← Chapters

သောက်လီ၏အောင်မြင်မှု

Vol. 14 Ch. 204

သောက်လီ၏အောင်မြင်မှု

Vol. 14 Ch. 204

လူများအားလုံး၏မျက်နှာများပေါ်မှ ထူးဆန်းသောအမူအယာများကို မြင်တွေ့ချိန်၌ ရှဲ့ဖုန်းက အချိန်တခဏကြာမျှ စဉ်းစားပြီးနောက် ပြောဆိုလိုက်သည်။

"တကယ်တော့... တိရစ္ဆာန်တွေလည်း ကောင်းကင်ကံကြမ္မာကို ကျင့်ကြံနိုင်တယ်..."

မကြာသေးမီက စမ်းသပ်ခံခဲ့သော ရှယွမ်ချန်နှင့် တခြားလူများသည် စိတ်ရှုပ်ထွေးမှုများ ပြည့်နှကfနေသော မျက်နှာများဖြင့် ရှဲ့ဖုန်းကို ကြည့်လိုက်ကြ၏။

"တိရစ္ဆာန်တွေက ကျင့်ကြံနိုင်တယ်... ဒါကို ငါ ပထမဆုံးအကြိမ် ကြားဖူးတာပဲ"

တစ်စုံတစ်ယောက်က ရေရွတ်လိုက်သည်။

ရှဲ့ဖုန်းက ရှင်းပြသည်။

"သက်ရှိသတ္တဝါတိုင်းမှာ ကိုယ်ပိုင် ကံကြမ္မာ ရှိတယ်... အခွင့်အရေး ပေါ်ပေါက်လာရင် သူတို့လည်း ကောင်းကင်ကံကြမ္မာကို သဘာဝအတိုင်း နားလည်သဘောပေါက်နိုင်တယ်... ဥပမာအနေနဲ့ပြောရရင် စိမ်းလန်းသောတောင်တန်းက မြေခွေးညှို့ငင်ကံကြမ္မာပဲ... ဒါက မြေခွေးတစ်ကောင်ကနေ အစပြုတယ်လို့ ဆိုကြတယ်... သူက လူသားအသွင် ပြောင်းပြီးတဲ့နောက်မှာ သူ့ရဲ အသိပညာကို မျှဝေခဲ့ပြီးတော့ နောက်ဆုံးမှာ ဂိုဏ်းတစ်ဂိုဏ်းကို ထူထောင်နိုင်ခဲ့တယ်..."

"အော်..."

ရှယွမ်ချန်နှင့် တခြားလူများအားလုံး နောက်ဆုံးတွင် နားလည်သဘောပေါက်သွားကြသည်။ ကျန်းရွှမ်ပင်လျှင် အံ့အားမသင့်ဘဲ မနေနိုင်ခဲ့ချေ။

သူသည် တိရစ္ဆာန်များ ကောင်းကင်ကံကြမ္မာ ကျင့်ကြံသည့် မှတ်တမ်းများကို ယခင်က ဖတ်ခဲ့ဖူးပေ၏။ ဤကဲ့သို့ကိစ္စမျိုးသည် အလွန်ရှားပါးပြီး များသောအားဖြင့် သွေးမျိုးဆက်သန့်စင်သော ရင်းမြစ်သားရဲများတွင်သာ ဖြစ်နိုင်ခြေရှိသည်။ သောက်လီသည် လီတစ်ထောင်မြင်းတစ်ကောင် ဖြစ်သော်လည်း အရည်အချင်းပြည့်မီခြင်းရှိမရှိကို အတပ်မပြောနိုင်ဘူး"

'မဟုတ်သေးဘူး... ဒီမြင်းရဲ့ မူလခန္ဓာကိုယ်က သေဆုံးသွားတာ ကြာပြီ... အခု သူ့မှာ ကပ်ငြိနေတာက ငါ အသက်သွင်းပေးလိုက်တဲ့ စိတ်ဝိညာဉ်စွမ်းအားပဲ... ဒါက သူ့ရဲ့ ရင်းမြစ်ရေအိုင်ကို နိုးထစေခဲ့ပြီးတော့ သူ့ရဲ့ကံကြမ္မာကို လုံးလုံးလျားလျား ပြောင်းလဲပစ်ခဲ့တယ်..."

မူလသောက်လီသည် လီတစ်ထောင်မြင်းတစ်ကောင်မျှသာ ဖြစ်ပြီး ကျန်းရွှမ်း အသက်သွင်းပေးခဲ့သော စိတ်ဝိညာဉ်စွမ်းအားကြောင့် အသက်ဝင်လာခဲ့ခြင်းပင်။ ဤမြင်းသည် ရင်းမြစ်သားရဲတစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့ပြီးဖြစ်ကာ သူ၏ကံကြမ္မာသည်လည်း သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ သောက်လီသည် ကောင်းကင်ကံကြမ္မာကို ကျွမ်းကျင်တတ်မြောက်နိုင်သည့် အလားအလာကို အမှန်တကယ် ပိုင်ဆိုင်ထားပေ၏။

သောက်လီသည် သူ၏ပါးစပ်ဖြင့် စာချဝါးဘူးကို ကိုက်ချီကာ ခန်းမ၏အလယ်သို့ ဖြည်းညှင်းစွာ လျှောက်လှမ်းသွားသည်အား ကျန်းရွှမ်က သိချင်စိတ်ပြင်းပြစွာဖြင့် စောင့်ကြည့်နေခဲ့သည်။ ကံကြမ္မာစာချဝါးချောင်းတစ်ခုသည် ကောင်းကင်ကံကြမ္မာစွမ်းအင်ဖြင့် မီးတောက်လောင်သွားပြီး အဝေးရှိ ကံကြမ္မာအမွှေးတိုင်ဆီသို့ ပျံဝဲသွားသည်။

ဝှစ်...

ပထမဆုံး အမွှေးတိုင်ကို လွယ်ကူစွာ ထွန်းညှိနိုင်ခဲ့သည်။

"ဒါက တကယ်ကြီး အလုပ်ဖြစ်တယ်..."

"ဒီမြင်းမှာ အရည်အချင်း ရှိတယ်..."

"ငါ မျက်စိမှားနေတာလား... ငါက အခု မြင်းတစ်ကောင်ထက်တောင် ပိုဆိုးနေပြီလား..."

ရှယွမ်ချန်သည် ထိုမြင်ကွင်းကိုကြည့်ရင်း အော်ဟစ်ငိုကြွေးမိတော့လုမတတ်ပင်။ သူသည် သူ့ကိုယ်သူအတွက် ဖြေသိမ့်ချက်များ ပေးပြီးသည့်တိုင် မြင်းတစ်ကောင်အား သူ ရှုံးနိမ့်ရသည်ကို လက်မခံနိုင် ဖြစ်နေဆဲပင်။

"ကြည့်ရတာတော့ ကောင်းကင်ကံကြမ္မာ အရည်အချင်းဆိုတာ ပုံသေမဟုတ်တဲ့ပုံပဲ... ကံကြမ္မာကိုပြောင်းလဲဖို့ မှန်ကန်တဲ့ အခွင့်အရေးရရင် အရည်အချင်းကလည်း အဲ့ဒီအတိုင်း ပြောင်းလဲသွားလိမ့်မယ်..."

ကျန်းရွှမ်က တွေးတောလိုက်သည်။

ဖြစ်နိုင်သည်မှာ လူတချို့သည် ကောင်းကင်ကံကြမ္မာကို ကျွမ်းကျင်တတ်မြောက်နိုင်သည့် အရည်အချင်းကို အစပိုင်းတွင် မပိုင်ဆိုင်ထားသော်လည်း သူတို့၏ကံကြမ္မာကို ပြောင်းလဲရန် ထူးကဲသော အခွင့်အရေးတစ်ခု ပေါ်ပေါက်လာသည့်အချိန်တွင် ထိုသို့သော အရည်အချင်းများ ထွက်ပေါ်လာနိုင်ပေ၏။

ဤသည်မှာ ကျန်းရွှမ် ဖတ်ခဲ့ဖူးသော စာအုပ်အတွင်းမှ အခြေအနေတစ်ခုနှင့် တူသည်။ အစပိုင်းတွင် ချမ်းသာကြွယ်ဝရန် ရုန်းကန်ခဲ့ရသူ တစ်စုံတစ်ဦးသည် ရင်းမြစ်ဒင်္ဂါးသန်းတစ်ရာကို ရရှိပြီးနောက် ချမ်းသာကြွယ်ဝမှုကို လွယ်လင့်တကူ စုဆောင်းနိုင်ခဲ့သည်။

ဟုန်ရီ၏ အစောပိုင်းစမ်းသပ်မှုအပေါ် ပြန်လည် သုံးသပ်ကြည့်သည့် အချိန်တွင် ကျန်းရွှမ်သည် သူ၏ကြားဝင်စွက်ဖက်မှု မရှိလျှင်ပင် ထိုလူငယ် အောင်မြင်လိမ့်မည်ဟု ယုံကြည်စိတ်ချပေ၏။ သို့ရာတွင် အမွှေးတိုင်သုံးဆယ့်ခုနစ်တိုင်ကို ထွန်းညှိနိုင်သည်အထိ ထူးချွန်လာမည် မဟုတ်ပေ။ သူ၏အရည်အချင်းသည် လျှုမင်ယွဲ့ကို ကျော်လွန်နိုင်မည် မဟုတ်ချေ။

အတွေးများအတွင်း၌ နစ်မွန်းနေရင်း ကျန်းရွှမ်က သောက်လီ၏ အမွှေးတိုင်ထွန်းညှိမှုအရှိန်နှုန်း နှေးကွေးလာသည်ကို သတိပြုလိုက်မိသည်။ နောက်ဆုံးတွင် သူသည် အမွှေးတိုင်နှစ်ဆယ့်နှစ်တိုင်ကို ထွန်းညှိပြီးနောက် ရပ်တန့်သွားပြီး လျှူမင်ယွဲ့နှင့် ယုရှောင်ယွီတို့ကြားတွင် ရပ်တည်နိုင်ခဲ့သည်။

ယုရှောင်ယွီသည် သက်ပြင်းတစ်ချက် ချလိုက်နိုင်ပြီး လျှူမင်ယွဲ့၏မျက်နှာမှာမူ ရှုံမဲ့သွားကာ မျက်ရည်များ ဝဲလာသည်။ သူမ၏ပြိုင်ဘက်ကင်းအရည်အချင်းဟု ယူဆရသောအရာသည် သူမဆရာ၏သားရဲနှင့်ပင် နှိုင်းယှဉ်၍မရနိုင်ချေ။

ထိုအချိန်မှာပင် တည်ငြိမ်သော အသံတစ်သံ ထွက်ပေါ်လာသည်။

"ဧည့်သည်တော်တွေအားလုံး ခဏလောက်နားထောင်ကြပါအုံး...ဒီကံကြမ္မာအမွှေးတိုင်တွေမှာ ချို့ယွင်းမှုတစ်ခု ဖြစ်ပွားသွားခဲ့ပုံ ရတယ်... ကျွန်တော်တို့ ပြုပြင်မှုတွေ လုပ်ဆောင်နေတုန်း ကောလာဟလတွေ ဒါမှမဟုတ် သတင်းမှားတွေ မဖြန့်ဝေကြဖို့ ကျေးဇူးပြုပြီး ဂရုစိုက်ပေးကြပါ"

လူအိုကြီးတစ်ဦးက ခန်းမအတွင်းသို့ ဝင်ရောက်လာပြီး ပြောဆိုသည်။

"ချို့ယွင်းမှု... ဒါက အဓိပ္ပာယ် ရှိတယ်... မဟုတ်ရင် သာမန်မြင်းတစ်ကောင်က ကံကြမ္မာအမွှေးတိုင်ကို ဘယ်လိုလုပ် ထွန်းညှိနိုင်ပြီးတော့ ခန်းမသခင် ဟန်ရှောင်ထက်တောင် သာလွန်တဲ့ အရည်အချင်းကို ပိုင်ဆိုင်နိုင်မှာလဲ"

"ဒါက အမှန်ပဲ..."

လူအများသည် သဘောတူညီသည့်အနေဖြင့် ခေါင်းညိတ်လိုက်ကြ၏။ လူအများသည် သူတို့၏ညံ့ဖျင်းမှုကို ဝန်ခံရန် ခက်ခဲပြီး ရှင်းပြမရနိုင်သော ဖြစ်ရပ်များနှင့် ရင်ဆိုင်ရသည့် အချိန်တွင် သူတို့၏ညံ့ဖျင်းမှုကို လက်ခံမည့်အစား အမှားအယွင်းတစ်ခုဟုသာ ယုံကြည်ကြပေမည်။

"မင်းက ဘယ်သူလဲ"

ကျောက်ယာတို့လူစု စကားပြောရန် ဟန်ပြင်လိုက်စဥ်တွင် ကျန်းရွှမ်က သူတို့ကို ဟန့်တားလိုက်ပြီး စူးစမ်းလိုစိတ်ဖြင့် ထိုအကြီးအကဲကို ကြည့်လိုက်သည်။

ထိုအကြီးအကဲက ညင်သာစွာ ပြုံးလိုက်သည်။

"ဒုတိယခန်းမသခင်လင်း... မင်းက လူတွေကို တကယ် မေ့လွယ်တာပဲ... ငါက ယွဲ့လုံရှောင်ပါ... ငါတို့ အရင်က တွေ့ဖူးတယ်လေ.."

ကျန်းရွှမ် အံ့အားသင့်သွားသည်။

"ဟန်ယွမ်မြို့က အလုံးစုံသိမြင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်လား"

သူ တည်ရှိနေခြင်းသည် အလွန်ကြောက်မက်ဖွယ်ကောင်းသည်မှာ အံ့အားသင့်ဖွယ်

မရှိချေ။သူသည် အမဲလိုက်စာရင်းတွင် ဒုတိယ အဆင့်၌ ရှိနေပေ၏။

"သူက အရှင်ယွဲ့ပဲ..."

"အလုံးစုံသိမြင်ဂိုဏ်းက သတင်းအရင်းအမြစ် တွေအားလုံးကို ထိန်းချုပ်ထားတာ... သူက ချို့ယွင်းမှု ရှိခဲ့တယ်လို့ ဆိုရင်... ဒါက အမှန်ပဲ ဖြစ်ရမယ်"

ယွဲ့လုံရှောင်၏အထောက်အထားကို သိရှိသွားချိန်၌ လူများအားလုံး ယုံကြည်သွားကြသည်။ တစ်စုံတစ်ယောက်သည် အမှန်တရားကို သိမည်ဆိုလျှင် ထိုလူသည် သတင်းအချက်အလက် ဖြန့်ဝေခြင်းကို တာဝန်ယူထားသူသာ ဖြစ်ပေမည်။

"တကယ်ပဲ... ချို့ယွင်းမှုတစ်ခု ရှိခဲ့တယ်..."

ကျန်းရွှမ်က အပြုံးနှင့် ခေါင်းညိတ်လိုက်သည်။ သူသည် အာရုံစိုက်မှုကို သိပ်မခံလိုချေ။ ထို့ကြောင့် တခြားတစ်စုံတစ်ဦးက ဤကိစ္စအတွက် ဆင်ခြေပေးခြင်းသည် အကောင်းဆုံး ဖြစ်ပေ၏။

"ဒုတိယ ခန်းမသခင်လင်း... အဲ့ဒီလူတွေနဲ့ မင်းရဲ့ ဆက်ဆံရေးက ဘာလဲ... အလုံးစုံသိမြင်ဂိုဏ်းက သူတို့ကို ဧည့်သည်အဖြစ် ဖိတ်ကြားချင်တယ်... အဆင်ပြေနိုင်မလား"

ယွဲ့လုံရှောင်၏မျက်လုံးများ တောက်ပသွားသည်။

"သူတို့က ငါ မကြာသေးခင်ကမှ တွေ့ခဲ့တဲ့ အသိအကျွမ်းတချို့ပါ... သူတို့တွေ မိုတောက် ကောင်းကင်ကံကြမ္မာကို ကျင့်ကြံနိုင်မလား ဆိုတာ စမ်းသပ်ဖို့ ငါ ခေါ်လာခဲ့တာ... ဘယ်သူက ကံကြမ္မာ အမွှေးတိုင် ချို့ယွင်းသွားမယ်လို့ ထင်ထားမိမှာလဲ..."

ကျန်းရွှမ်က အပြုံးနှင့် ပြောဆိုသည်။

"ဒါပေမဲ့ အရှင်ယွဲ့ရဲ့ဖိတ်ကြားခြင်းကို ခံရတာက ဂုဏ်ယူစရာပါ"

သူသည် လင်းပုယန်၏အခန်းကဏ္ဍအတိုင်း သရုပ်ဆောင်နေခြင်း ဖြစ်ပေ၏။ ကျောက်ယာနှင့်တခြားလုများ သူ၏တပည့်များ ဖြစ်ကြောင်း ဝန်ခံလိုက်ပါက သူ၏သရုပ်မှန်ကို ဖော်ထုတ်မိပြီးဖြစ်ပေမည်။

"ကျေးဇူးပြုပြီး... ဒီလမ်းက ကြွပါ"

ယွဲ့လုံရှောင်က အဖွဲ့နှင့်အတူ ထွက်ခွာရန် ပြင်ဆင်လိုက်သည့် အချိန်တွင် တခြားလူအိုကြီးတစ်ဦးက အလျှင်အမြန် ပြေးလာသည်။

"ခဏနေအုံး"

ဤသည်မှာ ခန်းမသခင် ဟန်ရှောင်ပင်။

"အရှင်ယွဲ့... မင်း ဒီကို ရောက်လာတာက ကံကြမ္မာခန်းမကို ဂုဏ်ပြုရာ ရောက်တယ်... ငါတို့က ဒီကိစ္စကို ဆွေးနွေးခန်းမမှာ ဆွေးနွေးကြရင် မကောင်းဘူးလား... ငါ့မှာ မင်းနဲ့ ဆွေးနွေးစရာတစ်ခု ရှိနေတယ်"

ဟန်ရှောင်က တင်းမာခက်ထန်သောလေသံဖြင့် အကြံပြုလိုက်သည်။

ယွဲ့လုံရှောင်သည် အချိန်တခဏကြာမျှ တွေဝေတုံ့ဆိုင်းသွားပြီးနောက် ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီလေ... ငါ့မှာလည်း ခန်းမသခင်ဟန်နဲ့ ဆွေးနွေးစရာ ကိစ္စတွေ ရှိပါတယ်"

ဟန်ရှောင်သည် စိတ်သက်သာရာရသွားကာ ကျန်းရွှမ်ဘက်သို့ လှည့်ကြည့်လိုက်သည်။

"ဒုတိယခန်းမသခင်လင်း... ကျေးဇူးပြုပြီးတော့ ငါတို့နဲ့ အတူ လိုက်ခဲ့ပါ"

ကျန်းရွှမ်က ကျောက်ယာအား ညွှန်ကြားလိုက်သည်။

"မင်းတို့အားလုံး ပြန်နှင့်ကြတော့... ငါက ခန်းမသခင်ဟန်တို့နဲ့ စကားပြောဖို့ နေခဲ့မယ်"

"ဟုတ်ကဲ့"

ကျောက်ယာတို့လူစုသည် သူတို့၏လက်များကိုပူးဆုပ်၍ အရိုအသေပြုပြီး နာခံလိုက်သည်။

"သူတို့ ထွက်သွားလို့ မဖြစ်ဘူး..."

ယွဲ့လုံရှောင်က ထိတ်လန့်တကြားဖြင့် ကြားဖြတ်ပြောဆိုလိုက်၏။ ဤကံကြမ္မာခန်းမ၌ စမ်းသပ်ခံသူများကို ရှာဖွေ ဖော်ထုတ်ပြီး သိမ်းသွင်းရန် အလုံးစုံသိမြင်ဂိုဏ်းက သူ့ကို တာဝန်ပေးထားခဲ့သည်။ သူတို့ကို လွှတ်ပေးလိုက်ခြင်းသည် သူ၏ ကြိုးပမ်းမှုများကို အလဟဿ ဖြစ်သွားစေပေမည်။

"ငါက သူတို့ကို ဒီနေရာဆီ ခေါ်လာခဲ့မှတော့.. သူတို့ကို ဆက်သွယ်ဖို့ နည်းလမ်းတွေ ငါ့မှာ ရှိနေပြီးသားပါ.. ငါ ရှိနေတာတောင်... အရှင်ယွဲ့... မင်းက သူတို့ ပျောက်သွားမှာကို စိုးရိမ်နေတာလား"

ကျန်းရွှမ်က ပြုံးလိုက်သည်။

"ဒါလည်း ဟုတ်တာပဲ..."

ယွဲ့လုံရှောင်က အလျှော့ပေးလိုက်၏။ သူ ထပ်မံ ၍တောင်းဆိုနေပါက သံသယများကိုသာ ပို၍တိုးပွားစေပေမည်။

ကံကြမ္မာခန်းမဆောင်၏ ဆွေးနွေးခန်းမထဲတွင် ဟန်ရှောင်က ကျန်းရွှမ်အားကြည့်ကာ သိချင်စိတ်ပြင်းပြစွာဖြင့် မေးမြန်းလိုက်သည်။

"ဒုတိယ ခန်းမသခင်လင်း... မင်း ခုဏက အဲ့ဒီလူတွေကို ဘယ်နေရာမှာ တွေ့ခဲ့တာလဲ"

အမွှေးတိုင်ကိုးဆယ့်ကိုးတိုင် ထွန်းညှိနိုင်ခြင်းသည် ကံကြမ္မာခန်းမ၏ ဌာနချုပ်တွင်ပင် စိတ်ကူးမယဉ်နိုင်သော အရည်အချင်းအဆင့်တစ်ခု ဖြစ်သည်။ သို့ရာတွင် လင်းပုယန်သည် ထိုကဲ့သို့ အရည်အချင်းရှိသော လူသုံးဦးကို တပြိုင်နက်တည်း တွေ့ရှိခဲ့လေ၏။

"ငါက အဖြူရောင်ကျောက်တုံးမြို့ကို ဖြတ်သွားရင်းနဲ့ သူတို့ကို မတော်တဆ သတိပြုမိခဲ့တာပါ... သူတို့က ငယ်ပေမယ့် သူတို့ရဲ့အရည်အချင်းတွေက ထူးခြားတာကြောင့် ငါက ခေါ်လာခဲ့တာပဲ . "

ကျန်းရွှမ်းက ပေါ့ပေါ့ပါးပါး တုံ့ပြန်အဖြေပေးလိုက်သည်။

"မတော်တဆ တိုက်ဆိုင်မှုလား..."

ယွဲ့လုံရှောင် မယုံကြည်နိုင် ဖြစ်သွားသည်။ တစ်စုံတစ်ယောက်သည် ဤမျှထိ ကံကောင်းနိုင်မည်လော။

"အမှန်ပဲ... ငါက သူတို့ မိုတောက်ကောင်းကင်ကံကြမ္မာကို ကျင့်ကြံနိုင်မယ်လို့ ထင်ခဲ့တာ... ဒါပေမဲ့ ကံကြမ္မာ အမွှေးတိုင်က ချို့ယွင်းသွားမယ်လို့ ဘယ်သူက သိမှာလဲ... တကယ် နှမြောစရာပဲ..."

ကျန်းရွှမ်က သက်ပြင်းချလိုက်သည်။

ဟန်ရှောင်နှင့်ယွဲ့လုံရှောင်တို့ အကြည့်ချင်း ဖလှယ်လိုက်ကြပြီး သူတို့၏မျက်နှာအမူအယာများ တင်းမာခက်ထန်သွားသည်။ ကျန်းရွှမ်သည် သူတို့အား ကစားစရာကဲ့သို့ ဆက်ဆံနေသည်ဟု သူတို့ ခံစားလိုက်ရသည်။

"ဒုတိယ ခန်းမသခင်လင်း..."

ယွဲ့လုံရှောင်က တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။

"မင်းရဲ့ အဲ့ဒီ မိတ်ဆွေတွေကို ငါနဲ့ မိတ်ဆက်ပေးလို့ ရမလား... အလုံးစုံသိမြင်ဂိုဏ်းက သူတို့ကို အရမ်း စိတ်ဝင်စားနေတယ်... သူတို့သာ ငါတို့ဂိုဏ်းထဲကိုဝင်လာရင်... ငါတို့က အကောင်းဆုံး အရင်းအမြစ်တွေနဲ့အခွင့်အရေးတွေ ပေးပါ့မယ်"

"အလုံးစုံသိမြင်ဂိုဏ်းကို ဝင်ဖို့လား..."

ကျန်းရွှမ်၏အပြုံး ပို၍ပီပြင်ထင်ရှားသွားသည်။ ကျောက်ယာ၏စမ်းသပ်မှုအပြီးတွင် အဆင့်မြင့်အင်အားစုများထံမှ အာရုံစိုက်ခံမှုကို သူ မျှော်လင့်ထားခဲ့ပြီးဖြစ်သည်။

သူ့တပည့်များ၏ ဘေးကင်းလုံခြုံမှု သေချာစေရန်နှင့် အထက်သို့ တက်လှမ်းနိုင်မည့် အခွင့်အရေးများ ရရှိရန်အတွက် ကျန်းရွှမ်သည် သူတို့ကို အဓိကအင်အားစုကြီးများထံသို့ ဝင်ရောက်နိုင်စေရန် အမြဲတစေ စီစဉ်ခဲ့သည်။ ဤနည်းလမ်းသည် ထိရောက်ကြောင်း အတိတ်တွင် သက်သေပြခဲ့ပြီးဖြစ်ပေ၏။

"အမှန်ပဲ... "

ယွဲ့လုံရှောင်က အတည်ပြုလိုက်သည်။

"ငါ လုပ်ပေးနိုင်ပါတယ်... ဒါပေမဲ့ ငါ့အတွက် ဘာရမှာလဲ... သူတို့က ငါ့ရဲ့တပည့်တွေ ဒါမှမဟုတ် ဆွေမျိုးတွေ မဟုတ်ဘူး... သူတို့ကို ဒီကို ခေါ်လာတာက အကူအညီတစ်ခု ပေးပြီးသားပဲ... မင်းတို့က သူတို့ကို လိုချင်ရင် ငါ့ကို လျော်ကြေးပေးရမယ်"

ကျန်းရွှမ်က ပွင့်ပွင့်လင်းလင်း ပြောဆိုသည်။

"မင်းက လျော်ကြေး လိုချင်တာလား"

ယွဲ့လုံရှောင်က မျက်မှောင်ကြုတ်လိုက်သည်။

"အမှန်ပဲ.. သူတို့က ငါ့ကို မိုတောက် ကောင်းကင်ကံကြမ္မာ ကျင့်ကြံဖို့ ကူညီပေးနေတာကြောင့် မဟုတ်ရင်... သူတို့နဲ့ ငါက သာမာန်အသိအကျွမ်းတွေပဲ... သူတို့နဲ့ လမ်းခွဲဖို့အတွက် ငါက သင့်တင့်မျှတတဲ့ လျော်ကြေးတစ်ခု လိုအပ်တယ်"

ဟန်ရှောင်က ကြားဖြတ်ပြောဆိုလိုက်သည်။

"သူတို့ကို ကံကြမ္မာခန်းမဆီ ခေါ်လာခဲ့ပါ... ငါက မင်းကိုယ်စား ဌာနချုပ်ကနေ ဆုလာဘ်တစ်ခုကို တောင်းဆိုပေးမယ်... ဒါက အလုံးစုံသိမြင်ဂိုဏ်းရဲ့ကမ်းလှမ်းချက်နဲ့ ယှဉ်ပြိုင်နိုင်မယ်လို့ ငါ အာမခံတယ်"

"ဟန်ရှောင်... မင်း ဘာလုပ်နေတာလဲ"

ယွဲ့လုံရှောင်၏မျက်နှာအမူအယာ သုန်မှုန်သွားသည်။

ဟန်ရှောင်က တည်ငြိမ်စွာဖြင့် တုံ့ပြန်အဖြေပေးလိုက်၏။

"အလုံးစုံသိမြင်ဂိုဏ်းက လှုပ်ရှားနေမှတော့... ကံကြမ္မာခန်းမကလည်း နောက်ကျကျန်နေလို့ မဖြစ်ဘူး"

ပါရမီရှင်များအတွက် တိုက်ပွဲသည် စတင်ခဲ့လေပြီ။

"ငါက လက်တွေ့ကျတဲ့ အကျိုးကျေးဇူးတွေကိုပဲ စိတ်ဝင်စားတယ်"

ကျန်းရွှမ်က အပြုံးနှင့် ပြောဆိုသည်။

"ဒီကိစ္စကို ရိုးရှင်းအောင် လုပ်ကြရအောင်... သုံးရက်အတွင်းမှာ အများဆုံးပေးနိုင်တဲ့သူက သူတို့ကို ခေါ်သွားလို့ရတယ်... ငါက အဲ့ဒီပါရမီရှင် သုံးယောက်ကို ပြန်ခေါ်လာခဲ့မယ်... ဈေးအများဆုံး ပေးသူက အနိုင်ရမယ်... အရှင်ယွဲ့... ခန်းမသခင်ဟန်... ဒီအစီအစဉ်က မင်းတို့နှစ်ယောက်လုံးအတွက် အဆင်ပြေတယ် မဟုတ်လား"

ဟန်ရှောင်သည် တွန့်ဆုတ်သွားသော်လည်း နောက်ဆုံးတွင် သဘောတူလိုက်၏။

"ဒါက တရားမျှတပါတယ်... ဒါပေမဲ့ မင်း ဒီဆုံးဖြတ်ချက်အတွက် နောင်တမရဖို့ ငါ မျှော်လင့်တယ်"

ကျန်းရွှမ်က နားလည်ရခက်သော အပြုံးမျိုး ပြုံးလိုက်သည်။

"အိုး... ငါ နောင်တရရလိမ့်မယ်လို့ ငါ မထင်ဘူး"

ကျန်းရွှမ်၏ တည်ငြိမ်ပြီး ဂရုမစိုက်သော သဘောထားကြောင့် ဟန်ရှောင်၏မျက်နှာ အနည်းငယ် ရှုံမဲ့သွားသည်။ သူသည် အတွေးနက်နေသော ယွဲ့လုံရှောင်အား လှမ်းကြည့်လိုက်ပြီး နောက်ဆုံးတွင် ခေါင်းညိတ်လိုက်၏။

"ကောင်းပြီလေ... ဒါဆိုရင် သုံးရက်ပေါ့"

ယွဲ့လုံရှောင်၏မျက်လုံးများထဲတွင် ပြတ်သားသော အရိပ်အယောင်များ ထင်ဟပ်လာပြီး ပြောဆိုသည်။

သဘောတူညီချက် ရရှိပြီးနောက် ကျန်းရွှမ်းသည် အနားယူရန် လိုအပ်သည်ဟူသော အကြောင်းပြချက်ဖြင့် ဆွေးနွေးမှုမှ သူ့အား ထွက်ခွာခွင့်ပြုရန် ခွင့်တောင်းလိုက်သည်။ သို့ရာတွင် သူ၏အစစ်အမှန်ရည်ရွယ်ချက်မှာ အခြေအနေ မည်သို့ ဖြစ်ပေါ်လာမည်ကို လေ့လာရန်နှင့် အုပ်စုနှစ်ခုလုံးထံမှ စိတ်ဝင်စားမှုအဆင့်ကို အကဲဖြတ်ရန်ပင်။

ကျန်းရွှမ် ဆွေးနွေးခန်းမမှ ထွက်လာသည့် အချိန်တွင် ကျောက်ယာနှင့်တခြားလူများသည် အနီးအနားရှိ တိတ်ဆိတ်သော နေရာတစ်နေရာတွင် စောင့်ဆိုင်းနေကြသည်။ သူ ချဉ်းကပ်လာသည်ကို မြင်တွေ့ချိန်၌ သူတို့၏မျက်နှာများပေါ်တွင် စူးစမ်းလိုစိတ်များ ဖြတ်ပြေးသွားပေ၏။

"ဆရာ... အထဲမှာ ဘာဖြစ်ခဲ့တာလဲ"

ကျောက်ယာက မေးမြန်းလိုက်သည်။

"ဘာမှ မဟုတ်ပါဘူး"

ကျန်းရွှမ်က ပေါ့ပေါ့ပါးပါး ပြောဆိုသည်။

"ကံကြမ္မာခန်းမနဲ့ အလုံးစုံသိမြင်ဂိုဏ်းတို့က မင်းတို့ရဲ့အရည်အချင်းတွေကို စိတ်ဝင်စားသွားပုံ ရတယ်... ငါက မင်းတို့အတွက် အကောင်းဆုံး အခြေအနေတွေကို ညှိနှိုင်းနေတယ်"

"ကျွန်မတို့ရဲ့ အရည်အချင်းတွေလား..."

ယုရှောင်ယွီ အံ့အားသင့်သွားသည်။

"ဒါပေမဲ့ ကျွန်မတို့က အခုမှ ဒီကံကြမ္မာနည်းစနစ်တွေကို စပြီးသင်ယူနေတာလေ... ဘာလို့ သူတို့က ကျွန်မတို့ကို ဂရုစိုက်နေတာလဲ"

"မင်းတို့ရဲ့အလားအလာက အများကြီး ပြောနေတယ်... အမွှေးတိုင်ကိုးဆယ့်ကိုးတိုင်ကို ထွန်းညှိနိုင်တာက သေးငယ်တဲ့အောင်မြင်မှု မဟုတ်ဘူး... ကုန်းမြေရဲ့ အင်အားစုကြီးတွေကိုတောင် ဒီရလဒ်တွေက ဆွဲဆောင်နိုင်တယ်"

ကျန်းရွှမ်က စိတ်ရှည်လက်ရှည်ဖြင့် တည်ငြိမ်စွာ ရှင်းပြလိုက်သည်။

သူတို့အားလုံးသည် တိတ်ဆိတ်သွားပြီး သူတို့အောင်မြင်မှု၏ လေးနက်မှုကို သဘောပေါက်စ ပြုလာကြသည်။ အချိန်တခဏအကြာတွင် လျူမင်ယွဲ့သည် တွေဝေတုံ့ဆိုင်းသွားပြီး မေးမြန်းလိုက်၏။

"ဆရာ... ကျွန်မတို့ ခွဲခွာကြရမှာလား"

ကျန်းရွှမ်က သက်ပြင်းချလိုက်သည်။

"ဒါက ခွဲခွာတာ မဟုတ်ဘူး... မင်းတို့အတွက် အခွင့်အရေးပဲ... မင်းတို့က ထိပ်သီးအင်အားစုတွေထဲကို ဝင်ရောက်နိုင်ရင် မင်းတို့ကို အခု ငါ ပေးနိုင်တာထက် အများကြီးသာလွန်တဲ့ အရင်းအမြစ်တွေနဲ့ လေ့ကျင့်မှုတွေ ရလိမ့်မယ်... ဒါတွေအားလုံးက မင်းတို့ကို ရှေ့ဆက်ရမယ့် ပို ကြီးမားတဲ့ စိန်ခေါ်မှုတွေအတွက် ပြင်ဆင်ပေးတာရဲ့ တစ်စိတ်တစ်ပိုင်းပဲ"

တပည့်များသည် စိတ်မသက်မသာဖြစ်သွားကာ အကြည့်များ ဖလှယ်လိုက်ကြသော်လည်း ခေါင်းညိတ်လိုက်ကြသည်။ သူတို့သည် သူတို့ ဆရာ၏ဉာဏ်ပညာကြီးမားမှုကို ယုံကြည်ပေ၏။

All Chapters