← Chapters

အခန်း (၁၁၇)

Vol. 12 Ch. 117

အခန်း (၁၁၇)

Vol. 12 Ch. 117

Chapter - 117

မျှော်လင့်ချက်မဲ့နေခြင်းသည်

နာကျင်မှုကို စတင်ခဲ့သည်။

ယွမ်ချန်က မြေအောက်ရှိ သန့်စင်ခန်း၊ ထမင်းစားခန်းနှင့် အိပ်ခန်းများကို ထည့်ထားသော ဆယ်ပေပတ်လည်အခန်းကျဥ်းလေး၌ အပိတ်ခံထားရသည်။ ပြတင်းပေါက်မရှိဘဲ မျက်နှာကျက်ပေါ်ရှိ ဆက်တိုက်လည်နေသည့် လေဝင်လေထွက် ပန်ကာတစ်ခုသာရှိပြီး ယွမ်ချန် သူ့ခေါင်းသူ ကြမ်းပြင်နှင့်တိုက်၍ သတ်သေခြင်းမှ ကာကွယ်ရန်အတွက် ကြမ်းပြင်နှင့်နံရံများကို ထူထဲသည့် အရာများနှင့် ကာကွယ်ထားသည်။

သူငယ်စဥ်တုန်းက ဒီနေရာ၌ အစားအစာနည်းနည်းနှင့် ရေနည်းနည်းသာပေး၍ မကြာခဏ ပိတ်လှောင်ခံထားရပြီး ယွမ်ကျန်းဟိုင်က သူ စိတ်ဓါတ်ပြိုလဲတော့မည် ဆဲဆဲတွင်ဖြစ်နေမှသာ လွတ်ပေးမည်ပင်။

သူက ပြောလိမ့်မည်။

“ချန် မင်းငါ့ကို နှုတ်ဆက်သင့်တယ် ငါက မင်းအဖေလေ”

ပင်ပန်းနွမ်းနယ်နေသည့် ယွမ်ချန်က တစ်ခုတည်းသာ ပြောနိုင်၏။

“မင်္ဂလာနံနက်ခင်းပါ အဖေ”

ယွမ်မိသားစုအတွင်း၌ ခေါင်းဆောင်ဟောင်းက ဆက်ခံသူအား “နာခံတတ်မှု” ဆိုသည့် စကားလုံးအား စွဲမြဲနေအောင် ရိုက်သွင်းတတ်၏။

ယခုတွင် ယွမ်ချန်သည် ရက်များမည်မျှပင် ကုန်ဆုံးသွားပြီကို မသိရာ သူ၏ဇနီးသည်နှင့် ကလေးများကိုသာ စိုးရိမ်နေ၏။

သူ၏ အကြီးဆုံးသားယွမ်အောင်း အပေါ်တွင်သာ လုံးဝယုံကြည်ထားကာ သူသည်သာလျှင် ယွမ်ချန် ပျောက်ဆုံးနေစဥ်အတွင်း အားလုံးကို ကာကွယ်ပေးထားနိုင်သော ယုံကြည်အားကိုးရသည့် သူဖြစ်သည်။

ပြီးတော့ သူ့သမီး ယွမ်လော့ရီ သူမကော ပတ်ဝန်းကျင်အသစ်မှာ တိုးတက်လာသလား။

ထိုအကြောင်းအား တွေးလိုက်ရုံနှင့် ယွမ်ချန်၏ နှလုံးသားမှာ နာကျင်သွားသည်။ ယွမ်မိသားစုအသစ်ကို ဖန်တီးဖို့ရာအတွက် သူတတ်နိုင်သမျှ ကြိုးစားခဲ့သော်ငြား ဝမ်းနည်းစရာမှာ အလိုအလျောက်ပင် ထပ်ခါထပ်ခါဖြစ်နေ၏။ မျိုးရိုးဗီဇဆိုင်ရာ ရောဂါမှာ သူတို့နောက်အား အဆက်မပြတ်လိုက်နေသည့် ကျိန်စာတစ်ခုကဲ့သို့ပင်။

“ဝှစ်ရှ်”

တံခါးက ရုတ်တရက် ဖြေးဖြေးချင်း ပွင့်လာကာ အပြင်ဘက်ရှိ အလင်းရောင်မှာ အခန်းထဲသို့ အလျင်အမြန်ရောက်လာပြီး ယွမ်ချန်အတွက် တောက်ပလွန်းနေသဖြင့် နေသားကျအောင် အချိန်အနည်းငယ် ယူလိုက်ရသည်။

သူ၏အဖေ ယွမ်ကျန်းဟိုင်က တံခါးဝတွင် ရပ်နေ၏။

“အခု မင်းထွက်လာရမဲ့ အချိန်ရောက်ပြီ”

သူ၏ ခေါင်းပေါ်တွင် သေနတ်အချိန်ခံထားရရင်း အခန်းအပြင်ဘက်သို့ ယွမ်ချန် အထုတ်ခံလိုက်ရသည်။

ယနေ့တွင် ယွမ်ကျန်းဟိုင်က အတော်လေး ပျော်ရွှင်နေပုံရကာ လက်ပိုက်ထားရင်း သူ၏လက်ချောင်းများကို စည်းချက်ညီစွာ မြန်မြန်လှုပ်ရှားနေရင်း ပြုံးနေ၏။

“ငါ့တစ်ဘဝလုံး မရေတွက်နိုင်တဲ့ ရောဂါဆိုးတွေကို ကျော်လွှားနိုင်ခဲ့တယ် ဒါပေမဲ့ ငါဘယ်တုန်းကမှ ယွမ်မိသားစုရဲ့ မျိုးရိုးဗီဇရောဂါကို မဖြေရှင်းနိုင်ခဲ့ဘူး”

“အဲတာက အရမ်းထူးဆန်းပြီးတော့ အဆုံးမသတ်နိုင်တဲ့ လျို့ဝှက်ဆန်းကျယ်မှုကြီးပဲ၊

ငါအဲဒီအကြောင်းကို နားလည်သွားပြီ လို့ထင်လိုက်တဲ့အခါတိုင်း မတူတဲ့ အချက်တွေပဲထွက်လာပြီးတော့ ငါ့ကို လမ်းပျောက်သွားစေခဲ့တယ် ဒါပေမဲ့ အဲလိုဖြစ်နေတာကိုက ငါ့ကို စွဲလမ်းစေတာပဲ”

“ဆေးသိပ္ပံ ပညာရှင်တစ်ယောက်အနေနဲ့ ငါက ကောင်းကင်ဘုံကပေးလိုက်တဲ့ ပဟေဠိကို ဖြေရှင်းဖို့ ကြိုးစားနေတာပဲ”

“မင်းသိလား မိသားစုတိုင်းမှာ အရူးတွေရှိကြတယ် ဒါပေမဲ့ ငါတို့ယွမ်မိသားစုကတော့ ချွင်းချက်အနေနဲ့ အကုန်လုံးဥာဏ်ကောင်းကြတယ် အဲတာက မျိုးရိုးဗီဇရောဂါကြောင့်ပဲ”

“အဲဒီရောဂါက ကျိန်စာပေမဲ့ ကောင်းချီးလည်း ဟုတ်တယ်”

“အခုတော့ ငါ အဲဒါကို ကျိန်စာမဟုတ်ဘဲနဲ့ ကောင်းချီးသပ်သပ်ပဲ သုံးလို့ရမဲ့ နည်းလမ်းကို ရှာတွေ့သွားပြီ၊

အဲဒီရှာဖွေတွေ့ရှိမှုကြီးက လူသားမျိုးနွယ်တစ်ခုလုံးအတွက် အကျိုးရှိစေနိုင်ပြီးတော့ မိသားစုတိုင်းမှာ ထူးချွန်တဲ့ မျိုးဆက်တွေ မွေးဖွားလာအောင် လုပ်ပေးနိုင်တယ်”

သူပြောနေရင်း လူအုပ်ကြီးက ကမ်းခြေဗီလာ၏ အပေါ်ဆုံးအထပ်သို့ ရောက်ရှိလာခဲ့သည်။ ကောင်းကင်ပေါ်ရှိ အထီးကျန်နေသော လခြမ်းကိုကြည့်ရင်း ပင်လယ်လေပြေမှာ ယွမ်ချန်၏ မျက်နှာကို တိုက်ခတ်သွားပြီး သူပိတ်လှောင်ခံထားရသည်မှာ တစ်လောက်ရှိမည်ဟု ခန့်မှန်းမိလိုက်၏။

ယွမ်ကျန်းဟိုင်က ပြောလိုက်သည်။

“မင်း ပတ်ဝန်းကျင်အသစ်က သူ့ကို ပြန်ကောင်းလာအောင် ကူညီပေးနိုင်မယ်ထင်ပြီး ယွမ်လော့ရီကို ထွက်သွားဖို့ ပြောလိုက်ပေမဲ့ တကယ်တော့ မေရှီကို သက်သာလာအောင်လုပ်ပေးတာက ပတ်ဝန်းကျင်အသစ်မဟုတ်ဘဲ မင်းရဲ့မေတ္တာတွေပဲ”

သူ၏ မျက်လုံးများမှာ ရူးသွပ်မှုများနှင့် ပြည့်နေကာ သူ၏ စွဲလမ်းမှုမှာ ကြောက်မက်ဖွယ်ရာကောင်းလှသည်။ သူ၏ သိချင်စိတ်မှာ စစ်မှန်ရရကာ အလောင်းများထံမှ အမှန်တရားများ ရယူရန်အတွက် လူပေါင်းများစွာကို နှိပ်စက်ခဲ့၏။

“ဒါက ငါအကြာကြီး ရှာနေခဲ့ရတဲ့ အဖြေပဲ အဲတာက ဖြူစင်တဲ့မေတ္တာတရားပဲ”

“ယွမ်လော့ရီ ငါ့ရဲ့ပြီးပြည့်စုံတဲ့ ဖန်တီးမှုလေး”

“မင်းလေးက အချစ်ခံရဖို့ မွေးဖွားလာတာပဲ မင်းက

အကောင်းဆုံး ဆေးလေးပဲ”

“အဲဒီ ကျိန်စာမိနေတဲ့ ကလေးငါးယောက်က မင်းကြောင့် ကောင်းချီးတွေပိုတိုးလာနိုင်သလို မင်းထွက်သွားတဲ့အခါမှာလည်း သူတို့တွေ လုံးဝပျက်စီးသွားလိမ့်မယ်”

“ဘာလို့ဆို သူတို့အားလုံးက မင်းကို ဖြူဖြူစင်စင်နဲ့ ချစ်ကြတာမလို့ပဲ”

ယွမ်ကျန်းဟိုင် ကျယ်လောင်စွာ ရယ်မောလိုက်ကာ သူ၏ ပိန်ပါးသော ခန္ဓာကိုယ်မှာလည်း လှုပ်ယမ်းနေပြီး သူဘေးရှိ နှလုံးနှင့်အဆုတ်မော်နီတာက သတိပေးသံထွက်လာကာ ပြင်းထန်သည့် နာကျင်မှုမှာ သူအာရုံကြောများအား ထိခိုက်စေ၏။

သို့ပေမဲ့ ထိုအရာမှာ သူ၏ ပျော်ရွှင်မှုကို မပျောက်ပျက်သွားစေဘဲ နောက်ဆုံးတော့ သူ့လိုနှိမ့်ချတတ်တဲ့ လူတစ်ယောက်က ကမ္ဘာကြီးရဲ့ အမှန်တရားကို သိသွားခဲ့ပြီ။

ယွမ်ချန်က သူ့အဖေအား ဗလာသက်သက်စိုက်ကြည့်လိုက်ကာ

“ကျွန်တော် မေရှီကို ပျောက်သွားတုန်းက ဘာလို့ နေမကောင်းမဖြစ်ရတာလဲ”

ယွမ်ကျန်းဟိုင်သည် ရယ်တာကို

ရပ်လိုက်ပြီး ယွမ်ချန်အား အပြစ်ရှိစွာ ကြည့်လိုက်သည်။

“တောင်းပန်ပါတယ် ငါမင်းနဲ့ မင်းရဲ့ညီမလေးကို လိမ်ခဲ့တာ”

“မင်းက ရောဂါမရှိတဲ့ ကလေးပဲ အဲဒီရောဂါကို မင်းရဲ့တခြား မျိုးရိုးဗီဇတွေ ဖိနှိပ်ထားတာကြောင့်မလို့ ရောဂါ မသက်ရောက်တာပဲ မင်းက ဘယ်တုန်းကမှ ရောဂါမရှိဘူးတဲ့ ကျန်းမာတဲ့သူပဲ”

ပေါ်ထွက်လာသော အမှန်တရားမှာ ယွမ်ချန်၏ နှလုံးသားထဲသို့ ကျည်ဆန်လို စိုက်ဝင်သွားကာ သူ့အား အချိန်အတော်ကြာ ဆွံ့အသွားစေသည်။

သူ့ညီမက သူကောင်းစားဖို့အတွက် ဒီဒုက္ခတွေကို ခါးစီးခံခဲ့ရတာပေါ့။

ပြီးတော့ ဒါတွေအားလုံးက အလိမ်အညာတွေ ဖြစ်နေခဲ့တာပေါ့။

ယွမ်ကျန်းဟိုင်က ပြောလိုက်၏။

“လှပတဲ့ အလိမ်အညာစကားတွေက ငါ့ရဲ့ချစ်စရာသမီးလေးကို ခံနိုင်ရည်ရှိစေခဲ့တယ် သူက တော်တော်လေးကောင်းတဲ့ စမ်းသပ်ခံလေးပါ၊ သူသေသွားပြီးတော့ ငါ တခြားသူတွေအပေါ်မှာ စမ်းသပ်ကြည့်သေးတယ် ဒါပေမဲ့ သူတို့အားလုံး သိပ်ကြာကြာမခံလိုက်ပါဘူး အချစ်က လူတစ်ယောက်ကို မယုံနိုင်လောက်အောင် ခံနိုင်ရည်ရှိစေတာပဲ”

ယွမ်ချန်၏ မျက်စိရှေ့၌ ယခင်က မြင်ကွင်းများ ပြန်ပေါ်လာကာ သူဘယ်တော့မှ သူ့အဖေထံမှ မလွတ်မြောက်ခဲ့သည်ကို သဘောပေါက်သွားခဲ့၏။ ထိုရူးသွပ်နေတဲ့ လူကြီးမှာ သူ့ညီမလေးကို ဆက်ဆံခဲ့သကဲ့သို့ သူ၏ကလေးအားလုံးကို စမ်းသပ်ခံအနေနှင့် သဘောထားခဲ့သည်။

ယွမ်ချန် နာကျင်စွာဖြင့် သူ၏မျက်လုံးများအား မှိတ်လိုက်ကာ မျှော်လင့်ချက်မဲ့သွားသော်ငြား မေးခွန်းထုတ်လိုက်သေးသည်။

“ကျွန်တော် သမီးလေးကော အသက်ရှင်နေသေးလား”

ယွမ်ကျန်းဟိုင်က ပြောလိုက်သည်။

“သူသေတဲ့အထိ လည်ပင်းညှစ်သတ်ခံလိုက်ရတယ် ပြီးတော့ သူ့အစ်ကိုတွေအားလုံးကလည်း နေမကောင်းဖြစ်လာကြပြီ”

“ငါမင်းရဲ့ ဇနီးကိုလည်း သတ်ခဲ့သေးတယ်”

“အခု မင်းရွေးကိုရွေးချယ်ရမယ် ငါ မင်းရဲ့အမှားတွေကို ခွင့်လွှတ်ပေးနိုင်တယ် မင်းငါ့ဘက်ကို ယွမ်မိသားစုရဲ့ ဆက်ခံသူအနေနဲ့ ပြန်လာလို့ရတယ် မင်းသင့်တော်တဲ့ မိန်းကလေးတစ်ယောက်ကို လက်ထပ်ပြီးတော့ ကလေးတွေ ထပ်ယူလို့ရတာပဲ”

ယွမ်ချန်က ခါးသီးစွာ ရယ်မောလိုက်ကာ

“ကျွန်တော်က အမြဲတမ်း အဖေ့အတွက် မျိုးဆက်ဆက်ရှိနိုင်အောင် လုပ်ပေးတဲ့ သူကလွဲပြီး ဘာမှ မဟုတ်ဘူး”

ယွမ်ကျန်းဟိုင် သက်ပြင်းချကာ ခေါင်းခါလိုက်ရင်း

“မဟုတ်ဘူး ချန် ဒီနှစ်တွေအတွင်းမှာ ငါနေမကောင်းမဖြစ်တာက ငါမင်းကိုချစ်လို့ပဲ’

“ငါက မင်းရဲ့အဖေပါ ငါမင်းကြီးပြင်းလာတာကို စောင့်ကြည့်နေခဲ့ပြီးတော့ မင်းကို အရာအားလုံး သင်ပေးခဲ့တယ် ငါမင်းကို တကယ်မထိခိုက်စေချင်တာပါ ငါမင်းကို မှန်မှန်ကန်ကန် နေစေချင်ရုံပါ”

သူ၏ မျက်နှာကို လက်ဖြင့်ကာထားရင်း ယွမ်ချန်၏စိတ်ဓါတ်မှာ လုံးဝ ပြိုလဲကျသွား၏။ သူ့တွင် မျိုးရိုးဗီဇ ရောဂါဟူသော ကျိန်စာကြီး မရှိသော်ငြား သူ၏အဖေမှာ သူဘယ်တော့မှာ မပယ်ဖျက်နိုင်မည့် ကျိန်စာပင် ဖြစ်၏။

သူအနောက်သို့ ဆုတ်ရင်း ခေါင်းမိုးအစွန်းသို့ ရောက်သွား၏။

ယွမ်ကျန်းဟိုင် ညင်သာစွာ ခေါ်လိုက်သည်။

“ချန် အဲဒီဘက်ကို မရွေးလိုက်ပါနဲ့ အဖေ မင်းကို မဆုံးရှုံးချင်ဘူး”

ယွမ်ချန် သူ၏လက်ကို ချလိုက်ရင်း သူ့အဖေကို ကြည့်လိုက်ချိန်တွင် ဆံပင်ဖြူများနှင့် ပိန်ပါးသော အဘိုးအိုကြီးမှာ အမှန်တကယ်ပင် ဝမ်းနည်းနေပုံပေါက်သည်။

ယွမ်ချန်က ပြောလိုက်သည်။

“ပြီးတော့ အဖေလည်း နေမကောင်းဖြစ်သွားမှာပေါ့”

သူအနောက်ကို လှန်ချလိုက်ကာ ခေါင်းမိုးစွန်းပေါ်မှ ပြုတ်ကျသွားချိန်တွင် ရေထဲတွင် လှိုင်းများထသွားစေခဲ့၏။ဆားငန်ရေထဲသို့ ပြုတ်ကျသွားပြီး သူ၏ အဆုတ်ထဲသို့ ဝင်လာသဖြင့် အသက်ရှူကြပ်လာခဲ့သည်။

သူ မရုန်းကန်ခဲ့ဘဲ သန္တာကျောက်တန်းများ အကြားထဲတွင် သေဆုံးသွားခဲ့သည်။

ယွမ်ကျန်းဟိုင်မှာ သူ၏သားအား ဆုံးရှုံးလိုက်ရသဖြင့် ဝမ်းနည်းပူဆွေးကာ အိုမင်းနေသည့် မျက်နှာပေါ်၌ မျက်ရည်ပူများ စီးကျလာပြီး သူ၏ အင်္ကျီလက်များကို စိုစွတ်စေခဲ့သည်။ အဖေတစ်ယောက်၏ သူ့ကလေးအပေါ်ထားသော မေတ္တာသည်

အမှန်တကယ်ပင် ကြီးကျယ်လှ၏။

ယွမ်ဆိုသည့် နာမည်ကဲ့သို့ပင် အလောင်းကောင်ဖြစ်သွားတာတောင်မှ သူ၏ကလေးများကို ဝှက်ထားဆဲပေ။

အဖေတစ်ယောက်မှာ သူ့ကလေးအတွက် သေပေးနိုင်၏။

ယွမ်ကျန်းဟိုင်က သူ၏ နားထင်ကို ပွတ်သပ်လိုက်ရင်း သူ၏ မျက်နှာမှာ မျက်ရည်များနှင့် စိုစွတ်နေဆဲဖြစ်သော်ငြား သူ၏အကြည့်များမှာ တစ်ဖန်ပြန်လည် လှုပ်ရှားလာခဲ့သည်။

“ငါ့ခေါင်းတွေ စနာလာနေပြီ ဒီလိုခံစားချက်လား အရမ်းနာတာပဲ ခေါင်းထဲကို ဓါးနဲ့ထိုးမွှေနေသလိုပဲ”

“မေရှီကို သွားခေါ်လိုက် ငါအသိစိတ်ရှိနေတုန်းမှာ သူ့ကို ပြောမဲ့ဟာတွေ ရှိသေးတယ်”

အိမ်အကူမှာ အလျင်အမြန်ထွက်သွားပြီး မကြာခင်မှာပင် လှပသော မိန်းကလေးငယ်လေးတစ်ဦး ပေါ်လာခဲ့သည်။

ယွမ်ကျန်းဟိုင်က သူမ၏ လက်ကို ဆွဲလိုက်ကာ

“ချန် သေသွားပြီ အဖေလည်း နေမကောင်းဖြစ်လာနေပြီ အဖေကို ဆေးမတိုက်ဘဲ အဖေရဲ့ပြောင်းလဲမှုတွေကို မှတ်တမ်းတင်ထားပါ ဒါကအကြီးကျယ်ဆုံး တွေ့ရှိမှုကြီး ဖြစ်လာမှာပဲ”

မိန်းကလေးက ပြုံးပြီး ခေါင်းညိတ်လိုက်၏။

ထိုအချိန်၌ မြင်ကွင်းမှာ တဖြေးဖြေးချင်း မှိန်လာပြီး ဇာတ်ကားတစ်ကား ရပ်သွားသကဲ့သို့ပင်ဖြစ်ပြီး ဘေးရှိအရောင်များမှာ ပျောက်ကွယ်သွားခဲ့သည်။

တစ်ယောက်ပြီးတစ်ယောက် ပျောက်သွားခဲ့ပြီး အာကာသအချိန်မှာ ဆက်ပြီး ကမောက်ကမဖြစ်နေ၏။

[ဒင်]

[စနစ်သတိပေးချက်: သဲလွန်စပြသချက်က ပြီးဆုံးသွားပါပြီ]

ကြီးမားသော အားကြီးတစ်ခုက ယွမ်လော့ရီကို ဆွဲခေါ်လာကာ သူမ၏ အခန်းထဲသို့ ပြန်ရောက်သွားခဲ့သည်။

ခုနက သူမ အိမ်ကိုပြန်လာခဲ့သည့် သူမ၏ အဖေယွမ်ချန်ကို တားကာ မေရှီအကြောင်းကို မေးချင်နေပါသော်ငြား သူမထိုနာမည်ကို ထုတ်ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ယွမ်ချန်၏ အမူအယာမှာ ပြင်းထန်စွာ ပြောင်းလဲသွားပြီး ထိုအရာမှာ သူ၏ ဝိဥာဥ်အနက်ပိုင်းထဲရှိ ဒါဏ်ရာတစ်ခုလိုပင်။

အစ်ကိုတစ်ဦးမှာ သူ၏ ညီမလေးအား မည်သည့်အကြောင်းကြောင့်နဲ့မှ မသတ်ဖြတ်ချင်ကြချေ။

ယွမ်ချန်က ယွမ်လော့ရီကို အေးစက်စွာငြင်းဆိုကာ ချက်ချင်း ထွက်သွားခဲ့သည်။

သို့ပေမဲ့ ကံကောင်းစွာဖြင့် သူမ၏ စတုတ္ထအစ်ကိုယွမ်စစ်၏ အောင်မြင်ကျော်ကြားမှုမှာ သန်မာလွန်းသဖြင့် ယွမ်လော့ရီ၏ လွှမ်းမိုးမှုမှာ 3000

အထိရောက်သွားပြီဖြစ်ပြီး သဲလွန်စလုပ်ဆောင်ချက်အား ထပ်မံဖွင့်လို့ရကာ ယခင်အချိန်စက်ဝန်းမှ သူမအဖေ၏ အဖြစ်အပျက်အား တိုက်ရိုက်ကြည့်နိုင်ပြီဖြစ်၏။

သူမက သူမအစ်ကိုများကို ကုသဖို့ရာအတွက် ဖန်တီးခဲ့သည့် ဆေးဖြစ်ကြောင်း ယွမ်လော့ရီ သိသွား၏။

သူမ၏ အဘိုးယွမ်ကျန်းဟိုင်က ရူးသွပ်နေသောသူဖြစ်သည်ကိုလည်း သူမသိလိုက်ရ၏။

ပို၍ ကြောက်စရာကောင်းလှသည်မှာ နောက်ဆုံးတွင်ပေါ်လာခဲ့သည့် ယိချီဆိုသည့် ကောင်မလေးမှာ သူမနှင့် တစ်ပုံစံတည်း တူနေ၏။

သူမ ဘာတွေဖြစ်နေတာလဲ။

ယွမ်မိသားစု၏ အင်အားမှာ နက်ရှိုင်းစွာအမြစ်တွယ်နေသော်ငြား သူမဘာဆက်လုပ်ရမည်နည်း။

“ဗုန်း”

ယွမ်လော့ရီ သူမဘာဆက်လုပ်ရမည်ကို စဥ်းစားနေချိန်တွင် သူ၏အခန်းထဲရှိမီးများ ရုတ်တရက် မှိတ်သွားကာ

ထူးဆန်းသည့် ကြိုတင်သတိပေးချက်တစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုကဲ့သို့ အခြေအနေမျိုး ယခင်က နှစ်ခု ဖြစ်ဖူး၏။

သူတို့ ဒီကိုရောက်နေပြီ။

အရင်တစ်ခေါက် ယွမ်လော့ရီ ပေါက်ကွဲသည့် ကိစ္စနှင့် ပတ်သက်၍ စုံစမ်းဖို့ရာ ကုမ္ပဏီသို့ သွားချိန်မှစ၍ သူတို့က သူမကို

စောင့်ကြည့်နေကြခြင်းပင်။

ယွမ်လော့ရီ တံခါးကို အလျင်အမြန် ဖွင့်လိုက်ကာ သူအစ်ကိုများကို ရှာဖို့ရာ ပြေးထွက်သွား၏။

လျှောက်လမ်းရှိ ညမီးများမှာလည်း မှိတ်သွားပြီ ဖြစ်ပြီး ဘေးရှိ အရာအားလုံးမှာ မှောင်မိုက်နေပြီး လရောင်ကြောင့်သာ သူမအရှေ့ရှိ လမ်းကို မှုန်ဝါးဝါးမြင်နေရခြင်းဖြစ်သည်။

လမ်းဆုံး၌ အရိပ်တစ်ခုရှိနေ၍ ယွမ်လော့ရီ ချက်ချင်းရပ်သွားကာ သူမ၏ နှလုံးမှာလည်း ခုန်ပေါက်နေ၏။

မှန်တစ်ခုကဲ့သို့ပင် ဆယ့်တစ်နှစ်အရွယ် ယိချီက သူမကို ပြုံးပြနေပြီး လက်များကို သူမဘက်သို့ ဆန့်ထုတ်ထားကာ

“လော့ရီ ငါ့ကို မှတ်မိသေးလား”

ယွမ်လော့ရီက ထိုအသံနှင့် အလွန်ရင်းနှီးနေကာ ထိုအသံမှာ တရားခံအစစ်၏ အသံဖြစ်ပြီး တစ်ချိန်တည်းမှာပင် သူမ၏ ခေါင်းထဲ၌ တစ်ကြိမ်မကပေါ်လာခဲ့ဖူးသည့် အသံကိုလည်း ယွမ်လော့ရီ ပြန်စဥ်းစားမိသွားသည်။

သူမအမှောင်ထုထဲသို့ ကျမလိုဖြစ်ချိန်တိုင်း အသံတစ်သံက သူမကို ဝမ်းနည်းစွာ ခေါ်တတ်သည်။

“လော့ရီ လော့ရီ”

မှတ်ဥာဏ်များ ဆက်ပြီးပေါ်လာနေသည်။

“လော့ရီ ငါ့ရဲ့ညီမလေး ညီမလေးကို အမှောင်ထုက မဖုံးလွှမ်းသွားစေပါနဲ့”

“သွားကြရအောင် ဒီနေရာကနေ ထွက်သွားကြရအောင်”

“ညီမလေးက ငါ့ရဲ့ တစ်ခုတည်းသော အလင်းရောင်မလို့ ငါ့နေရာကိုယူပြီး အလင်းထဲမှာ နေပေးပါ”

ယခုတွင် ထိုအသံပိုင်ရှင်မှာ ယွမ်လော့ရီ၏ အရှေ့တွင် ရပ်နေပြီး အေးစက်စွာပြုံးနေကာ

“အခုက နေရာလဲကြဖို့ အချိန်ပဲ အခုငါက နင်ဖြစ်သွားတော့မယ်”

All Chapters