ဒုတိယ ခန်းမဆောင်သခင်
Vol. 14 Ch. 199
ဧည့်ခန်းအတွင်းတွင် ဟန်ရှောင်နှင့်ချိုင်ယွင်ရှန့်တို့သည် တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင်၍ ထိုင်နေကြ၏။
ကျန်းရွှမ် လျှောက်လှမ်းသွားသည့် အချိန်တွင် ချိုင်ယွင်ရှန့်က မတ်တတ်ထရပ်ပြီး သူ၏လက်နှစ်ဖက်ကို ပူးဆုပ်၍ ပြောဆိုလိုက်သည်။
"အကြီးအကဲလင်း... အိုး မဟုတ်ဘူး...ဒုတိယ ခန်းမသခင်လင်း ကျွန်တော့်ရဲ့ ကြိုတင်ဂုဏ်ပြုစကားကို လက်ခံပေးပါ"
"ဒုတိယ ခန်းမသခင်လား..."
ကျန်းရွှမ် နားမလည်နိုင် ဖြစ်သွားသည်။
ဟန်ရှောင်က အပြုံးနှင့် ခေါင်းညိတ်လိုက်၏။
"ငါတို့က အကြီးအကဲအဖွဲ့ အစည်းအဝေးကို ကျင်းပပြီးတော့ မင်းကို ဒုတိယခန်းမသခင်အဖြစ် ရာထူးတိုးပေးဖို့ ဆုံးဖြတ်ခဲ့ပြီးပြီ...ဒါက မင်းရဲ့ ခန့်အပ်လွှာပဲ.... ဒီနေ့ကစပြီး မင်းနဲ့ ဒုတိယခန်းမသခင်ချိုင်တို့က ဟန်ယွမ်မြို့က ကံကြမ္မာခန်းမကို ပူးတွဲစီမံခန့်ခွဲရလိမ့်မယ်... ဒါကို ပိုပြီးကြီးကျယ်ခမ်းနားလာအောင် မင်းတို့ ကြိုးစားရမယ်"
ခန့်အပ်လွှာကို ယူလိုက်ရင်း ကျန်းရွှမ်၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများ ထင်ဟပ်လာသည်။
"ကျွန်တော့်ကို မြေတောင်မြှောက်ပေးတဲ့အတွက် ခန်းမသခင်ကို ကျေးဇူးတင်ပါတယ်... ခင်ဗျား ပေးခဲ့တဲ့ ဆေးလုံးတွေသာ မရှိခဲ့ရင် ကျွန်တော်က ဒီလောက်ထိမြန်မြန် အဆင့်တက်နိုင်ခဲ့မှာ မဟုတ်ဘူး"
"ဒါက ငါ လုပ်သင့်တဲ့အရာပဲ"
ဟန်ရှောင်က သူ၏လက်ကိုမြှောက်ကာ စကားဖြတ်လိုက်ပြီး မျှော်လင့်ချက်အပြည့်ဖြင့် ပြောဆိုသည်။
"မင်း ဒီလောက်ထိ မြန်မြန်ကြီးထွားလာတာကို မြင်ရတာ ငါ ဝမ်းသာတယ်... အမှန်အတိုင်းပြောရရင် ငါက လာမယ့်နှစ်မှာ ခန်းမသခင်အဖြစ်ကနေ အနားယူဖို့ စီစဉ်ထားတယ်... အဲ့ဒီနောက်မှာ ကံကြမ္မာခန်းမကိုစီမံခန့်ခွဲတာက မင်းတို့နှစ်ယောက်အပေါ်မှာ မူတည်နေပြီ"
ကျန်းရွှမ် ကြက်သေသေသွားသည်။
"ခန်းမသခင်...ခင်ဗျားက အသက်ငယ်ငယ်ပဲ ရှိသေးတာလေ"
ဟန်ရှောင်က ခေါင်းခါလိုက်သည်။
"ငါက ပိုမြင့်တဲ့အဆင့်ကိုရောက်အောင် နှစ်ပေါင်းများစွာကြာအောင် လေ့လာလိုက်စားချင်ခဲ့ပေမဲ့ ငါ ကျင့်ကြံမှုကို အာရုံစိုက်ဖို့အတွက်က သာမန်အရေးကိစ္စတွေ အများကြီးနဲ့ ချည်နှောင်ခံထားရတယ်....အခု မင်း အဆင့်တက်သွားပြီးတော့ ကံကြမ္မာခန်းမမှာ နောက်ထပ် စိုးရိမ်စရာ မရှိတော့တာကြောင့် ငါ ဒီရာထူးကို ဆက်ပြီးဆုပ်ကိုင်ထားဖို့ မလိုအပ်တော့ဘူး... ဒီနေ့ကစပြီးတော့ မင်းတို့နှစ်ယောက် လုပ်သမျှ အရာ
အားလုံးကို ငါ အကဲဖြတ်မယ်....ငါ အနားယူပြီးတာနဲ့ ပိုပြီးထူးချွန်တဲ့သူက ခန်းမသခင် ဖြစ်လာလိမ့်မယ်"
ချိုင်ယွင်ရှန့်နှင့်ကျန်းရွှမ်တို့သည် အပြန်အလှန် ကြည့်လိုက်ကြပြီး တပြိုင်နက်တည်း ခေါင်းညိတ်လိုက်ကြ၏။
"နားလည်ပါပြီ"
ဟန်ရှောင်က သူ၏မုတ်ဆိတ်မွှေးကို ပွတ်သပ်ရင်း ပြုံးလိုက်သည်။
"ပုယန် မင်း တောင်းထားတဲ့ စာအုပ်တွေ အဆင်သင့် ဖြစ်နေပြီ... ကံကြမ္မာခန်းမရဲ့ တတိယထပ်မှာ ရှိတယ်...အခု မင်းက ဒုတိယ ခန်းမသခင် ဖြစ်နေပြီဆိုတော့ အဲ့ဒါတွေကို ကြည့်ရှုဖို့ အရည်အချင်း ပြည့်မီသွားပြီ... ငါ မင်းကို ဆက်ပြီး မနှောက်ယှက်တော့ဘူး"
ထိုသို့ပြောဆိုပြီးနောက် ဟန်ရှောင်နှင့်ချိုင်ယွင်ရှန့်တို့သည် ထွက်ခွာသွားရန် နောက်သို့လှည့်လိုက်ကြ၏။ ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် ကျန်းရွှမ်သည် ဟန်ရှောင်၏အသံပေးပို့မှုကို ကြားလိုက်ရသည်။
"ပုယန်....အမှန်အတိုင်းပြောရရင် မင်းက ပိုကောင်းတဲ့ ကိုယ်စားလှယ်လောင်းလို့ ငါ ထင်တယ်.... ငါ့နေရာကို ဆက်ခံဖို့ မင်းကို ငါ အမြဲ မျှော်လင့်ခဲ့တာ...မင်းသာ ဒုတိယခန်းမသခင် မဖြစ်ခဲ့ဘူးဆိုရင် ငါက ဒီကိစ္စကို နောက်ထပ်နှစ်အနည်းငယ်လောက် ဆက်ပြီးထိန်းသိမ်းထားအုံးမှာပဲ"
ကျန်းရွှမ်က သူ၏လက်နှစ်ဖက်ကို အလျှင်အမြန်ဆုပ်ပြီး ပြောဆိုလိုက်သည်။
"ခန်းမသခင်ရဲ့ ယုံကြည်မှုနဲ့ မြေတောင်မြှောက်ပေးမှုတို့အတွက် ကျေးဇူးတင်ပါတယ်"
"အင်း...မင်း ကြိုးစားရမယ်..."
ဟန်ရှောင်က စကားဆုံးအောင်ပြောပြီးနောက် ဧည့်ခန်းအတွင်းမှ ထွက်သွားသည်။ အချိန်တခဏအကြာတွင် ကျန်းရွှမ်သည် ကောင်းကင်ကံကြမ္မာစွမ်းအင်စီးကြောင်းများ လေဟာနယ်မှ ထွက်ပေါ်လာပြီး ဟန်ရှောင်၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်ကို မြင်လိုက်ရသည်။ သို့ရာတွင် ထိုစွမ်းအင်ပမာဏသည် များများစားစား မဟုတ်ချေ။
ဟန်ရှောင်သည် ကံကြမ္မာ၏ဟန်ချက်ညီမှုကို တဖန်ပြန်၍ ထိန်းသိမ်းနိုင်ခဲ့သည်။
ကျန်းရွှမ်သည် ထိုစွမ်းအင်များကို မစုပ်ယူလိုက်ချေ။ ထိုအစား သူသည် အပြင်ဘက်သို့ ဦးတည်သွားကာ ပြောဆိုလိုက်၏။
"ငါ ကံကြမ္မာခန်းမကို သွားလိုက်အုံးမယ်"
ကံကြမ္မာခန်းမစာကြည့်တိုက်၏ တတိယထပ်တွင် ဟန်ရှောင်ပြောခဲ့သော စာအုပ်များကို သူ တွေ့ရှိခဲ့သည်။ ထိုအရာများအားလုံးသည် ရင်းမြစ်ရေအိုင်နယ်ပယ် နဝမအဆင့်နှင့် ပတ်သက်သော စာအုပ်များ ဖြစ်ကြပြီး ပြည့်ကျပ်သိပ်သည်းစွာ ရှိနေကာ စုစုပေါင်း စာအုပ်နှစ်ရာမှသုံးရာခန့်အထိ ရှိနေပေ၏။
ကျန်းရွှမ်သည် စာအုပ်များပေါ်တွင် သူ၏လက်ချောင်းများကို ပွတ်ဆွဲရင်း ထိုအရာများအားလုံးကို ကူးယူကာ ကောင်းကင်ဘုံစာကြည့်တိုက်ထဲသို့ စုဆောင်းလိုက်သည်။ ယခုချိန်၌ စာအုပ်များ လုံလောက်သွားပြီ ဖြစ်သဖြင့် သူသည် ဓမ္မရုပ်သွင်နယ်ပယ်အတွက် ကျင့်ကြံနည်းစနစ်တစ်ခုကို အောင်မြင်စွာဖန်တီးရန် စနစ်တကျကောင်းကင်လမ်း၏ စွမ်းရည်ကို အသုံးပြုလိုက်သည်။
လမ်းမပေါ်တွင် ကျောက်စိမ်းကျောင်းတော်သားနှင့် တခြားလူများ၏အလောင်းများကို ရှင်းလင်းထားပြီးဖြစ်သည်။ ယခင်က ရှုပ်ထွေးနေသော မြင်ကွင်းသည် ယခုအချိန်၌ လတ်လတ်ဆတ်ဆတ် တူးဆွထားသော မြေသင်းရနံ့ဖြင့် ပြည့်နှက်နေပြီး တိုက်ပွဲသည် မည်သည့်အချိန်ကမျှ မဖြစ်ပွားခဲ့သည့်အလားပင်။
"အရှင်မင်းကြီး... ယုလုံချင်းနဲ့ လုမင်ရုန်တို့က လမ်းခရီးမှာ ရှိနေပါပြီမနက်ဖြန် မွန်းတည့်ချိန်လောက်မှာ မြို့တော်ကို ရောက်လာလိမ့်မယ်"
ရွှေရောင်သံချပ်ကာဝတ် အစောင့်တစ်ယောက်က ဟန်ချန်ချောင်ထံ ချဉ်းကပ်လာပြီး သတင်းပို့သည်။
ဟန်ချန်ချောင်က ခေါင်းညိတ်လိုက်သည်။
"ယုလုံချင်းနဲ့လုမင်ရုန် ဟုတ်လား...အဖြူရောင်ကျောက်တုံးမြို့က မြို့အရှင်နဲ့ ကျောင်းအုပ်ကြီးလား"
နံဘေးတွင်ရှိနေသော စွန်းလျန်ရှန်းက စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်၏။
သူမ၏ဖခင် စွန်းချန်ယိုသည် အဖြူရောင်ကျောက်တုံးမြို့တွင် အချိန်အတော်ကြာ နေထိုင်ခဲ့ပေ၏။ သူမသည် မကြာသေးမီက ထိုနေရာသို့ ပြန်သွားခဲ့သဖြင့် ထိုမြို့နှင့် အလွန်ရင်းနှီးနေသည်။
ဟန်ချန်ချောင်က တုံ့ပြန်အဖြေပေးသည်။
"လင်းပုယန်က အဖြူရောင်ကျောက်တုံးမြို့ကနေ ပြန်လာပြီးတဲ့နောက်မှာ သူ့ရဲ့ ကျင့်ကြံမှုက ရုတ်တရက်ကြီး မြင့်တက်လာပြီးတော့ သူ့ရဲ့ အပြုအမူတွေက အရင်ကနဲ့ အရမ်းကွဲပြားခြားနားသွားတယ်...သူ့က တခြားတစ်ယောက် အယောင်ဆောင်နေတာဖြစ်မယ်လို့ ငါ သံသယရှိတယ်....ငါ့ရဲ စုံစမ်းစစ်ဆေးမှုအရ ဒီအချိန်အတွင်းမှာ အဖြူရောင်ကျောက်တုံးမြို့မှာ ကျန်းရွှမ်လို့ခေါ်တဲ့ ပါရမီရှင်တစ်ယောက် ထွက်ပေါ်လာခဲ့ပြီးတော့ သူတို့နှစ်ယောက်က ဆက်စပ်နေပုံရတယ်..ဒါကြောင့် ငါက အဲ့ဒီလူနှစ်ယောက်ကို စစ်ဆေးမေးမြန်းဖို့ ဆင့်ခေါ်ခဲ့တာပဲ"
စွန်းလျန်ရှန်းက မျက်မှောင်ကြုတ်လိုက်သည်။
"ကျန်းရွှမ်လား..."
ဟန်ချန်ချောင်က သူမကို လှမ်းကြည့်လိုက်၏။
"ခယ်မလေးက သူ့ကို သိလို့လား..."
စွန်းလျန်ရှန်းက ခေါင်းညိတ်လိုက်သည်။
"ကျွန်မက ဒီပါရမီရှင်နဲ့ အရင်က တွေ့ဖူးတယ်... သူ့ရဲ့ဆေးပညာစွမ်းရည်က ထူးခြားတယ်... ကျွန်မရဲ့အဖေကို သေခြင်းတရားရဲ့ခံတွင်းဝကနေ ကယ်တင်နိုင်ခဲ့တာက သူ့ကြောင့်ပါ..."
ဟန်ချန်ချောင်၏မျက်လုံးများသည် အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားပေ၏။
"တော်ဝင်မိသားစုက ထိပ်သီးသမားတော်တွေ အများကြီးကို ဆင့်ခေါ်ခဲ့တာတောင် ဘယ်သူမှ အကြီးအကဲစွန်းကို မကုသနိုင်ခဲ့ဘူး... ဒီလူက အောင်မြင်သွားတယ် ဟုတ်လား... ဘာတွေဖြစ်ခဲ့တာလဲဆိုတာ မင်း ငါ့ကို အသေးစိတ် ပြောပြနိုင်မလား"
"ဖြစ်ခဲ့တာက ဒီလိုပါ... ကျွန်မရဲ့ အဖေက သူ့ရဲ့ရောဂါကို ကုသလို့မရတော့မှန်း သိသွားတဲ့ချိန်မှာ အဖြူရောင်ကျောက်တုံးမြို့ကို ပြန်သွားခဲ့တယ်...ကျွန်မ ရောက်သွားတဲ့အချိန်မှာ သူက ကွယ်လွန်သွားခဲ့ပြီ"
စွန်းလျန်ရှန်းက သူမ၏အတွေ့အကြုံကို အသေးစိတ် ပြန်ပြောပြလေသည်။
သူမ၏ဇာတ်လမ်းကို ကြားပြီးနောက် ဟန်ချန်ချောင်နှင့်ဟန်ချန်ယဲ့တို့သည် မယုံကြည်နိုင်သော အကြည့်များဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။
အသက်ရှုရပ်တန့်သွားပြီးသား လူတစ်ယောက်ကို ပြန်လည်အသက်သွင်းနိုင်ခြင်းသော ဆေးပညာစွမ်းရည်သည် သာမန်ထက် များစွာပို၍ သာလွန်ထူးကဲသည်။
"အစ်ကို....ခင်ဗျား သံသယရှိနေတာက လင်းပုယန်က ကျန်းရွှမ် အယောင်ဆောင်ထားတာလို့လား"
ဟန်ချန်ယဲ့က မေးမြန်းသည်။
ဟန်ချန်ချောင်က ခေါင်းညိတ်လိုက်၏။
"အတိအကျပဲ... ရုတ်တရက် ပင်ကိုစရိုက် ပြောင်းလဲသွားတာတွေက အဆန်းမဟုတ်ပေမဲ့ ဒီလို အကြီးအကျယ် ပြောင်းလဲမှုတွေကတော့ သိပ်ကိုရှားပါးတယ်... ဥပမာအနေနဲ့ အရင်လင်းပုယန်က မင်းနဲ့သိုင်းပြိုင်ဖို့ သဘောတူပါ့မလား... ပြီးတော့ ကျောက်စိမ်းကျောင်းတော်သားတို့လူစုနဲ့ ရင်ဆိုင်ရတဲ့အချိန်မှာ သူu သူတို့အားလုံးကို တစ်ယောက်မှမကျန်အောင် သတ်ပစ်ပါ့မလား"
ဟန်ချန်ယဲ့ တိတ်ဆိတ်ငြိမ်သက်သွားသည်။
လင်းပုယန်၏ခွန်အားသည် နိမ့်ပါးခြင်းမရှိချေ။ သို့ရာတွင် ဟန်ယွမ်မြို့၌ သူ၏ နာမည်ဂုဏ်သတင်းသည် အမြဲတစေ သာမန်သာ ဖြစ်ပေ၏။ မကြာသေးမီက ဖြစ်ရပ်များသည် သူ၏ ယခင်ပုံစံနှင့် တစိုးတစိမျှမတူညီဘဲ သတ္တိရှိမှု ပြတ်သားမှုတို့ဖြင့် ပြည့်နှက်နေသည်။
"ဒါက အဓိပ္ပာယ်မရှိဘူး"
အချိန်တခဏကြာမျှ တိတ်ဆိတ်သွားပြီးနောက် ဟန်ချန်ယဲ့က ပြောဆိုသည်။
"ဒါက တကယ်လို့ အယောင်ဆောင်မှုဆိုရင် သူက ဘယ်လိုလုပ်ပြီး မိုတောက်ကောင်းကင်ကံကြမ္မာနည်းစနစ်ကို လုပ်ဆောင်နိုင်မှာလဲ...ဒါ့ပြင် သူက ဘယ်လိုလုပ်ပြီး ကောင်းကင်ကံကြမ္မာရဲ့ ဒုတိယအဆင့်အထိ ကျင့်ကြံနိုင်မှာလဲ"
ဤသည်မှာ အကြီးမားဆုံးဟာကွက်ပင်။
ကောင်းကင်ကံကြမ္မာ နည်းစနစ်များကို သာမန် လေ့လာကြည့်ရှုရုံဖြင့် သင်ယူနိုင်ခြင်းမရှိချေ။ ဤကံကြမ္မာကိုဖန်တီးသူမှ အသိအမှတ်ပြုထားသူများသာ ကံကြမ္မာသော့ခလောက်ကို ဖွင့်နိုင်ပြီး ထိုနည်းစနစ်များကို ကျင့်ကြံနိုင်သည်။
ထို့ကြောင့် တစ်စုံတစ်ယောက်သည် အခြားတစ်ယောက်အဖြစ် အယောင်ဆောင်ရန် ဟန်ဆောင်မှုများကို အသုံးပြုနိုင်သော်လည်း ကောင်းကင်ကံကြမ္မာ သိုင်းကွက်များကို အသုံးပြုခြင်းက သူတို့ကို ချက်ချင်း ဖော်ထုတ်သွားနိုင်ပေမည်။
ဟန်ချန်ချောင်က ပြောဆိုသည်။
"ဖရိုဖရဲကံကြမ္မာကျင့်ကြံသူတွေအကြောင်း မင်း ကြားဖူးလား"
"ကြားဖူးတာပေါ့....သူတို့က ကောင်းကင်ဘုံရဲ့ဖွဲ့စည်းမှုတွေကို နှောင့်ယှက်ပြီးတော့ကြိုတင်သတ်မှတ်ထားတဲ့ ကံကြမ္မာတွေကို ပြောင်းလဲနိုင်တယ်လို့ ဆိုကြတယ်... ဒါကို ကံကြမ္မာခန်းမက လက်မခံဘူး... အစ်ကို ဆိုလိုချင်တာက ကျန်းရွှမ်က ဖရိုဖရဲကံကြမ္မာကျင့်ကြံသူတစ်ယောက် ဖြစ်နေနိုင်တာလား"
ဟန်ချန်ချောင်၏မျက်လုံးအကြည့် စူးရှတောက်ပလာသည်။
"အတိအကျပဲ...ခယ်မလေး ပြောခဲ့တဲ့အတိုင်းဆိုရင် ဒီလူက ဆေးပညာမှာ ကျွမ်းကျင်ရုံတင်မကဘူး...သားရဲတွေကို ယဉ်ပါးအောင် လုပ်ရာမှာလည်း ကျွမ်းကျင်သူတစ်ယောက် ဖြစ်ပြီးတော့ ခန့်မှန်းလို့မရနိုင်တဲ့ ကျင့်ကြံဆင့်စွမ်းအားရှိတယ်လို့ ဆိုနိုင်တယ်...အရေးကြီးဆုံးကတော့ လင်းပုယန် အဖြူရောင်ကျောက်တုံးမြို့ကို ရောက်ပြီး မကြာခင်မှာပဲ ကျန်းရွှမ် ပျောက်ကွယ်သွားခဲ့တယ်...သူက ဘယ်တုန်းကမှ မရှိခဲ့သလိုပဲ...ဘယ်ရှုထောင့်ကနေကြည့်ကြည့် ဒါက သံသယဝင်ဖို့ကောင်းတယ် ဘာပဲဖြစ်ဖြစ် ဒီမှာ မှန်းဆနေလို့လည်း အထောက်အကူ မဖြစ်ဘူး... ယုလုံချင်းတို့ ရောက်လာတာနဲ့ အမှန်တရားက ပေါ်လွင်လာလိမ့်မယ်"
ဟန်ချန်ယဲ့က ခေါင်းညိတ်လိုက်သည်။
"လင်းပုယန်က ကျန်းရွှမ် အယောင်ဆောင်ထားတာ ဖြစ်ပြီးတော့ ဖရိုဖရဲ ကံကြမ္မာကျင့်ကြံသူတစ်ယောက် ဖြစ်တာကို အတည်ပြုနိုင်ခဲ့ရင် အစ်ကိုက ဘယ်လို ကိုင်တွယ်မလဲ"
"ဖရိုဖရဲကံကြမ္မာကျင့်ကြံသူတွေက ငါတို့အားလုံးရဲ့ ရန်သူတွေပဲ ...ဟန်ယွမ်အင်ပါယာက သူ့ကို အရင် ဖမ်းမိခဲ့ရင် ငါတို့ မခန့်မှန်းနိုင်တဲ့ အကျိုးကျေးဇူးတွေ ရလာလိမ့်မယ်...ငါနဲ့မင်းကို နောက်ထပ်ကျင့်ကြံဆင့်ကို တက်လှမ်းဖို့ ကူညီပေးတာမျိုးတောင် ဖြစ်နိုင်တယ်"
ဟန်ချန်ယဲ့က သဘောတူလိုက်သည်။
ကံကြမ္မာခန်းမသည် ဖရိုဖရဲကံကြမ္မာကျင့်ကြံသူများကို အလွန်အမင်း ကြောက်ရွံ့ပေ၏။ ထိုကျင့်ကြံသူတစ်ယောက်ကို ဖမ်းဆီးနိုင်ခြင်းသည် ဟန်ယွမ်အင်ပါယာ၏နယ်မြေကို ဆယ်ဆ တိုးမြှင့်နိုင်သည်အထိ ကြီးမားသော ဆုလာဘ်များကို ဆောင်ကျဥ်းလာနိုင်သည်။
ထိုသို့ဆိုသည့်တိုင် ဤကိစ္စကို ဂရုတစိုက် အတည်ပြုရန်နှင့်စီစဉ်ရန် လိုအပ်သည်။
"အမှန်ပဲ... ဖရိုဖရဲကံကြမ္မာကျင့်ကြံသူတွေက ရှားပါးပြီးတော့ ထူးခြားတယ်... သူ့ကို စည်းရုံးသိမ်းသွင်းနိုင်မယ်ဆိုရင် ဒါကလည်း ကောင်းမွန်တဲ့ ရွေးချယ်မှုတစ်ခု ဖြစ်လိမ့်မယ်...ဒါက သူ့အတွက် ဘာက ကောင်းတယ်ဆိုတာကို သူ သိမသိပေါ်မှာ မူတည်တယ်"
ဟန်ချန်ချောင်က လက်ဝှေ့ယမ်းလိုက်ကာ ယုံကြည်မှုရှိရှိဖြင့် ပြောဆိုသည်။
ဧကရာဇ်တစ်ပါးအနေဖြင့် သူသည် အရာရာကို ထိန်းချုပ်ထားနိုင်ခြင်းအား နှစ်သက်သည်။ ဖရိုဖရဲကံကြမ္မာကျင့်ကြံသူတစ်ဦး ဖြစ်နေလျှင်ပင် သူ မှန်ကန်စွာ ကိုင်တွယ်နိုင်ပါက အစွမ်းထက်သော မဟာမိတ်တစ်ဦး ဖြစ်လာနိုင်သည်။
"ဟုတ်ကဲ့"
ဟန်ချန်ယဲ့က နောက်ထပ် စကားမပြောတော့ဘဲ သူတို့အားလုံးသည် တော်ဝင်နန်းတော်ဆီသို့ လျှောက်လှမ်းသွားကြ၏။
****
အခန်းအတွင်းတွင်ရှိနေသော ကျန်းရွှမ်က မတ်တတ်ထရပ်လိုက်သည်။
ရင်းမြစ်ရေအိုင် နဝမအဆင့်အတွက် ကောင်းကင်လမ်းကျင့်ကြံနည်းစနစ်သည် ပြီးပြည့်စုံသွားပြီ ဖြစ်သော်လည်း တိုးတက်မှုသည် ယခင်ကဲ့သို့ လျင်မြန်ခြင်း မရှိတော့ချေ။ တစ်ညတာ ကြိုးစားအားထုတ်ပြီးနောက် သူသည် ဓမ္မလှည့်လည်သွားလာခြင်း နယ်ပယ်ကိုသာ တည်ငြိမ်အောင် လုပ်နိုင်ခဲ့သည်။
ကျင့်ကြံမှုအရ သူသည် ယခုချိန်၌ လင်းပုယန်နှင့် တန်းတူဖြစ်နေလေပြီ။ သို့ရာတွင် တိုက်ခိုက်ရေးစွမ်းအားနှင့် ပတ်သက်လျှင် ဓမ္မရုပ်သွင်နယ်ပယ် အထွတ်အထိပ်အဆင့် ကျင့်ကြံသူများပင် သူ့ကို အနိုင်ယူရန် မဖြစ်နိုင်သလောက်နီးပါးပင်။ ဟန်ယွမ်မြို့တစ်မြို့လုံးတွင်ပင် သူသည် အသန်မာဆုံးလူများအတွင်း၌ ပါဝင်ပေမည်။
"ရင်းမြစ်ရေအိုင် နဝမအဆင့်ထက် ကျော်လွန်တဲ့ အဆင့်တွေ ရှိရမယ်.. အဲ့ဒါတွေက ဘာတွေလဲဆိုတာ ငါ မသိဘူး"
ကျန်းရွှမ်က တွေးတောလိုက်၏။
ဟန်ယွမ်မြို့ရှိ နည်းစနစ်များသည် ရင်းမြစ်ရေအိုင်နယ်ပယ် နဝမအဆင့်အထိသာ ရှိပြီး ထို့ထက်ကျော်လွန်၍ မရှိတော့ချေ။ သို့ရာတွင် ဓမ္မရုပ်သွင်နယ်ပယ်သည် ကျင့်ကြံခြင်း၏ အဆုံးသတ် မဟုတ်ကြောင်း သူ သေချာသိသည်။
မည်သူ့ကို မေးရမည်အား တွေးတောရင်း အခန်းထဲမှ ထွက်ခွာလာစဉ် သူသည် ထူးခြားသော စွမ်းအားတစ်ခု မြင့်တက်လာသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။ မကြာသေးမီက တည်ငြိမ်သွားသော သူ၏ကျင့်ကြံဆင့်သည် အနည်းငယ် တိုးတက်လာပုံရပေ၏။
"ဒါက တစ်ယောက်ယောက်က မိုတောက်ကောင်းကင်ကံကြမ္မာ နည်းစနစ်ကို နားလည်သဘောပေါက်သွားတာလား...ဘယ်သူ ဖြစ်နိုင်မလဲ"
ကျန်းရွှမ်၏စူးစမ်းလိုစိတ် ချက်ချင်းနိုးထလာခဲ့သည်။