← Chapters

ဖုန်းယိကျိုး

Vol. 12 Ch. 173

ဖုန်းယိကျိုး

Vol. 12 Ch. 173

ဖုန်းယိကျိုးသည် အစစ်အမှန်မိစ္ဆာတစ်ကောင်ဖြစ်ပြီး ထောင်နှင့်ချီသောသားရဲများထက် ပို၍ရက်စက်ကြမ်းကြုတ်သည့် နတ်ဆိုးတစ်ကောင်ပင်။

သူ၏ကိုယ်ရေးရာဇဝင်ကို ဖတ်ရှုပြီးနောက် ကျန်းရွှမ်သည် စိတ်မထိန်းနိုင်တော့ဘဲ မေးမြန်းလိုက်၏။

"ဒီလို ရာဇဝင်မျိုးရှိပြီးတော့ ဆိုးရွားတဲ့ ရာဇဝတ်မှုတွေအများကြီးကို ကျူးလွန်ထားတဲ့ လူတစ်ယောက်ကို... ဟန်ယွမ်တော်ဝင်မိသားစုက ဘယ်လိုလုပ်ပြီး လွတ်လွတ်လပ်လပ် သွားလာခွင့်ပြုထားတာလဲ..."

"တကယ်တော့ သူတို့က ခွင့်ပြုထားတာမဟုတ်ဘူး"

ဖုယင်ယင်က သူမ၏လက်များကိုနောက်ပစ်ကာ ရင်ကော့ပြီး ဆွဲဆောင်မှုရှိသော အပြုံးဖြင့် တုံ့ပြန်အဖြေပေးသည်။

"ဒါပေမဲ့ သူရဲ့လှုပ်ရှားတိုင်းမှာ ခုခံချေပစရာတစ်ခုခုရှိနေတယ် ဒါမှမဟုတ် သူနဲ့ ဘာမှမဆိုင်ဘူးဖြစ်နေတာပဲ... ခိုင်မာတဲ့သက်သေမရှိရင် ဟန်ယွမ်တော်ဝင်မိသားစုတောင် ဘာမှမလုပ်နိုင်ဘူး...ဒါ့ပြင် အရေးကြီးဆုံးအကြောင်းရင်းက..."

သူမသည် စကားကိုဆိုင်းငံ့လိုက်ပြီး သူမ၏လှပသော မျက်လုံးများသည် သူ့အပေါ်တွင် စူးစိုက်၍ကျရောက်နေပေ၏။

"အရေးကြီးဆုံးအကြောင်းရင်းက ဘာလဲ..."

ကျန်းရွှမ်သည် သူမ၏ဟန်များနေကို လျစ်လျူရှုပြီး မေးမြန်းလိုက်သည်။

ဖုယင်းယင်းက ပြုံးလိုက်သည်။

"ရှင် တကယ်ပဲ မသိတာလား...ဒါမှမဟုတ် ကျွန်မနဲ့ ကစားနေတာလား..."

ကျန်းရွှမ်က ခေါင်းခါယမ်းပြီး ပြောဆိုသည်။

"ငါက ဘာကို သိရမှာလဲ..."

"ရှင်က လက်ထောက်ခန်းမဆောင်သခင်ရာထူးအတွက် အကြီးအကဲဖုန်းကျောက်ထင်နဲ့ ယှဉ်ပြိုင်နေတာလေ...ရှင်က သူ့ရဲ့နောက်ခံကို စုံစမ်းစစ်ဆေးမှုတွေ မလုပ်ခဲ့ဘူးလို့တော့ ကျွန်မကို မပြောနဲ့...ဖုန်းယိကျိုးက သူ့ရဲ့ညီလေးပဲ"

"ဖုန်းကျောက်ထင်ရဲ့ညီလား..."

ကျန်းရွှမ် ကြက်သေသေသွားသည်။ ဤသည်မှာ မထူးဆန်းတော့ချေ။

အပြစ်ပုံချရန် တစ်စုံတစ်ဦး အဆင်သင့်ရှိနေကာ တိုက်ရိုက်သက်သေမရှိသည့်အပြင် အာဏာနှင့်စွမ်းအားနှစ်ခုလုံး၏ ကျောထောက်နောက်ခံရှိသော ဖုန်းယိကျိုးကို မည်သူက ထိဝံ့မည်နည်း။ ဟန်ယွမ်တော်ဝင်မိသားစုပင်လျှင် နှစ်ခါပြန်စဉ်းစားပေလိမ့်မည်။

ဒုတိယကိုယ်ရေးရာဇဝင်ကို ကောက်ယူပြီး ကျန်းရွှမ်က စတင်ဖတ်ရှုလိုက်သည်။

အမဲလိုက်စာရင်းတွင် အဆင့်လေးဆယ့်တစ်၌ရှိသော လီယွဲ့အန်း...

သူသည် ရင်းမြစ်ရေအိုင်နယ်ပယ် နဝမအဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး ဓမ္မလွတ်မြောက်ခြင်းနယ်ပယ်တွင် ရှိနေကာ လမ်းမှားရောက်နေသော ကံကြမ္မာဆရာသခင်တစ်ဦးပင်။ သူသည် "သစ္စာဖောက်ခြင်း ကောင်းကင်ကံကြမ္မာ"ကို ကျင့်ကြံသည်။

ဟန်ယွမ်၅၈၀နှစ်: သူသည် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကာ ကျန်းယိုရှန်းအမည်ရှိ အထက်တန်းလွှာအရာရှိတစ်ဦးက ကယ်တင်ခဲ့ပြီး သူ့ကို သမီးဖြစ်သူနှင့် လက်ထပ်ပေးခဲ့သည်။ နောက်တစ်နှစ်အကြာတွင် လီယွဲ့အန်းသည် သူ့ကို သစ္စာဖောက်ပြီး သူ၏ပြိုင်ဘက်အရာရှိဘက်သို့ ဘက်ပြောင်းခဲ့ကာ သတင်းမှားများပေးပို့ခဲ့သဖြင့် ကျန်းယိုရှန်း၏မိသားစုတစ်စုလုံး သေဒဏ်ပေးခြင်းခံခဲ့ရသည်။

ဟန်ယွမ် ၅၈၇နှစ်: စမ်းသပ်မှုတစ်ခုအတွင်း သူသည် အပေါင်းအဖော်များ၏နေရာများကို ရင်းမြစ်သားရဲများထံသို့ ပေါက်ကြားစေခဲ့ရာ ခုနစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့သည်။

ဟန်ယွမ်၅၈၈နှစ်: သူ့အား ကျင့်ကြံနည်းစနစ်များကို သင်ကြားပေးခဲ့သော ဆရာသခင်ကို သစ္စာဖောက်ပြီး အရှင်လတ်လတ် မြှုပ်နှံခဲ့သည်။

ကျန်းရွှမ်၏ဦးရေပြား ထုံကျင်သွားသည်။

သစ္စာဖောက်ခြင်း ကောင်းကင်ကံကြမ္မာ... ဤကဲ့သို့အရာမျိုး ရှိခဲ့သလော...

ဤသည်မှာ ကျန်းရွှမ်ကို သူ၏အတိတ်ဘဝ၌ ကျော်ကြားသော လွီပုသည် သူ၏ပါရမီအရည်အချင်းကြောင့် ထူးချွန်လာသလော သို့မဟုတ် မွေးစားသားအဖအဖြစ် ကျိန်ဆိုထားမှုမှတဆင့် သူ၏မွေးစားဖခင်ထံမှ စွမ်းအားရရှိသော "မွေးစားဖခင် ကောင်းကင်ကံကြမ္မာ" မျိုးကြောင့် ထူးချွန်လာသလောဟု တွေးတောမိစေသည်။

ဖုယင်ယင်က ရှင်းပြသည်။

"ဒီကောင်းကင်ကံကြမ္မာက သူ သစ္စာဖောက်တဲ့လူတွေများလာပြီးတော့ သူတို့တွေ ခံစားရတဲ့ နာကျင်မှုများလေလေ သူက ပိုပြီးသန်မာအားကောင်းလာလေပဲ"

ကျန်းရွှမ်က တည်ကြည်လေးနက်စွာ ခေါင်းညိတ်လိုက်သည်။ ဤပုံစံမှာ ရှင်းလင်းပေ၏။ လူတစ်ဦး၏ ကောင်းကင်ကံကြမ္မာကို ထုတ်ဖော်ပြောဆိုခြင်း မပြုရန် တားမြစ်ထားသည်မှာ အံ့အားသင့်စရာမရှိတော့ချေ။ ဤကိစ္စကို ကြိုသိလျှင် မည်သူမဆို ထိုသို့သောလူစားမျိုးကို သေလုမျောပါးဖြစ်နေလျှင်ပင် ကယ်တင်မည်မဟုတ်ချေ။

"ဒီလူမှာလည်း အားကောင်းတဲ့ နောက်ခံရှိနေတာလား..."

ကျန်းရွှမ်က မေးမြန်းသည်။

"သူရဲ့နောက်ခံက သိပ်မကောင်းဘူး"

ဖုယင်ယင်က တုံ့ပြန်အဖြေပေးသည်။

"ဒါပေမဲ့ သူက မယုံနိုင်လောက်အောင် လိမ္မာပါးနပ်တယ်... သူ ပျောက်ဆုံးနေတာ ခုနစ်နှစ်ကြာပြီ... ဟန်ယွမ်တော်ဝင်မိသားစုနဲ့ ကံကြမ္မာခန်းမဆောင်နှစ်ခုစလုံးက သူ့ကိုရှာဖို့အတွက် လူတွေလွှတ်ခဲ့ပေမယ့် သူက ဟန်ယွမ်မြို့ကနေ ပျောက်ကွယ်သွားခဲ့တယ်"

ကျန်းရွှမ်က စဉ်းစားနေဟန်ဖြင့် ခေါင်းညိတ်ပြပြီး တတိယကိုယ်ရေးရာဇဝင်ကို ဆက်လက်၍ကြည့်လိုက်၏။

တတိယပစ်မှတ်သည် နာမည်ဆိုးဖြင့် ကျော်ကြားသော "ပန်းသူခိုး" တစ်ဦးဖြစ်ပြီး ဓမ္မလှည့်လည်ခြင်းနယ်ပယ်ရှိ ကျင့်ကြံသူတစ်ဦးပင်။ သို့ရာတွင် သူ၏နည်းလမ်းသည် ထူးခြားပေ၏။ သူသည် သူ၏စိတ်ဝိညာဉ်ကို အသုံးပြု၍ အမျိုးသမီးများကို သူမတို့၏အိပ်မက်များအတွင်းတွင် စော်ကားပြီး ရုပ်ပိုင်းဆိုင်ရာသက်သေ တစ်စုံတစ်ရာမျှ မချန်ထားခဲ့ချေ။ သူ၏သားကောင်များမှ တရားမျှတမှုကို ရှာဖွေလျှင်ပင် ဤသည်မှာ ကွက်ကွက်ကွင်းကွင်းမြင်ရသော အိပ်မက်တစ်ခုအဖြစ် ပယ်ချခံရပေလိမ့်မည်။

"ဘယ်လောက်တောင် ယုတ်မာတဲ့ နည်းလမ်းလဲ..."

ကျန်းရွှမ်က တီးတိုးရေရွတ်လိုက်သည်။

ဤနည်းလမ်းသည် သူ့ကို မည်သည့်အကျိုးဆက်မှမရင်ဆိုင်ရဘဲ မည်သည့်အမျိုးသမီးကိုမဆို စော်ကားခွင့်ပေးနိုင်သည်။ ဤသည်မှာ အမှန်တကယ်ကို ယုတ်မာကောက်ကျစ်သော နည်းစနစ်တစ်ခုပင်။

"ဒါပေမဲ့ သူ့ရဲ့ဆုငွေက ဘာလို့ ဒီလောက်ထိ မြင့်မားနေတာလဲ....ပထမနှစ်ယောက်နဲ့ နှိုင်းယှဉ်ရင် ဒီလူက အဲဒီလောက်ထိ အန္တရာယ်များပုံမရဘူး"

ပန်းသူခိုးသည် လင်းပုယန်ထက် ကျင့်ကြံဆင့်နိမ့်ကျသော်လည်း သူသည် စာရင်းတွင် အဆင့် ဆယ့်လေး၌ရှိပြီး ရင်းမြစ်ဒင်္ဂါး သန်းငါးဆယ်ဆုငွေထုတ် ခံထားရကာ တခြားလူနှစ်ဦးထက် သိသိသာသာ မြင့်မားသည်။

ဖုယင်ယင်က အေးစက်စက်နှာတစ်ချက်မှုတ်လိုက်သည်။

"သူ့ရဲ့သားကောင် ဖြစ်ခဲ့တဲ့ မိန်းကလေးတွေက ကျူးလွန်ခံရတဲ့အချိန်အတွင်းက အသေးစိတ်အချက်အလက်အားလုံးကို ခရေစေ့တွင်းကျ မှတ်မိနေကြတယ်...သူတို့ရဲ့ခန္ဓာကိုယ်တွေ မထိခိုက်ပေမယ့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုက ကြီးမားတယ်...လူတွေအများကြီးက သူ့ကိုသေစေချင်ကြတယ်...ဒါကြောင့် သူ့အတွက်ဆုငွေက မြင့်တက်လာတာပဲ... ဒါပေမဲ့ သူ လှုပ်ရှားတိုင်းမှာ သူ့ရဲ့ပုံသွင်သွင်ပြင်ကို ပြောင်းလဲထားတယ်...ဘယ်သူမှ သူ့ရဲ့သရုပ်မှန်ကို မသိဘူး... ဒါကြောင့် သူက ဖမ်းဆီးခံရမယ့်ဘေးကနေ နှစ်တွေအများကြီးကြာအောင် လွတ်မြောက်နေတာပဲ..."

ကျန်းရွှမ်သည် နားလည်သဘောပေါက်သွားပြီး ခေါင်းညိတ်လိုက်၏။

ပန်းသူခိုး၏သားကောင်များသည် ရုပ်ခန္ဓာကိုယ်များမထိခိုက်သော်လည်း သူ ချန်ထားခဲ့သော စိတ်ပိုင်းဆိုင်ရာဒဏ်ရာများသည် ခွင့်မလွှတ်နိုင်ဖွယ်ရာပင်။

"မင်း ဒီလောက်ထိ စိတ်ဆိုးနေတာကို ကြည့်ရင် မင်းက သူ့ရဲ့ပစ်မှတ်တွေထဲက တစ်ယောက်များဖြစ်ခဲ့တာလား..."

ကျန်းရွှမ်က သွေးတိုးစမ်း၍ မေးမြန်းသည်။

"အမှန်ပဲ... သူ ကြိုးစားခဲ့ပေမယ့် ကျွန်မက သူ့ကို မောင်းထုတ်လိုက်တယ်"

ဖုယင်ယင်က ခေါင်းခါပြရင်း တုံ့ပြန်အဖြေပေးသည်။

ကျန်းရွှမ်သည် သူမ၏စကားကို ယုံကြည်ပေ၏။

ဖုယင်ယင်သည် နတ်ဘုရားစိတ်ဝိညာဉ်နယ်ပယ်၏ အထွတ်အထိပ်အဆင့်တွင်သာ ရှိသော်လည်း မှောင်ခိုစျေး၏အုပ်ချုပ်သူအရှင်မဟူသော အဆင့်အတန်းမှတဆင့် သူမထံတွင် ရတနာများစွာရှိကြောင်း သိရှိနိုင်သည်။ ဓမ္မလွတ်မြောက်ခြင်းနယ်ပယ် ထိပ်သီးကျင့်ကြံသူတစ်ဦးပင်လျှင် သူမနှင့်ရင်ဆိုင်ရပါက လွယ်လင့်တကူ အသာစီးမရနိုင်ချေ။

"အကြီးအကဲလင်း ...တခြားဘာများ လိုသေးလဲ...ကျွန်မက ရှင့်အတွက် ပြင်ဆင်ပေးနိုင်ပါတယ်"

ဖုယင်းယင်းက စကားလမ်းကြောင်းလွှဲကာ မေးမြန်းလိုက်သည်။

"ဘာမှ မလိုတော့ဘူး...ငါလိုချင်တာအားလုံးကို ရပြီးပြီ"

ကျန်းရွှမ်သည် သူ၏အဓိကရည်မှန်းချက်နှစ်ခုဖြစ်သော ကျင့်ကြံခြင်းနည်းစနစ်များနှင့် ကံကြမ္မာချပ်ပြားများရရှိရန်ကို အောင်မြင်ခဲ့သည်။ အမဲလိုက်စာရင်းနှင့်ငွေရှာရန်နည်းလမ်းများမှာ အပိုဆုများသာ ဖြစ်ပေ၏။

"အဲ့ဒီလိုဆိုရင် ကျွန်မက ရှင့်အတွက် တိုက်ပွဲတစ်ပွဲကို စီစဉ်ပေးပါ့မယ်...ရှင်နဲ့ကျင့်ကြံဆင့်တူညီတဲ့ ဟန်ယွမ်တော်ဝင်မိသားစုက တိုက်ပွဲအရူးမင်းသားတစ်ပါးလည်း တိုက်ခိုက်ဖို့အတွက် စိတ်အားထက်သန်နေတာနဲ့ တိုက်ဆိုင်နေတယ်... ရှင် သဘောတူရင် ကျွန်မ စီစဉ်ပေးပါ့မယ်"

"ဒါက အဆင်ပြေပါတယ်"

ကျန်းရွှမ်က ခေါင်းညိတ်လိုက်သည်။

ဖုယင်ယင်က အချိန်တခဏကြာခန့် စဥ်းစားတွေးတောပြီး ပြောဆိုသည်။

"ဒါဆိုရင် ကျေးဇူးပြုပြီးတော့ သုံးရက်ကြာပြီးရင် ရှင်က တိုက်ပွဲအတွက် ဒီနေရာကို ပြန်လာခဲ့ပါ...လူတိုင်း လောင်းကြေးထပ်နိုင်အောင် ကျွန်မက သတင်းဖြန့်ပေးပါ့မယ်"

ကျန်းရွှမ်က သဘောတူညီပြီးနောက် သူ့ကိုခေါ်ဆောင်လာသော လှေငယ်ပေါ်သို့ပြန်တက်ကာ ထွက်ခွာသွားခဲ့သည်။

ဤမှောင်ခိုစျေးထံသို့ အလည်အပတ်လာခြင်းသည် သူ၏ငွေများကို ကုန်ခမ်းသွားစေသော်လည်း ရရှိခဲ့သော အကျိုးအမြတ်များသည် ကြီးမားပေ၏။

သူ ထွက်ခွာသွားသည်နှင့် ဖုယင်ယင်၏အပြုံး ပျောက်ကွယ်သွားပြီး လေးလေးနက်နက် စဉ်းစားတွေးတောနေသောအမူအယာက အစားထိုးဝင်ရောက်လာသည်။

"သခင်မလေး... ဒီလင်းပုယန်က တစ်ခုခုလွဲနေလို့လား..."

မှောင်ရိပ်အတွင်းမှ ထွက်ပေါ်လာသော အစေခံတစ်ဦးက မေးမြန်းသည်။

ဖုယင်ယင်က မျက်မှောင်ကြုတ်လိုက်၏။

"ဒါက လွဲနေတာထက်ပိုတယ်...သူက လင်းပုယန်မဟုတ်ဘဲနဲ့ အယောင်ဆောင်နေတဲ့ လူတစ်ယောက်လို့ ငါ သံသယဝင်မိတယ်...."

"သခင်မလေးက ဘာလို့ အဲ့ဒီလို ပြောနိုင်တာလဲ..."

အစေခံက မေးမြန်းသည်။

"လင်းပုယန်က ငါ့ကိုတွေ့တိုင်း သူက ဘယ်တုန်းကမှ မိန်းမတစ်ယောက်ကို မမြင်ဖူးသလို ပြုမူပြီးတော့ အဆက်မပြတ် ပရောပရည်လုပ်တတ်တယ်...ငါက သူ့ကို မိန်းကလေးတွေရဲ့အိပ်မက်ထဲကိုဝင်ပြီး စော်ကားတဲ့ ပန်းသူခိုးလို့တောင် သံသယဝင်ခဲ့ဖူးတယ် .. ဒါပေမဲ့ အခု ဒီလူက ငါ့ကို မော့တောင်မကြည့်ဘူး... ဒါ့ပြင် ငါ့ရဲ့ဆွဲဆောင်မှုနည်းစနစ်တွေကလည်း သူ့ကို မထိခိုက်ဘူး... အဲ့ဒီထက်ပိုပြီးအရေးကြီးတာကတော့ လင်းပုယန်က သတ္တိကြောင်ပြီး သတိထားတတ်တဲ့လူလို့ နာမည်ဆိုးနဲ့ကျော်ကြားတာပဲ....ဒါပေမဲ့ သူက တိုက်ပွဲကို ဘာတွေဝေတုံ့ဆိုင်းမှုမှမရှိဘဲနဲ့ သဘောတူခဲ့တယ်..."

အစေခံသည် အသက်ရှူမှားသွားပေ၏။

"တကယ်ပဲ သူက အယောင်ဆောင်တစ်ယောက် ဖြစ်နေနိုင်လား..."

"ဖြစ်နိုင်တယ်...ဒါပေမဲ့ သူ တကယ်ဟုတ်မဟုတ်ဆိုတာက တိုက်ပွဲအတွင်းမှာ ရှင်းလင်းသွားလိမ့်မယ်... အစစ်အမှန်လင်းပုယန်က တိုက်ပွဲရူးမင်းသားကို ယှဉ်ပြိုင်နိုင်မှာမဟုတ်ဘူး...ဒါ့ပြင် ဓားမကြီးကောင်းကင်ကံကြမ္မာရဲ့ ထူးခြားတဲ့နည်းစနစ်တွေက အတုအပလုပ်လို့မရဘူး...သူ အဲ့ဒါတွေကို ထုတ်သုံးလိုက်တာနဲ့ သူ့ရဲ့အထောက်အထားက သေချာသွားလိမ့်မယ်"

"သခင်မလေးက ထက်မြက်လိုက်တာ..."

...

လမ်းညွှန်၏မျက်စိစည်းခြင်းခံရကာ မှောင်ခိုဈေးမှ ခေါ်ဆောင်သွားခံရပြီးနောက် ကျန်းရွှမ်သည် နောက်ဆုံးတွင် လက်ဖက်ရည်ဆိုင်သို့ ပြန်ရောက်လာသည်။

သူသည် သောက်လီပေါ်သို့ တက်ပြီး မြို့သို့ပြန်ရန် သူ၏ခရီးကို စတင်လိုက်ကာ သူ ရှေ့ဆက်လုပ်ရမည့်ကိစ္စများကို စဉ်းစားတွေးတောလိုက်သည်။

"လင်းပုယန်အကြောင်း ရှုရှုင်းရဲ့မှတ်ဉာဏ်တွေက အရမ်းနည်းတယ်...ဒါ့ပြင် ငါက ဓားမကြီးကောင်းကင်ကံကြမ္မာအကြောင်းကို ရှာဖွေရမယ်... ငါ ဒီကိစ္စကို မလုပ်ဆောင်နိုင်ရင် ငါ အယောင်ဆောင်ထားတာက ဖော်ထုတ်ခံရလိမ့်မယ်"

ဖုယင်ယင်တွင် သံသယများရှိနေသော်လည်း ကျန်းရွှမ်ကမူ တိုက်ပွဲမတိုင်မီ ဓားမကြီးကျင့်ကြံနည်းစနစ်များကို ကျွမ်းကျင်အောင်လုပ်ခြင်းဖြင့် ထိုသံသယများကို ချေဖျက်နိုင်မည်ဟု ယုံကြည်ထားသည်။

"ဒါပေမဲ့ ဒီဓားမကြီးကောင်းကင်ကံကြမ္မာက ဘာလဲဆိုတာ ငါ အတိအကျသိဖို့လိုတယ်"

ကျန်းရွှမ်သည် စိတ်ပိုင်းဖြတ်လိုက်ကာ သူ၏စိတ်အာရုံသည် အဝေးရှိ ကြီးမားသော အဆောက်အအုံတစ်ခုဖြစ်သော 'ဖုယွမ်ကုန်သွယ်ရေးအိမ်တော်'သို့ ကျရောက်သွားသည်။

"ဖုန်းယိကျိုးရဲ့ဌာနချုပ်... အချိန်ကိုက်ပဲ...ငါ ဘာတွေရှာတွေ့နိုင်မလဲဆိုတာ ကြည့်ကြသေးတာပေါ့"

ကျန်းရွှမ်သည် မြင်းပေါ်မှ ခုန်ဆင်းလိုက်ပြီး ထိုအဆောက်အအုံဘက်သို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လှမ်းသွားသည်။

All Chapters