← Chapters

အခန်း (၈၇၆+၈၇၇)

Vol. 63 Ch. 876+877

အခန်း (၈၇၆+၈၇၇)

Vol. 63 Ch. 876+877

876

" စန့်ထျန်း ဘိုးဘေးနယ်မြေ ..ဟုတ်လား ၊ အဲ့ဒါ လျှို့ဝှက်ဒေသတစ်ခုလား "

လောထျန်း မေးလိုက်သည်။

သခင်ကြီးလုံ ခေါင်းညိတ်ပြ၏။

" ဟုတ်တယ်ဗျ ၊ လျှို့ဝှက်ဒေသတစ်ခုပဲ ။ ဒါပေမယ့် အဲ့နေရာက တခြားလျှို့ဝှက်ဒေသတွေနဲ့ ကွဲတယ် ။ ပြောရရင်တော့.. သဘာဝလျှို့ဝှက်ဒေသပေါ့ဗျာ "

" သဘာဝလျှို့ဝှက်ဒေသ ... "

လောထျန်း စိတ်ဝင်စားသည့် မျက်နှာထား ဖြစ်သွားပါသည်။

သခင်ကြီးလုံ ရှင်းပြ၏။

" သဘာဝလျှို့ဝှက်ဒေသ ဆိုတာ လူသားတွေက ဖန်တီးထားတာမဟုတ်ဘဲ သဘာဝအလျောက် ဖြစ်လာတဲ့နေရာတစ်ခုပဲ "

" အဲ့နေရာက ဘာတွေထူးခြားလဲဗျ "

လောထျန်း ထပ်မေးလိုက်သည်။

သခင်ကြီးလုံက အသက်ပြင်းပြင်း ရှိုက်ပြီးမှ ပြော

" အဲ့ လျှို့ဝှက်ဒေသထဲမှာ နတ်ဘုရားကျမ်းစာ ရှိတယ် သခင်လေး "

" နတ်ဘုရားကျမ်းစာ ဟုတ်လား.. "

လောထျန်း နားမလည်နိုင် ဖြစ်သွားရပြန်သည်။

သခင်ကြီးလုံက တိတ်တဆိတ် အသံလွှင့်နည်းဖြင့် ပြောလာ၏။

" ဒဏ္ဍာရီတွေအရတော့... နတ်ဘုရားကျမ်းစာ ဆိုတာ ရှေးဟောင်းနတ်ဘုရားတွေ ရေးခဲ့တဲ့ ထူးခြားကျမ်းစာတစ်မျိုးပဲတဲ့ ။ အဲ့ကျမ်းစာထဲက စာလုံးတိုင်းမှာ ကောင်းကင်နဲ့မြေကြီးရဲ့ မဟာတာအိုအစွမ်းတွေ ပါနေပြီးတော့ အင်မတန် အစွမ်းထက်တယ်လို့ ပြောတယ် "

" ဒေသကိုးခုရဲ့ မှတ်တမ်းတွေမှာလဲ အဲ့ နတ်ဘုရားကျမ်းစာက စာကြောင်းလေး လေးကြောင်းပဲ ပေါ်လာခဲ့ဖူးတာလို့ ရေးထားတယ်ဗျ ။ ဒါပေမယ့် အဲ့လို တစ်ခါပေါ်လာတိုင်းလဲ ပြိုင်ဘက်ကင်း အစွမ်းထက်ကျင့်ကြံသူတွေ တစ်ယောက်ထက်

မနည်း မွေးထုတ်ပေးတယ်လို့ ပြောတယ် "

လောထျန်း စိတ်ဝင်တစား ဖြစ်သွားကာ ဆက်မေးလိုက်သည်။

" ဘယ်လိုပြိုင်ဘက်ကင်း ကျင့်ကြံသူမျိုးလဲဗျ "

သခင်ကြီးလုံ မျက်နှာတည်သွားကာ ပြောပါ၏။

" ဥပမာပြောရရင်တော့ ချင်းယွမ်ဒေသထဲက အရှုပ်အထွေးနတ်ဘုရားနိုင်ငံမှာ အရှုပ်အထွေးနတ်ဘုရားမြို့တော် ဆိုတာ ရှိတယ် ။ အဲ့မြို့မှာ အရှုပ်အထွေး မဟာတာအိုအစွမ်း ပါဝင်တဲ့ ကျမ်းစာတစ်ခု ရှိတယ်ဗျ ။ ဒဏ္ဍာရီတွေ ကြားဖူးတာတော့.. ဒေသကိုးခုကို အုပ်စိုးနိုင်ခဲ့တဲ့ အရှုပ်အထွေး မသေမျိုးဧကရာဇ်က အဲ့ကျမ်းစာကို အားကိုးပြီးတော့မှ ဉာဏ်အလင်းပွင့်သွားခဲ့ပြီးတော့ မသေမျိုးဧကရာဇ် အဆင့်ကို ရောက်ခဲ့တာတဲ့ "

" နောက်ဥပမာတစ်ခုဆိုရင်... စန့်လင်ဒေသထဲက အဆုံးမဲ့ပျက်စီးခြင်းပင်လယ်မှာ ရှိတဲ့ နတ်ဘုရားကျမ်းစာကလဲ အဲ့ခေတ်က နတ်ဆိုးဧကရာဇ်က လေးယောက်ကို မွေးထုတ်ပေးနိုင်ခဲ့တယ်ဗျ ။ အဲ့ခေတ်ကဆို ဒီနတ်ဆိုးဧကရာဇ် လေးယောက်က လူသားမျိုး

နွယ် တစ်ခုလုံးကို ဖိနှိပ်ထားနိုင်ခဲ့တာပေါ့ ။ နောက်ပိုင်း အရှုပ်အထွေး မသေမျိုးဧကရာဇ် အစွမ်းထက်လာမှသာ အခြေအနေတွေအားလုံး ပြောင်းလဲခဲ့တာ "

" တတိယမြောက် နတ်ဘုရားကျမ်းစာကတော့ လျှို့ဝှက်မိသားစုတစ်ခုမှာ ရှိခဲ့ပေမယ့်.. နောက်ပိုင်း လုံးဝပျောက်သွားခဲ့ပြီး ရှေးဟောင်းမှတ်တမ်းတချို့မှာ ရေးမှတ်ထားတာလောက်ပဲ ရှိတော့တယ် "

ပြီးနောက်တွင် သူ စကားခဏရပ်ကာ ဂုဏ်ယူနေသည့် မျက်နှာထားဖြင့် ဆက်ပြောပါသည်။

" လေးခုမြောက် နတ်ဘုရားကျမ်းစာကတော့ ကျုပ်တို့ စန့်ထျန်း ရှေးဟောင်းနယ်မြေမှာ ရှိတာဗျ ။ အဲ့ နတ်ဘုရားကျမ်းစာကြောင့်ပဲ အဲ့တုန်းက မသေမျိုးအစီအမံပညာရှင်ကြီး ကိုးယောက်ထဲက ခြောက်ယောက် ဉာဏ်အလင်းပွင့်သွားခဲ့ကြတယ် ။ ကျန်တဲ့သုံးယောက်ကလဲ အဲ့ကျမ်းစာကို တိုက်ရိုက်ကြီး နားမလည်ကြပေမယ့် အနည်းအကျဥ်းတော့ အကျိုးအမြတ် ရခဲ့ကြတယ်ဗျ "

" ဒါ့ကြောင့်မို့လဲ အဲ့ နတ်ဘုရားကျမ်းစာက အစီအမံ

ပညာရပ်ရဲ့ ထိပ်ဆုံးမှာရှိတယ်လို့ ပြောလို့ရတယ် ။ ကျုပ်တို့ ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံ မှာဆို.. အဖွဲ့အကျိုးအတွက် အများဆုံးလုပ်ပေးတဲ့ သူကသာ အဲ့ စန့်ထျန်းရှေးဟောင်းနယ်မြေကို ဝင်ခွင့်ရတာ "

ထို့နောက် သူ လောထျန်းကိုကြည့်၍ ဆက်ပြောသည်။

" သခင်လေးလောထျန်းကတော့ နတ်ဘုရားကျမ်းစာရဲ့ အကူအညီ မပါဘဲနဲ့တောင် မူလအဆင့် မသေမျိုးအစီအမံပညာရှင်တစ်ယောက်ရဲ့ အစွမ်းကို ပိုင်ဆိုင်နေပြီ ။ တကယ်လို့ သခင်လေးသာ အဲ့နတ်ဘုရားကျမ်းစာကို နားလည်တတ်မြောက်သွားမယ်ဆိုရင် ပိုပြီးတော့တောင် အစွမ်းတိုးလာနိုင်မှာ "

စကားပြောပြီးချိန်တွင် သခင်ကြီးလုံ၏ ပုံမှာ အလွန်စိတ်လှုပ်ရှားနေဟန် တူပါသည်။

မူလအဆင့် မသေမျိုးအစီအမံပညာရှင် ထက် ပိုအစွမ်းထက်လာလျှင်...

ထိုဖြစ်နိုင်ချေကို တွေးမိရုံဖြင့်ပင် သခင်ကြီးလုံ

အသက်ရှူမြန်လာပါတော့၏။

လောထျန်းသည်လည်း စိတ်ဝင်တစား ဖြစ်သွားပါသည်။

" ကောင်းပါပြီဗျာ ၊ ဒါဆို သခင်ကြီးပြောသလိုပဲ လုပ်ကြတာပေါ့ ။ အဲ့ကို ဘယ်ချိန် သွားကြမလဲ "

လောထျန်း မေးလိုက်သည်။

လောထျန်းက သဘောတူလာသဖြင့် သခင်ကြီးလုံ စိတ်အေးသွားပုံရကာ သက်ပြင်းချလိုက်၏။

" သခင်လေး ကြိုက်တဲ့အချိန် သွားလို့ရတယ် "

" ဒါဆို အခုသွားကြစို့လေ "

လောထျန်း ပြောလိုက်သည်။

" ကောင်းပါပြီ ။ ကျေးဇူးပြုပြီး ကျုပ်နဲ့လိုက်ခဲ့ပါ သခင်လေး "

သခင်ကြီးလုံ ပြောကာ လောထျန်းကို ဦးဆောင်၍ ခပ်လှမ်းလှမ်းသို့ ထွက်သွား၏။

" ဟင်.. လောထျန်းက ဘာလို့ထွက်သွားတာလဲ "

ထိုစဥ် လူအုပ်ထဲမှ တစ်ယောက်က လောထျန်းထွက်

သွားသည်ကို တွေ့ပြီး စိတ်ဝင်တစား မေးသည်။

၎င်းကိုကြားသော ပထမအကြီးအကဲက ချောင်းဟန့်၍ ပြော၏။

" လောထျန်းက ပြိုင်ပွဲမှာ ပထမရတဲ့သူ ဖြစ်တဲ့အတွက် ထူးခြားတဲ့ဆုတစ်ခုကို ရလိမ့်မယ် ။ ဒုတိယနေရာနဲ့ ကျန်တဲ့ဆုတွေကိုက ဒီမှာပေးမှာ "

အားလုံး သဘောပေါက်သွားကြပါသည်။ တစ်ချိန်တည်း၌ လောထျန်းက ဘာဆုရမည်ကိုလည်း သူတို့ သိချင်သွားကြပါ၏။

တဖက်တွင်ကား.. သခင်ကြီးလုံက လောထျန်းအား တည်နေရာရွှေ့ပြောင်း အစီအမံတစ်ခုဆီ ခေါ်သွားပါသည်။

ဝီ ...

မကြာမီမှာပင် သူတို့နှစ်ဦး ဧရာမတောင်ထိပ်တစ်ခုဆီ ရောက်သွား၏။

သခင်ကြီးလုံက ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ဦး

ညွှတ်၍ဆိုသည်။

" ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံ၊ ပထမအကြီးအကဲရဲ့ အမိန့်အရ.. ကျုပ် သခင်လေးလောထျန်းကို စန့်ထျန်းရှေးဟောင်းနယ်မြေကို လာပို့ပေးတာပါ "

သူ့အသံက တောင်တန်းတလျှောက် မိုးထစ်ချုန်းသံကြီးလို ပဲ့တင်ထပ်သွားသည်။

အချိန်အတန်ကြာသွားပြီးနောက်တွင်မူ... တောင်ပေါ်မှ အေးစက်စက် အသံတစ်သံ ထွက်လာ၏။

" အချုပ်အနှောင်သိုင်းကွက် "

သခင်ကြီးလုံက လက်ဖြင့် အစီအမံများ ချက်ချင်းလုပ်လိုက်သည်။

ဝီ ...

သူ့ရှေ့တွင် အချုပ်အနှောင်တစ်ခု အသွင်ပေါ်လာ၏။

တဖက်တောင်ပေါ်မှ အသံတစ်သံလည်း ထွက်လာပြီး ထွင်းစာများ စတင်စုစည်းလာသည်။

ဝုန်း ...

ထို့နောက်တွင်မူ.. များလှစွာသော အဆင့်ကိုး မသေမျိုးအစီအမံများ ပွင့်သွားကာ လမ်းကြောင်းတစ်ခု ပေါ်လာသည်။

ထိုလမ်းကြောင်း၏ အစွန်ဆုံးတွင်လည်း ထွင်းစာများ စုစည်းနေပြီး မူလအဆင့် မသေမျိုးအစီအမံ ခြောက်ခု အထပ်လိုက်ရှိနေကာ ဝင်ပေါက်အား ကာကွယ်ထားသည်။

သခင်ကြီးလုံက ချက်ချင်းရှင်းပြ၏။

" အဲ့နတ်ဘုရားကျမ်းစာက အင်မတန် အရေးကြီးတဲ့အတွက်ကြောင့်မို့ အပြင်ကို မပေါက်ကြားအောင် ကာကွယ်တဲ့အနေနဲ့ မူလအဆင့် မသေမျိုးအစီအမံပညာရှင် ခြောက်ယောက်က အကာအကွယ်အစီအမံတွေကို လုပ်ထားခဲ့တာဗျ ။ ဒါမှလဲ အပြင်ကနေ ကျူးကျော်လာတဲ့သူတွေကို တားနိုင်မှာလေ "

လောထျန်း ခေါင်းအသာညိတ်လိုက်သည်။

ကြည့်ရသည်မှာ ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံက ဤနေရာအား အလွန်အလေးနက်ထား ဂရုစိုက်ပုံ ပေါ်ပါသည်။

ဤနေရာ၏ အကာအကွယ်များက ကောင်းကင်ဘုံကိုးဆင့် လျှို့ဝှက်ဒေသထက်ပင် ပိုအားအောင်းပါသေး၏။

ထို့နောက်တွင်မူ သူတို့နှစ်ဦး စကားတပြောပြောဖြင့် အစီအမံများကို ဖြတ်ကျော်၍ လျှို့ဝှက်ဒေသ ဝင်ပေါက်ရှေ့သို့ ရောက်သွားကြသည်။

ထိုစဥ် ဝင်ပေါက်ရှေ့၌ တင်ပျင်ခွေထိုင်နေသော အဘိုးအိုတစ်ယောက်ကို သူတို့ တွေ့လိုက်ရ၏။

အဘိုးအိုမှာ လောထျန်းအား မော့ကြည့်ပြီး အနည်းငယ်အံ့သြသွားဟန် တူသော်လည်း ဘာမှ သိပ်မပြောဘဲ လောထျန်းဆီသို့သာ အဆောင်ကဒ်ပြားတစ်ခု ပစ်ပေးလိုက်သည်။

" အဲ့ဟာနဲ့ဆို မင်း စန့်ထျန်းရှေးဟောင်းနယ်မြေထဲကို ဝင်လို့ရပြီ "

သူ မျက်နှာသေဖြင့် ပြော၏။

လောထျန်းကလည်း အဆောင်ကဒ်ပြားကို ယူကာ ခေါင်းအသာညိတ်လိုက်သည်။

ဘေးတွင်ရပ်နေသော သခင်ကြီးလုံက တီးတိုးဝင်ပြော၏။

" သခင်လေးလောထျန်း ၊ ကျုပ်ကတော့ ဝင်လို့မရဘူးဗျ ။ အခုချိန်ကစပြီးတော့ သခင်လေး ကိုယ့်အားကိုယ်ပဲ ကိုးရမှာ ။ ဒါပေမယ့် သခင်လေးတစ်ခုခုကို ရမယ်ဆိုတာ ကျုပ် ယုံပါတယ် ။ ဒေသခြား တည်နေရာရွှေ့ပြောင်းအစီအမံကို ပြင်ပြီးသွားရင် ကျုပ် သခင်လေးကို လာပြန်ခေါ်ပါ့မယ် "

လောထျန်း ခေါင်းညိတ်ပြလိုက်သည်။

" အခုလို ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ "

ထိုသို့ပြောပြီးသည်နှင့် သူ တဖက်လှည့်ကာ စန့်ထျန်းရှေးဟောင်းနယ်မြေထဲ ဝင်သွား၏။

လောထျန်း ပျောက်သွားပြီးနောက်မှ.. ဝင်ပေါက်ရှေ့ရှိ အဘိုးအိုက မျက်မှောင်ကြုံ့၍ ပြောလာသည်။

" မင်း ဘယ်လိုဦးနှောက်နဲ့ စဥ်းစားနေတာလဲကွ ။ နတ်ဘုရားကျမ်းစာက ဒီလောက်အရေးကြီးတာကို သိရဲ့သားနဲ့ ဘာလို့ ခုလိုကောင်လေးငယ်ငယ်တစ်ယောက်ကို ခေါ်လာခဲ့ရတာလဲ ။ အခွင့်ကောင်းက အလကားဖြစ်တော့မှာပဲ "

ထိုစကားကို ကြားသောအခါ သခင်ကြီးလုံက မြန်မြန်ရှင်းပြရှာသည်။

" သခင်ကြီး အထင်လွဲနေပြီဗျ ။ စောနက သခင်လေးလောထျန်းက သာမာန်လူတစ်ယောက် မဟုတ်ဘူး "

သို့သော် သူ့စကား မဆုံးခင်မှာပင် အဘိုးအိုက လှောင်ပြုံးဖြင့် ပြန်ပြောပါသည်။

" မင်း ပြောချင်တာပြော ၊ ငါကတော့ အဲ့ကောင်လေး အထဲမှာ ဘယ်လောက်ကြာကြာ ခံနိုင်မလဲပဲ စိတ်ဝင်စားတယ် ။ အထဲက ဟိုသားရဲအိုကြီးတွေကတော့ ငါ့လောက် စိတ်ထားမကောင်းကြဘူးနော် "

အခြားတဖက်... စန့်ထျန်းရှေးဟောင်းနယ်မြေ အတွင်း၌...

လောထျန်းတစ်ယောက် အထဲရောက်သည်နှင့်

ပုပ်အဲ့အဲ့ အနံ့တစ်ခု တိုးဝင်လာသည်ကို ခံစားလိုက်ရပါသည်။

" ဒါ ဘယ်လိုလျှို့ဝှက်ဒေသလဲကွာ... အနံ့အသက်က ဘာလို့အဲ့လောက်ဆိုးရတာလဲ "

လောထျန်း ပြောပြောဆိုဆိုပင် နှာခေါင်းကို လက်ဖြင့်ပိတ်၍ ရှေ့ဆက်လျှောက်လိုက်သည်။

သူ အနည်းငယ်မျှ ဟိုဟိုဒီဒီ ကြည့်လိုက်ပြီးနောက်တွင်မူ လျှို့ဝှက်ဒေသက သူထင်ထားသည်ထက် များစွာပိုကျဥ်းကြောင်း တွေ့လိုက်ရပါ၏။

၎င်းမှာ တောင်နှင့်မြောက် ငါးမိုင်ခန့်သာ ကျယ်ပြီး ရွာငယ်လေးတစ်ခု အရွယ်အစားသာ ရှိပါသည်။

" ဘာလို့အဲ့လောက်ကျဥ်းရတာလဲ "

လောထျန်း အနည်းငယ် အံ့အားသင့်သွား၏။

ထို့နောက် သူ ဘေးဘက်သို့ လှည့်ကြည့်လိုက်ရာ လျှို့ဝှက်ဒေသ အလယ်လောက်၌ လူဆယ်ချီ ထိုင်နေကြသည်ကို တွေ့သွားပါသည်။

" ဟာ.. ကောင်းတယ်ကွာ "

လောထျန်း ဝမ်းသာသွားကာ ထိုလူအုပ်နောက်သို့ တည်နေရာရွှေ့ပြောင်းလိုက်၏။

ထိုစဥ်တွင် အဘိုးအိုများမှာ ကျောက်တုံးကြီးတစ်ခုရှေ့၌ ထိုင်သူထိုင် ၊ မတ်တပ်ရပ်သူရပ်ဖြင့် ၎င်း ကျောက်တုံးအား အသည်းအသန် ကြည့်နေကြပါသည်။

လောထျန်း ၎င်းကိုမြင်ပြီး စိတ်ဝင်စားသွားကာ ကျောက်တုံးရှေ့သို့ သွားလိုက်၏။

ကျောက်တုံးကြီးပေါ်တွင်ကား ရှုပ်ထွေးလှသော ရွှေရောင်စာလုံးများကို ထွင်းထုထားပြီး ၎င်းတို့မှ နတ်ဘုရားအလင်းတန်းကိုလည်း ထုတ်လွှတ်နေသည်။

လောထျန်း ထိုစာများကို တခဏကြာ စိုက်ကြည့်နေပြီးနောက်တွင်မူ ...၎င်းတို့ကို သူ ရင်းရင်းနှီးနှီး သိနေသလို ခံစားလိုက်ရ၏။

ထို့နောက် သူ ဘေးမှ အဘိုးအိုတစ်ယောက်ဘက် လှည့်ကာ မေးလိုက်သည်။

" တဆိတ်လောက်ဗျာ... ဒါ နတ်ဘုရားကျမ်းစာ ဆိုတာလား "

သူ ထိုသို့ပြောလိုက်သည်နှင့် အလေးနက်စဥ်းစားနေဟန် ရှိသော အဘိုးအိုက စိတ်အနှောင့်အယှက် ဖြစ်သွားပုံပေါ်၏။ သူ့မျက်လုံးထဲတွင်လည်း ဒေါသငွေ့များ သန်းလာသည်။

" ကောင်လေး ၊ မင်း သေချင်နေတာလား "

သူ ထိုင်နေရာမှ ချက်ချင်းထရပ်ကာ ဒေါသတကြီး ပြောလိုက်သည်။

877

ဝုန်း ....

ထို့နောက်တွင် အဘိုးအိုက လက်ယမ်းလိုက်ရာ စိတ်ဝိဥာဥ်အစွမ်းတစ်ခုက လောထျန်းအား ဖိနှိပ်လာ၏။

သို့သော်..

ဝီ..

ထိုစဥ် ရုတ်တရက်.. မလှမ်းမကမ်း၌ လူသတ်အရိပ်အငွေ့တစ်ခု ရုတ်ချည်းပေါ်လာကာ အဘိုးအိုအား လွှမ်းခြုံလာသည်။

" ဟင်... "

အဘိုးအို အံ့အားသင့်ပြီး တစ်ကိုယ်လုံး တောင့်တင်းသွား၏။

ထို့နောက်.. သူ ခေါင်းကို ဖြည်းဖြည်းချင်းလှည့်၍

မလှမ်းမကမ်းတွင် ရှိနေသော အနီရောင်အကျီဝတ် အဘိုးအိုတစ်ယောက်ကို ကြည့်ကာ အသံတုန်တုန်ဖြင့် ပြောသည်။

" သခင်ကြီးချင်း ၊ ကျုပ် တောင်းပန်ပါတယ် ။ ကျုပ် မစဥ်းစားမဆင်ခြင်ဘဲ အလောတကြီး ပြုမူမိသွားတယ် "

သခင်ကြီးချင်း ဆိုသူက အေးစက်စက် နှာခေါင်းရှုံ့သည်။

" နတ်ဘုရားကျမ်းစာ ရှေ့မှာ ဘယ်လိုတိုက်ခိုက်တာမျိုးမှ မလုပ်ရဘူးလေ... ဒါ သံမဏိစည်းမျဥ်းပဲ ။ အခုက မင်း မတိုက်ခိုက်ရသေးတာကြောင့်မို့ ငါ ခွင့်လွတ်ပေးလိုက်မယ် ။ ဒါပေမယ့်.. နောက်တစ်ခါ အဲ့လိုထပ်လုပ်ရင်တော့ ငါက ဘာကိုမှ ညှာတာပေးတော့မှာ မဟုတ်ဘူး ။ အဲ့ကျရင် မင်း နတ်ဘုရားကျမ်းစာကိုလဲ ဘယ်တော့မှ နားလည်ခွင့်ရှိတော့မှာမဟုတ်ဘူးကွ "

" ဟုတ်.. ဟုတ်ကဲ့ပါ သခင်ကြီး "

အဘိုးအို မျက်နှာဖြူရော်သွားကာ ချက်ချင်း ပြန်ထိုင်ချလိုက်သည်။

ထိုစဥ် သခင်ကြီးချင်းက လောထျန်းကို ကြည့်၍ ပြောလာ၏။

" ကောင်လေး ၊ မင်း နတ်ဘုရားကျမ်းစာကို ဖတ်ဖို့ကြိုးစားတာ အခုက ပထမဆုံးအကြိမ် မဟုတ်လား ။ ဒီတိုင်း တိတ်တိတ်လေးပဲ နေပြီးတော့ နားလည်နိုင်သလောက်ကို ကြိုးစားဖတ်ကြည့်ပါ "

လောထျန်း ခေါင်းအသာညိတ်ပြလိုက်သည်။ ထို့နောက် နေရာတစ်ခုရှာကာ တင်ပျင်ခွေထိုင်ပြီး နတ်ဘုရားကျမ်းစာအား ကြည့်လိုက်၏။

ထိုအချိန်မှာပင် လောထျန်းဘေးမှ မီးခိုးရောင်ဝတ် အဘိုးအိုတစ်ဦးက တီးတိုးပြောလာသည်။

" ကောင်လေး ၊ မင်းနာမည် ဘယ်လိုခေါ်လဲ "

လောထျန်း ထိုလူအား တစ်ချက်လှည့်ကြည့်ကာ ပြန်ပြောလိုက်၏။

" လောထျန်း ပါ "

အဘိုးအို ခေါင်းညိတ်လိုက်သည်။

" ငါ့နာမည်က ကမ်းဖျင် လို့ ခေါ်တယ်ကွ ။ ငါ ဒီ

လျှို့ဝှက်ဒေသထဲမှာ ကျင့်ကြံနေတာ နှစ်ပေါင်းသုံးထောင်ကျော်လောက် ရှိတော့မယ် ။ မင်းနားမလည်တာ တစ်ခုခုရှိရင် ငါ့ကိုမေး "

သူ့စကားကြောင့် လောထျန်း အံ့အားသင့်သွားပါသည်။

" နှစ်သုံးထောင်တောင်... ဒီထဲရောက်နေတာ တကယ်ကြီး အဲ့လောက်ကြာပြီလား "

ကမ်းဖျင်က ရယ်ကာ ပြန်ပြော၏။

" ဟုတ်တယ်ကွ ၊ အထင်ကြီးစရာ ကောင်းတယ် မဟုတ်လား "

လောထျန်း နှာခေါင်းပိတ်ရင်း ခေါင်းညိတ်ပြလိုက်သည်။

" ဒီလောက်နံစော်နေတဲ့နေရာမှာ နှစ်သုံးထောင်ကျော် သည်းခံပြီးနေလာတာ တကယ် အံ့သြစရာပါပဲဗျာ "

ကမ်းဖျင်၏ မျက်နှာထက်မှ အပြုံး ရုတ်ချည်းပျောက်ကွယ်သွားကာ မျက်နှာကြီးသုန်မှုန်သွားပါသည်။

" မင်းက ဘာသိလို့လဲ.. ဒီနေရာက တကယ့်အခွင့်ထူး

ကြီးကွ ။ ဒီကနေ ထွက်သွားရင် နောက်တစ်ခါပြန်လာဖို့ အခွင့်အရေး ရချင်မှရတော့မှာ ။ နတ်ဘုရားကျမ်းစာကို နားလည်ဖို့ အဲ့လောက်လေးမှ ဒုက္ခမခံနိုင်ရင် ဘာလုပ်မှာလဲ "

ထို့နောက်တွင်မူ သူ ပြုံး၍ ဆက်ပြောပါ၏။

" ထားပါလေ ၊ လောလောဆယ် အဲ့ကိစ္စကို မပြောတော့ဘူး ။ မင်းထက် အစောကြီးကြိုရောက်တဲ့ စီနီယာတစ်ယောက်အနေနဲ့ ဒီ စန့်ထျန်းရှေးဟောင်းနယ်မြေ အကြောင်း မင်းကို နည်းနည်းရှင်းပြမယ် "

သူ ပြောပြီး.. အကြီးအကဲချင်းဘက် ညွှန်ပြလိုက်သည်။

" အဲ့ အကြီးအကဲချင်းက ငါတို့ ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံရဲ့ ထိပ်ဆုံးအကြီးအကဲ ကိုးယောက်ထဲက တစ်ယောက်ပဲကွ ။ သူ့ရဲ့ စိတ်ဝိဥာဥ်အစွမ်းရော ၊ အစီအမံပညာရပ်ရောက အဲ့အကြီးအကဲကိုးယောက်ထဲမှာ ထိပ်ဆုံးပဲ ။ ပြီးတော့ သူက ဒီ စန့်ထျန်းရှေးဟောင်းနယ်မြေမှာ ထိုင်ပြီးတော့ နတ်ဘုရားကျမ်းစာကို နားလည်ဖို့ကြိုးစားနေတာလဲ နှစ်တွေအများကြီး ကြာလှပြီ ။ လက်ရှိမှာတော့ သူက နတ်ဘုရားကျမ်းစာကို နားအလည်နိုင်

ဆုံးလို့ ပြောလို့ရသလို မူလအဆင့် မသေမျိုးအစီအမံပညာရှင် တစ်ယောက် ဖြစ်လာဖို့လဲ အနီးစပ်ဆုံးပဲ "

" အဲ့တော့ အစွမ်းရော ၊ ရာထူးရောမှာ သူက အမြင့်ဆုံးပေါ့ကွာ ။ သူ့ကို သွားမရှုပ်ဖို့ မြဲမြဲမှတ်ထားနော် ကောင်လေး "

လောထျန်း ခေါင်းညိတ်ပြလိုက်သည်။

ကမ်းဖျင်က စကားဆက်၏။

" ပြီးတော့.. ခုနက မင်းကို တိုက်ခိုက်ဖို့ကြိုးစားခဲ့တဲ့သူကိုလဲ အထင်မသေးနဲ့ ။ သူကလဲ တကယ်အစွမ်းထက်တဲ့သူထဲမှာ ပါတယ်ကွ "

လောထျန်း သိချင်စိတ်ဖြစ်သွားကာ မေးလိုက်သည်။

" အဲ့လူက ဘယ်သူလဲဗျ "

ကမ်းဖျင်က လေသံတိုးတိုးဖြင့် ပြန်ပြောသည်။

" အဲ့လူက ချင်းယွမ်ဒေသမှာရှိတဲ့ ကျို့ရှင် အစီအမံဂိုဏ်းရဲ့ ဘိုးဘေးပဲ ။ သူက အသက်သုံးထောင်ပဲ ရှိသေးတဲ့အရွယ်မှာ အဆင့်ကိုး အစီအမံပညာရှင်အဆ

င့်ကို ရောက်ခဲ့ပြီးတော့ တစ်ကမ္ဘာလုံးကို တုန်လှုပ်သွားအောင် လုပ်နိုင်ခဲ့တာကွ ။ ဒါပေမယ့် အဲ့ချိန်ကစပြီးတော့ .. သူ ဘာတိုးတက်မှုမှ ရှိမလာခဲ့ဘူး "

" နောက်တော့ သူ ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံအတွက် နှစ်တစ်သောင်းလောက် ပင်ပင်ပန်းပန်း အလုပ်လုပ်ပြီးမှ စန့်ထျန်းရှေးဟောင်းနယ်မြေထဲကို ဝင်ခွင့်ရခဲ့တာ ။ ဒီထဲရောက်တော့လဲ ဉာဏ်အလင်းပွင့်ဖို့ နောက်ထပ် နှစ်တစ်သောင်းလောက် ထပ်ကြာတာပေါ့ကွာ "

လောထျန်း သဘောပေါက်သွားကာ ပြန်ပြောလိုက်၏။

" နှစ်တစ်သောင်းလောက် အလုပ်ပင်ပင်ပန်းပန်း လုပ်ထားရတော့ သူ့ ဦးနှောက်သိပ်မကောင်းတော့တာ မထူးဆန်းပါဘူး "

ကမ်းဖျင် ပါးစပ်အဟောင်းသားဖြင့် ဆွံ့အသွားတော့သည်။

" မင်းက ဘာဖြစ်လို့ အဲ့ကိစ္စသေးသေးလေးတွေကို လုက်ပြီး ဂရုစိုက်နေတာလဲ ။ တားပါ... မင်းကို နတ်

ဘုရားကျမ်းစာအကြောင်း ထပ်မိတ်ဆက်ပေးမယ် "

သူ ပြောပြီး ကျောက်တုံးပေါ်မှ ထွင်းစာများကို ညွှန်ပြကာ စကားဆက်၏။

" ဒီ နတ်ဘုရားကျမ်းစာက မူလအဆင့် မသေမျိုးအစီအမံတွေရဲ့ အရင်းမြစ်ပဲကွ ။ ဒီကျမ်းစာက အင်မတန်ကောင်းတယ်ဆိုပေမယ့်.. လေ့လာတဲ့အခါကျရင် မင်းရဲ့ စိတ်ဝိဥာဥ်အစွမ်းကို သုံးပြီးတော့ပဲ လေ့လာပါ ။ ပြီးရင် သေချာလဲ သတိထားရမယ် "

လောထျန်း အံ့အားသင့်သွားကာ မေးလိုက်သည်။

" ဘာဖြစ်လို့လဲ "

ကမ်းဖျင်က မျက်နှာတည်ဖြင့် ပြန်ပြောပါသည်။

" နတ်ဘုရားကျမ်းစာရဲ့ အစွမ်းကို အထင်မသေးနဲ့ကွ ။ အဲ့ဒါကို လေ့လာရင် တန်ပြန်အစွမ်းကို သေချာပေါက် ခံစားရမှာ ။ တကယ်လို့ သာမာန်လူတစ်ယောက်ကသာ စိတ်ဝိဥာဥ်အစွမ်းကို သုံးပြီးတော့ နတ်ဘုရားကျမ်းစာကို တိုက်ရိုက်ကြီး သွားထိတွေ့မိရင် ချက်ချင်းတောင် ရူးသွားနိုင်တယ် "

" ငါတို့လို စိတ်ဝိဥာဥ်အစွမ်း အားကောင်းတဲ့ မသေ

မျိုးအစီအမံပညာရှင် တွေသာ ဒါကို ခုခံနိုင်ကြတာ "

သူ ပြောပြီး ဘိုးဘေးကျို့ရှင်ဘက် လက်ညိုးထိုးပြ၏။

" သူ့ကိုပဲ ဥပမာထားပြီးပြောမယ် ။ သူ့ရဲ့ လက်ရှိ စိတ်ဝိဥာဥ်အစွမ်းနဲ့ဆိုရင်.. သူ အဲ့နတ်ဘုရားကျမ်းစာကို တစ်ရက်မှာ စက္ကန့်သုံးဆယ်လောက် တိုက်ရိုက်ထိတွေ့နိုင်တယ်ကွ ။ အဲ့ထက်ကျော်သွားရင်တော့ ဒီတိုင်းမျက်လုံးနဲ့ပဲ ကြည့်ပြီး ဖြည်းဖြည်းချင်း ခန့်မှန်းကြည့်ရတာ "

ထို့နောက် မလှမ်းမကမ်းမှ အဘိုးအိုတစ်ယောက်ကို ညွှန်ပြကာ ဆက်ပြောသည်။

" အဲ့တစ်ယောက်ကတော့ အများကြီးပိုပြီး အစွမ်းထက်တယ် ။ သူ့ရဲ့စိတ်ဝိဥာဥ်အစွမ်းနဲ့ဆို တစ်နေ့မှာ စက္ကန့်တစ်ရာလောက် နတ်ဘုရားကျမ်းစာကို တိုက်ရိုက်ထိတွေ့နိုင်တယ်ကွ "

ပြီးနောက် သခင်ကြီးချင်းဘက် လက်ညိုးထိုး၍ ဆက်ပြောပါ၏။

" သခင်ကြီးချင်းရဲ့ အစွမ်းက ငါတို့ထဲမှာ အားအကောင်းဆုံးပဲလို့ ငါ ပြောခဲ့တယ်လေ ။ သူက တစ်

ရက်မှာ တစ်နာရီလောက် နတ်ဘုရားကျမ်းစာကို လေ့လာနိုင်တယ်ကွ "

လောထျန်း အံ့အားသင့်သွားပါသည်။

" အဲ့လောက် ကွာတာလား "

ကမ်းဖျင် ခေါင်းညိတ်ပြ၏။

" ဟုတ်တယ်ကွ ။ ဒါ့ကြောင့်မို့လဲ သူက မူလအဆင့် မသေမျိုးအစီအမံပညာရှင် ဖြစ်ဖို့ အနီးစပ်ဆုံးလို့ ပြောတာပေါ့ "

လောထျန်းက တစ်စုံတစ်ခုကို စဥ်းစားနေဟန်တူပြီးမှ ကမ်းဖျင်ကို ကြည့်ကာ မေးသည်။

" ဒါဆို သခင်ကြီးကရော "

သူ့အမေးကို ကြားသောအခါ ကမ်းဖျင်က ဂုဏ်ယူသည့် မျက်နှာထားဖြင့် ချက်ချင်းပြန်ဖြေသည်။

" မင်းကို ကြွားတာတော့ မဟုတ်ပါဘူးကွာ ။ ငါက တစ်နေ့မှာ စက္ကန့် ၁၆၀ လောက် လေ့လာနိုင်တယ်ကွ "

လောထျန်း မျက်မှောင်ကြုံ့သွား၏။

" အဲ့လောက်လဲ မကောင်းပါလား.. "

ကမ်းဖျင် ဒေါသထွက်သွားပုံရကာ ချက်ချင်းပြန်အော်ပြောသည်။

" မင်းက ဘာသိလို့လဲကွ... စက္ကန့် ၁၆၀ ဆိုတာ တော်တော်လေး အံ့သြစရာ ကောင်းနေပြီ ။ မင်းလို ခုမှရောက်ခါစဆိုရင် သုံးစက္ကန့်တောင် ခံမှာမဟုတ်ဘူး "

လောထျန်း မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်သာ လုပ်နေပြီး ဘာမှ ပြန်မပြောပါ ။

ထိုစဥ် ကမ်းဖျင်က ရုတ်တရက် ထိုင်ချကာ ပြော၏။

" ဘယ်လိုပဲဖြစ်ဖြစ်ပါ... ငါက စိတ်သဘောထား ကောင်းတဲ့သူတစ်ယောက် ဖြစ်တဲ့အတွက် မင်းလိုလူသစ်လေးတွေ မြန်မြန်တိုးတက်မှုရအောင်လို့ ပြီးခဲ့တဲ့နှစ်တွေအတွင်း ငါ သိထားတာတွေကို ပြောပြမယ် "

သူ ပြောပြောဆိုဆိုပင် အကျ်ီလက်ထဲမှ စာအုပ်တစ်အုပ်ကို ထုတ်၍ လောထျန်းအား ပေးလိုက်သည်။

" ဒါ ငါ့ရဲ့ နှစ်သုံးထောင်စာ အတွေ့အကြုံတွေပဲကွ ၊ လုံးဝ တန်ဖိုးဖြတ်လို့မရဘူး ။ ဒါသာ အပြင်ကိုပေါက်

ကြားသွားရင် လူတွေကြားမှာ မုန်တိုင်းကြီးတစ်ခု တိုက်လိုက်သလိုတောင် ဖြစ်သွားမှာ ။ ဒါပေမယ့်.. အခုတော့ မိတ်ဖြစ်ဆွေဖြစ်အနေနဲ့ ငါ့ကို မင်းရဲ့ မှော်လက်နက်တစ်ခုပဲပေး.. ဒါဆို ဒီစာအုပ်က မင်းအပိုင်ဖြစ်သွားပြီ ။ ဘယ်လိုလဲ... "

သူ ထိုသို့ပြောပြီး လောထျန်းအား အရောင်လက်နေသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

လောထျန်းက သူ့ကို ပြန်ကြည့်ကာ ခေါင်းယမ်းလိုက်၏။

" ကျုပ် မလိုချင်ဘူးဗျ "

" ဟင်.. မင်းက ဒါကိုတောင်မလိုချင်ဘူး.. ဟုတ်လား ။ ကောင်းပြီလေ ၊ ဒါဆို မင်းကို စျေးလျှော့ပေးမယ်... အဆင့်ကိုး မသေမျိုးလက်နက်ပဲ ပေးကွာ.. ဘယ်လိုလဲ "

ကမ်းဖျင် ပြောပြီး လောထျန်းအား ထပ်ကြည့်လိုက်သည်။

သို့သော် လောထျန်းက ခေါင်းသာ ယမ်းပြပါ၏။

ကမ်းဖျင် အံကြိတ်၍ ထပ်ပြောလာသည်။

" အဆင့် ၇ မသေမျိုးလက်နက်ပဲ ပေးကွာ ၊ အဲ့လောက်ဆို အဆင်ပြေတယ်မဟုတ်လား ။ ငါ့လို နတ်ဘုရားကျမ်းစာကို နားလည်ထားတဲ့သူဆီက လမ်းညွှန်ချက်မျိုး ရတာတောင် မင်းက မကျေနပ်ဘူးလား ။ ဒီစာအုပ်တစ်အုပ်နဲ့တင် မင်းအတွက် နှစ်သုံးထောင်လောက် အချိန်ကုန်သက်သာနိုင်တယ်ကွ "

လောထျန်း တဖက်လူအား လျစ်လျူရှုကာ ကျောက်တုံးကြီးဆီသို့သာ ကြည့်လိုက်ပါတော့သည်။

၎င်းကိုမြင်သော ကမ်းဖျင် အေးစက်စက် နှာခေါင်းရှုံ့လိုက်၏။

" ထားပါလေ.. မင်း နံရံနဲ့ ဝင်တိုက်မိတဲ့အချိန်ကျမှ ငါ့ကို အပြစ်မတင်နဲ့ ။ ဘယ်လိုဖြစ်ဖြစ်.. မင်း ကြိုးစားကြည့်ရင် သိသွားမှာပါ "

သူ စကားဆုံးချိန်မှာပင် တဖက်မှ လောထျန်း၏ စိတ်ဝိဥာဥ်အစွမ်းက စီးမျောလာသည်။

" ဟင်... ဒီ စိတ်ဝိဥာဥ်အစွမ်းက သန့်စင်လိုက်တာ...

"

ဘေးတွင်ရှိနေသော ကမ်းဖျင်တစ်ယောက် မျက်လုံးပြူးသွားပါတော့၏။ သူ လောထျန်းကို ကြည့်သည့်အကြည့်မှာလည်း ပြောင်းလဲသွားလေပြီ ။

အနီးတဝိုက် ရှိနေကြသော မသေမျိုးအစီအမံပညာရှင်များ အားလုံးလည်း လောထျန်းဘက် လှည့်ကြည့်လာကြသည်။

" အိုး.. လူသစ်လေးက အဲ့လို စိတ်ဝိဥာဥ်အစွမ်းမျိုး တကယ်ကြီး ရှိနေတာပဲ "

သခင်ကြီးချင်းသည်ပင် အံ့သြသွားပါသည်။

အမှန်တွင်မူ... လောထျန်း ထုတ်လွှတ်လိုက်သည့် စိတ်ဝိဥာဥ်အစွမ်းသည် အစမ်းသဘောသာ ဖြစ်ပြီး ရေပုံးထဲမှ ရေတစ်စက်စာလောက်ပင် မရှိမှန်း သူတို့ မသိကြပါ။

၎င်းကိုမြင်သော ဘိုးဘေးကျို့ရှင်က အေးစက်စက် နှာခေါင်းရှုံ့၍ ပြောလာ၏။

" စိတ်ဝိဥာဥ်အစွမ်းက သန့်စင်တော့ရော ဘာ

အသုံးဝင်လို့လဲ ။ သူ့ စိတ်ဝိဥာဥ်အစွမ်းက အဲ့လောက်နည်းတာ .. နတ်ဘုရားကျမ်းစာရဲ့ ဖိအားကို ခံနိုင်မှာတောင် မဟုတ်ဘူး ။ ကြည့်ရတာ သူ တစ်စက္ကန့်တောင် ခံနိုင်မယ် မထင်ပါဘူးကွာ "

All Chapters