← Chapters

ငါ မှားပြီးခန့်မှန်းခဲ့တာလား

Vol. 13 Ch. 193

ငါ မှားပြီးခန့်မှန်းခဲ့တာလား

Vol. 13 Ch. 193

“ခန်းမဆောင်သခင်...အကြီးအကဲလင်းက ပင်းယွမ်မင်းသားနဲ့ ဒီနေရာမှာ တိုက်ခိုက်မယ်ဆိုတာ မင်း သေချာသိလို့လား”

မှောင်ခိုစျေးမှကွင်းပြင်၏ ထောင့်တစ်နေရာတွင် မျက်နှာဖုံးတပ်ထားသော ပုံရိပ်နှစ်ခုရှိနေကာ တီးတိုးပြောဆိုနေကြသည်။ သူတို့သည် ဟန်ရှောင်နှင့် ဒုတိယခန်းမဆောင်သခင်ချိုင်ယွင်ရှန်းတို့ပင်။

မှောင်ခိုဈေးတွင် တိုက်ခိုက်ခြင်းသည် မကြာခဏဆိုသလို မြင့်မားသော လောင်းကစားများ ပါဝင်သည်။ လူအများသည် သူတို့၏သရုပ်မှန်များကို ဖုံးကွယ်ထားသောကြောင့် ဤပုံရိပ်နှစ်ခုကို ကြည့်ရသည်မှာ လွဲမှားနေပုံမရချေ။

ဟန်ရှောင်၏မျက်နှာအမူအယာ တင်းမာခက်ထန်နေသည်။

“ပွဲစဥ်စာရင်း ထုတ်ပြန်ပြီးပြီဆိုတော့ ဒါက အမှန်ပဲ...တိုက်ပွဲစတင်တာနဲ့ အကြီးအကဲလင်းရဲ့ စွမ်းအားကို အကဲဖြတ်ဖို့ အခွင့်အရေးကို အရယူရမယ်...ဘယ်လိုပဲဖြစ်ဖြစ် သူက ဖုန်းကျောက်ထင်နဲ့ လီယွဲ့အန်းတို့ကို ဆက်တိုက်သတ်ဖြတ်နိုင်ခဲ့တယ်”

ချိုင်ယွင်ရှန်းက သဘောတူညီသည့်အနေဖြင့် ခေါင်းညိတ်လိုက်၏။ သူတို့သည် ယွဲ့လုံရှောင်ထံမှတဆင့် လင်းပုယန်သည် ဖုန်းကျောက်ထင်ကို သတ်ဖြတ်ခဲ့ကြောင်း အတည်ပြုခဲ့သော်လည်း သူတို့ထံ၌ သံသယများ ရှိနေဆဲပင်။ ဤတိုက်ပွဲသည် လင်းပုယန်၏စွမ်းအားကို သူတို့ကိုယ်တိုင် မြင်တွေ့ရန်အတွက် အကောင်းဆုံး အခွင့်အရေးပင်။ ဤသတင်းကိုကြားသိရသည်နှင့် သူတို့သည် အလျင်စလို ရောက်ရှိလာခဲ့လေ၏။ ထိုကြောင့် သူတို့သည် တိုက်ပွဲမစတင်မီ အချိန်မီ ရောက်ရှိလာခဲ့သည်။

ထိုအချိန်မှာပင် လူဝကြီးတစ်ယောက် ချဉ်းကပ်လာပြီး သူ၏အမူအယာသည် လှည့်ဖျားတက်ပုံရကာ လေသံနှိမ့်၍ပြောဆိုသည်။

“ခင်ဗျားတို့နှစ်ယောက် သတင်းအချက်အလက်တချို့ ဝယ်ချင်လား.... ဒါက အကြီးအကဲဖုန်းနဲ့ ပင်းယွမ်မင်းသားရဲ့အကြောင်းပဲ... ကျွန်တော့်မှာ ခင်ဗျားတို့အတွက် အသုံးဝင်နိုင်တဲ့ သီးသန့်သတင်းတွေရှိတယ်”

“ဘယ်လောက်လဲ”

ချိုင်ယွင်ရှန်းက မေးမြန်းသည်။

လူဝကြီးက ရယ်မောလိုက်ပြီး သူ၏မျက်နှာပေါ်တွင် စိတ်ကျေနပ်သော အမူအယာတစ်ရပ် ထင်ဟပ်နေသည်။

“ရင်းမြစ်ဒင်္ဂါးနှစ်သိန်း....”

“မင်းက ငါတို့ကို လုယက်နေတာလား”

ချိုင်ယွင်ရှန်းသည် ဒေါသကြောင့် ကျိန်ဆဲမိတော့လုနီးပါးပင်။

ဟန်ရှောင်သည် ချိုင်လုံရှန်း၏ ဒေါသကို ကြားဖြတ်တားဆီးပြီး လူဝကြီးကို ကြည့်လိုက်၏။

"မင်းမှာ ဘာတွေရှိလဲဆိုတာ ငါတို့ကို ပြောပြပါ.... ဒါက တကယ်အသုံးဝင်တယ်ဆိုရင် နှစ်သိန်းဆိုတာက ပြဿနာမရှိပါဘူး”

“သဘောတူတယ်...”

ထိုလူက စိတ်အားထက်သန်စွာဖြင့် ခေါင်းညိတ်လိုက်သည်။

“ပုံမှန်အနေနဲ့ဆိုရင် အကြီးအကဲလင်းရဲ့ အနိုင်ရနိုင်ခြေက ပင်းယွမ်မင်းသားထက် အများကြီး ပိုမြင့်သင့်တယ်...ဒါပေမဲ့ ဒါက ရုတ်တရက်ကြီး ပြောင်းလဲသွားခဲ့တယ်.... အဲ့ဒါက အကြီးအကဲဖုန်း လီယွဲ့အန်းတို့နဲ့ ဆက်စပ်နေတယ်လို့ ပြောနိုင်တယ်”

ဟန်ရှောင်၏မျက်နှာအမူအယာ တည်ကြည်လေးနက်သွားသည်။ ဖုန်းကျောက်ထင်နှင့် လီယွဲ့အန်းတို့၏သေဆုံးမှုများနှင့် လင်းပုယန်၏ဆက်စပ်မှုသည် သူနှင့်ယွဲ့လုံရှောင်တို့၏ ရင်းနှီးသော ဆက်ဆံရေးကြောင့် အတည်ပြုပြီးသား အရာတစ်ခုဖြစ်သည်။ ဤအတည်ပြုချက်ကြောင့် လူဝကြီး၏သတင်းရင်းမြစ်သည် အလွန် ယုံကြည်စိတ်ချရပုံ ရပေ၏။

ဟန်ရှောင်က ရင်းမြစ်ဒင်္ဂါးနှစ်သိန်းကို ထုတ်ယူပြီး ဟန်ရှောင်က လက်ကမ်းပေးလိုက်သည်။

“ပြောစမ်း....သတင်းက ဘာလဲ”

လူဝကြီးက သတိထားပြီး ပတ်ဝန်းကျင်ကို ကြည့်ရှုပြီးနောက် သူ၏လေသံကို သူတို့သာ ကြားနိုင်လောက်အောင် နှိမ့်လိုက်သည်။

“သတင်းတွေအရ အရှင်မင်းကြီးက ပင်းယွမ်မင်းသားကို အပြာရောင်ဖျော့ဖျော့ သံချပ်ကာဝတ်စုံတစ်စုံ ပေးခဲ့ပြီးတော့ သူ အနိုင်ရမယ့်ဘက်က လောင်းကြေးထပ်ခဲ့တယ်လို့ ဆိုပါတယ်”

“အပြာရောင်ဖျော့ဖျော့သံချပ်ကာ ဟုတ်လား...ဒါက အေးစက်ငရဲသံချပ်ကာ မဟုတ်လား”

ဟန်ရှောင်၏မျက်လုံးသူငယ်အိမ်များ ကျဥ်းမြောင်းသွားပြီ သူ၏မျက်နှာ သုန်မှုန်သွားသည်။

သူပင်လျှင် ထိုသံချပ်ကာ၏ကာကွယ်မှုကို ထိုးဖောက်ရန် ရုန်းကန်ရပေလိမ့်မည်။ ပင်းယွမ်မင်းသား ယခင်ကတည်းက အလွန်သန်မာအားကောင်းသည်ဖြစ်ရာ ထိုသံချပ်ကာကို ဝတ်ဆင်ထားသဖြင့် သူ့ကို အနိုင်ယူရန် မဖြစ်နိုင်သလောက်နီးပါးပင်။

နောက်ထပ် အသေးစိတ်သတင်းချို့ကို မျှဝေပြီးနောက် ထိုလူဝကြီး ထွက်ခွာသွားသည်။

“တကယ်လို့ ဒါကအမှန်ဆိုရင် မင်းသားဘက်က အနိုင်ရဖို့ သေချာသလောက်နီးပါးပဲ”

ချိုင်ယွင်ရှန်းက ပြောဆိုသည်။

ဟန်ရှောင်က တွေဝေတုံ့ဆိုင်းနေပြီးနောက် ထိုအကြံပြုချက်ကို ပယ်ချလိုက်၏။

“သူ့နိုင်မယ့် အခွင့်အရေးက တကယ်ကြီး မြင့်မားတယ်..... ဒါပေမဲ့ ငါတို့ အတပ်မပြောနိုင်ဘူး... တကယ်လို့ လင်းပုယန်က ဖုန်းကျောက်ထင်နဲ့လီယွဲ့အန်းတို့ကို သတ်ဖြတ်နိုင်ခဲ့ပြီးတော့ ထိခိုက်မှုမရှိဘဲ ထွက်လာနိုင်ခဲ့ပြီးမှ ဒီနေရာကို တိုက်ခိုက်ဖို့ ရောက်လာခဲ့တယ်ဆိုရင် သူ့မှာ လျှို့ဝှက်ချက်ကြီးကြီးမားမား ရှိနေနိုင်တယ်... မင်း သွားပြီးတော့ လင်းပုယန် အနိုင်ရမယ့်ဘက်ကနေ ငါးသန်း လောင်းကြေးထပ်လိုက်စမ်း....”

“နားလည်ပါပြီ”

ချိုင်ယွင်ရှန်းက ခေါင်းညိတ်လိုက်သည်။

ထိပ်တန်းအဆင့် ကျင့်ကြံသူနှစ်ဦးကြားရှိ ဤတိုက်ပွဲသည် ဟန်ယွမ်မြို့ရှိ အထင်ကရပုဂ္ဂိုလ်အားလုံးနီးပါးကို ဆွဲဆောင်ခဲ့ပြီး သူတို့တစ်ဦးချင်းစီသည် လောင်းကြေးထပ်ရန် စိတ်အားထက်သန်နေကြ၏။

အထူးဧည့်သည်တော် အခန်းတစ်တွင်ရှိနေသော ဖုယင်ယင်ထံသို့ အကြီးအကဲတစ်ဦးက ချဉ်းကပ်လာပြီး ရိုသေလေးစားစွာ ဦးညွှတ်လိုက်သည်။

“သခင်မလေး... လောင်းကစားရုံက လောင်းကြေးထပ်တာကို ပိတ်တော့မှာပါ...အခုအချိန်အထိ လောင်းကြေးအများစုက မင်းသားကို မျက်နှာသာပေးထားပြီးတော့ အကြီးအကဲလင်းအပေါ်မှာ လောင်းကြေးထပ်တဲ့လူက သုံးပုံတစ်ပုံလောက်ပဲ ရှိတယ်”

ဖုယင်ယင်က ခေါင်းညိတ်လိုက်သည်။

“မင်းသားရဲ့ နာမည်ဂုဏ်သတင်းက အရင်ကတည်းက ရှိနေတယ်....ကောင်းမွန်တဲ့ လောင်းကြေးဆကြောင့် လူတွေက သူ့အပေါ်မှာ လောင်းကြေးထပ်ကြတာ အံ့အားသင့်စရာမရှိဘူး...စကားမစပ်သတင်းအချက်အလက် ရောင်းနေတဲ့ အဲ့ဒီလူဝကြီးအကြောင်း တစ်ခုခုကို နင်တို့ ရှာတွေ့ခဲ့လား”

အကြီးအကဲက တုံ့ပြန်အဖြေပေးလိုက်သည်။

“များများစားစားတော့ မဟုတ်ပါဘူး... သူက ဟန်ယွမ်မြို့တော်ကို ဘယ်နေရာကနေ ရောက်မှန်း မသိရဘူး....သူရဲ့စွမ်းအားက နတ်ဘုရားစိတ်ဝိညာဉ်နယ်ပယ်ရဲ့ အထွတ်အထိပ်အဆင့်မှာ ရှိနေပေမဲ့ သူ့မှာ ပိုပြီးနက်ရှိုင်းတဲ့ ကျောထောက်နောက်ခံရှိမရှိ မသိရသေးဘူး”

ဖုယင်ယင်က မျက်မှောင်ကြုတ်လိုက်သည်။

“သူ့မှာ ဘာကျောထောက်နောက်ခံမှ မရှိဘူးဆိုရင် လင်းပုယန်က လီယွဲ့အန်းကို သတ်ဖြတ်ခဲ့တာလိုမျိုး ဒီလောက်ထိ လျှို့ဝှက်တဲ့ အသေးစိတ်အချက်အလက်တွေကို သူ ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ...သူက လောင်းကြေးထပ်ခဲ့တာလား”

အကြီးအကဲက ခေါင်းခါလိုက်သည်။

“မဟုတ်ဘူး....သူက သတင်းအချက်အလက် ရောင်းချတာကို အာရုံစိုက်နေပုံပဲ”

ဖုယင်ယင်သည် စိတ်သက်သာရာရသွားပြီး သက်ပြင်းရှိုက်လိုက်၏။

“သူ့ရဲ့သတင်းတွေ ဘယ်လောက်ပဲ ဈေးကြီးပါစေ....လူနည်းစုကပဲ တတ်နိုင်လိမ့်မယ်...သူ ဒီည ရမယ့်ဝင်ငွေက ရင်းမြစ်ဒင်္ဂါး သန်းအနည်းငယ်ထက် ကျော်လွန်မှာ မဟုတ်ဘူး..ဒါကြောင့် ငါတို့ စိုးရိမ်ဖို့ မလိုဘူး.... လင်းပုယန် လောင်းကြေးထပ်ခဲ့သေးလား”

“အကြီးအကဲလင်းက ဘာလောင်းကြေးမှ မထပ်ခဲ့ပါဘူး..အဲ့ဒီ ကံကြမ္မာချပ်ပြား အချပ်နှစ်ဆယ်ကို ဝယ်ပြီးကတည်းက သူက သူ့အခန်းထဲမှာ တံခါးပိတ်ကျင့်ကြံနေခဲ့ပြီးတော့ ဘယ်သူနဲ့မှ အပြန်အလှန် ဆက်သွယ်တာမျိုး မရှိခဲ့ဘူး”

“ဒါဆိုရင် အဆင်ပြေမှာပါ…”

ထိုအချိန်မှာပင် အလျင်စလိုပြေးလာသော ခြေသံများ မြည်ဟီးလာကာ အစေခံတစ်ဦးက အခန်းထဲသို့ ထိတ်လန့်တကြား ပြေးဝင်လာသည်။

“ဘာဖြစ်တာလဲ....”

အကြီးအကဲက မျက်မှောင်ကြုတ်လိုက်သည်။

အစေခံက အလျင်အမြန် ဦးညွှတ်ပြီး ပြောဆိုသည်။

“သခင်မလေး အိမ်တော်ထိန်းချန်... လောင်းကြေးထပ်တာပိတ်ဖို့ အသက်ဆယ်ရှိုက်စာအလိုလောက်မှာ အဲ့ဒီလူဝကြီးက အလျင်စလို ပြေးဝင်လာပြီးတော့ သရေပွဲအတွက် ရင်းမြစ်ဒင်္ဂါးသန်းသုံးဆယ် လောင်းကြေးထပ်ခဲ့တယ်”

ဖုယင်ယင် မှင်သက်သွားသည်။

“သရေပွဲ ဟုတ်လား..သေခြင်းရှင်ခြင်းတိုက်ပွဲတွေမှာ ဒါက မကြားဖူးသလောက်နီးပါးပဲ...ထိုဒီလိုလောင်းကြေးထပ်တာမျိုးက ပုံမှန်မဟုတ်ဘူး”

အစေခံက ခေါင်းညိတ်လိုက်သည်။

“ဒါက ရှားပါးတယ်ဆိုပေမဲ့ ရှေ့မှာ နမူနာတွေ ရှိခဲ့တယ်....လောင်းကြေးဆက သဘောတရားအရဆိုရင် ဆယ်ဆပဲ...တကယ်လို့ အဲ့ဒီအတိုင်း ဖြစ်ပျက်သွားခဲ့ရင် သူက ရင်းမြစ်ဒင်္ဂါးသန်းသုံးရာ ရသွားလိမ့်မယ်”

ဖုယင်ယင်က ခေါင်းခါလိုက်သည်။

“စိတ်ချပါ...အဲ့ဒီလိုဖြစ်လာမှာ မဟုတ်ဘူး... အကြီးအကဲလင်းရော ပင်းယွမ်မင်းသားရောက သရေပွဲကို သဘောတူမှာ မဟုတ်ဘူး...အဲ့ဒီ လူဝကြီးရဲ့ငွေတွေ ဆုံးရှုံးသွားပြီလို့ ယူဆလို့ရတယ်"

သူတို့ စကားပြောနေစဉ်မှာပင် ခေါင်းလောင်းသံတစ်သံ ပဲ့တင်ထပ်လာသည်။ လင်းပုယန်နှင့်ပင်းယွမ်မင်းသားတို့ စင်မြင့်ပေါ်သို့ တက်လှမ်းလာကြပြီး တိုက်ပွဲကို တရားဝင်စတင်ခဲ့လေ၏။

ကျန်းရွှမ်သည် နာမည်ကျော် တိုက်ပွဲရူးသွပ်မင်းသားကို စေ့စေ့စပ်စပ် ကြည့်လိုက်သည်။ ပင်းယွမ်မင်းသားသည် အသက် လေးဆယ်ကျော်ဟု ဆိုသော်လည်း သူ့ကိုကြည့်ရသည်မှာ အသက်သုံးဆယ်အစောပိုင်းတွင်သာ ရှိနေပုံရသည်။ သူသည် အရပ်မြင့်မားပြီး သူ၏ခန္ဓာကိုယ်မှနေ၍ မရေမတွက်နိုင်သော တိုက်ပွဲများမှတစ်ဆင့်သွေးယူထားသော အတွေ့အကြုံရင့် စစ်သည်တော်တစ်ဦး၏ သံမဏိသွေးအရှိန်အဝါကို ထုတ်လွှတ်နေသည်။

သူတို့နှစ်ယောက်လုံးသည် ဓမ္မလှည့်လည်သွားလာခြင်းနယ်ပယ်၏ အထွတ်အထိပ်အဆင့်တွင် ရှိနေသော်လည်း မင်းသား၏စွမ်းအားသည် လင်းပုယန်ထက် များစွာပို၍သာလွန်ပြီး ဖုန်းကျောက်ထင်ကိုပင် လွှမ်းမိုးနိုင်ပေမည်။ လူနည်းစုကသာ သူ့ကို စိန်ခေါ်ဝံ့သည်မှာ အံ့အားသင့်စရာ မရှိတော့ချေ။ အကြောင်းအရင်းမှာ သေရေးရှင်ရေးတိုက်ပွဲအတွင်း၌ မည်သည့်အမှားမဆို သေစေနိုင်သောကြောင့်ပင်။

“အကြီးအကဲလင်းရဲ့ကျင့်ကြံမှုက အစွမ်းထက်တယ်ဆိုတာ ငါ သိတယ်... ကျေးဇူးပြုပြီးတော့ မင်းရဲ့စွမ်းအားကုန်ကို ပြသပေးပါ”

ဟန်ချန်ယဲ့က တည်ကြည်လေးနက်စွာ ပြောဆိုပြီး အသက်ပြင်းပြင်းရှိုက်လိုက်၏။

ကျန်းရွှမ်က ခေါင်းညိတ်လိုက်ပြီး ဖုယင်ယင်မှ ပြင်ဆင်ပေးထားသော ဓားမကြီးကိုယူဆောင်ရန် စင်မြင့်၏အစွန်းသို့ ခြေလှမ်းလှမ်းလိုက်သည်။

ဤတိုက်ပွဲကို လူအမြောက်အများမှ စောင့်ကြည့်နေသည်။ သူသည် လင်းပုယန်အဖြစ် ဟန်ဆောင်နေသောကြောင့် မည်သည့်ကွဲလွဲမှုများကိုမဆို စွန့်စား၍ ဖော်ထုတ်နိုင်ခြင်းမရှိပေ။

မိုတောက်ကောင်းကင်ကံကြမ္မာနည်းစနစ်သည် သိုင်းကွက်တစ်ခုမျှသာ မဟုတ်ဘဲ ကံကြမ္မာ၏ ထူးခြားသောစွမ်းအားကို သယ်ဆောင်ထားသည်။ ထိုကံကြမ္မာစွမ်းအားမပါလျှင် နည်းစနစ်၏လှုပ်ရှားမှုများကို ထပ်တူထပ်မျှပုံတူကူးနိုင်လျှင်ပင် စစ်မှန်မှုကို ကင်းမဲ့စေပေလိမ့်မည်။ သို့ရာတွင် ကောင်းကင်ဘုံစာကြည့်တိုက်နှင့် မိုတောက်စွမ်းအင်မြစ်တို့ကြောင့် သူ၏နည်းစနစ်ကို လင်းပုယန်နှင့် ခွဲခြား၍ရနိုင်မည် မဟုတ်ချေ။

ဟန်ချန်ယဲ့၏မျက်လုံးများ တောက်ပသွားပြီး သူက လှံရှည်တစ်ချောင်းကို ယူဆောင်လိုက်၏။ သူ၏လက်ဖြင့် လှံရှည်ကိုကိုင်ဆောင်လိုက်သည်နှင့် သူ၏အရှိန်အဝါ ပြောင်းလဲသွားပြီး စစ်တပ်တစ်ခုကဲ့သို့ ဖိနှိပ်ချုပ်ကိုင်နိုင်သော စွမ်းအားကိုထုတ်လွှတ်ထားသည်။ ဤသည်မှာ ပြင်းထန်သော တိုက်ခိုက်မှုကို အလေးပေးသော တခြားလှံအသုံးပြုသူများနှင့် မတူဘဲ သူ၏နည်းစနစ်သည် တည်ကြည်လေးနက်ပြီး လွှမ်းမိုးချုပ်ကိုင်နိုင်သည်။

“ငါ့ကို ခွင့်လွှတ်ပါ”

အော်ဟစ်သံတစ်သံနှင့်အတူ ဟန်ချန်ယဲ့သည် ရှေ့သို့တိုးလာပြီး သူ၏လှံထိပ်ရှေ့ရှိ လမ်းကြောင်းတလျှောက် ပြင်းထန်သောပေါက်ကွဲမှုများကို ထုတ်လွှတ်လိုက်သည်။

ဤသည်မှာ ဟန်ယွမ်တော်ဝင်မိသားစု၏ ထူးခြားသော နည်းစနစ်ဖြစ်သော “နယ်မြေကိုးခုထွင်းဖောက်ခြင်းလှံ”ပင်။ ဟန်ယွမ်အင်ပါယာအား တည်ထောင်သူဘိုးဘေးသည် အင်ပါယာကို စုစည်းခဲ့ပြီးနောက် ဤနည်းစနစ်ကို ဖန်တီးခဲ့လေ၏။ ဤနည်းစနစ်သည် ခန့်ညားထည်ဝါမှုနှင့်စိတ်ဝိညာဉ်သက်ရောက်မှု နှစ်မျိုးလုံးကို သယ်ဆောင်ထားသဖြင့် အားနည်းသော စိတ်ဝိညာဉ်များရှိသူများကို ထိတ်လန့်တုန်လှုပ်သွားစေနိုင်သည်။

“အထင်ကြီးစရာ နည်းစနစ်ပဲ”

ကျန်းရွှမ်က ချီးကျူးလိုက်သည်။

ဤသည်မှာ ရွှမ်းလုံလက်ဝါးနည်းစနစ်ထက် အနည်းငယ် နိမ့်ကျသော်လည်း ထူးခြားနေဆဲပင်။ ဟန်ချန်ယဲ့၏ ပေါ့ပေါ့ပါးပါး လုပ်ဆောင်မှုသည် သူ၏စွမ်းရည်ကို ပြသခဲ့ပြီး သူသည် အဆင့်တက်မှုသွားခဲ့သော ဖုန်းကျောက်ထင်ကိုပင် အနိုင်ယူနိုင်စွမ်းရှိပေမည်။

သို့ရာတွင် ကျန်းရွှမ်ထံ၌ ရှောင်တိမ်းရန် ရည်ရွယ်ချက်မရှိချေ။ သူသည် လက်နှစ်ဖက်လုံးဖြင့် ဓားမကြီးကို ဆုပ်ကိုင်ရင်း ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

ဝှစ်....

ဓားအိမ်သည် ကြယ်ပျံကဲ့သို့ ရှေ့သို့ပျံ့လွင့်သွားပြီး ဟန်ချန်ယဲ့၏လှံကို လမ်းကြောင်းလွဲသွားရန် သို့မဟုတ် အရှိန်အဟုန်ကို ဆုံးရှုံးရန် ဖိအားပေးခဲ့သည်။

ဤသည်မှာ လိမ္မာပါးနပ်သော တန်ပြန်တိုက်ခိုက်မှုတစ်ခုဖြစ်ပြီး စိတ်တည်ငြိမ်မှုကို ထိန်းသိမ်းထားနိုင်စဥ်၌ လက်ဦးမှုကို အရယူထားခြင်းပင်။

ဘုန်း....

ဟန်ချန်ယဲ့သည် ဤစိန်ခေါ်မှုသည် ကျော်လွှားနိုင်ခဲ့ပေ၏။ သူ၏လှံကို တစ်ချက်ဝှေ့ယမ်းလိုက်ရုံဖြင့် သာမန်သစ်သားဖြင့် ပြုလုပ်ထားသောဓားအိမ်သည် အစိတ်စိတ်အမွှာမွှာ ကြေမွှပျက်စီးသွားသည်။ သူ့လှံ၏အရှိန်အဟုန်သည် တားဆီး၍မရနိုင်ဘဲ ရှေ့သို့ ဆက်လက်၍ ပျံ့လွင့်သွားသည်။

လူအများသည် လင်းပုယန်အတွက် စိုးရိမ်လာသည်နှင့်အမျှ ကျန်းရွှမ်၏လက်အတွင်းမှ ဓားမကြီးသည် ကောင်းကင်ကံကြမ္မာစွမ်းအင်များဖြင့် တောက်ပလာပေ၏။ သူ၏တိုက်ခိုက်မှုတိုင်းသည် ကံကြမ္မာ၏အလေးချိန်ကို သယ်ဆောင်ထားပြီး သူ့ထံဝင်ရောက်လာသော ကြယ်အလင်းတန်းကို ဖြတ်ပိုင်းသွားသည်။

“မယုံနိုင်စရာပဲ.... ဒါက တကယ့်ကို မိုတောက်ကောင်းကင်ဘုံကံကြမ္မာပဲ…”

သီးသန့်ခန်းတစ်ခန်းအတွင်းမှ စောင့်ကြည့်နေသော ဟန်ချန်ချောင်သည် ထိတ်လန့်တကြား မတ်တတ်ထရပ်လိုက်သည်။

ကောင်းကင်ကံကြမ္မာနည်းစနစ်များသည် မည်သူမဆို ကျွမ်းကျင်နိုင်သည့်အရာ မဟုတ်ပေ။ မူလဖန်တီးသူ မိုပိုင်ယဲ့မှ လေ့ကျင့်ပေးခဲ့သူများပင်လျှင် သူတို့၏ခန္ဓာကိုယ်အတွင်းမှ ကံကြမ္မာသော့ခလောက်များကို ဖွင့်လှစ်ပြီး သူ၏တိုက်ရိုက်အမွေအနှစ်ကို လက်ခံရရှိနိုင်ပေမည်။

လင်းပုယန်သည် ထိုသို့သောစွမ်းရည်ကို ထုတ်ဖော်အသုံးပြုနိုင်ခြင်းကြောင့် ဤအမွေအနှစါကို လက်ခံရရှိခဲ့ကြောင်း သက်သေပြနေသည်။ သူ၏အထောက်အထားအပေါ် သံသယများသည် အခြေအမြစ်မရှိပုံရပေ၏

“ငါ အတွေးလွန်သွားခဲ့ပုံပဲ…”

ဟန်ချန်ချောင်က ရေရွတ်လိုက်သည်။

ဖုယင်ယင်သည်လည်း မှင်သက်သွားသည်။ သူမက ဤလင်းပုယန်သည် အယောင်ဆောင်တစ်ဦးဟု ယုံကြည်ထားခဲ့သည်။ သို့ရာတွင် ဤနေရာ၌ သူသည် ကောင်းကင်ကံကြမ္မာနည်းစနစ်များကို အပြစ်အနာအဆာကင်းမဲ့စွာ ထုတ်ဖော်အသုံးပြုနေသည်။ သူမသည် သူ့ကို ယခင်ကတည်းက မှားယွင်းစွာအကဲဖြတ်မိခြင်း ဖြစ်နေသလော။

စင်မြင့်ပေါ်တွင် ဓားမကြီးနှင့်လှံတို့ ပြင်းထန်စွာ ထိပ်တိုက်တွေ့ဆုံမိကြပြီး တုန်ခါမှုလှိုင်းများသည် မိုးရေစက်များအလား ပြန့်ကျဲသွားကာ စင်မြင့်ကို အပေါက်များဖြစ်စေသည်။

“သူ့ရဲ့ခွန်အားက မြင်းကောင်ရေအား၆၀၀လောက် ရှိပြီး တိုက်ခိုက်မှု ဆယ်ကွက်ကျော်အထိ တည်တည်ငြိမ်ငြိမ်နေနိုင်တယ်...ဒါက မဆိုးဘူး”

ကျန်းရွှမ်က တည်ငြိမ်စွာ အကဲဖြတ်လိုက်သည်။

ဓမ္မရုပ်သွင်ထင်ဟပ်ခြင်းနယ်ပယ်အောက်ရှိ တစ်စုံတစ်ယောက်အတွက် ဟန်ချန်ယဲ့၏စွမ်းအားသည် ချီးကျူးဖွယ်ကောင်းပေ၏။ သို့ရာတွင် သူ့နှင့်နှိုင်းယှဉ်လျှင် နိမ့်ပါးနေဆဲပင်.

“တကယ်လို့ ဒါက မင်းရဲ့စွမ်းအားကုန်ဆိုရင် မင်း အခု အရှုံးပေးလို့ပြီ”

ကျန်းရွှမ်က ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောလိုက်ပြီး ဓားမကြီးကို ပို၍တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။

ထို့နောက် လွှမ်းမိုးချုပ်ကိုင်နိုင်သော စွမ်းအားတစ်ရပ် ဟန်ချန်ယဲ့အပေါ်သို့ ကျရောက်လာကာ သူ၏ယုံကြည်ချက်များ ယိမ်းယိုင်သွားသည်။

“ဒါက… မြင်းကောင်ရေ၉၉၉ခွန်အား....ဓမ္မရုပ်သွင်ထင်ဟပ်ခြင်းနယ်ပယ်ရဲ့ အထွတ်အထိပ်အဆင့်ပဲ”

ဟန်ချန်ယဲ့၏မျက်လုံးများ မယုံနိုင်မှုကြောင့် ပြူးကျယ်သွားသည်။

All Chapters