← Chapters

အခန်း (၈၉၂+၈၉၃)

Vol. 63 Ch. 892+893

အခန်း (၈၉၂+၈၉၃)

Vol. 63 Ch. 892+893

892

" ကျုပ်ပြောတာကို သေချာရှင်းရှင်းလင်းလင်း မကြားလိုက်ဘူးလား ။ ဒါဆို ထပ်ပြောပေးမယ် ။ အခု ကျုပ်တို့ တိုင်လင်စင်မြင့်က ရွှမ်လင်နန်းတော်နဲ့ အစီအမံတိုက်ပွဲတစ်ခု တိုက်ကြဖို့ စိန်ခေါ်တယ် "

လောထျန်း ပြောလိုက်သည်။

သူ့ဘေးတွင် ရှိနေသော ရှောက်ရကလည်း ချက်ချင်းဝင်ပြော၏။

" လက်ထောက်ဂိုဏ်းချုပ်ကြီး ၊ အစီအမံတိုက်ပွဲတစ်ခု လုပ်ဖို့ဆို အရင်ဆုံး လောင်းကြေးထပ်ဖို့ လိုသေးတယ် "

လောထျန်း အံ့သြသွားပုံပေါ်သည် ။

" အဲ့လိုလား... "

တိုင်လင်စင်မြင့်မှ လူများအားလုံး ခေါင်းညိတ်ပြကြ၏။

" ဒါဆိုရင် .... "

လောထျန်း အလေးအနက် စဉ်းစားလိုက်ပြီး တခဏကြာမှ ရုတ်တရက်ပြောလာသည်။

" ဒီလိုလုပ်ကြမယ်... တကယ်လို့ ကျုပ်တို့ဘက်က နိုင်သွားခဲ့ရင် ကျုပ်တို့အဖွဲ့နှစ်ခု သူသေကိုယ်သေ ချကြမယ် "

" ဒါ... "

ခူဟွင်းကျီတစ်ယောက် ငိုချလိုက်တော့မလိုပင် ဖြစ်သွားသည်။

သူသေကိုယ်သေ တိုက်ခိုက်ရမည်တဲ့လား ...

ဘီလူးလိုကောင်ကြီးများ ရှိနေသော ထိုအဖွဲ့နဲ့သာ သူသေကိုယ်သေ တိုက်ခိုက်ပါက....

၎င်းကို တိုက်ပွဲဟု ခေါ်၍ရတော့မည်မဟုတ်ဘဲ မိမိကိုယ်ကို သတ်သေခြင်းဟုသာ ခေါ်ရပေလိမ့်မည် ။

" ကောင်းတယ်ဗျာ ၊ သူသေကိုယ်သေ တိုက်ရမှာ ။ ကျုပ်အကြိုက်ပဲ "

" ဟုတ်တယ် ၊ ကျုပ်လဲ အရင်ကဆို တိုက်ပွဲကွင်းပြင်

မှာ သူရဲကောင်းကြီးတစ်ယောက် ဖြစ်ခဲ့ဖူးတာ ။ ဒီကြားထဲ ကျင့်ကြံနေတာ ကြာပြီဆိုတော့ ကိုယ့်ကိုကိုယ်တောင် ပြန်မေ့တော့မလို့ "

" လုပ်လေ ... အစီအမံတိုက်ပွဲပဲ တိုက်မလား ၊ သူသေကိုယ်သေပဲ လုပ်ကြမလား ။ ကြိုက်တာရွေး "

တဖက်လူစု၏ ပြောစကားများကို နားထောင်နေသော ခူဟွင်းကျီတစ်ယောက်မှာ မျက်လုံးအပြူးသား...

" လောထျန်း .. အဲ့လောက်တော့ လွန်မလာနဲ့နော် "

သူ လောထျန်းကိုကြည့်ကာ ဒေါသတကြီး အော်လိုက်၏။

လောထျန်းက အေးစက်စက်အသံဖြင့် ချက်ချင်းပြန်ပြောပါသည်။

" ငါက လွန်တယ်.. ဟုတ်လား ။ ဒီကို အစီအမံတိုက်ပွဲလုပ်ဖို့ လာတယ်ပြောပြီး သူသေကိုယ်သေ တိုက်ပွဲအဖြစ် ပြောင်းလိုက်တာ မင်းတို့ ရွှမ်လင်နန်းတော် မဟုတ်ဘူးလား ။ မင်းတို့ရဲ့ လှည့်ကွက်

လေးလောက်ကို ငါက မမြင်နိုင်ဘူး ထင်တယ်ပေါ့ "

" မင်း ငါ့ကို သတ်ဖို့ အကွက်ချစီစဉ်နေတုန်းက ကောင်းနေပြီးတော့ အခု ငါ့ဘက်ကနေ မင်းကိုပြန်သတ်ဖို့ လုပ်တော့မှ ငါက လွန်တယ်တဲ့ ။ ဒါကို တရားမျှတတယ်လို့ ခေါ်သေးလား "

တဖက်မှ ခူဟွင်းကျီမှာ သူ့အကြံကို လောထျန်းက သိနေသဖြင့် မျက်နှာတပြင်လုံး သွေးဆုတ်ဖြူရော်သွားတော့သည်။

" လောထျန်း ၊ ငါတို့အားလုံး နောက်ကို ခြေတစ်လှမ်းစီဆုတ်လိုက်တာ မကောင်းဘူးလားကွာ ။ ငါတို့ကို ထွက်သွားခွင့်ပေးရင် ရွှမ်လင်နန်းတော်မှာရှိတဲ့ အရင်းအမြစ်တွေ အားလုံးကို မင်းတို့တိုင်လင်စင်မြင့်ကို ပေးပါ့မယ် "

ခူဟွင်းကျီ ဆုံးဖြတ်ချက်ချကာ လောထျန်းအား နားချရန် ကြိုးစားလိုက်၏။

သို့သော် လောထျန်းက ခေါင်းယမ်း၍သာ ပြန်ပြောလာပါသည်။

" မင်းတို့တွေကို ဒီမှာအပြီးရှင်းလိုက်ရင်လဲ အဲ့ပစ္စည်း

တွေအားလုံးကို ငါရမှာပဲ မဟုတ်ဘူးလား "

" မဟုတ်သေးဘူး... အဲ့နှစ်ခုက ကွာသေးတယ် ။ တကယ်လို့ မင်းကိုသာ သတ်လိုက်ရင် မင်း ဘယ်လိုလျှို့ဝှက်ချက်မျိုးကိုမှ ဖုံးထားနိုင်တော့မှာမဟုတ်ဘူးဆိုတော့.. ငါ ပိုတောင် ရဦးမှာ "

" မင်း.... "

ခူဟွင်းကျီ မျက်နှာကြီး နီရဲသွားတော့သည်။

" လောထျန်း ၊ ငါက မင်းကိုကြောက်မယ်လို့ ထင်နေတာလား "

သူ ဒေါသတကြီး ပြန်ပြော၏။

ဝုန်း ....

သူ့ကိုယ်မှ လူသတ်အရိပ်အငွေ့တစ်ခု ချက်ချင်းထွက်သွားကာ ...

စိတ်ဝိဉာဉ်အစွမ်းလည်း ထွက်ပေါ်လာသည်။

ထို့နောက်တွင်မူ သူ့ စိတ်ဝိဉာဉ်အစွမ်းက တစ်ကိုယ်

လုံး သစ်ကိုင်းခြောက်များဖြင့် ပြည့်ပြီး လူသတ်အရိပ်အငွေ့တစ်ခုကို ထုတ်လွှတ်နေသော ကြောက်မက်ဖွယ် သစ်ပင်သားရဲကြီး တစ်ကောင်အဖြစ် ပြောင်းသွားတော့၏။

ထိုအကွက်မှာ သူ၏ နာမည်ကျော် စိတ်ဝိဉာဉ်သိုင်းကွက် တစ်ခုဖြစ်ပြီး ...

ညိုးနွမ်းစိတ်ဝိဉာဉ် ဝိဉာဉ်မျက်နှာ ဟု အမည်ရသည်။

ယခင်ကဆိုလျှင် သူ ထိုသိုင်းကွက်ကို သုံးပါက ရွှမ်လင်နန်းတော်မှ လူများအားလုံး ဆူညံစွာ အော်ဟစ်အားပေးလေ့ ရှိပါ၏။

သို့သော် ယခုတွင်မူ.. အခြေအနေက လုံးဝကွဲနေပါသည်။

အဘယ့်ကြောင့်ဆိုသော် ယခု သူ့ရှေ့၌ တစ်ယောက်ကိုတစ်ယောက် တိုက်ခိုက်နေကြသော စိတ်ဝိဉာဉ်အရိပ်ကြီးများ များစွာရှိနေသောကြောင့်ပင် ။

ထို စိတ်ဝိဉာဉ် အရိပ်တစ်ခုစီတိုင်းမှာလည်း သူ့ ညိုး

နွမ်းစိတ်ဝိဉာဉ် ဝိဉာဉ်မျက်နှာထက် များစွာ ပိုအစွမ်းထက်ကြပါ၏။

ခူဟွင်းကျီ၏ စိတ်ဝိဉာဉ်အစွမ်း အသွင်ပြောင်းချိန်မှာပင် ထိုလူအုပ်က တစ်ခုကို သတိထားမိသွားဟန်ဖြင့်... တိုက်ခိုက်သည်ကို ချက်ချင်းရပ်၍ သူ့ဘက် လှည့်ကြည့်လာကြသည်။

သူတို့၏ စိတ်ဝိဉာဉ်အရိပ်များလည်း ခေါင်းများ တစ်ပြိုင်နက်တည်း လှည့်လာကာ ခူဟွင်းကျီအား စိုက်ကြည့်လိုက်ကြသည်။

" မင်းတို့တွေ.. ငါနဲ့တွေ့မယ် "

ထိုစဉ် ခူဟွင်းကျီက ဒေါသတကြီး အော်လိုက်ရာ သူ့ စိတ်ဝိဉာဉ်အရိပ်ကလည်း တစ်ပုံစံတည်း လှုပ်ရှားလာသည်။

၎င်းကိုမြင်သော သူတောင်းစားအုပ်ထဲမှ အနီးဆုံးနေရာတွင်ရှိသည့် အဘိုးအိုတစ်ယောက်က လက်မြှောက်လိုက်ရာ သူ့စိတ်ဝိဉာဉ်အရိပ်ကလည်း လက်မြှောက်ပြီး အောက်သို့ ဖိချလာ၏။

ဝှစ် ...

အစိမ်းရောင်မီးခိုးငွေ့ အနည်းငယ်ထွက်လာပြီး ခူဟွင်းကျီ၏ စိတ်ဝိဉာဉ် အဝေးသို့ လွင့်ထွက်သွားတော့သည်။

ထိုတခဏ၌ တစ်နေရာလုံး အပ်ကျသံပင် ကြားရမတတ် တိတ်သွားပါ၏။

တခဏကြာပြီးနောက်တွင်မူ ...

" မင်းကို ဘယ်သူက လုပ်ခိုင်းလို့လဲကွ "

" ဟိုကောင်က ငါ့ကို ပေးမယ်လို့ ကတိပေးထားတာလေ "

" မျိုးမစစ်ကောင် ... "

အားလုံး ဒေါသတကြီး အော်လိုက်ကြသည်။

ထိုစဉ် လောထျန်းက ရုတ်တရက်ပြောလာ၏။

" ငြင်းမနေကြနဲ့တော့ဗျာ "

တဖက်လူစု ချက်ချင်းပါးစပ်ပိတ်သွားကာ လောထျန်းအား ကြည့်လာကြသည်။

၎င်းကိုမြင်သော အကြီးအကဲရှု ပို၍ပင် တုန်လှုပ်သွားပါ၏။

ထိုလူများက မည်မျှအစွမ်းထက်ကြသည်ကို သူ မြင်တွေ့ခဲ့ရပြီး ဖြစ်ပါသည် ။

သို့သော် သူတို့အားလုံးက လောထျန်း၏စကားအား ယခုလို တသွေမတိမ်း လိုက်နာကြလိမ့်မည်ဟုမူ ထင်မထားခဲ့ပါ ။

လောထျန်းက သန်းဝေရင်း ပြောလာသည်။

" ကျုပ် ခင်ဗျားတို့ကို တာဝန်ပေးစရာ တစ်ခုရှိတယ် ။ ဒီနေ့ တိုင်လင်စင်မြင့်ကို လာခဲ့ကြတဲ့ ရွှမ်လင်နန်းတော်က ဂိုဏ်းသားတွေအားလုံးကို သတ်ပစ်လိုက်ကြပါ ။ သွားကြတော့.. "

လောထျန်း ထိုသို့ပြောပြီးသည်နှင့် နောက်လှည့်၍ တိုင်လင်စင်မြင့်ထဲသို့ ပြန်ဝင်သွားလိုက်သည်။

တဖက်မှ လူများ တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ သံပြိုင်အော်လိုက်ကြ၏။

" သတ်ကြဟေ့... "

ထိုလူအုပ်မှာ သိုးအုပ်ကြားထဲ ရောက်နေသော ကျားများလို ... ရွှမ်လင်နန်းတော် လူများကြားထဲ ရောက်သွားသည်။

တဖက်လူများမှာလည်း ထိုဘီလူးအုပ်အား မည်သို့မှ မခုခံနိုင်ကြပါချေ။

ဤသို့ဖြင့် တခဏလေးအတွင်းမှာပင် သူတို့အားလုံး အသတ်ခံလိုက်ကြရတော့၏။

" သခင်ကြီးလောထျန်း ၊ ရန်သူတွေအားလုံးကို ရှင်းပစ်ပြီးပါပြီ "

ကမ်းဖျင်က လောထျန်းဘေးသို့ ဦးစွာပြန်ရောက်လာကာ ဆိုသည်။

လောထျန်း ခေါင်းညိတ်လိုက်၏။

" သူတို့ရဲ့ ဟင်းလင်းပြင်လက်စွပ်တွေရော .. "

" အင် ... "

ကမ်းဖျင် မှင်သက်သွားရှာသည်။

လောထျန်း မျက်မှောင်ကြုံ့ကာ ပြော၏။

" ရန်သူတွေကို သတ်ပြီးတော့ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကိုကျ ဘာမှ မယူခဲ့ဘူးလား ။ ကျုပ်က အဲ့ဒါတွေကိုပါ လိုက်သင်ပေးနေရမှာလားဗျာ "

" ဟုတ်ကဲ့ ၊ ကျုပ် နားလည်ပါပြီ ။ ကိုယ့်လူတို့.. သွားကြစို့ "

ကမ်းဖျင်ပြောပြီး အားလုံးကို ဦးဆောင်ကာ အပြင်ပြန်ထွက်သွားသည်။

လောထျန်း ထိုလူများ၏ နောက်ကျောကို ကြည့်ရင်း စိတ်ပျက်လက်ပျက်သာ ခေါင်းယမ်းလိုက်သည်။

ပျောင်ပိုင်မြို့မှ ဖျက်ဆီးရေးအဖွဲ့သာ ရှိပါက သူ ဘာမှပင် ပြောနေစရာလိုမည် မဟုတ်ပါ ။

ကမ်းဖျင်တို့ ထွက်သွားပြီး မကြာခင်မှာပင် ..

ဝီ ...

တိုင်လင်စင်မြင့် အပြင်ဘက်၌ လေထုမငြိမ်မသက် ဖြစ်လာ၏။

" ဟင်... ဘယ်အကန်းကောင်က ပြဿနာလာရှာနေတာလဲ "

လောထျန်း မျက်မှောင်ကြုံ့သွားသည်။

ထို့နောက်တွင်မူ..

ဝီ...

လေထုလမ်းကြောင်းတစ်ခု ပေါ်လာပြီး သခင်ကြီးဟောင်နှင့် အခြားသူများ အလောတကြီး ထွက်လာကြ၏။

" သခင်လေးလောထျန်း ၊ အားလုံး အဆင်ပြေရဲ့လား "

သခင်ကြီးဟောင်က အပြင်ရောက်ရောက်ချင်း စိုးရိမ်တကြီး အော်လိုက်သည်။

သူ့နောက်မှလည်း ယွဲ့လီနှင့် အခြားသူများ အသည်းအသန် ပြေးထွက်လာကြ၏။

လောထျန်း ထိုလူများကိုကြည့်ပြီး အနည်းငယ် အံ့သြသွားရပါသည်။

" ခင်ဗျားတို့ကိုး ... "

သူ ခေါင်းအသာညိတ်လိုက်၏။

လောထျန်းနှင့် တိုင်လင်စင်မြင့်က ဘေးကင်းပုံပေါ်သည်ကိုမြင်မှ သခင်ကြီးဟောင် စိတ်အေးသွားဟန်ဖြင့် သက်ပြင်းချလိုက်သည်။

သို့သော် ချက်ချင်းဆိုသလိုပင် သူ့မျက်နှာထား ပြောင်းသွားကာ ပြောသည်။

" အခုက အဲ့ကိစ္စကိုပြောဖို့ အချိန်ကောင်း မဟုတ်သေးဘူး ။ သခင်လေးလောထျန်း.. ကျုပ် အရေးကြီးသတင်း ပြောစရာရှိတယ်ဗျ "

" ဘာသတင်းလဲဗျ "

လောထျန်း မေး၏။

သခင်ကြီးဟောင် အသက်ပြင်းပြင်း ရှိုက်လိုက်ပြီးမှ ပြောသည် ။

" ဟို ရွှမ်လင်နန်းတော်က လူတွေက သခင်လေးတို့ တိုင်လင်စင်မြင့်ကို တိုက်ခိုက်ဖို့ပြင်နေကြ ... "

သို့သော်.. သူ စကားဆုံးအောင် မပြောရသေးခင်မှာပင် တင်းဖန့်လုံက အလောင်းတစ်လောင်းကို တရွတ်တိုက်ဆွဲ၍ လျှောက်လာပါ၏။

" သခင်ကြီးလောထျန်း ၊ ဒီကောင့်ရဲ့ ဟင်းလင်းပြင်လက်စွပ်က သူ့လက်ထဲမှာ ချုပ်နှောင်ထားတော့ ကျုပ် ချွတ်ယူလို့မရဘူး ဖြစ်နေတယ် "

တင်းဖန့်လုံ ပြောသည်။

" ဟင်.. အဲ့ဒါ ဘယ်သူ့အလောင်းကြီးလဲ "

သခင်ကြီးဟောင် အံ့သြတုန်လှုပ်သွား၏။

တင်းဖန့်လုံက သူ့အား မျက်စောင်းဖြင့်ပြန်ကြည့်ကာ ပြောသည်။

" ရွှမ်လင်နန်းတော် ဂိုဏ်းချုပ်ကြီးရဲ့ အလောင်းလေ "

သူ ပြောပြောဆိုဆိုပင် အလောင်းကို မြှောက်ပြလိုက်ပါသေးသည်။

ဂလု..

သခင်ကြီးဟောင် တံတွေးကို ခက်ခက်ခဲခဲ မြိုချလိုက်ရ၏။

သူ ထိုမျက်နှာအား မသိဘဲမနေပါချေ။

၎င်းမှာ ခူဟွင်းကျီ၏ မျက်နှာကြီးပင် ...

ရွှမ်လင်နန်းတော်၏ ဂိုဏ်းချုပ်ကြီးက အမှန်တကယ် သေသွားခဲ့ပြီလား ။

တဖက်မှ လောထျန်းက မျက်မှောင်ကြုံ့ရင်း ပြောလာသည်။

" ဒါဆိုလဲ ဟင်းလင်းပြင်လက်စွပ်ထဲက ပစ္စည်းတွေကိုပဲ ထုတ်ပြီးယူလိုက်လေ "

" အိုး.. ဟုတ်ကဲ့ "

တင်းဖန့်လုံ ချက်ချင်းပြန်ပြော၏။

လောထျန်းမှာကား ဆွံ့အလျက် ....

ထိုလူ၏ ဦးနှောက်က အဘယ့်ကြောင့် သူထင်ထားသည်ထက် ပိုဆိုးနေရပါသနည်း ။

ထို့နောက်တွင်မူ သခင်ကြီးဟောင်က တစ်ခုခုပြောရန် ပြင်နေသည်ကို သူ ပြန်အမှတ်ရကာ မေးလိုက်သည်။

" ဒါနဲ့ ၊ သခင်ကြီး ခုနက ဘာပြောနေတာလဲ "

သခင်ကြီးဟောင် ပါးစပ်အဟောင်းသား ဖြစ်သွားပြီး ... ခူဟွင်းကျီ၏ အလောင်းကိုကြည့်ရင်း ခေါင်းကုတ်၍သာ ပြန်ပြောလိုက်သည်။

" ဘာမှ မဟုတ်တော့ပါဘူးဗျာ ... "

893

သခင်ကြီးဟောင်မှာ လောထျန်းအား သတိပေးပြီး ကူညီရန်ရည်ရွယ်ချက်ဖြင့် လာခဲ့ခြင်းဖြစ်ပါသည်။

သို့သော် သူ ရောက်လာချိန်တွင် တိုက်ပွဲက ပြီးနေခဲ့ပြီး ...

ရန်သူများအားလုံး အပြတ်ရှင်းခံထားရလေပြီ ။

သူ့အတွက် ဘာမှပင် လုပ်စရာမကျန်တော့ပါ ။

ထိုစဥ် ဘေးနားတွင်ရပ်နေသော ယွဲ့လီက တင်းဖန့်လုံကိုကြည့်ကာ မေး၏။

" ဟို... တဆိတ်လောက်ရှင်... သခင်ကြီးက.. သခင်ကြီး တင်းဖန့်လုံလား.. "

တင်းဖန့်လုံက သူမဘက် ပြန်လှည့်ကြည့်လာသည်။

" ဟုတ််တယ်.. မင်းက ငါ့ကို သိနေတာလား "

ယွဲ့လီ ကိုယ်လုံးလေးပင် တုန်သွား၏။

" ဒါ... တကယ်ကြီးလား.. "

သူမ မြေကြီးပေါ်သို့ ချက်ချင်းဒူးထောက်ကာ ပြောလိုက်သည်။

" မျိုးဆက် ၁၉ ဆက်မြောက် ၊ တပည့် ယွဲ့လီက ဘိုးဘေးကို အရိုအသေပြုပါတယ် "

" ဘယ်လို.. "

တင်းဖန့်လုံ အံ့သြမှင်သက်သွားသည်။

ယွဲ့လီက အသံတုန်တုန်ဖြင့် ဆက်ပြော၏။

" ကျွန်မရဲ့ အစီအမံဆရာက ဘိုးဘေးရဲ့ တပည့်ရဲ့ တပည့်ရဲ့ တပည့်ရဲ့ တပည့် .... .... အဲ .. သူက ဘိုးဘေးရဲ့ မျိုးဆက် ၁၈ဆက်မြောက် တပည့်ပါ ။ ကျွန်မကတော့ မျိုးဆက် ၁၉ဆက်မြောက်ပါရှင့် ။ အရင်ကတော့ ကျွန်မ ဘိုးဘေးရဲ့ ပုံတူပန်းချီကိုပဲ မြင်ဖူးခဲ့တာ ။ ဒီနေ့မှ လူချင်းတွေ့ရတာပါပဲရှင် "

တင်းဖန့်လုံ အံ့အားသင့်သွားကာ မေးလိုက်သည်။

" မင်းပြောတဲ့သူက ဟို ရှောက်ယွိနန်ဆိုတဲ့ ကောင်လေးရဲ့တပည့်လား ။ ငါ ကျင့်ကြံနေခဲ့တဲ့ နှစ်တွေအတွင်းမှာ သူ မျိုးဆက် ၁၉ ဆက်စာ တပည့်တွေကိုတောင် မွေးထုတ်ထားနိုင်ပြီပေါ့ ... "

ယွဲ့လီက ခေါင်းတဆတ်ဆတ် ညိတ်ပြ၏။

တင်းဖန့်လုံ သူမထံ လျှောက်သွားလိုက်ပြီးနောက် သူမကို ခေါင်းစခြေဆုံး သေချာကြည့်၍ ပြောပါသည်။

" အင်း.. ဒီကလေးမက မျိုးစေ့တော့ ကောင်းသားပဲ ။ မဆိုးဘူး.. "

သူ့ထံမှ ချီးမွမ်းစကား ကြားလိုက်ရသည့်အတွက် ယွဲ့လီ အလွန်ပျော်သွားတော့၏။

" ခုလို ကြင်ကြင်နာနာ ပြောပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်ကြီး "

သူမ တီးတိုးပြန်ပြောလိုက်သည်။

တင်းဖန့်လုံက သူမကို မျက်မှောင်ကြုံ့ကြည့်ရင်း ထပ်ပြောလာသည်။

" မင်းက တော်တော်လေးကောင်းတယ် ဆိုပေမယ့် မင်းရဲ့ အခြေခံအုတ်မြစ်က အဲ့လောက် မနက်ရှိုင်းဘူးကွ ။ မင်းရဲ့ဆရာက ငါ့ရဲ့ အစီအမံအနှစ်သာရကို မသင်လိုက်ရဘူးနဲ့တူတယ် ။ အခု မင်းသာဆန္ဒရှိ

ရင် တိုင်လင်စင်မြင့်မှာ နေလို့ရတယ် ။ နောက်ခါ မင်းအပြင်ထွက်ရင် ကိုယ့်ကိုကိုယ် အရှက်မခွဲမိအောင်လို့ ငါ နည်းလမ်းနည်းနည်း သင်ပေးမယ် "

သူ့စကားကို ကြားသောအခါ ယွဲ့လီ ဝမ်းသာလွန်း၍ တစ်ကိုယ်လုံးပင် တုန်သွား၏။

" တပည့် နေချင်ပါတယ် "

သူမသည် အစောကတည်းကလည်း တိုင်လင်စင်မြင့်၌ အဖွဲ့ဝင်ပြီး ခိုလှုံရန် စဥ်းစားထားခဲ့ပါသည်။

ယခု မျှော်လင့်မထားသော အခွင့်ကောင်းကြီးနှင့် ကြုံနေရပေရာ မပျော်ဘဲ မည်သို့နေပါမည်နည်း ။

သူမ မနေနိုင်ဘဲ လောထျန်းဘက်သို့ လှမ်းကြည့်မိလိုက်၏။

သို့သော် လောထျန်းကမူ ဖြစ်ပျက်နေသည့် ကိစ္စများကို အလျဥ်းပင် သတိထားမိဟန်မတူဘဲ ပျင်းပျင်းရိရိပုံစံ ဖြစ်နေပါသည်။

သူမရင်ထဲ အနည်းငယ် စိတ်ပျက်သွားသလိုပါပင်..

ထိုစဥ် ..

ဝီ ....

လောထျန်း၏ အသံလွှင့် အဆောင်ကျောက်ပြားက ရုတ်တရက် အရောင်လက်လာ၏။

" ဟင်... "

လောထျန်း ၎င်းကို ချက်ချင်းယူကြည့်လိုက်ရာ ကျောက်ပြားပေါ်၌ " ယွမ်လောလင် " ဆိုသည့် စာလုံးသုံးလုံး ပေါ်လာသည်ကို မြင်လိုက်ရသည်။

" ဟိုတစ်ယောက်လား.. "

လောထျန်း အံ့သြသွားကာ အဆောင်ကျောက်ပြားအား ချက်ချင်းအသက်သွင်းလိုက်၏။

" သခင်... သခင်.. သခင်လေးလောထျန်းလား "

အဆောင်ကျောက်ပြား တဖက်မှ ကြောက်ရွံ့တုန်လှုပ်နေပုံရသော ယွမ်လောလင်၏ အသံ ထွက်လာသည်။

" အင်း.. ကျုပ်ပဲလေ ။ ဘာကိစ္စရှိလို့လဲ "

လောထျန်း အေးဆေးပင် မေးလိုက်၏။

ယွမ်လောလင်က အသံတုန်တုန်ဖြင့် ပြောလာသည်။

" ဟို သခင်လေးလောထျန်း ၊ ကျွန်မတို့ သခင်လေးညွှန်ကြားထားတဲ့ ကိစ္စကို လုပ်ပြီးသွားပါပြီ "

" အင်... ဘာကိစ္စလဲ "

လောထျန်း ပြန်မေးလိုက်၏။

" ဟို.. သခင်လေးပြောထားတဲ့ ကောင်းကင်ဘုံစင်မြင့်ကိစ္စပါ ။ ကျွန်မတို့ လိုတဲ့ပစ္စည်းတွေအားလုံး စုထားပြီးတော့ အဲ့ဒါကို သန့်စင်နိုင်တဲ့ လူတစ်ယောက်လဲ ရှာတွေ့ထားပါတယ် "

ယွမ်လောလင် ပြောရှာသည်။

ထိုစကားကို ကြားသောအခါ လောထျန်းတစ်ယောက် ထိုင်ရာမှပင် ထရပ်မိသွား၏။

" မင်း တကယ်ပြောနေတာလား "

ကောင်းကင်ဘုံစင်မြင့် မှာ ထျန်းယွမ်ကမ္ဘာနှင့် အပေါ်ကမ္ဘာကြား လွတ်လွတ်လပ်လပ် သွားလာရန်အသုံးပြုနိုင်သည့် အရာတစ်ခုပါပင် ...

ပြီးခဲ့သော ရက်များအတွင်းတွင်လည်း သူ့ခေါင်းထဲ၌ ထိုကိစ္စသာ ရှိနေခဲ့ပါသည်။

သို့သော် ၎င်းကို သန့်စင်ရန်မှာ အလုပ်အလွန်ရှုပ်သဖြင့် သူ မည်သို့မှ မတတ်နိုင်ဘဲ စောင့်ရုံသာတတ်နိုင်ခဲ့သည်။

ယခု မျှော်လင့်မထားသော သတင်းကို ကြားလိုက်ရသဖြင့် လောထျန်း အလွန်စိတ်လှုပ်ရှားနေပါတော့၏။

" ကျွန်မ တကယ်ပြောနေတာပါရှင် ။ ဒါပေမယ့်.... "

ယွမ်လောလင် ပြောနေရင်း အနည်းငယ်တွန့်ဆုတ်သွားသည်။

" ဘာဖြစ်လို့လဲ "

လောထျန်း မျက်မှောင်ကြုံ့သွားကာ မေးလိုက်၏။

တဖက်မှ ယွမ်လောလင်က သတ္တိမွေးနေရဟန်ဖြင့် အနည်းငယ် တိတ်နေပြီးမှ ပြောလာသည်။

" ဒီလိုပါ သခင်လေးလောထျန်း ၊ ကောင်းကင်ဘုံစင်

မြင့်ကို သန့်စင်ဖို့ လိုအပ်တဲ့ပစ္စည်းတစ်ခုက အင်မတန်ကို ရှားပြီး အဖိုးတန်ပါတယ် ။ ဒါ့ကြောင့်မို့ ကျွန်မ သခင်လေးရောင်းပေးခဲ့တဲ့ အစွမ်းထက် မသေမျိုးအစီအမံပုံကြမ်းကို သုံးပြီး တဖက်လူနဲ့ အရောင်းအဝယ်တစ်ခု လုပ်ခဲ့ပါတယ် "

သူမ ပြောနေရင်းလည်း အပြစ်ရှိသူတစ်ယောက်လို အသံလေးတိမ်ဝင်သွား၏။

အဖြစ်မှာ..... မကြာသေးခင်အချိန်က လောထျန်း ရောင်းပေးခဲ့သော မသေမျိုးအစီအမံပုံကြမ်းများထဲ၌ တစ်ခုက ကျန်အစီအမံပုံကြမ်းများနှင့် မတူဘဲ ထူးခြားနေသည်ကို သူမ သတိထားမိခဲ့ပါသည်။

သို့သော် ၎င်းအစီအမံပုံကြမ်းက မည်မျှအစွမ်းထက်သည်ကို သူမ မသိခဲ့ပါ ။

ထို့နောက်.. ကောင်းကင်ဘုံစင်မြင့်အတွက် လိုအပ်သောပစ္စည်းများကို ရှာဖွေဝယ်ယူနေချိန်တွင် တဖက်လူက မရောင်းနိုင်ဟုသာ ငြင်းနေခဲ့ပါ၏။

နောက်ပိုင်း သူမ ကြံရာမရသည့်အဆုံး ၎င်းအစီအမံ

ပုံကြမ်းကို ထုတ်၍ အလဲအလှယ်လုပ်ရန် ကြိုးစားခဲ့ပါသည်။

မျှော်လင့်မထားစွာပင် တဖက်လူက ချက်ချင်းသဘောတူခဲ့ပါ၏။

ဤသို့ဖြင့် အရောင်းအဝယ် ပြီးသွားမှသာ .... ၎င်းအစီအမံပုံကြမ်းက မူလအဆင့် မသေမျိုးအစီအမံပုံကြမ်းတစ်ခု ဖြစ်နိုင်ချေရှိကြောင်း တဖက်လူထံမှ သူမ ပြန်ကြားခဲ့ရသည်။

၎င်းက ဤမျှ အဖိုးတန်သော အရာတစ်ခု ဖြစ်နေမည်ဟု သူမ လုံးဝမထင်ခဲ့မိပါချေ။

ပုံမှန်ဆိုလျှင်လည်း အပြင်ကမ္ဘာကြီး၌ အဆင့် ၇ မသေမျိုးအစီအမံပုံကြမ်း သည်ပင် အံ့မခန်းစာရင်းဝင် ဖြစ်နေလေပြီ ။

အဆင့် ၇ အထက်ရှိသည့် မသေမျိုးအစီအမံပုံကြမ်းများဆိုလျှင် အလွန်ရှားပြီး အစီအမံအဖွဲ့ကြီးများတွင်သာ တွေ့ရတတ်ပါ၏။

မူလအဆင့် မသေမျိုးအစီအမံပုံကြမ်း ဆိုလျှင်မူ ...

ချင်းယွမ်ဒေသ သမိုင်းတလျှောက်၌ ထိုသို့သောအရာမျိုး ရှိသည်ဟု သူမ ကြားပင်မကြားဖူးခဲ့ပါ ။

၎င်းမှာ မူလအဆင့် မသေမျိုးလက်နက်လောက် တန်ဖိုးမမြင့်သည့်တိုင် သာမာန် အဆင့်ကိုး မသေမျိုးလက်နက်ထက်မူ သာပါသည်။

သူမ ထိုအရာမျိုးကိုမှ အလဲအလှယ် လုပ်မိခဲ့လေခဲ့ခြင်းဟု ချက်ချင်း နောင်တရသွားခဲ့ရပါ၏။

သူမရင်ထဲ ကြောက်စိတ်လည်း ဝင်လာခဲ့ရသည်။

သူမ နောင်တရသည့်အကြောင်းရင်းမှာ ၎င်း အစီအမံပုံကြမ်းကို သုံး၍ ကြီးစွာသော အကျိုးအမြတ်များ ဖန်တီး၍ ရနိုင်ခဲ့ပါလျက် မလုပ်နိုင်ခဲ့သောကြောင့် ဖြစ်ပြီး ...

ကြောက်ရသည့် အကြောင်းမှာမူ ၎င်း မသေမျိုးအစီအမံပုံကြမ်းက လောထျန်းပိုင်သည့်အရာ ဖြစ်နေခဲ့သောကြောင့်ပင် ။

၎င်းက လောထျန်းတန်ဖိုးထားရသော အရာတစ်ခုဖြစ်ပြီး သူမအား မတော်တဆ ပေးခဲ့မိခြင်း ဖြစ်မည်ကို သူမ အလွန်စိုးရိမ်နေပါ၏။

သို့ဖြစ်ရာ.. အကယ်၍ လောထျန်းက ထိုအစီအမံပုံကြမ်းအား ပြန်လိုချင်လာလျှင် သူမ ဒုက္ခရောက်မည် မဟုတ်ပါလား...

ထို့ကြောင့်လည်း သူမ ကြောက်လန့်တကြားဖြင့် အသံလွှင့် အဆောင်ကျောက်ပြားကိုသုံးကာ လောထျန်းအား ဆက်သွယ်ခဲ့ခြင်းဖြစ်သည်။

သို့သော်..

" အင်... အဲ့ မသေမျိုးအစီအမံပုံကြမ်းတွေက ကျုပ် မင်းကို ရောင်းခဲ့ပြီးသားလေ ။ မင်းစိတ်ကြိုက် လုပ်ခွင့်ရှိတယ် ။ အခု ကျုပ်ကိုဘာလို့ လာပြောနေတာလဲ "

လောထျန်း ပြောလာပါ၏။

" ဟင် .... "

ယွမ်လောလင် အံ့အားသင့်သွားပြီးမှ ပြန်ပြောလိုက်သည်။

" ကျွန်မက မူလအဆင့် မသေမျိုးအစီအမံပုံကြမ်းကို ပြောနေတာ "

" ဘယ်လို... "

ထိုစကားကို ကြားသောအခါ ဘေးတွင်ရှိနေကြသော တင်းဖန့်လုံ အပါအဝင် ကျန်လူများအားလုံး အံ့သြတုန်လှုပ်ကုန်ကြ၏။

" မူလအဆင့် မသေမျိုးအစီအမံပုံကြမ်း တဲ့လား... ၊ ဒီကောင်မလေး စကားမှားတာများလား "

" ဟုတ်တယ် ၊ ဒီကမ္ဘာကြီးမှာ မူလအဆင့် မသေမျိုးအစီအမံပုံကြမ်း ရှိလို့လား "

သူတို့ နားမလည်နိုင်ကြပါ ။

ထိုစဥ် လောထျန်းက ပြန်ပြောသည်။

" သြော်.. အဲ့ဟာကို ပြောတာလား ။ အဲ့ဟာက မင်း အစီအမံပုံကြမ်းတွေ အများကြီးဝယ်လို့ လက်ဆောင်ထည့်ပေးလိုက်တာလေ ။ အဲ့ဟာက ဒီလောက်ကြီးလဲ အဖိုးမတန်ပါဘူးကွာ ။ မင်း အဲ့ဒါကို စိတ်မ

ကောင်းဖြစ်နေတာဆိုရင် ကောင်းကင်ဘုံစင်မြင့် ပြီးသွားတဲ့အခါ ဆုအနေနဲ့ နောက်ထပ် ဆယ့်နှစ်ခုလောက် ထပ်ရေးပေးမယ် "

" ဘယ်လို.... "

ထိုတခဏ၌ အသံလွှင့်ကျောက်ပြားထဲမှ လူရော ၊ အပြင်ဘက်မှ လူများပါ တအံ့တသြ ရေရွတ်လိုက်ကြသည်။

မူလအဆင့် မသေမျိုးအစီအမံပုံကြမ်းကို လက်ဆောင်အဖြစ် ပေးခဲ့တာတဲ့လား...

နောက်ထပ် ဆယ့်နှစ်ခုလောက်လည်း ထပ်ရေးပေးမယ်တဲ့...

လောထျန်းက ထိုအစီအမံပုံကြမ်းမျိုးကို ဘာလို့ ထင်နေပါသလဲ..

ထိုစဥ် ယွမ်လောလင်မှာလည်း အနည်းငယ် နားမလည်နိုင် ဖြစ်နေရှာပါသည်။

ထို မူလအဆင့် မသေမျိုးအစီအမံပုံကြမ်းက လောထျန်း သူမအတွက် လက်ဆောင်ပေးခဲ့သည့်အရာ ဖြစ်မည်မှန်း လုံးဝပင် မတွေးခဲ့မိပါ ။

" လောလောဆယ် အဲ့ကိစ္စကို ခဏထားလိုက်ဦး ။ အခု ငါ မင်းဆီလာခဲ့မယ် ။ မင်းက ကောင်းကင်ဘုံကျောက်ပြား လုပ်ဖို့ကို လိုတာတွေ အဆင်သင့်ပြင်ထားလိုက် "

လောထျန်း စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

ထိုကိစ္စမှာ လောလောဆယ် သူ့အတွက် အရေးအကြီးဆုံးပါပင် ။

၎င်းကိုသာ ရသွားပါက ပျောင်ပိုင်မြို့မှ ဖျက်ဆီးရေးအဖွဲ့ကို ခေါ်၍ရသွားပြီ မဟုတ်ပါလား...

" ဟင်... ဟုတ်ကဲ့ "

ယွမ်လောလင်မှာ အနည်းငယ် နားမလည်နိုင်ဖြစ်နေသော်လည်း လောထျန်းစကားကို ချက်ချင်းနာခံရှာပါ၏။

ထို့နောက်တွင်မူ လောထျန်း အားလုံးဘက်လှည့်၍

ပြောလိုက်သည်။

" ကဲ.. ကျုပ် ခဏလောက် ခရီးသွားဦးမယ် ။ ဒီကြားထဲမှာ တိုင်လင်စင်မြင့်ရဲ့ ကိစ္စတွေကို ခင်ဗျားတို့ပဲ စီစဥ်ထားကြပါ ။ ဒါနဲ့ စကားမစပ် ... "

လောထျန်း ပြောပြီး အိတ်ထဲမှ အဆောင်ကျောက်ပြားအချို့ ထုတ်၍ ၎င်းတို့ပေါ်တွင် သူ့စိတ်ဝိဥာဥ်အစွမ်းဖြင့် နတ်ဘုရားထွင်းစာ ၇ ခု ၊ ၈ ခုလောက် ရေးလိုက်သည်။

ဝုန်း ...

နတ်ဘုရားအရောင်အဝါတစ်ခု ရုတ်ချည်းထွက်လာ၏။

" ဒီကြားထဲမှာ ကိုယ့်ရဲ့ စိတ်ဝိဥာဥ်အစွမ်းတွေကို သေချာကျင့်ကြံထားကြပါ ။ အပြင်က ကျူးကျော်လာတဲ့သူရှိရင်လဲ တန်းပြီးတော့သာ သတ်ပစ်လိုက် "

စကားဆုံးပြီးချိန်မှာပင် လောထျန်း၏ပုံရိပ် လှုပ်ရှားသွားကာ တိုင်လင်စင်မြင့် အပြင်ဘက်သို့ ရောက်သွားတော့သည်။

All Chapters