← Chapters

အခန်း (၈၈၆+၈၈၇)

Vol. 63 Ch. 886+887

အခန်း (၈၈၆+၈၈၇)

Vol. 63 Ch. 886+887

886

လောထျန်း၏ စကားဆုံးချိန်တွင် တိုင်လင်စင်မြင့်မှ လူများအားလုံး အသံတိတ်သွားကြသည်။

တိုက်ခိုက်ရမည်တဲ့လား..

ဘယ်လို တိုက်ခိုက်ရပါမည်လဲ ။

လက်ရှိ တိုင်လင်စင်မြင့်၏ အခြေအနေအရဆိုလျှင် တိုက်ပွဲကိုသာ လက်ခံလိုက်ပါက လောထျန်းတစ်ယောက်မှလွဲ၍ အခြားမည်သူမှ အနိုင်ရမည်မဟုတ်ပါ ။

သူတို့လက်ရှိ ရှိနေသူအားလုံးမှာလည်း ရွှမ်လင်နန်းတော်နှင့် အနည်းဆုံးတစ်ကြိမ် တိုက်ခိုက်ဖူးကြသူများပင်..

ယခင် လောထျန်းမရှိခင်၌ ရွှမ်လင်နန်းတော်အား သူတို့အမြဲတမ်း ရှုံးနိမ့်ခဲ့ပါ၏။

ယခု ထပ်တိုက်ခိုက်လျှင်လည်း မိမိကိုယ်ကို အရှက်ခွဲ

သလိုသာ ဖြစ်သွားပေမည်။

သူတို့အားလုံး အချိန်အတန်ကြာ တိတ်နေကြပြီးမှ အကြီးအကဲရှုက အံကြိတ်၍ ပြောလာပါသည်။

" ကောင်းပါပြီ ။ လက်ထောက်ဂိုဏ်းချုပ်ကြီးက တိုက်ခိုက်ဖို့ ဆန္ဒရှိမှတော့ တိုက်ခိုက်ကြတာပေါ့ဗျာ ။ ကျုပ်ကိုယ်တိုင်လဲ ရှေ့ကဝင်တိုက်ပါမယ် "

" ကျုပ်လဲ တိုက်မယ်ဗျာ "

" ကျုပ်ရောပဲ "

လူများစွာပင် သေရန် အသင့်ဖြစ်နေပုံဖြင့် တစ်ယောက်ပြီးတစ်ယောက် ပြောလာကြသည်။

သူတို့ ယခင်ကလည်း ရှုံးနိမ့်ခဲ့ဖူးသည်ဖြစ်ရာ ယခု ဘာကိုကြောက်ရပါမည်နည်း ။

ထိုစဥ်မှာပင်..

" တိုင်လင်စင်မြင့်ကကောင်တွေ.. ဘာလို့ ထွက်မလာကြသေးတာလဲ ။ ထွက်မလာရင်တော့ မင်းတို့ဘက်

က အရှုံးပေးလိုက်ပြီလို့ ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံကို သတင်းပို့လိုက်တော့မယ်နော် "

အထက်စီးဆန်သည့် အသံတစ်သံ ထွက်လာပါသည်။

" ဒီကောင် လွန်လွန်းနေပြီ "

ရှောက်ရ ဒေါသတကြီး အော်လိုက်၏။

ထိုစဥ် လောထျန်းက လက်ကာပြ၍ ပြောသည်။

" စိတ်ရှည်ကြပါ ။ အားလုံး ကျုပ်နဲ့လိုက်ခဲ့ "

အားလုံးခေါင်းညိတ်ကာ တိုင်လင်စင်မြင့် အပြင်ဘက်သို့ လျှောက်သွားလိုက်ကြသည်။

" ဟင်.. အဲ့ကောင်တွေက ဘာဖြစ်လို့... "

သူတောင်းစားတစ်စုက လောထျန်းနောက်မှ လိုက်သွားကြသည်ကို မြင်သော ရှောက်ရတစ်ယောက် အံ့အားသင့်ကာ နားမလည်နိုင် ဖြစ်သွား၏။

ထိုလူများက ယခုလို အခြေအနေမျိုးတွင် ဘာလုပ်နိုင်မှာမို့လဲ ....

သို့သော် ... လူများများရှိပါက တိုက်ပွဲက ပိုအသက်ဝင်နိုင်ပါသည် ။

သူမ ထိုသို့တွေးပြီး ဘာမှမပြောတော့ဘဲ နောက်မှသာ လိုက်သွားလိုက်သည်။

သူတို့ အပြင်ဘက် ရောက်ချိန်တွင်မူ... သူတို့၏ ဝင်ပေါက်ဂိတ်ဝ၌ လူများစွာပင် ဝန်းရံလျက် ရှိနေကြလေပြီ ။

ထိုလူများထဲတွင် ရွှမ်လင်နန်းတော်မှလူများ ရာပေါင်းများစွာ ပါသော်လည်း အများစုမှာ ဆူဆူညံညံ အသံများကြောင့် ပွဲကြည့်ရန်ရောက်လာသူများ ဖြစ်ပါ၏။

" အိုး.. တိုင်လင်စင်မြင့်က ကောင်တွေက တကယ်ထွက်လာရဲကြတာပဲ "

ထိုစဥ် ရွှမ်လင်နန်းတော်မှ ခေါင်းဆောင်ဖြစ်သူက အေးစက်စက် ပြောလာသည်။

ထိုလူကို မြင်သည်နှင့် အကြီးအကဲရှု မျက်မှောင်ကြုံ့သွား၏။

" ခူဟွင်းကျီ ပါလား... "

ရှောက်ရလည်း အံ့အားသင့်သွားသည်။

" အဲ့လူက တကယ်ကြီး သူကိုယ်တိုင် လာခဲ့တာပဲ "

လောထျန်း နားမလည်သည့်ပုံ ဖြစ်သွားကာ မေးရှာ၏။

" အဲ့လူက ဘယ်သူလဲ "

ရှောက်ရက မြန်မြန်ရှင်းပြသည်။

" ရွှမ်လင်နန်းတော်ရဲ့ ဂိုဏ်းချုပ်ကြီးက ကွမ်ဝမ်ယွိရဲ့ ဆရာပဲ "

လောထျန်း မျက်မှောင်ကြုံ့သွားကာ ထပ်မေး၏။

" ကွမ်ဝမ်ယွိဆိုတာ ဘယ်သူလဲ.. ကျုပ် သူ့ကိုလဲ မမှတ်မိပါလား "

ရှောက်ရ : " အဲ့ဒါ ရွှမ်လင်နန်းတော်ရဲ့ နတ်ဘုရားသားတော်ပဲလေ "

သို့သော် လောထျန်းက မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်ဖြင့်သာ ခေါင်းယမ်းပြပါသည်။

" ကျုပ် မမှတ်မိဘူး "

ရှောက်ရ ခေတ္တမျှ စဥ်းစားလိုက်ပြီးမှ ပြော၏။

" အဲ့လူက လက်ထောက်ဂိုဏ်းချုပ်ကြီးဆီကနေ အစီအမံပုံကြမ်းတွေ ဝယ်ပြီးတော့ နောက်ဆုံး ဒေါသထွက်ပြီး သွေးအန်သွားတဲ့သူလေ "

လောထျန်း ထိုစဥ်မှသာ မှတ်မိသွားပါသည်။

" အိုး.. အဲ့အရူးလား "

သူတို့နှစ်ယောက်မှာ အသံကျယ်ကျယ် ပြောနေကြခြင်း ဖြစ်သဖြင့် သူတို့စကားကို ရွှမ်လင်နန်းတော်မှ လူများအပါအဝင် ရှိနေသူအားလုံး ကြားလိုက်ကြပါ၏။.

တဖက်မှ ခူဟွင်းကျီ မျက်နှာဆိုးရွားစွာ ပျက်သွားတော့သည်။

မကြာခင်လေးကပင် ကွမ်ဝမ်ယွိတစ်ယောက် ဒဏ်ရာအပြင်းထန်ရပြီး သတိမေ့လျက်သားဖြင့် ရွှမ်လင်နန်းတော်သို့ ပြန်ရောက်လာခဲ့ပါ၏။ လက်ရှိတွင်လည်း သူ မသန်စွမ်းတစ်ယောက်လို ဖြစ်နေလေပြီ ။

ကွမ်ဝမ်ယွိမှာ ရွှမ်လင်နန်းတော်၏ အနာဂါတ်အတွက် အားလုံးက အမျှော်လင့်ကြီး မျှော်လင့်ထားကြသော ပါရမီရှင်တစ်ယောက် ဖြစ်ပါ၏။

ယခုတွင်မူ.. ထိုသို့သော သူက ဘာမှမသုံးမဝင်တော့ပါချေ။

ဤမျှမကသေးဘဲ ယခု တိုင်လင်စင်မြင့်က ကွမ်ဝမ်ယွိအား ပေါ်တင်ပင် လှောင်ပြောင်နေပါသေးသည်။ ထိုကိစ္စမျိုးကို ခူဟွင်းကျီတစ်ယောက် မည်သို့ သည်းခံနိုင်ပါမည်လဲ ။

" ဟား ဟား.. မင်းက တိုင်လင်စင်မြင့်ရဲ့ လက်ထောက်ဂိုဏ်းချုပ်ကြီး ၊ လောထျန်း မဟုတ်လား "

သူ လောထျန်းအား မျက်မှောင်ကြုံ့ကြည့်ရင်း မေးလိုက်သည်။

လောထျန်းက ခေါင်းညိတ်ပြ၏။

" အမှန်ပဲ "

ခူဟွင်းကျီ နှာခေါင်းရှုံ့လိုက်သည်။

" ကောင်းပြီလေ ၊ မင်းက လက်ထောက်ဂိုဏ်းချုပ်ဆိုတော့ မင်းကိုပဲ ပြောရတာပေါ့ ။ ဒီနေ့မှာ ငါတို့ ရွှမ်လင်နန်းတော်က မင်းတို့ တိုင်လင်စင်မြင့်ကို အစီအမံတိုက်ပွဲ တိုက်ခိုက်ဖို့အတွက် စိန်ခေါ်တယ် ။ ဒါပေမယ့်.. အခုတိုက်ပွဲက သာမာန်တော့မဟုတ်ဘူး ၊ သူသေကိုယ်သေ ကစားပွဲ "

" ဘယ်လို... "

ထိုစကားကို ကြားသောအခါ အကြီးအကဲရှု မျက်နှာထားချက်ချင်းပြောင်းသွားသည်။

လောထျန်းက သူ့ဘက်လှည့်ကြည့်၍ မေး၏။

" သူသေကိုယ်သေ ကစားပွဲဆိုတာ ဘာကိုပြောချင်တာလဲ "

ရှောက်ရက ချက်ချင်းရှေ့ထွက်လာကာ ရှင်းပြရှာသည်။

" ပုံမှန် အစီအမံတိုက်ပွဲတွေမှာဆိုရင် ပြိုင်ဘက်က ရှုံးသွားတာနဲ့ တိုက်ခိုက်မှုကို ရပ်ပစ်ရတယ် ။ ပြိုင်ဘက်ရဲ့ အသက်ကို ရန်မရှာရဘူး ။ ဒါပေမယ့် တစ်ဖက်နဲ့တစ်ဖက်ကြားမှာ ရန်ငြိုးကြီးကြီး ရှိထားရင်တော့

သာမာန်တိုက်ပွဲမျိုးကနေ သူသေကိုယ်သေ တိုက်ပွဲအဖြစ် ပြောင်းသွားနိုင်တယ် ။ အဲ့ကျရင် ပြိုင်ဘက်က တိုက်နေတုန်း သေသွားရင်တောင် ဘာမှလုပ်ပေးစရာမလိုဘူး "

လောထျန်း အံ့သြသွားပုံဖြင့် ပြန်ပြော၏။

" အဲ့ဒါကြီးက.. မကောင်းဘူးနော် "

ထိုစဥ် ခူဟွင်းကျီက လှောင်ပြုံးဖြင့် ပြောလာသည်။

" ဘာလဲ.. ကြောက်နေပြီလား ။ ကြောက်ရင်လဲ ရပါတယ်ကွာ ... မင်းတို့ရဲ့ ရှယ်ယာတွေအားလုံးကို ပေးပြီးတော့ မင်းတို့ရဲ့ ဖန်တီးခြင်းစာကြည့်တိုက်က စာအုပ်တွေအားလုံးကို ပေးရင် ငါက မင်းတို့ကိုလွတ်ပေးမှာပါ "

သူ့စကားဆုံးချိန်မှာပင် ရွှမ်လင်နန်းတော်ဘက်ရှိ လူများထံမှ ရယ်သံကျယ်ကြီး ထွက်လာပါ၏။

" ကြောက်နေကြပြီလား တိုင်လင်စင်မြင့်က အမှိုက်ကောင်တွေ "

" ငကြောက်တွေ.. အရှုံးသာ ပေးလိုက်စမ်းပါကွာ "

တိုင်လင်စင်မြင့်မှ လူများမှာမူ ဘာမှပြန်မပြောနိုင်ကြဘဲ အသံတိတ်နေသည်။

၎င်းကိုမြင်သော ခူဟွင်းကျီ၏ မျက်နှာထက်မှ အပြုံးက ပိုပိုကြီးလာ၏။

ဤတစ်ကြိမ်တွင် သူ တိုင်လင်စင်မြင့်အား ထိန်းချုပ်လိုက်နိုင်ပြီ ထင်ပါသည်။

သို့သော်... ထိုစဥ်တွင် လောထျန်းက သက်ပြင်းချ၍ ပြောလာပါ၏။

" ကျုပ်က ကျုပ်တို့အတွက် မကောင်းဘူးလို့ ပြောနေတာမဟုတ်ဘူး ၊ ခင်ဗျားကြီးတို့အတွက် မကောင်းဘူးလို့ ပြောနေတာ "

" ဟင်... "

သူ့စကားကြောင့် ခူဟွင်းကျီ မှင်သက်သွားပြီးမှ အသံကျယ်ဖြင့် အော်ရယ်လိုက်သည်။

" ကောင်လေး ၊ မင်း ငါတို့ ရွှမ်လင်နန်းတော်ကို စိတ်ပူပေးနေစရာ ဘာအကြောင်းမှ မရှိဘူး ။ ငါ တစ်

ခုပဲ မေးချင်တယ်... ။ မင်းတို့ တိုင်လင်စင်မြင့်က ငါတို့ရွှမ်လင်နန်းတော်ရဲ့ စိန်ခေါ်မှုကို လက်ခံလား "

ခူဟွင်းကျီ ထိုစကားကို ပြောချိန်တွင် သူ့အစွမ်းအစစ်ကိုလည်း ထုတ်ပြလိုက်ပါ၏။

မိုးကြိုးသံများ ရုတ်ချည်းထွက်လာသည်။

မြို့ထဲရှိနေသော လူများအားလုံးပင် ၎င်းကို ရှင်းရှင်းလင်းလင်း ကြားလိုက်ကြရ၏။

တဖက်မှ အကြီးအကဲရှု မျက်နှာဆိုးရွားစွာ ပျက်သွားသည်။

တဖက်လူက တမင်ရည်ရွယ်ချက်ရှိရှိဖြင့် ထိုသို့လုပ်လိုက်ခြင်းဖြစ်ကြောင်း သူမသိဘဲ မနေပါချေ။

ထိုလူက အခွင့်အရေးရတုန်း အစွမ်းထုတ်ပြပြီး တိုင်လင်စင်မြင့်အား ရှင်းပစ်ရန် စီစဥ်နေခြင်းပါပင် ။

ထိုစဥ် လောထျန်းက သက်ပြင်းချကာ ပြောပါ၏။

" ကောင်းပြီလေ ၊ ခင်ဗျားတို့က သေချင်နေမှတော့လဲ ကျုပ်က အဲ့ဆန္ဒကို ဖြည့်ဆည်းပေးရတော့မှာပေါ့ ။ တိုင်လင်စင်မြင့်က စိန်ခေါ်တာကို လက်ခံပါ

တယ် "

သူ့စကားကို ကြားချိန်တွင်မူ ရှောက်ရနှင့် ကျန်လူများ တုန်သွားကြတော့သည်။

လောထျန်းက တိုက်ပွဲကို သဘောတူလိုက်ပြီဖြစ်ရာ သူတို့အားလုံး သေမင်းနှင့် စစ်ခင်းရတော့မည် မဟုတ်ပါလား ။

ထိုစဥ် တိုင်လင်စင်မြင့်မှ အကြီးအကဲတစ်ယောက်က အံကြိတ်ကာ ပြောလာ၏။

" ကိုယ့်လူတို့ ... လက်ထောက်ဂိုဏ်းချုပ်ကြီးရဲ့ နည်းလမ်းကို ရဲရဲကြီး လက်ခံလိုက်ကြပါ ။ ငါတို့ တိုင်လင်စင်မြင့်က ဟိုးရှေးခတ်တည်းက ရှိလာခဲ့တဲ့ အဖွဲ့ကြီးတစ်ခု ဆိုပေမယ့် ... ငါတို့လက်ထက်မှာ တခြားသူတွေရဲ့ သနားညှာတာပေးတာကိုပဲ မျှော်လင့်ပြီးနေလာခဲ့ရတာ ကြာပြီလေ ။ ငါ အဲ့လို ငကြောက်ကြီး ဆက်မလုပ်ချင်တော့ဘူး ။ ဒီနေ့တော့ သေရမယ်ဆိုရင်တောင် ရဲရဲဝံ့ဝံ့ သေမယ်ကွာ "

သူ့ဘေးမှ အခြားသူတစ်ယောက်ကလည်း စိတ်လှုပ်ရှားစွာ ဝင်ပြောသည်။

" ဟုတ်တယ်.. ဒီတိုက်ပွဲမှာ နောက်ဆုတ်ပြီးနေနေရင် ကျုပ်တို့ဘိုးဘေးတွေကို မျက်နှာပြရဲတော့မှာ မဟုတ်ဘူး ။ ကျုပ်လို အဘိုးကြီးက ဒီနေ့သေရလဲ တန်နေပါပြီ "

အကြီးအကဲရှုမှာလည်း ထိုလူများ၏ စကားကိုနားထောင်ရင်း မျက်နှာထား ကြိမ်ဖန်များစွာ ပြောင်းသွားပြီးမှ အောင့်သက်သက်ပြုံး၍ ပြော၏။

" စောနကတော့ ကျုပ်စိတ်ထဲမှာ မရေမရာ ဖြစ်နေခဲ့ပေမယ့် ... ခင်ဗျားတို့နှစ်ယောက် ပြောတဲ့စကားတွေကို ကျုပ်ကိုယ်တိုင် ပြောခဲ့သင့်တာ ။ ဒါပေမယ့် အဲ့ဒါက အရေးမကြီးပါဘူးလေ .... သေခါမှသေရော .. ကျုပ်တို့ တိုင်လင်စင်မြင့်ရဲ့ ဂုဏ်သိက္ခာကိုတော့ အထိခိုက်ခံလို့ မဖြစ်ဘူး "

" ဟုတ်တယ် "

" အသေတိုက်ခိုက်ကြမယ် "

အားလုံး တစ်ယောက်တစ်ပေါက် အော်ပြောလိုက်ကြသည်။

အစောပိုင်းတွင် သူတို့၏ မျက်ဝန်းထဲ၌ ကြောက်ရွံ့မှုတို့ ပြည့်နေခဲ့သော်လည်း...

ယခုတွင်မူ ရဲရင့်မှုတို့ အစားထိုးနေကာ လေးစားစရာပင် ကောင်းနေပါတော့သည်။

၎င်းကိုမြင်သော လောထျန်းတစ်ယောက် အနည်းငယ်ပင် အံ့သြသွားပါ၏။

" ရုတ်တရက်ကြီး ဘယ်လိုဖြစ်လို့ စိတ်ကူးပြောင်းသွားကြတာပါလိမ့် "

သူ တွေးလိုက်သည်။

ထိုစဥ် ခူဟွင်းကျီက ရယ်ရင်းပြောလာသည်။

" ကောင်းပြီလေ ၊ မင်းတို့ကိုယ်တိုင် ပြောတာနော် ။ ကဲ... ရွှမ်လင်နန်းတော်ရဲ့ ဘယ်တပည့်က ပထမဆုံးတိုက်ပွဲကို တိုက်ခိုက်ချင်လဲ "

သူ့စကား ဆုံးချိန်မှာပင် လူအုပ်ထဲမှ တစ်ယောက်က အသံကျယ်ဖြင့် အော်ပြော၏။

" ဂိုဏ်းချုပ်ကြီး ၊ ကျုပ် တိုက်ခိုက်ပါမယ် "

887

ခူဟွင်းကျီ စကားပြောလိုက်သူကို လှည့်ကြည့်ပြီးနောက် မျက်လုံးများ အရောင်လက်သွားသည်။

" ဟား ဟား.. ကောင်းတယ်ကွာ ၊ ဘာမှ ညှာတာပေးမနေနဲ့နော် "

သူ ပြောပြီး ဘေးဖယ်နေလိုက်၏။

တဖက်လူက ဦးညွှတ်၍ ပြောသည်။

" ကျုပ် ဂိုဏ်းချုပ်ကြီးရဲ့ ယုံကြည်ချက်ကို အလကားမဖြစ်စေရပါဘူး "

သူ ပြောကာ ရှေ့သို့ လျှောက်သွား၏။

တဖက်မှ ရှောက်ရနှင့် ကျန်လူများမှာလည်း သူ့ကိုတွေ့သည်နှင့် ဒေါသငွေ့လွှမ်းနေသည့် မျက်နှာထားများ ဖြစ်သွားကြသည်။

" ယီဟိုင်ကျဲ့ ၊ မျိုးမစစ်ကောင် ... "

အကြီးအကဲရှု အံကြိတ်ကာ ဆဲရေးလိုက်၏။

လောထျန်း အံ့အားသင့်သွားကာ ရှောက်ရဘက် လှည့်ကြည့်လိုက်သည်။

ရှောက်ရက ချက်ချင်းရှင်းပြ၏။

" လက်ထောက်ဂိုဏ်းချုပ်ကြီး ၊ အဲ့တစ်ယောက်က အရင်တုန်းက ကျွန်မတို့ တိုင်လင်စင်မြင့်ကပဲ ။ အရင် ဂိုဏ်းချုပ်ကြီးရဲ့ တပည့်ပေါ့ ။ ဂိုဏ်းချုပ်ကြီးကဆိုရင် သူ့ကို တိုင်လင်စင်မြင့်ရဲ့ အနာဂါတ်မျှော်လင့်ချက်လို သဘောထားပြီးတော့ တတ်နိုင်သမျှ အရင်းအမြစ်တွေ အကုန်ပေးခဲ့တာ ။ ဒါပေမယ့် နောက်တော့ အဲ့ကောင်က ဂိုဏ်းချုပ်ကြီးကို သစ္စာဖောက်ပြီး ဂိုဏ်းချုပ်ကြီးရဲ့ ရန်သူတွေနဲ့ သွားပူးပေါင်းခဲ့တယ်လေ ။ ပြီးတော့ ဂိုဏ်းချုပ်ကြီးကိုပါ သတ်ဖို့ကြိုးစားခဲ့သေးတယ်... အဲ့ပွဲမှာ ကျွန်မတို့ ဂိုဏ်းချုပ်ကြီး ဒဏ်ရာအပြင်းထန် ရခဲ့တာ "

" နောက်တော့ ဒီသစ္စာဖောက်ကောင်က တိုင်လင်စင်မြင့်ကနေ ထွက်ပြေးပြီး ရွှမ်လင်နန်းတော်ဆီ ပြေးသွားခဲ့တယ် ။ ဒါတင်မကသေးဘူး.. ကျွန်မတို့ တိုင်လင်စင်မြင့်ကိုလဲ အခွင့်အရေးရတိုင်း ပစ်မှတ်ထားတိုက်ခိုက်ခဲ့သေးတာ ။ သူ့ကြောင့်သာမဟုတ်ရင် ကျွန်မတို့ တိုင်လင်စင်မြင့်က ခုလောက်အခြေအနေ

ဆိုးမှာ မဟုတ်သလို ၊ ဂိုဏ်းချုပ်ကြီးကလဲ အသက်အန္တရာယ်ရှိနိုင်တယ့် ကိစ္စကို လုပ်ရမှာမဟုတ်ဘူး ။ ခုတော့... ဂိုဏ်းချုပ်ကြီး သေလား ၊ ရှင်လားဆိုတာလဲ မသိဖြစ်နေပြီ "

ရှောက်ရ ပြောနေရင်း ဒေါသပိုထွက်လာဟန်တူကာ မျက်လုံးများ နီရဲနေတော့သည်။

လောထျန်း သဘောပေါက်သွားပါ၏။

သူ ယီဟိုင်ကျဲ့ကို ကြည့်သောအကြည့်တွင်လည်း အေးစက်မှုတို့ အပြည့်.

တဖက်မှ ယီဟိုင်ကျဲ့က လှောင်သံဖြင့် ပြောလာပါသည်။

" ရှောက်ရ.. အဲ့လောက်စကားလုံးကြမ်းကြမ်းတွေ မပြောစမ်းပါနဲ့ကွာ ။ အဲ့အဘိုးကြီးက ငါ့ကိုကောင်းပေးခဲ့တယ်ဆိုပေမယ့် ဘာမှ ပြောပလောက်တာ မဟုတ်ဘူးလေ "

အကြီးအကဲရှု အေးစက်စက် အော်လိုက်၏။

" ယီဟိုင်ကျဲ့ ... မျိုးမစစ်ကောင် ၊ မင်းက မွေး

ကတည်းက အဆိပ်ခန္ဓာကိုယ်နဲ့ မွေးလာတဲ့ကောင်ကွ ။ မင်း ဘယ်လိုပဲကျင့်ကြံကျင့်ကြံ ၊ အဲ့ခန္ဓာကိုယ်နဲ့ အသက်တစ်ရာထက် ပိုနေရမှာမဟုတ်ဘူး ။ အဲ့တုန်းကဆိုရင် ငါတို့ဂိုဏ်းချုပ်ကြီးက သူ့ရဲ့ စိတ်ဝိဥာဥ်အစွမ်းကို အထိခိုက်ခံပြီးတော့ မင်းရဲ့ အဆိပ်ခန္ဓာကိုယ်ကို ကုသပေးပြီး အသက်သေမလိုတောင် ဖြစ်ခဲ့ရတာ ။ ဒါနဲ့များတောင် မင်းက ခုလိုစကားမျိုး ပြောရဲနေတယ်ပေါ့ "

ယီဟိုင်ကျဲ့က လှောင်သံဖြင့်ပင် ပြန်ပြောပါသည်။

" အပြောကတော့ ကောင်းတယ်ကွာ ။ သူက ငါ့ကို ကုသပေးခဲ့တယ်ဆိုပေမယ့် ငါ့ရဲ့ ပါရမီကို အလေးမထားခဲ့ဘူးလေ ။ ငါက တိုင်လင်စင်မြင့်ကို ပြန်တိုးတက်လာအောင် လုပ်နိုင်မလားဆိုတဲ့ မျှော်လင့်ချက်နဲ့သာ သူ ငါ့ကို လုပ်ပေးခဲ့တာ ။ ပြီးတော့.. ငါ့အသက်ကို ကယ်ပေးပါလို့ရော ငါက သူ့ကိုတောင်းဆိုခဲ့လို့လား "

" မင်း .... "

တိုင်လင်စင်မြင့်မှ လူများအားလုံး မကျေမနပ် ဖြစ်ကုန်ကြ၏။

ထိုကောင်မှာ အရှက်မဲ့လွန်းလှပါသည်။

သူ့ကို ပထမဆုံးစတွေ့ဖူးသော လောထျန်းသည်ပင် ဒေါသထွက်လွန်း၍ သွားများယားလာ၏။

ထိုစဥ် ယီဟိုင်ကျဲ့က လှောင်ပြုံးဖြင့် ဆက်ပြောသည်။

" ကဲပါ.. အဲ့ဒါတွေပြောနေလို့လဲ ဘာမှ အကျိုးမရှိဘူး ။ နောက်ဆုံးမှာ ဘယ်သူက အစွမ်းသာလဲဆိုတာပဲ အရေးကြီးတာ ။ ကဲ.. မင်းတို့တိုင်လင်စင်မြင့်က ဘယ်သူ ငါနဲ့တိုက်ခိုက်ရဲလဲ ။ မင်းတို့ကို တစ်ခုတော့ ကြိုသတိပေးထားမယ်နော် .. ငါက မင်းတို့သိရဲ့ အရင်ပုံစံ မဟုတ်တော့ဘူးကွ ။ ငါက အခုဆို အဆင့်ခြောက် မသေမျိုးအစီအမံပညာရှင် ဖြစ်နေပြီ "

" ဘယ်လို ... "

တိုင်လင်စင်မြင့်မှ လူများအားလုံး ရင်ထဲဗြောင်းဆန်ကုန်ကြသည်။

ထို ယီဟိုင်ကျဲ့က အဆင့်ခြောက် မသေမျိုးအစီအမံ

ပညာရှင်တောင် ဖြစ်သွားပြီတဲ့လား ..

လက်ရှိ တိုင်လင်စင်မြင့်တွင် ထိုအဆင့်ကို ယှဥ်နိုင်သူမှာ လောထျန်းမှလွဲ၍ အခြားမရှိပါ ။

ထိုကောင်က ၎င်းကို သိထားသောကြောင့်လည်း ယခုလို အတင့်ရဲနေခြင်းပင် ။

" ဘာလဲ .. မင်းတို့က အဲ့လောက်တောင် သတ္တိမရှိကြဘူးလား ။ ကြည့်ရတာ ငါ ဒီနေ့ တိုင်လင်စင်မြင့်ကို ဖိနှိပ်လိုက်နိုင်ပြီနဲ့ တူတယ် "

ယီဟိုင်ကျဲ့ ပြောကာ အားပါးတရ အော်ရယ်လိုက်သည်။

အကြီးအကဲရှုက အံကြိတ်၍ ပြော၏။

" အဲ့လောက် မောက်မာမနေနဲ့ မျိုးမစစ်ကောင်လေး ။ ငါ မင်းနဲ့ တိုက်ခိုက်မယ် "

သူ ပြောပြီး ရှေ့တိုးရန် ပြင်လိုက်သည်။

သူ ယီဟိုင်ကျဲ့အား ယှဥ်နိုင်မည်မဟုတ်မှန်း သိသည့်တိုင် ... ယခုမှ နောက်ဆုတ်နေ၍လည်း မဖြစ်တော့ပါ ။

၎င်းကိုမြင်သော ယီဟိုင်ကျဲ့က လှောင်ပြုံးဖြင့် ထပ်ပြောလာသည်။

" မင်းကလား ... ဟားဟား .. ငါ အဆင့်လေး အစီအမံပညာရှင်အဆင့်မှာပဲ ရှိတုန်းကတောင် မင်းကို ဖိနှိပ်ထားနိုင်ခဲ့တာပါကွာ ။ အခု မင်းက ငါ့ကို တိုက်ခိုက်ရဲတယ်ပေါ့လေ ။ မင်း သေချင်နေတာနဲ့တူတယ် "

အကြီးအကဲရှု မျက်နှာကြီးသာ သုန်မှုန်နေပြီး ဘာစကားမှမဆိုဘဲ ရှေ့တိုးရန် ပြင်လိုက်၏။

သို့သော် ထိုစဥ်တွင်..

" ခဏနေဦး .. "

လောထျန်းက ရုတ်တရက်ပြောလာသည်။

" ဟင်.. ဘာဖြစ်လို့လဲ လက်ထောက်ဂိုဏ်းချုပ်ကြီး.. "

အကြီးအကဲရှု အံ့သြသွားကာ လောထျန်းဘက် လှည့်ကြည့်လိုက်၏။

လောထျန်းက အေးအေးဆေးဆေးပင် ပြောသည်။

" ဒီပွဲကို ခင်ဗျား ဝင်တိုက်စရာမလိုဘူး "

" ဘယ်လို.. "

အကြီးအကဲရှု မှင်သက်သွား၏။

သူ ဝင်မတိုက်လျှင် ဘယ်သူ့ကို တိုက်ခိုက်ခိုင်းရပါမည်လဲ ...

တိုင်လင်စင်မြင့်တွင် လောထျန်းကို ဖယ်လိုက်ပါက သူသည် အစွမ်းအထက်ဆုံး လူများထဲမှ တစ်ယောက်ဖြစ်ပါသည်။

လောထျန်းကိုယ်တိုင် ဝင်တိုက်တော့မည်လား...

သို့သော် ယခုမှ ပထမဆုံးပွဲသာ ရှိပါသေး၏။

" လက်ထောက်ဂိုဏ်းချုပ်ကြီး ၊ ကျုပ်ကို တိုက်ခိုက်ခွင့်ပြုပါ "

ထိုစဥ် တိုင်လင်စင်မြင့်မှ အကြီးအကဲကျန့် က ခေတ္တမျှ စဥ်းစားပြီးနောက် ရှေ့တိုးကာပြောလာသည်။

လောထျန်းက လက်ကာပြ၍ ပြော၏။

" ခင်ဗျားလဲ တိုက်ခိုက်စရာ မလိုသေးဘူး "

" ဟင် ... "

အားလုံး အံ့အားသင့်ကုန်ကြပါသည်။

ယီဟိုင်ကျဲ့က လောထျန်းအား မျက်မှောင်ကြုံ့ကြည့်ကာ ပြောလာ၏။

" မင်းက လောထျန်း မဟုတ်လား ။ သူတို့ကို မတိုက်ခိုင်းဘူးဆိုတော့ မင်းကိုယ်တိုင် ဝင်တိုက်မလို့လား ။ ကောင်းပြီလေ... တိုင်လင်စင်မြင့်ရဲ့ လက်ထောက်ဂိုဏ်းချုပ်ကြီးက ဘယ်လိုအဆင့်ရှိလဲဆိုတာ ကြည့်ကြတာပေါ့ "

သူ ပြောပြီး လောထျန်းအား ရန်စစိန်ခေါ်သည့် အကြည့်ဖြင့် ကြည့်သည်။

သို့သော် လောထျန်းက သူ့အား အထင်သေးသည့် မျက်လုံးဖြင့်သာ ပြန်ကြည့်၍ ဆို၏။

" မင်းက ငါတိုက်ခိုက်တာကို ခံရဖို့ ထိုက်တန်တယ်ထင်လို့လား "

" မင်း.. ဘာပြောလိုက်တယ် "

ယီဟိုင်ကျဲ့ ဒေါသူပုန်ထသွားတော့သည်။

တိုင်လင်စင်မြင့်မှ လူများအားလုံးမှာမူ မှင်သက်ကုန်ကြပြန်၏။

လောထျန်းက ကိုယ်တိုင်လည်း မတိုက်ခိုက်ဘူးဆိုလျှင် ...

ထိုသစ္စာဖောက်ကောင်ကို မည်သူနှင့် တိုက်ခိုက်ခိုင်းပါမည်လဲ ။

ထိုစဥ် လောထျန်းက နောက်လှည့်ကာ ရှောက်ရရှိသည့်ဘက် လှမ်းကြည့်သည်။

ရှောက်ရ အံ့အားသင့်သွားပြီး သူမကိုယ်သူမ လက်ညိုးထိုး၍ မေး၏။

" ကျွန်မလား ... "

သူမသည် ကိုယ့်အစွမ်းကိုယ် ကောင်းကောင်းသိထားသူဖြစ်ရာ.. ယီဟိုင်ကျဲ့ကိုသာ ထွက်တိုက်ခိုက်ပါက

ကိုယ့်ကိုကိုယ် သေကြောင်းကြံလိုက်သလို ဖြစ်မည်မှန်း မသိဘဲမနေပါချေ။

သို့သော် လောထျန်းက ပြန်ပြောလာသည်။

" မင်းက ရှေ့က ပိတ်နေတာ "

ရှောက်ရ အံ့သြသွားပြန်ပြီး ချက်ချင်းဘေးဖယ်ကာ နောက်လှည့်ကြည့်လိုက်သည်။

အနောက်ဘက်တွင်မူ လောထျန်းနှင့်အတူ ပြန်ပါလာခဲ့ကြသည့် သူတောင်းစားအုပ် တစ်အုပ် ....

" ဘာတွေဖြစ်နေတာလဲ ။ လက်ထောက်ဂိုဏ်းချုပ်ကြီးက အဲ့သူတောင်းစားတွေကို တိုက်ခိုက်ခိုင်းမလို့လား ။ လက်ထောက်ဂိုဏ်းချုပ်ကြီးက ငါတို့အသက်တွေ မဆုံးရှုံးအောင်လို့ သူတို့ကို အစားသေခိုင်းမလို့လား မသိဘူး "

ရှောက်ရ စိတ်ထဲမှ ကြိတ်၍ ခန့်မှန်းကြည့်လိုက်သည်။

ထိုစဥ် လောထျန်းက ပြောလာ၏။

" ခင်ဗျားတို့ထဲက တစ်ယောက်ရွေးပြီးတော့ ဒီပွဲကို တိုက်ခိုက်လိုက် "

သူ့စကားဆုံးသည်နှင့် အားလုံးက အထင်သေးသည့် မျက်နှာထားကိုယ်စီဖြင့် နောက်သို့ ခြေတစ်လှမ်းစီ ဆုတ်လိုက်ကြသည်။

" သခင်ကြီးမာ.. ခင်ဗျားသွားလိုက်ပါလား "

တစ်ယောက်က လေသံတိုးတိုးဖြင့် ပြောသည်။

သခင်ကြီးမာက သုန်မှုန်နေသော မျက်နှာထားဖြင့် ပြန်ပြော၏။

" နောက်နေတာလားကွ ။ ငါ့ကို အဆင့်ခြောက် မသေမျိုးအစီအမံပညာရှင် တစ်ယောက်နဲ့ သူသေကိုယ်သေ သွားတိုက်စေချင်တာလား ။ ငါ မျက်နှာပျက်ရမှာပေါ့ကွ ။ သခင်ကြီး တင်း ၊ ခင်ဗျားသွားပါလား "

တဖက်မှ သခင်ကြီး တင်းဖန့်လုံကလည်း မျက်နှာကြီးရှုံ့မဲ့၍ ပြောသည်။

" မင်းက မျက်နှာမပျက်ချင်ဘူးဆိုတော့ ငါကတော့ အပျက်ခံနိုင်တယ်ဆိုတဲ့ သဘောလား ။ ငါ မသွားဘူး.. မင်းတို့ထဲက သွားချင်တဲ့သူသွား "

သူတို့လူစုမှာ မည်သူမှ ရှေ့မထွက်ချင်ကြဘဲ တစ်

ယောက်ကိုတစ်ယောက် ဟိုတွန်းဒီထိုးဖြင့် လုပ်နေကြပါ၏။

ထိုမြင်ကွင်းက အပြင်လူများအတွက် အဓိပ္ပါယ်တစ်မျိုး သက်ရောက်သွားပါသည်။

" ကြည့်ရတာ ဘယ်သူမှ မသေချင်ကြဘူးနဲ့တူတယ် "

ရှောက်ရစိတ်ထဲမှ တွေးလိုက်သည်။

ထိုစဥ် တဖက်မှယီဟိုင်ကျဲ့က အေးစက်စက် နှာခေါင်းရှုံ့၏ ။

" မင်းတို့ တိုင်လင်စင်မြင့်က အဲ့အကြံနဲ့ စိန်ခေါ်တာကို တမင်လက်ခံခဲ့တာ မဟုတ်လား ။ မင်းတို့ကိုယ်စား ဘာမဟုတ်တဲ့ သူတောင်းစားတစ်စုကိုပဲ အသေခံခိုင်းမယ်ပေါ့လေ ။ အဲ့ကောင်တွေ သေသွားရင်တောင် မင်းတို့တိုင်လင်စင်မြင့်က လူတွေကတော့ ဘေးကင်းမယ်ပေါ့ ။ လောထျန်း ... ငါ မင်းကို လျှော့တွက်ခဲ့မိတာပဲ "

ထို့နောက် သူ လောထျန်းနောက်မှ လူများကိုကြည့်ကာ ဆက်ပြောသည်။

" ကောင်းပြီလေ.. အဲ့လိုဆိုတော့လဲ မင်းတို့ရဲ့ဆန္ဒကို ဖြည့်ပေးရတာပေါ့ ။ ဟိုအဘိုးကြီး ... ငါ မင်းကို မကြိုက်ဘူး ၊ အခု ထွက်လာပြီး အသေခံလိုက်တော့ "

သူ ပြောကာ လူအုပ်ထဲမှ ကမ်းဖျင်အား ညွှန်ပြလိုက်သည်။

အားလုံး၏ အကြည့်ကလည်း ကမ်းဖျင်ဆီ ရောက်သွားပါ၏။

စန့်ထျန်းရှေးဟောင်းနယ်မြေမှ ထွက်လာခဲ့ကြသည့်သူများအားလုံး ယုတ်မာသည့် အပြုံးမျက်နှာများ ဖြစ်ကုန်ကြသည်။

ကမ်းဖျင်မှာကား နဖူးကြောကြီးများပင် ထောင်သွား၏။

သူ့အား ထိုသို့ အထင်သေးစွာ ဆက်ဆံသည်ကို တစ်ခါမှ မခံခဲ့ရဖူးပါချေ ။

ယခု သူ့ထက်ငယ်ဟန်တူသော ကောင်တစ်ကောင်က

သူ့ကိုသတ်ရန် စိန်ခေါ်နေသတဲ့လား...

ယခုလိုအခြေအနေရောက်မှ သူ နောက်ဆုတ်၍လည်း မဖြစ်တော့ပါ ။

" ဟမ့်... လာပြီ "

သူ ပြောပြီး ယီဟိုင်ကျဲ့ထံ လျှောက်သွားလိုက်သည်။

" မင်းက ငါနဲ့ လာယှဥ်ရဲနေတယ်ပေါ့လေ "

သူ မျက်နှာကြီးသုန်မှုန်လျက် ယီဟိုင်ကျဲ့ကို ကြည့်လိုက်၏။

တဖက်မှ ယီဟိုင်ကျဲ့လည်း စုတ်စုတ်ပြတ်ပြတ်ပုံ ပေါက်နေသော ကမ်းဖျင်ကိုပြန်ကြည့်ကာ အေးစက်စက်ပြောသည်။

" မင်းလိုလူတစ်ယောက်နဲ့ အစီအမံပညာမှာ ယှဥ်ရတာ အချိန်ဖြုန်းတာနဲ့ အတူတူပဲ ။ အဲ့တော့ စိတ်ဝိဥာဥ်အစွမ်းချင်းပဲ တိုက်ရိုက်ယှဥ်ကြတာပေါ့ "

ထိုစကားကို ကြားသောအခါ ကမ်းဖျင်တစ်ယောက်

ဒေါသပိုထွက်သွားပါတော့သည်။ သူ ယီဟိုင်ကျဲ့ကိုကြည့်ကာ အံကြိတ်၍ ပြောလိုက်၏။

" မြေးလေး ... အဲ့ဒါ မင်းကိုယ်တိုင် ရွေးချယ်တာနော် "

All Chapters