အခန်း (၁၉၁-၁၉၅)
Vol. 13 Ch. 191-195
Chapter 191
"မင်း ဒီကိစ္စကို မေ့လိုက်တော့...မင်းက လူအိုကြီးတစ်ယောက်ပဲ...တကယ်လို့ မင်းသွားရင် မင်းရဲ့အသက်နဲ့စွန့်စားရလိမ့်မယ်"
ရီဖုန်းက သူ၏ခေါင်းကို ခါယမ်းလိုက်သည်။
ဤလူအိုကြီး.....
သူသည် ကောင်းကင်နှင့်မြေပြင်၏အတိမ်အနက်ကို အမှန်တကယ်မသိသူပင်။
ကျင့်ကြံသူများအကြားရှိ ကိစ္စများကို သူကဲ့သို့ လူအိုကြီးတစ်ယောက် ဝင်ရှုပ်ပါက အချိန်ကျလာလျှင် သူ မည်ကဲ့သို့အသက်ထွက်သွားသည်ကိုပင် သူ သိမည်မဟုတ်ချေ။
လုချင်ရှန်း၏စိတ်နှလုံးသား တင်းကြပ်သွားသည်။
အထူးသဖြင့် 'မင်းရဲ့အသက်နဲ့ စွန့်စားရမယ်'ဟူသော စကားစုကိုကြားချိန်တွင် သူ ပို၍သတိထားလိုက်မိသည်။ သူ ဆရာကြီးနှင့်တိုင်ပင်ရန် လာခဲ့သည်မှာ ကောင်းမွန်သောကိစ္စတစ်ရပ်ပင်။
သူသည် အလျှင်အမြန် မတ်တတ်ထရပ်ကာ ရီဖုန်းကို ဦးညွှတ်အရိုအသေပြုလိုက်၏။
"သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာကြီး...ငါ့မှာ လုပ်စရာကိစ္စတချို့ရှိနေတာကြောင့် ငါ့ကို သွားခွင့်ပြုပါအုံး"
ထိုသို့ပြောဆိုပြီးနောက် သူသည် ဂိုဏ်းသို့အလျှင်အမြန် ပြန်လာခဲ့တော့သည်။
ပင်ကျင်းမြို့၏ပြင်ပ၌....
လူရိပ်အမြောက်အများက လေထုအတွင်းမှ ဆင်းသက်လာသည်။
ရှေ့ဆုံးတွင် အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသော မိန်းကလေးတစ်ယောက်ရှိနေသည်။ သူမ၏မျက်နှာသည် သိမ်မွေ့လှပကာ သူမ၏ခန္ဓာကိုယ်ကောက်ကြောင်းသည် ဆွဲဆောင်မှုရှိပေ၏။ သူမ၏ပုံပန်းသွင်ပြင်သည် လူသားလောကအတွင်း၌ ရှားပါးသောအလှပဂေးတစ်ယောက်ပင်။
သူမ၏လက်ဝဲဘက်တွင် မီးခိုးရောင်ဝတ်စုံ ဝတ်ဆင်ထားသော အဖိုးအိုတစ်ယောက်ရှိနေသည်။ အပေါ်ယံတွင် သူသည် သာမာန်ဆန်ပုံရသော်လည်း သူ၏ခန္ဓာကိုယ်မှ မရည်ရွယ်ဘဲထွက်ပေါ်လာသော အရှိန်အဝါများအရ သူသည် နက်နဲသိမ်မွေ့သော အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ဖြစ်မည်မှာ သံသယဖြစ်ဖွယ်မရှိချေ။
သူတို့၏အဝတ်အစားများပေါ်ရှိ အဆောင်အယောင်များအရ သူတို့သည် နန်ရှားနယ်မြေအတွင်းရှိ တိမ်တိုက်လေပြေတောင်ကြားမှဖြစ်ကြောင်း ညွှန်ပြနေသည်။
ထို့ကြောင့် ရှေ့ဆုံးမှဦးဆောင်လာသော မိန်းကလေးသည် တိမ်တိုက်လေပြေတောင်ကြား၏သူတော်စင်မိန်းမပျို ယွင်ရှန်းချွယ်မှတပါး တခြားသူမဟုတ်ချေ။
"ဦးလေးလင်း...ဝမ်ချန်အန်းက ဘယ်မှာလဲ""
ယွင်ရှန်းချွယ်က မျက်မှောင်ကြုတ်၍ မေးမြန်းသည်။
"ဟူး...သူက ငါတို့ရဲ့နောက်မှာ ရှိနေလောက်တယ်"
ဦးလေးလင်းဟုခေါ်သောလူကြီးက သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။
"ဒီကိစ္စက အရမ်းအရေးကြီးတယ်...ငါတို့က အဲ့ဒီနေရာမှာ ထိခိုက်ဒဏ်ရာရမရဆိုတာ ငါတို့ထဲက ဘယ်သူမှ မသိနိုင်ဘူး...တောင်ကြားသခင်က သူကို ဘာလို့ ငါတို့နဲ့အတူထည့်လိုက်တယ်ဆိုတာ ငါ တကယ်ကိုနားမလည်နိုင်ဘူး....သူက သိုင်းဘုရင်တစ်ယောက်လေ...သူ လိုက်လာတာက ငါတို့ကို ဒုက္ခပေးရုံသက်သက် မဟုတ်ဘူးလား"
ယွင်ရှန်းချွယ်သည် အေးစက်စက်လေသံဖြင့်ပြောဆိုကာ သူမသည် ဝူချန်အန်းနှင့်ပတ်သတ်၍ စိတ်ကျေနပ်မှုမရှိသည်မှာ သိသာထင်ရှားလှ၏။
"ဟူး...ကျေးဇူးပြုပြီးတော့ သူ့ကို နားလည်ပေးလိုက်ပါ သူတော်စင်မိန်းမပျို"
ဦးလေးလင်းက စိတ်ရှုပ်ထွေးသောအမူအယာနှင့် သက်ပြင်းတစ်ချက်ရှိုက်ကာ ပြောဆိုသည်။
"တကယ်တော့ ဝူချန်အန်းမှာ ပါရမီကောင်းတွေရှိတယ်...ဒါပေမယ့် သူက ကျင့်ကြံတဲ့နေရာမှာ ဘာလို့အာရုံမစိုက်တာလဲဆိုတာ ငါ မသိဘူး...အဲ့ဒီအစား သူက ဂိုဏ်းထဲမှာပဲနေပြီးတော့ လောကကြီးနဲ့ အဆက်အသွယ်ဖြတ်ထားတယ်....သူ့ရဲ့အချိန်တွေအားလုံးကို ခန္ဓာကိုယ်ပေါင်းစပ်ခြင်းတို့ မြေလွတ်မြောက်ခြင်းတို့လို ထူးဆန်းတဲ့အရန်နည်းစနစ်တွေကို ကျင့်ကြံရာမှာပဲ ကုန်ဆုံးစေခဲ့တယ်"
ယွင်ရှန်ချန်း၏မျက်နှာ အေးစက်တင်းမာသွားကာ ဝူချန်အန်းအကြောင်းဆွေးနွေးရန် စိတ်ဝင်စားမှုမရှိသည်မှာ သိသာထင်ရှားသည်။
နောက်ဆုံး၌ သူတို့နှစ်ယောက်၏စိတ်ရှည်မှုများ ကုန်ဆုံးလုဆဲဆဲအချိန်တွင် လူရိပ်တစ်ရိပ်က အေးအေးလူလူ ပျံသန်းလာသည်။
ဤသည်မှာ ဝူချန်အန်းပင်။
သူသည် ငယ်ရွယ်သောပုံပန်းသွင်ပြင်ရှိကာ အရပ်ရှည်ပြီးပိန်ပါးရုံသာမက ကြည်လင်ပြီးချောမောခံ့ညားသောမျက်နှာရှိသည်။
သို့ရာတွင် သူသည် သူတို့နှင့်ပေတစ်ရာခန့်အကွာတွင် ရပ်တန့်လိုက်၏။
"ဝူချန်အန်း...နင် ဘာဖြစ်နေတာလဲ"
ယွင်ရှန်းချွယ်က အေးစက်စက်လေသံဖြင့် ပြောဆိုသည်။
"တကယ်လို့ နင် ငါတို့နဲ့မလိုက်ချင်ဘူးဆိုရင်လည်း...ထွက်သွားစမ်း"
သို့ရာတွင်...
သူမ အံ့အားသင့်သွားရသည်မှာ သူမ၏အသံကျရောက်သွားသည်နှင့် ဝူချန်အန်းသည် နောက်သို့ချာခနဲလှည့်ကာ မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ပါးလွှာသောလေထုအတွင်း၌ ပျောက်ကွယ်သွားခြင်းပင်။
"နင်..."
ယွင်ရှန်းချွယ်သည် နေရာမှာပင် မတ်တတ်ရပ်ပြီး ကြက်သေသေနေကာ ဒေါသကြောင့် သူမ၏မျက်နှာ ခရမ်းရောင်သို့ ပြောင်းလဲသွားသည်။ သူမသည် ပြင်းပြင်းထန်ထန် ခြေတစ်ချက်ဆောင့်ကာ ဦးလေးလင်းနှင့်အတူ သူ၏နောက်သို့လိုက်သွားလေ၏။ သူတို့နှစ်ယောက်၏မျက်နှာများပေါ်တွင် စိတ်ပျက်လက်ပျက်အမူအယာမျိုးရှိနေသည်။
"
သူမသည် ဤဝန်ထုပ်ကြီးကို ထမ်းမထားလိုခဲ့ချေ။ သို့ရာတွင် တိမ်တိုက်လေပြေတောင်ကြားသခင်သည် ဝူချန်အန်းကို အမြင်ကျယ်စေရန်အတွက် ခေါ်ဆောင်သွားရန် သူမအား တိုက်ရိုက်အမိန့်ပေးခဲ့သည်။ အကယ်၍ သူမသာ ဝူချန်အန်းကို တစ်ယောက်တည်း ပြန်သွားခိုင်းလိုက်ပါက သူမပြန်ရောက်သည်နှင့် တောင်ကြားသခင်၏ဆူပူကြိမ်းမောင်းခြင်းကို ခံရမည်မှာ သံသယဖြစ်ဖွယ်မရှိချေ။
သို့ရာတွင် မမျှော်လင့်ဘဲ သူတို့နှစ်ယောက်သည် အရှိန်ကုန်သုံး၍ လိုက်လံရှာဖွေခဲ့သည့်တိုင် ဝူချန်အန်း၏အရိပ်အယောင်ကို ရှာတွေ့ခဲ့ခြင်းမရှိချေ။
ပတ်ဝန်းကျင်၌ လှည့်ပတ်၍ရှာဖွေခဲ့သည်တိုင် သူတို့သည် ဝူချန်အန်းကို လုံးလုံးလျားလျား မမြင်တွေ့မိချေ။
"ဘယ်လိုလုပ်ပြီးတော့ သိုင်းဘုရင်လေးတစ်ယောက်က ကြက်ပျောက်ငှက်ပျောက် ပျောက်သွားတာလဲ"
ယွင်ရှန်းချွယ်၏မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။
ဦးလေးလင်းထံတွင်လည်း ဝေခွဲရခက်နေသော မျက်နှာအမူအယာမျိုး ရှိနေပေ၏။
သိုင်းအရှင်တစ်ယောက်ဖြစ်သော သူ့ရှေ့မှနေ၍ သိုင်းဘုရင်တစ်ယောက်သည် အမှန်တကယ်ကို ရှောင်ထွက်သွားနိုင်ခဲ့သလော....
ဤသည်မှာ အမှန်တကယ်ကို ထူးဆန်းနေသည်။
"ဦးလေးလင်း သူ့နဲ့ပတ်သတ်ပြီး မေ့လိုက်တော့...ကျန်းယုရဲ့သင်္ချိုင်းဂူက ပိုပြီးအရေးကြီးတယ်...ကျွန်မတို့ ချင်ရှန်းဂိုဏ်းဆီ မြန်မြန်လေးသွားကြရအောင်"
ယွင်ရှန်းချွယ်သည် မျက်မှောက်ကြုတ်ကာ တိုးညှင်းစွာပြောဆိုသည်။
"ကောင်းပြီလေ"
ဦးလေးလင်းသည် ဝူချန်အန်း သူ့ကိုယ်သူ အဆင်ပြေအောင် ထိန်းကျောင်းနေလောက်မည်ဟုယူဆကာ ခေါင်းညိတ်လိုက်၏။
အကြောင်းအရင်းမှာ တစ်ခါတလေ၌ သူသည် ဝူချန်အန်းထံ၌ အတိတ်နိမိတ်မကောင်းသော စရိုက်သဘာဝမျိုးရှိသည်ဟု သူ ခံစားမိသောကြောင့်ပင်။
ထိုသို့မဟုတ်ပါက ဝူချန်အန်းသည် ရူးကြောင်ကြောင်နိုင်ရုံသက်သက် ဖြစ်နေသလော....
သို့ရာတွင် သူ အတပ်မပြောနိုင်ချေ။
မကြာမီမှာပင် သူတို့နှစ်ယောက်သည် လေထုအတွင်း၌ပျံသန်းကာ ချင်ရှန်းဂိုဏ်းဆီသို့ဦးတည်၍ ထွက်ခွာခဲ့တော့သည်။
သူတို့နှစ်ယောက် ထွက်ခွာသွားပြီးနောက် အချိန်တခဏအကြာတွင် မြေပြင်မှနေ၍ ခေါင်းတစ်လုံး တိုးထွက်လာသည်။
"ဟူး...."
ဝူချန်အန်းသည် ဝေးကွာသွားသောပုံရိပ်နှစ်ခုကိုကြည့်ကာ စိတ်သက်သာရာရသွားပုံဖြင့် သက်ပြင်းရှိုက်လိုက်သည်။
"အဲ့ဒီမိန်းမက အရမ်းလှတယ်...သူက ယောက်ျားတွေအတွက် ဘေးကပ်ဆိုးတစ်ခုဖြစ်လာမှာ သေချာပေါက်ပဲ...သူ့ကိုလိုက်တဲ့သူတွေ ရှိနေမှာ သေချာပေါက်ပဲ...ပြီးတော့ သူ့ကိုကြိုက်တဲ့သူတွေကြားမှာ ပဋိပက္ခတွေဖြစ်လာလိမ့်မယ်...ဒီသင်္ချိုင်းဂူက...."
"ဟူး...."
"ဒါက အရမ်းအန္တရာယ်များလွန်းတယ်"
"ငါ့ရဲ့အခုလက်ရှိခွန်အားနဲ့ဆိုရင် တကယ်လို့ ငါက သိုင်းဘိုးဘေးတစ်ယောက်နဲ့ရင်ဆိုင်ရမယ်ဆိုရင် သူတို့က ငါ့ကိုသတ်နိုင်ဖို့ အပုံဆယ်သန်းပုံရင်တစ်ပုံလောက် အခွင့်အရေးရှိနေတယ်"
"ပြီးတော့ သိုင်းအရှင်တွေနဲ့တွေ့ရင် ငါ ပိုပြီးတော့ အန္တရာယ်များသွားလိမ့်မယ်"
ဤအချက်သို့အရောက်တွင် ဝူချန်အန်းသည် မျက်မှောင်တင်းတင်းကြပ်ကြပ်ကြုတ်ကာ သူ၏ခန္ဓာကိုယ် တုန်ရီသွားသည်။
အကယ်၍ သိုင်းအရှင်တစ်ယောက်၏ခွန်အားဖြင့် အကြမ်းဖျင်းတွက်ဆကြည့်ပါက သူ၏အသက်ကိုယူဆောင်နိုင်သည့်အခွင့်အရေးမှာ အပုံတစ်သောင်းပုံလျှင်တစ်ပုံခန့်ရှိနေသည်။
"ငါ ဒီလိုမျိုး မစွန့်စားနိုင်ဘူး"
အချိန်တခဏခန့်စဥ်းစားတွေးတောပြီးနောက် ဝူချန်အန်းသည် ချက်ချင်းဆိုသလိုပင် စိတ်ပိုင်းဖြတ်လိုက်၏။
သူ နောက်ကြောင်းပြန်လှည့်ရန် ဟန်ပြင်လိုက်စဥ်မှာပင် ရုတ်တရက် သူ တွေဝေတုံ့ဆိုင်းနေသည်။
"ဒါပေမယ့် ငါ တိမ်တိုက်လေပြေတောင်ကြားကို ပြန်သွားရင်လည်း ဘေးကင်းလုံခြုံမယ့်ပုံမပေါ်ဘူး"
"ဂိုဏ်းထဲမှာ ကိစ္စတွေပိုပိုပြီး ဖြစ်ပျက်လာတာနဲ့အတူ...တာဝန်တွေနဲ့ အကြောင်းအကျိုးဆက်စပ်မှုတွေမှာ အန္တရာယ်တွေအမြောက်အများရှိနေတယ်...ကြည့်ရတာတော့ ငါ တိမ်တိုက်လေပြေတောင်ကြားကို ပြန်သွားလို့ မဖြစ်တော့ဘူး...ငါ နေရာတစ်နေရာရှာပြီးတော့ ပုန်းနေရမယ်"
"ဟူး..."
"ငါ့ရဲ့ဘဝမှာ ဘာလို့အမြဲတမ်း ဒုက္ခတွေများနေတာလဲ...ငါ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တိတ်တိတ်လေးနေလို့မရဘူးလား"
ဝူချန်အန်းက သက်ပြင်းရှိုက်ကာ ရှေ့ရှိပင်ကျင်းမြို့ကိုကြည့်ပြီး သူ၏မျက်လုံးများ တောက်ပသွားသည်။
"ဒီမြို့က နန်ရှားနယ်မြေရဲ့အစွန်အဖျားမှာရှိနေတယ်...ဒီမြို့ထဲမှာ အစွမ်းထက်ကျင့်ကြံသူတွေ သိပ်မရှိလောက်ဘူး...တကယ်လို့ ငါ ဒီမြို့ထဲမှာ ပုန်းအောင်းနေမယ်ဆိုရင် ငါ ဒုက္ခအများကြီးတွေ့မှာမဟုတ်ဘူး"
ဝူချန်အန်းသည် ဆုံးဖြတ်ချက်ချကာ ပင်ကျင်းမြို့ထံသို့ဦးတည်၍ လျှောက်လှမ်းခဲ့တော့သည်။
ထိုအချိန်မှာပင် ပျားတစ်ကောင် ပျံသန်းလာလေရာ သူ အလိုအလျောက်တုံ့ပြန်သည့်အနေဖြင့် ရိုက်သတ်လိုက်မိသည်။
သို့သော် နောက်ထပ်အချိန်အခိုက်အတန့်မှာပင် သူ၏ခန္ဓာကိုယ် ပြင်းပြင်းထန်ထန် တုန်ရီသွားသည်။
"ငါ သတိလက်လွတ်ဖြစ်သွားတယ်...ငါ ပြဿနာရှာမိပြီ"
ပျားသေကိုငုံကြည့်ရင်း အေးစက်စက်ချွေးများက သူ၏နဖူးမှ ယိုစီးကျလာသည်။
ပျားများသည် အုပ်စုဖွဲ့နေသောပိုးမွှားများဖြစ်သဖြင့် ဆိုလိုသည်မှာ ဤပျားထံတွင် အပေါင်းအဖော်များရှိနေနိုင်သည်။ အကယ်၍ ထိုပျားများအနက်မှတစ်ကောင်သည် နတ်ဆိုးတစ်ကောင်ဖြစ်အောင်ကျင့်ကြံပြီး အောင်မြင်စွာ ကြီးထွားလာပါက.....
ထိုသို့ဆိုပါက နှစ်တစ်သောင်းအတွင်းတွင် ထိုပျားနတ်ဆိုးသည် အပေါင်းအဖော်ဟောင်းအတွက် သူ့အားရှာဖွေ၍ လက်စားလာချေနိုင်သည်။ ဤသည်မှာ သူ့အတွက် ကြီးမားသောပြဿနာတစ်ခု ဖြစ်လာပေလိမ့်မည်။
ထိုအကြောင်းကိုတွေးတောရင်း ကြောက်ရွံမှုအရိပ်အယောင်များက သူ၏စိတ်နှလုံးသားအတွင်း၌ မြင့်တက်လာသည်။
သူ၏မျက်နှာ အေးစက်တင်းမာသွားပေ၏။
"ဒီလိုဆိုမှတော့ ငါက အမြစ်ကနေလှန်ပြီး သုတ်သင်ရမယ်"
ထိုသို့ပြောဆိုလိုက်ခြင်းနှင့်အတူ သူ၏သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ တလိမ့်လိမ့်ထလာကာ ထက်ရှသောအကြည့်ဖြင့် ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာလိုက်သည်။ နောက်ဆုံး၌ သူသည် ပျား၏အသိုက်ကိုရှာတွေ့ကာ အစွမ်းထက်သောတိုက်ခိုက်မှုတစ်ခုကို ထုန်ဖော်အသုံးပြုပြီးနောက် ထိုအရာကို ဖျက်ဆီးလိုက်တော့သည်။
မြေပြင်ပေါ်ရှိ ပျားသေများကိုရေတွက်ပြီး အသက်ရှင်ကျန်ရစ်သောပျားမရှိတော့ကြောင်း အတည်ပြုပြီးမှသာ သူက စိတ်သက်သာရာရသွားပုံဖြင့် သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။
"ဟူး..."
"ငါက ဘေးအန္တရာယ်တစ်ခုကို ငါ့ဆီရောက်လာအောင် ယူဆောင်လာမိလုနီးပါးပဲ"
"အသက်ရှင်ရတာ တကယ်မလွယ်ကူဘူး...တကယ်လို့ ငါ့ကိုကာကွယ်ပေးနိုင်မယ့် အစွမ်းထက်တဲ့နောက်ခံတစ်ခုကို ရှာတွေ့မယ်ဆိုရင် ငါ အသက်အိုမင်းတဲ့အချိန်ထိ ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်လိမ့်မယ်"
"ဟူး...."
ဝူချန်အန်းသည် ပင်ကျင်းမြို့ဆီသို့ ဖြည်းညှင်းစွာလျှောက်လှမ်းခဲ့ကာ လမ်းတလျှောက်လုံး၌ လူစုလူဝေးကို အတတ်နိုင်ဆုံးရှောင်ကြဥ်ပြီး နောက်ဆုံး၌ မြို့အတွင်းသို့ ဝင်ရောက်ခဲ့တော့သည်။
Chapter 192
ချင်ရှန်းဂိုဏ်း....
တိမ်တိုက်လေပြေတောင်ကြားမှ ယွင်ရှန်းချွယ်သည် ဦးလေးလင်းနှင့်အတူ ချင်ရှန်းဂိုဏ်းရှေ့သို့ ဆင်းသက်ခဲ့သည်။
ချင်ရှန်းဂိုဏ်းမှလူများသည် သူတို့ကို နွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြလေ၏။ မည်သို့ပင်ဆိုစေကာမူ တိမ်တိုက်လေပြေတောင်ကြားသည် နန်ရှားရှိ ထိပ်သီးအင်အားစုများအနက်မှတစ်ခုပင်။
နှိုင်းယှဥ်ကြည့်ပါက ချင်ရှန်းဂိုဏ်းသည် ဝေးလံခေါင်သီသော မြို့တစ်မြို့အနီးတွင်ရှိသော ဂိုဏ်းငယ်တစ်ဂိုဏ်းဖြစ်သည်။
သူတို့သည် ဂိုဏ်းအတွင်းသို့ ဝင်ရောက်ပြီးသည်နှင့်....
ယွင်ရှန်းချွယ်၏နောက်သို့လိုက်ပါလာသော ဦးလေးလင်းသည် သူ၏အရှိန်အဝါတစ်စွန်းတစ်စကို ရည်ရွယ်ချက်ရှိရှိ ထုတ်လွှကတ်လိုက်သည်။
ဤသည်က ဂိုဏ်းကြီးများ၏လုပ်ရိုးလုပ်စဥ်ပုံစံတစ်မျိုးပင်။ တစ်ခါတစ်ရံတွင် သူတို့သည် ခွန်အားကို အတိုင်းအတာတစ်ခုထိ ထုတ်ဖော်အသုံးပြုကာ နုတ်ဖြင့်ပြောရမည့်စကားများကို သက်သာစေသည်။
တိကျသေချာစွာပင် ဦးလေးလင်း၏အရှိန်အဝါကို ဖြန့်ကျက်လိုက်စဥ်တွင် ချင်ရှန်းဂိုဏ်း၏မျက်နှာအမူအယာများ ရှုံမဲ့သွားကာ သူတို့သည် သိသာသောဖိအားအရှိန်အဝါတစ်ရပ်ကို ခံစားနေရသည်မှာ သိသာထင်ရှားလှ၏။
သိသာထင်ရှားစွာပင် ဤဦးလေးလင်းသည် သိုင်းအရှင်နယ်ပယ် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက် ဖြစ်နေသည်။
သို့ရာတွင် လုချင်ရှန်း၏တည်ငြိမ်အေးဆေးမှုကြောင့် ဦးလေးလင်း၏မျက်နှာ အနည်းငယ်သုန်မှုန်သွားသည်။
ဂိုဏ်းငယ်လေးတစ်ဂိုဏ်း၏ဘိုးဘေးတစ်ယောက်သည် သူ၏ဖိအားအရှိန်အဝါအပေါ် အနည်းငယ်မျှပင် တုံ့ပြန်မှုမရှိခဲ့ချေ။
မသိလိုက်မသိဘာသာဖြင့် သူ၏အရှိန်အဝါကို ပို၍ပြင်းထန်သွားစေကာ လုချင်ရှန်းကို ခြိမ်းခြောက်ရန် ကြိုးပမ်းလိုက်၏။
သို့ရာတွင် လုချင်ရှန်း၏အခြေအနေသည် သူ မျှော်လင့်ထားသည့်ထက် များစွာပို၍ကျော်လွန်နေသည်။
ဤသည်မှာ မည်သို့ဖြစ်နိုင်မည်နည်း....
သူသည် သိုင်းအရှင်တစ်ယောက်ဖြစ်လေရာ မည်သည်ကြောင့် သူ၏အရှိန်အဝါသည် လုသရှန်းအပေါ် သက်ရောက်မှုမရှိသနည်း....
ဦးလေးလင်း၏ခန္ဓာကိုယ်မှ ထုတ်လွှတ်ထားသော ဖိအားအရှိန်အဝါကို ခံစားမိချိန်တွင် လုချင်ရှန်းသည် သူ၏စိတ်အတွင်းမှကျိတ်၍ လှောင်ပြောင်သရော်လိုက်သည်။
အကယ်၍ အတိတ်တွင်ဆိုပါက သိုင်းအရှင်တစ်ယောက်ကို မြင်တွေ့သည်နှင့် သူ့အား ထိတ်လန့်ကြောက်ရွံမှုကြောင့် တုန်ရီသွားစေရန် လုံလောက်သည်။
သို့ရာတွင် ယခုချိန်၌ ကိစ္စများသည် ကွဲပြားခြားနားသွားလေပြီ။
ယခုချိန်တွင် သူ့အတွက် သိုင်းဘုရင်တစ်ယောက်သည် မည်သည့်နည်းဖြင့် အရေးပါနိုင်မည်နည်း...
သူ့အား ယခင်က သိုင်းအရှင်တစ်ယောက်ကို မမြင်တွေ့ဘူးသော တောသားလူနုံတစ်ယောက်ဟု သူတို့ ထင်နေကြသလော...
"အကြီးအကဲလင်း...အရမ်းအကဲစမ်းနေဖို့ မလိုပါဘူး...ငါ့ရဲ့ချင်ရှန်းဂိုဏ်းက ဂိုဏ်းငယ်လေးတစ်ဂိုဏ်းဆိုပေမယ့် ငါရဲ့ကျင့်ကြံဆင့်က မင်းနဲ့ခြေတစ်လှမ်းစာပဲ ကွာဟတော့တယ်"
လုချင်ရှန်းက အေးအေးလူလူလေသံဖြင့် ပြောဆိုသည်။ တစ်ချိန်တည်းမှာပင် သူ၏ကိုယ်ပိုင်ကျင့်ကြံဆင့်စွမ်းအားကို ထုတ်လွှတ်လိုက်၏။
"တစ်ဝက်..."
"သိုင်းအရှင်တစ်ဝက်အဆင့်လား..."
ဦးလေးလင်း၏မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်သွားသည်။ ဤအချိန်ကျမှသာ လုချင်ရှန်းသည် သိုင်းအရှင်တစ်ဝက်အဆင့်၌ရှိနေကြောင်း သူ နားလည်သဘောပေါက်သွားသည်။ တစ်ချိန်တည်းမှာပင် သူ၏နံဘေးရှိ ယွင်ရှန်းချွယ်သည်လည်း အံ့အားသင့်သွားသဖြင့် သူမ၏အနီရောင်နုတ်ခမ်းလေးများ ပွင့်ဟသွားသည်။
ဝေးလံခေါင်သီသောနေရာမှ ဂိုဏ်းတစ်ဂိုဏ်း၏ဘိုးဘေးတစ်ယောက်ထံတွင် မည်သည့်အချိန်ကစ၍ သိုင်းအရှင်တစ်ဝက်အဆင့် ကျင့်ကြံဆင့်နယ်ပယ်မျိုး ရှိသွားနိုင်သနည်း....
သူတို့၏အမြင်အရ ဤဂိုဏ်းဘိုးဘေးထံတွင် သိုင်းဧကရာဇ်နယ်ပယ်ကျင့်ကြံဆင့်ခန့်ရှိနေလျှင်ပင် အလွန်ကောင်းမွန်နေလေပြီ။
ဤသည်က သူတို့မျှော်လင့်ထားသည်ထက် များစွာပို၍ကျော်လွန်နေသည်မှာ သိသာထင်ရှားလှ၏။
ခပ်ဖျော့ဖျော့အပြုံးနှင့်အတူ လုချင်ရှန်းတွေးတောလိုက်မိသည်မှာ သူသည် ဆရာကြီးရီဖုန်းနှင့် ပေါင်းသင်းဆက်ဆံပြီးနောက် မည်သည့်အချိန်ကစ၍ သူ ဟန်ရေးပြတတ်သွားသနည်း...
သူ၏ပါရမီအရည်အချင်းသည် အနည်းငယ်နိမ့်ပါးသော်လည်း ဆရာကြီးရီဖုန်းထံမှ ကြီးမားသောအခွင့်အရေးကြီးများအောက်တွင် ဝက်တစ်ကောင်ပင်လျှင် တိုးတက်မှုရှိလာနိုင်သည်။
ထို့ကြောင့် သူ လုချင်ရှန်းသည် သိုင်းအရှင်တစ်ဝက်အဆင့်သို့ ရောက်လာသည်မှာ သဘာဝကျသောကိစ္စပင်။
"ချင်ရှန်းဘိုးဘေးက သိုင်းအရှင်တစ်ဝက်အဆင့် ကျင့်ကြံသူဖြစ်နေမယ်လို့ ကျွန်မ မျှော်လင့်မထားမိဘူး...ကျွန်မတို့က အရမ်းစိတ်ကြီးဝင်မိသွားတယ်"
ယွင်ရှန်းချွယ်သည် သူမ၏မျက်နှာပေါ်ရှိ အံ့အားသင့်တုန်လှုပ်မှုများကို ကောင်းမွန်စွာဖုံးကွယ်ကာ ချင်ရှန်းဘိုးဘေးကို ပြုံးပြလိုက်သည်။
"ကျေးဇူးပြုပြီး ကျွန်မတို့ကို ခွင့်လွှတ်ပေးပါ...အကြီးအကဲလင်းမှာ တခြားဘာသဘောမှ မရှိပါဘူး"
သိသာထင်ရှားစွာပင်....
သိုင်းအရှင်တစ်ဝက်အဆင့် ကျင့်ကြံသူတစ်ယောက်သည် ယွင်ရှန်းချန် ဤသို့ဆက်ဆံရန် လုံလောက်သည်။
"မိန်းကလေးယွင်က အရမ်းကြင်နာတတ်တာပဲ...ငါက ဒီကိစ္စကို အပြစ်တင်မှာ မဟုတ်ပါဘူး...ကျေးဇူးပြုပြီးတော့ ထိုင်ကြပါအုံး"
ချင်ရှန်းဘိုးဘေးက ဖိတ်ခေါ်လိုက်၏။
သူတို့နှစ်ယောက်သည် ထိုင်ခုံများပေါ်တွင်ထိုင်ကာ ချင်ရှန်းဘိုးဘေးနှင့် မျက်နှာချင်းဆိုင်လိုက်သည်။ ယွင်ရှန်းချွယ်သည် အချိန်တခဏခန့် စဥ်းစားတွေးတောပြီးနောက် ပွင့်ပွင့်လင်းလင်း ပြောဆိုလိုက်တော့သည်။
"ချင်ရှန်းဘိုးဘေး...ကျွန်မတို့ ဘာလို့ဒီနေရာကို ရောက်လာတယ်ဆိုတာ ရှင် သိပြီးသားဖြစ်မှာပါ...ရှင် ဘယ်လိုသဘောရလဲ...တကယ်လို့ ကျွန်မတို့ဂိုဏ်းနှစ်ဂိုဏ်းသာ ပူးပေါင်းလိုက်ရင်...
အကြီးအကဲလင်းနဲ့ရှင့်ရဲ့ကျင့်ကြံဆင့်တွေ နယ်မြေခံဖြစ်တဲ့ ရှင်တို့ချင်ရှန်းဂိုဏ်းရဲ့အားသာချက်တွေနဲ့...ဒီလှိုဏ်ဂူကို ကျွန်မတို့ရနိုင်တဲ့ အခွင့်အရေးက တခြားအင်အားစုတွေထက် ပိုပြီးမြင့်မားသွားနိုင်တယ်"
"ဟား....ဟား.."
ချင်ရှန်းဘိုးဘေးသည် သူ၏ဘေးရှိ လဖက်ရည်ခွက်ကိုကောက်ယူကာ အဖုံးကိုညင်သာစွာလှပ်ပြီး စိတ်အေးလက်အေးနိုင်စွာဖြင့် ရယ်မောလိုက်သည်။
"မိန်းကလေးယွင်...ချင်ရှန်းဂိုဏ်းက ဒီကိစ္စမှာ မပါဝင်နိုင်မှာကို ငါ စိုးရိမ်မိတယ်"
"ဘယ်လို...."
ထိုစကားကိုကြားချိန်တွင် ယွင်ရှန်းချွယ်သည် သူမ၏လဖက်ရည်ခွက်ကို အောက်သို့ချကာ ဆတ်ခနဲမတ်တတ်ထရပ်လိုက်၏။
သူမ၏ထက်ရှသောမျက်လုံးတစ်လုံးဖြင့် လုသရှန်းကို တန်းတန်းမတ်မတ် စူးစိုက်ကြည့်လေသည်။
"ချင်ရှန်းဘိုးဘေး...ရှင်က တခြားအင်အားစုတွေနဲ့ ပူးပေါင်းပြီးပြီလို့ ဆိုလိုတာလား"
ယွင်ရှန်းချွယ်က သူမ၏မျက်လုံးကိုကျဥ်းမြောင်းပြီး မေးမြန်းသည်။
"မဟုတ်ဘူး...မိန်းကလေးယွင်...မင်း နားလည်မှုလွဲနေပြီ...ငါတို့က ဘယ်အင်အားစုနဲ့မှ ပူးပေါင်းမှာမဟုတ်ဘူး"
ချင်ရှန်းဘိုးဘေးက ဘွင်းဘွင်းရှင်းရှင်း ပြောဆိုလိုက်၏။
ယွင်ရှန်းချွယ်၏လှပသောမျက်လုံးလေးများ တဖန်ထပ်၍ ကျဥ်းမြောင်းသွားသည်။
သူမသည် ချင်ရှန်းဘိုးဘေးကို အချိန်တခဏကြာ စူးစိုက်ကြည့်ပြီးနောက် ရုတ်တရက် သူမ၏အနီရောင်နုတ်ခမ်းများပေါ်တွင် အပြုံးတစ်ခုထင်ဟပ်လာကာ သူမက ပြောဆိုလိုက်၏။
"ငါ သိပြီ....ငါ အခုနားလည်သဘောပေါက်ပြီ"
ချင်ရှန်းဘိုးဘေးသည် ယွင်ရှန်းချွယ်ကိုကြည့်ကာ သူ၏မျက်လုံးများ တဖျတ်ဖျတ်တောက်ပသွားသည်။
ထို့နောက် ယွင်ရှန်းချွယ်၏အသံက နူးညံညင်သာစွာပျံ့လွင့်လာသည်။
"ဒီလိုဆိုရင်ရော...ကျွန်မက အကျိုးအမြတ်ခွဲဝေမှုကို ဆုံးဖြတ်ပေးမယ်...ချင်ရှန်းဂိုဏ်းက ကျွန်မတို့တိမ်တိုက်လေပြေတောင်ကြားနဲ့ ပူးပေါင်းသရွေ့ဒီကိစ္စအဆုံးသတ်တာနဲ့...ကျွန်မက ချင်ရှန်းဂိုဏ်းကို အကျိုးအမြတ်ရဲ့သုံးဆယ်ရာခိုင်နှုန်းခွဲပေးမယ်...ရှင် ဘယ်လိုသဘောရလဲ"
ချင်ရှန်းဘိုးဘေးက ခါးသည်းစွာပြုံးကာ သူ၏ခေါင်းကိုခါယမ်းပြီး ရှင်းပြလိုက်၏။
"မိန်းကလေးယွင်...ဒါက အကျိုးအမြတ်ခွဲဝေမှုကြောင့် မဟုတ်ဘူး"
သို့ရာတွင် ယွင်ရှန်းချွယ်က မျက်မှောင်ကြုတ်ကာ အလေးအနက်ထားသောလေသံဖြင့် မေးမြန်းသည်။
"ရှင်က ငြင်းဆန်တုန်းပဲလား"
"ဒါက တကယ့်ကို အကျိုးအမြတ်ကြောင့် မဟုတ်ပါဘူး"
ချင်ရှန်းဘိုးဘေးက ဆက်လက်၍ ပြောဆိုသည်။
"ရှင်...."
ယွင်ရှန်းချွယ်၏မျက်နှာ အေးစက်တင်းမာသွားသည်။
သူမ၏အကြည့်ကို ဦးလေးလင်းထံသို့ ရွှေ့ပြောင်းလိုက်၏။
ချင်ရှန်းဂိုဏ်း၏ကူညီထောက်ပံ့မှုရှိပါက သူတို့ ရတနာများရယူရန် ပို၍အဆင်ပြေချောမွေ့သွားပေမည်။ ထို့ပြင် ချင်ရှန်းဘိုးဘေး၏သိုင်းအရှင်တစ်ဝက်အဆင့် စွမ်းအားကို သူတို့ရရှိနိုင်သောအချက်ကိုလည်း မေ့လျော့၍မရချေ။
သူမသည် နောက်ထက်အလျှော့ပေးမှု ပြုလုပ်နိုင်မလောဟူသော အကြည့်မျိုးဖြင့် ဦးလေးလင်းကို မေးမြန်းလိုက်ခြင်းပင်။
ဦးလေးလင်းသည် အချိန်တခဏကြာ တွေဝေစဥ်းစားပြီးနောက် ခေါင်းညိတ်ပြလေသည်။
ထိုအခြင်းအရာကိုကြည့်ပြီး ယွင်ရှန်းချွယ်က အံ့တင်းတင်းကြိတ်ကာ ပြောဆိုသည်။
"ကောင်းပြီလေ....ကျွန်မက ဒီကိစ္စကို နောက်တစ်လှမ်းဆုတ်ပေးမယ်....ကျွန်မက အကျိုးအမြတ်ရဲ့ လေးဆယ်ရာခိုင်နှုန်းကို ခွဲပေးရမယ်....ရှင် နားလည်ရမှာက သိုင်းသူတော်စင်ရဲ့လှိုဏ်ဂူထဲမှာ အကျိုးအမြတ်တွေ အများကြီးရှိတယ်ဆိုတာပဲ....အဲ့ဒီအကျိုးအမြတ်လေးဆယ်ရာခိုင်နှုန်းနဲ့ဆိုရင် ရှင်တို့ချင်ရှန်းဂိုဏ်းတစ်ဂိုဏ်းလုံး ခြေလှမ်းကျဲကျဲလှမ်းနိုင်ပြီးတော့ နန်ရှားနယ်မြေမှာတောင် ခြေကုပ်ယူနိုင်လိမ့်မယ်"
သို့ရာတွင်....
လုချင်ရှန်း၏တုံ့ပြန်မှုသည် သူမမျှော်လင့်ထားသည်ထက် များစွာပို၍ကျော်လွန်နေသည်။
သူသည် သူမ၏ကမ်းလှမ်းမှုကို တဖန်ထပ်၍ ငြင်းဆန်ခဲ့လေ၏။
"ဘန်း..."
ယွင်ရှန်းချွယ်၏မျက်နှာအမူအယာ ရေခဲတမျှ အေးစက်တင်းမာသွားကာ သူမ၏နံဘေးရှိစားပွဲကို သူမ၏လက်ဖြင့်ရိုက်ပုတ်ကာ ချေမွှဖျက်ဆီးလိုက်သည်။ သူမသည် လုချင်ရှန်းကို စူးစိုက်ကြည့်ကာ လုံးစေ့ပတ်စေ့ ပြောဆိုသည်။
"ချင်ရှန်းဘိုးဘေး...ရှင် အရမ်းလောဘမကြီးဖို့ ကျွန်မ အကြံပြုချင်တယ်....ရှင့်ရဲ့သေးငယ်တဲ့ချင်ရှန်းဂိုဏ်းလေးက ငါးဆယ်ရာခိုင်နှုန်းလိုချင်တယ်လို့တော့ ကျွန်မကို မပြောနဲ့"
"မိန်းကလေးယွင်..ငါ ပြောပြမယ်...မင်း နားလည်မှုလွဲနေပြီ"
လုချင်ရှန်း၏မျက်နှာပေါ်တွင် ယဥ်ကျေးသိမ်မွေ့မှုအရိပ်အယောင်များ အနည်းငယ်လျော့ပါးသွားကာ သူက မတ်တတ်ထရပ်ပြီး အလေးအနက်ထားသောလေသံဖြင့် ပြောဆိုလိုက်သည်။
"ဒါက အကျိုးအမြတ်ကြောင့်မဟုတ်ဘူးလို့ ငါ ပြောပြီးပြီ...တကယ်လို့ မင်း တစ်ရာရာခိုင်နှုန်းလုံးအပြည့်ပေးရင်တောင် ငါတို့ချင်ရှန်းဂိုဏ်းက ဒီကိစ္စမှာ ပါဝင်ပတ်သတ်မှာ မဟုတ်ဘူး"
"ရှင်...."
ယွင်ရှန်းချွယ်က အေးစက်စက်လေသံဖြင့် ပြောဆိုလေ၏။
"ကျွန်မပြောတဲ့စကားတွေကို ရှင် သေချာစဥ်းစားပါအုံး...ဒါက သိုင်းသူတော်စင်တစ်ယောက်ရဲ့လှိုဏ်ဂူနော်"
လုရှင်ရှန်းက အပြုံးနှင့် ခေါင်းခါပြလေသည်။
"ကောင်းပြီ...ကောင်းပြီလေ"
ယွင်ရှန်းချွယ် ဒေါသထွက်သွားသည်မှာ အလွန်သိသာထင်ရှားသည်။ သူမသည် မတ်တတ်ထရပ်ကာ ဦးလေးလင်းနှင့်အတူ ထွက်ခွာသွားတော့သည်။
"မိန်းကလေးယွင်...ခဏစောင့်ပါဦး"
သူတို့၏ဆုတ်ခွာသွားသော နောက်ကျောပြင်များကိုကြည့်ပြီး ချင်ရှန်းဘိုးဘေးက အချိန်တခဏခန့်စဥ်းစားတွေးတောပြီးနောက် ပြောဆိုသည်။
"ဒီနေ့က ငါတို့တွေအတွက် ကောင်းသောခွဲခွာခြင်းမျိုး မဟုတ်ခဲ့ပေမယ့်...အတိတ်မှာတုန်းက တိမ်တိုက်လေပြေတောင်ကြားက ငါ့ရဲ့ဂိုဏ်းကို ကြည့်ရှုစောင့်ရှောက်ပေးခဲ့ဘူးတယ်...ဒါကြောင့် ငါက မင်းတို့ကို အကြံဥာဏ်တစ်ခုပေးချင်တယ်"
ယွင်ရှန်းချွယ်က နောက်သို့ပြန်လှည့်ကာ လုချင်ရှန်းကို ကြည့်လိုက်၏။
"မင်းတို့ ဒီကိစ္စထဲမှာ မပတ်သက်တာ အကောင်းဆုံးဖြစ်လိမ့်မယ်"
လုချင်ရှန်း၏စိတ်အတွင်းတွင် ရီဖုန်း၏စကားများက ပဲ့တင်ထပ်နေဆဲပင်။ သူသည် အလေးအနက်ထား၍ ထိုလူနှစ်ယောက်ကို ပြောဆိုလိုက်ခြင်းဖြစ်သည်။
"အော်...ရှင် ဆိုလိုချင်တာက....ကျွန်မတို့က ဒီရတနာတွေကို နှင်းလေအိမ်တော်နဲ့မိုးကောင်းကင်အိမ်တော်ကို လက်လွှဲပေးသင့်တယ်လို့ ပြောချင်တာလား"
ယွင်ရှန်းရွယ်၏လှပသောမျက်နှာလေးပေါ်တွင် အေးစက်တင်းမာမှုများနှင့် ပြည့်နှက်နေကာ သူမက အထင်အမြင်သေးစွာဖြင့် သရော်လိုက်၏။
"လူကြောက်တစ်ယောက်ပဲ"
ထိုသို့ပြောဆိုပြီးနောက် သူတို့နှစ်ယောက်သည် အဝေးသို့ ပျံသန်းခဲ့တော့သည်။
Chapter 193
"သောက်ချေးထုပ် လောကကြီး...လူတိုင်းကိုကြည့်ရတာ အပေါ်ယံမှာတော့ သာမာန်လူတစ်ယောက်နဲ့တူနေပေမယ့်...သူတို့က ဖုံးကွယ်ထားတဲ့အစွမ်းထက်ကျင့်ကြံသူတစ်ယောက် ဖြစ်နေနိုင်တယ်"
ဝူချန်အန်းသည် တီးတိုးရေရွတ်ကာ လမ်းဘေး၌လမ်းလျှောက်နေရင်း နေရာအနှံ့အပြားတွင် အန္တရာယ်များရှိသည်ဟု ခံစားမိလေ၏။
"ငါ မြို့စွန်မှာသွားပုန်းနေတာ ပိုကောင်းလိမ့်မယ်"
ထိုစကားကို ပြောဆိုပြီးနောက် ဝူချန်အန်းသည် ပျောက်ကွယ်သွားတော့သည်။
အချိန်တခဏကြာပြီးနောက် သူသည် မြို့စွန်သို့ရောက်ရှိနေလေပြီ။
"ဟူး..."
"မြို့စွန်က အရမ်းကောင်းတယ်...လှပတဲ့ရှုခင်းတွေနဲ့သဘာဝ....."
သို့ရာတွင် သူ၏အသံ ပျက်ပြယ်သွားသောအချိန်မှာပင် မြေပြင်တပြင်လုံး ပြင်းပြင်းထန်ထန် တုန်ခါသွားသည်။
ဘုန်း...ဘုန်း...
နားအူလုမတတ်အသံကြီးတစ်သံသည် ပတ်ဝန်းကျင်တစ်ခုလုံးအနှံ့ ပျံ့နှံ့သွားကာ မြေပြင်ပေါ်၌ အက်ကွဲကြောင်းများ ထွက်ပေါ်လာသည်။ ထို့နောက် ဝူချန်အန်း၏ထိတ်လန့်တုန်လှုပ်နေသော အကြည့်အောက်တွင် အဆောက်အအုံတစ်လုံးသည် မြေပြင်အတွင်းမှ တိုးထွက်လာပြီးနောက် သူ၏ရှေ့တွင် မားမားမတ်မတ် တည်ရှိနေသည်။
"ဒါက ဘယ်လိုငရဲမျိုးလဲ"
"သောက်ချေးပဲ..."
"ငါ ဒုက္ခရောက်တော့မယ်...ငါ ဒုက္ခရောက်တော့မှာပဲ"
ကြီးမားသောအဆောက်အအုံကြီးကိုကြည့်ပြီး ဝူချန်အန်းက မိုးမွှန်နေသည်အထိ ဆဲဆိုလိုက်၏။ သူသည် ပုန်းအောင်းရန်အတွက် လုံခြုံသောနေရာတစ်နေရာကို ရှာဖွေလိုရုံသက်သက်ဖြစ်သော်လည်း မည်သည်ကြောင့် ဤအရာကြီး ထွက်ပေါ်လာခဲ့သနည်း။
တစ်ချက်ကြည့်မိရုံဖြင့်ပင် ဤသည်က သိုင်းသူတော်စင်ကျန်းယု၏သင်္ချိုင်းဂူဖြစ်သည်မှာ သိသာထင်ရှားလှ၏။
မြောက်မြားစွာသော အရှိန်အဝါများ တရကြမ်းပြေးလာသည်ကို အာရုံခံမိချိန်၌ ဝူချန်အန်း စိတ်ပျက်လက်ပျက်ဖြစ်သွားသည်။ သူ၏မျက်နှာပေါ်တွင် အခက်တွေ့နေသော အမူအယာများဖြင့် ပြည့်နှက်သွားသည်။
"ငါ ဒီနေရာကို ဘယ်တုန်းကမှ မရောက်ခဲ့ဖူးဘူး...ဘယ်တုန်းကမှပဲ"
"ငါ ဒီနေရာကနေ ထွက်သွားရမယ်"
ဝူချန်အန်းသည် သူ၏လက်ဖြင့် လက်စည်းတံဆိပ်များကိုဖွဲ့စည်းကာ မြေပြင်အတွင်းသို့ငုပ်လျှိုးပြီး ပျောက်ကွယ်သွားတော့သည်။
"ဟူး...."
မြေအောက်၌ ပေမည်မျှထိများများ သူ သွားလာခဲ့သည်ကို မသိနိုင်သော်လည်း ဤနေရာအရောက်တွင် ဝူချန်အန်းသည် မကြုံစဖူး ဘေးကင်းလုံခြုံမှုကို ခံစားမိလေ၏။ သို့ရာတွင် နောက်ထပ်အချိန်အခိုက်အတန့်တွင် သူ တစ်စုံတစ်ခုအတွင်းသို့ ချိုးဖျက်ဝင်မိသည့်အလားပင်။
သူ့ရှေ့ရှိမြင်ကွင်း ပျောက်ကွယ်သွားလေပြီ။
ယခုချိန်၌ သူသည် ခန်းမကျယ်ကြီးတစ်ခုအတွင်းသို့ရောက်နေကြောင်း သူ သိနားလည်သွားသည်။
ထိုခန်းမ၏ရှေ့တွင် ဒဏ္ဍာရီလာသူတော်စင်အဆင့်လက်နက်တစ်ခုကို ချိတ်ဆွဲထားသည်။
"သောက်ချေးပဲ"
"ဘယ်လိုလုပ်ပြီးတော့ ငါ ဒီနေရာကို ဝင်လာမိတာလဲ"
ထိုမြင်ကွင်းကိုကြည့်ပြီး ဝူချန်အန်းသည် ပြင်းထန်စွာ ဆဲဆိုလိုက်၏။ သူသည် စတင်၍မပြေးမီ ထိုလက်နက်ကို တစ်ချက်ပင် ထပ်မံကြည့်ခြင်းမပြုချေ။
သူ ပြေးလွှားနေစဥ်တွင် ခန်းမအတွင်းရှိ မြောက်မြားစွာသောစက်ယန္တရားများ လည်ပတ်လာသည်။
"ဘုန်း....ဘုန်း...ဘုန်း..."
တိုက်ခိုက်မှုလှိုင်းများသည် တစ်လှိုင်းပြီးတစ်လှိုင်း ဝူချန်အန်းကို ရိုက်ခတ်ကာ အချိန်အတော်ကြာပြီးမှသာ ရပ်တန့်သွားသည်။
ယခုချိန်၌ ဝူချန်အန်းသည် ထောင့်တစ်နေရာ၌ပုန်းအောင်းကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေသည်။
"ဟောဟဲ....ဟောဟဲ...."
"ဒါက အရမ်းနီးနေပြီ....ငါ သေသွားလုနီးပါးပဲ"
ဝူချန်အန်းက တုန်ရီစွာဖြင့် တီးတိုးရေရွတ်လိုက်၏။
"ခုဏက ငါ့ရဲ့အရိပ်ကိုယ်ပွားဆယ်သန်းနည်းစနစ်ကို ဆယ့်ရှစ်ကြိမ် အသုံးပြုပြီးပြီ....တကယ်လို့ ငါက ကိုးသန်းကိုးသိန်းကိုးသောင်းကိုးထောင်ကိုးရာ့ ရှစ်ဆယ့်နှစ်ကြိမ် ထပ်သုံးမယ်ဆိုရင် ငါ သေသွားလိမ့်မယ်"
"အိုး ဘုရားရေ...တစ်ယောက်ယောက် ငါ့ကို ကယ်တင်ပေးပါအုံး"
"ဒီနေရာမှာ အရမ်းအန္တရာယ်များတယ်"
"တကယ်လို့ ငါ ဒီနေရာမှာ သေသွားရင်တောင် ငါ လှုပ်ရှားလို့မဖြစ်ဘူး"
...
ချင်ရှန်းဂိုဏ်း၏တောင်ခြေ၌...
"ဟား ဟား ဟား....ငါ ယုဝမ်ကျီးက တကယ့်ကို ချောမောခန့်ညားပြီးတော့ ဆွဲဆောင်မှုရှိတဲ့လူပဲ....ပွင့်လန်းနေတဲ့မက်မွန်ပန်းလေးတွေက ငါ့ဆီကို အလိုအလျောက်ရောက်လာတယ်"
ကောင်းကင်ဘုံအပျိုစင်အလား ချောမောလှပသော သူ့ရှေ့ရှိမိန်းကလေးကိုကြည့်ပြီး ယုဝမ်ကျီး၏မျက်လုံးများ ကျွတ်ထွက်တော့လုမတတ်ပင်။ သူမ၏ သလင်းကျောက်ကဲ့သို့ကြည်လင်တောက်ပသော အသားအရေနှင့်ကျောက်စိမ်းကဲ့သို့ နူးညံချောမွေ့သောခြေထောက်များကို မြင်နေရရုံဖြင့် သူ မတင်းတိမ်နိုင်ချေ။
သူမ၏မျက်နှာပေါ်တွင် မျက်နှာလွှားဇာတစ်ထည်ရှိနေသဖြင့် ယုဝမ်ကျီးက သူမသည် မည်ကဲ့သို့အလှနတ်သမီးမျိုးဖြစ်သည်ကို မြင်တွေ့လိုသဖြင့် ထိုအရာကို ဆုတ်ဖြဲရန် ဆန္ဒရှိနေခဲ့သည်။
ထို့ထက်ပို၍အရေးကြီးသည်မှာ မိုးကောင်းကင်ဓားဂိုဏ်း၏ အထူးချွန်ဆုံးတပည့်မဖြစ်သည့် ဤကဲ့သို့ပြိုင်ဘက်ကင်းအလှပဂေးတစ်ယေက်သည် သူ့အား လာရောက်ရှာဖွေခြင်းပင်။
"နင် ဘယ်လိုသဘောရလဲ...နင် ငါ့ကို သဘောကျလား"
မိန်းကလေး၏မျက်နှာလွှားဇာအောက်မှနေ၍ ညှို့အားကောင်းသော စကားသံထွက်ပေါ်လာသည်။ သူမသည် သူမ၏ကျောက်စိမ်းကဲ့သို့ နူးညံချောမွေ့သောခြေဖဝါးဖြင့် ယုဝမ်ကျီး၏မေးစေ့ကို ညင်သာစွာမတင်ကာ နူးညံသိမ်မွေ့စွာ မေးမြန်းလိုက်၏။
သူမသည် မိုးကောင်းကင်ဓားဂိုဏ်းမှ အသစ်ထွက်ပေါ်လာသည့် နာမည်ကျော်ကြားသောပါရမီရှင် ဖန်ရှင်းအာပင်။
"ကြိုက်....ကြိုက်တယ်...ငါ မင်းကို ကြိုက်တယ်"
ယုဝမ်ကျီး၏နှာခေါင်းမှ သွေးများယိုစီးကျနေကာ သူက အထစ်ထစ်အငေါ့ငေါ့ဖြင့် တုံ့ပြန်ပြောဆိုသည်။
"ဒါဆိုရင် နင်က အခုချိန်ကနေစပြီးတော့ ငါ့နောက်ကို လိုက်ခဲ့မှာလား"
ဖန်ရှင်းအာ၏အသံ ဆက်လက်၍ထွက်ပေါ်လာကာ သူမ၏မျက်လုံးအတွင်း၌ နက်ရှိုင်းသောအဓိပ္ပါယ်များပါသည့် အရိပ်အယောင်တစ်ခုရှိနေသည်။
"လိုက်မှာ....ငါ လိုက်မှာ"
ယုဝမ်ကျီးသည် တုံ့ဆိုင်းမှုမရှိသလောက်နီးပါး ခေါင်းညိတ်လိုက်၏။
သူမသည် ဆက်လက်ပြောဆိုရန် ဟန်ပြင်လိုက်စဥ်မှာပင် ရုတ်တရက် သူမက မျက်ခုံးပင့်လိုက်သည်။ ထို့နောက် သူမသည် မတ်တတ်ထရပ်ကာ ပင်ကျင်းမြို့စွန်တစ်နေရာသို့ ဦးတည်၍ကြည့်လေသည်။
"သခင်မလေး....သင်္ချိုင်းဂူက တုံ့ပြန်မှုရှိလာတာ ဖြစ်နိုင်တယ်....ငါတို့ အဲ့ဒီနေရာကို မြန်မြန်သွားမှဖြစ်မယ်"
အနီးတွင်မတ်တတ်ရပ်နေသည့် ဓားနှင့်တူသောမျက်ခုံးများရှိသည့် လူအိုကြီးတစ်ယောက်က သူမကို အဆောတလျှင် သတိပေးလိုက်သည်။
"ကောင်းပြီလေ...ကျွန်မတို့ မြန်မြန်သွားကြစို့...ပြီးတော့ သူ့ကိုပါ အတူခေါ်လာရမယ်"
ဖန်ရှင်းအာက ယုဝမ်ကျီးကိုစောင်းငဲ့ကြည့်ကာ ဆုံးဖြတ်ချက် ချက်ချင်းချလိုက်၏။
ထိုအကြီးအကဲက ယုဝမ်ကျီးကို တစ်ချက်ကြည့်လိုက်သည်။ သူ၏သခင်မလေးသည် မည်သည်ကြောင့် ဤအသုံးမကျသောလူကို ခေါ်ဆောင်လိုကြောင်း သူ သိချင်နေမိသည်။ သို့ရာတွင် သူသည် စကားအပို ထပ်မံမပြောဆိုဘဲ ယုဝမ်ကျီးကိုဆုပ်ကိုင်ကာ မြို့စွန်သို့ဦးတည်၍ တဟုန်ထိုးထွက်ခွာခဲ့တော့သည်။
သူတို့လူစု ရောက်ရှိသွားချိန်တွင် ဂိုဏ်းကြီးများအပြင် တိမ်တိုက်လေပြေတောင်ကြားမှ ယွင်ရှန်းချန်လည်း ရောက်ရှိနေလေပြီ။
"ကြည့်ရတာတော့ မင်းတို့အားလုံးရောက်လာတာ တော်တော်လေး မြန်ကြတာပဲ"
ထိုအချိန်မှာပင် ယဥ်ကျေးသိမ်မွေ့သော အသံတစ်သံ ထွက်ပေါ်လာသည်။ ထို့နောက် အပြစ်ဆိုဖွယ်ရာမရှိအောင် ချောမောခန့်ညားသောလူငယ်တစ်ယောက်သည် အဖိုးအိုတစ်ယောက်နှင့်အတူ လေထုအတွင်းမှ ဆင်းသက်လာပေ၏။
"နှင်းလေအိမ်တော်ရဲ့ပဉ္စမသခင်လေးပါလား"
ဤလူငယ်၏ရုပ်ရည်သည် မိန်းကလေးများထက်ပင် ပို၍ချောမောလှပနေသည်ကိုကြည့်ပြီး ယွင်ရှန်းချွယ်နှင့်ဖန်ရှင်းအာတို့က မျက်မှောင်ကြုတ်လိုက်ကြသည်။
သူသည်လည်း ကြီးကျယ်ခမ်းနားသော တည်ရှိမှုတစ်ခုဖြစ်သည်မှာ သိသာထင်ရှားသည်။
"ဒါပေမယ့် ငါက မင်းတို့နှစ်ယောက်ကိုပဲ မြင်မိတယ်...ဧကရာဇ်ဓားဂိုဏ်းကလူတွေ ဘယ်နေရာမှာလဲ"
ပဉ္စမသခင်လေးက မေးမြန်းလိုက်၏။
ထိုမေးခွန်းကိုကြားချိန်တွင် ယွင်ရှန်းချွယ်နှင့်ဖန်ရှင်းအာတို့နှစ်ယောက်လုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။
ယခုလတ်တလောတွင် သူမတို့သည်လည်း ဧကရာဇ်ဓားဂိုဏ်းနှင့်ပတ်သတ်သည့် သတင်းတစ်ခုတစ်လေကိုမျှ မကြားမိချေ။ ထိုဂိုဏ်းမှတပည့်များ ပြင်ပသို့ထွက်သည်ကပင် အလွန်ရှားပါးနေကာ သူတို့၏အဓိကဂိုဏ်းဝင်များ ထွက်ပေါ်လာခြင်း လုံးဝမရှိသဖြင့် အတော်အသင့် ထူးဆန်းနေသည်။
"ထားလိုက်တော့...ပြိုင်ဘက်တစ်ယောက် လျော့သွားတာက ပိုကောင်းတဲ့ကိစ္စပဲ...ဒီသင်္ချိုင်းဂူထဲကို ငါတို့ ဘယ်လိုဝင်ရောက်နိုင်မလဲဆိုတာ အရင်ဆုံးကြည့်ကြစို့"
ထိုသို့ပြောဆိုပြီးနောက် ပဉ္စမသခင်လေးကဘသိုင်းသူတော်စင်၏သင်္ချိုင်းဂူထံသို့ ကြည့်လိုက်သည်။
ယွင်ရှန်းချွင်နှင့်ဖန်ရှင်းအာတို့၏အကြည့်များသည်လည်း သင်္ချိုင်းဂူထံတွင် စူးစိုက်၍ကျရောက်နေကာ သူမတို့၏မျက်လုံးများအတွင်း၌ လောဘများဖြင့်ပြည့်နှက်နေသည်။
Chapter 194
ဤအချိန်အခိုက်အတန့်တွင် လက်ရှိနေရာတွင်ရှိနေသည့် အစွမ်းထက်ကျင့်ကြံသူများအားလုံး၏မျက်လုံးအကြည့်များသည် ခန်းမကြီး၏ကျောက်တံခါးပေါ်တွင်သာ စူးစိုက်၍ကျရောက်နေပေ၏။
သို့ရာတွင် သူတို့အားလုံးထံတွင် လိုချင်ရမ္မက်များဖြင့် ပြည့်နှက်နေသော်လည်း မည်သူမျှ ချက်ချင်းမလှုပ်ရှားဝံ့ချေ။
"ကျွန်မတို့ ဘယ်အချိန်ကျရင် လှုပ်ရှားကြမလဲ"
ယွင်ရှန်းချွယ်က တိုးညှင်းသောအသံဖြင့် မေးမြန်းသည်။
"အလျင်မလိုနဲ့...တစ်ယောက်ယောက်က စိတ်ရှည်မှုကုန်ဆုံးပြီးတော့ အရင်ဆုံးလှုပ်ရှားလာမှာ မလွဲမသွေပဲ...သူတို့ကို အရင်ဆုံးစမ်းသပ်ခိုင်းတာ ပိုကောင်းလိမ့်မယ်"
ဦးလေးလင်းက လေသံတိုးတိုးဖြင့် ပြောဆိုသည်။
ဦးလေးလင်းကဲ့သို့ အတွေ့အကြုံရင့်ကျက်သော အစွမ်းထက်ကျင့်ကြံသူများသည် ဤကဲ့သို့ကိစ္စမျိုး၌ အသိပညာဗဟုသုတ ပို၍ကြွယ်ဝသည်မှာ သိသာထင်ရှားလှ၏။
ဂိုဏ်းကြီးများမှ အစွမ်းထက်ကျင့်ကြံသူများသည် သိနားလည်မှုဖြင့် လှုပ်ရှားမှုမပြုကြသော်လည်း တခြားအစွမ်းထက်ကျင့်ကြံသူများကမူ သူတို့ကိုယ်သူတို့ ထိန်းချုပ်မထားနိုင်တော့ချေ။
ထိုနေရာသို့ ပထမဆုံးတိုးဝင်သွားပါက အန္တရာယ်အများဆုံးဖြစ်သည်ကို သူတို့ သိရှိထားသော်လည်း ရံဖန်ရံခါ၌ အန္တရာယ်နှင့်ကံကြမ္မာကောင်းကြီးတို့သည် ပူးတွဲ၍တည်ရှိနေပေ၏။
"တိမ်တိုက်ရိုက်ချက်လက်ဝါး..."
သိုင်းဧကရာဇ်နယ်ပယ် ကျင့်ကြံသူတစ်ယောက်သည် ရှေ့သို့တိုးကာ သူ၏လက်ဝါးကို လေထုအတွင်းသို့ ခပ်ဆက်ဆက်ရိုက်လိုက်သည်။ ထိုအရာသည် ကြီးမားသောလက်ဝါးပုံရိပ်ယောင်ကြီးအသွင်သို့ ပြောင်းလဲသွားကာ ကျောက်တုံးတံခါးပေါ်သို့ ကျရောက်သွားသည်။
"ဘုန်း..."
နားအူလုမတတ်ကျယ်လောင်သော အသံကြီးတစ်သံ မြည်ဟီးလာသော်လည်း တံခါးသည် အနည်းငယ်မျှပင် လှုပ်ခတ်သွားခြင်းမရှိချေ။
ဤသည်မှာ လက်ရှိနေရာတွင် ရှိနေသူတိုင်းကို ကြက်သေသေသွားစေသည်။
မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ သိုင်းဧကရာဇ်တစ်ယောက်၏စွမ်းအားပြည့်တိုက်ခိုက်မှုဖြစ်သော်လည်း ဤတံခါးကို ဖွင့်နိုင်ခဲ့ခြင်းမရှိချေ။ သိုင်းသူတော်စင်တစ်ယောက်၏သင်္ချိုင်းဂူဟူသော နာမည်ဂုဏ်သတင်းနှင့် အမှန်တကယ်ကို ထိုက်တန်သည်။
သို့ရာတွင် ဤတံခါး၏ခိုင်မာမှုသည် လူတိုင်း၏မျှော်လင့်ချက်ထက် များစွာပို၍ကျော်လွန်နေသော်လည်း အန္တရာယ်တစ်စုံတစ်ခုမရှိသဖြင့် လူတိုင်းစိတ်သက်သာရာရသွားသည်။
ထိုမြင်ကွင်းကိုကြည့်ပြီး နှင်းလေအိမ်တော်၏ပဉ္စမသခင်လေးက သူ့ဘေးရှိအကြီးအကဲသီဝူကျန်းကို စောင်းငဲ့၍ကြည့်လိုက်သည်။
ထိုအကြီးအကဲက ခေါင်းညိတ်ပြကာ ရှေ့သို့ဖြည်းညှင်းစွာလျှောက်လှမ်းသွားပြီး ခပ်အုပ်အုပ်အသံနှင့် ပြောဆိုသည်။
"အားလုံးပဲ...ဒီတံခါးကို ချိုးဖျက်ပြီးဝင်ဖို့ဆိုရင် ငါတို့အားလုံးရဲ့ခွန်အားတွေကို အရင်ဆုံးပူးပေါင်းဖို့လိုအပ်တယ်ဆိုတာ မင်းတို့အားလုံးလည်း သိကြမှာပါ...အထဲမှာရှိတဲ့ အခွင့်အရေးကောင်းကြီးတွေအတွက်ကတော့ ငါတို့တွေအားလုံး ကိုယ့်အစွမ်းအစနဲ့ကိုယ် ရယူနိုင်တယ်"
ထိုစကားကိုကြားချိန်တွင် လူတိုင်းသည် ငြင်းဆန်ခြင်းမပြုဘဲ ခေါင်းညိတ်လိုက်ကြ၏။
ထို့နောက် ရာနှင့်ချီသောကျင့်ကြံသူများ၏ပူးပေါင်းစွမ်းအားအောက်တွင် အစွမ်းထက်သော တိုက်ခိုက်မှုလှိုင်းများက ကျောက်တုံးတံခါးပေါ်သို့ ကျရောက်သွားသည်။
လူတိုင်း သတိလက်လွတ်ဖြစ်သွားသည်မှာ ကျောက်တုံးတံခါးသည် အနည်းငယ်တုန်ရီသွားသော်လည်း ပွင့်မည့်အရိပ်အယောင် မပြသခြင်းပင်။
ဤသည်ကြောင့် ယခုလက်ရှိနေရာတွင် ရှိနေသူတိုင်း မျက်မှောင်ကြုတ်လိုက်သည်။
သူတို့သည် အလွန်ခက်ခဲစွာဖြင့် ဤနေရာသို့ လာခဲ့ကြသည့်တိုင် တံခါးအတွင်းသို့ ဝင်ရောက်နိုင်ခြင်းပင်မရှိသလော...
"ဒီတံခါးရဲ့ခိုင်ခံမှုအရကြည့်ရင် ဝင်္ကပါတချို့ ရှိနေပုံပဲ...နှင်းလေအိမ်တော်ရဲ့ တားမြစ်နည်းစနစ်တွေထဲမှာ ဝင်္ကပါပညာရပ်လည်းပါဝင်နေတယ်လို့ ကျွန်မကြားထားတယ်...အထူးသဖြင့် အကြီးအကဲသီဝူက ကျွမ်းကျင်သူတစ်ယောက်ပဲ...အကြီးအကဲသီဝူက ကျွန်မတို့ကိုကူညီပြီးတော့ နည်းလမ်းတစ်ခုကို ရှာဖွေဖော်ထုတ်ပေးနိုင်မလား"
ထိုအချိန်မှာပင် ဖန်ရှင်းအား၏ညှို့အားကောင်းသောအသံ ထွက်ပေါ်လာကာ သူမက သီဝူကျန်းကို ကြည့်လိုက်၏။
"ဒါက အမှန်ပဲ"
"ဒီတံခါးကိုဖွင့်နိုင်တဲ့ အရည်အချင်းရှိတဲ့သူဆိုရင် အကြီးအကဲသီဝူပဲဖြစ်မယ်"
ဤအချိန်တွင် သဘောတူညီသောအသံများက တခြားသူများထံမှ ထွက်ပေါ်လာသည်။
သီဝူကျန်းက ခေါင်းညိတ်လိုက်သည်။ သူ၏လက်များကို လှုပ်ခတ်လိုက်ခြင်းနှင့်အတူ ကျောက်တုံးတံခါးကို သူ ညင်သာစွာထိတွေ့လိုက်ချိန်တွင် သူ့ရှေ့၌ လှိုင်းဂယက်များထလာသည်။ တစ်ချိန်တည်းပင် သူ၏ထက်ရှသောမျက်လုံးတစ်စုံဖြင့် တံခါး၏ပတ်ဝန်းကျင်ကို လေ့လာဆန်းစစ်လိုက်၏။
အချိန်အတော်ကြာပြီးနောက် သီဝူကျန်းက မျက်မှောင်တင်းတင်းကြပ်ကြပ် ကြုတ်လိုက်သည်။
"အကြီးအကဲသီဝူ...အခြေအနေဘယ်လိုရှိလဲ"
လူတိုင်းက အလျင်စလို မေးမြန်းလိုက်ကြသည်။
"ဒီတံခါးကိုဖွင့်ဖို့က ကောင်းကင်ဘုံကိုတက်လှမ်းရတာထက် ပိုပြီးခက်ခဲလိမ့်မယ်"
သီဝူကျန်းက တည်ကြည်လေးနက်စွာ ပြောဆိုသည်။
ထိုစကားကိုကြားချိန်တွင် လူတိုင်း၏မျက်နှာအမူအယာများ ပျက်ယွင်းသွားသည်။
"အကြီးအကဲ....ဒီတံခါးရဲ့အခြေအနေက အတိအကျ ဘယ်လိုရှိနေတာလဲဆိုတာ ငါ မေးလို့ရမလား"
တစ်စုံတစ်ယောက်က မေးမြန်းသည်။
"တကယ်လို့ ငါ မမှားဘူးဆိုရင်...ဒါက ယင်ယန်မဟာဝင်္ကပါပဲ....မြေပြင်ပေါ်က ကောင်းကင်တံခါးအပြင် မြေအောက်မှာလည်း မြေကမ္ဘာတံခါးရှိနေနိုင်တယ်....ဒီကောင်းကင်တံခါးကိုဖွင့်ချင်တယ်ဆိုရင် နည်းလမ်းနှစ်ခုပဲရှိတယ်"
သီဝူကျန်းက ရှင်းပြသည်။
"ပထမနည်းလမ်းက အင်အားသုံးပြီး ချိုးဖျက်ဖို့ပဲ...ဒါပေမယ့် တိုက်ခိုက်တဲ့သူရဲ့ခွန်အားက ဒီဝင်္ကပါကို ခင်းကျင်းတဲ့လူရဲ့ခွန်အားထက် သာလွန်ဖို့လိုအပ်တယ်"
ထိုစကားကိုကြားချိန်တွင် လူတိုင်း ခေါင်းခါယမ်းလိုက်ကြ၏။
ဤသည်မှာ သိုင်းသူတော်စင်တစ်ယောက်၏သင်္ချိုင်းဂူဖြစ်သဖြင့် သူကိုယ်တိုင် ဤဝင်္ကပါကို ခင်းကျင်းခဲ့ခြင်းဖြစ်မည်မှာ တိကျသေချာသည်။ ဤနေရာရှိ မည်သူ့ထံတွင် ထိုဝင်္ကပါကို အင်အားသုံး၍ ချိုးဖျက်နိုင်မည့် အစွမ်းအစမျိုး ရှိနေနိုင်မည်နည်း။
ဤသည်မှာ မဖြစ်နိုင်ချေ။
"တခြားနည်းလမ်းကရော ဘာလဲ"
လူတိုင်းသည် အလျင်လိုစွာဖြင့် ထပ်မံ၍မေးမြန်းလိုက်ကြသည်။
"တခြားနည်းလမ်းကတော့ တစ်ယောက်ယောက်ကို မြေကမ္ဘာတံခါးဆီ စေလွှတ်ဖို့ပဲ...မြေကမ္ဘာတံခါးအတွင်းမှာရှိတဲ့ စက်ယန္တရားတွေကို ဖွင့်လိုက်ရင် ဒီကျောက်တုံးတံခါးက အလိုအလျောက်ပွင့်သွားလိမ့်မယ်"
"ဒါပေမယ့် အဲ့ဒီမြေကမ္ဘာတံခါးနဲ့ပတ်သတ်ပြီးတော့ တားမြစ်ကန့်သတ်ချက်တွေရှိနေတယ်...တစ်ကြိမ်မှာ လူတစ်ယောက်ပဲဝင်နိုင်တဲ့အပြင် အထဲမှာ ဝင်္ကပါတွေနဲ့စက်ယန္တရားတွေ အထပ်ထပ်ရှိနေတယ်...မြေကမ္ဘာတံခါးမှာရှိတဲ့ စက်ယန္တရားတွေကိုရှာဖို့ဆိုတာ ကောင်းကင်ဘုံကို တက်လှမ်းရတာထက် ပိုပြီးခက်ခဲလိမ့်မယ်"
သီဝူကျန်းက ထပ်မံ၍ ရှင်းပြလေ၏။
"ပြီးတော့ အရေးကြီးဆုံးအချက်က မြေကမ္ဘာတံခါးကိုရှာဖွေဖို့အတွက် သွားမယ့်လူက မြေလွတ်မြောက်ရေးနည်းစနစ်ကို ကျွမ်းကျွမ်းကျင်ကျင်တက်ထားဖို့ လိုအပ်တယ်"
ထိုစကားကိုကြားချိန်တွင် လူတိုင်း အလေးအနက်ထား၍ ခေါင်းညိတ်လိုက်ကြသည်။
သို့ရာတွင် အတွင်းသို့ဝင်ပြီး စက်ယန္တရားများကို အသက်သွင်းရန်အတွက် မြေလွတ်မြောက်ခြင်းနည်းစနစ်ကို ကျွမ်းကျင်ပိုင်နိုင်သော တစ်စုံတစ်ယောက်ကိုရှာဖွေရန်မှာ သော့ချက်ဖြစ်ကြောင်း သူတို့အားလုံး နားလည်သဘောပေါက်ထားသည်။
"ဒါကြောင့် မြေလွတ်မြောက်ခြင်းနည်းစနစ်ကို ကျွမ်းကျင်တဲ့ တစ်ယောက်ယောက်ရှိနေရင် ရှေ့ကိုထွက်လာခဲ့ပါ"
သီဝူကျန်း၏အသံက ထပ်မံ၍ ထွက်ပေါ်လာသည်။
သို့ရာတွင် လူအုပ်ကြီးအကြား၌ တိတ်ဆိတ်ငြိမ်သက်မှုကသာ လွှမ်းမိုးနေသည်။
မြေအောက်သို့ဆင်းရန် ဆန္ဒရှိသူတစ်ယောက်ကို ရှာရန်မဆိုထားနှင့် မြေလွတ်မြောက်ရေးနည်းစနစ်ကို ကျင့်ကြံသူသက်သက်ပင်လျှင် အလွန်ရှားပါးပေ၏။
ဤနည်းစနစ်တွင် အသုံးဝင်မှုရှိသော်လည်း ကျွမ်းကျင်ပိုင်နိုင်ရန်မှာ အနည်းငယ်မျှပင် လွယ်ကူခြင်းမရှိချေ။ ထိုအစား ကျင့်ကြံသူအများစုသည် သူတို့၏ကျင့်ကြံဆင့်ကို မြှင့်တင်နိုင်ရန်ကိုသာ အင်အားစိုက်ထုတ်ကြတော့သည်။ တိုက်ခိုက်ရေးစွမ်းအားကို အနည်းငယ်သာ မြှင့်တင်ပေးနိုင်မည့် မြေလွတ်မြောက်ရေးနည်းစနစ်ကို ကျင့်ကြံခြင်း၏အခက်အခဲများကို မည်သူက ကျော်ဖြတ်မည်နည်း။
သူတို့အားလုံး ချောင်ပိတ်မိနေစဥ်မှာပင် မျက်နှာလွှားဇာနောက်ရှိ ဖန်ရှင်းအာ၏မျက်နှာပေါ်တွင် အပြုံးတစ်ခုထင်ဟပ်လာကာ သူမက ယုဝမ်ကျီးကိုကြည့်၍ တည်ငြိမ်စွာပြောဆိုသည်။
"တကယ်လို့ ငါ မှတ်မိတာသာ မှန်မယ်ဆိုရင်...နင်က မြေလွတ်မြောက်ရေးနည်းစနစ်ကို သိတယ်မဟုတ်လား"
ဖန်ရှင်းအာ၏စကားနှင့်အတူ လူတိုင်း၏မျက်လုံးအကြည့်များက ယုဝမ်ကျီးထံသို့ စူးစိုက်၍ကျရောက်လာသည်။
ယုဝမ်ကျီးသည် ရုတ်တရက် ထိတ်ထိတ်ပျာပျာဖြစ်သွားကာ သူ၏မျက်နှာသည် သေလူကဲ့သို့ ဖြူဖပ်ဖြူရော်ဖြစ်သွားလေ၏။
သူ၏ခွန်အားအဆင့်နှင့်ဆိုပါက သူသည် ဤအုတ်အော်သောင်းနင်းကိစ္စကြီးကို စောင့်ကြည့်ရုံသာ လာခြင်းဖြစ်သည်။ ဤနေရာရှိ ကြုံရာကျပန်းလူတစ်ယောက်ကပင် သူ့အား လက်ဝါးတစ်ချက်တည်းဖြင့် သေအောင်ရိုက်သတ်နိုင်သည်။ ဤကိစ္စသည် သူနှင့်ပတ်သက်ဆက်နွယ်လာမည်ဟု သူ တစ်ကြိမ်တစ်ခါမျှ တွေးတောထားမိခြင်းမရှိချေ။
"ငါ...ငါ...ငါ..."
သူသည် ဇဝေဇဝါဖြင့် ဖန်ရှင်းအာကိုကြည့်ကာ မေးမြန်းလိုက်သည်။
"ဘယ်လိုလုပ်ပြီးတော့...ငါ မြေလွတ်မြောက်ခြင်းနည်းစနစ်ကို သိတယ်ဆိုတာ မင်း ဘယ်လိုလုပ်ပြီးတော့ သိတာလဲ"
ဖန်ရှင်းအာသည် တုံ့ပြန်ပြောဆိုခြင်းမပြုဘဲ သူ့အား အဓိပ္ပါယ်ပါသောအကြည့်ဖြင့်သာ ကြည့်နေသည်။
"ကောင်းပြီလေ....အပိုစကားတွေ ပြောနေတာ တော်သင့်ပြီ...ဒီကောင်စုတ်လေးကို အောက်ကိုဆင်းခိုင်းလိုက်တော့"
"အမှန်ပဲ...မင်းက မြေကမ္ဘာတံခါးကိုဖွင့်ဖို့အတွက် အောက်ကိုဆင်းရမယ်"
သူတို့သည် နောက်ဆုံး၌ မြေလွတ်မြောက်ခြင်းနည်းစနစ်ကို လေ့ကျင့်ထားသော တစ်စုံတစ်ယောက်ကို ရှာတွေ့လိုက်သဖြင့် လူအုပ်အကြားမှနေ၍ အသံများထွက်ပေါ်လာသည်။
ယုဝမ်ကျီးသည် ချက်ချင်းဆိုသလိုပင် မြေပြင်ပေါ်သို့ ပြိုလဲကျသွားတော့သည်။
အေးစက်စက်ချွေးများက သူ၏နဖူးပြင်မှ ယိုစီးကျလာပေ၏။
"ငါ...ငါ မလုပ်နိုင်ဘူး..ငါ ဒါကို တကယ်မလုပ်နိုင်ဘူး"
သူက ငိုသံပါကြီးနှင့် ပြောဆိုလိုက်သည်။
"ဒီလူက သူမလုပ်နိုင်ဘူးလို့ ပြောနေတယ်...ငါက စုံစမ်းစစ်ဆေးရတာကို အရမ်းသဘောကျတယ်...မင်း မြေလွတ်မြောက်ခြင်းနည်းစနစ်ကို သိမသိ ငါ စစ်မေးရမှာလား"
တစ်စုံတစ်ယောက်က ခြိမ်းခြောက်လေသည်။
ထိုအချိန်မှာပင် ဖန်ရှင်းအာသည် ရုတ်တရက် ယုဝမ်ကျီး၏အနီးသို့ ပူးကပ်ကာ ချိုသာစွာပြောဆိုသည်။
"နင်က ငါ စိတ်ပျက်အောင် မလုပ်နဲ့လေ...ဘယ်လိုပဲဖြစ်ဖြစ် ငါ ဖန်ရှင်းအာရဲ့လူတစ်ယောက်ဖြစ်ဖို့ဆိုရင် နင့်ရဲ့အရည်အချင်းတချို့ကို ပြဖို့တော့ လိုအပ်တယ်လေ...ဟုတ်တယ်မလား"
"မင်းရဲ့လူလား"
ယုဝမ်ကျီး၏မျက်လုံးများ ပြူးကျယ်သွားကာ သူက ထိတ်လန့်တုန်လှုပ်စွာဖြင့် ပြောဆိုလိုက်၏။
"မင်းဆိုလိုတာ....ငါက မင်းရဲ့...."
"ရှူး..."
ဖန်ရှင်းအာက ညင်သာစွာအသက်တစ်ချက် ရှိုက်ထုတ်ကာ အေးအေးလူလူအသံဖြင့် ပြောဆိုသည်။
"ဘာမှမမေးနဲ့တော့...ဒါက နင်တွေးထားသလိုပဲ"
ဤအသက်တစ်ရှိုက်သည် ယုဝမ်ကျီးအား တုန်ရီသွားစေကာ အထူးသဖြင့် ဖန်ရှင်းအာထံမှ ရစ်ဝဲလာသော ခပ်ဖျော့ဖျော့မွှေးရနံ့ကို သူ ရှုရှိုက်မိခြင်းပင်။ ရုတ်ချည်းဆိုသလိုပင် သူ၏ခန္ဓာကိုယ်အတွင်းသို့ ကြက်သွေးများထိုးသွင်းလိုက်သည့်အလား စွမ်းအားများပြည့်ဝလာမှုကို ခံစားမိသည်။
"ကောင်းပြီလေ....ငါ သွားမယ်"
ယုဝမ်ကျီးက လေးဘက်ကုန်းပြီး မတ်တတ်ထရပ်ကာ တည်ကြည်လေးနက်စွာ ပြောဆိုသည်။
"အခုမှပဲ နင့်ကိုကြည့်ရတာ ယောက်ျားတစ်ယောက်နဲ့ပိုတူသွားပြီ"
ဖန်ရှင်းအာသည် သူမ၏သွယ်လျလျလက်လေးဖြင့် ယုဝမ်ကျီး၏ရင်ဘတ်အနှံ့ ညင်သာစွာပွတ်သပ်ကာ အသိအမှတ်ပြုပုံဖြင့် ပြောဆိုလေ၏။
"ငါ မင်းကို စိတ်မပျက်စေရဘူး"
ယုဝမ်ကျီးက အံ့တင်းတင်းကြိတ်ကာ တခြားမည်သည့်စကားမျှမဆိုတော့ဘဲ သူ၏လက်ဖြင့် လက်စည်းတံဆိပ်များကို ဖွဲ့စည်းကာ မြေကြီးအတွင်းသို့ ငုပ်လျှိုးလိုက်သည်။
"အကြီးအကဲသီဝူ...သူ့မှာ အောင်မြင်နိုင်တဲ့အခွင့်အရေးရှိနိုင်လား"
ယုဝမ်ကျီး အောက်သို့ဆင်းသွားပြီးနောက် ဖန်ရှင်းအာက သီဝူကျန်းကိုကြည့်ပြီး မေးမြန်းသည်။
သီဝူကျန်းက စကားပြောဆိုခြင်းမပြုဘဲ သူ၏ခေါင်းကိုသာ ခါယမ်းပြသည်။
ထိုအခြင်းအရာကိုကြည့်ပြီး တခြားသူများ၏မျက်နှာအမူအယာသည်လည်း စိတ်ဓာတ်ကျဆင်းမှုသို့ ပြောင်းလဲသွားပေ၏။
မည်သို့ပင်ဆိုစေကာမူ ဤယုဝမ်ကျီး၏ခွန်အားသည် အလွန်နိမ့်ပါးကြောင်း သူတို့ ကောင်းစွာသိရှိထားသည်။ မြေကမ္ဘာတံခါးအတွင်းရှိ စက်ယန္တရားများကို ဖွင့်ရန်မဆိုထားနှင့် သူလအတွင်းသို့ဝင်ရောက်ပြီး မကြာမီမှာပင် သူ၏အသက် အဆုံးသတ်သွားပေလိမ့်မည်။
သို့ရာတွင် အနည်းဆုံးအနေဖြင့် သူ၏ကံကြမ္မာကို စမ်းသပ်သော တစ်စုံတစ်ယောက်ရှိနေသည်။
မြေအောက်သို့ငုပ်လျှိုးခဲ့ပြီးနောက် ယုဝမ်ကျီး၏ယခင်က စိတ်အားထက်သန်နေမှုများ ပျက်ပြယ်သွားသကဲ့သို့ ခံစားမိသည်။ သူ့ကဲ့သို့ကျင့်ကြံဆင့်သာရှိသော တစ်စုံတစ်ယောက်သည် မြေကမ္ဘာတံခါးအတွင်းသို့ဝင်ရောက်လာရန် အကြောင်းမရှိကြောင်း ယခုချိန်၌ သူ နားလည်သဘောပေါက်သွားလေပြီ။
ယုဝမ်ကျီးသည် ထပ်မံ၍ ရှေ့ဆက်၍မသွားတော့ဘဲ သူသည် တုန်တုန်ရီရီဖြင့် မြေကြီးအတွင်း၌ ပုန်းအောင်းလိုက်သည်။
"ဟူး...နောက်ဆုံးတော့ ငါ့ရဲ့အရိပ်ကိုယ်ပွားသန်းတစ်ရာနည်းစနစ်ကို မွမ်းမံပြီးသွားပြီ"
မြေအောက်ခန်းမအတွင်း၌ ဝူချန်အန်းသည် အစောပိုင်းက သူ ဖန်တီးခဲ့သော ကိုယ်ပွားနည်းစနစ်ကို သိမ်းဆည်းကာ စိတ်သက်သာရာရသွားပုံဖြင့် သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။
"ဒီလိုလုပ်နေလို့ မဖြစ်သေးဘူး...ငါ အပြင်ထွက်ဖို့ နည်းလမ်းတစ်ခုရှာရမယ်"
သူသည် ခန်းမအတွင်း၌ သတိကြီးစွာထား၍ လျှောက်လှမ်းပြီးနောက် အနီးရှိ နံရံတစ်ခုပေါ်တွင် စက်ယန္တရားများနှင့်ခလုတ်များ ရှိနေသည်ကို သူ ရုတ်တရက် သတိပြုမိသွားသည်။
"ဖြစ်နိုင်တာတော့...."
"ဒါက စက်ယန္တရားတွေကိုပိတ်နိုင်တဲ့ နည်းလမ်းတစ်ခုလား...."
ဝူချန်အန်း၏မျက်လုံးများ တောက်ပသွားသည်။ သူ၏အရိပ်ကိုယ်ပွားသန်းတစ်ရာနည်းစနစ်ကို ထုတ်ဖော်အသုံးပြုကာ ခလုတ်များအနက်မှတစ်ခုကို ဂရုတစိုက်ဖိနှိပ်လိုက်သည်။
"ဝုန်း...ဝုန်း..."
တစ်ချိန်တည်းမှာပင် ကျယ်လောင်သောတုန်ခါသံများက မြေပြင်မှထွက်ပေါ်လာသည်။
ထို့နောက် လူအုပ်ကြီး၏မယုံကြည်နိုင်သော အကြည့်များအောက်တွင် ကျောက်တုံးတံခါးကြီး တုန်ခါလာပြီး ပွင့်သွားလေ၏။
"ဒါက...."
"သူ အောင်မြင်သွားတာလား..."
လူအုပ်အကြားမှနေ၍ မယုံကြည်နိုင်သောအသံများ ထွက်ပေါ်လာသည်။
"ဒါက နည်းနည်း...နည်းနည်းတော့ မမြန်ဘူးလား...."
အမှန်အားဖြင့် မယုံကြည်နိုင်ဆုံးလူသည် ဖန်ရှင်းအာမှတပါး တခြားသူမဟုတ်ချေ။ သူမ၏မျက်နှာလွှားဇာအောက်ရှိ သူမ၏မျက်နှာပေါ်တွင် ထိတ်လန့်တုန်လှုပ်မှုများက ရေးထိုးထားသကဲ့သို့ပင်။
ယုဝမ်ကျီးသည် အမှန်တကယ်ကို...
မြေကမ္ဘာတံခါးအတွင်းသို့ဝင်ရောက်ပြီး ကျောက်တုံးတံခါးကို ဖွင့်နိုင်ခဲ့သလော....
Chapter 195
လူတိုင်း၏မျက်လုံးအတွင်း၌ ပူပြင်းလောင်ကျွမ်းသော အလင်းရောင်များ ရုတ်တရက် ထင်ဟပ်လာသည်။
ရုတ်ချည်းဆိုသလိုပင် အစွမ်းထက်ကျင့်ကြံသူ အမြောက်အများသည် ကျောက်တံခါးထံသို့ အသည်းအသန် အပြေးသွားကြတော့သည်။
"ထွက်သွားစမ်း.."
"လမ်းဖယ်ပေးစမ်း...ငါ့ရဲ့လမ်းကို မပိတ်စမ်းနဲ့"
တံခါးအတွင်းသို့မဝင်မီကပင် တိုက်ခိုက်မှုများ စတင်၍ဖြစ်ပွားနေလေပြီ။
သိုင်းသူတော်စင်တစ်ယောက်၏သင်္ချိုင်းဂူ...
ဤှကဲ့သို့ အခွင့်အရေးကောင်းကြီးနှင့်ရင်ဆိုင်ရချိန်တွင် လူတိုင်းကိုရူးသွပ်သွားစေရန် လုံလောက်သည်။
"အကြီးအကဲ...ငါတို့စောင့်သင့်လား ဒါမှမဟုတ် ဘာလုပ်ရမလဲ"
ပဉ္စမသခင်လေးချောင်ရှန်းက မေးမြန်းသည်။
"ပြဿနာမရှိဘူး"
သီဝူကျန်းက ပြောဆိုသည်။
"ဒီယင်ယန်ဝင်္ကပါကြီးရဲ့ အရေးကြီးဆုံးအစိတ်အပိုင်းက တကယ်တော့ မြေကမ္ဘာတံခါးပဲ...ဘာလို့လဲဆိုရင် မြေကမ္ဘာတံခါးမလှုပ်ရှားရင် ကောင်းကင်တံခါးကို မဖွင့်နိုင်တာကြောင့်...တားမြစ်ကန့်သတ်ချက်တွေနဲ့စက်ယန္တရားတွေအများစုကို မြေကမ္ဘာတံခါးထဲမှာပဲ ခင်းကျင်းထားတယ်...ဒါကြောင့် ဆန့်ကျင်ဘက်အနေနဲ့ ကောင်းကင်တံခါးထဲမှာ အန္တရာယ်တွေ အများကြီးမရှိဘူး"
"သိုင်းဝိညာဥ်နယ်ပယ်ပဲရှိတဲ့ ဂျူနီယာတစ်ယောက်က မြေကမ္ဘာတံခါးကို ဘယ်လိုချိုးဖျက်ပြီးတော့ ကောင်းကင်တံခါးကိုဖွင့်ခဲ့တာလဲဆိုတာ ငါ ရှာဖွေဖော်ထုတ်လို့ မရဘူး"
သီဝူကျင်းက စိတ်ခံစားချက်အပြည့်ဖြင့် ပြောဆိုလိုက်၏။
"ငါ ဒါကို တကယ်နားမလည်ပေမယ့်....လက်တွေ့ဖြစ်ရပ်မှန်က ငါတို့ရှေ့ကို ရောက်နေပြီ...ကောင်းကင်တံခါးထဲမှာ အန္တရာယ်အများကြီး မရှိဘူးဆိုမှတော့ ငါတို့ အထဲကို မြန်မြန်ဝင်ကြစို့"
ပဉ္စမသခင်လေးချောင်ရှန်းက ပြောဆိုသည်။
ထိုစကားကိုကြားချိန်တွင် သီဝူကျင်းသည် ခေါင်းညိတ်ပြကာ ချောင်ရှန်းနှင့်အတူ ကျောက်တံခါးအတွင်းသို့ ပြေးဝင်လိုက်တော့သည်။
ထိုမြင်ကွင်းကိုကြည့်ပြီး ဖန်ရှင်းအာနှင့်ယွင်ရှန်းအာတို့သည် နောက်၌ကျန်နေရန် ဆန္ဒမရှိသောကြောင့် အတွင်းသို့ပြေးဝင်လိုက်၏။
ကျောက်တံခါး၏အတွင်း၌....
လူတိုင်း၏ရှေ့၌ ပထမဆုံးထွက်ပေါ်လာသည်မှာ ကြီးမားသောခန်းမကြီးတစ်ခုပင်။
ထိုခန်းမ၏နံရံများပေါ်တွင် တောက်ပသောရတနာအမြောက်အများရှိနေကာ ကျင့်ကြံသူများသည် ထိုအရာများအတွက် စတင်၍တိုက်ခိုက်လုယက်နေကြလေပြီ။
သို့ရာတွင် ဤအရာများသည် ဘုရင်အဆင့်နှင့်ဧကရာဇ်အဆင့် ရတနာများသာဖြစ်သဖြင့် တန်ဖိုးကြီးသော်လည်း အဓိကအင်အားစုများသည် လှုပ်ရှားခြင်းမပြုချေ။
အကြောင်းအရင်းမှာ အတွင်းတွင် ပို၍အရေးကြီးသောရတနာများရှိနေကြောင်း သူတို့ သိရှိထားသောကြောင့်ပင်။
ခန်းမတလျှောက်တွင် အဆုံးမရှိသော စင်္ကြန်လမ်းကြီးရှိနေသည်။
ဤအချိန်အခိုက်အတန့်တွင် လူအမြောက်အများသည် စင်္ကြန်လမ်းတလျှောက် ရှေ့သို့သွားနေကြလေ၏။
ဤနေရာတွင် ထောင်ချောက်ကြီးကြီးငယ်ငယ် အမြောက်အများရှိနေဆဲပင်။ ထိုအရာများသည် လူများကိုသတ်ဖြတ်နိုင်သော်လည်း အဓိကအင်အားစုသုံးစုမှလူများကို ဟန့်တားနိုင်ခြင်းမရှိချေ။
စင်္ကြန်တလျှောက် ရှေ့သို့ဆက်သွားရင်း လူတိုင်းသည် မသိစိတ်မှနေ၍ အစွမ်းထက်သောအရှိန်အဝါတစ်ရပ်ကို အာရုံခံမိသည်။
"ဒါက..."
"သူတော်စင်အဆင့်ရတနာတွေရဲ့ အရှိန်အဝါမဟုတ်လား..."
လူတိုင်းထိတ်လန့်တုန်လှုပ်သွားကာ သူတို့၏မျက်လုံးများအတွင်း၌ ခြစ်ခြစ်တောက်ပူပြင်းသော အခိုးအငွေ့များဖြင့် ပြည့်နှက်သွားတော့သည်။ သူတို့သည် စကားတစ်ခွန်းမျှမဆိုဘဲ ရှေ့သို့တရကြမ်းတိုးဝင်ခဲ့ကြသည်။
လမ်းတလျှောက်၌ ထောင်ချောက်အမြောက်အများ ရှိနေဆဲဖြစ်သော်လည်း အဓိကအင်အားစုသုံးစုသည် အပြန်အလှန်နားလည်မှုယူကာ အတူတကွပူးပေါင်း၍ ထိုအရာများကို ဖျက်ဆီးလိုက်သည်။
နောက်ဆုံး၌....
ကြီးကျယ်ခမ်းနားသော နောက်ထပ်ခန်းမတစ်ခုက သူတို့၏ရှေ့၌ ထွက်ပေါ်လာသည်။
ထိုမဟာခန်းမ၏ရှေ့ဆုံး၌ ကြီးမားသောယဇ်ပလ္လင်တစ်ခု ရှိနေသည်။
ထိုယဇ်ပလ္လင်၏အထက်၌ အလင်းတန်းသုံးတတန်း မျောလွင့်နေသည်။
"သူတော်စင်အဆင့် ကောင်းကင်ရစ်နှောင်ကြိုး..."
ဒဏ္ဍာရီများအရ ထိုကြိုးကို အသုံးပြုချိန်တွင် သိုင်းသူတော်စင်များကို ချည်နှောင်ထားနိုင်ရုံသာမက သိုင်းအင်ပါယာများပင်လျှင် အချုပ်အနှောင်မှလွတ်မြောက်ရန် ခက်ခက်ခဲခဲ ရုန်းကန်ရပေမည်။
"သူတော်စင်အဆင့် လေတိမ်တိုက်တောင်ဝှေး..."
ဤသည်မှာလည်း လွန်ခဲ့သော နှစ်သောင်းချီအကြာမှ ဆင်းသက်လာသော ရတနာတစ်ခုပင်။ ထိုရတနာသည် ဝံပုလွေမျိုးနွယ်မှ အင်ပါယာတစ်ဝက်အဆင့်ကျင့်ကြံသူ၏ အသက်ကယ်ရတနာတစ်ခုဖြစ်သော်လည်း မမျှော်လင့်ဘဲ ဤနေရာ၌ အဆုံးသတ်သွားခဲ့ရသည်။
"သူတော်စင်အဆင့် နတ်ဘုရားနတ်ဆိုးကတ်ကြေး.."
ဤရတနာတွင် ပို၍ကြီးမားသော မူရင်းဇစ်မြစ်ရှိကာ လွန်ခဲ့သောနှစ်ရာထောင်ချီအကွာက ကြားဖူးနားဝသာရှိခဲ့ဖူးသော အရာဖြစ်သည်။ ဤရတနာသည် ပိုင်ရှင်အဆက်ဆက် ပြောင်းလဲလာပြီးနောက် ကောလဟာလများအရ ယခင်က ဤကတ်ကြေးဖြင့် သိုင်းအင်ပါယာတစ်ယောက်၏ခေါင်းကိုပင် ဖြတ်ခဲ့ဖူးသည်ဟု ဆိုကြလေ၏။
ရုတ်ချည်းဆိုသလိုပင် အဓိကအင်အားစုသုံးစုသည် ဤထိပ်သီးရတနာသုံးခု၏အကြောင်းကို သိရှိသွားခဲ့သည်။
သူတို့၏မျက်လုံးများအတွင်းမှနေ၍ ခြစ်ခြစ်တောက်ပူပြင်းသော အလင်းတန်းများ ဖြာထွက်လာသည်။
အမှန်အားဖြင့် ထိုသူတော်စင်ရတနာသုံးခု၏နောက်တွင် တခြားပစ္စည်းကောင်းများ အစုလိုက်အပုံလိုက်ရှိနေသည်။ သာမာန်လူများ၏ ရွှေ ငွေနှင့် ကျောက်မျက်ရတနာများ ကျင့်ကြံသူများအသုံးပြုသည့် ဆေးလုံးများနှင့်ကျင့်ကြံနည်းစနစ်များ ရှိနေလေ၏။ လူအများ စိတ်ကူးယဥ်တပ်မက်နေသည့် အရာအားလုံး ဤနေရာတွင်ရှိနေသည်။
"ဖူး...."
လက်ရှိနေရာတွင် ရှိနေသူများအားလုံး ပင့်သက်မရှိုက်ဘဲမနေနိုင်ကြတော့ချေ။
ဤကဲ့သို့ အလွန်များပြားသော အရင်းအမြစ်များသည် သိုင်းသူတော်စင်ကျင်းယု၏ ဘဝတသက်စာစုဆောင်းထားမှုများ ဖြစ်နိုင်သည်။ သူတို့၏အဓိကအင်အားစုသုံးစုအတွက်ပင်လျှင် ဤရတနာများသည် လွယ်လင့်တကူထုတ်ယူနိုင်သော တစ်စုံတစ်ခုမဟုတ်ချေ။
အမှန်အားဖြင့် သူတို့၏စိတ်အာရုံကို အဆွဲဆောင်နိုင်ဆုံးအချက်မှာ ယဇ်ပလ္လင်၏နောက်၌ ကျောက်တံခါးတစ်ချက်ရှိနေခြင်းပင်။
ထိုကျောက်တံခါးအတွင်းမှ ထွက်ပေါ်နေသော ဖျော့တော့တော့စွမ်းအားလှုပ်ခတ်မှုများသည် ပို၍ပင် တုန်လှုပ်ချောက်ချားဖွယ်ကောင်းပေ၏။
ဤနေရာသည်...
ကျင်းယု၏သင်္ချိုင်းဂူမှ ဗဟိုချက်ဖြစ်နိုင်သည်။
"ဒီကျင်းယုက သိုင်းအင်ပါယာနယ်ပယ်ကို ခြေချနိုင်ဖို့ ခြေတစ်လှမ်းအကွာလောက်မှာ ရှိနေနိုင်တယ်...မဟုတ်ရင် သိုင်းသူတော်စင်အဆင့်လောက်နဲ့ သူ့မှာ သူတော်စင်ရတနာသုံးခု ဘယ်လိုလုပ်ပြီး ရှိနေနိုင်မှာလဲ"
မျက်နှာလွှားဇာ၏နောက်မှနေ၍ ဖန်ရှင်းအာ၏စိတ်ခံစားချက်အပြည့်ဖြင့် သက်ပြင်းရှိုက်သံ ထွက်ပေါ်လာသည်။
"အမှန်ပဲ...စွမ်းအားလှုပ်ခတ်မှုတွေအရ အကဲခတ်ကြည့်ရရင် သင်္ချိုင်းဂူရဲ့ဗဟိုချက်မှာ ပိုပြီးကောင်းတဲ့အရာတွေ ရှိနေနိုင်တယ်"
ဖန်ရှင်းအာ၏နောက်တွင်ရှိနေသော အကြီးအကဲနှင့် သီဝူကျင်းတို့ကလည်း အံ့အားသင့်တုန်လှုပ်စွာ ရေရွတ်လိုက်ကြ၏။
ယွင်ရှန်းချွယ်သည် ထိုရတနာများကိုတစ်ချက်ကြည့်ကာ သူ၏မျက်နှာပေါ်၌ အေးစက်စက်အပြုံးတစ်ခု ထင်ဟပ်လာသည်။
"ဒီရတနာတွေကိုမြင်ရင် လုချင်ရှန်း ဘယ်လိုမျက်နှာအမူအယာမျိုးဖြစ်သွားမလဲဆိုတာ ကျွန်မ သိချင်မိတယ်"
"ဟမ့်...သူက သေလုမတတ် နောင်တရနေလောက်တယ်"
ဦးလေးလင်းက အထင်အမြင်သေးစွာဖြင့် နှာတစ်ချက်မှုတ်လိုက်သည်။
"ဒါပေမယ့် ဒါကလည်း ကောင်းတဲ့အချက်ပဲ....တကယ်လို့ ငါတို့ကသာ တကယ်ကြီးဝေစုခွဲပေးရမယ်ဆိုရင်....ငါ ဒီရတနာတွေရဲ့တစ်စိတ်တစ်ပိုင်းကိုတောင် သူတို့ကိုပေးဖို့ ဆန္ဒမရှိဘူး"
"အမှန်ပဲ...သူတို့က ဒေသခံဂိုဏ်းငယ်လေးတစ်ခုသက်သက်ပဲ....သူတို့က ဂိုဏ်းကြီးတွေကို ဘယ်လိုဆက်ဆံရမယ်ဆိုတာ မသိရုံတင်မကဘူး...အခွင့်အရေးကိုလည်း မဆုပ်ကိုင်တတ်ဘူး...နည်းနည်းလေးတောင် ဥာဏ်မရှိတဲ့လူတွေပဲ"
ယွင်ရှန်းချွယ်က သဘောတူညီသည့်အနေဖြင့် ထောက်ခံလိုက်၏။
ဤအချိန်အခိုက်အတန့်တွင် ရတနာများကိုကြည့်ပြီး အဓိကအင်အားစုသုံးစုမှ လူတိုင်းထံတွင် ကွဲပြားခြားနားသောအတွေးများရှိနေသည်။
ထိုအချိန်မှာပင် တခြားသူများသည်လည်း ရှေ့သို့တိုးဝင်လာကြသည်။ ရတနာပုံကြီးကိုကြည့်ပြီး သူတို့၏မျက်လုံးများ တောက်ပသွားကာ ထပ်မံ၍ တောင့်မခံနိုင်ကြတော့ချေ။
"ညီအကိုတို့....ရှေ့ကိုတိုးဝင်ကြစို့"
"ဒီလောက်ထိများပြားတဲ့ ရတနာတွေနဲ့ဆိုရင် တချို့တစ်ဝက်ကိုရတာနဲ့ ငါတို့ရဲ့ဘဝတလျှောက်လုံး အေးအေးချမ်းချမ်း နေနိုင်လိမ့်မယ်"
ထိုအော်သံနှင့်အတူ ကျင့်ကြံသူများသည် ရူးသွပ်စွာဖြင့် ရှေ့သို့တရကြမ်း တိုးဝင်လိုက်ကြတော့သည်။
"သောက်ချေးပဲ"
ချောင်ရှန်း၏မျက်နှာ အေးစက်တင်းမာသွားကာထိုလူများကို ဟန့်တားရန်ဟန်ပြင်လိုက်သော်လည်း သူ၏နောက်ရှိ သီဝူကျင်းသည် သူ့ကို တားဆီးထားလေ၏။
သူ မည်သည်ကြောင့်တားဆီးသည်ကို မေးမြန်းရန်ဟန်ပြင်လိုက်စဥ်မှာပင် သူတော်စင်အဆင့်ရတနာသုံးခုမှနေ၍ အနက်ရောင်အခိုးအငွေ့များ ထွက်ပေါ်လာသည်ကို သူ မြင်တွေ့လိုက်ရသည်။ ရုတ်ချည်းဆိုသလိုပင် ထိုအနက်ရောင်အခိုးအငွေ့များသည် ရှေ့သို့တရကြမ်းတိုးဝင်သွားသော လူဆယ်ယောက်ကျော်ကို အမြစ်ပြတ်သုတ်သင်လိုက်တော့သည်။
"ဒါက...."
ချောင်ရှန်းက ထိတ်လန့်တကြား ရေရွတ်လေသည်။
"တကယ်လို့ ငါ့ရဲ့ခန့်မှန်းချက်သာ မှန်တယ်ဆိုရင်...ဒီသင်္ချိုင်းဂူထဲမှာရှိတဲ့ ယင်ချီတွေ အရမ်းထူထပ်သိပ်သည်းတာကြောင့် ဖြစ်လာတာပဲ....အချိန်ကြာလာတာနဲ့အမျှ ဒီသူတော်စင်အဆင့်ရတနာတွေက ယင်ချီတွေအများကြီးကို စုပ်ယူပြီးသားဖြစ်နေပြီ...ဒါကြောင့် လူတွေ အနီးကိုချဥ်းကပ်သွားတဲ့ချိန်မှာ အဲ့ဒီရတနာတွေကနေ ယင်ချီတွေကို ထုတ်လွှတ်လိုက်တာပဲ"
သီဝူကျင်းက ရှင်းပြလိုက်၏။
"ငါတို့ အခုဘာလုပ်သင့်လဲ"
ယွင်ရှန်းချွယ်က မေးမြန်းသည်။
"ငါတို့က စောင့်နေရုံပဲတတ်နိုင်မှာကို ငါ စိုးရိမ်မိတယ်...ယင်ချီတွေ အလိုအလျောက် ပျက်ပြယ်သွားတဲ့အချိန်ထိ စောင့်ရမယ်"
ချောင်ရှန်းက ပြောဆိုသည်။
လူတိုင်းသည် နားလည်သဘောပေါက်စွာဖြင့် ခေါင်းညိတ်လိုက်ကြ၏။
သူတို့သည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ သူတို့၏ကိုယ်ပိုင်နေရာများတွင် ပလ္လင်ခွေထိုင်လိုက်ကြသည်။
ထိုမြင်ကွင်းကိုကြည့်ပြီး တခြားသူများသည်လည်း နေရာခွဲ၍ ထိုင်လိုက်ကြတော့သည်။
"ကောင်းကောင်း ကျင့်ကြံနေကြတော့"
သီဝူကျင်းက သတိပေးသည်။
"ဒီနေရာက ငြိမ်းချမ်းပုံရပေမယ့် ယင်ချီတွေ ပျက်ပြယ်သွားတဲ့အချိန်ကျရင် တိုက်ခိုက်မှုတွေနဲ့ မလွှဲမရှောင်သာ ကြုံတွေ့ရလိမ့်မယ်...အဲ့ဒီအချိန်ကျရင် ငါတို့ရရှိမယ့် ရတနာတွေက ငါတို့ရဲ့ကိုယ်ပိုင်အရည်အချင်းပေါ် မူတည်လိမ့်မယ်"
ထိုသို့ပြောဆိုပြီးနောက် သီဝူကျင်းသည် ဖန်ရှင်းအာနှင့် ယွင်ရှန်းချွယ်တို့လူစုများ ရှိနေသောနေရာသို့ တစ်ချက်ကြည့်လိုက်၏။
တစ်ချိန်တည်းမှာပင် ထိုလူများသည်လည်း သူတို့ကို ကြည့်နေလေသည်။
သိသာထင်ရှားစွာပင်....
လူတိုင်းသည် တူညီသောကိစ္စကို တွေးတောနေခြင်းပင်။
ယခုလက်ရှိ တည်ငြိမ်အေးချမ်းနေမှုသည် မုန်တိုင်းမလာခင် ငြိမ်သက်ခြင်းမျိုးပင်။
"ဒီခလုတ်တွေက ဘာလို့နည်းနည်းလေးတောင် အသုံးမဝင်တာလဲ"
မြေကမ္ဘာတံခါး၏ခန်းမအတွင်း၌ ဝူချန်အန်းသည် သူနှိပ်လိုက်သော ခလုတ်ကိုကြည့်ကာ မျက်မှောင်တင်းတင်းကြပ်ကြပ်ကြုတ်လိုက်သည်။
ဤသည်မှာ လုံးလုံးလျားလျား အသုံးမဝင်သလော...
သူသည် ကူကယ်ရာမဲ့စွာဖြင့် တခြားခလုတ်တစ်ခုကို နှိပ်လိုက်၏။
ထိုအရာသည်လည်း သက်ရောက်မှုရှိမနေဆဲပင်။
သူ နောက်ထပ်ခလုတ်တစ်ခုကို ထပ်နှိပ်လိုက်သည်။
စက်ယန္တရားခလုတ်အမြောက်အများကို အတန်းလိုက် ဆက်တိုက်နှိပ်ပြီးနောက် အကျိုးသက်ရောက်မှုမရှိသည်ကိုကြည့်ပြီး ဝူချန်အန်းသည် ဆဲရေးတိုင်းထွာကာ ခလုတ်များအားလုံးကို အသက်တစ်ရှိုက်စာအတွင်းတွင် နှိပ်လိုက်တော့သည်။
"ဘုန်း....ဘုန်း...ဘုန်း...."
ထိုခလုတ်များအားလုံးကို နှိပ်လိုက်သည်နှင့် တစ်ချိန်တည်းမှာပင် ခန်းမကြီးတစ်ခုလုံး ပြင်းပြင်းထန်ထန် တုန်ခါသွားသည်။
"ဝှစ်...ဝှစ်...ဝှစ်...."
မြောက်မြားစွာသော အဆိပ်မြှားများသည် ကြီးကျယ်ခမ်းနားသော အရှိန်အဟုန်နှင့်အတူ ပျံ့လွင့်လာသည်။
"ဖူး....."
တစ်ချိန်တည်းမှာပင် ခန်းမရှိ နံရံများပေါ်တွင် အပေါက်ငယ်လေးများ ထွက်ပေါ်လာကာ အနက်ရောင်မြူခိုးများ တိတ်တဆိတ်ပျံ့နှံ့လာပေ၏။
"ရွှပ်...ရွှပ်..."
ခန်းမအထက်တွင် ဓားနှင့်တူသော အေးစက်စက်အလင်းတန်းများက အောက်သို့ကျဆင်းလာပြီး သိပ်သည်းသောသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒနှင့်အတူ ပတ်ဝန်းကျင်နေရာတစ်ခုလုံးကို လွှမ်းခြုံတော့သည်။
ဝေါင်း...
သားရဲဟိန်းသံတချို့နှင့် အတူယှဥ်တွဲ၍ အနက်ရောင်ချီစွမ်းအားများ ထုတ်လွှတ်ထားသော သားရဲပုံရိပ်ယောင်တချို့သည် ပါးလွှာသောလေထုအတွင်းမှ ထွက်ပေါ်လာကာ ပြင်းထန်သောဖိအားအရှိန်အဝါ သက်ရောက်လာသည်။
ထိုအခြင်းအရာများ အားလုံးကိုကြည့်ပြီး ဝူချန်အန်း၏မျက်နှာအမူအယာ သိသိသာသာ ပျက်ယွင်းသွားသည်။ သူ၏ခန္ဓာကိုယ်သည် သရဲတစ္ဆေတစ်ကောင်အလား ပုံရိပ်ယောင်အဖြစ် ပြောင်းလဲသွားကာ ခန်းမအတွင်း၌ ပွတ်ကာသီကာ ရှောင်တိမ်းလိုက်သည်။
အန္တရာယ်များကို ရှောင်တိမ်းနေစဥ်တွင် သူက အံ့တင်းတင်းကြိတ်လိုက်၏။
"ဒါက ငါ့ဘဝမှာ ကြုံတွေ့ခဲ့ဖူးသမျှ အကြီးမားဆုံး သေရေးရှင်ရေးပဲ....ကြည့်ရတာတော့ ငါက ငါ့ရဲ့ဝှက်ဖဲကို အသုံးပြုရုံပဲ တတ်နိုင်တော့မယ်"
သူက တီးတိုးရေရွတ်ပြီးနောက် စာလိပ်တစ်လိပ်ကို ထုတ်ယူလိုက်သည်။
"ဟူး...ငါ့မှာ ကူးပြောင်းရေးဝင်္ကပါစာလိပ်က အခုတစ်ရာပဲရှိတာ...ဒီတစ်ခုကိုသုံးလိုက်ရင် ငါ့မှာ ကိုးဆယ်ကိုးခုပဲ ကျန်တော့မယ်"
သူ၏လက်အတွင်းရှိ စာလိပ်ကိုကြည့်ပြီး ဝူချန်အန်း၏မျက်နှာပေါ်တွင် အလွန်အမင်းတွန့်ဆုတ်သော အမူအယာမျိုးထင်ဟပ်နေသည်။ သို့ရာတွင် သူ့ထံ၌ ရွေးချယ်စရာမရှိတော့သဖြင့် သူက အံ့တင်းတင်းကြိတ်ကာ စာလိပ်ကိုအသုံးပြုလိုက်၏။
အလင်းတန်းတစ်တန်းနှင့်အတူ ဝူချန်အန်းသည် နေရာမှနေ၍ ပျောက်ကွယ်သွားတော့သည်။
Thank For Reading.