← Chapters

အခန်း (၈၇၅)

Vol. 63 Ch. 874+875

အခန်း (၈၇၅)

Vol. 63 Ch. 874+875

ဝီ...

လေထု လှုပ်ရှားသွားပြီး လောထျန်းနှင့် အခြားသူများ ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံ ကျင်းပရာခန်းမသို့ ပြန်ရောက်လာကြ၏။

ယွဲ့လီ၊ ယွမ်ယင်နှင့် အခြားသူများလည်း ခန်းမထဲ၌ အသင့်စောင့်နေကြပါသည်။

လောထျန်းတို့လူစု ဘေးကင်းကင်း ပြန်ရောက်လာသည်ကိုမြင်မှ သူတို့ စိတ်အေးသွားကြ၏။

သခင်ကြီးလုံက ခန်းမကို စောင့်ကြပ်နေခဲ့သော ပထမအကြီးအကဲဆီသို့ သွားကာ ဖြစ်ပျက်ခဲ့သမျှကို အကြမ်းဖျင်း ပြောပြလိုက်သည်။

အမှန်တွင်မူ သခင်ကြီးလုံ မပြောခင်တည်းက တစ်ယောက်က သူ့ကို သတင်းပို့ထားပြီးသားပင် ။

သို့သော် ထိုသူ၏ ပြောပြချက်က သခင်ကြီး

လုံလောက် အသေးစိတ်မကျပါ ။

သခင်ကြီးလုံ၏ စကားဆုံးအောင် နားထောင်ပြီးနောက်တွင်မူ ပထမအကြီးအကဲက လောထျန်းအား မယုံနိုင်သည့် မျက်လုံးများဖြင့် တုန်လှုပ်စွာ လှမ်းကြည့်၏။

သို့သော် သခင်ကြီးလုံက သူ့အား လိမ်ပြောမည့်သူ မဟုတ်သည်ကို သူ သိထားပြီးသားပင် ။

ထို့ထက်ပိုဆိုးသည်မှာ ထျန်းယွမ်သခင်ကြီး၏ ကိုယ်ပွားပုံရိပ် ပေါ်လာခဲ့သည်ကိုလည်း သူ သိထားပြီး ဖြစ်နေပါ၏။

သို့ဖြစ်ရာ သူ မယုံချင်သော်လည်း ယုံရန်သာ ရှိပါတော့သည်။

တခဏကြာ တိတ်နေပြီးနောက်မှ ပထမအကြီးအကဲက သုန်မှုန်နေသော မျက်နှာဖြင့် ဆိုသည်။

" ဒီကိစ္စက အင်မတန်အရေးကြီးတယ်ဗျ ။ အထူးသဖြင့်.. ထျန်းယွမ်သခင်ကြီးရဲ့ ကိုယ်ပွားပုံရိပ် ဖျက်ဆီးခံလိုက်ရတဲ့ ကိစ္စပဲ... ။ ဒီသတင်းသာ

အပြင်ကိုပေါက်ကြားသွားရင် အားလုံး လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားကြမှာ ။ အဲ့တော့.. လောလောဆယ် လျှို့ဝှက်ထားလိုက်တာ ကောင်းမယ်ထင်တယ် "

သခင်ကြီးလုံ မျက်မှောင်ကြုံ့၍ ပြန်မေးလိုက်၏။

" ခင်ဗျားက ဟို မဟူရာနဂါးခုံရုံး က ကောင်တွေကို စိုးရိမ်နေတာလား "

ပထမအကြီးအကဲ သက်ပြင်းချလိုက်သည်။

" သူတို့တင် မကဘူးဗျ ။ ကျုပ်တို့ ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံက အစီအမံပညာရပ်မှာ ဆရာတစ်ဆူလို ကျွမ်းကျင်ထားကြတဲ့အတွက် ပြီးခဲ့တဲ့နှစ်တွေအတွင်း ကျုပ်တို့ရဲ့ အရင်းအမြစ်တွေ ကြောက်စရာကောင်းအောင် များလာခဲ့တာလေ ။ အဲ့တော့ ကျုပ်တို့ကို ပေါ်တင်ရော ၊ တိုးတိုးတိတ်တိတ်ရော စောင့်ကြည့်နေတဲ့သူတွေ ဘယ်လောက်တောင် များနေမလဲ "

" အခု ကျုပ်တို့ဘိုးဘေးရဲ့ ကိုယ်ပွားပုံရိပ် ဖျက်ဆီးခံလိုက်ရပြီဆိုတာကိုသာ သူတို့ သိသွားကြရင် ကျုပ်တို့ကို မတိုက်ခိုက်ဘဲနေမယ် ထင်လို့လား ။ သခင်လေးလောထျန်းက အစွမ်းထက်တာ မှန်ပေမယ့်

ကျုပ်တို့ကို အမြဲတမ်းကြီးတော့ ကာကွယ်မပေးနိုင်ဘူးလေ ။ အနည်းဆုံးတော့ ဒေသခြား တည်နေရာရွှေ့ပြောင်းအစီအမံကို ပြန်ပြင်ပြီးလို့ ဘိုးဘေးနယ်မြေကနေ ဘိုးဘေးရဲ့ ကိုယ်ပွားပုံရိပ် နောက်တစ်ခုကို ပြန်ယူလာပြီးတဲ့အထိ စောင့်သင့်တယ် ။ အဲ့ကျမှ အပြင်လူတွေကို အကြောင်းစုံကြေငြာလိုက်ပေါ့ဗျာ "

သခင်ကြီးလုံ ခေတ္တမျှ အတွေးနက်သွားပြီးမှ သဘောတူဟန်ဖြင့် ခေါင်းညိတ်လိုက်ပါ၏။

ထို့နောက်တွင် ပထမအကြီးအကဲက ရှေ့သို့ ခြေတစ်လှမ်းတိုး၍ အားလုံးကို ပြောသည်။

" ကဲ .. ပြိုင်ပွဲမှာ အားလုံးက ရက်တွေအကြာကြီး ကြိုးစားပမ်းစား ယှဥ်ပြိုင်ခဲ့ကြတဲ့အတွက် ကျေးဇူးတင်ပါတယ် ။ အခု.. ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံ ပြိုင်ပွဲ တရားဝင်ပြီးဆုံးပါပြီ "

ထိုစကားကို ကြားသည်နှင့် ကောင်းကင်ဘုံကိုးဆင့် လျှို့ဝှက်ဒေသအတွင်း ဖြစ်သွားခဲ့သည့် အပြောင်းအလဲများကို မသိသော လူအချို့ထံမှ စကားသံများ ကျယ်ကျယ်လောင်လောင် ထွက်လာ

ပါသည်။

" ပြိုင်ပွဲက ပြီးသွားပြီလား ။ ဘယ်သူ နိုင်သွားတာလဲ.. လောထျန်းလား ၊ ယဲ့ဖူရှောက်လား "

" မေးနေစရာတောင် လိုသေးလို့လားကွာ .. လောထျန်းပဲ ဖြစ်မှာပေါ့ ။ ပြီးခဲ့တဲ့ ပြိုင်ပွဲနှစ်ဆင့်မှာ လောထျန်းဘယ်လိုတွေ လုပ်ပြသွားလဲ မင်းမတွေ့ဘူးလား "

" ဟမ့်.. ငါကတော့ အဲ့လိုမထင်ဘူး ။ လောထျန်းက အစွမ်းထက်ကောင်း ထက်နိုင်ပေမယ့် ကောင်းကင်ဘုံကိုးဆင့် လျှို့ဝှက်ဒေသက သာမာန်နေရာတစ်ခု မဟုတ်ဘူးလေ ။ ပြီးတော့ ဟွမ်ရှင်းဂိုဏ်းက ဝင်ပြိုင်တဲ့သူတွေ အဲ့လောက်များတာ.. ။ လောထျန်းတစ်ယောက်တည်းနဲ့ အဲ့လူတွေကို ဘယ်လိုယှဥ်နိုင်မှာလဲကွ ။ ဒီတစ်ခေါက် အနိုင်ရတဲ့သူက ယဲ့ဖူရှောက်ပဲ ဖြစ်နိုင်တယ် "

" လောထျန်းဆိုတာ သေချာတယ် ။ မင်း သဘောမတူရင် ငါနဲ့ လောင်းကြေးလုပ်မလား "

" ကောင်းပြီလေ ၊ လောင်းကြတာပေါ့ ။ ငါက မင်းကို

ကြောက်မယ် ထင်လို့လား "

သူတို့လူစု တစ်ယောက်နှင့်တစ်ယောက် ငြင်းခုန်လိုက်ကြပါသည်။

ထိုစဥ် ပထမအကြီးအကဲက ချောင်းဟန့်၍ ပြောလာ၏။

" အားလုံးနားထောင်ကြပါ... ဒီတစ်ကြိမ် ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံ ပြိုင်ပွဲရဲ့ ပထမနေရာကို ရသွားတဲ့သူကတော့..... "

အားလုံး အသံတိတ်သွားကြသည်။

ပထမအကြီးအကဲက လောထျန်းဘက် လှည့်ကြည့်လိုက်ပြီးမှ ပြော၏။

" လောထျန်း ပါ.. "

လူအုပ်ကြီး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြတော့သည်။

" ဘုရားရေ.. လောထျန်းက တကယ်ကြီး အနိုင်ရသွားခဲ့တာလား "

" ဟွမ်ရှင်းဂိုဏ်းက ရန်သူတွေ အများကြီး အဝိုင်း

ခံထားရတဲ့ကြားထဲကနေတောင် သူ ပထမရသွားခဲ့တယ်ပေါ့ ။ တကယ့် ပါရမီရှင်ပါပဲကွာ "

" ဟူး .... ယဲ့ဖူရှောက်က အနည်းဆုံးတော့ ဒုတိယနေရာ ရလောက်မှာပါလေ "

တစ်ယောက်က သက်ပြင်းချရင်း ခေါင်းယမ်းကာ ဆိုသည်။

ထိုစဥ် ပထမအကြီးအကဲက ပြောလာ၏။

" ဒုတိယနေရာကတော့... ယွဲ့လီ ပါ "

" ဘယ်လို.. ယွဲ့လီ.. ဟုတ်လား.. တကယ်ကြီး ယွဲ့လီလား "

" နောက်များနေတာလားကွာ ။ ယွဲ့လီက အင်မတန် ပါရမီထူးတယ်ဆိုပေမယ့် သူ့အနေနဲ့ ယဲ့ဖူရှောက်ကို သာဖို့က အနည်းဆုံး နောက်ထပ်နှစ်ရာချီပြီးတော့ အချိန်ယူရဦးမှာလေ.. ဟုတ်တယ်မလား "

အားလုံးမှာ ၎င်းကို မဖြစ်နိုင်ဟုသာ ထင်လိုက်ကြပါသည်။

ထိုစဥ် လူတစ်ယောက်က တစ်စုံတစ်ခုကို ရုတ်တရက် တွေးမိသွားဟန်ဖြင့် ပြောလာ၏။

" ငါ သဘောပေါက်ပြီ "

" ဟင်.. မင်းက ဘာကို သဘောပေါက်တာလဲ "

အားလုံး ထိုလူအား လှည့်ကြည့်လိုက်ကြသည်။

တဖက်လူက ရယ်ရင်းပြန်ပြော၏။

" ဒီလိုကွ.. လျှို့ဝှက်ဒေသထဲ ရောက်တဲ့အချိန်မှာ လောထျန်းနဲ့ ယွဲ့လီတို့က သူတို့တစ်ယောက်ချင်းဆို ဟွမ်ရှင်းဂိုဏ်းသားတွေကို မယှဥ်နိုင်မှန်းသိလို့ အတူတူပူးပေါင်းခဲ့ကြတာနဲ့တူတယ် ။ အဲ့လို ပူးပေါင်းလိုက်လို့လဲ ယဲ့ဖူရှောက်နဲ့ တခြားသူတွေကို အနိုင်ယူလိုက်နိုင်တာ ဖြစ်မှာကွ "

အားလုံးမှာလည်း သူ့စကားကိုကြားပြီး ၎င်းက ဖြစ်နိုင်ချေအလွန်ရှိကြောင်း တွေးမိလိုက်ကြသည်။

" အဲ့လိုကိုး .. ပါရမီရှင် တစ်ယောက်တည်းက ဝံပုလွေအုပ်ကို မယှဥ်နိုင်ပေမယ့် ၊ နှစ်ယောက်ပေါင်းလိုက်တော့ အေးဆေးအနိုင်ရသွားတာပေါ့ "

" ဟုတ်တယ်ကွ.... သူတို့နှစ်ယောက်ရယ်.. ယဲ့ဖူရှောက်ရယ်ကိုပါ ထပ်ပေါင်းလိုက်ရင် နောက်ကို သူတို့သုံးယောက် ယှဥ်ပြိုင်တာတွေ မြင်ရတော့မှာ "

အားလုံး ခေါင်းညိတ်လိုက်ကြသည်။

ထိုလူများ၏ စကားသံက ယွဲ့လီနားထဲ ရောက်သွားပါ၏။

သူမ ကြောက်ရွံ့တုန်လှုပ်ပြီး လဲကျမလိုပင် ဖြစ်သွားပါတော့သည်။

သုံးယောက် ယှဥ်ပြိုင်ရမယ်တဲ့လား..

နောက်နေပါသလား ...

ထိုလူများက သိကြမည်မဟုတ်သော်လည်း လောထျန်းက မည်မျှကြောက်မက်ဖွယ် ကောင်းသည်ကို သူမကိုယ်တိုင် သေချာမြင်ခဲ့ရပါသည်။

အကယ်၍ လောထျန်းသာ ထိုစကားကိုကြားပြီး

ဒေါသထွက်သွားပါက.. တစ်ချက်လေး နှာချေရုံဖြင့်ပင် သူမ သေသွားနိုင်ပါ၏။

သူမ စိုးရိမ်စိတ်ဖြင့် လောထျန်းအား တိတ်တခိုး လှမ်းကြည့်မိလိုက်သည် ။ သို့သော်.. ကံကောင်းစွာပင် လောထျန်းက ဒေါသထွက်ပုံမပေါ်ပါ ။ ထိုအချိန်မှ သူမ စိတ်အေးပြီး သက်ပြင်းချနိုင်သွားသည်။

" တတိယနေရာကတော့ ကျောက်ရှင်းချန်.. "

ပထမအကြီးအကဲက ဆက်ကြေငြာသည်။

ခန်းမထဲ ရှိနေသူများ အံ့သြတုန်လှုပ်သွားကြပြန်ပါ၏။

" ဘယ်လို .... ယဲ့ဖူရှောက်က တတိယတောင် မရဘူးလား "

" အဲ့ ကျောက်ရှင်းချန် ဆိုတာ ဘယ်သူလဲ ၊ သူ အဲ့နာမည်ကို သတိတောင်မထားမိဘူး "

" အဲ့တစ်ယောက်က ဟို နန့်လီမြို့ကသူ ထင်တယ်ကွ ။ သူ့ကို ပါရမီရှင်လို့ သတ်မှတ်လို့ရပေမယ့်.. ယဲ့ဖူ

ရှောက်ကို ယှဥ်ဖို့မပြောနဲ့ ဟွမ်ရှင်းဂိုဏ်းက တခြားကောင်တွေနဲ့တောင် ယှဥ်လို့မရပါဘူးကွာ "

အားလုံး အံ့သြတကြီး ဖြစ်ကုန်ကြသည်။

သို့သော်.. သူတို့ကို ပိုအံ့အားသင့်သွားစေသည့် အရာများ ထပ်ဖြစ်လာပါ၏။

အဘယ့်ကြောင့်ဆိုသော်.. နောက်ပိုင်းဆုရသူများ၏ နာမည်များကို ကြေငြာသည့်အထဲ၌ ယဲ့ဖူရှောက်၏အမည် ပါမလာသောကြောင့်ပင် ။

၎င်းမှာ ပုံမှန်မဟုတ်ပါချေ။

ပထမအကြီးအကဲက နာမည်များအား ကြေငြာ၍ပြီးသွားချိန်တွင်မူ လူတစ်ယောက်က မနေနိုင်တော့ဘဲ မေးလိုက်သည်။

" ဟို.. ပထမအကြီးအကဲ ၊ ယဲ့ဖူရှောက် နဲ့ ဟွမ်ရှင်းဂိုဏ်းက ကျန်တဲ့သူတွေ ဘယ်ရောက်ကုန်တာလဲဗျ "

ကျန်လူများလည်း စိတ်ဝင်တစား လှည့်ကြည့်လာကြသည်။

ပထမအကြီးအကဲက ဟန်ဆောင်သက်ပြင်းချလိုက်ပြီးမှ ပြန်ပြော၏။

" ယဲ့ဖူရှောက် နဲ့ သူ့လူတွေက လျှို့ဝှက်ဒေသထဲမှာ မတော်တဆမှုတစ်ခုနဲ့ ကြုံပြီး သားရဲတွေ သတ်တာကို ခံခဲ့ရတယ် "

" ဘယ်လို.. ယဲ့ဖူရှောက်ကို သားရဲတစ်ကောင်က သတ်လိုက်တယ်.. "

" နောက်နေတာလားဗျာ ၊ ယဲ့ဖူရှောက်လို အစွမ်းထက်တဲ့ သူတစ်ယောက်က သားရဲသတ်တာကို ခံရတယ်ဆိုတာ ဖြစ်နိုင်ပါ့မလား "

အားလုံးမှာ ထိုရှင်းပြချက်ကို မယုံကြပါချေ။

သို့သော် ပထမအကြီးအကဲလည်း ရှိနေသဖြင့် သူတို့ စိတ်ထင်တိုင်းလည်း မလုပ်ရဲကြပါ ။

မည်သို့ပင်ဆိုစေ ... လူများကြားတွင် ကောလဟလတစ်ခု တိတ်တဆိတ် ပျံ့သွားခဲ့ပါ၏။

ထိုကောလဟလအရ... ကောင်းကင်ဘုံကိုးဆင့်

လျှို့ဝှက်ဒေသထဲသို့ ရောက်ပြီးနောက် ယဲ့ဖူရှောက်သည် ယွဲ့လီအား ချစ်မိသွားခဲ့ပြီး သူမကို သူ့အိမ်ထောင်ဘက်အဖြစ် ရွေးချယ်လိုခဲ့သည်ဟု ဆိုပါသည်။

သို့သော် လောထျန်းက ယွဲ့လီကို အရူးအမူး ချစ်နေခဲ့သဖြင့် ယဲ့ဖူရှောက် ဒေါသူပုန်ထကာ လောထျန်းနှင့် နှစ်ယောက်ချင်းယှဥ်၍ တိုက်ခိုက်ခဲ့ကြပါသတဲ့ ...

ရလဒ်အနေဖြင့် လောထျန်းက ရှုံးနိမ့်ခဲ့သော်လည်း... နောက်ဆုံးတွင် ယွဲ့လီက လာကူညီပေးခဲ့ကာ သူတို့နှစ်ယောက်ပေါင်းပြီး ယဲ့ဖူရှောက်နှင့်တကွ ဟွမ်ရှင်းဂိုဏ်းမှ ကျန်လူများကိုပါ သတ်ခဲ့သည်ဟု ပြော၏။

အစပိုင်းတွင် ထိုကောလဟလမှာ စာကြောင်းလေးနည်းနည်းသာ ဖြစ်သော်လည်း လူများစွာက တဆင့်ပြီးတဆင့် ပြောပြီးချိန်တွင်မူ.. များလှစွာသော အသေးစိတ်အချက်အလက်များ ထပ်ပေါင်းထည့်လာကာ အမှန်တရားထက်ပင် ပိုယုံချင်စရာ ကောင်းနေပါတော့သည်။

ထိုစကားများကို ခပ်လှမ်းလှမ်းမှ နားထောင်နေသော

ယွဲ့လီမှာလည်း မျက်နှာလေး သွေးဆုတ်ဖြူရော်သွားတော့၏။

သူမ အားလုံးကို ရှင်းပြလိုက်ချင်သော်လည်း... လျှို့ဝှက်ဒေသထဲမှ ကိစ္စများကို လျှို့ဝှက်ချက်အဖြစ် သဘောထားပြီး တိတ်တဆိတ်နေပေးရန် သခင်ကြီးလုံက သူမအား ပြောထားပါသေးသည်။

ယခုလို အခြေအနေမျိုးတွင် သူမ ဘာလုပ်ရပါမည်လဲ...

ထိုစဥ်မှာပင် သခင်ကြီးလုံက လောထျန်းဘေးသို့ ရောက်လာ၏။

" ကျုပ် တောင်းပန်ပါတယ် သခင်လေးလောထျန်း ။ ကောင်းကင်ဘုံကိုးဆင့် လျှို့ဝှက်ဒေသထဲမှာ ဖြစ်ခဲ့တဲ့ကိစ္စတွေက လောလောဆယ် အပြင်ကိုသတင်းပေါက်လို့ မရသေးဘူးဗျ ။ ဒါပေမယ့်.. ခုလို ကောလဟလတွေ ထွက်ရတဲ့အတွက် သခင်လေးကို ပြန်ပြီးနစ်နာကြေးပေးတဲ့အနေနဲ့ ကျုပ်တို့က စန့်ထျန်း ရှေးဟောင်းနယ်မြေကို သခင်လေးအတွက် ဖွင့်ပေးပါ့မယ် "

သခင်ကြီးလုံက လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

All Chapters