← Chapters

ကြင်နာတတ်တဲ့ စထွင်မာတစ်ယောက် ဝင်လာခြင်း

Vol. 7 Ch. 66

ကြင်နာတတ်တဲ့ စထွင်မာတစ်ယောက် ဝင်လာခြင်း

Vol. 7 Ch. 66

“ သူပဲ … သူပဲ … ငါ့ချစ်ချစ် စထွင်မာ ခွန်ခွန်လေး …”

“ ဝါး … ဒီကောင်လေးက တော်တော်ချောတာပဲ ….”

“ အပေါ်က ကောင်မလေး … သတိထားဦး … ဒီလူက ပြန်ပေးဆွဲသမားနော်…”

“ မဖြစ်နိုင်တာ … ပြန်ပေးဆွဲသမားက ဘယ်လိုလုပ်ပြီး ဒေါက်တာချန်နဲ့ တိုင်ပင်ဆွေးနွေးရဲမှာလဲ … သူ့ကိုယ်သူ ဖော်ထုတ်ခံလိုက်ရမှာပေါ့ ….”

“ ဟားဟား … ဘာမှ မသိတဲ့ တစ်ကောင်တော့ တွေ့ပြီ ….”

“ ခွန်ခွန်လေးကို မသိတဲ့လူတွေ … ကျေးဇူးပြုပြီး အထင်မလွဲကြပါနဲ့ … သူက ပြန်ပေးဆွဲသမားဆိုတာ ငါတို့ပရိသတ်တွေ ချစ်လို့ စနောက်နေတဲ့သဘောပါ … သူက လေလွင့် အိမ်မွေးတိရစ္ဆာန်လေးတွေကို ဂရုစိုက်ပေးတတ်တဲ့လူပါ …. လမ်းဘေးက လေလွင့်နေတဲ့ ခွေးလေး ကြောင်လေးတွေကို မကြာခဏ ပြန်ပေးဆွဲပြီး သူတို့ကို အစားကောင်း ၊ အသောက်ကောင်းတွေ ဝယ်ကျွေးတယ်လေ … ဒါကြောင့်မို့ ငါတို့က သူ့ကို ပြန်ပေးဆွဲသမားဆိုပြီး ပြောနေကြတာ …”

“ ဪ …..”

ခွန်၏ တကယ့်အထောက်အထား အစစ်အမှန်မှာ သူ့ပရိသတ်ကြည့်ရှုသူများ၏ အားတက်သ‌ရော မိတ်ဆက်ပေးမှုဖြင့် ဖော်ထုတ်ခံလိုက်ရသည်။

ခွေးလေး ၊ ကြောင်လေးတွေကို နှစ်သက်ကြသည့် အမျိုးသမီး ဖန်များမှာ ခွန်၏ ပရိုဖိုင်ကို နှိပ်၍ subscribe လုပ်လိုက်ကြ၏။

သူ၏ ကလေးမျက်နှာလေးကြောင့် ခွန်၏ ဖော်လိုဝါများမှာ သူ့ကို ခွန်ခွန်လေးဆိုပြီး အမည်ပေးထားကြသည်။

စစချင်းတုန်းက ခွန်က အိမ်မွေးတိရစ္ဆာန် စထွင်မာလေးပင်။

သူ့အိမ်မှာရှိတဲ့ အိမ်မွေးတိရစ္ဆာန်လေးများကို သူ့ကြည့်ရှုသူများထံသို့ မကြာခဏလိုက်လွှင့်ပြလေ့ရှိ၏။

လွန်ခဲ့သည့် ၂ နှစ်ကစပြီး ခွန်က လမ်းဘေး ကြောင်လေးများနှင့် ခွေးလေခွေးလွင့်များကို စပြီး ကူညီပေးလာခဲ့သည်။

မိုးရွာသည်ဖြစ်စေ ၊ နေသာသည်ဖြစ်စေ ၊ သူက ထိုသို့သော လမ်းဘေးတိရစ္ဆာန်များကို နေ့တိုင်းနေ့ မွေးစားထိန်းသိမ်းစောင့်ရှောက်ပေးသည်။

သူ ခေါ်ယူ ထိန်းသိမ်းစောင့်ရှောက်ပေးထားသည့် တိရစ္ဆာန် အရေအတွက်တို့ တိုးလာသည်နှင့် ခွန်က သူ့အိမ်ကို ရောင်းကာ တိရစ္ဆာန်ကုဆေးခန်းတစ်ခု ဖွင့်၍ ထိန်းသိမ်းစောင့်ရှောက်မှုများနှင့် ရောဂါကုသမှုများကို ဆက်ပြီး လုပ်ဆောင်သည်။

“ ဆိုတော့ သူတော်စင်ကြီးပေါ့ … ရယ်သေပဲ ….”

“ ပိုက်ဆံတွေကို မိဘပေးမယ့်အစား တိရစ္ဆာန် တစ်အုပ်အပေါ် သုံးဖြုန်းနေတယ် … မသိတတ်တဲ့ သားမိုက် ….”

“ အိမ်ရောင်းပြီးတော့တောင် တိရစ္ဆာန် တစ်အုပ်ကို ကယ်တယ် ဟုတ်လား … ဒီလူ ရူးများ ရူးနေလား ….”

“ နင်တို့ကောင်တွေကမှ ရူးနေတာ … ခွန်ခွန်လေးက နင်တို့ ပိုက်ဆံတွေနဲ့ အဲ့ဒီ တိလေးတွေကို ကယ်တင်ပေးနေတာ မဟုတ်ဘူး … နင်တို့စောက်ပူပါလား …”

( တိလေး - တိရစ္ဆာန်လေးများကို အဖျားဆွတ် ချစ်စနိုးနဲ့ ခေါ်တဲ့နာမည်)

“ ကြောင်သူတော် တစ်သိုက်တွေ … အကြင်နာ တရား ကြီးမားတာနဲ့ပဲ သူတော်စင်ဆိုပြီး လှောင်တယ် … အဲ့လိုပြောတဲ့ကောင်တွေ နောင်ဘဝကျ တိရစ္ဆာန်ဖြစ်မှ နင်တို့သိမယ် ….”

“ ခွန်ခွန်လေး … အဲ့ဟာတွေကို ဘေးမဲ့ပေးထားလိုက် … နင့် ဆေးခန်းရော အခုတလော အဆင်ပြေရဲ့လား ….”

“ ဘယ်လိုလုပ်ပြီး အဆင်ပြေနိုင်မှာ …. ခွန်ခွန်လေး သူ့ဆေးခန်းမှာ လေလွင့်တိလေးတွေ ခေါ်ယူထိန်းသိမ်း စောင့်ရှောက်ပေးနေတယ်ဆိုတာကို လူသိရှင်ကြား ကြေညာလိုက်တဲ့အချိန်ကစပြီး တာဝန်မဲ့တဲ့ ပိုင်ရှင် ဘယ်လောက်များများက သူ့ဆေးခန်းဝင်ပေါက်ဝမှာ ဘယ်လောက်တောင် လာစွန့်ပစ်ထားလိုက်လဲ ဘယ်သူက သိမှာမို့လို့ …”

ပရိသတ် အများအပြားက ခွန်ကို ပံ့ပိုးပေးကြပြီး anti-fan ကီးဘုတ်ဖိုက်တာများအား ကိုယ်စား တိုက်ခိုက်ပေးနေခဲ့ကြ၏။

ထို ကီးဘုတ်ဖိုက်တာများ မနှောင့်ယှက်နိုင်တော့သည့် အခါ၌ ကြည့်ရှုသူများက သူ၏ ဆေးခန်း အခြေအနေအကြောင်း မေးမြန်း စပ်စုလာခဲ့ကြသည်။

“ ငါ့ရဲ့ မိသားစုဝင်တို့ … ကျေးဇူးပြုပြီး ရန်မဖြစ်ကြပါနဲ့ ….”

“ ငါ့ကြောင့်နဲ့ လိုက်စထွင်းတစ်ခုလုံး ပရမ်းပတာ ဖြစ်သွားရင် ဘယ်ကောင်းမှာလဲ ….”

ကူကယ်ရာမဲ့သည့် အမူအရာတစ်ခုက ခွန်၏ ကလေးမျက်နှာထက်တွင် ထွက်ပေါ်လာခဲ့ပြီး လူတိုင်းအား ရန်မဖြစ်ရန် ဆက်တိုက်ဖြောင်းဖြနေခဲ့သည်။

သူ ချန်ယွီ့ လိုက်စထွင်းခန်းထဲသို့ ဝင်လာခဲ့သည်က အလွန်အမင်း အရေးကြီးသည့် ကိစ္စတစ်ခုကြောင့်ပင်။

အကယ်၍ သူ့ဖန်များက ဆူညံဆူညံနှင့် ပြဿနာ ရှာကြမည်ဆိုပါက ချန်ယွီ့ကို ဒေါသတကြီးနှင့် လိုင်းပေါ်က ဆင်းသွားစေခဲ့လျှင် သူပါ ဒုက္ခရောက်ရမှာ ဖြစ်၏။

“ ခွန်ခွန်လေး …. နင် တောင့်ခံထားရမယ်နော်…. နောင်ကျ သူများတွေ နင့်ကို မေးခွန်းထုတ်လာခဲ့ရင် သူတို့ကို လေလွင့်တိလေးတွေအတွက် လှူဒါန်းပေးခဲ့ဖူးလားလို့ မေးလိုက် … မဟုတ်ဘူးဆိုရင် ဒင်းတို့က တိရစ္ဆာန်နဲ့ မခြားတဲ့ကောင်တွေပဲ …”

“ အဲ့စောက်ရူးတစ်သိုက်က နေရာမှာပေါက်ကွဲပြီး သေသွားသင့်တာ … ဒင်းတို့က တာဝန်မဲ့ပြီး စွန့်ပစ်သွားတဲ့ သခင်တွေကျ အပြစ်မတင်ဘဲ သူတို့အစား ခေါ်မွေး စောင့်ရှောက်ပေးနေတဲ့သူကိုတော့ ဘလိန်းနေတယ်….”

“ အဲ့လို ကွန်းမန့်တွေ မန့်ရင် သူတို့ ပိုက်ဆံရလို့ ဖြစ်မယ် … တခြား တိကုဆေးခန်းပိုင်ရှင်တွေ နောက်ကွယ်ကနေ ညွှန်ကြားထားတာ ဖြစ်လောက်တယ် …”

“ နောက်ကွယ်မှာ ပြိုင်ဘက် တစ်ယောက်ယောက် ရှိနေတာ ကျိန်းသေတယ် … သူတို့က တို့ခွန်ခွန်လေး တိလေးတွေကို ဈေးသက်သက်သာသာနဲ့ ကုသပေးနေတော့ သူတို့ရဲ့ စီးပွားရေးကို တုတ်နဲ့ ထိုးသလို ဖြစ်နေလို့လေ ….”

“ တိလေးတွေကို ကာကွယ်ပေးတယ်ဆိုတာ လူစဉ်မမီတဲ့ လူတစ်ချို့ကတော့ နားလည်ကြမှာ မဟုတ်ပါဘူး ….”

သူ့ကို စိတ်ခွန်အားပေးလာသည့် ကွန်းမန့်အမြောက်အများကို မြင်တော့ ခွန်က လူတိုင်းကို‌ ကျေးဇူးတင်လိုက်သည်။

“ ဒေါက်တာချန် .. ငါတို့ အခု စလို့ရပြီလား ….”

“ ရတယ် …” ချန်ယွီ့ ခေါင်းညိတ်လိုက်ပြီး “ မင်းရဲ့ အခြေအနေအကြောင်း အရင်ပြောပါ ….”

“ ဒေါက်တာချန် … ငါကြိုပြီးတော့ တောင်းပန်ထားချင်တယ် …”

“ ငါ ဆက်သွယ်လာတာက မင်းနဲ့ ရောဂါကုသချင်လို့ မဟုတ်ဘူး … ဒီတိုင်း မင်းရဲ့ လိုက်စထွင်းကို ငှားပြီး တစ်ယောက်ယောက်များ အိမ်မွေးတိလေးတွေ မွေးစားချင်မလားလို့ မေးချင်လို့ပါ ….”

ခွန်က လေးနက်သည့် စိတ်ရင်းလေသံဖြင့် ချန်ယွီ့ကို တောင်းပန်စကား ဆိုလာခဲ့ပြီး လိုရင်းသို့ တန်းသွားလိုက်သည်။

သူ ခေါ်ယူ စောင့်ရှောက်ပေးထားသည့် လမ်းဘေး လေလွင့် တိလေးများ အရေအတွက်က သူစွမ်းနိုင်သည့် ပမာဏကို ကျော်လွန်နေပြီ ဖြစ်သည်။

နောက်ထပ် များပြားသည့် လေလွင့်တိလေးများကို ကယ်တင်ပေးနိုင်ရန်အတွက် ခွန်လည်း ဤ တိတစ်သုတ်ကို ခေါ်ယူမွေးစားပေးမယ့် လူများကို အရေးတကြီး လိုအပ်နေသည်။

သူ့စထွင်းထဲရှိ ဖန်အများစုက အိမ်တွင် ကိုယ်စီ တိလေးများ ရှိကြပြီး ခွန်လည်း ယခု အခွင့်အရေးကို အသုံးချ၍ သူ့ အသိုင်းအဝိုင်း အပြင်ဘက်ရှိ လူများကို ကြေညာချင်သည်။

ယခုလိုက်စထွင်းကလည်း ကြည့်ရှုသူ တစ်သန်းကျော်နေတာနဲ့ ဟန်ကျသွား၏။

ယခင်က ချန်ယွီ့ကို အာရုံမထားမိသော်လည်းပဲ သူက ဆက်သွယ်လာခဲ့ပြီး သူ့ တိလေးများ မွေးစားဖို့ ကိစ္စကို ကြော်ငြာဆင်းချင်နေသည်။

သူ့ကံတရားက အင်မတန် ကောင်းမွန်နေခဲ့ပြီး ချန်ယွီ့ လိုက်စထွင်းထဲ ဝင်ရောက်၍ စကားပြောဆိုခွင့် ရလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။

“ ဒေါက်တာချန် … မင်း ငါ့ကို မိနစ် နည်းနည်းလောက် ချေးပါလား …. ပြီးရင် ငါ မင်းအကောင့်ကို ဖော်လိုထားပါ့မယ် … နောင်ကျ မင်းလိုက်လွှင့်တိုင်းလည်း လာကြည့်မယ်လို့ ကတိပေးတယ်….”

“ တောင်းဆိုပါတယ်နော်… ငါ မိနစ်နည်းနည်းလောက်ချေးပြီး ကြေညာချင်တာလေး ပြောချင်လို့ပါ ….”

ခွန်က သူ့လက်ဖဝါးနှစ်ဖက်ကို အတူပူးကပ်ပွတ်သပ်၍ ချန်ယွီ့ကို ဆက်တိုက် တောင်းဆိုလာခဲ့သည်။

ချန်ယွီ့၏ အမူအရာမှာ ထူးဆန်းသွားခဲ့၏။

သို့သော်လည်း သူ့ဘက်က ‘ ဆက်လုပ် ‘ဆိုသည့် လက်ဟန်ကို ပြလိုက်သည်။

ခွန်က သူ့ကို ကျေးဇူးတင်ပြီး မွေးစားဖို့ လိုအပ်နေသည့် ခွေးလေး ၊ ကြောင်လေး ဓာတ်ပုံများစွာကို ထုတ်ပြလာသည်။

ပုံထဲရှိ တိလေးများအားလုံးက ချစ်စရာကောင်းကြပြီး ကွန်းမန့်အများအပြားကို ဆွဲဆောင်သွားခဲ့သည်။

“ လူတစ်ချို့ကျတော့လည်း အိမ်မွေးတိလေးတွေကလွဲပြီး ဘာမှမလိုချင်ကြဘူး … လူတစ်ချို့ကျပြန်တော့လည်း ရှိတဲ့တိလေးတွေကို ဖိနပ်စုတ် တစ်ရံလို လွင့်ပစ်ကြတယ် …. ခွန်ခွန်လေး … ငါ ကစ်တီလေးတစ်ကောင်လောက် မွေးစားလို့ ရမလား …..”

“ ခွေးလေး ကြောင်လေးတွေက ဖန်ဆင်းရှင် ဖန်တီးပေးထားတဲ့ လူသားတွေရဲ့ အကောင်းဆုံး မိတ်ဆွေတွေပဲ ….”

“ တို့သာ သန်းကြွယ်သူဌေးမကြီး ဖြစ်လို့ကတော့ သူတို့အကုန်လုံးကို သေချာပေါက် ခေါ်မွေးထားပစ်တယ် … ဒီ အသေးလေးတွေက စိတ်ကို တကယ့် healing ပဲ ….”

“ တိမမွေးဖူးတဲ့ လူတွေကတော့ ဒီ ကလေးလေးတွေက လုံခြုံမှုနဲ့ နွေးထွေးတဲ့ အိမ်လေးကို ဘယ်လောက်တောင် လိုချင်ကြလဲ ဘယ်တော့မှ နားလည်နိုင်ကြမှာ မဟုတ်ဘူး ….”

“ အွီး … အူတွေယားလိုက်တာ … ငါတော့ ချစ်သေပါပြီဟယ် ….”

“ သူတို့လေးတွေ အကုန်လုံးက ချစ်ဖို့ကောင်းနေတာချည်းပဲ …. ငါ အကုန်လုံးကို မွေးစားလို့ရော ရလား ….”

ထိုသို့သော တိလေးများပုံက ပုံ၅၀ ခန့် ရှိပြီး ခေါ်ယူမွေးစားချင်ကြသည့် ကြည့်ရှုသူ အရေအတွက်ကလည်း ရာဂဏန်းကို ကျော်လွန်သွားခဲ့သည်။

တူညီသည့် တိလေးအပေါ်သို့ မျက်စိကျမိကြသည့် ကြည့်ရှုသူများဆိုလျှင် မွေးစားဖို့ရဖို့ကို ကွန်းမန့်ခန်းထဲတွင် အချင်းချင်း တိုက်ခိုက်နေကြတော့၏။

ဘယ်သူက ဦးဆောင်လိုက်၍လည်းတော့ မသိ။ သကောင့်သားများက စပြီး လေလံကြေးတွေပါ ခေါ်လာကြသည်။

“ တိမွေးစားတယ်ဆိုတာ မေတ္တာတစ်ခုတည်းပဲ လိုအပ်ပါတယ် … ငွေကြေးကိစ္စတွေနဲ့ မဆိုင်ဘူး …. ကိုယ့်မှာ နွေးထွေးကြင်နာတတ်တဲ့ နှလုံးသား တစ်စုံရှိမယ် ဆိုရင်ကိုပဲ လုံလောက်ပါပြီ … ချမ်းသာနေဖို့ မလိုပါဘူး ….”

“ ကျေးဇူးပြုပြီး ကိုယ်တိုင်က စိတ်နိုင်မှပဲ မွေးကြပါနော်… တကယ်တော့ တိမွေးတယ်ဆိုတာ လုံးဝ လွယ်ကူတဲ့ အလုပ်လည်း မဟုတ်ပါဘူး ….”

“ တကယ်လို့ မွေးစားဖို့ ဆုံးဖြတ်လိုက်ပြီဆိုရင် သူ့ကို တစ်သက်လုံး စောင့်ရှောက်ပေးရတော့မှာပါ ….”

“ အချိန်တစ်ခုကြာတိုင်းလည်း တိကို ကာကွယ်ဆေး ထိုးပေးရမယ် … ရေချိုးပေးရမယ် … သန်ချပေးရမယ် … နောက်ထပ် အများကြီးမှ အများကြီးပဲ ….”

“ တကယ်လို့ လောလောဆယ် အဲ့လိုလုပ်ပေးဖို့ အဆင်မပြေဘူးဆိုရင်တော့ မမွေးစားတာ အကောင်းဆုံးပါပဲ … အဲ့တာကိုမှ မွေးစားမယ်ဆိုရင် ကိုယ့်ကိုယ်ကိုရော မွေးစားခံမယ့် တိလေးကိုပါ ဒုက္ခပေးလိုက်တာနဲ့ အတူတူပဲ ..”

ဂရုစိုက် သတိပြုရမည့် အရာတစ်ချို့ကို ရှင်းပြပြီးနောက် ခွန်က မွေးစားလိုသူများ လိုအပ်သည့် အခြေအနေများကို စပြီး ရှင်းပြသည်။

တိတစ်ကောင်ကို မွေးစားဖို့ အတွက် ၊ တိမွေးစား စာချုပ်တွင် လက်မှတ်ထိုးဖို့သာ လိုအပ်သည်။

ခေါ်ယူမွေးစားမည့်လူက ၎င်းတို့၏ အိမ်လိပ်စာနှင့် ဆက်သွယ်နိုင်သည့် အချက်အလက်ကို ပေးဖို့ လိုအပ်သည်။ သို့မှသာ သူလည်း တစ်ခါတစ်ရံ သွားရောက်လည်ပတ်၍ … ဒါမှမဟုတ် ဖုန်းဆက်ပြီး မေးမြန်း၍ တိများအား စနစ်တကျ ဂရုစိုက်မစိုက်ကို သိနိုင်ပေမည်။

တိမွေးစားလိုသူတိုင်းလည်း ခွန်၏ လိုက်စထွင်းထဲသို့ ဝင်လာနိုင်ပြီး သူက တိမွေးစားသည့် စကားပြောခန်းထဲသို့ ထည့်ပေးမှာဖြစ်ပြီး အခြားလိုအပ်သည်များကို အသေးစိတ် ထပ်ပြီး ရှင်းပြပေးမည်။

အမှားအယွင်း မရှိကြောင်း အတည်ပြုပြီးပြီ ဆိုပါက အီလက်ထရောနစ် စာချုပ်ကို လက်မှတ်ထိုးလိုက်ရုံသာ လိုအပ်၏။

“ ဒေါက်တာချန် … ငါ ပြောလို့ပြီးပြီ … သည်းခံပြီး ကြင်နာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် … ငါအခု သွားတော့မယ် …” ခွန်က ချန်ယွီ့ကို ကျေးဇူးတင်စကားဆိုပြီး ထွက်သွားရန် ဟန်ပြလိုက်သည်။

“ မင်း မသွားခင် မင်းရဲ့ ညအိပ်အင်္ကျီ ညာဘက်လက်ကို အရင် လှန်ကြည့်သင့်တယ်….” ချန်ယွီ့က ထိုအခိုက်အတန့်တွင် ပြောဆိုလိုက်၏။

“ ငါ့ အင်္ကျီ ညာဘက်လက် ဟုတ်လား ….”

ခွန် ခေတ္တ ကြောင်အမ်းသွားပြီး သူ့လက်မောင်း အင်္ကျီညာဘက်လက်ကို လိပ်တင်ပြီး ကြည့်လိုက်သည်။

“ ဟင် … ဒါ ဘာတွေလဲ… ဘာတွေ ဖြစ်နေတာလဲ ….”

သူ ညာဘက်လက်မောင်းတွင် အနက်ရောင် အစက်အပြောက် အမှတ်များကို မြင်တော့ ခွန်ရှော့ခ်ရသွားခဲ့။

အဆိုပါ အနက်ရောင် အစက်အပြောက်များက မှင်ထက်ပင် မည်းနက်နေသေးသည်။

All Chapters