← Chapters

တစ္ဆေကိုက်ရာ

Vol. 7 Ch. 67

တစ္ဆေကိုက်ရာ

Vol. 7 Ch. 67

“ စောက်ကျိုးနည်း … အဲ့တာ ဘာရောဂါကြီးတုန်းဟ … အဲ့ဒီ အမှတ်ကြီးတွေက ဘာတွေလဲ ….”

“ မွေးရာပါ အမှတ်တွေများလား ….”

“ နင့်မှာ သောက်လုံးပါတာ အလကားပဲ … တခြား လိုအပ်နေတဲ့လူကို လှူပစ်လိုက် … သူ့မွေးရာပါ အမှတ်ဆိုရင် ခွန်ခွန်လေးက အဲ့လို တုံ့ပြန်ပါ့မလားဟဲ့ ….”

ခွန်၏ အခန်းက ဤနေရာတွင် ပြီးဆုံးပြီဟု ပရိတ်သတ်များ ထင်နေကြသော်လည်း သူ့လက်မောင်းတွင် ပြဿနာ တစ်ခုခု တက်လာလိမ့်မည်ဟု မည်သူကမျှ မျှော်လင့်မထားခဲ့ကြချေ။

ထိုအမှတ်များ ကြည့်ရသလောက်တော့ ရုတ်တရက် ထွက်ပေါ်လာခဲ့သည့်ဟန်ပင်။

မဟုတ်ပါက ခွန်ခွန်လေးမှာ ဤမျှ အထိတ်တလန့် ဖြစ်သွားခဲ့မှာ မဟုတ်ချေ။

“ ဒေါက်တာချန် .. ငါ့လက်မောင်းမှာ ဒီအမှတ်တွေ ရှိမှန်း မင်း ဘယ်လိုလုပ်ပြီး သိလဲ …”

အံ့အားသင့်နေရင်း ခွန် တွေးမိသည့် မေးခွန်းတစ်ခုကို မေးလိုက်သည်။

သူသည်ပင် သူ့လက်မောင်း၌ ထိုသို့သော အမှတ်များ ဖြစ်ပေါ်နေသည်ကို သတိမထားမိရာ ချန်ယွီ့က မည်သို့ သိနေရသနည်း။

“ ဒေါက်တာချန် ဘာလုပ်လဲ ဆိုတာကို သူ မသိဘူးလို့တော့ ငါ့လာမပြောနဲ့ ….”

“ ဟားဟား … အဲ့လိုသာဆိုလို့တော့ ပျော်စရာကောင်းတော့မယ် ….”

“ ဒေါက်တာချန် နာမည်ကြီးတဲ့ အချိန် ခွန်ခွန်လေးက နယ်ဘက်တွေသွားပြီး လေလွင့်တိလေးတွေ ကယ်နေခဲ့တယ်နဲ့ တူတယ် …”

“ ဒေါက်တာချန်ရဲ့ အစွမ်းအစတွေ အကြောင်း သူ မသိတာ မထူးဆန်းတော့ပါဘူး …”

ခွန်မှာ ကြည့်ရှုသူများ မရေမရာ ကွန်းမန့်ပေးလာသည့် စကားလုံးများကို ဖတ်ရှုရင်း အတော်လေး အံ့ဩဘနန်း ဖြစ်နေမိသည်။

သူတို့ပြောနေတာက ဒေါက်တာချန်ကိုလား … ဒါမှမဟုတ် အရာရာသိမြင်တဲ့ တန်ခိုးရှင်တစ်ယောက် အကြောင်းကိုလား …

ရိုးရိုးရှင်းရှင်း ပူးပေါင်းထုတ်လွှင့်တာလေးကနေ နှစ်၃၀ လောက် မဖော်ထုတ်နိုင်တဲ့ ရာဇဝတ်မှုဟောင်းကြီးကို ဖြေရှင်းလိုက်နိုင်တယ် …

သူ့ စကားလုံးတွေအောက်မှာ အိမ်ခြံမြေ တိုင်ကွန်းကြီးက ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခဲ့တယ် …

ဒါဘာတွေလဲ …

ခွန်မှာ သူ့လက်မောင်းတွင် အနက်ရောင် အစက်များ ရုတ်တရက် ထွက်ပေါ်လာသည့် အတွက်ကြောင့် ရှော့ခ်ရနေခဲ့ပြီး သိန်းနှင့်ချီသည့် ကြည့်ရှုသူများ ကွန်းမန့်ပေးလာသည့် စကားလုံးများကို ထပ်ပေါင်းထည့်လိုက်တော့ သူ့ကိုယ်သူ စိတ်ကျန်းမာရေးဌာန ရောက်နေသည့်နှယ် ခံစားလိုက်ရသည်။

၎င်းတို့ ပြောနေသည့် စကားလုံးများကို သူ နားမလည်နိုင်ခဲ့ချေ။ နှစ်ခုက မတူညီသည့် ကမ္ဘာနှစ်ခုလိုပင်။

“ ဒီရဲ့ လူနာ … မင်းရဲ့ အခြေအနေက ရှုပ်ထွေးတယ် … အချိန်မီ ကုသမှု မခံယူဘူးဆိုရင် မင်းရဲ့ အသက်တောင် အန္တရာယ် ရှိနိုင်တယ်….”

ခွန်ရှိနေသည့် စခရင်ဘက်ခြမ်းသို့ ချန်ယွီ့ ကြည့်ရင်း ဖြည်းညင်းစွာ ပြောလိုက်သည်။ “ ဒါပေါ့ …. မင်း ငါ့လိုက်စထွင်းထဲနေပြီး ကုသမှု ခံယူချင်တယ်ဆိုလည်း ရတယ် …”

“ ဒါမှမဟုတ် ထွက်သွားလို့ရလည်း ရတယ် …”

“ ဒါက လူနာတစ်ယောက်ဖြစ်တဲ့ မင်းရဲ့ အခွင့်အရေးပဲ …. ဆရာဝန်တစ်ယောက်အနေနဲ့ ငါ့မှာ ဝင်စွက်ဖက်ပိုင်ခွင့် မရှိဘူး ..”

“ ဒေါက်တာချန် … မင်းက စိတ်ကျန်းမာရေး ဆရာဝန် မဟုတ်လား ….” ခွန်က သင်္ကာမကင်း ဖြစ်စွာဖြင့် မေးမြန်းလာခဲ့ပြီး “ မင်းက အရေပြားရောဂါတွေလည်း ကုပေးတတ်တာပဲလား ….”

“ မင်းလက်မောင်းမှာ ဖြစ်နေတဲ့ အနက်ရောင် အစက်တွေက အရေပြားရောဂါနဲ့ ဘာမှမဆိုင်ဘူး ….” ချန်ယွီ့ ခပ်ဖျော့ဖျော့ ပြုံး၍ ပြောလိုက်ပြီး “ သေချာလေးတွေးကြည့် … အခုတလော သာမန် အသိဉာဏ်နဲ့ ရှင်းပြလို့ မရတဲ့ ကိစ္စတွေ မင်းဘေးနားမှာ ဖြစ်နေတယ်မလား ….”

“ သာမန် အသိဉာဏ်နဲ့ ရှင်းပြလို့ မရတဲ့ အရာတွေ ……”

ခွန် သူ့ကိုယ်သူ ရေရွတ်လိုက်သည်။

ချန်ယွီ့ စကားနောက်ကွယ်ရှိ ဆိုလိုချင်နေသည့် အဓိပ္ပာယ်ကို ဖမ်းဆုပ်မိနိုင်ဖို့ ကြိုးပမ်းနေခဲ့၏။

ချန်ယွီ့ လက်ပိုက်လျက် ရှေ့သို့ အနည်းငယ် ကိုင်းပြီး မေးလိုက်သည်။ “ စဉ်းစားမိပြီလား ….”

“ ဟင် … တကယ်ပဲ ယုတ္တိမရှိတဲ့ တစ်ချို့ အဖြစ်အပျက်တွေ ငါ့နားတစ်ဝိုက်မှာ ဖြစ်နေတာ အမှန်ပဲ ….” ခွန် မျက်မှောင်ကြုတ်လိုက်သည်။

“ မြန်မြန် ဒေါက်တာချန်ကို ပြောလိုက်တော့ ခွန်ခွန် … သူ နင့်ကို သေချာပေါက် ကူညီပေးမှာ ….”

“ အမှန်ပဲ … ဒေါက်တာချန်က သိပ်ကျွမ်းကျင်တာ ... သူ့နား အကူအညီ လာတောင်းတဲ့လူတိုင်း အကုန် အဆင်ပြေသွားကြတာချည်းပဲ ….”

“ ဒေါက်တာချန်ဆီကနေ ဘာမှ ဝှက်မထားနဲ့ … မဟုတ်ရင် အကြီးကြီး ဆုံးရှုံးရလိမ့်မယ် ….”

“ ဒေါက်တာချန်တို့ကတော့ ဒီနေ့ စိတ်ရောဂါတင်မဟုတ်ဘူး … ရုပ်ပိုင်းဆိုင်ရာ ရောဂါတွေပါ ကုကုန်ပြီဟေ့ ….”

“ ဒေါက်တာချန်က ဒီနေ့ သမားတော်ကြီးပဲ …..”

မရေမတွက်နိုင်သည့် ကွန်းမန့်များက ချန်ယွီ့၏ အရည်အချင်းကို ချီးမွမ်းလာခဲ့ကြသည်။

ချန်ယွီ့က သူ့လိုက်စထွင်းထဲတွင် တစ္ဆေများ သို့မဟုတ် နတ်မင်းကြီးများ ၊ ထိုသို့သော စကားလုံးများကို တားဖြစ်သည့် အတွက် ကြည့်ရှုသူများလည်း အခြား ရွေးချယ်စရာ မရှိတော့။ ချန်ယွီ့၏ အရည်အချင်းများကို အံ့အားသင့်ဖို့ကောင်းသည်ဟုသာ ဖော်ပြနိုင်တော့သည်။

“ ဘာလို့လဲတော့ ငါလည်း မသိဘူး … ဒါပေမယ့် အခုတလော ငါ့စိတ်အခြေအနေက တော်တော်လေး ကျဆင်းနေတဲ့ပုံပဲ… တစ်ချို့ ထင်ယောင်ထင်မှားတွေ မြင်နေ ၊ ကြားနေရတယ် ….”

များပြားလှသည့် ကြည့်ရှုသူများ၏ ဖြောင်းဖြမှုကို တောင့်မခံနိုင်တော့ဘဲ ခွန်လည်း သူ့ဘေးနားတစ်ဝိုက်တွင် လတ်တလော ဖြစ်ပျက်နေသည့် ထူးဆန်းသည့် အရာများအကြောင်း ပြောပြလာခဲ့သည်။

အဖြစ်အပျက်က လွန်ခဲ့တဲ့ လဝက်ကျော်ခန့်လောက်က ဖြစ်၏။

ညသန်းခေါင်ကြီး အနက်ရောင် အရိပ်တစ်ခု သူ့ဘေးနား ဖြတ်သွားသည်ကို ခွန် ရုတ်တရက်ကြီး သတိပြုမိလိုက်သည်။

တစ်ခါတစ်ရံလည်း ကလေးရယ်သံ ၊ သို့မဟုတ် ငိုသံကို သူ့နားထဲ ကြားယောင်နေမိ၏။

လတ်တလော အလုပ်အင်မတန် များနေသောကြောင့် စိတ်ဖိစီးပြီး ခန္ဓာကိုယ်က နာမကျန်းဖြစ်သည့် အခြေသို့တိုင် ကျဆင်းသွားသည်ဟု သူတော့ ထင်မိ၏။

ထို့ကြောင့် လွန်ခဲ့သည့် ရက်အနည်းငယ်ခန့်က ခွန် နယ်ဘက်သို့ သွားပြီး လေလွင့်တိလေးများကို ကူညီပေးနေခဲ့သည်။ ပတ်ဝန်းကျင်ပြောင်းတော့ စိတ်အခြေအနေလည်း ပြောင်းသွားမည်ဟု သူ ထင်သည်။

ကောင်းမွန်ပြီး သက်တောင့်သက်သာ ဖြစ်သည့် ခရီးတစ်ခု ထွက်ခဲ့ပြီးနောက် မနေ့ညကပဲ အိမ်သို့ ပြန်ရောက်လာခဲ့သည်။

သူ ညအိပ်ဝတ်စုံ မလဲခင်တုန်းက သူ့လက်မောင်းတွင် ထိုသို့သော အမှတ်များ မရှိခဲ့သေးချေ။

ခွန်၏ သူ့အခြေအနေအကြောင်း ဖော်ပြချက်ကို နားထောင်ပြီးနောက် ချန်ယွီ့ သူ့လက်ကောက်ဝတ်ကို တစ်ဖန်ကြည့်လိုက်သည်။

သူ့နှုတ်ခမ်းထောင့်စွန်းတို့ အနည်းငယ် တွန့်ကွေးတက်သွားခဲ့၏။

“ သူ မသန့်ရှင်းတဲ့ တစ်ခုခုများ ထိခဲ့မိလို့လား ….”

“ ငါတော့ အဲ့ဒီ အမှတ်တွေက အဲ့ဒီ အရာကနေ လာတယ်လို့ ထင်တာပဲ ….”

“ အိုး ဂေါင်ရီး ရှင်းပြစမ်းပါဦး ….”

“ ရှာကြည့်လိုက် … တစ္ဆေကိုက်ရာဆိုပြီး ….”

“ သောက်ပလုတ်တုတ် … တကယ်ကြီး တစ္ဆေကိုက်ရာနဲ့ တူတယ် …. ကြည့်စမ်း …”

“ မဖြစ်နိုင်ဘူး … လုံးဝ မဖြစ်နိုင်ဘူး … လောကကြီးမှာ တစ္ဆေဆိုတာ မရှိဘူး …”

ချန်ယွီ့ လိုက်စထွင်းကို အချိန်အတော်ကြာအောင် ကြည့်ရှုပြီးနောက် ချန်ယွီ့ မကြိုက်ဆုံးအရာက အယူသည်း စကားလုံးတို့ ပြောဆိုခြင်းဆိုတာကို သိကြသည်။

ကြည့်ရှုသူများက ချန်ယွီ့ သူတို့အား ဘန်းသွားမှာကို စိုးရိမ်နေကြ၏။ ထိုသို့ဆိုပါက စိတ်လှုပ်ရှားဖို့ကောင်းသည့် လိုက်စထွင်းများကို ထပ်မံကြည့်နိုင်တော့မှာ မဟုတ်ပေ။ ထို့ကြောင့် ‘တစ္ဆေ’ ဆိုသည့် စကားလုံးကို သူတို့ မရိုက်ဝံ့ကြဘဲ ကိုယ်တိုင် ဆင်ဆာဖြတ်ထားခဲ့ကြ၏။

တစ္ဆေကိုက်ရာဆိုသည်မှာ ညအချိန်တွင် တစ္ဆေသရဲများက လူအနားသို့ ကပ်လာပြီး လူကို ကိုက်ခြင်း သို့မဟုတ် ဆွဲဆိတ်ခြင်းကို ရည်ညွှန်းသည်။

သက်ရှိခန္ဓာကိုယ်က မည်သို့သော နာကျင်မှုကိုမျှ ခံစားရမှာ မဟုတ်သော်လည်းပဲ သူတို့ကိုက်သည့် ခန္ဓာကိုယ် အစိတ်အပိုင်းများတွင် ဒဏ်ရာ အစက်အပြောက်တို့ အများအပြား ထွက်ပေါ်လာမှာ ဖြစ်၏။

သူ့ကွန်းမန့်ခန်းထဲရှိ ဆင်ဆာစကားလုံးများကို မြင်တော့ ချန်ယွီ့ စိတ်ထဲ ကြိတ်ပြုံးလိုက်သည်။

“ ကုသမှု မစခင်မှာ အားလုံးကို ငါ တစ်ခု အရင်ရှင်းပြထားမယ် …”

“ ဒီလောကကြီးမှာ တစ္ဆေဆိုတဲ့ အရာ မရှိဘူး … လူတွေ တစ္ဆေလို့ သုံးနှုန်းနေကြတဲ့ အရာတွေက သိပ္ပံဖြစ်စဉ်တစ်ခုကနေ အရင်းခံလာခဲ့တဲ့ အရာပဲ …”

ကြည့်ရှုသူများမှာ စိတ်လှုပ်ရှားတက်ကြွစွာဖြင့် နားထောင်နေခဲ့ကြပြီး ချန်ယွီ့၏ ပေါက်ကရ စကားများ နားထောင်ရသည်ကို ပို၍ပို၍ နှစ်သက်လာနေကြသည်။

“ သက်ရှိတိုင်းမှာ သူတို့ရဲ့ ကိုယ်ပိုင် သံလိုက်စက်ကွင်းတွေ ဆိုတာ ရှိတယ် ...”

“ သတ္တဝါတစ်ခု သေသွားပြီးတဲ့နောက်မှာ ဒီရဲ့ သံလိုက်စက်ကွင်းက လေလွင့်နေတဲ့ လျှပ်စစ်လှိုင်းတစ်ခုအသွင် ကူးပြောင်းသွားမယ် ….”

“ ဒီရဲ့ လေလွင့် လျှပ်စစ်လှိုင်းက စုစည်းနိုင်တယ် … ပျံ့ကျဲနိုင်တယ် … ဒါပေမယ့် သူတို့ရဲ့ လှိုင်းတွေက တခြား သံလိုက်စက်ကွင်းတစ်ခုရဲ့ လွှမ်းမိုးမှုနဲ့ တွေ့ကြုံလာရရင် ပြောင်းလဲသွားတတ်တယ်….”

“ ကမ္ဘာကြီးက အမျိုးအစားစုံလင်တဲ့ သံလိုက်စက်ကွင်းတွေနဲ့ ပြည့်နှက်နေတဲ့ နေရာတစ်ခု ... ဒါကြောင့်မို့လည်း တစ္ဆေဖြစ်ရပ်လို ဖြစ်ရပ်မျိုးတွေ မကြာခဏ ပေါများနေတာပဲ …”

“ အသက်ရှင်နေတဲ့ လူသားတစ်ယောက် တစ္ဆေမြင်ရပြီ ဆိုရင် … တကယ်တော့ သူက စွမ်းအင်ပုံစံ တစ်မျိုးကို မြင်နေရတာ ….”

အမူအရာ မပြောင်းလဲဘဲ ချန်ယွီ့သည် တစ္ဆေများ၏ တည်ရှိမှုကို သိပ္ပံရှုထောင့်အမြင်မှ ကြိုးစား ရှင်းပြနေခဲ့သည်။

ထိုစကားကို ကြားတော့ ခွန်မှာ ကြက်သေသေသွားခဲ့သည်။ သူ စကားတစ်လုံးကိုမှ နားမလည်ချေ။

“ အသိပညာဆိုတာ စွမ်အားပဲတဲ့ …. ဘယ်လောက်ကောင်းလောက်တဲ့ ဆိုးရိုးစကားလေးလဲ … ဒေါက်တာချန် ပေါက်ကရတွေ ပြောနေပေမယ့် ငါ့မှာ ပြန်ငြင်းနိုင်စွမ်း မရှိလောက်အောင်ကို ဆွံ့အနေမိတယ် …”

“ ဒေါက်တာချန် … တစ္ဆေတွေက ဆင့်ကဲပြောင်းလဲခြင်း သီအိုရီနဲ့ သက်ဆိုင်လား … စကြာဝဠာကြီးရဲ့ စည်းမျဉ်းတွေကို သူတို့ရော လိုက်နာဖို့ လိုလား …. မြေဆွဲအား ၊ အပူချိန် ၊ အချိန်နဲ့ အာကာသက သူတို့ကိုရော သက်ရောက်နိုင်လား ….”

“ တစ်ချို့အရာတွေဆိုတာ ကိုယ်တိုင် ကြုံတွေ့ပြီးသွားရင် မယုံလို့ကို မရဘူး ….”

“ ဘရို …. မင်းရဲ့ ဇာတ်လမ်းလေး ပြောပြပါဦး ….”

“ သိပ္ပံပညာဆိုတာ တည်ရှိတဲ့ အရာကိုပဲ သက်သေပြလို့ ရတယ် … မတည်ရှိတဲ့ အရာကို သက်သေပြလို့ မရဘူး … ဒီတော့ အနှစ်ချုပ်ရရင် လောကကြီးထဲ တစ္ဆေဆိုတာ တကယ်ရှိတယ် ….”

“ အမှန်တရားကို ငါနားလည်သွားပြီ … ဒါပေမယ့် ငါကြောက်နေတုန်းပဲ ….”

ချန်ယွီ့က သူ့ကြည့်ရှုသူများကို အယူသည်းမှုနှင့် သက်ဆိုင်သည့် နတ်ဘုရားများ ၊ တစ္ဆေများ … စသည့် အကြောင်းအရာများ ပြောဆိုသည်ကို တင်းတင်းကြပ်ကြပ် တားမြစ်ကန့်သတ်ထားသည်။

ယခု သူကိုယ်တိုင်ကပါ ထိုသို့သော အရာမျိုးကို သူ့ဘက်က စပြောလာသဖြင့် သူ၏ ကြည့်ရှုသူများမှာ ရေကာတာဂိတ် ဖွင့်ပေးလိုက်သည့်နှယ် ကွန်းမန့်များ စတင်ရေးသားကြတော့သည်။ ထိုအရာကို မြင်တော့ ကြည့်ရှုသူ အသစ်လေးများမှာ အံ့အားတကြီး ဖြစ်သွားခဲ့ကြ၏။

သူတို့ကိုယ်သူတို့ လိုက်စထွင်း အခန်းမှားပြီး ဝင်လာခဲ့မိသလားဟုတောင် ထင်ယောင်ထင်မှား ဖြစ်သွားခဲ့ကြသည်။

ကွန်းမန့်ခန်းထဲ၌ ဒဿနိက သီအိုရီများနှင့် ရူပဗေဒ အသုံးအနှုန်းတို့ ပြည့်နှက်လို့နေသည်။

အင်္ဂလိပ် စာလုံးနှင့် ရေးသားလာသည့် ကွန်းမန့်များပင် အမြောက်အများ ဖြစ်လာခဲ့သည်။

ယင်းက ကြည့်ရှုသူ အသစ်လေးများကိုသာ ရှုပ်ထွေးသွားစေခဲ့ရုံမကဘဲ ခွန်ကိုလည်း မည်သို့တုံ့ပြန်ရမှန်းမသိ ဖြစ်သွားစေတော့သည်။

သူ ရှုပ်ထွေးနေလား … သောက်ရမ်း ရှုပ်ထွေးနေတာပေါ့ …

“ ဒေါက်တာချန် … မင်းငါ့ကို အရင်ကုပေးပြီး ကျန်တာတွေ နောက်မှ ပြောပါလား ….”

ခွန်က ခါးသီးစွာ ပြုံးပြလာခဲ့သည်။

ဤလောကကြီးထဲ တစ္ဆေများ တည်ရှိသည်ကို သူ မယုံကြည်ပေ။

ခွန်လည်း ဝါရင့် စထွင်မာ ဖြစ်ခဲ့ဖူးပြီး ထိုအကြောင်းကို ကောင်းကောင်း သိသည်။

အကယ်၍ စကားပြောခန်းထဲရှိ ကွန်းမန့်များကို အလွယ်လေး ယုံကြည်မိမည်ဆိုပါက ကိုယ့်ဘက်က ရှုံးသွားလိမ့်မည်။

“ ခွန်ခွန်လေး … ဒေါက်တာချန်က နင့်ရောဂါကို ဆန်းစစ်ပေးပြီးပြီလေ ….”

“ ဒေါက်တာချန်က တစ္ဆေတွေ ဘာတွေ အကြောင်းကို ဘယ်တော့မှ ပြောတာမဟုတ်ဘူး … သူ ဒီနေ့ ခြွင်းချက်ထားပေးတာ … မင်း နားမလည်သေးဘူးလားကွ ….”

“ အရှုံးပေးလိုက်တော့ ခွန် … မင်း တစ္ဆေတစ်ကောင်နဲ့ ကြုံနေရပြီ ….”

ချန်ယွီ့၏ အကျင့်စရိုက်အကြောင်းကို ခွန်က နားမလည်သော်လည်း ချန်ယွီ့ လိုက်စထွင်းကို အစကတည်းက ကြည့်ရှုအားပေးလာခဲ့ကြသည့် ကြည့်ရှုသူများကတော့ နားလည်သည်။

အကယ်၍ ချန်ယွီ့က တစ္ဆေဆိုသည်မှာ မည်သို့သော သက်ရှိပုံစံတစ်မျိုး ဖြစ်သည်ကို ရှင်းပြလာလျှင် နောက်ကွယ်၌ သူပြောချင်နေသည့် စကားအဓိပ္ပာယ်ကတော့ ရှင်းသည်။

ဤကွန်းမန့်များကို မြင်တော့ ခွန် သူ့စိတ်ထဲ ကြိတ်ပြီး သရော်လိုက်သည်။

ချန်ယွီ့ လိုက်စထွင်း ဤမျှ ပေါ်ပြူလာဖြစ်နေသည်မှာ မဆန်းတော့ချေ။

အခြေအနေကို လှုံ့ဆော်ပေးရန်အတွက် လူအများအပြားကို ပိုက်ဆံသုံးထားသည့်ပုံပင်။

“ မင်းရဲ့ အဲ့ဒီ အစက်အပြောက်တွေက အဲ့ဒီ အန်နာဂျီနဲ့ ဆက်စပ်နေတယ် ….” ချန်ယွီ့ ပြောလိုက်သည်။

“ မင်း ကုသမှု ခံယူချင်လား …”

All Chapters