ယွမ်လော့ရီသည် သူမကိုယ်သူမ မြွေတွင်းထဲရောက်နေသည့် ဟမ်းစတားလေးကဲ့သို့ ခံစားရသည်။ မိသားစုထဲ၌ ရူးသွပ်နေသော ဗီလိန်များဖြင့် ပြည့်နေတာ သူမက သမီးတုလေးဖြစ်နေပေမယ့် ရှောင်ကွင်းနိုင်အောင် အာရုံစိုက်နေရသည်။ သူမ၏ဖခင်က လက်နက်မှောင်ခိုရောင်းသူဖြစ်ကာ မိခင်ကတော့ ကျွမ်းကျင်သည့် လုပ်ကြံသူတစ်ယောက်ဖြစ်သည်။ အကြီးဆုံးအစ်ကိုက အာဏာရလိုစိတ်ကြီးမားကာ စီးပွါးရေးလောက၌ လူသတ်ဘုရင်တစ်ပါးဖြစ်သည်။ ဒုတိယအစ်ကိုက ကျင့်ဝတ်မရှိသည့် သွေးအေးရှေ့နေတစ်ယောက်ဖြစ်သည်။ တတိယအစ်ကိုက လူမှုရေးအား ဆန့်ကျင်လိုစိတ်ဖြင့် မွေးဖွားလာသူဖြစ်ပြီး သတ်ဖြတ်မှုကိုစွဲလန်းနေခဲ့သည်။ စတုတ္ထအစ်ကိုက မကောင်းဆိုးဝါးအနုပညာရှင် တစ်ယောက်ဖြစ်ကာ ပရိသတ်များအား စုံလုံကန်းယုံကြည်သူများဖြစ်လာအောင် လေ့ကျင့်ခဲ့သည်။ ပဥ္ဇမအစ်ကိုကတော့ အရိုးဖြူတွေကို စိတ်ဝင်စားသည့် ဉာဏ်ကြီးရှင် တစ်ယောက်ဖြစ်သည်။ တစ်ချို့သော လောဘကြီးတဲ့ မကောင်းဆိုးဝါးတွေမသိခဲ့တာက သူတို့သတ်ချင်နေခဲ့တဲ့သူသည် သာမာန်ကောင်မလေးတစ်ယောက်မဟုတ်ဘဲ ရူးသွပ်နေသည့် ညီအစ်ကိုငါးယောက်၏ အချစ်ဆုံး ညီမငယ်လေး ဖြစ်နေတာကိုပင်။

