တခြားလူများအပေါ် အပြစ်ပုံချခြင်း
Vol. 15 Ch. 213
ဟန်ယွမ်မြို့... ကျန်းရွှမ်၏အိမ်တော်...
ယွဲ့လုံရှောင်သည် လန်းဆန်းတက်ကြွနေသော သောက်လီသည် လက်ဖက်ရည်ဖျော်စပ်ရန် ပြင်ဆင်နေရင်း အလုပ်ရှုပ်နေသည်ကို ကြောင်ငေးကြည့်နေသည်။ အချိန်အတော်ကြာသည်အထိ ထိုအခြေအနေ၏ မယုံနိုင်ဖွယ်ကောင်းသော သဘာဝသည် ပျောက်ကွယ်မသွားခဲ့ပေ။
လင်;ပုယန် ထွက်သွားပြီးကတည်းက ပါရမီရှင်သုံးဦး ရောက်ရှိလာပြီး ယွဲ့လုံရှောင်က အကြံဉာဏ်အနည်းငယ် ပေးပြီးနောက် ထိုမြင်းသည် လမ်းလျှောက်ဝင်လာသည်။ ယခုချိန်၌ မြင်းသည် ကျွမ်းကျင်သော အစေခံတစ်ဦးကဲ့သို့ လက်ဖက်ရည် ငှဲ့ပေးပြီး ဧည့်သည်များကို ပြုစုနေသည်။ ယွဲ့လုံရှောင်သည် ဤသည်မှာ လူအသွင် ဟန်ဆောင်ထားသော မြင်းတစ်ကောင်ဖြစ်နေမည်ဟု မတွေးတောဘဲ မနေနိုင်ခဲ့ချေ။
"စွန်းချန် မဟုတ်လား... မင်းတို့မိသားစုရဲ့မြင်းက... အမြဲတမ်း ဒီလိုပဲလား"
ယွဲ့လုံရှောင်သည် သိချင်စိတ်ပြင်းပြလာကာ မေးမြန်းလိုက်သည်။
"ဒီမြင်းကို ငါတို့ရဲ့သခင်လေးက ယဥ်ပါးအောင် လေ့ကျင့်ပေးထားတာ... ဒါက ရင်းမြစ်သားရဲ စွမ်းရည်ရှိတဲ့ မျိုးကွဲသားရဲဖြစ်နေတယ်... ဒီတော့ မြင်းက ပိုပြီး နာခံတတ်တာပေါ့"
စွန်းချန်က ရှင်းပြသည်။
ထိုအချိန်ကျမှသာ ယွဲ့လုံရှောင်သည် စိတ်အေးသွားပြီး လက်ဖက်ရည်ကို အရသာခံရန် သူ၏ခွက်ကို ကောက်ယူလိုက်သည်။ ဤသည်မှာ အလွန်အရသာကောင်းမွန်ကြောင်း သူ ဝန်ခံခဲ့ရသည်။ သူ၏အကြည့်သည် သောက်လီထံသို့ ရောက်သွားသည့်အချိန်တွင် ထိုမြင်းသည် လက်ဖက်ရည်ပြင်ဆင်သည့်နေရာတွင် တိတ်ဆိတ်စွာ ရှိနေဆဲဖြစ်သည်ကို မြင်တွေ့မိလေ၏။ သူသည် အိုးခွက်ဆေးကြောခြင်း လက်ဖက်ခြောက်နှပ်ထားခြင်းနှင့် လက်ဖက်ရည် တည်ခင်းခြင်းစသည့် လုပ်ငန်းစဥ်များကို ကျွမ်းကျင်သော တိကျမှုဖြင့် စနစ်တကျ လုပ်ဆောင်နေသည်။ စနစ်တကျရှိပြီး ခန့်ညားသော ပြကွက်ကြောင့် ယွဲ့လုံရှောင် အံ့အားသင့်မိန်းမောသွားသည်။
လက်ဖက်ရည် အသင့်ဖြစ်သည့်အချိန်တွင် ထိုမြင်းသည် တစ်ငုံသောက်ကာ ကျေနပ်စွာ ပြုံးလိုက်သည်။
"ဟီးဟီး ဟီးဟီး..."
"ထူးဆန်းလိုက်တာ"
ယွဲ့လုံရှောင်သည် ခေါင်းခါရင်း တိုးညှင်းစွာ ရေရွတ်လိုက်သည်။
သူသည် သူ၏မေးခွန်းများကို ဆက်မေးရန် ပြင်လိုက်စဥ်တွင် အလျင်စလိုပြေးလာသောခြေသံများ အပြင်ဘက်မှ ပဲ့တင်ထပ်လာသည်။ အချိန်တခဏအကြာတွင် ခန်းမသခင်ဟန်ရှောင်သည် သွေးများစိုရွှဲနေနေသော ခန္ဓာကိုယ်ဖြင့် ဒယိမ်းဒယိုင် ဝင်လာသည်။ သူသည် မြေပြင်ပေါ်သို့ ဘုန်းခနဲ ပြင်းထန်စွာ ပြိုလဲကျသွားပေ၏။
"ခန်းမသခင် ဟန်... မင်း ဘာဖြစ်လာတာလဲ"
ယွဲ့လုံရှောင်၏မျက်နှာအမူအယာ မည်းမှောင်သွားပြီး ကူညီရန် အလျင်စလို ပြေးသွားသည်။
ဟန်ရှောင်၏မျက်လုံးများ ပြူးကျယ်နေသော်လည်း သူ၏နောက်ဆုံးအားအင်ကို စုစည်းကာ အသက်ရှူမဝသောအသံဖြင့် ပြောဆိုသည်။
"ဟန်ချန်ချောင်... သူက အကြီးအကဲမိုချင်းကို သတ်လိုက်တယ်... သူက ကျွန်တော့်ကို ဝန်ခံခိုင်းပြီး ကျိုးယီမြို့ကနေ ဆုလာဘ်တွေ တောင်းခိုင်းတယ်... ငါက လိုက်လျောဟန်ဆောင်ခဲ့ပေမဲ့ ထွက်ပြေးလာခဲ့တာ... ဒါပေမဲ့ ငါ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတယ်..."
"ဟန်ချန်ချောင်က မိုချင်းကို သတ်လိုက်တာလား"
ယွဲ့လုံရှောင်သည် ထိုစကားလုံးများ၏လေးနက်မှုကို သိရှိသွားကာ သူ၏အမြင်အာရုံ ဝေဝါးသွားသကဲ့သို့ ခံစားလိုက်ရသည်။
အကြီးအကဲမိုချင်းသည် အောင်မြင်မှုအရှိဆုံးလူ မဟုတ်သော်လည်း မိုတောက်ဂိုဏ်းမှ ဂိုဏ်းချုပ်မိုပိုင်ယဲ့၏ တတိယတပည့် ဖြစ်နေဆဲပင်။ သေးငယ်သောအင်ပါယာတစ်ခု၏ ဧကရာဇ်တစ်ဦးသည် ယဥ်ကျေးမှုကို လျစ်လျူရှုရုံသာမက သူ့ကို ပြောင်ပြောင်တင်းတင်း သတ်ဖြတ်ခြင်းသည်... ဤသည်မှာ မိုတောက်ဂိုဏ်းနှင့်ကံကြမ္မာခန်းမ နှစ်ခုလုံးကို သိသိသာသာ ရန်စခြင်းပင်။
"လင်းပုယန်ကရော ဘယ်လိုလဲ"
ယွဲ့လုံရှောင်က တုန်ရီနေသော အသံဖြင့် မေးမြန်းလိုက်သည်။
"သူ... သူလည်း ဟန်ချန်ချောင် လိုက်သတ်တာကို ခံနေရတယ်... သူ အသက်ရှင်နေသေးလားဆိုတာ ငါ မသိဘူး... ဂိုဏ်းချုပ် ယွဲ့... မင်း ငါတို့အတွက် လက်စားချေပေးရမယ်... မင်း မလုပ်နိုင်ရင်တောင်မှ သူ့ရဲ့ ရက်စက်ယုတ်မာမှုတွေကို မင်း ဖွင့်ချရမယ်"
ဟန်ရှောင်၏အသံသည် လုံးဝရပ်တန့်သွားသည်အထိ တဖြည်းဖြည်း တိုးဝင်သွားသည်။ သူ၏အသက်ရှူသံ ရပ်တန့်သွားသည်နှင့် သူ၏လက်သည် မြေပြင်ပေါ်သို့ ပျော့ခွေစွာ ကျသွားလေ၏။
ယွဲ့လုံရှောင်သည် တုန်ရီနေသော လက်တစ်ဖက်ကို ဟန်ရှောင်လက်ကို သွေးခုန်နှုန်းစမ်းလိုက်ရာ နှလုံးခုန်ခြင်း မရှိတော့ပေ။ သူ၏ခန္ဓာကိုယ်သည် တစတစ အေးစက်နေခဲ့လေပြီ။
"အရင်ဆုံး မိုချင်း... အခု ဟန်ရှောင်... ပြီးတော့ လင်းပုယန်ရဲ့ ကံကြမ္မာကလည်း မသိရဘူး... ဟန်ချန်ချောင်က ရူးသွားပြီလား"
ယွဲ့လုံရှောင်သည် ဟန်ယွမ်အင်ပါယာ၏ ဧကရာဇ်က မည်သည်ကြောင့် ဤမျှထိ မဆင်မခြင် ပြုမူရသည်ကို နားမလည်နိုင်ခဲ့ချေ။ သို့ရာတွင် ဟန်ရှောင်၏ သေခါနီးစကားလုံးများတွင် သံသယဖြစ်ဖွယ်အချက်ဟူ၍ တစိုးတစိမျှ မရှိပေ။
"ခဏ... လင်းပုယန် သေသွားပြီဆိုရင် ဒါက ငါက သူ့ကို ဘာအကျိုးအမြတ်မှ ပေးစရာမလိုဘဲ ပါရမီရှင်သုံးယောက်ကို ယူလို့ရတယ်ဆိုတဲ့ အဓိပ္ပာယ် မဟုတ်ဘူးလား"
ယွဲ့လုံရှောင် ရုတ်တရက် နားလည်သဘောပေါက်သွားသည်။
သို့ရာတွင် ယခုချိန်၌ ထိုကဲ့သို့သော ကိစ္စများကို တွေးတောနေရန် အချိန်မဟုတ်ပေ။ သူသည် ခြံဝင်းအတွင်းရှိ အမြင့်ဆုံးအဆောက်အအုံပေါ်သို့ လျင်မြန်စွာ ခုန်တက်လိုက်ပြီး ပတ်ဝန်းကျင်ရှိလမ်းများကို ကြည့်ရှုစစ်ဆေးလိုက်သည်။ အမှန်တကယ်ပင် လမ်းကြားများတွင် ထောင်နှင့်ချီသောစစ်သားများဖြင့် ပြည့်နှက်နေသည်။
ဤသည်မှာ မြို့စောင့်တပ်တစ်ခုလုံးကို စုစည်းထားခြင်းပင်။ ဧကရာဇ်မှလွဲ၍ တခြားမည်သူသည် ဤမျှကြီးမားသော အင်အားစုကို အမိန့်ပေးနိုင်မည်နည်း။
ဟန်ရှောင်၏ စကားများအပေါ် ရှိခဲ့သော သူ၏သံသယမှန်သမျှသည် ဤမြင်ကွင်းကို ကြည့်ပြီးနောက် ပျောက်ကွယ်သွားသည်။
"ဒါက ဟန်ချန်ချောင် ရူးသွပ်နေတာပဲ... ငါ ဒါကို ကျိုးယီအင်ပါယာရဲ့ ဌာနခွဲကို ချက်ချင်း သတင်းပို့ရမယ်"
ယွဲ့လုံရှောင်သည် အောက်သို့ခုန်မချမီ ရေရွတ်လိုက်ပြီး ဆက်သွယ်ရေးကျောက်စိမ်းပြားတစ်ချပ်ကို ထုတ်ယူကာ သတင်းကို အလျင်စလို ပေးပို့လိုက်သည်။
လေဟာနယ်ကဲ့သို့ နေရာတစ်နေရာတွင် ကျန်းရွှမ်သည် တိတ်ဆိတ်စွာ ပျံဝဲနေလေ၏။ သူနှင့်မလှမ်းမကမ်းတွင် စွန်းလျန်ရှန်း ယုလုံချင်းနှင့် လုမင်ရုန်တို့သည် သတိလစ်မေ့မြောနေကာ လဲလျောင်းနေကြသည်။
မကြာသေးမီက အဖြစ်အပျက်များကို ပြန်လည်စဉ်းစားရင်း ကျန်းရွှမ်သည် အရာအားလုံးကို ဂရုတစိုက် ပေါင်းစပ်လိုက်သည်။ ဝင်္ကပါကို အသက်သွင်းခြင်း ရှုပ်ထွေးမှုကြားမှ ဟန်ချန်ယဲ့ကို လုပ်ကြံသတ်ဖြတ်ခြင်း မိုချင်၏အလောင်းကို ပစ်ထုတ်ခြင်းနှင့် ဟန်ရှောင်ကို သတင်း "ပို့" စေခြင်း.....ဤလုပ်ဆောင်မှုကွင်းဆက်သည် ဟန်ယွမ်အင်ပါယာ၏ တော်ဝင်မိသားစုကို ရာဇဝတ်မှုအတွက် လုံးလုံးလျားလျား အပြစ်ပုံချလိုက်ခြင်းပင်။
သူသည် ပုန်းအောင်းနေနိုင်ပြီး မိုတောက်ဂိုဏ်းကို ရန်စခြင်းမှ ရှောင်ရှားနိုင်သော်လည်း ကြွင်းကျန်သော ပြဿနာများကို သူ ဖြေရှင်းနိုင်မည် မဟုတ်ပေ။ ဟန်ချန်ချောင်သည် သူ့ကို ဖရိုဖရဲကံကြမ္မာကျင့်ကြံသူအဖြစ် သံသယဝင်နိုင်ပြီး သူသည် ယုလုံချင်းနှင့်တခြားလူများကို ထိခိုက်စေခဲ့ကြောင်း သိသောကြောင့် ကျန်းရွှမ်သည် သူ့ကို ရှင်းလင်းရပေမည်။
သူကိုယ်တိုင် ထိုကိစ္စကို လုပ်ဆောင်နိုင်သော်လည်း ထိုသို့သော လှုပ်ရှားမှုမျိုးမှ သဲလွန်စများ ကျန်ခဲ့ပေလိမ့်မည်။ အကယ်၍ တစ်စုံတစ်ယောက်သည် ဂရုတစိုက် စုံစမ်းစစ်ဆေးပါက လင်းပုယန်အဖြစ် သူ၏အယောင်ဆောင်မှု ပေါ်လွင်သွားပေလိမ့်မည်။
ဟန်ချန်ချောင်ကို မိုချင်း၏ သေဆုံးမှုအတွက် အပြစ်ပုံချခြင်းဖြင့် မိုတောက်ဂိုဏ်းသည် ဟန်ယွမ်အင်ပါယာ တော်ဝင်မိသားစုနှင့် ထိပ်တိုက်ရင်ဆိုင်မည်မှာ သေချာပေါက်ပင်။ ထို့နောက် ကျန်းရွှမ်သည် သူ၏ပန်းတိုင်များကို အောင်မြင်စေရန် ထိုရှုပ်ထွေးမှုကို အသုံးချနိုင်သည်။
သူ၏ လင်းပုယန်ပုံစံအတွက်မူ လိုအပ်ပါက သူ ထိုအရာကို စွန့်ပစ်နိုင်သည်။
အချိန်ကိုက်ဖြစ်မဖြစ်သည် စိုးရိမ်စရာဖြစ်သော်လည်း ဟန်ယွမ်အင်ပါယာသည် ကျိုးယိမြို့နှင့် ဝေးကွာပေ၏။ အမှန်တရား ပေါ်ပေါက်လာသည့်အချိန်တွင် သူသည် ခုန်းရှီနှင့် ပြန်လည် ပေါင်းစည်းပြီး ဖြစ်ပေလိမ့်မည်။
သူ၏အစီအစဥ်ကို နှစ်ကြိမ်ပြန်စစ်ဆေးပြီးနောက် ကြီးမားသော ချို့ယွင်းချက်များ မရှိကြောင်း အတည်ပြုပြီးချိန်တွင် ကျန်းရွှမ်သည် နောက်ဆုံး၌ စိတ်အေးသွားသည်။ သူ၏အတွေးများကို ဖယ်ထုတ်လိုက်ပြီး သတိလစ်နေသော လူသုံးဦးထံသို့ သူ၏အာရုံကို ပြောင်းရွှေ့လိုက်သည်။
ဤလေဟာနယ်သည် သူ ဖန်တီးထားသော ကမ္ဘာသစ်၏အစိတ်အပိုင်းတစ်ခုပင်။ နန်းတော်မှ မထွက်ပြေးမီ သူသည် သူတို့ကို ဤနေရာသို့ ခေါ်ဆောင်လာခဲ့သည်။
"သူတို့က ငါ့ကို တမင်သက်သက် သစ္စာဖောက်မှာ မဟုတ်ပေမဲ့ ဒီကမ္ဘာရဲ့ တည်ရှိမှုကို မဖော်ပြတာက ပိုလုံခြုံတယ်... စိတ်ဝိညာဉ်ရှာဖွေမှုမှာ ကျွမ်းကျင်တဲ့ ဘယ်သူမဆို ဒါကိုသိသွားရင် ငါ့ကိုဒုက္ခပေးနိုင်တယ်"
ကျန်းရွှမ်က တီးတိုးရေရွတ်လိုက်သည်။
လျှို့ဝှက်ချက်မပေါက်ကြားမှုကို သေချာစေရန် သူသည် သူတို့ကို ဤနေရာသို့ ခေါ်ဆောင်လာသည့် အချိန်အခိုက်အတန့်မှာပင် သတိလစ်သွားစေခဲ့သည်။
ရင်းမြစ်ကမ္ဘာသို့ ပြန်လာပြီးနောက် ကျန်းရွှမ်သည် သူ၏ လင်းပုယန်အဖြစ်အယောင်ဆောင်မှုကို ပြန်လည်စတင်ခဲ့ပြီး ခြံဝင်းဆီသို့ လျင်မြန်စွာ ပြန်လာကာ အခန်းလွတ်တစ်ခုထဲသို့ ဝင်ရောက်သွားသည်။ သူ၏လက်တစ်ချက် ဝှေ့ယမ်းလိုက်သည်နှင့် ထိုလူသုံးဦးသည် ကြမ်းပြင်ပေါ်တွင် လှဲလျောင်းလျက်သား ထွက်ပေါ်လာပေ၏
သူ၏လက်ချောင်းများကို တစ်ချက်လှုပ်ယမ်းလိုက်ရုံဖြင့် ကောင်းကင်ကံကြမ္မာစွမ်းအားများသည် သူတို့၏ခန္ဓာကိုယ်များထဲသို့ ဝင်ရောက်သွားသည်။ ထို့နောက် ယုလုံချင်းနှင့် လုမင်ရုန်တို့၏ဒဏ်ရာများကို မျက်စိဖြင့်မြင်နိုင်သောအရှိန်နှုန်းဖြင့် ကုသပေးလေ၏။
ထိုကိစ္စပြီးစီးသည့်အချိန်တွင် သူသည် သူ၏လက်ကို ညင်သာစွာ ထပ်မံ၍ပွတ်သပ်လိုက်ရာ ထိုလူသုံးဦးသည် ဖြည်းညှင်းစွာ သတိပြန်လည်ရရှိလာသည်။
"ဒါ ဘယ်နေရာလဲ... ငါ... သေသွားပြီလား" ထိခိုက်ဒဏ်ရာမရှိသော စွန်းလျန်ရှန်းသည် ပထမဆုံး နိုးထလာသူပင်။ သူမသည် ကျန်းရွှမ်အပေါ်သို့ အကြည့်မကျရောက်မီ ဇဝေဇဝါဖြင့် နံဘေးပတ်လည်ကို ကြည့်လိုက်သည်။
"ရှင်... ကျွန်မ့ရဲ့ ကယ်တင်ရှင်က ရှင်လား... ကျွန်မ ရှင့်အပေါ် နောက်တစ်ကြိမ် အသက်ကြွေးတင်သွားပြန်ပြီ"
သူမသည် သူ့ကို ယခင်က ကယ်တင်ခဲ့သော မျက်နှာဖုံးစွပ်ပုဂ္ဂိုလ်အဖြစ် မှတ်မိကာ အော်ဟစ်လိုက်သည်။
"ဒါက ဘာမှမဟုတ်ပါဘူး... သတင်းပို့ဖို့ မင်းရဲ့အသက်နဲ့ရင်းပြီး စွန့်စားခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်"
ကျန်းရွှမ်းက အပြုံးနှင့် တုံ့ပြန်အဖြေပေးသည်။
စွန်းလျန်ရှန်းသည် ရှက်ရွံသွားပေ၏။
"ရှင့်ရဲ့ခွန်အားအရဆိုရင် ကျွန်မရဲ့သတင်းစကားက သိပ်ပြီးအရေးမကြီးလောက်ပါဘူး..."
"မင်းသာ မရှိခဲ့ရင် သူတို့တွေ အရမ်းဒုက္ခရောက်နေတုန်း ဖြစ်နိုင်တယ်... ဒါမှမဟုတ် ပိုဆိုးတာက သူတို့သေသွားနိုင်တယ်"
ကျန်းရွှမ်သည် ယခု နိုးထနေပြီဖြစ်သော ယုလုံချင်းနှင့်လုမင်ရုန်တို့ထံသို့ လှမ်းကြည့်လိုက်သည်။
ထိုလူနှစ်ဦးသည် တည်ကြည်လေးနက်စွာ ဦးညွှတ်လိုက်ကြ၏။
"ကျွန်တော်တို့ကို ကယ်တင်ပေးတဲ့အတွက် ဆရာကျန်းကို ကျေးဇူးတင်ပါတယ်... ပြီးတော့ မိန်းကလေးစွန်းကိုလည်း ကျေးဇူးတင်ပါတယ်..."
"ဒီလောက်ထိ အားနာနေဖို့ မလိုပါဘူး... ကျေးဇူးကြွေးပဲဖြစ်ဖြစ် ရန်ကြွေးပဲဖြစ်ဖြစ် ငါရဲ့အကြွေးတွေကို ငါက ပြန်ဆပ်မယ်... ငါ့ရဲ့လုပ်ရပ်တွေက မင်းတို့ကို ဒီပြဿနာထဲ ဆွဲသွင်းခဲ့တာဖြစ်လို့ မင်းတို့ကို လျော်ကြေးပေးတာက မှန်ကန်တဲ့လုပ်ရပ်ပဲ"
ကျန်းရွှမ်ကအပြုံးနှင့် ပြောဆိုသည်။
"ငါ့ကို ပြောပါ... မင်းတို့က ကံကြမ္မာဆရာသခင်တွေ ဖြစ်ချင်ကြလား"
ယုလုံချင်က ခါးသက်စွာ ရယ်မောလိုက်သည်။
"ဒါက ကျင့်ကြံသူတိုင်းရဲ့ အိပ်မက်ပဲလေ... ကံမကောင်းစွာနဲ့ ငါ့ရဲ့ပါရမီက နိမ့်ပါးတယ်... ငါက ကံကြမ္မာအမွှေးတိုင် တစ်တိုင်တည်းကိုပဲ ထွန်းညှိနိုင်ခဲ့တယ်... ငါက ဒီဘဝမှာ ကံကြမ္မာဆရာသခင်ဖြစ်ဖို့ ဘယ်တော့မှ အခွင့်အရေး ရတော့မှာ မဟုတ်ဘူး"
လုမင်ရုန်ကလည်း ခေါင်းခါလိုက်သည်။
"ကံကြမ္မာဆရာသခင်တွေကသာ မြင့်မားတဲ့ ကျင့်ကြံဆင့်နယ်ပယ်တွေကို ရောက်ဖို့ ရုပ်ခန္ဓာကိုယ်ကန့်သတ်ချက်တွေကို ချိုးဖျက်နိုင်ကြတယ်... ဒါက ကျင့်ကြံသူတိုင်း တောင့်တတဲ့အရာပဲ... ဒါပေမဲ့ ငါ့မှာလည်း အဲ့ဒီကိစ္စအတွက် ပါရမီ မရှိဘူး"
ကျန်းရွှမ်က စွန်းလျန်ရှန်းထံသို့ လှည့်လိုက်သည်။
"မင်းကရော..."
သူမသည် သက်ပြင်းချလိုက်ပြီး သူမ၏မျက်နှာအမူအယာ ညှိုးငယ်နေသည်။
"ကျွန်မရဲ့ကျင့်ကြံမှုက အဆိပ်ကြောင့် ပျက်စီးသွားခဲ့ပြီးတော့ ကျွန်မရဲ့အခြေခံအုတ်မြစ်လည်း ပျက်စီးသွားပြီ... ကံကြမ္မာဆရာသခင်တစ်ယောက် ဖြစ်လာဖို့ အိပ်မက်မက်ဖို့ မပြောနဲ့... ကျွန်မက အခု ကျင့်ကြံဖို့တောင် မကျင့်ကြံနိုင်တော့ဘူး"
"ဒါက မဟုတ်သေးဘူး...မင်းရဲ့စွမ်းအားတွေ ကို လှည့်ပတ်ကြည့်အုံး"
ကျန်းရွှမ်က အပြုံးနှင့် ပြောဆိုသည်။
စွန်းလျန်ရှန်းသည် သံသယဝင်နေသော်လည်း သူမ၏စွမ်းအားကို လှည့်ပတ်ရန် ကြိုးစားလိုက်သည်။ သူမ အံ့အားသင့်သွားရလောက်အောင်ပင် အစွမ်းထက်သော အားလှိုင်းတစ်ခုသည် သူမ၏ရင်းမြစ်ရေအိုင်အတွင်းမှ မြင့်တက်လာပြီး သူမ၏ခန္ဓာကိုယ်အနှံ့အပြားသို့ စီးဆင်းသွားသည်။
"ကျွန်မ... ကျွန်မ ကျင့်ကြံလို့ ပြန်ရနေပြီ... ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ... ဆေးပညာရှင်တွေက ကျွန်မ့ရဲ့ရင်းမြစ်ရေအိုင်က ပြန်ပြီးပြင်ဆင်လို့မရအောင် ကြေမွှပျက်စီးသွားပြီလို့ ပြောခဲ့တာ"
စွန်းလျန်ရှန်း၏မျက်လုံးများ ပြူးကျယ်နေပြီး သူမက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
ကျန်းရွှမ်း၏အပြုံး ပိုမိုနက်ရှိုင်းသွားသည်။
"မင်းရဲ့ဒဏ်ရာတွေကို ကုသရင်းနဲ့ မင်းရဲ့ ရင်းမြစ်ရေအိုင်ကို ငါ ပြုပြင်ပေးခဲ့တယ်"
"ရှင်က... ကျွန်မ့ရဲ့ရင်းမြစ်ရေအိုင်ကို ပြုပြင်ပေးခဲ့တာလား"
စွန်းလျန်ရှန်းသည် ထိုထုတ်ဖော်ပြောကြားမှုကို နားလည်နိုင်အောင် ကြိုးစားနေဆဲ ဖြစ်သော်လည်း ယုလုံချင်းနှင့်လုမင်ရုန်တို့မှာမူ အံ့အားသင့်ကာ စကားမပြောနိုင် ဖြစ်နေကြလေပြီ။
ကံကြမ္မာခန်းမမှ လက်ဆောင်တစ်ခုဖြစ်သော ရင်းမြစ်ရေအိုင်သည် ကျင့်ကြံမှု၏အခြေခံအုတ်မြစ်ပင်။ ထိုအရာ တစ်ကြိမ်ပျက်စီးသွားပါက ပြန်လည်ပြုပြင်၍မရနိုင်ဟု သတ်မှတ်ကြသည်။ သို့ရာတွင် ကျန်းရွှမ်သည် ထိုအရာကို လွယ်ကူစွာ ပြန်လည်ကောင်းမွန်စေခဲ့သည်။
သို့ရာတွင် ကျန်းရွှမ်အတွက်မူ ဤသည်မှာ သာမညကိစ္စတစ်ရပ်ပင်။ ရင်းမြစ်ရေအိုင်တစ်ခုကို ဖန်တီးခြင်း သို့မဟုတ် ပြုပြင်ခြင်းသည် သူ့အတွက် သေးငယ်သော စွမ်းဆောင်မှုတစ်ခုသာ ဖြစ်ပေ၏။
"ငါက မကြာသေးခင်က မိုတောက်ကောင်းကင်ကံကြမ္မာကို စပြီးလေ့ကျင့်နေတယ်... မင်းတို့ စိတ်ဝင်စားတယ်ဆိုရင် ငါက မင်းတို့ကို သင်ပေးနိုင်တယ်"
ကျန်းရွှမ်းက စကားလမ်းကြောင်းလွှဲကာ ပေါ့ပေါ့ပါးပါး ကမ်းလှမ်းလိုက်သည်။
ယုလုံချင်း၏မျက်လုံးများ တောက်ပသွားသည်။
"မိုတောက်ကောင်းကင်ဘုံကံကြမ္မာက တစ်ဦးချင်းတိုက်ခိုက်မှုမှာ ပြိုင်ဘက်ကင်းပဲ... ဂိုဏ်းချုပ်မိုပိုင်ယဲ့က ကျိုးယီအင်ပါယာမှာ အရမ်းမြင့်မားတဲ့ ရာထူးအဆင့်အတန်းကို ရထားတာ မထူးဆန်းဘူး..."
"ငါသာ ဒါကို လေ့လာခွင့်ရရင် အိပ်မက်ထဲကနေတောင် ရယ်မောပြီး နိုးလာမှာပဲ... ဒါပေမဲ့..."
လုမင်ရုန်က တုံ့ဆိုင်းသွားသည်။
"မြို့တော်ဝန် ယုက ကံကြမ္မာအမွှေးတိုင် တစ်တိုင်ကို ထွန်းညှိနိုင်ခဲ့ပေမဲ့ ငါက တစ်တိုင်မှ မထွန်းညှိနိုင်ခဲ့ဘူး...ငါ ဒါကို လေ့ကျင့်လို့ ရပါ့မလား"
"ကျွန်မရဲ့ပါရမီကို တစ်ခါ စမ်းသပ်ခဲ့ဖူးပြီးတော့ အရည်အချင်းမမီဘူးလို့ သတ်မှတ်ခံခဲ့ရတယ်"
စွန်းလျန်ရှန်းက ဝင်ရောက်ပြောဆိူသည်။
ကျန်းရွှမ်သည် ယုံကြည်မှုရှိသော အပြုံးဖြင့် သူတို့၏စကားများကို ဖြတ်ပြောလိုက်၏။
"ငါက ကမ်းလှမ်းနေတယ်ဆိုရင် ငါ့မှာ နည်းလမ်းရှိလို့ပေါ့... ငါ သိဖို့လိုအပ်တာက မင်းတို့ ဆန္ဒရှိမရှိ ဆိုတာပါပဲ"
သူ၏သေချာမှုကြောင့် ထိုလူသုံးဦးသား စကားမပြောနိုင် ဖြစ်သွားကြသည်။