← Chapters

အခန်း (၃၁၅၉+၃၁၆၀)

Vol. 210 Ch. 3159+3160

အခန်း (၃၁၅၉+၃၁၆၀)

Vol. 210 Ch. 3159+3160

အခန်း ၃၁၅၉ - သတ်…

“တိုက်ခိုက်ကြ”

အမှုဆောင်တမန်တော် မီးတောက်ကောင်းကင်ဘုံက အကူအညီမတောင်းလျှင်ပင် အမှုဆောင်တမန်တော် ဆန်းကြယ်ကောင်းကင်ဘုံသည် အခြေအနေမကောင်းတော့ဘူးဆိုတာကို ပြောနိုင်ပြီဖြစ်၏။ သူက ချက်ချင်းပင် အော်ဟစ်ပြီး သူ၏ မဟူရာလိပ်ပုံစံသို့ အသွင်ပြောင်းလဲလိုက်၏။

“ဂါး…”

ကျားဟိန်းသံနှင့်အတူ တွဲဖက်၍ အမှုဆောင်တမန်တော် ပေါ်ထွန်းမှုကောင်းကင်ဘုံက သူ၏ အစစ်အမှန်ပုံစံ ကျားဖြူအဖြစ် ပြောင်းလဲလိုက်၏။ သူ၏ ခန္ဓာကိုယ်က သိပ်သည်းပြင်းထန်သော သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်နေပြီး ကြယ်များကို ကစဉ့်ကလျားကြွေကျကာ လောကကို ကျွမ်းထိုးမှောက်ခုံ ဖြစ်သွားစေ၏။

အမှုဆောင်တမန်တော်သုံးဦး၏ တိုက်ခိုက်မှုသည် ချက်ချင်းပင် ကြီးမားသော တိုက်ပွဲတစ်ခုကို ပေါ်ထွက်လာစေသည်။

ဧကရာဇ်ပညာရှင် ၃၀၀နီးပါးသည် သူတို့၏ နတ်ဘုရားလက်နက်များကို တစ်ယောက်ပြီးတစ်ယောက် ဆင့်ခေါ်ကာ သိုင်းတာအိုပင်မခန္ဓာကို တိုက်ခိုက်ဖို့ ပြင်လိုက်ကြ၏။

လောကအရှင်သုံးဦးဖြစ်သော သံသရဖူဆောင်းအဘိုးအို၊ ပိန်ပိန်အဘိုးအိုနှင့် ဝဝအဘိုးအိုတို့၏ ဦးဆောင်မှုအောက်မှာ ဓားကမ္ဘာမှ ဓားဧကရာဇ်များက သိုင်းတာအိုပင်မခန္ဓာကို ကူညီထောက်ပံ့ဖို့အတွက် တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်တိုက်ခိုက်လိုက်ကြ၏။

ဘုရင်များနှင့် ပကတိစိတ်ဝိညာဉ်များကြား တိုက်ပွဲကလည်း ဖြစ်ပွားလာခဲ့၏။

သိုင်းတာအိုပင်မခန္ဓာသည် ဤကဲ့သို့သော အခြေအနေတစ်ရပ်မှာ တစ်ဖက်အဖွဲ့၏ အသန်မာဆုံးပညာရှင်ကို ချက်ချင်းလက်ငင်း ဒဏ်ရာအပြင်းအထန်ရရှိအောင် ပြုလုပ်ခြင်းဖြင့်သာ ဓားကမ္ဘာအပေါ် ပျက်စီးထိခိုက်မှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်း သိုင်းတာအိုပင်မခန္ဓာက ကောင်းကောင်းသိထား၏။

ထို့ကြောင့် အမှုဆောင်တမန်တော် မီးတောက်ကောင်းကင်ဘုံက သူ့ကိုသတ်ဖြတ်ဖို့ ကြိုးစားလာစဉ် သူကလည်း အမှုဆောင်တမန်တော်သုံးဦးကို ပစ်မှတ်ထားလိုက်လေသည်။

သူသည် ဧကရာဇ် ၃၀၀ကျော်ဖြင့် ဝိုင်းပတ်ပိတ်ဆို့ခံရလျှင် အမှုဆောင်တမန်တော်သုံးဦးကို သတ်ဖြတ်ဖို့အတွက် အားထုတ်မှုတချို့ ပြုရပေလိမ့်မည်။

သိုင်းတာအိုပင်မခန္ဓာ တိုက်ခိုက်လိုက်သည့်ခဏမှာပင် သူသည် အမှုဆောင်တမန်တော် မီးတောက်ကောင်းကင်ဘုံကို ချက်ချင်းသတ်ဖြတ်ဖို့ ပြင်ထားပြီဖြစ်သည်။

အမှုဆောင်တမန်တော် မီးတောက်ကောင်းကင်ဘုံသည် ဤကဲ့သို့ ကြီးမားသော ဖိအားနှင့် အန္တရာယ်ကို ခံစားလာရ၏။

“ဂါး…”

အခြားသော ဧကရာဇ်ပညာရှင်များ မတိုက်ခိုက်နိုင်ခင် သိုင်းတာအိုပင်မခန္ဓာက သူ၏အသံပိုင်းလျှို့ဝှက်အတတ် အသင်္ချေသက်ရှိများအသံကို ထုတ်ဖော်လိုက်၏။

ဧရာမအသံလှိုင်းတစ်ခုက သူ၏ ပါးစပ်ကနေ ပစ်လွင့်ထွက်ပေါ်ပြီး ရေလှိုင်းဂယက်များနှင့်ဆင်တူသော စွမ်းအင်အတက်အကျများက ကြယ်တာရာကောင်းကင်ထဲမှာ လျင်မြန်စွာ ပျံ့နှံ့သွား၏။

သို့သော်လည်း လူတိုင်းက မည်သည့်အသံကိုမှ မကြားရတော့သလောက်နီးပါးပင်။

သူ့အသံက အခြားသော အသံများအားလုံးကို ဖုံးလွှမ်းသွားခဲ့၏။

အသင်္ချေသက်ရှိများအသံသည် တာအို၏ ကနဦးပုံစံနှင့် ထိတွေ့မိနေပြီဖြစ်ပြီး တဗူးနည်းစနစ်တစ်ခု၏ အဆင့်ကို ရောက်ရှိနေလေပြီ။

အမှုဆောင်တမန်တော်သုံးဦးနှင့် ကောင်းကင်ဘုံခုံရုံးမှ သခင်လေးနှစ်ဦးသည် အရင်ဆုံးတုံ့ပြန်ပြီး သူတို့၏ အမူအရာများက ရုတ်ချည်းပြောင်းလဲသွားကြ၏။

တဗူးနည်းစနစ်အဆင့် အသံပိုင်းတိုက်ခိုက်မှုနှင့် ရင်ဆိုင်ရချိန်မှာ သူတို့က ကြိုတင်ပြင်ဆင်ထားသည်ဆိုလျှင်တောင် သူတို့သည် သိသာထင်ရှားသော ရိုက်ခတ်မှုတစ်ခုကို တွေ့ကြုံခံစားရပေမည်။

“ဂါး…”

“ဝေါင်း…”

“ဂီး…”

အမှုဆောင်တမန်တော်သုံးဦးနှင့် ကောင်းကင်ဘုံခုံရုံးမှ သခင်လေးနှစ်ဦးက အဲဒါကိုခုခံဖို့အတွက် အထွတ်အမြတ်တောကောင်မျိုးနွယ်၏ အသံပိုင်းလျှို့ဝှက်အတတ်များကို ထုတ်ဖော်ကာ အသင်္ချေသက်ရှိများအသံ၏ ပျက်စီးထိခိုက်မှုတစ်ဝက်ကျော်ကို လျှော့ချပေးလိုက်၏။ ထိုသို့ဖြင့် အခြားသော ဧကရာဇ်များက အလွန်တရာအဖိုးတန်သော တုံ့ပြန်ချိန်ကို ရရှိလာလေသည်။

ဧကရာဇ်အများစုသည် သိပ်မကြာခင် အန္တရာယ်ကို နားလည်သိရှိသွားပြီး အဲဒါကို ဆန့်ကျင်တိုက်ခိုက်ဖို့အတွက် သူတို့၏ အသံပိုင်းလျှို့ဝှက်အတတ်များကို ထုတ်ဖော်ခြင်း သို့မဟုတ် သူတို့၏ သွေးချီကို လှည့်ပတ်ကာ လောကတစ်ခုကို ထုတ်ဖော်ခြင်းများ ပြုလုပ်လိုက်ကြ၏။

တချို့သည် တိုက်ပွဲနယ်မြေ၏ အလယ်ဗဟိုကနေ အလျင်အမြန်ခွာပြီး အသံပိုင်းလျှို့ဝှက်အတတ်၏ တိုက်ခိုက်မှုအတိုင်းအတာကနေ ရှောင်လွှဲလိုက်၏။

သို့သော်လည်း တုံ့ပြန်မှုနှေးကွေးသွားသော ဧကရာဇ်တချို့လည်း ရှိနေ၏။

အသင်္ချေသက်ရှိများအသံကနေ ဖြစ်ပေါ်လာသော ဝဲဂယက်များက သူတို့ကို ဖြတ်သန်းသွား၏။ ထိုဧကရာဇ်ပညာရှင်များ၏ အကြည့်များက အေးခဲတောင့်တင်းသွားပြီး သူတို့၏ အသက်ဓာတ်အားက လျင်မြန်စွာ လျော့ကျသွားလေသည်။ သူတို့သည် ကြယ်တာရာကောင်းကင်ထဲကနေ လဲပြိုကျပြီး ဆက်လက်၍ အသက်မရှူကြတော့ပေ။

ထိုဧကရာဇ်များသည် ဒဏ်ရာလုံးဝမရရှိသော်လည်း သူတို့၏ အသိစိတ်များက အသံလှိုင်းများကြောင့် ကြေမွပျက်စီးသွားပြီး သူတို့၏ အမြုတေစိတ်ဝိညာဉ်များက ဖျက်ဆီးခံလိုက်ရ၏။

ပုံမှန်အခြေအနေမှာဆိုလျှင် ဧကရာဇ်ပညာရှင်များအနေဖြင့် သေရဖို့ အင်မတန်ခဲယဉ်းလေသည်။

သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာ၏ ကြားဝင်စွက်ဖက်မှုကြောင့် ဧကရာဇ်အဆင့်တိုက်ပွဲသည် နောက်ထပ်အဆင့်တစ်ဆင့်ကို မြင့်တက်သွားပြီး တစ်မူထူးခြားစွာ ချောက်ချားစရာကောင်းလာခဲ့၏။

ဧကရာဇ်ပညာရှင်များပင် သတိတစ်ချက်ပေါ့လျော့ပါက နေရာမှာတင် သေဆုံးသွားရပေလိမ့်မည်။

ဝုန်း… ဝုန်း… ဝုန်း…

ချက်ချင်းနီးပါးပင် ဧကရာဇ်ပညာရှင်များသည် ထိန်ချန်မထားဘဲ သူတို့၏ လောကများကို မြှောက်တင်ရန် သူတို့၏ သွေးချီကို လှည့်ပတ်လိုက်ကြ၏။

ဧကရာဇ်အထီးကျန်သိုင်းသခင်ရှေ့မှာ မည်သူကမှ စိတ်အာရုံပျံ့လွင့်ရဲခြင်း သို့မဟုတ် ထိန်ချန်ထားရဲခြင်း မရှိပေ။

သူတို့က ထိုသို့ပြုလုပ်မည်ဆိုလျှင် သူတို့၏ ရလဒ်များသည် ယခုတင်သေဆုံးသွားသော ဧကရာဇ်ပညာရှင်တချို့နှင့် တူညီစွာ ဖြစ်ပေါ်လာပေလိမ့်မည်။

သို့သော်လည်း ရလဒ်အနေဖြင့် ကျန်ရှိနေသော ဧကရာဇ်ပညာရှင်များ၏ တိုက်ခိုက်မှုများက ရပ်တန့်သွားပြီး သူတို့က သိုင်းတာအိုပင်မခန္ဓာကို ချက်ချင်း မဝိုင်းပတ်နိုင်တော့ပေ။

သိုင်းတာအိုပင်မခန္ဓာက အသင်္ချေသက်ရှိများအသံကို ထုတ်ဖော်လိုက်သည့် အကြောင်းအရင်းမှာလည်း သတ်ဖြတ်ဖို့မဟုတ်ဘဲ ထိုတဒင်္ဂအခိုက်အတန့်အတွက်သာဖြစ်၏။

ထိုတဒင်္ဂအခိုက်အတန့်သည် ထိပ်သီးပညာရှင်များကြား တိုက်ပွဲအတွက် ဖြစ်လေသည်။

အနီးနားမှာ ဧကရာဇ်ပညာရှင် ၃၀၀နီးပါး ရှိနေသော်လည်း ထိုအခိုက်အတန့်မှ အခြေအနေသည် အမှုဆောင်တမန်တော် မီးတောက်ကောင်းကင်ဘုံက သိုင်းတာအိုပင်မခန္ဓာနှင့် တစ်ယောက်တည်း ရင်ဆိုင်နေရသော အခြေအနေဖြစ်သွား၏။

ဒါ့အပြင် အမှုဆောင်တမန်တော် မီးတောက်ကောင်းကင်ဘုံသည် သိုင်းတာအိုပင်မခန္ဓာနှင့် အနီးဆုံးမှာ ရှိနေပြီး အသင်္ချေသက်ရှိများအသံ၏ အသန်မာဆုံးရိုက်ခတ်မှုကို တွေ့ကြုံခံစားလိုက်ရ၏။

သူတို့နှစ်ယောက် တိုက်ခိုက်လိုက်ပြီးနောက် သူတို့က တစ်ယောက်နှင့်တစ်ယောက် အမှန်တကယ် မထိတွေ့ခင် အမှုဆောင်တမန်တော် ကောင်းကင်ဘုံမီးတောက်သည် အသင်္ချေသက်ရှိများအသံ၏ ရိုက်ခတ်မှုကြောင့် သူ၏ ဒွါရခုနစ်ပေါက်ကနေ သွေးများစီးကျပြီး သူ့မျက်နှာက သွေးများဖြင့် စိုရွှဲသွားပြီဖြစ်၏။

သိုင်းတာအိုပင်မခန္ဓာ၏ လက်သီးက ငှက်မွေးတစ်သိန်းရှစ်ထောင်ကို ထိခတ်သွား၏။

ဟန့်တားမှုမရှိသလောက်နီးပါးဖြင့် ငှက်မွေးများက ဖုန်မှုန့်များအဖြစ် ချက်ချင်းပင် ပြောင်းလဲသွား၏။

အမှုဆောင်တမန်တော် မီးတောက်ကောင်းကင်ဘုံ၏ ခန္ဓာကိုယ်က သိုင်းတာအိုဝဲကတော့ရှိရာသို့ အထိန်းအကွပ်မဲ့စွာ လွင့်မျောလာဆဲဖြစ်သည်။

ဤမြင်ကွင်းက အလွန်တရာ ထူးဆန်းနေပြီး သူက သိုင်းတာအိုပင်မခန္ဓာ၏ လက်သီးရှိရာသို့ သူ့ဘာသာသူ ပစ်ဝင်တိုက်နေသည့်အတိုင်းပင်။

အမှုဆောင်တမန်တော် မီးတောက်ကောင်းကင်ဘုံသည် သူက ရုန်းမထွက်နိုင်ဘူးဆိုလျှင် ထိုထိုးချက်ဖြင့် နေရာမှာတင် သေဆုံးရနိုင်သည်ကို နားလည်သဘောပေါက်သွား၏။

သူက ဤလှုပ်ရှားကွက်ကို ခုခံဖို့အတွက် သူ့မှာရှိသမျှအားလုံး ထုတ်ဖော်ရပေမည်။

ထို့နောက် ကျန်ရှိနေသော အမှုဆောင်တမန်တော်နှစ်ဦးနှင့် အခြားသော ဧကရာဇ်ပညာရှင်များ၏ တိုက်ခိုက်မှုများက ဆင်းသက်လာပြီးနောက် သူက ထွက်ပြေးလွတ်မြောက်နိုင်ပေလိမ့်မည်။

“အား…”

အမှုဆောင်တမန်တော် မီးတောက်ကောင်းကင်ဘုံက သူ၏ ခေါင်းကိုမော့ပြီး ဟိန်းဟောက်ကာ သူ့ခန္ဓာကိုယ်ထဲရှိ သွေးချီကို ၎င်း၏ အကန့်အသတ်အထိ လှည့်ပတ်လိုက်၏။ တစ်ချိန်တည်းမှာပင် သူက သူ၏ ပကတိလောကကို မြှောက်တင်ပြီး လက်ဟန်ချိပ်စည်းများကို ဆင့်ခေါ်လိုက်၏။ အလျှံညီးညီးမီးတောက်များက တဖျတ်ဖျတ်လက်လာပြီး တဗူးနည်းစနစ်တစ်ခုကို စုဖွဲ့လိုက်လေသည်။

တစ်ဆက်တည်းမှာပင် အမှုဆောင်တမန်တော် မီးတောက်ကောင်းကင်ဘုံက သူ၏ စိတ်ဝိညာဉ်အသိစိတ်ကို လှည့်ပတ်ပြီး အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်တစ်ခုကို ထုတ်ဖော်လိုက်၏။

မျိုးဆက်သွေး၊ လောက၊ တဗူးနည်းစနစ်၊ အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်…။

သေဘေးနှင့်ရင်ဆိုင်ရချိန်မှာ အမှုဆောင်တမန်တော် မီးတောက်ကောင်းကင်ဘုံသည် သိုင်းတာအိုပင်မခန္ဓာ၏ ထိုးချက်ကို ခုခံထားဖို့အတွက် သူ၏ ဝှက်ဖဲများအားလုံးကို ထုတ်ဖော်လိုက်၏။

သိုင်းတာအိုပင်မခန္ဓာသည် သူ၏ ကြမ်းကြုတ်ခက်ထန်သော ထိုးချက်နှင့်အတူ ရှေ့သို့တက်လှမ်းပြီး ရှောင်တိမ်းဖို့ စိတ်ကူးမရှိပေ။

အတွေးတစ်ချက်နှင့်အတူ သူက မာန်နတ်မျက်နှာဖုံးကို ပြန်တပ်လိုက်၏။

မာန်နတ်မျက်နှာဖုံးနှင့်အတူ သူသည် အမှုဆောင်တမန်တော် မီးတောက်ကောင်းကင်ဘုံ၏ အမြုတေစိတ်ဝိညာဉ်လျှို့ဝှက်အတတ်ကို ဖြေရှင်းနိုင်သည်။

တစ်ချိန်တည်းမှာပင် သူ၏ နှာရောင်က တဖျပ်ဖျပ်လက်သွားပြီး ငရဲဖိနှိမ်မီးဖိုက အလင်းတန်းတစ်ခုအသွင် ပြောင်းလဲသွား၏။ ၎င်းသည် အမှုဆောင်တမန်တော် မီးတောက်ကောင်းကင်ဘုံ၏ ဦးခေါင်းအထက် ရောက်ရှိလာပြီး လေထဲကနေ ဆင်းသက်ကာ သူ့ကို ပြင်းထန်စွာ ပစ်တိုက်ချလိုက်၏။

ဝုန်း…

အမှုဆောင်တမန်တော် မီးတောက်ကောင်းကင်ဘုံ၏ ပကတိလောကသည် အပြည့်အဝဖြစ်ပေါ်မလာခင် ၎င်းသည် ငရဲဖိနှိမ်မီးဖို၏ ရိုက်ခတ်မှုမှာ ယိမ်းထိုးသွားလေသည်။ သိပ်သည်းသော အက်ကွဲကြောင်းများ ပေါ်ထွက်လာပြီး ၎င်းက သိပ်မကြာခင် ကြေမွပျက်စီးသွား၏။

ကြီးမားပြင်းထန်သော ရိုက်ခတ်မှုအောက်မှာ သူ့တဗူးနည်းစနစ်၏ ဓမ္မတာအိုသည် သိုင်းတာအိုဝဲကတော့၏ ဆုတ်ဖြဲမှုအောက်မှာ ပျက်ပြယ်ပြီး ဆက်လက်၍ မစုဖွဲ့နိုင်တော့ပေ။

သိုင်းတာအိုပင်မခန္ဓာက ရောက်လာသမျှ အရာရာတိုင်းကို ကိုင်တွယ်ပစ်နေ၏။

တစ်ဖက်သူက ဘယ်လောက်ပင် သန်မာသည်ဖြစ်စေ… သူ့မှာ တန်ပြန်နည်းလမ်းများ ရှိနေလေသည်။

အမှုဆောင်တမန်တော် မီးတောက်ကောင်းကင်ဘုံ၏ တိုက်ခိုက်မှုများအားလုံးကို သိုင်းတာအိုပင်မခန္ဓာက အခြားသောနည်းလမ်းများဖြင့် ပိတ်ဆို့တားဆီးထား၏။

သိုင်းတာအိုပင်မခန္ဓာ၏ လက်သီးကတော့ ပြိုင်ဘက်ကင်းပြီး အဖျက်စွမ်းအားမြင့်မားသော တိုက်ခိုက်မှုတစ်ရပ်ကို ထုတ်ဖော်နေဆဲဖြစ်၏။

အမှုဆောင်တမန်တော် မီးတောက်ကောင်းကင်ဘုံ၏ အမူအရာက စိတ်ပျက်အားငယ်သွားပြီး သိုင်းတာအိုပင်မခန္ဓာကို ခုခံဖို့အတွက် ဧကရာဇ်လက်နက်တချို့ကို ဆင့်ခေါ်လိုက်သည်။

သို့သော်လည်း ထိုနတ်ဘုရားလက်နက်များ ထွက်ပေါ်လာသည့်ခဏမှာပင် သူတို့သည် သိုင်းတာအိုပင်မခန္ဓာ၏ လက်သီးချက်ဖြင့် လွင့်စင်ထွက်သွား၏။

ဤထိုးချက်မှာ သိပ်သည်းပြင်းထန်သော အလျင်အဟုန် ပါဝင်နေပြီး ၎င်းသည် တစ်ရှိန်ထိုး တိုးဝင်လာ၏။ အမှုဆောင်တမန်တော် မီးတောက်ကောင်းကင်ဘုံသည် ကူကယ်ရာမဲ့စွာဖြင့် အဲဒါကို တားဆီး၍ မရနိုင်တော့ဟု ခံစားနေရ၏။

ထိုထိုးချက်နှင့် ရင်ဆိုင်ရချိန်မှာ မည်သည့်စွမ်းအားကမှ မခုခံနိုင်တော့သည့်အလားပင်။

ထိုအခိုက်အတန့်မှာ သူသည် လောင်ကျွမ်း၍ အကြောက်အလန့်ကင်းမဲ့ပြီး စွမ်းအားကြီးမားသော စိတ်ဆန္ဒတစ်ခုကို ခံစားမိလိုက်၏။

၎င်းသည် ခန့်ညားထည်ဝါပြီး ကောင်းကင်တစ်ခွင် အုပ်မိုးလာခဲ့၏။

ထိုစိတ်ဆန္ဒအောက်မှာ သူက ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ အရေးမပါအရာမရောက် ဖြစ်နေ၏။

ဘုန်း…

အကြည့်များစွာအောက်မှာ သိုင်းတာအိုပင်မခန္ဓာသည် အမှုဆောင်တမန်တော် မီးတောက်ကောင်းကင်ဘုံကို ဖြတ်ကျော်သွားပုံရလေသည်။

သို့သော်လည်း သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ဖြတ်ကျော်သွားချိန်မှာ သိုင်းတာအိုပင်မခန္ဓာ တစ်ယောက်တည်းသာလျှင် ကျန်ရစ်ခဲ့၏။

သူ၏ နောက်ဘက်မှာ ခပ်ဖျော့ဖျော့ မီးတောက်အချို့ ကျန်ရှိနေဆဲဖြစ်သည်။

အမှုဆောင်တမန်တော် မီးတောက်ကောင်းကင်ဘုံသည် သိုင်းတာအိုပင်မခန္ဓာထံမှ ထိုးချက်တစ်ချက်ဖြင့် ကြေမွပျက်စီးသွားပြီး သူ၏ အမြုတေစိတ်ဝိညာဉ်က ဖျက်ဆီးခံရကာ နေရာမှာတင် သေဆုံးသွား၏။

တိုက်ပွဲဖြစ်ပွားလာသည့်ခဏမှာပင် အမှုဆောင်တမန်တော်တစ်ဦးက သေဆုံးသွားလေသည်။

ထိုမြင်ကွင်းသည် ကောင်းကင်ဘုံခုံရုံးနှင့် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှ ဧကရာဇ်များအပေါ် ကြီးမားသည့် စိတ်ပိုင်းဆိုင်ရာ ထိုးနှက်ချက်တစ်ခု ဖြစ်သွားလေသည်။

ကောင်းကင်ဘုံခုံရုံးတစ်ခုလုံးမှာ အမှုဆောင်တမန်တော် ကိုးဦးသာလျှင် ရှိလေသည်။

ယခု တစ်ကြိမ်ထိတွေ့ဖလှယ်ရုံဖြင့် ဧကရာဇ်ပညာရှင် ၃၀၀နီးပါး၏ မျက်စိရှေ့မှာ သူတို့ထဲမှတစ်ယောက်သည် သိုင်းတာအိုပင်မခန္ဓာ၏ တိုက်ခိုက်မှုအောက်မှာ သေဆုံးသွားခဲ့ပြီ ဖြစ်လေသည်။

အဲဒါက ဘယ်လောက်တောင် စီးပိုးခြယ်လှယ်မှု ရှိလိုက်သလဲ…။

အခန်း ၃၁၆၀ - မိုးမျှော်သစ်ပင်

ထျန်ဟွမ်ခန်းမမှာ။

ဓားကမ္ဘာဘက်မှာအခြေအနေက တင်းမာလာသောအခါ အမှုဆောင်တမန်တော် အပြာရောင်ကောင်းကင်ဘုံသည် စစချင်း သူ၏ တုန်လှုပ်မှုကနေ အလျင်အမြန်ရုန်းထွက်ပြီး သူ၏ စိတ်ကို တည်ငြိမ်စေလိုက်၏။

“အားလုံးပဲ ဘာမှကြောက်နေစရာမလိုဘူး”

အမှုဆောင်တမန်တော်အပြာရောင်ကောင်းကင်ဘုံက လေးနက်သောအသံဖြင့် ပြောလိုက်၏။

“ငါတို့ရှေ့ကလူက အန္တိမဘုရင်တစ်ဦးတစ်ပါးပဲ… သူနဲ့ ဓားကမ္ဘာက ဧကရာဇ်အထီးကျန်သိုင်းသခင်ကြားမှာ ကြီးမားတဲ့ကွာဟချက်ရှိနေတယ်”

“ဧကရာဇ်အထီးကျန်သိုင်းသခင်ကို ဓားကမ္ဘာမှာ ဧကရာဇ်ပညာရှင်သုံးရာကျော်က ဝိုင်းပတ်ပိတ်ဆို့ထားတယ်… သူက ဒီဘက်ကို လုံးဝဂရုစိုက်မပေးနိုင်ဘူး”

“ထျန်ဟွမ်ကမ္ဘာရဲ့ လောကအရှင်က အချိန်ဆွဲဖို့အတွက် ဧကရာဇ်အထီးကျန်သိုင်းသခင်ရဲ့စွမ်းအားကို အသုံးချနေရုံပဲ”

သိပ်မကြာခင် အမှုဆောင်တမန်တော် အပြာရောင်ကောင်းကင်ဘုံသည် ဆူဇီမို၏ အားနည်းချက်ကို တွေ့မြင်သွား၏။ ထိုအခိုက်အတန့်မှာ ဧကရာဇ်မိုးပြာရောင်မီးတောက်သည် တဖြည်းဖြည်းတုံ့ပြန်လာပြီး အမှုဆောင်တမန်တော် အပြာရောင်ကောင်းကင်ဘုံ၏ နောက်ကနေ ထွက်လိုက်လေသည်။ သူက မျက်မှောင်ကြုတ်ပြီး မလှမ်းမကမ်းမှာရှိသောဆူဇီမိုကို အိုးတိုးအမ်းတမ်းအမူအရာဖြင့် စိုက်ကြည့်နေ၏။

“ပြောရမယ်ဆိုရင် ဆူဇီမိုက ရှေ့မှာ ဖြီးလုံးဖြန့်လုံးထုတ်နေရုံပေါ့”

“တကယ်တော့… သူက ကောင်းကင်လိုဏ်ဂူအကြီးဘုရင်တစ်ဦးပဲမလား”

“ဟုတ်တာပေါ့”

အမှုဆောင်တမန်တော်အပြာရောင်ကောင်းကင်ဘုံက ခေါင်းညိတ်ပြီး လှောင်ပြောင်သရော်လိုသောအကြည့်ဖြင့် ဆူဇီမိုကို ကြည့်လိုက်၏။

“ငါထင်တာမမှားဘူးဆိုရင် မင်းက အချိန်ဆွဲဖို့ ကြိုးစားနေရုံပဲ… မင်းက ဧကရာဇ်အထီးကျန်သိုင်းသခင် ဓားကမ္ဘာက အခြေအနေကို ကိုင်တွယ်ပြီး ထျန်ဟွမ်ကမ္ဘာကို စစ်ကူလာပေးမှာကို စောင့်နေတာပဲ”

“ကံဆိုးစွာနဲ့ပဲ မင်းက ကောင်းကင်ဘုံခုံရုံးရဲ့နည်းလမ်းတွေကို လျှော့တွက်ထားတာပဲ… ကောင်းကင်ဘုံခုံရုံးက အဖွဲ့နှစ်ဖွဲ့ခွဲပြီး ဓားကမ္ဘာနဲ့ ထျန်ဟွမ်ကမ္ဘာကို တစ်ချိန်တည်းမှာ တိုက်ခိုက်လာမယ်လို့ မင်းထင်မထားဘူးမလား… မင်းမှာ ဧကရာဇ်အထီးကျန်သိုင်းသခင်ရှိနေတယ်ဆိုရင်တောင် မင်းက ဘာမှတတ်နိုင်မှာမဟုတ်ဘူး… မင်းက အလွန်ဆုံး တစ်ဘက်ကိုပဲ ကယ်တင်ပေးနိုင်မယ်”

“ငါက ဒီရေပိတ်ကားပြင်နဲ့ ဓားကမ္ဘာဘက်ခြမ်းက အခြေအနေကို တစ်ချိန်တည်းမှာ ပြသပေးထားနိုင်မယ်လို့ မင်းထင်မထားဘူးမလား”

ဧကရာဇ်မိုးပြာရောင်မီးတောက်၏ မျက်လုံးများက ဝင်းလက်သွား၏။

“ငါတို့တွေက ဓားကမ္ဘာဘက်ခြမ်းက လူတိုင်းနဲ့တစ်ချိန်တည်းမှာ တိုက်ခိုက်ပြီး ဧကရာဇ်အထီးကျန်သိုင်းသခင်ကို စစ်ကူပေးခွင့်မရအောင် လုပ်လို့ရတာပဲ”

“ဟုတ်တယ်”

အမှုဆောင်တမန်တော်အပြာရောင်ကောင်းကင်ဘုံက ဓားကမ္ဘာဘက်ခြမ်းမှ ရုတ်ရုတ်သဲသဲအခြေအနေကို တစ်ချိန်လုံးအာရုံစိုက်ထားပြီး မှင်သေသေဖြင့် ပြောလိုက်၏။

“ဓားကမ္ဘာဘက်ခြမ်းက တိုက်ပွဲမပြီးဆုံးခင် ထျန်ဟွမ်ကမ္ဘာက ဖျက်ဆီးခံရလိမ့်မယ်”

“အထီးကျန်သိုင်းသခင်ရဲ့ အစစ်အမှန်ခန္ဓာနှစ်ခုကြားပတ်သက်ဆက်နွယ်မှုအတိအကျကို ငါမသိပေမယ့် ငါတို့က ဒီအစိမ်းရောင်ကြာပန်းခန္ဓာကို ဖျက်ဆီးလိုက်မယ်ဆိုရင် အဲဒါက သူ့အပေါ်မှာ သိသာထင်ရှားတဲ့ ပျက်စီးထိခိုက်မှု သေချာပေါက်ဖြစ်လိမ့်မယ်”

ထိုစဉ် ဓားကမ္ဘာဘက်ခြမ်းမှာ သိုင်းတာအိုပင်မခန္ဓာနှင့် အမှုဆောင်တမန်တော် မီးတောက်ကောင်းကင်ဘုံက တစ်ချိန်တည်းမှာ တိုက်ခိုက်လိုက်ကြပြီဖြစ်၏။

အမှုဆောင်တမန်တော်အပြာရောင်ကောင်းကင်ဘုံ၏ မျက်လုံးထဲတွင် အေးစက်စက်အလင်းတစ်ခု ဖျတ်ခနဲလက်သွားပြီး သူက လေထဲသို့ခုန်တက်ကာ သူ့အသံကို ထျန်ဟွမ်ကမ္ဘာ၏ တစ်ထောင့်တစ်နေရာမကျန် ပျံ့နှံ့သွားစေ၏။

“အားလုံးပဲ… ငါ့အမိန့်ကို နာခံကြ… ထျန်ဟွမ်ကမ္ဘာက သက်ရှိတွေအားလုံးကို ခြွင်းချက်မရှိ သတ်ဖြတ်ရမယ်”

အလင်းကမ္ဘာနှင့် ကမ္ဘာတစ်ရာကျော်မှ စစ်တပ်များသည် ထျန်ဟွမ်ကမ္ဘာ၏ အထက်ကောင်းကင်မှာ အချိန်ကြာမြင့်စွာ စောင့်ကြပ်နေပြီး ကြမ်းကြုတ်ခက်ထန်သောအော်ရာနှင့်အတူ ဆက်လက်၍ မချုပ်တည်းနိုင်ကြတော့ပေ။

ထိုအမိန့်ကိုကြားသောအခါ သူတို့သည် ထျန်ဟွမ်ကမ္ဘာသို့ ချက်ချင်းပင် ချီတက်လာကြ၏။ အလင်းကမ္ဘာဦးဆောင်လာသော ကမ္ဘာတစ်ရာကျော်မှ စစ်သည်ပေါင်းဘီလီယံနှင့်ချီရှိနေသည်။

သို့သော်လည်း ထျန်ဟွမ်ကမ္ဘာတစ်ခုလုံးမှာ သက်ရှိများအားလုံးပေါင်း သန်းတစ်ရာထက်ပိုမရှိပေ။

ဒါ့အပြင် ဆူဇီမို၊ လင်းကျန့်၊ ဖုန့်စန်းထျန်နှင့် အခြားသူများကဲ့သို့ ထျန်ဟွမ်ကမ္ဘာမှ အသန်မာဆုံးတိုက်ခိုက်ရည်ခွန်အားရှိသည့်သူများက ထျန်ဟွမ်ခန်းမထဲမှာ ပိတ်မိနေကြသည်။

ထျန်ဟွမ်ကမ္ဘာမှ ကျင့်ကြံသူများအတွက်တော့ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရတော့မည်နှင့် တူနေသည်။

ထိုသို့ဆိုလျှင်တောင် ထျန်ဟွမ်ကမ္ဘာမှ ကျင့်ကြံသူများက အလျှော့မပေးကြပေ။

ယန်လောရှုနှင့် မိုချင်၏ ဦးဆောင်မှုအောက်မှာ ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်သည် တိုက်ပွဲမှာပါဝင်နိုင်သည့် ကျင့်ကြံသူများအားလုံးကို စုစည်းထားပြီး တိုက်ခိုက်ဖို့ ပြင်ဆင်ထားကြပြီဖြစ်သည်၊

လင်းလေနှင့် လင်းလော၏ အမိန့်အောက်မှာ တိုက်ပွဲနိုင်ငံကိုလည်း စုစည်းထားပြီးလေပြီ။

နှင်းလေတောင်ကြောရိုးမှ လူအများစုသည် မဟူရာအင်မော်တယ်များဖြစ်ပြီး ဤကဲ့သို့သောတိုက်ပွဲတစ်ခုမှာ ခုခံနိုင်စွမ်းကင်းမဲ့နေသော်လည်း သူတို့က အလျှော့မပေးဘဲ နောက်ဆုံးအကြိမ်အဖြစ် တိုက်ခိုက်ဖို့ ပြင်ထားကြ၏။

တကယ်တော့ ဖရိုဖရဲနှင့် ဘေးလွတ်ရာကိုထွက်ပြေးနေကြသော ထျန်ဟွမ်ကမ္ဘာကျင့်ကြံသူများစွာလည်း ရှိနေ၏။

သို့သော်လည်း ထျန်ဟွမ်ကမ္ဘာကို ချိပ်ပိတ်ထားပြီဖြစ်သည်။ ဘုရင်များနှင့်ဧကရာဇ်များပင်လျှင် မထွက်ခွာနိုင်ပေ။

ထျန်ဟွမ်ခန်းမမှာ…။

အပြင်ဘက်ကအခြေအနေကို အာရုံခံပြီး လင်းကျန့်၊ အင်မော်တယ်ဘုရင်မလင်းလုံ၊ ဖုန့်စန်းထျန်နှင့် အခြားသူများမှာ စိုးရိမ်ကြောင့်ကြသောအမူအရာများထွက်ပေါ်လာ၏။

တကယ်တော့ ထျန်ဟွမ်ကမ္ဘာမှာ ပုန်းလျှိုးနေသည့် ယက္ခိုသ်များစွာလည်းရှိနေလေသည်။

ယက္ခိုသ်များတိုက်ခိုက်လာသည်နှင့် သူတို့သည် အလင်းကမ္ဘာနှင့် အခြားသောကမ္ဘာများမှ စစ်တပ်များကို ခဏကြာခုခံထားနိုင်ပေလိမ့်မည်။

ယခုသူတို့ရင်ဆိုင်နေရသောအခြေအနေက အပြင်ဘက်မှာထက်ပင် များစွာပိုမိုအန္တရာယ်များနေ၏။

ခန်းမထဲမှာ ဧကရာဇ်ပညာရှင်တစ်ရာကျော်ရှိနေ၏။ သို့သော်လည်း ထျန်ဟွမ်ကမ္ဘာဘက်ခြမ်းမှာ ဧကရာဇ်တစ်ဦးပင်မရှိပေ။ အမှုဆောင်တမန်တော်အပြာရောင်ကောင်းကင်ဘုံက အမိန့်ပေးလိုက်သည်နှင့် ဆူဇီမိုအပါအဝင် လူတိုင်းက ချက်ချင်းပင် သတ်ဖြတ်ခံရပေလိမ့်မည်။

ဆူဇီမိုကို ကယ်တင်ပေးနိုင်ခွင့်ရှိသည့် သူများမှာ ဧကရာဇ်မြောက်ပိုင်းခွန်၊ ဧကရာဇ်တောင်ပိုင်းဖန်း၊ နဂါးဧကရီဆီးနှင်းနှင့် ပန်းလောကအရှင်တို့သာ ဖြစ်နိုင်လေသည်။ မျောက်ဝံအိုကြီးက ချက်ချင်းပင်မတ်တတ်ရပ်ပြီး ဆူဇီမို၏ ရှေ့မှာ ရပ်လိုက်၏။ သူက ဧကရာဇ်မြောက်ပိုင်းခွန်နှင့် အခြားသူများကိုကြည့်ပြီး လေးနက်သောအသံဖြင့်ပြောလိုက်၏။

“အားလုံးပဲ… မင်းတို့တွေက ဒီလိုအချိန်မှာတောင် ကောင်းကင်ဘုံခုံရုံးဆီ အညံ့ခံကြဦးမလို့လား”

“ငါတို့တွေ အတူပူးပေါင်းပြီး တတ်နိုင်သမျှအချိန်ဆွဲပေးထားတာနဲ့ ဧကရာဇ်အထီးကျန်သိုင်းသခင်က ဓားကမ္ဘာကနေ ပြန်ရောက်လာတဲ့အခါ ငါတို့က ဒီကပ်ဘေးကို ဖြေရှင်းနိုင်လိမ့်မယ်”

မျောက်ဝံအိုကြီးက သူတစ်ယောက်တည်းသာဆိုလျှင် သူသည် ကောင်းကင်ဘုံခုံရုံးကို ဆန့်ကျင်တိုက်ခိုက်ဖို့ တကယ်ပင်သတ္တိရှိလိမ့်မည်မဟုတ်ပေ။

သို့သော်လည်း ဧကရာဇ်အထီးကျန်သိုင်းသခင်က ဆူဇီမိုပင်ဖြစ်သည်ကို တွေ့ရှိချိန်မှာ နီညိုရောင်မျောက်ဝံမျိုးရိုးပိုင်ဆိုင်သော တိုက်ပွဲဝင်စိတ်ဆန္ဒက သူ၏ ရင်ထဲမှာ လောင်ကျွမ်းလာပြီး သူက ကောင်းကင်ဘုံခုံရုံးကို ဆန့်ကျင်ဖို့ ဆုံးဖြတ်လိုက်၏။

အမှုဆောင်တမန်တော်အပြာရောင်ကောင်းကင်ဘုံနှင့် အခြားသောဧကရာဇ်များက ထိုသည်ကိုတွေ့မြင်သောအခါ အထင်အမြင်သေးစွာဖြင့် လှောင်ပြုံးလိုက်ကြ၏။

ဧကရာဇ်မြောက်ပိုင်းခွန်နှင့် ဧကရာဇ်တောင်ပိုင်းဖန်းက နှုတ်ဆိတ်နေလေသည်။

ကိစ္စက ထိုသို့ဆိုသော်လည်း သူတို့က ပူးပေါင်းထားမည်ဆိုလျှင်တောင် ဘယ်လောက်ကြာကြာခုခံနိုင်မှာလဲ။ တကယ်ဆို သူတို့တွေက ပူးပေါင်းထားမည်ဆိုလျှင်တောင် သူတို့သည် အမှုဆောင်တမန်တော် အပြာရောင်ကောင်းကင်ဘုံကို ခုခံနိုင်ချင်မှ ခုခံနိုင်ပေလိမ့်မည်။

ထျန်ဟွမ်ကမ္ဘာကို ဧကရာဇ်အထီးကျန်သိုင်းသခင်က နောက်ခံပေးထားသည်ဆိုလျှင်တောင် သူက အလွန်တရာဝေးကွာသော ဓားကမ္ဘာမှာ ယခုအချိန်ရောက်ရှိနေ၏။ သူက သည်ဘက်ခြမ်းမှာရှိသောအခြေအနေကို ဂရုစိုက်ပေးဖို့ မတတ်နိုင်ပေ။

သူတို့က ယခုအချိန်မှာ ရှေ့ထွက်မည်ဆိုလျှင် သူတို့ကိုယ်သူတို့ အဆုံးစီရင်ခြင်းနှင့်တူနေပေလိမ့်မည်။

နဂါးဧကရီဆီးနှင်းနှင့် ပန်းလောကအရှင်က အကျပ်ရိုက်နေကြ၏။ အထီးကျန်သိုင်းသခင်သည် တစ်ခါက နဂါးကမ္ဘာနှင့် ပန်းကမ္ဘာကို ကယ်တင်ပေးခဲ့သည်။ သူတို့သည် ထျန်ဟွမ်ကမ္ဘာနှင့် ဆူဇီမိုကို ဤကပ်ဘေးကနေ ရှင်သန်အောင် တကယ်ပင်ကယ်တင်ပေးလိုကြ၏။ သို့သော်လည်း လက်ရှိအခြေအနေအရ သူတို့နှစ်ယောက်က ရှေ့ထွက်မည်ဆိုလျှင်တောင် အကြောင်းထူးတော့မည်မဟုတ်ပေ။

သူတို့က တွေဝေတုံ့ဆိုင်းနေစဉ် အမှုဆောင်တမန်တော်အပြာရောင်ကောင်းကင်ဘုံ၏ အမူအရာက အေးစက်လာခဲ့၏။ သူက သူ၏ လက်ကိုဝေ့ယမ်းပြီး မှင်သေသေဖြင့် ပြောလိုက်၏။

“ခန်းမထဲမှာရှိတဲ့ ထျန်ဟွမ်ကမ္ဘာသက်ရှိတွေတစ်ယောက်မှ အသက်ရှင်လျက်မကျန်ခဲ့စေနဲ့… ငါတို့ကိုတားဆီးရဲတဲ့ ဘယ်သူ့ကိုမဆို သတ်..”

ဧကရာဇ်မြောက်ပိုင်းခွန်၊ ဧကရာဇ်တောင်ပိုင်းဖန်းနှင့် အခြားသူများက ရင်တထိတ်ထိတ်ဖြစ်သွားကြ၏။ နောက်ဆုံးစကားက သူတို့ကိုပါ ရည်ရွယ်နေသည်မှာသိသာလေသည်။

အလင်းလောကအရှင်က လှောင်ရယ်ပြီး သူ၏ အကြည့်က သိပ်သည်းစုဖွဲ့လာ၏။ သူက ဆူဇီမိုကို ချက်ချင်းပင်စိုက်ကြည့်ပြီး ခုန်ဝင်လာခဲ့လေသည်။

ထျန်ဟွမ်ခန်းမထဲမှာ ဧကရာဇ်ပညာရှင်တစ်ရာကျော်က တစ်ချိန်တည်းမှာ တိုက်ခိုက်လာကြ၏။

ခန်းမတစ်ခုလုံးက တောင့်မခံနိုင်ဘဲ ယိမ်းထိုးသွားလေသည်။

ဆူဇီမိုသည် ထျန်ဟွမ်ကမ္ဘာ၏ လောကအရှင်၊ အဆင့်-၁၂ ဖန်တီးခြင်းကြာပဒုမ္မာ သို့မဟုတ် ဧကရာဇ်အထီးကျန်သိုင်းသခင်ဖြစ်လေသည်။

ချက်ချင်းနီးပါးပင် ဧကရာဇ်ပညာရှင်လေးငါးဆယ်က ဆူဇီမိုထံ ပြေးဝင်လာကြ၏။

ထိုသည်ကို တွေ့မြင်သောအခါ ဧကရာဇ်မြောက်ပိုင်းခွန်၊ ဧကရာဇ်တောင်ပိုင်းဖန်းနှင့် အခြားသူများ၏ အမူအရာများက သုန်မှုန်သွားပြီး ဆက်လက်၍မကြည့်ရက်နိုင်တော့ဘဲ သူတို့၏ ခေါင်းများကို အနည်းငယ်ငုံ့လိုက်ကြ၏။

“ဟား…”

မျောက်ဝံအိုကြီးက မာန်ဖီဟိန်းဟောက်ပြီး ပကတိလောကတစ်ခုကို ထုတ်ဖော်လိုက်၏။

သို့သော်လည်း ဧကရာဇ်ပညာရှင်လေးငါးဆယ်၏ ရိုက်ခတ်မှုအောက်မှာ သူ၏ လောကက ယိမ်းထိုးပြီး အပြည့်အဝစုဖွဲ့မလာခင် အချိန်မရွေးလဲပြိုကျသွားနိုင်၏။

မျောက်ဝံအိုကြီးသည် ဆူဇီမိုရှေ့မှာ ရပ်တည်ပေးနေလျှင်တောင် သူက ကာကွယ်မပေးနိုင်ပေ။ ဧကရာဇ်မိုးပြာရောင်မီးတောက်သည် စောစောက ဆူဇီမိုကြောင့် သေမတတ်ကြောက်လန့်သွားခဲ့၏။ သို့သော်လည်း ထိုအချင်းအရာကို တွေ့မြင်သောအခါ သူက ရယ်မောလိုက်၏။

“အထီးကျန်သိုင်းသခင် ဒီနေ့မင်းကို ဘယ်သူမှ မကယ်နိုင်တော့ဘူး”

ရုတ်တရက်ဆိုသလို…။

အမှုဆောင်တမန်တော်အပြာရောင်ကောင်းကင်ဘုံက တစ်စုံတစ်ရာကို အာရုံခံမိသွားပြီး သူ၏ အမူအရာက ပြောင်းလဲသွား၏။ သူက ဧကရာဇ်မိုးပြာရောင်မီးတောက်ကို ဖမ်းဆွဲပြီး နောက်သို့လျင်မြန်စွာဆုတ်လိုက်လေသည်။ တစ်ချိန်တည်းမှာပင် သူက အော်ပြောလိုက်၏။

“သတိထားကြ…”

သူ့စကားမဆုံးသေးခင်…

ဝုန်း…

ကမ္ဘာတုန်လောက်ဖွယ်ရာပေါက်ကွဲသံက ထွက်ပေါ်လာ၏။

မနှိုင်းယှဉ်သာအောင်တုတ်ခိုင်၍ အရွက်များဝေဆာနေသော ဧရာမသစ်ပင်တစ်ပင်က ကောင်းကင်ထက်ကနေ ဆင်းသက်လာပြီး ထျန်ဟွမ်ခန်းမ၏ အမိုးခုံးကို ချိုးဖျက်ကာ ခန်းမအလယ်သို့ ပြင်းထန်စွာပစ်ကျလာ၏။

အလင်းလောကအရှင်နှင့် အခြားသောဧကရာဇ်ပညာရှင်များက လျင်မြန်စွာတုံ့ပြန်ပြီး ချက်ချင်းပင်ဆုတ်ခွာသွားကြလေသည်။ သို့သော်လည်း အချိန်မီမရှောင်တိမ်းနိုင်သော ဧကရာဇ်ပညာရှင်ဆယ်ဦးကျော်ရှိနေဆဲဖြစ်၏။ သူတို့သည် အနည်းငယ်စိတ်အာရုံပျံ့လွင့်သွားပြီး သူတို့စုဖွဲ့ထားသော လောကများက ကြေမွပျက်စီးကာ သူတို့၏ ခန္ဓာကိုယ်များက အစိတ်စိတ်အမွှာမွှာဖြစ်အောင် ပစ်ရိုက်ချခံလိုက်ရ၏။ အဲဒါက ချောက်ချားစရာကောင်းသောမြင်ကွင်းတစ်ခုဖြစ်လေသည်။

ဤဧကရာဇ်ပညာရှင်များ၏ အသွေးအသားသည် မိုးမျှော်သစ်ပင်ဖြင့် ကြိတ်ချေခံလိုက်ရပြီး အသွေးအသားပျော့ဖတ်များအဖြစ် ပြောင်းလဲသွားလေသည်။

ဧကရာဇ်ဆယ်ဦးကျော်က နေရာမှာပင် သေဆုံးသွားကြသည်။

All Chapters