ရှိသော်လည်း မည်သို့ပင်ဆိုစေကာမူ မရှိသည်ထက် ပို၍ကောင်းသည်သည်။

ထို့နောက် ယုချင်းယု၏မှတ်ဥာဏ်များကို တဖန်ပြန်ကြည့်မိချိန်တွင် ကျန်းရွှမ်၏မျက်နှာအမူအယာ ပို၍မည်းမှောင်သွားသည်။

ပုရွှီခန်းမဆောင်၏အမည်အောက်တွင် ယုချင်းယု ကျူးလွန်ခဲ့သော ရက်စက်ကြမ်းကြုတ်မှုများသည် ဆိုးရွားသည်ဟူသော စကားလုံးဖြင့်ပင် မလုံလောက်နိုင်ချေ။ လင်းပုယန် ကာမဂုဏ်လိုက်စားရန်အတွက် သူမသည် မိန်းမလှလေးများကို စုဆောင်းခဲ့ကာ မရေမတွက်နိုင်သော ကျင့်ကြံသူများကို သတ်ဖြတ်ခဲ့သည်။ လူ့အသက်များသည် သူတို့အတွက် ပေါင်းပင်များထက်မပိုပေ။ ဤနှစ်များအတွင်းမှာပင် ပုရွှီခန်းမဆောင်သည် ထောင်နှင့်ချီသောလူများကိုသေဆုံးသွားစေခဲ့သည်။

သူတို့ထံ၌ ပြစ်မှုများရှိနေသော်လည်း ခန်းမဆောင်သခင်ဖြစ်သော လင်းပုယန်၏အဆင့်အတန်းကြောင့် သူတို့သည် တရားစီရင်မှုကို ရှောင်တိမ်းနိုင်ခဲ့ပေ၏။

"ကံကြမ္မာတွေက ယုံကြည်မှုတွေလိုပဲ တိုးချဲ့လိုက်တာနဲ့အမျှ ပိုပြီးကြီးထွားလာတယ်... ကျင့်ကြံသူတွေ များလေလေ ကံကြမ္မာက ပိုကျယ်ပြန့်ပြီးတော့ အားကောင်းလာလေလေပဲ... အဲ့ဒါက ဒီကံကြမ္မာတည်ထောင်သူကို ပိုပြီးကြီးမားတဲ့စွမ်းအားကို ရရှိစေနိုင်တယ်"

ကျန်းရွှမ်က ဤခန်းမဆောင်၏စစ်မှန်သောရည်ရွယ်ချက်ကို တီးတိုးရေရွတ်လိုက်သည်။

သူသည် အခန်းအတွင်းမှ ထွက်လာချိန်တွင် ခြံဝန်းအတွင်း၌ စုရုံးနေသော ခန်းမဆောင်အဖွဲ့ဝင်တစ်စုကို တွေ့လိုက်ရသည်။

"လျန်ဟောင်...ဘာဖြစ်တာလဲ...ငါတို့ ခုဏက သခင်မယုရဲ့အော်သံကို ကြားလိုက်တယ်..."

အစောင့်များသည် နားမလည်နိုင်ဖြစ်နေကြသော်လည်း ရုတ်တရက် အခန်းအတွင်းမှမြင်ကွင်းကို မြင်တွေ့သွားသည်။ သူတို့၏မျက်နှာများ ဖြူဖျော့သွားပေ၏။

"တစ်ခုခုမှားနေပြီ... သခင်မယု သေပြီ..သူရဲ့လက်ချက်ပဲ...သူက ကျူးကျော်သူပဲ..."

ခြံဝန်းတစ်ခုလုံး ပရမ်းပတာဖြစ်သွားသည်။ သူတို့သည် ပုရွှီခန်းမဆောင်၏ နာမည်ကျော်ကြားသော စိတ်ဝိညာဉ်ဖြတ်တောက်ခြင်းနည်းစနစ်ကို အသုံးပြုလိုက်ကြရာ ဓားများနှင့်ဓားမြှောင်များ ရှုပ်ယှက်ခတ်သွားပြီး မလွတ်မြောက်နိုင်သော ဓားပိုက်ကွန်တစ်ခုကို ဖွဲ့စည်းလိုက်သည်။

ကျန်းရွှမ်သည် ရှေ့သို့တိုးလာပြီး သူ၏မျက်နှာအမူအယာ တည်ငြိမ်နေကာ သူ၏စိတ်ဝိညာဉ်စွမ်းအားကို ထုတ်လွှတ်ပြီး ထိုတိုက်ခိုက်မှုများကို ခုခံကာကွယ်လိုက်၏။ ထို့နောက် သူ၏လက်ကိုတစ်ချက်ဝှေ့ယမ်းလိုက်သည်နှင့် ကြောက်မက်ဖွယ်ကောင်းသော ရွှမ်လုံလက်ဝါးနည်းစနစ်သည် စိတ်ဝိညာဥ်နဂါးများကို ဆင့်ခေါ်ကာ ခြံဝန်းကိုဖြတ်သန်း၍ တိုက်ခတ်သွားသည်။

အချိန်တခဏအကြာတွင် ခြံဝန်းအတွင်း၌ အလောင်းများပြန့်ကျဲသွားကာ တဖန်ပြန်၍ တိတ်ဆိတ်သွားတော့သည်။

စိတ်ကျေနပ်သွားသော ကျန်းရွှမ်သည် သေဆုံးသွားသော အလောင်းများကို ရှာဖွေပြီး သိန်းပေါင်းများစွာတန်ဖိုးရှိသော ရင်းမြစ်ဒင်္ဂါးငွေလက်မှတ်များကို ထပ်မံ၍ရရှိခဲ့သည်။ ထို့နောက် သူသည် တခြားအခန်းတစ်ခန်း၏ တံခါးကို တွန်းဖွင့်လိုက်၏။

ထိုအခန်းအတွင်း၌ မိန်းကလေးငယ်တစ်စုရှိနေကာ သူမတို့၏ခြေကျင်းဝတ်များတွင် သံကြိုးများဖြင့် ချည်နှောင်ခံထားရပြီး စုပြုံ၍ထိုင်နေကြသည်။ သူ ရောက်ရှိလာသည်ကို မြင်တွေ့ချိန်၌ သူမတို့သည် လန့်ဖျပ်သွားပြီး ကြောက်ရွံ့မှုဖြင့် သူမတို့၏မျက်လုံးများ ပြူးကျယ်သွားသည်။

"ရှင်.. ရှင်က ဘယ်သူလဲ..."

မိန်းကလေးတစ်ဦးက နောက်သို့ဆုတ်လိုက်ပြီး သူမ၏အသံ တုန်ရီနေသည်။

"ယောက်ျားသားတွေ ဒီနေရာကို လာခွင့်မရှိဘူး... သခင်မယု သိသွားရင် ရှင် အသတ်ခံရလိမ့်မယ်...ကျေးဇူးပြုပြီးတော့ ဒီနေရာကနေ ထွက်သွားပေးပါ"

"ဟုတ်တယ်...ရှင် မြန်မြန်ထွက်သွားပါတော့"

တခြားမိန်းကလေးတစ်ဦးက တောင်းပန်လိုက်သည်။

"အရင်တစ်ခါက လူတစ်ယောက် ဒီနေရာကို တိတ်တိတ်လေး ခိုးဝင်လာခဲ့တယ် ... သူက နေရာမှာတင် အသတ်ခံခဲ့ရတယ် "

"သခင်မယု သေပြီ"

ကျန်းရွှမ်က တီးတိုးပြောဆိုလိုက်၏။

မိန်းကလေးများ၏ခန္ဓာကိုယ်များ တောင့်တင်းသွားပြီး သူမတို့၏မျက်လုံးများအတွင်းတွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။

"သူ သေသွားပြီလား...သူက အရမ်းအစွမ်းထက်တာ... ဘယ်လိုလုပ်ပြီး သေသွားနိုင်မှာလဲ..."

"ရှင် သူ့ကို သတ်လိုက်တာလား..."

"ဟုတ်တယ်"

ကျန်းရွှမ်က တုံပြန်အဖြေပေးသည်။

ထို့နောက် သူ၏လက်ကို တစ်ချက်လှုပ်လိုက်သည်နှင့် ဓားချီစွမ်းအားလှိုင်းသည် အခန်းအတွင်း၌ ဖြတ်သန်း၍ လူးလွန့်သွားပြီး သူမတို့၏ခြေကျင်းဝတ်များကို ချည်နှောင်ထားသော သံကြိုးများကို ဖြတ်တောက်သွားသည်။

"မင်းတို့ အခုလွတ်လပ်သွားပြီ ..အိမ်ပြန်ကြတော့"

သူက ပြောဆိုလိုက်သည်။

မိန်းကလေးများသည် တွေဝေတုံ့ဆိုင်းနေကြသော်လည်း သူမတို့ အပြင်ကိုထွက်ကြည့်ချိန်၌ သူမတို့ကို ဖမ်းဆီးထားသူများ၏အလောင်းများ ရှိနေသည်ကို မြင်မိကြသည်။ ရုတ်ချည်းဆိုသလိုပင် သူမတို့၏မျက်လုံးများအတွင်း၌ မျက်ရည်များဖြင့် ပြည့်နှက်သွားသည်။ သူမတို့၏လွတ်လပ်မှုသည် အလွန်ရုတ်တရက်ဆန်စွာ ရောက်ရှိလာခဲ့သည်။

"သွားကြစို့..."

သူမတို့သည် လွတ်မြောက်ရန်အခွင့်အရေးကို အရယူကာ ထွက်ပြေးသွားကြတော့သည်။

ကျန်းရွှမ်သည် သူမတို့ ထွက်ခွာသွားသည်ကို ကြည့်ပြီးနောက် ခြံဝန်းအတွင်း၌ လှည့်ပတ်ကြည့်ပြီး ခန်းမဆောင်၏သိုလှောင်ခန်းများကို ရှာဖွေလိုက်သည်။ သူသည် ဆေးပင်များ ရတနာများနှင့် ကျင့်ကြံနည်းစနစ်များကို ရှာဖွေတွေ့ရှိပြီး ထိုအရာများကို သူ၏ကမ္ဘာသစ်အတွင်းတွင် ချက်ချင်းသိမ်းဆည်းလိုက်၏။

ထိုကိစ္စများကို အဆုံးသတ်ပြီးနောက် သူသည် ခေါင်မိုးပေါ်သို့ ခုန်တက်ပြီး ညအမှောင်ထုအတွင်း၌ ပျောက်ကွယ်သွားသည်။

သူ ထွက်ခွာသွားပြီး မိနစ်အနည်းငယ်အကြာတွင် ဝတ်ရုံနက်ဝတ်ထားသော ကျင့်ကြံသူတစ်စုသည် ပုရွှီခန်းမဆောင်၏တံခါးဝသို့ ရောက်ရှိလာသည်။

"အစောင့်မရှိဘူးလား..."

ထိုလူစု၏ခေါင်းဆောင်က မျက်မှောင်ကြုတ်ပြီး တီးတိုးရေရွတ်လိုက်သည်။

ထိုဝတ်ရုံနက်ဝတ်အဖွဲ့သည် တိတ်တဆိတ် ဝင်ရောက်သွားသော်လည်း အတွင်း၌ တွေ့ရှိရသော မြင်ကွင်းက သူတို့ကို ကြက်သေသွားစေသည်။ ခြံဝန်းအတွင်း၌ အလောင်းများ နေရာအနှံ့ ပြန့်ကျဲနေပြီး အသက်ရှင်ကျန်ရစ်သူ တစ်ဦးတစ်ယောက်မျှ မရှိချေ။

"ဒါက... ဒီနေရာမှာ ဘာဖြစ်သွားတာလဲ..."

"သူတို့အားလုံး သေသွားပြီလား..."

"ခန်းမသခင်က နောက်တစ်ဖွဲ့ကို စေလွှတ်လိုက်တာလား"

ခေါင်းဆောင်က အလောင်းများကို အနီးကပ်စစ်ဆေးလိုက်သည်။

"ဒီလူတွေကို တစ်ချက်တည်းနဲ့ သတ်ဖြတ်ခဲ့တာပဲ...ဒါကိုလုပ်ခဲ့တဲ့သူက အနည်းဆုံးတော့ နတ်ဘုရားစိတ်ဝိညာဉ်နယ်ပယ် ကျင့်ကြံသူတစ်ယောက်ပဲ...ငါတို့ ခုချက်ချင်းပြန်ပြီး သတင်းပို့ရမယ်"

ဝတ်ရုံနက်ဝတ်အဖွဲ့သည် တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ဆုတ်ခွာသွားပြီး ဤတုန်လှုပ်ဖွယ်သတင်းကို သူတို့၏အကြီးအကဲများထံသို့ သတင်းပို့လိုက်ကြသည်။

ထိုအချိန်တွင် ကျန်းရွှမ်သည် ကံကြမ္မာခန်းမဆောင်သို့ ပြန်သွားနေသည်။ သခင်မယု၏မှတ်ဥာဏ်များဖြင့် လက်နက်များစုံလင်နေသော သူသည် လင်းပုယန်အဖြစ် သူ၏အယောင်ဆောင်မှုကို ဆက်လက်၍ထိန်းသိမ်းထားနိုင်မည်ဟု ယုံကြည်ချက်ရှိနေသည်။

သူ ခန်းမဆောင်အတွင်းသို့ ဝင်ရောက်သွားချိန်တွင် ရှဲ့ဖုန်းက သူ့ကို ချက်ချင်း ကြိုဆိုလိုက်ပြီး သူ့ကိုကြည့်ရသည်မှာ သိသိသာသာ စိတ်သက်သာရာရသွားပုံပင်။

"အကြီးအကဲလင်း... ခင်ဗျား နောက်ဆုံးတော့ ရောက်လာပြီ..ခန်းမဆောင်သခင်က ခင်ဗျားကို လိုက်ရှာနေတာ ကြာလှပြီ..."

"ခန်းမဆောင်သခင်ကလား"

ကျန်းရွှမ်က မျက်ခုံးပင့်လိုက်သည်။

"ဟုတ်ကဲ့..."

ရှဲ့ဖုန်းက ခေါင်းညိတ်လိုက်သည်။

ကျန်းရွှမ်သည် သူ့ကို ရင်းမြစ်ငွေလက်မှတ်တစ်ခု ပေးပြီး မေးမြန်းလိုက်၏။

"ဘာကြောင့်လဲဆိုတာ မင်း သိလား"

ထိုငွေလက်မှတ်ကို အိတ်အတွင်းသို့ထည့်လိုက်ရင်း ရှဲ့ဖုန်းက သတိကြီးစွာထား၍ တုံ့ပြန်အဖြေပေးသည်။

"ဖုန်းကျောက်ထင်က ခုဏက ဒီနေရာကို ရောက်လာခဲ့တယ် . ကျွန်တော် အသေးစိတ်တော့ သေချာမသိဘူး... ဒါပေမဲ့ အရေးကြီးပုံရတယ်"

"ဖုန်းကျောက်ထင်...."

ကျန်းရွှမ်က စဥ်းစားတွေးတောလိုက်သည်။

သူ၏ညီ သေဆုံးသွားသည့်သတင်းသည့် ဖုန်းကျောက်ထင်ထံသို့ လျင်မြန်စွာ ရောက်ရှိသွားပုံရသည်။

"လမ်းပြပါ.."

ကျန်းရွှမ်က ပြောဆိုသည်။

ရှဲ့ဖုန်းက ခေါင်းညိတ်ပြကာ အချိန်တခဏကြာခန့် တုံ့ဆိုင်းနေပြီးမှ ထပ်မံ၍ ပြောဆိုသည်။

"ခန်းမဆောင်သခင် ဒီလောက်ထိ ပျာယာခတ်နေတာကို မြင်ရတာ အရမ်းရှားပါးတယ်...အဖွဲ့ငါးဖွဲ့ အပြင်ကို ထွက်သွားကြပြီ...လက်ထောက်ခန်းမဆောင်သခင်ရာထူးအတွက် ဆုံးဖြတ်လိုက်ပြီလား မသိဘူး..."

ကျန်းရွှမ်က ရယ်မောလိုက်သည်။

"အဲ့ဒီလို မဖြစ်နိုင်ဘူး...ဒါက ငါ ဖုန်းယိကျိုးကို သတ်လိုက်တာနဲ့ ပတ်သက်နေလောက်တယ်.."

ရှဲ့ဖုန်း၏ခန္ဓာကိုယ် တောင့်တင်းသွားသည်။

"ခင်ဗျားက.. ဖုန်းယိကျိုးကို သတ်လိုက်တာလား... အကြီးအကဲဖုန်းရဲ့ညီဖြစ်တဲ့ ဖုယွမ်ကုန်သွယ်ရေးအိမ်တော်ပိုင်ရှင်ကိုလား..."

သူ၏မျက်နှာ ပြာနှမ်းသွားပြီး သူ၏မျက်နှာပေါ်တွင် မယုံကြည်နိုင်သောအရိပ်အယောင်များ အထင်းသားထင်ဟပ်နေသည်။

Thank For Reading.

All Chapters