← Chapters

အခန်း (၈၈၈+၈၈၉)

Vol. 63 Ch. 888+889

အခန်း (၈၈၈+၈၈၉)

Vol. 63 Ch. 888+889

888

ယီဟိုင်ကျဲ့က လှောင်ပြုံးဖြင့် ပြန်ပြောသည်။

" ခုလိုဖြစ်နေတာတောင် မင်းပါးစပ်က အဲ့စကားမျိုး ပြောရဲသေးတယ်ပေါ့ ။ မင်းက တော်တော်လေးတော့ သတ္တိရှိသားပဲကွ ။ ဒါပေမယ့် အဲ့ဒါတွေအကုန် အလကားဖြစ်သွားတော့မှာ "

ဝီ ...

စကားဆုံးချိန်မှာပင် သူ့စိတ်ဝိဥာဥ်အစွမ်းက ရုတ်တရက် ပေါက်ထွက်လာပြီး အရိပ်ကြီးတစ်ခုအဖြစ် ပြောင်း၍ ကမ်းဖျင်ထံ တိုးဝင်သွား၏။

" ဟာ.. မဖြစ်ဘူး "

တဖက်မှ ရှောက်ရနှင့် ကျန်လူများ မျက်နှာဖြူရော်သွားကြကာ တိုက်ရိုက်ပင် မကြည့်ရဲဘဲ မျက်နှာလွဲလိုက်ကြသည်။

အခြားတဖက် ရွှမ်လင်နန်းတော်မှ လူများမှာမူ အပြုံးမျက်နှာကိုယ်စီဖြင့် အေးအေးလူလူ စောင့်ကြည့်နေကြ၏။

ထိုစဥ်မှာပင် ကမ်းဖျင်၏ မျက်လုံးအကြည့် အနည်းငယ်လှုပ်ရှားသွားကာ..

ဝုန်း ...

ဧရာမ စိတ်ဝိဥာဥ်အစွမ်း လှိုင်းလုံးကြီးတစ်ခု ရုတ်ချည်းပေါ်လာပြီး လေထဲမှ ကျလာသည်။

ဝုန်း ..

ထိုလှိုင်းလုံးကြီးက ယီဟိုင်ကျဲ့ဆီ တိုက်ရိုက် တိုးဝင်သွား၏။

ယီဟိုင်ကျဲ့၏ ခန္ဓာကိုယ်ရော ၊ စိတ်ဝိဥာဥ်ပါ တမဟုတ်ချင်း ပြိုကွဲသွားပါတော့သည်။

သူ ဤကမ္ဘာကြီး၌ ဘယ်တုန်းကမှ မရှိခဲ့ဖူးသည့်အလား ဖုန်မှုန့်လေးတစ်မှုန့်ပင် မကျန်ခဲ့ပါ ။

" ကဲ.. ပြီးသွားပြီမလား "

ကမ်းဖျင် ရေရွတ်ပြီး ရွှမ်လင်နန်းတော်မှ လူများ

ဘက် လှည့်ကြည့်လိုက်သည်။

သူ့အကြည့်ကို ခံလိုက်ရသော ရွှမ်လင်နန်းတော်မှ လူများအားလုံး တုန်သွားကြ၏။

" ဘာတွေ.. ဖြစ်နေတာလဲ... "

" ယီဟိုင်ကျဲ့ ဘယ်ရောက်သွားပြီလဲ.. သူ ပျောက်သွားတာလား "

အားလုံး တုန်လှုပ်နေတော့သည်။

ထိုစဥ် ခူဟွင်းကျီက ကမ်းဖျင်အား မျက်မှောင်ကြုံ့ကြည့်ကာ ဒေါသတကြီး ပြောလာ၏။

" မင်း ဘာလုပ်လိုက်တာလဲ "

ကမ်းဖျင်က မျက်တောင်ပုတ်ခတ်ပုတ်ခတ်ဖြင့် ပြန်ပြောသည်။

" ငါက ဘာလုပ်လို့လဲ ။ ဒီပွဲကို သူသေကိုယ်သေ တိုက်ပွဲလို့ မင်းတို့ကိုယ်တိုင် ပြောထားတာမဟုတ်ဘူးလား ။ ပြီးရင် ဟိုကောင်က စိတ်ဝိဥာဥ်အစွမ်းချင်း ယှဥ်တိုက်မယ်ပြောလို့ ငါက တိုက်ခိုက်ပြီးတော့ သူ့

ကိုသတ်ခဲ့တာလေ ။ အဲ့လိုမလုပ်ဘဲ ငါက တခြားဘာလုပ်ရမှာလဲ "

သူ့စကားဆုံးသည်နှင့် ရွှမ်လင်နန်းတော်ဘက်မှ လူများ ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြသည်။

" ဒါ.. ဘယ်လိုဖြစ်နိုင်မှာလဲ ။ ယီဟိုင်ကျဲ့ရဲ့ အစွမ်းက သာမာန် အဆင့်ခြောက် မသေမျိုးအစီအမံပညာရှင်လို မဟုတ်ဘူးလေ ။ သူ ဘယ်လိုလုပ်ပြီး အပျောက်ရှင်းခံလိုက်ရတာလဲ... "

" ဟုတ်တယ် ။ တကယ်လို့ သူ ရှုံးသွားရင်တောင် အစအနလေးတော့ ကျန်ရမှာမဟုတ်ဘူးလား ။ အခု အဲ့လိုကြီး တစ်ချက်တည်းနဲ့ အသတ်ခံလိုက်ရတာလား "

အားလုံး နားမလည်နိုင် ဖြစ်နေကြပါသည်။

ထိုစဥ် ရွှမ်လင်နန်းတော်မှ လူတစ်ယောက်က ကမ်းဖျင်အား အချိန်အတန်ကြာ စိုက်ကြည့်နေပြီးမှ ရုတ်တရက်ပြောလာ၏။

" ဟင်.. တကယ်ကြီး သူပဲ... "

" ဘာ.. ဘယ်သူလဲ "

ခူဟွင်းကျီ ထိုလူဘက်လှည့်၍ မေးလိုက်သည်။

ထိုလူက ကမ်းဖျင်အား လက်ညိုးထိုးကာ တုန်တုန်ယင်ယင် ပြောသည်။

" ကျုပ် အဲ့လူရဲ့ ပုံတူပန်းချီကို တစ်နေရာမှာ တွေ့ဖူးတယ် ။ သူ.. သူက ကမ်းဖျင်ပဲ ၊ လွန်ခဲ့တဲ့ နှစ်တစ်သောင်းလောက်က နာမည်ကျော်တဲ့ မသေမျိုးအစီအမံပညာရှင်ကြီး တစ်ယောက်ပေါ့ "

သူ့စကားကြောင့် ခူဟွင်းကျီတစ်ယောက် မျက်လုံးပြူးသွားတော့သည်။

ထို့နောက်.. သူ ကမ်းဖျင်ဘက် ချက်ချင်းလှည့်ကြည့်ကာ မေး၏။

" မင်းက... သခင်ကြီး ကမ်းဖျင် လား.. "

ထိုစကားကို ကြားသောအခါ ကမ်းဖျင်တစ်ယောက် ကျေနပ်နေသည့် မျက်နှာထားဖြစ်သွားပြီး ပြန်ပြောသည်။

" ဒီလောက် နှစ်တွေအကြာကြီး ဂူအောင်းကျင့်ကြံနေ

ခဲ့တာတောင် ငါ့ကို မှတ်မိတဲ့သူတွေ ရှိနေသေးတာပဲ "

ခူဟွင်းကျီ မျက်နှာကြီး သွေးဆုတ်ဖြူရော်သွားတော့၏။

" အဲ့လိုလူတစ်ယောက်က တိုင်လင်စင်မြင့်မှာ ဘယ်တုန်းကပေါ်လာခဲ့တာလဲ "

သူ တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။

ထိုစဥ် ရွှမ်လင်နန်းတော်မှ လူငယ်တစ်ယောက်က လေသံတိုးတိုးဖြင့် မေးပါ၏။

" ဂိုဏချုပ်ကြီး ၊ အဲ့ ကမ်းဖျင်ဆိုတဲ့သူက အရမ်းအစွမ်းထက်လို့လား "

ခူဟွင်းကျီ အံကြိတ်၍ ပြန်ပြောသည်။

" အစွမ်းထက်တယ်ကွ ၊ မယုံနိုင်စရာ ကောင်းလောက်အောင်ကို အစွမ်းထက်တာ ။ အဲ့လူက အစီအမံပညာ သင်ပေးတဲ့ ကျောင်းတစ်ခုကိုလဲ တည်ထောင်ခဲ့ဖူးသေးတယ် ။ အဲ့က ဆရာတိုင်းကလဲ သူ့ကို လေးစားကြရတာ "

" ဘယ်လို... "

တဖက်လူငယ် တုန်လှုပ်သွားတော့သည်။

ထိုစဥ် ခူဟွင်းကျီက ကမ်းဖျင်အား ဦးညွှတ်ကာ အပြုံးဖြင့်ဆို၏။

" သခင်ကြီးကမ်းဖျင် ၊ သခင်ကြီး တိုင်လင်စင်မြင့်ကို ရောက်နေတယ်ဆိုတာ ကျုပ် တကယ်မသိခဲ့လို့ပါ ။ ဒါပေမယ့်.. သခင်ကြီးက တိုင်လင်စင်မြင့်ရဲ့ အစွမ်းကို နားလည်မယ်လို့ ထင်ပါတယ် ။ အဲ့လူတွေက သခင်ကြီးလိုအပ်တာကို ဘာမှလုပ်ပေးနိုင်မှာမဟုတ်ဘူး ။ ဒါကြောင့်မို့ သခင်ကြီးကို ကျုပ်တို့ ရွှမ်လင်နန်းတော်ဆီ လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ် "

ကမ်းဖျင် မျက်ခုံးပင့်သွားသည်။

" မင်းတို့ ရွှမ်လင်နန်းတော်က တိုင်လင်စင်မြင့် မပေးနိုင်တဲ့ ဘယ်လိုအရာမျိုးကို ပေးနိုင်မှာလဲ ပြောစမ်းပါဦး "

ခူဟွင်းကျီ ပြန်ပြောပါသည်။

" သခင်ကြီးသာ ကျုပ်တို့ ရွှမ်လင်နန်းတော်ရဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်လာရင် ကျုပ်တို့မှာရှိတဲ့ အဖိုးတန်ဆုံး ရတနာဖြစ်တဲ့ ၊ အဆင့်ကိုး မသေမျိုးအစီအမံနဲ့ ရွှမ်လင်အစီအမံ လုပ်တဲ့နည်းကို ပေးမှာ

ပါ "

" ရွှမ်လင်အစီအမံဆိုတာ ချင်းယွမ်ဒေသမှာရှိတဲ့ အဆင့်ကိုး မသေမျိုးအစီအမံ အခုသုံးဆယ်ထဲက တစ်ခုဗျ ။ သူ့ရဲ့အစွမ်းကလဲ အင်မတန်ကို ကြောက်စရာကောင်းတယ် ။ အဲ့အစီအမံက သခင်ကြီးအတွက်တောင် အများကြီး အထောက်အကူပြုပေးနိုင်မှာပါ "

သူ ထိုသို့ပြောပြီး ကမ်းဖျင်အား ယုံကြည်ချက်အပြည့်ဖြင့် ကြည့်လိုက်သည်။

ကမ်းဖျင်က သူ့အဆိုကို ငြင်းစရာ ဘာအကြောင်းမှ ရှိမည်မဟုတ်ဟုလည်း သူ ထင်ပါ၏။

သို့သော် ...

ထွီ...

ကမ်းဖျင်က တံတွေးထွေးကာ ပြောလာသည်။

" မင်းတို့ ရွှမ်လင်နန်းတော်က ငါ့ကို အဖွဲ့ဝင်အဖြစ်ခန့်ဖို့ အရည်အချင်းပြည့်တယ်များ ထင်နေတာလားကွ

။ ငါ မင်းကိုပြောလိုက်မယ်.. ငါက ခုချိန်ကးပြီးတော့ ရှင်ရင်လဲ တိုင်လင်စင်မြင့်ရဲ့ လူအဖြစ်နဲ့ပဲ ရှင်မယ် ။ သေရင်တောင် တိုင်လင်စင်မြင့်ရဲ့ လူအဖြစ်နဲ့ပဲ သေမှာကွ ။ အခုက အစီအမံတိုက်ပွဲ ဖြစ်နေတဲ့အတွက် ငါ စည်းမျဥ်းတွေကို မချိုးဖောက်ချင်လို့သာ မင်း သက်သာသွားတယ်မှတ်ပါ ။ မဟုတ်လို့ကတော့ မင်းကို အသေရိုက်သတ်ပြီးနေပြီ "

သူ ထိုသို့ပြောပြီးသည်နှင့် လောထျန်းဘေးသို့သာ ပြန်သွားလိုက်၏။

" သခင်ကြီးလောထျန်း ၊ ကျုပ် လုပ်ခဲ့တာ ဘယ်လိုနေလဲဗျ "

ထို့နောက် သူ လောထျန်းအား သတိထားမေးသည်။

လောထျန်း ခေါင်းညိတ်ပြလိုက်၏။

" မဆိုးပါဘူးဗျာ "

လောထျန်း၏ မှတ်ချက်ကို ကြားသောအခါ ကမ်းဖျင်တစ်ယောက် ဂုဏ်ယူနေသည့် မျက်နှာကြီး ဖြစ်သွားသည်။

ပြီးနောက် စန့်ထျန်းရှေးဟောင်းနယ်မြေမှ ထွက်လာခဲ့ကြသူများဘက်သို့ လှည့်ကာ မခိုးမခန့်အပြုံးဖြင့် ကြည့်လိုက်၏။

ထိုစဥ်မှသာလည်း သူတို့လူအုပ် အသိပြန်ဝင်သွားကြပါသည်။

ယခုပွဲမှာ လောထျန်းရှေ့တွင် အမှတ်ယူရန် ရှားပါးအခွင့်ကောင်းကြီး မဟုတ်ပါလား ...

သူတို့ ထိုအခွင့်ကောင်းမျိုးအား ကမ်းဖျင်ကို ပေးခဲ့မိလေပြီ ။

ထိုတခဏ၌ အားလုံး နောင်တကိုယ်စီ ရသွားကြသည်။

ထိုစဥ် ရှောက်ရနှင့် အခြားသူများမှာမူ မျက်လုံးပြူးပြီး ပါးစပ်အဟောင်းသား ဖြစ်နေကြရှာ၏။

လောထျန်း ပြန်ခေါ်လာခဲ့သော သူတောင်းစားအုပ်ထဲတွင် ထိုသို့သောလူတစ်ယောက် ပါနေမည်ဟု သူတို့ ထင်မထားမိခဲ့ပါချေ။

အကြီးအကဲ အများစုမှာလည်း ကမ်းဖျင်ဆိုသော အမည်ကို ကြားဖူးထားပြီးသားပင် ။

ထိုလူသည် အဆင့်ကိုး မသေမျိုးအစီအမံပညာရှင်အဖြစ် ရောက်ထားသော အစွမ်းထက်ကျင့်ကြံသူတစ်ဦး ဖြစ်ပါ၏။

ယခု တိုင်လင်စင်မြင့်တွင် ထိုသို့သော ဒဏ္ဍာရီကျော် လူတစ်ယောက် ရှိနေလေပြီ ။

ထိုစဥ် ရွှမ်လင်နန်းတော်ဘက်မှ အကြီးအကဲတစ်ယောက်က ခူဟွင်းကျီထံ ရောက်လာကာ တီးတိုးပြောသည်။

" ဂိုဏ်းချုပ်ကြီး ၊ ဆက်ပြီးတော့ တိုက်ခိုက်ချင်သေးလားဗျ "

ခူဟွင်းကျီ မျက်မှောင်ကြုံ့ကာ ပြန်ပြော၏။

" ကမ့်ဖျင် ရှိနေပြီဆိုတော့ တိုင်လင်စင်မြင့်က တကယ်လဲ အရင်နဲ့မတူတော့ဘူး ။ ဒါပေမယ့် အဲ့လိုလူ တစ်ယောက်ပဲရှိတယ်ဆိုရင်တော့ ဒီအစီအမံတိုက်ပွဲကို ငါတို့ပဲ နိုင်မှာပါ "

ထို့နောက် တိုင်လင်စင်မြင့်မှ လူများအား တစ်ချက်ဝေ့ကြည့်ပြီး သူ လှောင်သံဖြင့် ပြောသည်။

" သူတို့ဆီမှာ ကမ်းဖျင်လို အဆင့်မျိုးနဲ့ နောက်တစ်ယောက် ထပ်မရှိနိုင်ပါဘူးကွာ "

အကြီးအကဲ ခေါင်းညိတ်ကာ နောက်ပြန်ဆုတ်သွား၏။

ထို့နောက်တွင် ခူဟွင်းကျီ အော်ပြောလိုက်သည်။

" အခု ဒုတိယပွဲကို ဘယ်သူတိုက်မလဲ "

သူ့စကားဆုံးသည်နှင့် မီးခိုးရောင်အကျ်ီဝတ်ထားသော အဘိုးအိုတစ်ယောက် လူအုပ်ရှေ့သို့ ထွက်လာကာ ပြောသည်။

" ကျုပ် တိုက်ပါရစေ "

ခူဟွင်းကျီ သူ့အား လှည့်ကြည့်လိုက်ပြီး အရောင်တောက်နေသော မျက်လုံးအစုံဖြင့် ဆို၏။

" ညီလေး ယန်မိုယွိပါလား ၊ မင်းသာ ဝင်တိုက်ခိုက်ရင်တော့ ဘာမှ စိတ်ပူစရာမရှိတော့ဘူး "

ယန်မိုယွိ ခေါင်းညိတ်ပြီး ဘာစကားမှမပြောဘဲ

ရှေ့ထွက်သွား၏။ ထို့နောက် သူ ခံစားချက်မဲ့သည့် မျက်နှာထားဖြင့် တိုင်လင်စင်မြင့်မှ လူများကိုကြည့်ကာ ပြောလိုက်သည်။

" မင်းတို့ထဲက ဘယ်သူလာလာ ၊ သေရမယ်သာမှတ် "

ထိုစဥ် ရှောက်ရက လောထျန်းအား ပြော၏။

" လက်ထောက်ဂိုဏ်းချုပ်ကြီး ၊ အဲ့ ယန်မိုယွိ ဆိုတဲ့သူက သာမာန်မဟုတ်ဘူး ။ သူက လွန်ခဲ့တဲ့ နှစ်တစ်ထောင်လောက်ကမှ အဆင့် ၇ မသေမျိုးအစီအမံပညာရှင် တစ်ယောက် ဖြစ်လာတာဆိုပေမယ့်.. ကျွန်မတို့ရဲ့ အရင် ဂိုဏ်းချုပ်ကြီးကတောင် သူ့ကိုမယှဥ်နိုင်ဘူး ။ ပြီးတော့ မကြာသေးခင်ကမှ သတင်းထွက်ထားတာ ရှိသေးတယ် ။ ကြားတာတော့.. သူက အဆင့်ကိုး မသေမျိုးအစီအမံပညာရှင် အဆင့်ကိုတောင် ခြေလှမ်းလှမ်းနေပြီတဲ့ "

လောထျန်း စကားဆုံးအောင် နားထောင်ပြီးနောက် ခေါင်းအသာညိတ်လိုက်သည်။

" အဲ့လိုလား... ကဲ.. သူနဲ့ ဘယ်သူတိုက်မှာလဲ "

သူ့စကား ဆုံးချိန်မှာပင် စန့်ထျန်းရှေးဟောင်းနယ်မြေ

မှ ထွက်လာသူများ ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြသည်။

" ကျုပ်သွားမယ် .. ကျုပ် သူ့ကို သတ်လိုက်မယ် "

" ဖယ်စမ်းပါကွာ.. မင်းက အဲ့လောက်အားနည်းတာကို ။ သခင်ကြီးလောထျန်းကို အရှက်ရအောင် လုပ်မလို့လား ။ သခင်ကြီးလောထျန်း ၊ ကျုပ်ကို သွားခွင့်ပေးပါ "

" ဘာ... ငါ့ကို အားနည်းတယ် ဟုတ်လား ။ ဒါဆိုရင် မင်းနဲ့ငါ အရင်ချကြမလားပြော "

" လုပ်လေ.. ကြာတယ် "

ထိုတခဏ၌ အားလုံးမှာ ရှေ့ထွက်တိုက်ခိုက်ရမည့် နေရာကိုလုရင်း အချင်းချင်းကြား ရန်ပွဲအသေးစားလေး ဖြစ်သွားတော့၏။

၎င်းကိုမြင်သော ယန်မိုယွိတစ်ယောက် မျက်နှာကြီး ရှုံ့မဲ့သွားသည်။

ထိုသူတောင်းစားများက သူ့ကို နည်းနည်းလေးပင် အလေးထားပုံ မပြကြဘူး မဟုတ်ပါလား..

ဘယ်လောက် ရှက်စရာကောင်းလိုက်ပါသလဲ ..

သို့သော် ထိုစဥ်တွင် ...

" အားလုံး ပါးစပ်ပိတ်ကြ "

လူအုပ်ကြားမှ ဒေါသတကြီး အော်သံတစ်သံ ထွကိလာ၏။

အားလုံး ချက်ချင်းတိတ်သွားပြီး အသံလာရာဘက် လှည့်ကြည့်လိုက်ကြ၏။

ထိုသို့အောပြောခဲ့သူမှာ သခင်ကြီးချင်း ပင် ...

သူတို့လူအုပ်ထဲတွင် သခင်ကြီးချင်းသည် အစွမ်းအထက်ဆုံးဖြစ်ကာ ရာထူးအရလည်း အကြီးဆုံးပင် ။

သခင်ကြီးချင်းက အားလုံးကို တစ်ချက်ဝေ့ကြည့်လိုက်သည်။

အားလုံးမှာ သခင်ကြီးချင်းက သူတို့ကို ဆူတော့မည်ဟုသာ ထင်လိုက်ကြ၏။

သို့သော် ... သခင်ကြီးချင်းက အေးစက်စက် ပြောလာပါသည်။

" ရှုပ်ယှက်ခတ်နေတာပဲကွာ ... ဒီပွဲကို ငါဝင်လိုက်မယ် "

889

ဝှစ် .

တခဏအကြာမှာပင် သခင်ကြီးချင်း ယန်မိုယွိရှေ့ ရောက်လာသည်။

" ဟင်... "

နောက်တွင်ကျန်ခဲ့သော လူများအားလုံး မှင်သက်ကုန်ကြ၏။

" ဒီအဘိုးကြီးက တော်တော်ဉာဏ်များတာပဲ "

" ဟူး ... ငါကတော့ ထင်လိုက်တာ .... "

သူတို့ စိတ်ပျက်လက်ပျက် ခေါင်းယမ်းလိုက်ကြသော်လည်း ဘာမှ မတတ်နိုင်နေပါ ။

ထိုစဥ် ရှောက်ရက လောထျန်းနားကပ်ကာ တီးတိုး

ပြောလာသည်။

" လက်ထောက်ဂိုဏ်းချုပ်ကြီး ၊ အဲ့အဘိုးကြီးက လုပ်နိုင်ပါ့မလား ... "

လောထျန်း တဝါးဝါး သန်းဝေလိုက်၏။

" စိတ်မပူပါနဲ့ .. စောင့်ကြည့်နေလိုက်ပါ "

ရှောက်ရ ယုံတစ်ဝက် ၊ မယုံတစ်ဝက်ဖြင့် အသံတိတ်သွားတော့သည်။

ထိုစဥ် တဖက်မှ သခင်ကြီးချင်းက ယန်မိုယွိကိုကြည့်ကာ ပြော၏။

" ကဲ.. ငါတို့ ဘယ်လိုပြိုင်မှာလဲ "

ယန်မိုယွိ၏ မျက်လုံးထဲ၌ လူသတ်အရိပ်အငွေ့များ ရုတ်ချည်းပေါ်လာသည်။

သူ သခင်ကြီးချင်းကို ကြည့်ကာ အေးစက်စက် နှာခေါင်းရှုံ့လိုက်၏။

" ဟမ့်... ဒီတိုင်းပဲ ချကြတာပေါ့ "

သခင်ကြီးချင်း ပြုံးသွားသည်။

" ရိုးရိုးရှင်းရှင်းပဲပေါ့ .. ကြိုက်တယ်ကွာ "

ယန်မိုယွိက မျက်မှောင်ကြုံ့ရင်း ပြောလာ၏။

" မင်းကို အရင်ဆုံး တိုက်ခိုက်ခွင့်ပေးမယ် "

" ဟင်... "

သူ့စကားကြောင့် သခင်ကြီးချင်း မျက်မှောင်ကြုံ့သွားပါသည်။

ယန်မိုယွိက တည်တည်ငြိမ်ငြိမ်ပုံဖြင့် ထပ်ပြောလာ၏။

" မင်းကို အရင်ဆုံး တိုက်ခွင့်ပေးမယ်လို့ ပြောလိုက်တာလေ ။ အဲ့လိုမဟုတ်ဘဲ ငါသာ အရင်တိုက်လိုက်ရင် မင်းဘက်က ဘာမှတောင် လုပ်ခွင့်ရလိုက်မှာ မဟုတ်ဘူး "

သူ့စကားဆုံးချိန်တွင် ရွှမ်လင်နန်းတော် လူများဘက်မှ အော်ဟစ်အားပေးသံများ ထွက်လာသည်။

" အကြီးအကဲယန် ရဲ့ သတ္တိကတော့ တကယ်ကို လေးစားစရာပါပဲ "

" ဟား ဟား.. ဟိုအဘိုးကြီးက သူ ဘယ်သူနဲ့ ရင်ဆိုင်နေရမှန်း မသိသေးဘူးကွ ။ ငါတို့ အကြီးအကဲယန်က အင်မတန်လဲ ယဥ်ကျေးတယ် .. "

" အမှန်ပဲ ၊ အကြီးအကဲယန် လှုပ်ရှားလိုက်တာနဲ့ အဲ့အဘိုးကြီး ချက်ချင်းအသတ်ခံရမှာ "

အားလုံး တစ်ယောက်တစ်ပေါက် ပြောလိုက်ကြသည်။

ထိုစဥ် သခင်ကြီးချင်းက မျက်မှောင်ကြုံ့၍ မေးပါ၏။

" မင်းပြောတာ သေချာရဲ့လား "

ယန်မိုယွိက စိတ်မရှည်ဟန်ဖြင့် ပြန်ပြောသည်။

" ငါက လုပ်ဆိုရင် လုပ်လိုက်စမ်းပါကွာ ။ မဟုတ်တဲ့စကားတွေ လျှောက်ပြောမနေနဲ့ "

သခင်ကြီးချင်း သက်ပြင်းချလိုက်သည်။

" ကောင်းပြီလေ ၊ ဒါဆို ငါ့အစွမ်းရဲ့ ဆယ်ပုံတစ်ပုံကိုပဲ ထုတ်သုံးပေးမယ် ။ အဲ့လောက်တော့ မင်း ခံနိုင်အောင်ခံပေါ့ကွာ "

ယန်မိုယွိ မျက်လုံးထဲတွင် အေးစက်စက်အလင်းတန်း ဖျတ်ခနဲလက်သွားကာ နှာခေါင်းရှုံ့လိုက်၏။

ထိုစဥ် သခင်ကြီးချင်းက လက်တစ်ချောင်းမြှောက်၍ သူ့စိတ်ဝိဥာဥ်အစွမ်းကို စုစည်းကာ ယန်မိုယွိထံ ညွှန်လိုက်သည်။

ယန်မိုယွိက ၎င်းကို လှောင်ပြုံးဖြင့်သာ ကြည့်နေပြီး ရှောင်တိမ်းခြင်းမလုပ်ပါချေ။

" ဒါ.... "

၎င်းကို ကြည့်နေသော တဖက်မှ အကြီးအကဲရှု၏ မျက်နှာကြီး ရှုံ့မဲ့သွားသည်။

" သူက တအားတည်ငြိမ်နေတာဆိုတော့ သူ့ကိုယ်သူ ယုံကြည်ချက် အပြည့်ရှိတယ်ဆိုတဲ့ သဘောပဲ ။ ဟိုသခင်ကြီးတော့ ဒုက္ခရောက်ပြီထင်တယ် "

အခြားအကြီးအကဲ တစ်ယောက်ကလည်း သခင်ကြီးချင်းအား စိုးရိမ်စွာ ကြည့်လိုက်သည်။

ထိုစဥ်တွင် သခင်ကြီးချင်း၏ စိတ်ဝိဥာဥ်အစွမ်းက ယန်မိုယွိရှေ့ ရောက်လာ၏။

ယန်မိုယွိက လှောင်ပြုံးဖြင့် ပြောသည်။

" ဟမ့် ပိုးစုန်းကြူးလေးကများ လမင်းအလင်းရောင်နဲ့ လာယှဥ်ရဲနေသေး .... "

အွတ် ....

သို့သော် သူ စကားဆုံးမဆုံးသေးခင်မှာပင် သခင်ကြီးချင်း၏ စိတ်ဝိဥာဥ်အစွမ်းက သူ့ အသိစိတ်ပင်လယ်ထဲ ထိုးဖောက်ဝင်သွား၏။

ထို့နောက်တွင်မူ.. သူ့တစ်ကိုယ်လုံး တောင့်တင်းကာ လဲကျသွားတော့သည်။

" ဟင် .... "

လူအုပ် နှစ်ဖက်လုံးဘက်မှ တအံ့တသြရေရွတ်သံများ တစ်ပြိုင်နက်တည်း ထွက်လာ၏။

ယုံကြည်မှုအပြည့် ရှိနေခဲ့သော ယန်မိုယွိက အဘယ့်ကြောင့် ရုတ်တရက်ကြီး လဲကျသွားရပါသနည်း ။

ဝှစ် ...

ထိုစဥ် ရွှမ်လင်နန်းတော်မှ ဂိုဏ်းသားတစ်ယောက် အပြေးအလွှားရောက်လာကာ ယန်မိုယွိအား စစ်ဆေးကြည့်လိုက်သည်။

သူ့မျက်နှာထား ရုတ်ချည်းပြောင်းသွား၏။

" ဘာဖြစ်လို့လဲ "

ခူဟွင်းကျီ အလောတကြီး မေးလိုက်သည်။

" သူ့ စိတ်ဝိဥာဥ်က... ပြိုကွဲသွားပြီဗျ ။ သူ့အသိစိတ်ပင်လယ်လဲ.. အဖောက်ခံလိုက်ရပြီ... သူ အသက်မရှိတော့ဘူး "

ရွှမ်လင်နန်းတော် ဂိုဏ်းသားက အသံတုန်တုန်ဖြင့် ပြန်ပြောရှာသည်။

သူ့စကားသံ ဆုံးသည်နှင့် လူအုပ်ကြီး ဝရုန်းသုန်းကား ဖြစ်ကုန်ကြတော့သည်။

" ဘယ်လို... အကြီးအကဲယန်က သေသွားပြီ..

ဟုတ်လား "

" သူ တစ်ချက်တည်းနဲ့ အသတ်ခံလိုက်ရတာလား ။ ဒါ.. မဖြစ်နိုင်တာ.. "

" တကယ်ကို မဖြစ်နိုင်ဘူး ။ ဟိုအဘိုးကြီးက ဘယ်သူလဲ ... သူက ဘယ်လိုလုပ်ပြီးတော့ အကြီးအကဲယန်ကို သတ်နိုင်ရတာလဲ "

ထိုတခဏ၌ အားလုံး၏အကြည့်က သခင်ကြီးချင်းဆီ ရောက်သွားကြ၏။

သခင်ကြီးချင်းက မြေပြင်တွင် လဲကျနေဆုံးနေသော ယန်မိုယွိ၏ အလောင်းကို မျက်မှောင်ကြုံ့ကြည့်ကာ ခေါင်းယမ်းရင်း ပြောသည်။

" အဲ့လောက်နဲ့များ ဘာလို့ ဒီကိုလာခဲ့သေးတာလဲကွာ "

သူ ထိုသို့ပြောပြီး နောက်လှည့်၍ လောထျန်းဘေးသို့ လျှောက်သွားလိုက်သည်။

" ကောင်းတယ်ဗျာ "

လောထျန်းက ချီးကျူးစကား စဆိုလိုက်၏။

သခင်ကြီးချင်းက ဦးညွှတ်ကာ ကျေးဇူးတင်ကြောင်း ပြန်ပြောသည်။

ရှောက်ရနှင့် ကျန်လူများမှာလည်း အပြုံးမျက်နှာကိုယ်စီဖြင့် ရှိနေကြပါသည်။

သူတို့ ရှုံးမည်ဟုသာ ထင်ထားခဲ့သည့်ပွဲ၌ မမျှော်လင့်ဘဲ နိုင်ပွဲနှစ်ခု ဆက်နေခဲ့လေပြီ ။

ထို့ထက်ပို အရေးကြီးသည်မှာ ထိုနှစ်ပွဲတွင် တိုက်ခိုက်ခဲ့သူများ၏ အစွမ်းက အလွန်ကြောက်စရာကောင်းခြင်း ဖြစ်၏။

ထိုသို့သော လူနှစ်ယောက်သာ အနာဂါတ် တိုင်လင်စင်မြင့်၏ အကြီးအကဲများ ဖြစ်လာကြပါက သူတို့ တိုင်လင်စင်မြင့် ခဏလေးဖြင့် တိုးတက်လာမည် မလွဲပေ ။

ထိုစဥ် တဖက်ရှိ ရွှမ်လင်နန်းတော်မှ လူများမှာကား သွေးဆုတ်ဖြူရော်နေသည့် မျက်နှာများ ဖြစ်နေပါ

တော့၏။

သူတို့ ရှုံးသွားခဲ့သည့် ပွဲနှစ်ခုလုံးက အမှန်တကယ် ထူးဆန်းလှပါသည်။

တဖက်မှ သူတောင်းစားလို လူနှစ်ယောက်က ဤမျှကြောက်မက်ဖွယ်ကောင်းသော အစွမ်းမျိုး ရှိနေကြသတဲ့လား...

တိုင်လင်စင်မြင့်က ဘာတွေဖြစ်နေပါသနည်း ။

" ဂိုဏ်းချုပ်ကြီး .. ဒီတိုင်းဆိုရင် ... "

ရွှမ်လင်နန်းတော်မှ အကြီးအကဲတစ်ယောက် ရှေ့ထွက်လာကာ တီးတိုးပြော၏။

ထိုစဥ်မှာပင် ...

ဝုန်း ...

တိုင်လင်စင်မြင့်ဘက်မှ လူတစ်ယောက်က ရှေ့သို့ ဝုန်းခနဲ ပြေးထွက်လာသည်။

" ဟား ဟား.. တတိယပွဲကို ကျုပ် တိုက်ခိုက်မယ် "

ထိုလူမှာလည်း သူတောင်းစားနဲ့တူသည့် လူအုပ်ထဲမှ တစ်ယောက်ပင် ။

" အရှက်မရှိလိုက်တဲ့ကောင်ကွာ... အစောဆုံး ပြေးထွက်သွားရတယ်လို့.. "

" ပြန်လာခဲ့... အဲ့ပွဲက ငါ့အပိုင်ဖြစ်ရမှာ "

" ဟေ့ကောင်.. ပြန်လာခဲ့ "

နောက်တွင်ကျန်နေခဲ့သော လူအုပ်ထံမှ ဒေါသတကြီး အော်ဟစ်သံများ ထွက်လာ၏။

သို့သော် ရှေ့သို့ ရောက်နှင့်ပြီးသားလူက လက်နှစ်ဖက်ခါးထောက်၍ လှောင်ပြုံးဖြင့် ပြောပါသည်။

" မင်းတို့က နှေးလွန်းလို့ ဖြစ်သွားတာလေကွာ ။ အခွင့်ရေးဆိုတာ ကိုယ့်ဘက်က ယူမှရတာကွ.. အဲ့စကားကို မကြားဖူးကြဘူးလား "

သူ ထိုသို့ပြောပြီးနောက် ရွှမ်လင်နန်းတော်မှ လူများဘက်လှည့်ကြည့်ကာ ဆက်ပြော၏။

" မင်းတို့ ရွှမ်လင်နန်းတော်ဘက်က ဘယ်ကောင်လာသေချင်လဲ ။ တစ်ယောက်တည်းလာရမှာ ကြောက်တယ်ဆိုရင် လူစုပြီး လာလို့ရတယ်နော် ။ ငါက အေးဆေးပဲ "

" မျိုးမစစ်ကောင် .... "

သူ့စကားကြောင့် ခူဟွင်းကျီ မျက်နှာရှုံ့မဲ့သွားတော့သည်။

ထိုလူ၏ ရန်စ.စကားမှာ သူတို့ ရွှမ်လင်နန်းတော်အား မလေးမစား လုပ်လိုက်ခြင်းပါပင် ။

ထို့အပြင် တိုက်ပွဲ မစခင်က သူ အော်ကျယ်အော်ကျယ် လုပ်ခဲ့သေးရုံမက ၊ ပြီးခဲ့သည့် တိုက်ပွဲနှစ်ခုကလည်း လူများစွာ၏ အာရုံကို ဆွဲဆောင်ထားနိုင်ခဲ့ပြီဖြစ်သည်။ ယခုလို အခြေအနေမျိုးတွင်သာ သူတို့ ထပ်ပြီး ရှုံးသွားခဲ့လျှင် နောင်အနာဂါတ်၌ ရွှမ်လင်နန်းတော် ဆက်ပြီးရှင်သန်နိုင်တော့မည် မထင်ပါ ။

" အင်း... ခုလို လုပ်ရမယ်လို့တော့ ထင်မထားမိတာ အမှန်ပဲ ။ ဒီတိုက်ပွဲကို ကျုပ်တာဝန်ထားလိုက်ပါ "

ထိုစဥ် ခူဟွင်းကျီနောက်မှ အသံတစ်သံ ထွက်လာသည်။

ထိုအသံကို ကြားသည်နှင့် ခူဟွင်းကျီတစ်ယောက် အံ့အားသင့်သွားပြီး နောက်လှည့်ကြည့်လိုက်ရာ... ဖြူရော်နေသည့် မျက်နှာနှင့် အဘိုးအိုတစ်ယောက်က ရှေ့သို့ ထော့နဲ့ထော့နဲ့ လျှောက်လာသည်ကို မြင်လိုက်ရ၏။

ထိုလူမှာ အလွန်အားနည်းပုံ ပေါက်နေကာ လေပြင်းတစ်ချက် တိုက်သည်နှင့် လဲကျသွားတော့မလိုပါပင် ။

သို့သော် ရွှမ်လင်နန်းတော် ဂိုဏ်းသားများမှာမူ ထိုလူကို မြင်သည်နှင့် မျက်နှာပေါ်၌ လေးစားသည့်အရိပ်ယောင်များ အထင်းသားပေါ်လာပါသည်။

ခူဟွင်းကျီ ခေတ္တမျှ မှင်သက်နေပြီးနောက်မှ တီးတိုးပြောလိုက်၏။

" ဦးလေး သခင်ကြီး ၊ ဘာလို့ကိုယ်တိုင် ဝင်တိုက်နေမှာလဲဗျာ "

အမှန်တွင်မူ ထိုလူမှာ ခူဟွင်းကျီ၏ ဦးလေးတော်စပ်သူ ဖြစ်ပြီး ...

ရွှမ်လင်နန်းတော် ရှေ့မျိုးဆက်၊ အစွမ်းထက်ကျင့်ကြံသူများထဲမှ တစ်ယောက်ဖြစ်ပါသည်။

အဘိုးအိုက သူ့ကိုလှည့်ကြည့်ကာ ပြန်ပြော၏။

" အခြေအနေက ခုလိုတောင် ဖြစ်နေမှတော့ အဲ့လိုစကားတွေ ပြောမနေပါနဲ့ကွာ ။ ရွှမ်လင်နန်းတော်ဘက်က နှစ်ပွဲဆက် ရှုံးပြီးသွားပြီဆိုတော့ ဒီတစ်ကြိမ် ထပ်ရှုံးလို့မဖြစ်ဘူး "

ခူဟွင်းကျီ အံကြိတ်၍ ပြောလိုက်သည်။

" အဲ့ဒါတွေက ကျုပ် အသုံးမကျလို့ ဖြစ်ရတာပါ "

အဘိုးအို နှာခေါင်းရှုံ့သည်။

" အဲ့ဒါ မင်းနဲ့မဆိုင်ပါဘူးကွာ ။ ခုလို ပုံမှန်မဟုတ်တဲ့ကိစ္စမျိုး ဖြစ်လာမယ်လို့ ဘယ်သူက ခန့်မှန်းမိမှာလဲ ။ ဒါပေမယ့် စိတ်မပူပါနဲ့... ငါ တိုက်ခိုက်မှာဆိုတော့ ဒီပွဲကို အနိုင်လို့ သဘောထားလို့ရပြီ "

သူ ပြောပြီး ထော့နဲ့ထော့နဲ့ဖြင့် ရှေ့ဆက်လျှောက်

သွား၏။

ဝုန်း ..

ထို့နောက် သူ တောင်ဝှေးအား မြေကြီးပေါ်သို့ ဆောင့်ချလိုက်ပြီးမှ စကားစသည်။

" ငါက ရွှမ်လင်နန်းတော်ရဲ့ ပထမအကြီးအကဲဖြစ်တဲ့ ၊ ချွှမ်ချီချန် ပဲ ။ အခု မင်းဆီကနေ သင်ယူဖို့ လာခဲ့တာပါ "

သူ စကားဆုံးချိန်မှာပင် ရွှမ်လင်နန်းတော် လူများဆီမှ အော်ဟစ်အားပေးသံများ ညံညံစီစီ ထွက်လာ၏။

" ပထမအကြီးအကဲကိုယ်တိုင် တိုက်ခိုက်မှာဆိုတော့ ငါတို့ဘက်ကနိုင်မှာ သေချာပြီ "

" တိုင်လင်စင်မြင့်က အမှိုက်ကောင်တွေ.. ငါတို့ ပထမအကြီးအကဲက အဆင့်ကိုး မသေမျိုးအစီအမံပညာရှင် ကွ ။ ဒီတစ်ပွဲတော့ မင်းတို့ရှုံးပြီ "

" အမှန်ပဲ ၊ ငါတို့ ပထမအကြီးအကဲက တကယ့်ကို ပြိုင်ဘက်ကင်းကွ "

ထိုတခဏ၌ ရွှမ်လင်နန်းတော်မှ လူများမှာ ရူးတော့မလိုပါပင် ...

တဖက်မှ ရှောက်ရနှင့် ကျန်လူများ၏ မျက်နှာထားများ ပြောင်းသွားကြပြန်သည်။

" အဆင့်ကိုး မသေမျိုးအစီအမံပညာရှင် တဲ့လား.. ။ ရွှမ်လင်နန်းတော်မှာ အဲ့လိုမျိုး လူတစ်ယောက် ရှိနေတာလား .. "

" အရင်ကဆို ချွမ်ချီချန်က အဆင့်ရှစ် မသေမျိုးအစီအမံပညာရှင် အဆင့်ပဲ ရှိသေးတာ ။ ခုတော့.. အဆင့်ကိုးတောင် ရောက်နေပြီ... "

အကြီးအကဲရှု မျက်နှာဆိုးရွားစွာ ပျက်သွားတော့သည်။

သခင်ကြီးချင်းသည်ပင် မျက်မှောင်အနည်းငယ် ကြုံ့လိုက်ပါသည်။

" သူက အဆင့်ကိုး မသေမျိုးအစီအမံပညာရှင် ဆိုတော့ .... နည်းနည်းဒုက္ခများနိုင်တယ် "

သူ လေသံတိုးတိုးဖြင့် ရေရွတ်လိုက်၏။

" ဟုတ်တယ် "

ကမ်းဖျင်ကလည်း ဝင်ထောက်ခံသည်။

ထိုစဥ် ချွှမ်ချီချန်နှင့် မျက်နှာချင်းဆိုင်တွင် ရှိနေသော ဖရိုဖရဲပုံဖြင့် အဘိုးအိုမှာလည်း မျက်နှာအလွန်တည်နေကာ ပြောသည်။

" ငါတို့အားလုံး တိုက်ခိုက်တဲ့ထဲမှာမှ ငါက ဘာလို့ကံဆိုးရတာလဲ ။ ထားပါ ... မင်း ဘယ်လိုတိုက်ခိုက်ချင်လဲ "

All Chapters