ထူးဆန်းသော Buff Island
Vol. 51 Ch. 757
“ဒါဆို ဒီရှစ်နိုင်ငံရဲ့ ကျင့်ကြံခြင်းတွေက မတူဘူးပေါ့”
ရဲ့လင်းချန်က ကျင့်ရှန်ကို ကြည့်လိုက်သည်။
“ကိုရီးယားနိုင်ငံနဲ့ ဂျပန်နိုင်ငံက ငါတို့ ကျင့်ကြံရေးနဲ့ တော်တော်လေး တူတယ်၊ ဒါပေမဲ့ အနောက်နိုင်ငံတွေက လုံးဝ မတူဘူး”
ကျင့်ရှန်က အသံကို အသာနိမ့်လိုက်သည်။
“အနောက်နိုင်ငံက လူတွေကို နိုးထသူများလို့ သိကြတယ်”
“နိုးထသူများ ဟုတ်လား”
ရဲ့လင်းချန် မျက်ခုံး အသာပင့်လိုက်မိသည်။
“ငါလဲ အဲ့ဒါနဲ့ ပတ်သက်ပြီး နည်းနည်း သိတယ်”
ချန်ရှောင်ရှောင်က ဆက်ပြောလာသည်။
“ပြောရင်းနဲ့ ငါတို့က ခန္ဓာကိုယ်ကို ကျင့်ကြံတာ၊ သူတို့က ပြင်ပကို ကျင့်ကြံတာ၊ စိတ်စွမ်းအားလို့ ပြောလို့ ရနိုင်တယ်”
“သူတို့က ကောင်းကင်နဲ့ မြေကြီးကြားက သဘာဝစွမ်းရည် တစ်မျိုးမျိုးနဲ့ မွေးဖွားလာတာလို့ ငါ ကြားဖူးတယ်၊ ပြီးတော့ သူတို့က အထူးနည်းလမ်းတစ်ခုကို သုံးပြီး အဲ့ဒါကို နိုးထအောင် လုပ်တာ၊ အဲ့ဒါကနေ အဲ့ဒါတွေကို စိတ်စွမ်းအားနဲ့ ထိန်းချုပ်တဲ့အဆင့်ကို ရောက်သွားတာ၊ အဲ့ဒါကြောင့် သူတို့ကို နိုးထသူတွေလို့ ခေါ်ကြတာ”
“ဟုတ်တယ်”
ကျင့်ရှန်က ခေါင်းညိတ်သည်။
“ရှင်းရှင်းပြောရရင် သူတို့က ကောင်းကင်နဲ့ မြေကြီးကြားက ဒြပ်စွမ်းအားတွေကို ထိန်းချုပ်နိုင်ကြတာ၊ မီး၊ လေ၊ စတာတွေပေါ့၊ မင်းတို့အားလုံး သန္ဓေပြောင်းလူသားတွေကို မြင်ဖူးတယ်မလား၊ အဲ့ဒါက စိတ်စွမ်းအားကို သုံးပြီး ဒြပ်စင်တွေကို ထိန်းချုပ်တာနဲ့ ဆင်တယ်”
“ဒါဆို သူတို့မှာ တကယ်ပဲ သန္ဓေပြောင်း လူသားတွေ ရှိတာပေါ့”
ရဲ့လင်းချန်၏ မျက်လုံးများက အနည်းငယ် တောက်ပသွားသည်။ သူ၏ မသေမျိုး ကျင့်ကြံရေး စွမ်းရည်များကို သူ တွေးမိသွားသည်။ သူ၏ လက်ရှိ ခန္ဓာကိုယ်တွင် သစ်သားဝိညာဉ် ခန္ဓာကိုယ်၊ ရေဝိညာဉ် ခန္ဓာကိုယ်နှင့် မြေကမ္ဘာ ဝိညာဉ် ခန္ဓာကိုယ် ရှိသည်။ ထိုခန္ဓာကိုယ်များထဲက ဘယ်တစ်ခုက နိုင်ငံခြားသားများထက် ပိုသန်မာသလဲ။ ဘယ်တစ်ခုက ထိန်းချုပ်နိုင်စွမ်း ပိုကောင်းသလဲ။
ကျင့်ရှန်က ဆက်ပြောသည်။
“အဲ့ဒါအပြင် အိန္ဒိယလဲ ရှိသေးတယ်၊ သူတို့ ကျင့်ကြံတဲ့ အရာတွေက တော်တော်လေး ထူးခြားတယ်၊ အဲ့ဒါက သူတို့ ယုံကြည်သက်ဝင်တဲ့ ဗုဒ္ဓဘာသာနဲ့ ပတ်သက်နေတယ်၊ သူတို့ ကျင့်ကြံနေတာတွေထဲက တစ်ခုက တော်တော်လေး အစွမ်းထက်တဲ့ အချလာနာသာ မုဒြာ ဆိုတာ ငါ သိတယ်၊ ရှေးဂရိတွေကတော့ တော်တော်လေး အဓိပ္ပာယ် မရှိတာ၊ သူတို့ ကျင့်ကြံရေးကို နတ်ဘုရား စွမ်းအားလို့ ခေါ်တယ်၊ အဲ့ဒါက နတ်ဘုရားတွေဆီက သင်ယူတဲ့ နည်းလမ်းလို့ ငါ ကြားဖူးတယ်၊ ဒါပေမဲ့ အဲ့ဒါက မှန်၊မမှန်တော့ ငါ မသိဘူး”
ရဲ့လင်းချန် ခေါင်းညိတ်၍ ဤမတူညီမှုများအားလုံးကို စိတ်ထဲ မှတ်သားထားလိုက်သည်။
ဤစကားဝိုင်းအပြီး၌ သူနှင့် ကျန်လေးယောက်ကြားမှ စိမ်းကားမှုက သိသိသာသာ လျော့နည်းသွားပြီး စကား စပြောလာကြသည်။
လေးနာရီနီးပါး ပျံသန်းပြီးနောက် လေယာဉ်၏ အရှိန်က သိသိသာသာ လျော့နည်းလာပြီး အမြင့်မှ ဖြည်းဖြည်းချင်း နိမ့်ဆင်းလာသည်။
“ငါတို့ Buff Island ကို ရောက်ပြီ”
ထျဲကျွင်းက အနားသို့ လျှောက်လာပြီး သူတို့ကို သတိပေးလာသည်။
ငါးယောက်လုံး၏ နှလုံးသား တစ်ချက် ခုန်သွားလေသည်။ ပြတင်းပေါက်မှ ငုံ့ကြည့်လိုက်ပါက တိမ်များကြားမှ ဝိုးတိုးဝါးတား ကျွန်းပုံစံကို ခပ်ရေးရေး မြင်လိုက်ရသည်။ ရုတ်တရက် လူတိုင်း၏ အမူအရာများ တည်ငြိမ် သွားသည်။
“ငါတို့ ရောက်ပြီတဲ့လား”
ရဲ့လင်းချန် အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။
*ဒါ လူသားမျိုးနွယ်အားလုံး သူတို့ရဲ့ အင်အားကို စုစည်းပြီး အတူတူ တိုက်ခိုက်ခဲ့တဲ့ ပထမဆုံး ငရဲတံခါးတဲ့လား*
စွန်းဟုန်ထောင်ကလည်း အနားသို့ လျှောက်လာပြီး ပြောလေသည်။
“ဒီတစ်ခေါက် မင်းတို့ ကောင်းကောင်း လုပ်ဆောင်နိုင်ခဲ့မယ်ဆိုရင် မင်းတို့ ဟင်းလင်းပြင် နယ်မြေကို ဝင်ရောက်နိုင်မယ့် အခွင့်အရေး ရကောင်းရနိုင်တယ်”
“ဟင်းလင်းပြင်နယ်မြေကို ဝင်ရောက်နိုင်မယ် ဟုတ်လား”
ကျန်းတလီ၏ မျက်လုံးများ တောက်ပသွားပြီး အခြားသူများ၏ အသက်ရှူနှုန်းသည်လည်း မြန်ဆန်လာသည်။ ရဲ့လင်းချန်၏ မျက်လုံးများကလည်း အာရုံစူးစိုက်လာ၏။
သူတို့ငါးယောက်လုံးသည် ယခင်က ဟင်းလင်းပြင် နယ်မြေကို တစ်ခါမှ မဝင်ရောက်ဖူးပေ။ သူတို့ တခြား လောကအကြောင်း စိတ်မဝင်စားဟု ပြောပါက လိမ်ရာ ကျပေမည်။
*စိတ်ဝိညာဉ် စွမ်းအင်၊ စိတ်ဝိညာဉ် ဆေးပင်၊ စိတ်ဝိညာဉ် ကျောက်တုံး … စိတ်ကူးယဉ် ဝတ္ထုထဲမှာ ရှိတဲ့အရာတွေ ရှိနေတဲ့ အဲ့ဒီနေရာက ဘယ်လို လောကမျိုးပါလိမ့်၊ အဲ့ဒီ လောကနဲ့ ကမ္ဘာကြားက မတူညီမှုက ဘာများလဲ*
တရုတ်နိုင်ငံတွင် သူတို့ကဲ့သို့ ပါရမီရှင်များသည် သေချာပေါက် အဓိက စောင့်ရှောက်ခံရမည့်သူများ ဖြစ်ပေလိမ့်မည်။ သူတို့ မည်မျှ စူးစမ်းချင်ပါသော်လည်း ဟင်းလင်းပြင် နယ်မြေကို ဝင်ရောက်နိုင်မည် မဟုတ်ပါ။ သေရန် ဆုံးဖြတ်ထားသည့်သူများသာလျှင် ဟင်းလင်းပြင်နယ်မြေကို ဝင်ရောက်ရန် စွန့်စားမည် ဖြစ်သည်။
“ကျွန်မတို့ ဟင်းလင်းပြင်နယ်မြေကို တကယ် ဝင်လို့ရတာလား”
လင်းရှီက မနေနိုင်သဖြင့် သေချာအောင် ထပ်မေးလာသည်။
“အင်း၊ ဒါပေမဲ့ ငါတို့ ပထမနေရာကို ရမှရမယ်၊ အဲ့ဒါကို ပထမနေရာအတွက် ဆုတစ်ခုလို့ သဘောထားလို့ ရတယ်”
စွန်းဟုန်ထောင်က အသာပြုံး၍ ပြောလိုက်သည်.
“Buff Island က ငရဲတံခါးက တည်ငြိမ်သွားပြီ၊ ငါတို့ လူသားတွေကလည်း ဟင်းလင်းပြင်နယ်မြေထဲမှာ နေရာ တစ်ခု ရှိတယ်၊ အဲ့ဒါကြောင့် မင်းတို့ ဝင်ဖို့အတွက် အရမ်း အန္တရာယ် မများဘူး၊ ငါ မင်းတို့ကို ကြိုမြင်ခွင့် ပေးထားမယ်”
“ဒါဆို ဒီတိုက်ပွဲမှာ ငါ သေချာပေါက် ပထမနေရာ ရမှာ”
ကျန်းတလီ၏ မျက်လုံးများက တောက်ပနေပြီး တိုက်ခိုက်လိုစိတ်တို့နှင့် ပြည့်နှက်နေသည်။
သူ ပြောနေချိန်မှာပင် လေယာဉ်က အမြင့်မှ ထပ်မံ နိမ့်ဆင်းလာပြီး Buff Island က မျက်စိရှေ့တည့်တည့်၌ ပေါ်လာ၏။
အမြင့်မှ ကြည့်လိုက်ပါက Buff Island ၏ နေရာ ရှစ်ဆယ် ရာခိုင်နှုန်းကျော်ကို အပင်များဖြင့် လွှမ်းမိုးထားသည်ကို မြင်ရပြီး အပင်အားလုံးက ထီးရိပ်ကဲ့သို့ မြင့်မားပြီး လေကို အဘက်ဘက်မှ ပိတ်ပင်ထားသည်။ ၎င်းကို ဖော်ပြရမည် ဆိုပါက သမိုင်းမတိုင်မီခေတ်က ကမ္ဘာနှင့် တူလောက်သည်။
“အဲ့ဒီမှာပဲ”
နဂါး အမဲလိုက်ခြင်း ပညာကို သုံးပြီးနောက် ကျွန်း၏ တောင်ဘက်အကျဆုံးနေရာကို ရဲ့လင်းချန် တစ်ချက် ကြည့်လိုက်ရုံနှင့် တွေ့လိုက်ရသည်။ ထိုနေရာရှိ စိတ်ဝိညာဉ်စွမ်းအင် သိပ်သည်းမှုသည် ရှန့်ကျန်းမှ ငရဲတံခါးထက် အဆပေါင်းများစွာ ပိုမြင့်လေသည်။ ရဲ့လင်းချန်၏ မျက်လုံးထဲတွင် ထိုစိတ်ဝိညာဉ်စွမ်းအင်သည် ဧရာမ နဂါးတစ်ကောင်၏ ပုံစံနှင့် ဆင်တူစွာ ဖြစ်ပေါ်ပြီးနေလေသည်။
*ဒါက အရမ်း သိပ်သည်းလွန်းတယ်*
*ဒါက အရမ်း ခမ်းနားလွန်းတယ်*
ကမ္ဘာတစ်ခုလုံး ပြောင်းလဲနေသည်က အံ့ဩစရာ မဟုတ်တော့ချေ။ ဤစိတ်ဝိညာဉ်စွမ်းအင်သည် ကမ္ဘာသို့ တဖြည်းဖြည်း ပျံ့နှံ့လာပြီး ကမ္ဘာအား မသိမသာ ပြောင်းလဲပေးနေခဲ့သည်။
“ဒီကျွန်းက … အရမ်း ကြီးတာပဲ”
ချန်ရှောင်ရှောင်က တအံ့တဩ ပြောလာသည်။
“ဒါပေါ့၊ Buff Island က နိုင်ငံတစ်နိုင်ငံ ဖြစ်ခဲ့ဖူးတယ်လေ၊ အကျယ်အဝန်းအရဆို တရုတ်နယ်မြေရဲ့ သုံးပုံတစ်ပုံ ရှိတယ်၊ အရမ်းကို ကြီးမားတဲ့ နိုင်ငံတစ်နိုင်ငံလို့ ပြောလို့ရတယ်”
ကျင့်ရှန်က ပြောလာသည်။
“ဝီ ဝီ ဝီ”
လေယာဉ်က အနည်းငယ် တုန်ခါလာ၏။ လေယာဉ်တောင်ပံများက အနည်းငယ် ပြောင်းလဲသွားပြီးနောက် အောက်သို့ ဆင်းသက်သွားသည်။
သူတို့အားလုံးက သိုင်းပညာရှင်များ ဖြစ်သဖြင့် ဤအလေးချိန် ကင်းမဲ့သွားသော ခံစားချက်က သူတို့ကို ဟန်ချက် မပျက်စေပါ။ သူတို့သည် ရပ်မြဲအတိုင်း ရပ်နေကာ နီးကပ်လာသော Buff Island ကို တအံ့တဩ ကြည့်နေကြသည်။
လေဆိပ်က မကြီးသည့်အပြင် အလွန် ကြည့်ရဆိုးနေသေးသည်။ ၎င်းသည် မြို့ကြီးပြကြီးများမှ ခမ်းနားသော လေဆိပ်များနှင့် သိသာစွာ ကွာခြားလှသည်။ ရှင်းရှင်းပြောရမည်ဆိုလျှင် ၎င်းသည် အလွန် ကြီးမားသော နေရာလွတ်ကြီး တစ်ခုပင်။
သူတို့ လေယာဉ်ဆိုက်သည်နှင့် လေယာဉ်ပေါ်မှ ဆင်းရန် မစောင့်နိုင်ကြတော့ချေ။
“ဟူး”
ကျင့်ရှန်က မျက်လုံးမှိတ်၍ အသက်ပြင်းပြင်း ရှူလိုက်သည်။
“သိပ်ကောင်းတဲ့ ခံစားချက်ပဲ၊ ငါသာ ကလေးဘဝကတည်းက ဒီမှာ နေခဲ့ရမယ်ဆိုရင် အခုလောက်ဆို မသေမျိုး ဖြစ်နေလောက်ပြီလို့ ငါ ခံစားနေရတယ်”
“အပင်တွေက အမြင့်ကြီးပဲ”
လင်းရှီက လှည့်ပတ်ကြည့်နေသည်။ လေဆိပ်အပြင်မှ အပင်တိုင်းသည် ပေသုံးဆယ်ကျော် မြင့်မားပြီး ပင်စည်များက အလွန် ထူသည်။ လူငါးယောက်ပင် ပင်စည်ကို မဖက်ထားနိုင်ပါ။ ထို့အပြင် ဤအပင်များက ကောင်းကင်သို့ ထောင်တက်နေပြီး လူအများအား အားကောင်းသော ခံစားချက်ကို ပေးစွမ်းနေသည်။
“ဒီမှာ စိတ်ဝိညာဉ်စွမ်းအင်တွေ တော်တော်များနေတော့ အပင်တွေက ထူးကဲနေတာပေါ့”
ချန်ရှောင်ရှောင် သက်ပြင်းချလာသည်။
“မြေကြီးပေါ်က မြက်ပင်တွေတောင်မှ လူတစ်ယောက်ရဲ့ အရပ်တစ်ဝက်နီးပါး ရှိနေပြီးတော့ နွယ်ပင်တွေကလည်း အများကြီးပဲ၊ ဒုက္ခပဲ၊ အဲ့ဒီဆူးတွေက အရမ်း ကြောက်ဖို့ကောင်းတာပဲ”
တစ်ဖက်တွင်မူ ရဲ့လင်းချန်သည် လေဆိပ်မှ ဝန်ထမ်းများကို လေ့လာနေ၏။ သူ၏ အရှိန်အဝါ ဟောကိန်း စွမ်းရည်ကြောင့် ဤလူများ၏ ခွန်အားကို သူ ခန့်မှန်းနိုင်ပေသည်။ သို့သော် သူ့ကို အံ့ဩသွားစေသည့် အချက်မှာ သာမန်အကျဆုံး ဝန်ထမ်းတောင်မှ မူလစိတ်ဝိညာဉ် စဦးအဆင့်သို့ ရောက်နေခြင်း ဖြစ်သည်။
မူလစိတ်ဝိညာဉ် စဦးအဆင့်တောင်မှ လေဆိပ်၏ လုပ်ငန်းစဉ်များနှင့် ပတ်ဝန်းကျင်ကို စီမံရန်သာ တာဝန် ရှနေသည်။ ဤသည်က မယုံနိုင်စရာ ကောင်းလှပေသည်။
သို့သော် ဤနေရာမှ စိတ်ဝိညာဉ် စွမ်းအင်က အလွန် သိပ်သည်းပါသော်လည်း သူတို့က ဤသို့သော ပတ်ဝန်းကျင်မှာပင် မူလ စိတ်ဝိညာဉ် စဦးအဆင့်၌သာ ရှိနေကြသေးသည်။ ဤလူများ၏ ပါရမီက ဝက်လောက်သာ ရှိသည်ဟု ပြသနေ၏။ သူတို့အား ဤသို့ ငြီးငွေ့ဖွယ်ကောင်းသော အလုပ်များ လုပ်ဆောင်ရန် ရွှေ့ပြောင်းခံရသည်က နားလည်နိုင်စရာပင်။
ကျန်းတလီကမူ ဘာမှမပြောချေ။ သူသည် ဓားကြီးကို ကျောတွင်လွယ်၍ သစ်ပင်ကြီး တစ်ပင်ထံသို့ ခပ်သွက်သွက် လျှောက်သွားသည်။ သူ၏ မျက်လုံးများက စူးရှ ခက်ထန်လာသည်။ သူက ဓားကို ညာလက်ဖြင့် ကိုင်၍ ကျယ်လောင်သော အသံနှင့် ခုတ်ပိုင်းလိုက်သည်။
“ဒုတ်”
ဓားသွားက အပင်၏ ပင်စည်ထဲသို့ မြုပ်သွားလေသည်။ ၎င်းက အပင်၏ သုံးဆယ် ရာခိုင်နှုန်းကိုသာ ထိုးဖောက်နိုင်ခဲ့ပြီး ယင်းက အကုန်ပင်။
“ဒါက … ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
သူတို့ ငါးယောက်လုံး အံ့အားသင့်သွားကြသည်။
ကျန်းတလီသည် ခွန်အားကြီးသူအဖြစ် နာမည်ကြီးသည်။ သူသည် နတ်ဘုရားကဲ့သို့သော ခွန်အားဖြင့် မွေးဖွားလာပြီး မူလ စိတ်ဝိညာဉ် အလယ်အလတ်အဆင့် သိုင်းပညာရှင် တစ်ယောက် ဖြစ်သည်။ ဓားကြီးကိုပါ ပေါင်းလိုက်ပါက တခြားနေရာတွင် အပင်သည် အလွယ်တကူ နှစ်ပိုင်း ပြတ်သွားမည် ဖြစ်သည်။ သို့သော် ယခုတစ်ခေါက်၌ ၎င်းသည် ပင်စည်ထဲသို့ ထိုးဖောက်သွားနိုင်ရုံသာ ရှိသည်။ ဤအပင်၏ မာကျောမှုက ထိတ်လန့်စရာ ကောင်းလှပေ၏။
“ငါ မင်းတို့ကို ပြောဖို့ မေ့သွားတယ်၊ ဒီပတ်ဝန်းကျင်မှာ လူနဲ့ တိရစ္ဆာန်တွေတင် မကဘူး၊ အပင်တွေတောင်မှ ဆင့်ကဲ ပြောင်းလဲတယ်၊ ဒီအပင်တွေက စိတ်ဝိညာဉ် ဆေးပင်တွေလောက် အဖိုးမတန်ပင်မယ့် တစ်မူထူးခြားနေတုန်းပဲ”
စွန်းဟုန်ထောင်က ပြောလိုက်သည်။