← Chapters

အခန်း (၃၃)

Vol. 4 Ch. 33

အခန်း (၃၃)

Vol. 4 Ch. 33

နောက်တစ်မနက်၌ ယွမ်လော့ရီတစ်ယောက် မေမေယွမ်ကို တွေ့ရလေ၏။ အပူပိုင်းဒေသမှ ယခုလေးတင် ပြန်လည်ရောက်ရှိခဲ့သည့် ပုံစံမျိုးဖြစ်နေပြီး အသားရောင်မှာလည်း အနည်းငယ် ညိုညစ်နေခဲ့ကာ ရောင်စုံဆွဲကြိုးကို ဝတ်ဆင်၍ ရွှင်လန်းစွာ ပြုံးနေခဲ့၏။

မေမေယွမ်က လက်ဖြင့် ယက်လုပ်ထားသည့် ဆွဲကြိုးတစ်ကုံးကို ထုတ်ပေးခဲ့ပြီး ပြောလာသည်။

“အချစ်ကလေး ဒီဆွဲကြိုးက မေမေ ခရီးသွားရင်း သမီးလေးအတွက် ဝယ်လာတဲ့ လက်ဆောင်”

ယွမ်လော့ရီသည် လက်ဆောင်အပေါ်၌ အလေးထားခြင်း မရှိပေ။ မေမေယွမ်အား တင်းကျပ်စွာ ပွေ့ဖက်လိုက်ပြီး သူမ မျက်နှာကို မေမေယွမ်၏ အဝတ်များကြား၌ မြှုပ်လိုက်ကာ ရှိုက်သံ ထွက်ပေါ်လာ၏။ မျက်ရည်များကို မနည်း အားယူ၍ ထိန်းချုပ်ထားခဲ့ရလေသည်။

ကံကောင်းစွာဖြင့် မေမေယွမ်မှာ အသက်ရှင်လျက် ရှိနေဆဲပင်။ မေမေယွမ်သည် ယွမ်လော့ရီ၏ မိခင်အရင်းမဟုတ်ခဲ့သည့်တိုင် သေလုနီးပါး အခြေအနေ၌ပင် ယွမ်လော့ရီအား ထွက်ပြေးရန် ပြောခဲ့သည့်အတွက် သူမ အပေါ် စိတ်ရင်းဖြင့် စိုးရိမ်ပူပန်သည်မှာ ထင်ရှားပေသည်။

မေမေယွမ်မှာ အံ့အားသင့်သွားခဲ့သော်ငြား အတိုင်းမသိ ဝမ်းသာနေမိသည်။ သမီးငယ်လေးက သူမနှင့် ဤမျှလောက် တွယ်တွယ်တာတာ မရှိခဲ့သည်မှာ ကြာပြီ ဖြစ်၏။

မေမေယွမ်သည် ခွေးခြေခုံလေးပေါ်တွင် ထိုင်လိုက်ပြီး ယွမ်လော့ရီအား သူမ၏ ပေါင်ပေါ်၌ ထိုင်စေခဲ့သည်။

သူမ၏ လက်နှစ်ဖက်နှင့် ယွမ်လော့ရီ၏ မျက်နှာလေးကို ကိုင်ထားခဲ့ပြီး မေးလိုက်သည်။

“ဘာဖြစ်လို့လဲ၊ သမီးလေးက ဘာလို့ ဒီလောက်တောင် စိတ်ဆင်းရဲနေရတာလဲ သမီးလေးကို ကိုကိုတို့က အနိုင်ကျင့်လို့လား”

ယွမ်လော့ရီက ပြောလိုက်သည်။

“မဟုတ်ပါဘူး သမီးက မေမေ့ကို သတိရလို့ပါ”

မေမေယွမ်က ပြုံးရယ်လိုက်ပြီးနောက်

“စကားချိုချိုလေး ပြောတတ်လိုက်တာနော်၊ ကဲပြော ဘာလိုချင်လဲ မေမေ ချက်ချင်း ဝယ်ပေးမယ်”

ယွမ်လော့ရီမူ မေမေယွမ်၏ ပခုံးပေါ်၌ နူးညံ့စွာ မှီထားပြီး

“သမီးက မေမေ့ကိုပဲ လိုချင်တာပါ”

မေမေယွမ်က အင်မတန် ဝမ်းသာပြီး ယွမ်လော့ရီ၏ ကျောကို ညင်သာစွာ ပုတ်ပေးလိုက်၏။

“ဟုတ်ပါပြီ မေမေ နိုင်ငံခြားမှာ အကြာကြီး အလုပ်တွေ ထပ်မလုပ်တော့ဘူး၊ မေမေ နေခဲ့ပြီး သမီးလေးကို ခဏလောက် အဖော်လုပ်ပေးမယ်”

ယွမ်လော့ရီက မေမေယွမ် အပေါ် ချစ်ခင်တွယ်တာစွာ ပြုမူနေခဲ့သည်။ အနည်းငယ် ကလေးဆန်နေခဲ့သော်လည်း သူမ၏ မိခင်ကို စိတ်ထဲမှ လွမ်းဆွတ်တမ်းတနေခဲ့၏။

၇ နာရီခွဲခန့် ကြာသွားမှသာ ကျောင်းတက်ရန် ကား ထဲသို့ မဝင်ချင်စွာနှင့် ဝင်ခဲ့ရသည်။ ကားလမ်းတစ်လျှောက်လုံး၌ သတင်းဆိုးတချို့ကိုလည်း သူမ ရခဲ့၏။ ယနေ့၌ သူမ၏ စတုတ္ထအစ်ကို ယွမ်စစ်က Star Galaxy အလယ်တန်းကျောင်းသို့ လာမည်ဖြစ်သည်။

အိုး သွားပြီ အဲ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးတဲ့ ငပျင်းကောင် ပဲရစ်က ပြန်ရောက်လာပြီ။ သူ့ ပရိသတ်တွေလည်း လာကြလိမ့်မယ်။

ယွမ်လော့ရီမူ သူ၏ ပရိသတ်များကို အကြောက်ဆုံးပင်။ သူတို့မှာ အင်မတန် ရူးသွပ်ကြ၏။

ယွမ်လော့ရီတစ်ယောက် သူမ၏ ဖုန်းကို ဖွင့်လိုက်သည်။ လက်ရှိ ခေတ်စားနေသော ခေါင်းစဉ်မှာ “အလွန် နာမည်ကျော်သည့် ကြယ်ပွင့် ယွမ်စစ်က Star Galaxy အလယ်တန်းကျောင်းသို့ သွားရောက်မည်” ဟူ၍ ဖြစ်လေ၏။

အောက်ရှိ မှတ်ချက်များမှာ အမြဲတမ်းလိုလို ပရိသတ်များထံမှ ချီးကျူးစကားများဖြင့် ပြည့်နှက်နေခဲ့၏။ ယွမ်စစ် ပရိသတ်များ၏ ရူးသွပ်မှုက တစ်ကမ္ဘာလုံး၌ နာမည်ဆိုးနှင့် ကျော်ကြားလေသည်။ မည်သူ တစ်ဦးတစ်ယောက်မျှ မှတ်ချက်များ၌ ယွမ်စစ်အား မကောင်းမပြောရဲကြပေ။ အကြောင်းမူ ဤ ပရိသတ်များက လက်တွေ့ဘဝတွင် အမှန်တကယ် လက်တုန့်ပြန်နိုင်စွမ်းရှိကြသည်။

ယွမ်လော့ရီမှာ သူမ၏ စတုတ္ထအစ်ကိုနှင့် အပြန်အလှန် ဆက်သွယ်မှု သိပ်မရှိခဲ့ပေ။ သူသည် ဆယ့်လေးနှစ်သားအရွယ်၌ ပွဲဦးထွက်ခဲ့ပြီး အမြဲတမ်း အလုပ်ရှုပ်နေခဲ့၏။ အိမ်သို့ ပြန်လာသည်မှာ ရှားလွန်းသည်။

မည်သို့ပင် ဖြစ်စေကာမူ ယွမ်လော့ရီသည် ယွမ်စစ်၌ ထူးဆန်းသည့် တန်ဖိုးထားမှုများ ရှိသည်ကို သိခဲ့၏။ ယွမ်မိသားစုရှိ အခြားသူများမှာ အများပြည်သူများနှင့် အပြန်အလှန် ဆက်ဆံခြင်းကို မနှစ်သက်ကြသော်လည်း ယွမ်စစ်မူ နှစ်သက်လေသည်။

သူသည် ပုတ်သင်ညိုတစ်ကောင်နှင့် တူပေ၏။ အခြားသူများ၏ နှစ်သက်မှုများကို လျင်မြန်စွာ အကဲဖြတ်ပြီးနောက် သူတို့ နှစ်သက်သည့် ပုံစံမျိုးသို့ သူ့ကိုယ်သူ ပြောင်းလဲပစ်ကာ သူတို့၏ စိတ်ခံစားချက်များကို ဂရုတစိုက် ကြိုးကိုင်ခြယ်လှယ်တတ်သည်။ တစ်ခါတစ်ရံ၌ သူသည် သူတို့အား တန်ဖိုးထားလွန်းပြီး အခြားအချိန်များ၌ သူတို့ကို မြေပြင်ပေါ် သို့ ပစ်ချတတ်၏။

ယွမ်လော့ရီသည် သူမ၏ စတုတ္ထအစ်ကိုက ဖောက်ပြန်တတ်သည့် လက်ဖက်စိမ်းကောင်ဖြစ်သည်ဟု မကြာမကြာ ခံစားခဲ့ရ၏။ မိန်းမများအပေါ် သို့ လည်းကောင်း၊ ယောက်ျားများအပေါ် သို့ လည်းကောင်း ရှက်ရွံ့ခြင်းမရှိဘဲ ထိုနည်းလမ်းမျိုး ပြုမူလေသည်။ သို့သော် သူမသည် ယွမ်စစ်မှာ မည်သည့်အခါမျှ ချစ်မိသွားလိမ့်မည်မဟုတ်ကြောင်း သေချာခဲ့၏။ အဘယ်ကြောင့်ဆိုသော် စက္ကန့်တိုင်း၊ မိနစ်တိုင်း၌ ယွမ်စစ်မှာ သူ့ကိုယ်သူသာ ချစ်သော၊ အတ္တကြီးသူစစ်စစ်ပင်။

ယွမ်စစ်၏ ကိုယ်ပိုင်စကားများဖြင့် ဆိုရပါက “သူတို့ကို ကြည့်စမ်းပါဦး ဘယ်လောက်တောင် ပျော်စရာကောင်းလိုက်လဲ၊ ငါ့ဆီက ကြည်ဖြူမှုလေး နည်းနည်းရဖို့ကို အရူးအမူး ပြိုလဲပြီး အရာရာ ပေးဆပ်ဖို့ ဒူးထောက်ကြတယ်တဲ့၊ ငါ့ဆီက ကြင်နာမှုနည်းနည်းလေးကို သူတို့က နတ်ပြည် ရောက်နေတဲ့အတိုင်း ပျော်ကြတာ၊ ငါ့ရဲ့ ပြီးပြည့်စုံတဲ့ ပုံစံက သူတို့ရဲ့ နတ်ဘုရားဆိုတာကို သက်သေပြ‌နေတာပဲ”

“ကြင်နာမှု” ဟူသည့် စကားလုံးမှာ ယွမ်စစ်၏ နှလုံးသားထဲ၌ မရှိခြင်းက သံသယဝင်စရာ မရှိချေ။ သူသည် မည်သို့ ဆွဲဆောင်မှုရှိလာအောင် လုပ်ရမည်ကို သိပေသည်။ လူအများ၏ နှလုံးသားများကို ခြယ်လှယ်နိုင်၏။ သူ၏ အဓိပ္ပာယ်ကင်းမဲ့သော ထိန်းချုပ်လိုသည့် ဆန္ဒကို ကျေနပ်စေခဲ့သည်။

ခေတ်စားနေသည့် ခေါင်းစဉ်မှ ထွက်ပြီးနောက် ယွမ်လော့ရီသည် သူမ၏ အဓိက အကောင့်ကို စစ်ဆေးလိုက်သည်။ ထို အကောင့်၌ ယခုအခါ သန်းပေါင်း ခြောက်ဆယ်ကျော်သည့် ပရိသတ်များ ရှိနေခဲ့သော်လည်း သူမ၏ ပင်မစာမျက်နှာ၌ ပို့စ်တစ်ခုတည်းသာ ရှိနေဆဲပင်။

[အား ဘာဖြစ်လို့ ပို့စ်အသစ် မတင်ရတာလဲ]

[ကျေးဇူးပြုပြီး ဘာပဲဖြစ်ဖြစ် တင်လိုက်စမ်းပါ ငါက ဘာမှ ဂရုမစိုက်ဘူး]

[ဒါရိုက်တာကျန်း ဘာဖြစ်လို့ ယွမ်လော့ရီနဲ့ ပိုပြီး ရုပ်ရှင်မရိုက်တာလဲ၊ ကျွန်မက သူ့ကြောင့်သာ ဒီ ရသစုံရှိုးကို ကြည့်နေရတာ]

ယွမ်လော့ရီသည် ညင်သာစွာ သက်ပြင်း ချလိုက်ပြီး သူမ၏ အဓိကအကောင့်မှ ထွက်လိုက်သည်။

သူမ၏ ပရိသတ်များနှင့် မည်သို့ အပြန်အလှန် ဆက်သွယ်ရမည် ကို မသိခဲ့‌သလို သူတို့၏ နှစ်သက်မြတ်နိုးမှုမှာ အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းသည်ဟုပင် ခံစားခဲ့ရ၏။

သူတို့ စိတ်ကူးဖြင့် မှန်းဆထားသည့် ယွမ်လော့ရီ ကိုသာလျှင် နှစ်သက်ကြသည်ဖြစ်ပြီး သူမ၏ စစ်မှန်သည့် ပင်ကိုစရိုက်ကြောင့် မဟုတ်သည်ကို ယွမ်လော့ရီတစ်ယောက် ကောင်းကောင်း သတိပြုမိခဲ့သည်။

ပရိသတ်များ၏ အကြိုက်ကို လိုက်လျော ပေးခြင်းက သူမအား မသက်မသာဖြစ်စေ၏။

လူသတ်မှု စုံစမ်းစစ်ဆေးရေး၌ ပင်ပန်းနေခဲ့သည့်အတွက် သူမ ဘဝ၏ အခြား ကဏ္ဍများ၌ ပျင်းရိနေပြီး အရာရာကို သဘာဝအတိုင်း ဖြစ်စေချင်မိသည်။

စနစ်၏ သတ်မှတ်ချက်က သူမ တက်ကြွမနေလျှင် အဆင့်တက်နေမည် ဖြစ်သည်။

ထိုအကြောင်းကို တွေးတောရင်း ယွမ်လော့ရီက ရုတ်တရက် သိလိုစိတ် ဖြစ်ပေါ်လာခဲ့၏။တစ်နေ့နေ့၌ သူမသာ ပျင်းရိခြင်းကို ရပ်တန့်လိုက်လျှင် စနစ်က မည်သို့တုံ့ပြန်မည်နည်း။

၎င်းမှာ စိတ်ဝင်စားစရာကောင်းသည့် ခေါင်းစဉ်ဖြစ်၏။ သူမ အနာဂတ်၌ စမ်းသပ်ကြည့်နိုင်သည်ာ

ကျောင်းသို့ ရောက်သောအခါ၌ ယွမ်လော့ရီသည် သူမ၏ ကျောပိုးအိတ်ကို လွယ်လိုက်ပြီး အတန်းD သို့ ဦးတည်သွားခဲ့၏။

ကျောင်းသား အများအပြားက ယခင်နေ့၌ လုပ်ခဲ့သည့် ကာယအတန်း၏ တိုက်ပွဲကို ကြည့်ခဲ့ကြ၏။ ယွမ်လော့ရီ၏ အထင်ကြီးစရာကောင်းသော စွမ်းဆောင်ရည်က လူအတော်များများကို အံ့သြစေခဲ့သည်။

ထို့ကြောင့် ယွမ်လော့ရီတစ်ယောက် ကျောင်းတံခါး ဝ၌ ပေါ်လာသောအခါ သူတို့သည် သူမအား သိချင်စိတ်ဖြင့် ကြည့်ရှုခဲ့ကြ၏။

“သူပဲ သူပဲ ကျောင်းသွားတဲ့လမ်းမှာ သူနဲ့ တွေ့ရတာ ငါ ဘယ်လောက်တောင် ကံကောင်းလိုက်လဲ၊ သွားနှုတ်ဆက်သင့်လား”

“အရူး အသိစိတ်ဝင်စမ်းပါ သူက ယွမ်မိသားစုရဲ့ တန်ဖိုးထားရတဲ့ သမီးလေးပဲ”

“ဟုတ်တယ်လေ သူက ကျောင်းရဲ့ အချောဆုံး စန်းကျွင်းရွှမ်ကို တစ်ချက်တည်းနဲ့ ဖယ်ထုတ်ပစ် နိုင်တယ်၊ ငါတို့ကိုလည်း အဲနည်းနဲ့ လုပ်နိုင်တယ် တကယ့် သေနတ်တွေနဲ့တောင် ဖြစ်‌နိုင်သေးတယ်”

ကျောင်းသားများက ယွမ်လော့ရီ၏ ကိုယ်ရည်ကိုယ်သွေးကို မခန့်မှန်းနိုင်ကြသဖြင့် သူတို့သည် သူမအား မချဉ်းကပ်ရဲကြပေ။ အဝေးမှသာ တိတ်တဆိတ် စောင့်ကြည့်နေခဲ့ကြပြီး အစောင့်များက ထူးဆန်းသည့် အသိအမှတ်ပြုခြင်း အခမ်းအနား ကို ပြုလုပ်နေသည့်အလားပင်။

ယွမ်လော့ရီက ကန်တင်းဘက်သို့ လျင်မြန်စွာ လျှောက်သွားနေစဉ် အတန်း C မှ မိန်းကလေး တစ်ဦးက ရုတ်တရက် ပြေးလာပြီး ယွမ်လော့ရီ အား ရိုသေစွာ အရိုအသေပေးခဲ့ပြီးနောက် လှည့် ထွက်ပြေးသွားလေ၏။ ယင်းက ယွမ်လော့ရီအား အနည်းငယ် စိတ်ရှုပ်ထွေးစေခဲ့သည်။

ထိုမိန်းကလေး၏ ထွက်ခွာသွားသည့် ကျောပြင် ကို ကြည့်ရင်း ယွမ်လော့ရီက ဤမိန်းကလေးသည် ရသစုံရှိုး၏ ဖွင့်ပွဲ အခမ်းအနား၌ သူမအား နှုတ်ဆက်ခဲ့သည်ကို သတိရလိုက်၏။

ယွမ်လော့ရီက သူ့ အပေါ် တစ်ခုခု လုပ်ခဲ့ဖူးလို့လား။

ဟင်း... အဲလို မဟုတ်ဘူးနဲ့ တူတယ်။

ယွမ်လော့ရီက ထိုမိန်းကလေး၏ နာမည်ကိုပင် မသိခဲ့ပေ။

ယွမ်လော့ရီသည် ထိုအကြောင်းအား ဆက်၍မတွေးတော့ပေ။ သူမ ပျင်းရိခြင်းကို စတင်ခဲ့သည့် အချိန်မှစ၍ သူမအပေါ် လူအများ၏ သဘောထားများက အဆက်မပြတ် ပြောင်းလဲနေခဲ့သည်။ ကျောင်းသား တစ်ဦး သို့မဟုတ် နှစ်ဦးက ရံဖန်ရံခါ ပေါ်လာပြီး သူမ၏ ပတ်ဝန်းကျင်၌ ဝန်းရံနေခြင်းက အလွန် ထူးဆန်းသည်ဟု မဆိုနိုင်ပေ။

အထူးသဖြင့် ယမန်နေ့က ကာယအတန်းပြီးနောက် ကျောင်းတစ်ကျောင်းလုံး၏ ဆရာ၊ ဆရာမများနှင့် ကျောင်းသားများက သူမ၏ ပြောင်းလဲမှုကို သတိပြုမိခဲ့ကြသည်။

အတန်း D၏ ဝင်ပေါက်၌ အမျိုးသမီးတစ်ဦးက မတ်တပ်ရပ်နေခဲ့၏။ သူမသည် အနက်ရောင် ဝတ်စုံ၊ နေကာမျက်မှန်ကို ဝတ်ဆင်ထားပြီး အရပ်မြင့်မြင့်၊ ဖြောင့်မတ်သည့် ကိုယ်ဟန်အနေအထားက တိုက်ခိုက်ရေး၌ အလွန် အစွမ်းထက်သည့် လူတစ်ဦးဟု ချက်ချင်းပင် တင်မြင်ချက်ပေးခဲ့၏။

သူမ၏ မျက်နှာက ယွမ်လော့ရီဘက်သို့ လှည့်လာကာ ပြောလာသည်။

“မင်းက ယွမ်လော့ရီ ဖြစ်ရမယ်”

ယွမ်လော့ရီက ပြန်ဖြေလေ၏။

“ဟုတ်ပါတယ်”

“ကျွန်မက မစ္စတာ ယွမ်စစ်ရဲ့ လက်ထောက်ပါ၊ သူက မင်းကို သူ့ရဲ့ နားနေခန်းကို လိုက်ပို့ပေးဖို့ မှာကြားခဲ့ပါတယ်”

“အမ်... ကျွန်မ မသွားလို့မရဘူးလား”

ထိုအမျိုးသမီးသည် ယွမ်လော့ရီဘက်သို့ နှစ်လှမ်း လှမ်းလာပြီး တောင်းပန်လိုက်၏။

“ကျေးဇူးပြုပြီး မင်းသွားရပါမယ် ကျွန်မက ဝန်ထမ်းတစ်ယောက် သက်သက်ပါပဲ၊ မင်းသိတယ်မလား မစ္စတာယွမ်စစ်က အရာရာတိုင်းကို သူ့ ထိန်းချုပ်မှုအောက်မှာရှိတာကို သဘောကျတာကို၊ မင်း မသွားရင် သူ ကျွန်မကို အပြစ်တင်လိမ့်မယ်”

ထို့ကြောင့် ဆယ်မိနစ်ကြာပြီးနောက် ယွမ်လော့ရီသည် ယွမ်စစ်၏ နားနေခန်း၌ မျက်နှာငယ်လေးဖြင့် မတ်တပ်ရပ်နေခဲ့သည်။

ယွမ်စစ်မူ ဆိုဖာပေါ်၌ လဲလျောင်းကာ အိပ်ပျော်နေခဲ့သည်။

ယွမ်လော့ရီ ရောက်လာသည်ကို ကြားသောအခါ သူက ပျင်းရိစွာ ထရပ်လိုက်ပြီး သမ်းလျက် နဖူးပေါ်သို့ ကျနေသည့် ဆံပင်များကို ဘေးသို့ သပ်တင်လိုက်၏။

သူထံ၌ နူးညံ့မှု အပြည့်ဖြင့် မက်မွန်ပွင့်အတိုင်း လှပသည့် မျက်လုံး တစ်စုံရှိခဲ့သော်လည်း အတွင်းပိုင်းမှာ ရေခဲကဲ့သို့ အေးစက်နေခဲ့သည်။

သူ့ ပါးစပ်ထောင့်များက အမြဲတမ်းလိုလို သိမ်မွေ့သည့် အပြုံးကို ဆောင်ထားခဲ့ပြီး လူတစ်ဦးကို လုံးဝဝါးမျိုလိုက်သော်လည်း သူငယ်ချင်းကောင်းတစ်ဦး ဖြစ်သည်ဟု ထင်ရလောက်သည်အထိ ကြင်နာပြတတ်သေး၏။

ယွမ်လော့ရီကို ကြည့်လိုက်သောအခါ ယွမ်စစ်၏ မျက်လုံးများက ကျေနပ်စွာ ဝင်းလက်လာခဲ့သည်။

သူသည် ယွမ်လော့ရီထံသို့ လျှောက်သွားပြီး သူမ၏ ရုန်းကန်မှုများကို လစ်လျူရှုကာ တင်းကျပ်စွာ ပွေ့ဖက်လိုက်၏။

ယင်းက ယွမ်လော့ရီတစ်ယောက် ယွမ်စစ်နှင့် အပြန်အလှန် ဆက်သွယ်ခြင်းကို မနှစ်သက်ရသည့် အကြောင်းရင်းပင်။ သူသည် အမြဲတမ်းလိုလို သူမအား အရုပ်တစ်ရုပ်ကဲ့သို့ ဆက်ဆံပေသည်။

သူမ အတွက် စဉ်းစားပေးခြင်းမရှိဘဲ သူမကို ပွေ့ဖက်ခြင်း သို့မဟုတ် ဖက်ထားခြင်းကို သူ အလိုရှိသည့်အခါတိုင်း လုပ်လေ့ရှိ၏။

All Chapters