← Chapters

ဖုယင်ယင်(၃)

Vol. 12 Ch. 171

ဖုယင်ယင်(၃)

Vol. 12 Ch. 171

ကျန်းရွှမ်က သူ၏ရှေ့မှစာအုပ်များကို လှမ်းကြည့်လိုက်သည်။

"နတ်ဘုရားလှုပ်ရှားမှု နည်းစနစ်" ကြွေလွင့်စိတ်ဝိညာဉ်ထွက်ခွာခြင်း နည်းစနစ်" "စိတ်ဝိညာဉ်ချိုးဖျက်ခြင်း နည်းစနစ်" "ရေဒြပ်စင်အာရုံစူးစိုက်ခြင်းနည်းစနစ်" "ရွှေခန္ဓာကိုယ်ဓမ္မရုပ်သွင်နည်းစနစ်"...

စုစုပေါင်း စာအုပ်ငါးအုပ်ရှိပြီး ထိုအရာများ၏ခေါင်းစဉ်များအရ ရင်းမြစ်ရေအိုင်နယ်ပယ် နဝမအဆင့်အတွက် သင့်တော်သောကျင့်ကြံနည်းစနစ်များ ဖြစ်ပုံရသည်။

သူ၏လက်ချောင်းကို စာအုပ်ငါးအုပ်ပေါ်တွင် ညင်သာစွာ ပွတ်သပ်လိုက်ပြီးနောက် ကျန်းရွှမ်၏မျက်နှာအမူအယာ ချက်ချင်းသုန်မှုန်သွားသည်။

"သူဌေးမဖု....ဒါက နည်းနည်းတော့ ဖြစ်ကတက်ဆန်းနိုင်တယ် မဟုတ်လား...."

"အကြီးအကဲလင်းက ဘာလို့ ဒီလိုစကားမျိုးကို ပြောတာလဲ"

ဖုယင်ယင်က စူးစမ်းလိုစိတ်ဖြင့် သူ့ကို လှမ်းကြည့်လိုက်သည်။

ကျန်းရွှမ်က ပြောဆိုလိုက်၏။

"ဒီစာအုပ်ငါးအုပ်က ရင်းမြစ်ရေအိုင်နယ်ပယ် နဝမအဆင့်အတွက် ကျင့်ကြံနည်းစနစ်တွေ မဟုတ်ဘူး... အဖုံးအသစ်တွေတပ်ထားတဲ့ သာမန်ဆေးပညာစာအုပ်တွေပဲ... ငါတို့က စီးပွားရေးလုပ်နေကြတာဆိုမှတော့ ဒီလိုလှည့်စားမှုမျိုးလုပ်တာက သိပ်ပြီးမသင့်တော်ဘူး မဟုတ်လား"

"စာအုပ်တစ်အုပ်ကို မဖွင့်ဘဲ အဲ့ဒီထဲကအကြောင်းအရာတွေကို သိနေတာလား...အကြီးအကဲလင်းက ဒီလိုစွမ်းရည်မျိုးကို ဘယ်တုန်းက ရခဲ့တာလဲ...."

ဖုယင်ယင်၏မျက်လုံးများအတွင်းတွင် ညှို့ငင်မှုများ ပြည့်နှက်သွားပြီး သူမ၏လည်တိုင်အောက်သို့ ငုံ့ကြည့်ပြီး ရှက်ရွံချင်ယောင်ဆောင်ကာ ထိုနေရာကို တင်းတင်းကြပ်ကြပ် ဖုံးအုပ်လိုက်သည်။

"ဒီလိုဆိုရင် ရှင်က ကျွန်မရဲ့အရာအားလုံးကို မြင်ပြီးသွားပြီလား... ဘယ်လောက်တောင် ညစ်ညမ်းလိုက်လဲ... ရှင် တကယ်ကြီး ကြည့်ချင်ရင် စကားတစ်ခွန်း ပြောလိုက်ရုံပဲလေ...ကျွန်မက ရှင့်အတွက် အဝတ်အစားတွေ ချွတ်ပေးမှာပေါ့...ဒီလိုမျိုး ခိုးကြောင်ခိုးဝှက်လုပ်ဖို့ လိုအပ်လို့လား...."

ကျန်းရွှမ်၏နှုတ်ခမ်း မဲ့ရွဲ့သွားသည်။

ဤအမျိုးသမီး၏အတွေးအခေါ်တွင် အမှန်တကယ်ကို ပြဿနာရှိနေပေ၏။

စာအုပ်တစ်အုပ်ကို ထိတွေ့ခြင်းသည် ထိုအရာကို ကောင်းကင်ဘုံစာကြည့်တိုက်အတွင်းသို့ စုပ်ယူနိုင်စေပြီး ပါဝင်သောအကြောင်းအရာများကို ကူးယူကာ အသိပညာများကို သင်ယူနိုင်သည်။

'မင်းကို အဝတ်အစားမပါဘဲ မြင်ရတာက ငါ့အတွက် ဘာအကျိုးရမှာလဲ.... ဒါက ငါ့ရဲ့အသိပညာကို တစ်စက်ကလေးတောင် တိုးပွားစေမှာမဟုတ်ဘူး...'

'ဘယ်လောက်တောင် ပျင်းဖို့ကောင်းလိုက်လဲ...'

ကျန်းရွှမ်က သူ၏လက်များကိုနောက်ပစ်ထားရင်း အရေးမစိုက်သောအမူအယာဖြင့် ပြောဆိုသည်။

"မင်း အတွေးလွန်နေပြီ...ငါ့မှာ ဒီလိုစွမ်းရည်မျိုး မရှိဘူး..ငါ့မှာ သာမန်လူတစ်ယောက်ရဲ့ ပုံမှန်ခွဲခြမ်းစိတ်ဖြာနိုင်စွမ်းပဲ ရှိတယ်...ဒီစာအုပ်တွေရဲ့အဖုံးတွေက ခိုင်ခိုင်မာမာကပ်ထားပြီးတော့ ဟောင်းနွမ်းနေပုံရပေမဲ့ အနီးကပ်လေ့လာကြည့်ရင် စာရွက်တွေရဲ့အရောင်က နည်းနည်းကွာခြားနေတယ်ဆိုတာ ခွဲခြားသိမြင်နိုင်တယ်"

"အဲ့ဒီလိုလား..."

ဖုယင်ယင်သည် အံ့အားသင့်သွားပြီးနောက် စိတ်သက်သာရာရသွားသကဲ့သို့ ခံစားလိုက်ရသည်။

သူမ၏အဝတ်အစားများကို ထွင်းဖောက်၍ မြင်တွေ့သွားမည်ကို သူမ စိတ်မပူသော်လည်း ဤသည်မှာ သူမကို အနည်းငယ် စိတ်မသက်သာဖြစ်စေသည်။ အထူးသဖြင့် ငွေပေးချေမှုကို မပြုလုပ်ဘဲ ထိကပါးရိကပါးလုပ်ခြင်းကို သူမ လက်မခံနိုင်ချေ။

"လက်အောက်ငယ်သားတွေ မှားသွားတာ ဖြစ်နိုင်တယ်....ကျွန်မ သွားပြန်စစ်ဆေးလိုက်အုံးမယ်..."

ဖုယင်ယင်သည် သူမ အမှားလုပ်မိမှန်း သိသောကြောင့် ဆက်မပြောတော့ဘဲ လှည့်ထွက်သွားသည်။ မကြာမီမှာပင် သူမသည် စာအုပ်လေးဆယ်ငါးဆယ်ခန့်ကို သယ်ဆောင်၍ ပြန်လည်ရောက်ရှိလာသည်။

ကျန်းရွှမ်၏လက်ချောင်းများသည် ထိုစာအုပ်များအပေါ်သို့ ကျရောက်သွားပြီးနောက် ကောင်းကင်ဘုံစာကြည့်တိုက်သည် အကြောင်းအရာများကို ကူးယူလိုက်ရာ ဤတစ်ကြိမ်တွင် မည်သည့်ပြဿနာမျှမရှိချေ။

"ဒီစာအုပ်တွေကရော ဘယ်လိုလဲ...စစ်မှန်ရဲ့လား..."

ဖုယင်ယင်က မေးမြန်းသည်။

"အင်း..."

ကျန်းရွှမ်က ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီလေ...ငါ ဒီစာအုပ်တွေကို ကြည့်ပြီးသွားပြီ... ဒါတွေကို ပြန်ယူသွားဖို့ မင်းကို ဒုက္ခပေးရတော့မှာပဲ...."

"ဒါပဲလား..."

ဖုယင်ယင်သည် အချိန်တခဏကြာမျှမှင်သက်သွားပြီး သူမ၏မျက်လုံးများအတွင်းတွင် စူးစမ်းလိုစိတ်များဖြင့် ပြည့်နှက်နေကာ သူမ၏ရှေ့မှလူကို ကြည့်လိုက်၏။

ရိုးရိုးသားသားဝန်ခံရလျှင် အကြီးအကဲလင်းသည် အဆင့်အတန်းမြင့်မားပြီး အစွမ်းထက်သောပုဂ္ဂိုလ်တစ်ဦးဖြစ်သော်လည်း သူမသည် သူမ၏ဘဝတွင် လူအမျိုးမျိုးကို မြင်တွေ့ခဲ့ပြီးဖြစ်သောကြောင့် သူ့ကို အရေးမစိုက်ခဲ့ချေ။ ယနေ့တွင်မူ သူသည် သူမအား သိသာထင်ရှားသောစိတ်ဝင်စားမှုကို ဖြစ်ပေါ်စေခဲ့သည်။

ယခင်က လင်းပုယန်သည် သူမကို ဖောက်လွဲဖောက်ပြန်စိတ်မျိုးဖြင့် မကြာခဏကြည့်တတ်ပြီး သူမနှင့် လှုပ်ရှားမှုတချို့ပြုလုပ်ရန် စိတ်အားထက်သန်ပုံရသည်။ ယခုချိန်တွင်မူ သူ၏အကြည့်သည် ကြည်လင်သန့်စင်နေပြီး စားပွဲပေါ်ရှိစာအုပ်များလောက်ပင် သူမကို အာရုံမစိုက်ချေ။

သူမ လုံ့လဝီရိယစိုက်ကာ ကျင့်ကြံခဲ့သော ညှို့ငင်ခြင်းစွမ်းရည်သည် အကျိုးသက်ရောက်မှုမရှိသည့်အလားပင်။

ကျန်းရွှမ်က မေးမြန်းသည်။

"ငါက စာအုပ်တွေကို ဒီလိုပဲကြည့်မယ်ဆိုရင် မင်း ငါ့ကို ဘယ်ဈေးနဲ့ပေးနိုင်မလဲ"

ဖုယင်ယင်သည် စဥ်းစားတွေးတောလိုက်၏။

ဤကဲ့သို့နည်းလမ်းဖြင့် စာအုပ်များကို ဖတ်သူတစ်ဦးအား သူမ ပထမဆုံးအကြိမ် ကြုံတွေ့ဖူးခြင်းပင်။ တခြားလူများသည် လေ့လာသင်ယူရန်အတွက် စာအုပ်ဖတ်ကြသော်လည်း ဤလူကမူ အမှန်တကယ်ကို ကြည့်ရုံသက်သက်ပင်။

ထိုစာအုပ်များကို လှန်လှောခြင်းမပြု ကူးယူခြင်းမပြုဘဲ သူ၏လက်ကို စာအုပ်၏မျက်နှာပြင်ပေါ်သို့ တို့ထိကာ အာရုံခံရုံမျှသာဖြစ်သည်။

သူမ ငွေတောင်းရန်အတွက်မှာ သူသည် ထိုစာအုပ်များကို အမှန်တကယ် မဖတ်သည့်အပြင် ပါဝင်သောအကြောင်းအရာများကိုလည်း မသိရှိချေ။

သူမ ငွေမတောင်းရန်မှာမူ ဤစာအုပ်များကို စုဆောင်းရန်အတွက် ကြိုးစားအားထုတ်မှုနှင့်အချိန်လိုအပ်သည်။

"ဒီလိုဆိုရင်ရော ဘယ်လိုသဘောရလဲ.... စာအုပ်တစ်အုပ်ကို ရင်းမြစ်ဒင်္ဂါးတစ်သောင်း..."

ဖုယင်ယင်က ပြောဆိုသည်။

"ကောင်းပြီလေ..."

ကျန်းရွှမ်က ခေါင်းညိတ်လိုက်သည်။

စာအုပ်တစ်အုပ်လျှင် ရင်းမြစ်ဒင်္ဂါးတစ်သောင်း စာအုပ်တစ်ထောင်အတွက် စုစုပေါင်းဆယ်သန်းမျှသာဖြစ်သဖြင့် သူပေးချေနိုင်သည့်ပမာဏပင်။

ထို့အပြင် စနစ်တကျကောင်းကင်လမ်းကြောင့် သူသည် စာအုပ်များစွာ လိုအပ်မည်မဟုတ်ဘဲ အုပ်ငါးရာခန့်ရရှိလျှင် လုံလောက်နိုင်ပေ၏။

ရင်းမြစ်ဒင်္ဂါးငါးသန်း...တခြားလူများအတွက် ရှာဖွေရခက်ခဲသော ငွေပမာဏသည် သူ့အတွက်မူ တာဝန်အနည်းငယ် ပိုယူရုံမျှသာဖြစ်သည်။

သူ၏သဘောတူညီချက်ကို မြင်တွေ့ချိန်၌ ဖုယင်ယင်က ပြောဆိုသည်။

"ဒါဆို အပေးအယူဖြစ်ပြီ...ကျွန်မက ရှင့်အတွက် ဒီကျင့်ကြံနည်းစနစ်စာအုပ်တွေ စုဆောင်းပေးမယ်.... ဒါပေမဲ့ ကျွန်မ အချိန်သုံးရက်လိုတယ်...စာအုပ် ဘယ်လောက်ရှာနိုင်မလဲဆိုတာကတော့ ပြောရခက်တယ်"

"ကောင်းပြီလေ.. ငါ သုံးရက်ကြာပြီးရင် လာယူမယ်"

ကျန်းရွှမ်က ခေါင်းညိတ်လိုက်သည်။

"ကံကြမ္မာချပ်ပြားတွေကိစ္စကတော့ ဒီလိုလုပ်ကြရအောင်...လောလောဆယ် ငါ့ကို သုံးချပ်ပေးပါ..."

ကောင်းကင်ကံကြမ္မာချပ်ပြားတစ်ချပ်လျှင် လေးသန်းဖြင့် သုံးချပ်လျှင် ဆယ့်နှစ်သန်းကုန်ကျပေမည်။ သူသည် အဖြူရောင်ကျောက်တုံးမြို့တွင် သန်းသုံးဆယ်ကျော် ရရှိခဲ့သော်လည်း ငွေအများစုကို စွန်းချန်အား စီမံခန့်ခွဲရန် ပေးအပ်ခဲ့သည်။ သူထံ၌ ကံကြမ္မာချပ်ပြားသုံးချပ်ကို ဝယ်ယူရန် လုံလောက်ရုံမျှသာရှိမည်ဟု တွက်ဆလိုက်သည်။

ကောင်းကင်ကံကြမ္မာနှစ်ခြင်းခံရန်အတွက်မူ ပထမဆုံးအနေဖြင့် သူသည် လင်းပုယန်အဖြစ် ဟန်ဆောင်ထားသဖြင့် ပါဝင်ရန်မသင့်တော်ဟု တွေးထင်မိသည်။ ဒုတိယအနေဖြင့် ဟန်ယွမ်မြို့တော်ရှိ ကောင်းကင်ကံကြမ္မာနှစ်ခြင်းသည် ရက်အနည်းငယ်အကြာက စာအုပ်များတွင် သူ ဖတ်ရှုခဲ့သည့်အတိုင်းဆိုလျှင် ခြောက်လကြာမှ စတင်ပေမည်။ ဤသည်မှာ အလွန်ကြာမြင့်သော အချိန်ဖြစ်ကြောင်း သိသာထင်ရှားသည်။ ထို့ကြောင့် ငွေများကို အရေးအကြီးဆုံးနေရာတွင် သုံးစွဲခြင်းက သူ့အတွက် ပို၍ကောင်းပေမည်။ နောက်ပိုင်းတွင် ထိုကိစ္စ၌ သူ ပါဝင်လိုလျှင် ငွေကြေးအလုံအလောက်ရရှိရန် ထပ်မံ၍ရှာဖွေရပေမည်။

"ရပါတယ်..."

ဖုယင်ယင်သည် သူမ၏လက်များကိုမြှောက်ပြီး လက်ခုပ်တီးလိုက်သည်။ မကြာမီမှာပင် လူငယ်တစ်ဦးသည် ကံကြမ္မာချပ်ပြားသုံးချပ်နှင့်အတူ ရောက်ရှိလာသည်။

ကျန်းရွှမ်သည် ထိုအရာများကို လက်ခံလိုက်ကာ အသစ်စက်စက်ဖြစ်ကာ အသုံးမပြုရသေးကြောင်း အတည်ပြုရန် သေချာစစ်ဆေးပြီးနောက် အိတ်အတွင်းသို့ ထည့်လိုက်၏။ ထို့နောက် သူက ဖုယင်ယင်ကိုကြည့်ပြီး မေးမြန်းလိုက်သည်။

"ဒီနေရာမှာ ငွေမြန်မြန်ရနိုင်တဲ့ နည်းလမ်းတစ်ခုခုရှိလား"

"ရှင်က ငွေကြေးပြတ်လပ်နေလို့လား"

ဖုယင်ယင်က ဤမေးခွန်းသည် အနည်းငယ်လွဲချော်နေသည်ဟု ခံစားမိသဖြင့် အံ့အားသင့်သွားသည်။ ထို့နောက် သူမက အလျင်အမြန် ပြောဆိုလိုက်၏။

"မှောင်ခိုဈေးမှာ ငွေရှာဖို့နည်းလမ်းတွေက အရမ်းများတယ်....ပစ္စည်းတွေရောင်းတာကနေ ကျင့်ကြံနည်းစနစ်တွေရောင်းတာအထိ အရာအားလုံးက ကောင်းမွန်တဲ့ဝင်ငွေကို ဆောင်ကြဉ်းပေးနိုင်တယ်...တကယ်တော့ အကြီးအကဲလင်းလို လူတစ်ယောက်အတွက် အဲ့ဒါတွေက အသေးအဖွဲလေးတွေပဲ ဖြစ်မှာပါ...ရှင့်အတွက် သင့်တော်ပြီးတော့ ငွေအများကြီးရနိုင်တာကတော့ နည်းလမ်းသုံးခုရှိတယ်"

"အိုး..."

ကျန်းရွှမ် စိတ်ဝင်စားသွားသည်။

"ပထမဆုံးအနေနဲ့ ရှင့်ရဲ့ခန္ဓာကိုယ်ကို ရောင်းလိုက်ပါ... ကောင်းကင်ကံကြမ္မာခန်းမဆောင်က ခန့်ညားထည်ဝါတဲ့ အကြီးအကဲတစ်ယောက်ဖြစ်ပြီးတော့ ရင်းမြစ်ရေအိုင်နယ်ပယ် နဝမအဆင့်မှာရှိတဲ့ ဓမ္မရုပ်သွင်နယ်ပယ် ထိပ်သီးကျင့်ကြံသူတစ်ယောက်အနေနဲ့ ရှင်သာ ကိုယ့်ကိုယ်ကိုယ်ရောင်းချင်ရင် ချမ်းသာတဲ့ဖောက်သည်တွေ အများကြီးက အလုအယက်ဝယ်ကြမှာ သေချာပါတယ်....ဘယ်လိုပဲဖြစ်ဖြစ် ဒီလောကကြီးမှာ ကျင့်ကြံမှုစွမ်းအားမရှိဘဲနဲ့ ချမ်းသာကြွယ်ဝမှုပဲရှိနေတာက ဝံပုလွေအုပ်ထဲကိုရောက်သွားတဲ့ မိန်းမလှလေးတစ်ယောက်နဲ့ အတူတူပဲ...ရှင်နဲ့ ဆက်ဆံပြီးတော့ သူတို့က အောင်အောင်မြင်မြင်နဲ့ ကိုယ်ဝန်ဆောင်နိုင်ခဲ့ရင် သူတို့ရဲ့ကံကြမ္မာကို ပြောင်းလဲပြီးတော့ အထွတ်အထိပ်ကို တက်လှမ်းဖို့ အခွင့်အရေးရနိုင်တယ်..."

ဤစကားသို့အရောက်တွင် ဖုယင်ယင်က ရယ်ပြုံးပြီး ကျန်းရွှမ်ကို လှမ်းကြည့်လိုက်သည်။

"ဒီနည်းလမ်းက ငွေအမြန်ဆုံးရနိုင်ပြီးတော့ အကြီးအကဲလင်းရဲ့စရိုက်နဲ့ အသင့်တော်ဆုံးပဲ... အဲ့ဒီအခါကျရင် ကျွန်မက ရှင် ကာမစပ်ယှက်ဖို့အတွက် သီးသန့်အခန်းတစ်ခန်းကို ဒီနေရာမှာ ကြိုတင်ပြင်ဆင်ထားပေးမယ်...တစ်ကြိမ်ကို ရင်းမြစ်ဒင်္ဂါးတစ်သန်း... ရင်းမြစ်ဒင်္ဂါးဆယ်သန်းရဖို့ဆိုရင် ဆယ်ကြိမ်လောက် အပင်ပန်းခံလိုက်ရုံနဲ့ ပြီးသွားမှာပဲ"

All Chapters