← Chapters

[ကံမကောင်းစွာဖြင့် အဖြစ်အပျက်များ ပေါ်ပေါက်လာချေပြီ]

Vol. 2 Ch. 18

[ကံမကောင်းစွာဖြင့် အဖြစ်အပျက်များ ပေါ်ပေါက်လာချေပြီ]

Vol. 2 Ch. 18

အတန်း Dမှာ စည်းကမ်းလိုက်နာမှု မရှိသောကြောင့် နောက်တစ်နေ့တွင် အဆင့်သတ်မှတ်အဖွဲ့ဝင်များက အိမ်စာများကို လာရောက် စစ်ဆေးကြလေသည်။

ယွမ်လော့ရီ နှင့် ယွိဟွား နှစ်ယောက်သား အတူတကွ ပုဂ္ဂလိကကျောင်းသို့ သွားရောက်ကာ အိမ်စာလုပ်ရန် တိုင်ပင်လိုက်ကြ၏။

ထိုနည်းဖြင့် သူတို့ အချင်းချင်း အပြန်အလှန် အားကိုး၍ အိမ်စာများကို ပူးပေါင်းပြီး အပြီးသတ်နိုင်လေသည်။

နေ့လယ် ကျောင်းဆင်းချိန်တွင် ယွမ်အောင်းမှ ယွမ်လော့ရီအား လာကြိုခဲ့သော်လည်း သူမ သူငယ်ချင်းအသစ်တစ်ဦးကို ခေါ်လာမည်ဟု မမျှော်လင့်ထားခဲ့ချေ။

ယွိဟွား : "မင်္ဂလာပါ သား က ယွမ်လော့ရီ ရဲ့ အတန်းဖော်အသစ် ယွိဟွားပါ၊ သားတို့ ပုဂ္ဂလိကကျောင်းကို သွားကြမလို့

အစ်ကို့ ကားနဲ့ ခဏ လိုက်ပါရစေ"

သူ့ရှေ့တွင် မတ်တပ်ရပ်နေသော ပိန်ပိန်ပါးပါး ကောင်လေးကို ယွမ်အောင်း အသံတိတ် စူးစမ်းလိုက်၏။

သူ့ညီမလေး သူငယ်ချင်းအသစ် ရရှိခဲ့ခြင်း မှာ သတင်းကောင်းဖြစ်သော်လည်း သူမ၏ အစ်ကိုကြီးအနေဖြင့် ထိုကောင်လေးမှာ အန္တရာယ်ရှိ၊ မရှိကို အတည်ပြုရန် လိုအပ်သေးသည်။

သူ၏ ထက်မြက်သော အကြည့်က အရေပြားကို ဆူးများဖြင့် ထိုးလိုက်သကဲ့သို့ ခံစားရသောကြောင့် ယွိဟွားမှာ တုန်ရီလာပြီး စိတ်မလုပ်ရှားဘဲ မနေနိုင်တော့ချေ။

ယွမ်လော့ရီက သတိပြုမိသွားပြီး

"ယွိဟွားက ကောင်းတဲ့ ကလေးပါ"

ယွမ်အောင်း၏ အကြည့်မှာ ယွမ်လော့ရီ ထံသို့ ရောက်သွားပြီးနောက် သူ့ အမူအရာမှာ အနည်းငယ် ပျော့ပြောင်းသွား၏။

ထို့နောက် သူ ယွိဟွားအား ပြန်ကြည့်လျက်

“အတူတူ သွားကြတာပေါ့”

ထိုအခါမှ ယွိဟွား သက်ပြင်းချနိုင်သွားပြီး

"ကျေးဇူးတင်ပါတယ်ဗျ"

ကားအတွင်း၌ ယွိဟွားသည် လက်များကို ဒူးပေါ်တင်ကာ မတ်မတ် ထိုင်နေလျက် ယွမ်အောင်းအား ခိုးကြည့်လိုက်သည်။

ယွမ်အောင်းမှာ အနက်ရောင်ရှပ်အင်္ကျီကို ဝတ်ထားပြီး အပေါ်ဆုံးကြယ်သီးကိုပါ တပ်ထားရာ သူ၏ ဖြူဖွေးနေသော အသားအရေနှင့် လိုက်ဖက်နေ၏။

သူသည် တက်ဘလက်တစ်ခုပေါ်တွင် စာရိုက်နေပြီး တက်ဘလက်နှင့် သူ့ လက်ချောင်းများ ထိနေသည့် အသံမှာ စန္ဒရားတီးခတ်နေသကဲ့သို့ စီးချက်ညီနေသည်။

ဤသူကား စီးပွားရေးလောကတွင် လူတိုင်းသိသော ဂုဏ်သတင်းကျော်ကြားသူ ယွမ်အောင်းပင်။

ယွိမိသားစုနှင့် ယွမ်မိသားစုမှာ စီးပွားရေးအရ ဆက်ဆံမှုများ ရှိသောကြောင့် ယွိဟွား သည် သူ၏အစ်ကိုကြီး ယွိပိုင် ထံမှ ယွမ်အောင်း အကြောင်း ဒဏ္ဍာရီဆန်ဆန် ဇာတ်လမ်းများကို မကြာခဏ ကြားခဲ့ဖူး၏။

တစ်ဦးနှင့်တစ်ဦး အနိုင်ရရှိရန် မည်သည့်နည်းလမ်းကိုမဆို အသုံးပြုတတ်သော ကြမ်းတမ်း‌သည့် စီးပွားရေးလောကတွင် ယွမ်အောင်းမှာ နှစ်စဉ်နှစ်တိုင်း ရှုံးနိမ့်ခြင်းမရှိဘဲ ရပ်တည်နေခဲ့သည်။

သူ့အား စိန်ခေါ်ဝံ့သူများမှာ ဒေဝါလီခံရခြင်း သို့မဟုတ် ထောင်ကျခြင်းတို့ဖြင့် အဆုံးသတ်ကြရကာ ယွမ်မိသားစုအတွက် ကြီးမားသော ကြွယ်ဝမှုများသာ ပြန်ရခဲ့၏။

သို့သော် ယွိဟွားမှာ ထိုသို့ ထက်မြက်သော လူတစ်ဦးသည် သူ၏ ညီမအရင်းကို ရင်ဆိုင်ရသောအခါ၌ ထိုမျှနူးညံ့မှုကို ပြသလိမ့်မည်ဟု လုံးဝမမျှော်လင့်ခဲ့ချေ။

ဤအကြောင်းကို တွေးမိသောအခါ ယွိဟွားသည် ယွမ်လော့ရီ အား မနာလိုဖြစ်မိလေသည်။

ထိုမျှ အင်အားကြီးသော အစ်ကိုကြီး ရှိခြင်းကြောင့် သူမ လုံခြုံသည်ဟု ခံစားရမည်မှာ သေချာ၏။

မကြာမီပင် ပုဂ္ဂလိကကျောင်းသို့ ကားစိုက်လာ၏။

ကျောင်းမှာ ကျန်းနန် ဗိသုကာပုံစံ ဖြစ်ပြီး အဖြူရောင် နံရံများနှင့် နက်ပြာရောင် အုတ်ကြွပ်များ ရှိသည့် အဆောက်အဦးတစ်ခုပင်။

Star Galaxy အလယ်တန်းကျောင်းမှ တည်ထောင်ထားသော အခမဲ့ လေ့လာခန်းပင် ဖြစ်၏။ လက်ဖက်ရည်၊ သစ်သီးဖျော်ရည်နှင့် မုန့်များ ရှိသည့်အပြင် ကျောင်းသားများ မဖြေရှင်းနိုင်သော ပြဿနာများ ကြုံတွေ့ရပါက တာဝန်ကျဆရာ/ဆရာမများအား အကူအညီတောင်းနိုင်သည်။

သို့သော် ယွမ်လော့ရီ ပုဂ္ဂလိကကျောင်းသို့ လာရခြင်းကို မကြိုက်ပေ။ အဘယ်ကြောင့်ဆိုသော် ထိုနေရာတွင် လေအေးပေးစက် မရှိသောကြောင့်ပင်။

ကျောင်းအုပ်ကြီးက စာကျက်ခြင်းမှာ အလွန်အမင်း သက်တောင့် သက်သာ မဖြစ်သင့်ကြောင်း၊ ထိုသို့ ဖြစ်ပါက ပျင်းရိမှုကို ဖြစ်စေနိုင်သည်ဟု ယုံကြည်ထားသည်။

ထို့ကြောင့် ပုဂ္ဂလိကကျောင်းတွင် လေအေးပေးစက်များ တပ်ဆင်မထားချေ။

ယွမ်လော့ရီ က ထိုအကြောင်းပြချက်မှာ လျှပ်စစ်မီတာခ ချွေတာရန်အတွက်သာဟု ခံစားရ၏။

ဤအချက်တစ်ခုတည်းကြောင့် ကျောင်းအုပ်ကြီးမှာ ကျောင်းရှိ ကျောင်းသားများအားလုံး၏ အမုန်းဆုံးပုဂ္ဂိုလ် ဖြစ်လာခဲ့သည်။

ပူပြင်းလှသော နွေရာသီနေ့များတွင် ပုဂ္ဂလိကကျောင်းအနီးမှ ဖြတ်သွားသူများသည် "အရမ်းပူလိုက်တာ" နှင့် "လေအေးပေးစက် လိုချင်တယ်" ဟူသော စကားစုများကိုသာ မကြာခဏ ကြားရတတ်ပြီး ကျောင်းသားများ၏ ညည်းတွားသံများနှင့် မကျေမနပ် ပြောဆိုသံများသာ ရှိနေတတ်၏။

ယွမ်လော့ရီသည် သူမ၏ကျောင်းလွယ်အိတ်ကို ပခုံးတွင်လွယ်ကာ အေးမြသောကားကို မချင့်မရဲဖြင့် ထားခဲ့ပြီး ဆင်းလိုက်သည်။

ယွမ်အောင်း : "၈ နာရီမှာ လာကြိုရမလား"

ယွမ်လော့ရီ : "ဟုတ် အဲအချိန်ဆို အိမ်စာလည်း ပြီးလောက်ပြီ"

နှုတ်ဆက်သည့် အမူအရာအဖြစ် သူမ ယွမ်အောင်းအား ဖက်လိုက်သည်။

ထိုချစ်ခင်တွယ်တာစရာ အပြုအမူသည် ယွမ်အောင်းအား ခံစားချက်ကောင်း ခံစားရစေသည်မှာ ရှင်း၏။

အနည်းဆုံးတော့ ယခုအချိန်၌ သူ့ညီမလေးသည် သူ့ကြောင့် ကြောက်လန့်ပြီး မျက်ရည်ကျတော့မည် မဟုတ်တော့ချေ။

ယွမ်လော့ရီ ပုဂ္ဂလိကကျောင်းထဲသို့ ဝင်လိုက်သည်နှင့် တီးတိုးပြောနေကြသော ကျောင်းသားများမှာ ချက်ချင်းပင် တိတ်ဆိတ်သွားပြီး သူတို့၏ ထိုင်ခုံများထံသို့ ပြန်သွားကြသည်။

ယွမ်လော့ရီနှင့် မျက်လုံးချင်းဆုံခြင်းကို ရှောင်ရှားလျက် သူတို့၏ ဘောပင်များကို ကိုင်ကာ အိမ်စာလုပ်ကုန်ကြ၏။

သူတို့ ဆွေးနွေးနေကြသည်မှာ ကောလဟာလများ၏ အဓိက ဇာတ်လိုက် ဖြစ်သူ ယွမ်လော့ရီ အကြောင်းပင်။

ပထမတွင် သူမသည် အင်္ဂလိပ်စာတွင် ဘဲဥမကွဲ ခဲ့သော်လည်း နောက်ပိုင်း ပြန်လည်စစ်ဆေးသည့်စာမေးပွဲတွင် အမှတ် 100 ရရှိခဲ့သည်။

နောက်ဆုံးတွင် သူမ ကိုယ်တိုင် အတန်း D သို့ ပြောင်းရွှေ့သွားခဲ့၏။

ဤလုပ်ရပ်များမှာ အလွန်ထူးဆန်းသောကြောင့်

ကျောင်းသားတစ်ဦးက ယွမ်လော့ရီသည် ယွမ်မိသားစုမှ ဖြစ်သောကြောင့် သူမ လုပ်သမျှ လှုပ်ရှားမှုတိုင်းတွင် နက်နဲသည့် အဓိပ္ပာယ် ရှိရမည်ဟု မှန်းဆခဲ့လေသည်။

သူမ၏ အဆင့်များတွင် သိသိသာသာ ကွာခြားမှုနှင့် မကြာသေးမီက လုပ်ရပ်များသည် ကြီးမားသော မဟာဗျူဟာ ရည်ရွယ်ချက် တစ်ခု ရှိနေမည်ကို ဖော်ပြနေခြင်းပေ။

သို့သော် သူက မည်သည့် ဝေဖန်မှုကိုမျှ အတည်မပြုရဲဘဲ ထပ်မံလေ့လာရန် လိုအပ်သည်ဟု ယုံကြည်နေ၏။

မည်သို့ပင်ဆိုစေကာမူ အာရုံစိုက်မှု၏ အဓိက ဇာတ်လိုက်ဖြစ်သော ယွမ်လော့ရီသည် ဤကောလဟာလများကို သတိမပြုမိချေ။

သူမ ပုဂ္ဂလိကကျောင်းပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်ရှုရာ ကောင်းမွန်သော ထိုင်ခုံများအားလုံး ပြည့်နေသည် ကို စိတ်မကောင်းစွာ တွေ့ရှိလိုက်ရသည်။

ကျောင်းလွယ်အိတ်အား ထောင့်တစ်နေရာတွင် ချထားလျက် ထိုင်လိုက်ကာ ယွိဟွားအား သူမဘေးတွင် ထိုင်ရန် ခေါင်းညိတ်ပြလေ၏။

ယွိဟွားက စိုးရိမ်တကြီးဖြင့်

"ယွမ်လော့ရီ ငါ မင်းဘေးမှာ ထိုင်ရင် စန်းကျွင်းရွှမ် စိတ်ဆိုးမှာလား"

ယွမ်လော့ရီ လှည့်ကြည့်လိုက်ရာ စန်းကျွင်းရွှမ်ကလည်း သူမအား စိုက်ကြည့် နေ၏။

သူ စိတ်ဆိုးနေသည်ကို စကားဖြင့် မပြောလျှင်တောင် သူမ ရိပ်မိသည်။

သူသည် သူ၏ ဘောပင်ကို ပြတ်လုမတတ် တင်းတင်းဆုပ်ကိုင်ထား၏။

ယွမ်လော့ရီမှာ ပုံမှန်အချိန်များတွင် စန်းကျွန်းရွှမ်း ဘေးတွင် ထိုင်လေ့ရှိသူ ဖြစ်သည်။

ယွမ်လော့ရီ ထိုင်ခုံကို ပုတ်လိုက်ပြီး

"သူ့ကို စိတ်မပူနဲ့ ငါတို့က သူငယ်ချင်း မဟုတ်တော့ဘူး နင် ထိုင်ချင်တဲ့နေရာ ထိုင်”

တုန်ယင်နေသော ယွိဟွားက ထိုင်ချလိုက်ချိန်တွင်

"ဖြောင်း”

စန်းကျွင်းရွှမ်မှ သူ၏ဘောပင်ကို တစ်ပိုင်း ချိုးပစ်လိုက်သော အသံ ထွက်ပေါ်လာသည်။

သူ့ မက်ဆေ့ခ်ျတွေကိုလည်း အကြောင်းမပြန်၊ ဖုန်းခေါ်တာလည်း ပြန်မဖြေဘဲ အခုကျ အခြားကောင်လေးတစ်ယောက်နဲ့ ထိုင်နေတယ်ပေါ့။

ငယ်စဉ်ကတည်းက ယွမ်လော့ရီမှာ စန်းကျွင်းရွှမ် နောက်သို့သာ အမြဲလိုက်ခဲ့ပြီး သူ၏ စကားကိုသာ နားထောင်ခဲ့သည်။

ဤအရာက စန်းကျွင်းရွှမ်အား အများထက်သာသည်ဟု ခံစားခဲ့ရသော်လည်း ယခု ယွမ်လော့ရီက သူ့အား ရုတ်တရက် လျစ်လျူရှုလိုက်သောအခါ၌ အလွန်မသက်မသာ ဖြစ်ရ၏။

သူတို့ဘေးမှ မိန်းကလေးတစ်ဦးက စန်းကျွင်းရွှမ်၏ ဘောပင် ကျိုးသွားသည်ကို သတိပြုမိပြီး ချက်ချင်းပင် သူမ၏ ဘောပင်ကို ပေးလိုက်လေသည်။

သူ၏ ချောမောလှသော ရုပ်ရည်ကြောင့် မိန်းကလေးများသည် စန်းကျွင်းရွှမ်ကို နူးညံ့သော မင်းသားလေးဟု ယူဆကြပြီး သူ့အပေါ် စိတ်ကူးယဉ်မှုများ ရှိနေကြ၏။

ယွမ်လော့ရီ တစ်ဦးတည်းကသာ သူ၏ စစ်မှန်သော ဗီဇ ကို သိသူဖြစ်သည်။

ပုံမှန်အားဖြင့် စန်းကျွန်းရွှမ်းသည် မိန်းကလေးများထံမှ ထိုသို့သော လက်ဆောင်များကို ငြင်းပယ်တတ်သော်လည်း ယနေ့တွင်မူ လက်ခံလိုက်၏။

"ကျေးဇူးပဲနော်”

စန်းကျွင်းရွှမ်သည် ယွမ်လော့ရီ ကြားစေရန် ရည်ရွယ်၍ အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။

ဘောပင်ပေးသော မိန်းကလေးမှာ ချက်ချင်း မျက်နှာနီရဲသွားပြီး

"ရပါတယ်"

ထိုမိန်းကလေး၏ တုံ့ပြန်မှုကို စန်းကျွင်းရွှမ် ဂရုမစိုက်ပေ။ သူ၏ အကြည့်များမှာ ယွမ်လော့ရီ အပေါ်တွင်သာ ရှိနေသော်လည်း သူမက ယွိဟွား နှင့် ပျော်ရွှင်စွာ စကားပြောဆိုနေမှုအတွင်း၌ နစ်မြောနေပြီး ဖြစ်ပျက်ခဲ့သည်များကို လုံးဝသတိမပြုမိချေ။

ဤအရာက သူ့အား ပို၍ပင် ဒေါသထွက်စေသည်။

ခဏအကြာတွင် ကောင်မလေးတစ်ဦးမှာ ပုဂ္ဂလိကကျောင်းထဲသို့ ဝင်လာ၏။

သူမ ခါးတွင် လှုပ်ယမ်းနေသော ရှည်လျားသည့် ကျစ်ဆံမြီးများ ပါရှိပြီး နှင်းဖြူရောင် ဝတ်စုံကို ဝတ်ကာ ပန်းရောင်ဖျော့ဖျော့ ကျောပိုးအိတ်ကို လွယ်ထားလေသည်။

အတန်း A ၏ အနုပညာကော်မတီဝင်ဖြစ်သူ စုရွှင်း ပင်။

ယွမ်လော့ရီတွင် သူမနှင့် အမြဲတစေ ဆက်ဆံရေး ခက်ခဲခဲ့သည်။

တစ်ဖက်တွင် ဆရာမ ချစ်သော စုရွှင်းက ယွမ်လော့ရီအား မကြာခဏ ဖိနှိပ်ခဲ့ဖူး၏။

အခြားတစ်ဖက်တွင် စုရွှင်းမှာ အရာအားလုံးတွင် ယွမ်လော့ရီ နှင့် အမြဲတစေ ယှဉ်ပြိုင်နိုင်ရန် ကြိုးစားနေခြင်းပင်။

စုရွှင်းသည် တစ်ချိန်က "နင့် မှာ အခုရှိတာတွေ အကုန်လုံးက နောက်ဆုံးကျ ငါ့ပိုင်ဖြစ်လာလိမ့်မယ်” ဟု ပြောခဲ့ဖူးသည်။

ထိုအချိန်က ယွမ်လော့ရီသည် ၎င်းကို အလေးအနက် မထားခဲ့ပေ။

သို့သော် ယခု ပြန်စဉ်းစားကြည့်လျှင် ထိုစကားများတွင် နက်နဲသည့် အဓိပ္ပာယ် ရှိနေသယောင် ထင်ရ၏။

စုရွှင်းက ယွမ်မိသားစုရဲ့ သမီးအရင်း ဖြစ်နေမလား။

ယွမ်လော့ရီ ထိုအတွေးကို ချက်ချင်း ငြင်းပယ်လိုက်သည်။

ယွမ်မိသားစု၏ ကလေးများမှာ အေးစက်ပြီး စိတ်ခံစားမှုကင်းမဲ့ကြ၏။ စုရွှင်း ကမူ ပျော်ရွှင်မှု၊ ဒေါသ၊ ဝမ်းနည်းမှု စသည့် ရှင်းလင်းသော စိတ်ခံစားမှုများကို ပြသနေသော သာမန်လူ တစ်ဦး ဖြစ်၏။

လေ့လာခန်းထဲတွင် စုရွှင်း ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး စိတ်ပျက်အားငယ်စွာဖြင့်

"နောက်ကျသွားပြီထင်တယ် ထိုင်ခုံ မရှိတော့ဘူး"

ကောင်လေးသုံးဦးမှာ ချက်ချင်း ထရပ်လိုက်ကြသည်။

"စုရွှင်း ငါနဲ့ ထိုင်”

"မရဘူး ငါနဲ့ ဒီမှာထိုင်၊ ငါ့နားမှာ ပြတင်းပေါက်နဲ့ လေဝင်လေထွက်ကောင်းတယ်”

"ပြတင်းပေါက်နားက မကောင်းဘူး ခြင်တွေများတယ် ငါနဲ့ ဒီမှာထိုင်ပါ”

ခဏမျှ စဉ်းစားပြီးနောက် စုရွှင်း သည် အကောင်းဆုံးနေရာကို ရွေးချယ်ကာ သူမ၏ ကျောပိုးအိတ်ကို ချထားပြီး

"ကျေးဇူးတင်ပါတယ်"

ရွေးချယ်ခံရသော ကောင်လေးမှာ ဂုဏ်ယူနေ၏။ အဘယ်ကြောင့်ဆိုသော် ကောင်လေးများသည် စုရွှင်းအား သူတို့၏ အနာဂတ်ဇနီးအဖြစ် လျှို့ဝှက်ယူဆထားကြပြီး နေ့စဉ်နှင့်အမျှ သူမ၏ အာရုံစိုက်မှုကို ယှဉ်ပြိုင်နေကြခြင်း ဖြစ်သည်။

ကောင်လေးတစ်ဦးမှ မုန့်ဗူးတစ်ဗူး ထုတ်ကာ

"ဒါက ငါ့မိသားစုကလုပ်တဲ့ အိမ်လုပ် ကွတ်ကီးတွေ စုရွှင်း စားကြည့်ချင်လား"

စုရွှင်းက ချိုသာစွာ ပြုံး၍

"စားကြည့်ချင်တာပေါ့ နင်က ငါ့အတွက် တကူးတကယူလာပေးတာကိုး"

သူမ ကွတ်ကီးတစ်ချပ်ကို ကောက်ယူပြီး

"အရမ်းအရသာရှိတာပဲ”

"ဒါဆို ဒါတွေအားလုံး မင်းအတွက်ပဲ”

"ကျေးဇူးတင်ပါတယ်”

"စုရွှင်း မင်း campus variety show မှာ ပါမှာလား"

"အင်း ပါမယ်"

ကောင်လေးများမှာ စိတ်လှုပ်ရှားသွားပြီး

“မင်း သေချာပေါက် ပထမဖြစ်မှာ ငါတို့ ထောက်ပံ့ပေးမယ်”

စုရွှင်းက မျက်နှာနီရဲသွားပြီး ရှက်ရွံ့စွာဖြင့်

“ကျေးဇူးတင်ပါတယ် ကောင်လေးတို့ရေ ဒါနဲ့ ယွမ်လော့ရီ နင်လည်း ဒီ variety show မှာ ပါမှာလား"

ယွမ်လော့ရီက စုရွှင်းအား မမြင်ရသည့် လူတစ်ဦးအတိုင်းပင် သဘောထားလိုက်သည်။

စုရွှင်းမှ စိတ်မကောင်းဖြစ်သွားဟန်ဖြင့်

"ဟွန်း လျစ်လျူရှုခံလိုက်ရတာပဲ”

ကောင်လေးများမှာ ဒေါသထွက်သွားသော်လည်း ယွမ်မိသားစုမှာ ဩဇာကြီးမားသောကြောင့် မဖော်ပြရဲကြချေ။

“အာ သူ့ကို မေ့လိုက် အဲဒါက သူ့ရဲ့ စိတ်နေစိတ်ထားပဲ တခြားအကြောင်း ပြောကြစို့"

စုရွှင်းက စိတ်ပျက်သွားပြီး

"ကောင်းပါပြီ"

အခြေအနေကို လေ့လာနေသော ယွိဟွားသည် မျက်ခုံးပင့်လိုက်ပြီး

"ဝိုး ဒါက အရမ်း ပန်းနုသွေးဆန်နေတာကို ဒီကောင်လေးတွေ ဘာလို့ မမြင်ကြတာလဲ"

သူသည် ယွမ်လော့ရီအား အလေးအနက် ကြည့်ကာ

"သူ ပထမဖြစ်မှာ မဟုတ်ဘူး မင်းကမှ သေချာပေါက် ချန်ပီယံ ဖြစ်လိမ့်မယ် မင်းက... သူ့ထက် အများကြီး ပိုချစ်စရာကောင်းတယ်"

ယွမ်လော့ရီ က တိတ်ဆိတ်နေခဲ့၏။ 8နာရီနီးပါးရှိပြီဖြစ်သောကြောင့် အိမ်စာ ကူးရေးနေသည်တွင် အာရုံစိုက်နေရသည်။

ရေဆာသကဲ့သို့ ခံစားရသဖြင့် ယွမ်လော့ရီ ဖျော်ရည်တစ်ခွက် ယူရန် အပြင်သို့ ထွက်သွား၏။ ရှည်လျားသော စင်္ကြံလမ်းသည် တိတ်ဆိတ်နေသည်။

ရုတ်တရက် ယွမ်လော့ရီမှာ စုရွှင်း၏ အသံကို ကြားလိုက်၏။

သူမ လျှောက်သွားသောအခါ စုရွှင်းသည် အမှိုက်ပုံးထဲသို့ အန်ချနေသည်ကို မြင်လိုက်ရလေသည်။

"အု... အရမ်းးး ရွံလိုက်တာ သူက ငါ့ကို မုန့်တွေတောင် ပေးဖို့ ကြိုးစားသေးတယ်၊ အမလေး ငါက အချိုပွဲတွေကို အမုန်းဆုံးပဲ အဲကောင်က အရမ်းမိုက်မဲလိုက်တာ"

စုရွှင်းသည် မုန့်ဗူးအား ထုတ်ယူကာ အမှိုက်ပုံးထဲသို့ပစ်ထည့်လိုက်သည်။ သူမ၏ ငယ်ရွယ်သော မျက်နှာပေါ်တွင် မကျေမနပ်မှုများဖြင့် ပြည့်နေ၏။

သူမ ရုတ်တရက် စိတ်တို့သွားပြီး အမှိုက်ပုံးကို ရက်ရက်စက်စက် ကန်ရန် ပြင်လိုက်သည်။

"သူတို့ကများ ငါ့ကို အပြုံးနဲ့ နှုတ်ဆက်ခိုင်းသေးတယ် အရမ်း စိတ်တိုတာပဲ”

ယွမ်လော့ရီသည် စုရွှင်း စိတ်ခံစားမှုများ ထုတ်ဖော်နေသည်ကို တိတ်ဆိတ်စွာ ကြည့်နေပြီးနောက် သူမ သက်ပြင်းချလိုက်သည်။

"ဣန္ဒြေရှိသော စုရွှင်း" သည် ယခင်ကအတိုင်း စကားနှင့် လုပ်ရပ် မညီသောသူဖြစ်နေဆဲပင်။

All Chapters