အခန်း (၂၀၁-၂၀၅)
Vol. 14 Ch. 201-205
Chapter 201
လူအားလုံးသည် စိတ်အားထက်သန်စွာဖြင့် သင်္ချိုင်းဂူကိုကြည့်နေကြကာ သူတို့အားလုံး အဆင်သင့်ပြင်ဆင်ထားကြသည်မှာ သိသာထင်ရှားလှ၏။
"သခင်မလေး...ငါတို့ တကယ်မဝင်ဘူးလား"
မလှမ်းမကမ်းအကွာအဝေးတွင်ရှိနေသော ယန်မူသည် မျက်မှောင်ကြုတ်ထားကာ လူအုပ်ကြီးကိုကြည့်ပြီး စိတ်မရှည်စွာဖြင့် သူ၏လက်ဆစ်များကို တဖျောက်ဖျောက်ချိုးနေသည်။ သူ၏မျက်မှာပေါ်တွင် စိတ်အလိုမကျခြင်းများ အလျင်လိုခြင်းများနှင့် ပြည့်နှက်နေပေ၏။
ရတနာများသည် သူတို့၏မျက်စိရှေ့မှောက်တွင် ရှိနေခြင်းမှာ သူ့အား အလွန်စိတ်မသက်မသာဖြစ်စေသည်။
"ဟုတ်တယ် သခင်မလေး...သင်္ချိုင်းဂူထဲမှာရှိတဲ့ စက်ယန္တရားတွေက စွမ်းအားကုန်ဆုံးသွားပြီ...ဆေးလုံးတွေနဲ့ကျင့်ကြံနည်းစနစ်တွေကို ဘေးဖယ်ထားရင်တောင်...သူတော်စင်အဆင့်ရတနာသုံးခုအတွက်နဲ့တင် ငါတို့ တိုက်ခိုက်ဖို့ထိုက်တန်တယ်"
စကားပြောဆိုခဲသည့် ယန်စန်းထံမှလည်း အသံထွက်ပေါ်လာသည်။
"ငါတို့ရဲ့ပူးပေါင်းခွန်အားနဲ့ဆိုရင် တကယ်လို့ သုံးခုလုံးမရရင်တောင် သူတော်စင်အဆင့်ပစ္စည်းတစ်ခုကို အလွယ်တကူရယူနိုင်လိမ့်မယ်....ဒါက ငါတို့ရဲ့လက်ထဲကို ကျလာတဲ့ အခွင့်အရေးကောင်းတစ်ခုပဲ...မင်းက ဘာလို့ လုချင်ရှန်းရဲ့ပေါက်ကရစကားတွေကို နားထောင်ပြီးတော့ ဒီလောက်ထိ ခေါင်းမာနေရတာလဲ"
သူတို့နှစ်ယောက်ထံတွင် ဒေါသထွက်နေသော မျက်နှာအမူအယာများရှိနေကာ ယွင်ရှန်းချွယ် မည်သည်ကြောင့် ဤမျှထိခေါင်းမာနေသည်ကို သူတို့ နားလည်သဘောပေါက်ခြင်းမရှိချေ။
ထိုစကားများကိုကြားပြီးနောက် ယွင်ရှန်းချွယ်သည် သူမ၏နုတ်ခမ်းကိုကိုက်ကာ သူမ၏မျက်နှာပေါ်တွင် ရုန်းကန်မှုများ ဝေခွဲရခက်နေခြင်းများနှင့် ပြည့်နှက်နေသည်။
ယခုလက်ရှိအခြေအနေအရ အကဲဖြတ်ကြည့်ပါက ယန်မူပြောဆိုသည်မှာ ကျိုးကြောင်းဆီလျော်သည်။
နန်ရှားနယ်မြေတခွင်လုံးတွင် သိုင်းအရှင်များသည် ထိပ်သီးတိုက်ခိုက်ရေးစွမ်းအားရှိသူများဖြစ်ပေ၏။ လက်ရှိရှိနေသော သိုင်းအရှင်နှစ်ယောက်နှင့်ဆိုပါက သူတို့သည် အနည်းဆုံးအနေဖြင့် သူတော်စင်ပစ္စည်းသုံးခုအနက်မှတစ်ခုကို ရယူနိုင်ပေမည်။
သို့ရာတွင်...
ဤသင်္ချိုင်းဂူသည် အပေါ်ယံတွင် မြင်တွေ့နေရသလောက် အမှန်တကယ် ရိုးရှင်းနေနိုင်သလော...
လုချင်ရှန်းသည် ချဲ့ကားပြောဆိုနေခြင်း ဖြစ်နိုင်သလော...
သူ့ကိုကြည့်ရသည်မှာ အနည်းငယ်မျှပင် ချဲ့ကားပြောဆိုနေပုံမရချေ။
အကြောင်းအရင်းမှာ သူမသည် လုချင်ရှန်း၏သတိပေးစကားအတွင်းမှ လေးနက်မှုကို အာရုံခံမိသောကြောင့်ပင်။ နယ်မြေခံအစွမ်းထက်ကျင့်ကြံသူဖြစ်သော လုချင်ရှန်းသည် တိကျသော သတင်းအချက်အလက်များကိုသာ ရရှိမထားပါက ဤသင်္ချိုင်းဂူကို လုံးလုံးလျားလျား လျစ်လျှူရှုထားမည်မဟုတ်ချေ။
မည်သို့ပင်ဆိုစေကာမူ....
ဤကဲ့သို့အခွင့်အရေးကောင်းကြီးကို လောကကြီးအတွင်းရှိ မည်သူတစ်ဦးတစ်ယောက်မျှ တွန်းလှန်နိုင်မည်မဟုတ်ချေ။
ထို့ပြင် ယခင်ဖြစ်ရပ်သည် သူမအတွက် သင်ခန်းစာအဖြစ်ရှိနေသည်။
"ကျွန်မတို့ မဝင်ဘူး"
ယွင်ရှန်းချွယ်က အခိုင်အမာ တုံ့ပြန်ပြောဆိုသည်။
"မင်း..."
"ဟူး..."
ထိုအကြီးအကဲနှစ်ယောက်သည် သက်ပြင်းတစ်ချက်ရှိုက်ကာ သူတို့၏မျက်နှာအမူအယာများသည် သူတို့၏စိတ်ပျက်မှုကို ပြသနေခြင်းပင်။ သို့ရာတွင် ယခုလက်ရှိချိန်၌ ယွင်ရှန်းချွယ်၏စိတ်ကိုပြောင်းလဲစေရန် သူတို့ မည်သို့မျှလုပ်ဆောင်နိုင်စွမ်းမရှိချေ။
"လုချင်ရှန်း...ကိစ္စတွေက ရှင်ပြောသလို တကယ်ဖြစ်လာဖို့ ကျွန်မ မျှော်လင့်တယ်"
လူများ ပို၍ပို၍ရောက်ရှိလာသည်ကို စောင့်ကြည့်ရင်း ယွင်ရှန်းချွယ်သည် သင်္ချိုင်းဂူကိုကြည့်ကာ တီးတိုးရေရွတ်လိုက်၏။
သိသာထင်ရှားစွာပင်....
သူမသည် အပေါ်ယံ၌ ခေါင်းမာနေပုံရသော်လည်း အမှန်အားဖြင့် ဤဆုံးဖြတ်ချက်ကို အလွန်သတ္တိမွေး၍ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
သူမသည်လည်း အလွန်ကြီးမားသောဖိအားအောက်တွင် ကျရောက်နေပေ၏။
ထိုအချိန်မှာပင် မြောက်မြားစွာသောလူရိပ်များက လေထုကိုဖြတ်သန်း၍ ပျံသန်းလာသည်။
ဤသည်မှာ နှင်းလေအိမ်တော်နှင့်မိုးကောင်းကင်ဓားဂိုဏ်းမှလူများပင်။
"လူတိုင်း မြန်မြန်ဆန်ဆန် ရောက်လာကြတာပါလား"
ချောင်ရှန်းက မြေပြင်ပေါ်သို့ ရောက်ရှိသည်နှင့် သူ၏ငှက်မွှေးယပ်တောင်ဖြင့်ယပ်ခတ်ကာ ရယ်မောရင်းပြောဆိုသည်။
သူ၏နောက်တွင် သီဝူကျင်းသာမက ယခင်က ယွင်ရှန်းချွယ် မမြင်တွေ့ဘူးသည့် အကြီးအကဲတစ်ယောက်လည်းရှိနေသည်။ ထိုလူသည် နှင်းလေအိမ်တော်မှလွှတ်လိုက်သော စစ်ကူတစ်ယောက်ဖြစ်ပေမည်။
"မြန်မြန်ရောက်တာက အသုံးမဝင်ဘူး...အဆုံးသတ်ကျရင် ဘယ်သူ့ရဲ့ကံကြမ္မာက သာသွားမလဲဆိုတာကိုပဲ ငါတို့ကြည့်ရမယ်"
သူမ၏မျက်နှာလွှားဇာအောက်မှနေ၍ ဖန်းရှင်းအာက အေးစက်စက်လေသံဖြင့် ပြောဆိုသည်။
သူမ၏နံဘေးတွင်လည်း သိုင်းအရှင်နှစ်ယောက်ရှိနေသည်။ အမှန်အားဖြင့် ယုဝမ်ကျီးသည်လည်း သူမနှင့်အတူ ရှိနေပေ၏။
ချောင်ရှန်း၏မျက်လုံးများ ကျဥ်းမြောင်းသွားသော်လည်း စကားပြောဆိုခြင်းမပြုချေ။ သူသည် ရာစုနှစ်တစ်စုအတွင်း၌ တစ်ကြိမ်သာပေါ်ထွက်လာသော မိုးကောင်းကင်ဓားဂိုဏ်း၏ပါရမီရှင်ဖန်ရှင်းအာကို သတိထားနေသည်မှာ သိသာထင်ရှားသည်။
သို့ရာတွင် သူ၏အကြည့်သည် မကြာမီမှာပင် ယုဝမ်ကျီးထံသို့ ကျရောက်သွားသည်။
"ဒါနဲ့...ဒီညီအကိုက မြေကမ္ဘာတံခါးထဲကိုဝင်ပြီးတော့ ကောင်းကင်တံခါးကို ဖွင့်ခဲ့တဲ့သူမဟုတ်လား"
ချောင်ရှန်းက အံ့အားသင့်စွာဖြင့် ပြောဆိုသည်။
"တကယ့်ကို ကြည်ညိုလေးစားစရာပဲ...မင်းက မြေကမ္ဘာတံခါးကို ဖွင့်နိုင်ရုံတင်မကဘူး...ဘာထိခိုက်ဒဏ်ရာကိုမှမရဘဲနဲ့ အပြင်ကိုပြန်ထွက်လာနိုင်ခဲ့တယ်...ငါ တကယ့်ကို အထင်ကြီးမိတယ်"
"အိုး..."
"အရင်တစ်ကြိမ်တုန်းက မြေကမ္ဘာတံခါးကို ဖွင့်ခဲ့တဲ့လူလား"
ချောင်ရှန်း၏စကားကိုကြားချိန်တွင် လူအများစုသည် ချောင်ရှန်းကို ခြေဆုံးခေါင်းဆုံးကြည့်လိုက်ကြ၏။
သင်္ချိုင်းဂူအတွင်းသို့ဝင်ရန် အစီအစဥ်မရှိသော ယွင်ရှန်းချွယ်ပင်လျှင် တစ်ချက်လှမ်းကြည့်လေသည်။
သိသာထင်ရှားစွာပင်...
ယခင်အဖြစ်အပျက်၏သတင်းများသည် ပျံ့နှံ့သွားခဲ့လေပြီ။
ယခင်အကြိမ်တွင် သင်္ချိုင်းဂူအတွင်း၌ သူတို့သည် မမျှော်လင့်ထားသောဘေးအန္တရာယ်များနှင့် ရင်ဆိုင်ခဲ့ရသော်လည်း မြေကမ္ဘာတံခါးအတွင်းသို့တစ်ယောက်တည်း ဝင်သွားနိုင်ခဲ့သည်ကပင် ရဲဝံ့သောလုပ်ဆောင်ချက်တစ်ခုဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ လူတိုင်း အောင်မြင်အောင်လုပ်ဆောင်နိုင်မည့် ကိစ္စမျိုးမဟုတ်ချေ။
"တွေ့ရတာဝမ်းသာပါတယ်...တွေးရတာဝမ်းသာပါတယ်"
"မင်းကို ကိုယ်တိုင်ကိုယ်ကျ တွေ့လိုက်ရတဲ့အချိန်မှာ နာမည်ဂုဏ်သတင်းကတောင် လိုက်မမှီနိုင်တော့ဘူး"
"မင်းရဲ့ခွန်အားက နည်းနည်းတော့ နိမ့်ကျနေပေမယ့် မင်းရဲ့သတ္တိနဲ့ရဲရင့်မှုကတော့ လေးစားကြည်ညိုစရာပဲ"
"ညီအကို...မင်း ငါ့ရဲ့ မိုးကောင်းကင်အာဏာရှင်ဂိုဏ်းကိုဝင်ဖို့ စိတ်ဝင်စားလား"
"ညီအကို...ငါ့ရဲ့လင်းထန်ဂိုဏ်းကလည်း မင်းအတွက် သင့်တော်တယ်လို့ ယူဆလို့ရတယ်"
ဤအချိန်အခိုက်အတန့်တွင် လူအမြောက်အများသည် ယုဝမ်ကျီး၏နံဘေး၌ စုဝေးနေကြကာ သူတို့၏လေးစားကြည်ညိုမှုကို ဖွင့်ဟပြောဆိုနေကြ၏။ တစ်ချိန်တည်းမှာပင် သူတို့အနက်မှတချို့သည် သူ့အား ဖိတ်ခေါ်လိုက်ကြသည်။
သိသာထင်ရှားစွာပင်....
သူကဲ့သို့ပါရမီရှင်မျိုးကို မည်သည့်နေရာကမဆို ကြိုဆိုကြပေမည်။ သူ၏ခွန်အားသည် အနည်းငယ်နိမ့်ကျနေသော်လည်း သူ၏စွမ်းဆောင်ရည်ကို တန်ဖိုးဖြတ်၍မရချေ။
"အမ်..."
ထိုအသံများကိုကြားချိန်တွင် ယုဝမ်ကျီးသည် အစပထမ၌ ကြက်သေသေသွားသည်။ ထို့နောက် အခြေအနေကို လေ့လာဆင်ခြင်ပြီးချိန်တွင် သူ ချက်ချင်းဆိုသလိုပင် ဝမ်းသာပီတိဖြစ်သွားလေ၏။
ဤှလူများသည် အနိမ့်ဆုံးအနေဖြင့် သိုင်းဘုရင်နယ်ပယ်၌ရှိနေသည်။ သူ့အား လာရောက်နှုတ်ဆက်သူများအနက် တချို့သည် သိုင်းဧကရာဇ်များနှင့်သိုင်းဘိုးဘေးများပင်ဖြစ်သည်။
သူ၏ဘဝတလျှောက်လုံးတွင် ဤကဲ့သို့ဆက်ဆံခံရမှုမျိုးကို တစ်ကြိမ်တစ်ခါမျှ ကြုံတွေ့ဖူးခြင်းမရှိချေ။
သူသည် ဝမ်းသာပီတိဖြစ်စွာဖြင့် မတ်တတ်ရပ်ကာ သူ၏ရင်ကိုကော့ပြီး ရယ်မောလိုက်၏။
"စီနီယာတို့အတွက် ငါ ယုဝမ်ကျီးက အလုပ်လုပ်ပေးခွင့်ရခဲ့တာက ဂုဏ်ယူစရာတစ်ခုပါပဲ"
"ဒါဆိုရင် ညီလေးယုပေါ့"
"ညီလေးယုကို တွေ့ရတာ ဝမ်းသာပါတယ်"
မြှောက်ပင့်ချီးမွမ်းသံများ ထပ်မံ၍ထွက်ပေါ်လာသည်။
ချောင်ရှန်းကလည်း ပြောဆိုသည်။
"ညီလေးယု...မင်းလို ထူးချွန်တဲ့ပါရမီရှင်တစ်ယောက်ကို ငါ့ရဲ့နှင်းလေအိမ်တော်ကလည်း ကြိုဆိုပါတယ်"
"ဒါက အမှန်ပဲ...ဂျူနီယာမောင်လေးယုလို ပါရမီရှင်မျိုး ငါတို့တိမ်တိုက်လေပြေတောင်ကြားမှာ လိုအပ်နေတယ်...တကယ်လို့ နင် စိတ်ဝင်စားတယ်ဆိုရင် ငါတို့နဲ့လွတ်လွတ်လပ်လပ် ပူးပေါင်းနိုင်တယ်"
ယွင်ရှန်းချွယ်က ကြားဖြတ်ပြောဆိုလိုက်၏။ သူမသည် ရတနာများအပေါ်၌ လက်လျှော့လိုက်သော်လည်း ထိပ်သီးပါရမီရှင်တစ်ယောက်ကို ပြန်၍ခေါ်ဆောင်သွားနိုင်ပါက သူမ မျှော်လင့်မထားသော ပျော်ရွှင်မှုတစ်ခုဖြစ်ပေမည်။
ထိုစကားကိုကြားချိန်တွင် ယုဝမ်ကျီးသည် ပို၍ပင် စိတ်လှုပ်ရှားသွားသည်။ တိမ်တိုက်လေပြေတောင်ကြားနှင့် နှင်းလေအိမ်တော်ကပင် သူ့အားဖိတ်ခေါ်ရန် ကမ်းလှမ်းနေမည်ဟု သူ မျှော်လင့်မထားမိချေ။
ဤသည်မှာ သူ့ဘဝ၏အထွတ်အထိပ်အချိန်ပင်။
ဤအချိန်အခိုက်အတန့်တွင် သူသည် လေထုအတွင်း၌ မျောလွင့်နေသကဲ့သို့ ခံစားရကာ သူ၏ပါးစပ်ထောင့်သည် မိုးကောင်းကင်သို့ပင်ရောက်လုမတတ် ပြုံးဖြီးနေပေ၏။
"ဟွန့်...သူ့ကို ခေါ်ယူဖို့အတွက် ငါ့ရဲ့မိုးကောင်းကင်ဓားဂိုဏ်းက ခွင့်ပြုချက် နင်တို့မှာရှိလို့လား"
ထိုအချိန်မှာပင် ဖန်ရှင်းအာ၏ရေခဲတမျှအေးစက်စက်အသံက သူမ၏မျက်နှာလွှားဇာအောက်မှ ထွက်ပေါ်လာသည်။
ဝမ်းသာပီတိဖြစ်နေသော ယုဝမ်ကျီးသည် ချက်ချင်းဆိုသလို တည်ငြိမ်သွားသည်။ သူက ရယ်ပြုံးကာ သူ၏လက်ကို ဝှေ့ယမ်းလိုက်၏။
"လူတိုင်းကို ငါ တောင်းပန်ပါတယ်....ငါက ရှန်းအာရဲ့အပိုင်ဖြစ်နေပြီ...တောင်းပန်ပါတယ်"
"ညီအကိုယု....ငါတို့ ဒါကို အပြစ်မတင်ပါဘူး"
"မိုးကောင်းကင်ဓားဂိုဏ်းက အရင်ဆုံးကမ်းလှမ်းထားတယ်ဆိုမှတော့...ငါတို့က သူတို့ရဲ့ကံကြမ္မာကောင်းကြီးကို မခိုးယူသင့်ဘူး"
လူတိုင်းသည် အပြစ်မတင်ကြောင်း ပြောဆိုနေကြသော်လည်း သူတို့၏မျက်နှာများပေါ်တွင် နောင်တအရိပ်အယောင်များရှိနေဆဲပင်။
ထို့နောက်မှနေ၍....
လူတိုင်း၏စိတ်အာရုံသည် သင်္ချိုင်းဂူ၏ပွင့်နေသောတံခါးထံသို့ ပြန်လည်၍ရောက်ရှိသွားသည်။
တံခါးအတွင်း၌ မည်သည့်လှုပ်ရှားမှုမျှ မရှိတော့သည်မှာ သိသာထင်ရှားလှ၏။ အနက်ရောင်မြူခိုးများနှင့်ပုံရိပ်ယောင်များသည်လည်း ပျက်ပြယ်သွားပုံရသည်။
ဤအချိန်အခိုက်အတန့်တွင် လူအုပ်ကြီးသည် ထူးထူးဆန်းဆန်း တိတ်ဆိတ်ငြိမ်သက်နေသည်။
ရုတ်တရက်...
တစ်စုံတစ်ယောက်က လှုပ်ရှားမှုတစ်ခု ပြုလုပ်လိုက်သည်။
ဤလှုပ်ရှားမှုတစ်ခုတည်းဖြင့် အရာအားလုံး အစပျိုးလာခဲ့သည်။
မြောက်မြားစွာသောလူရိပ်များ လေထုအတွင်းသို့ မြင့်တက်သွားကာ ကျောက်တံခါးထံဦးတည်၍ ပျံသန်းသွားကြတော့သည်။
Chapter 202
"ထွက်သွားစမ်း..."
"ငါ့ရှေ့ကနေဖယ်စမ်း..."
ကျောက်တံခါးအတွင်းသို့ မဝင်ရောက်မီမှာပင် အစောပိုင်းက ငြိမ်းချမ်းစွာ စကားစမြည်ပြောဆိုနေကြသူများသည် ဓားမြှောင်များ ဓားရှည်များနှင့် စတင်၍တိုက်ခိုက်နေကြလေပြီ။
"ဒေါင်..."
"ဝှစ်..."
"ဘုန်း..."
ဓားသွားများ၏အရိပ်များထွက်ပေါ်လာကာ သိုင်းနည်းစနစ်များ ထုတ်ဖော်တိုက်ခိုက်ရာမှတဆင့် ပေါက်ကွဲသံများ အဆက်မပြတ်ထွက်ပေါ်လာသည်။
လူအမြောက်အများသည် ယခုချိန်ထိ အတွင်းသို့ မဝင်ရောက်ရသေးသည့်တိုင် မြေပြင်ပေါ်၌ လဲကျကာ သေဆုံးနေကြလေပြီ။
"ငါတို့လည်း သွားကြစို့"
ချောင်ရှန်း၏မျက်စိသူငယ်အိမ်များ ကျဥ်းမြောင်းသွားကာ သူ၏လက်အတွင်းရှိ ငှက်မွှေးယပ်တောင်ကို တဖျတ်ဖျတ်ခတ်လိုက်သည်။ ထို့နောက် သူ၏ခန္ဓာကိုယ်တစ်ခုလုံး အလင်းတန်းတစ်ခုအသွင် ပြောင်းလဲသွားကာ ကျောက်တံခါးထံဦးတည်၍ တဟုန်ထိုးပြေးဝင်သွားသည်။ သူ၏နောက်မှ အကြီးအကဲနှစ်ယောက်သည်လည်း သူနှင့်အတူ လိုက်ပါသွားလေ၏။
တစ်ချိန်တည်းမှာပင် ဖန်ရှင်းအာသည် ယုဝမ်ကျီးကို သူ၏လက်တစ်ဖက်ဖြင့်ဆုပ်ကိုင်ကာ သူမ၏နောက်ရှိ အကြီးအကဲနှစ်ယောက်နှင့်အတူ ကျောက်တံခါးထံသို့ တဟုန်ထိုးပြေးဝင်သွားတော့သည်။
"သခင်မလေး..."
"သခင်မလေး..."
ထိုမြင်ကွင်းကိုကြည့်ပြီး ယန်မူနှင့်ယန်စန်းတို့သည် စိတ်လှုပ်ရှားစွာဖြင့် ယွင်ရှန်းချွယ်ထံသို့ ကြည့်လိုက်ကြသည်။
"ကျွန်မ မသွားဘူးလို့ ပြောပြီးပြီ"
ယွင်ရှန်းချွယ်က အံ့တင်းတင်းကြိတ်ကာ ပြောဆိုသည်။
အဓိကအင်အားစုနှစ်စုသည် သူတို့၏မြင်ကွင်းအောက်မှ ပျောက်ကွယ်သွားသည်ကိုကြည့်ပြီး သူတို့နှစ်ယောက်သည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ သက်ပြင်းရှိုက်လိုက်ကြ၏။
"အမ်...တိမ်တိုက်လေပြေတောင်ကြားကလူတွေက တကယ်ကြီးဝင်မလာဘူးလား"
ချောင်ရှန်းသည် အလွန်အမင်းလျှင်မြန်သောအရှိန်ဖြင့် ရှေ့ရှိယဇ်ပလ္လင်ထံသို့ အပြေးသွားခဲ့သည်။ သူ နောက်သို့ ပြန်လှည့်ကြည့်လိုက်စဥ်တွင် တိမ်တိုက်လေပြေတောင်ကြားမှလူများ၏တည်ရှိမှုကို မမြင်တွေ့မိသောကြောင့် မယုံကြည်နိုင်စွာဖြင့် ရေရွတ်လိုက်သည်။
"သခင်လေး...သူတို့ကို စိတ်ထဲထားမနေပါနဲ့...ရတနာပစ္စည်းတွေကို ရယူဖို့က အရေးအကြီးဆုံးပဲ"
သီဝူကျင်းက သတိပေးသည်။
"မင်း ပြောတာမှန်တယ်...ရတနာပစ္စည်းတွေကိုရယူဖို့က အရေးအကြီးဆုံးပဲ"
ချောင်ရှန်းက သဘောတူညီလိုက်သည်။
ချောင်ရှန်းသည် သူ၏အရှိန်ကို အကန့်အသတ်ထိရောက်အောင်မြင်ကာ ရှေ့ရှိခန်းမထံသို့ အရူးအမူးပျံသန်းသွားလေ၏။
နောက်ဆုံး၌ ခန်းမကျယ်ကြီးသည် သူ၏အမြင်အာရုံအောက်သို့ ရောက်ရှိလာလေပြီ။ ထိုသူတော်စင်အဆင့်ရတနာပစ္စည်းသုံးခုသည် သူ့အား လက်ယပ်ခေါ်နေသည့်အလားပင်။
သို့ရာတွင် ထိုအချိန်မှာပင် ရေခဲတမျှအေးစက်စက်အသံတစ်သံက ထွက်ပေါ်လာသည်။
"ဟမ့်....နင်က ဒီရတနာပစ္စည်းတွေကို အရင်မမေးဘဲနဲ့ ရတနာပစ္စည်းတွေကို ရယူချင်နေတာလား"
ထိုအသံနှင့်အတူ ပြင်းထန်သောအနီရောင်ဓားချီတစ်လှိုင်း ရုတ်တရက် ထွက်ပေါ်လာကာ ကျယ်လောင်သောတုန်ခါသံနှင့်အတူ အောက်သို့ကျဆင်းလာသည်။
ထိုအခြင်းအရာကိုကြည့်ပြီး ချောင်ရှန်း၏မျက်နှာအမူအယာ ပြောင်းလဲသွားသည်။ သူ၏လက်အတွင်းရှိသားမွှေးယပ်တောင်ကို လှုပ်ခတ်လိုက်ကာ လက်နက်ပုန်းအမြောက်အများကို ပစ်လွှက်လိုက်သည်။
"ဒေါင်...ဒေါင်...ဒေါင်..."
ဓားချီလှိုင်း ပျက်ပြယ်သွားလေပြီ။
သို့ရာတွင် ဤဓားချီတစ်လှိုင်းသည် ချောင်ရှန်း ရှေ့သို့တိုးမည့်လမ်းကြောင်းကို အပြည့်အဝ ပိတ်ဆို့ဟန့်တားနိုင်ခဲ့သည်။
သူ တဖန်ပြန်၍မော့ကြည့်လိုက်ရာ မိုးကောင်းကင်ဓားဂိုဏ်းမှလူများသည် သူ၏ရှေ့၌ ထွက်ပေါ်လာသည်ကို သူ မြင်တွေ့မိလေ၏။
"ဖန်ရှင်းအာ..."
ချောင်ရှန်းက အံ့တင်းတင်းကြိတ်ကာ အော်ဟစ်လိုက်သည်။
ထို့နောက် သူ၏ငှက်မွှေးယပ်တောင်ကို ဝှေ့ယမ်းလိုက်ရာ အေးစက်စက်အလင်းတန်းတစ်တန်းက ဖန်ရှင်းအာထံသို့ တိုးဝင်သွားသည်။ တစ်ချိန်တည်းမှာပင် သူ၏ခန္ဓာကိုယ်ကို အလင်းတန်းတစ်ခုအသွင်သို့ပြောင်းလဲကာ ဖန်ရှင်းအာကို တိုက်ခိုက်လိုက်သည်။
"ဟမ့်"
သီဝူကျင်းသည်လည်း အေးစက်စက်နှာတစ်ချက်မှုတ်ကာ ချောင်ရှန်းနှင့်အတူပူးပေါင်း၍ မိုးကောင်းကင်ဓားဂိုဏ်းမှ လူနှစ်ယောက်ကို တိုက်ခိုက်လိုက်တော့သည်။
မည်သည့်အကဲစမ်းနေခြင်းမျိုးမျှမရှိဘဲ နှစ်ဖက်စလုံးသည် ပြင်းထန်သောတိုက်ပွဲတစ်ပွဲကို စတင်၍တိုက်ခိုက်ကြလေ၏။
ယခုလက်ရှိချိန်တွင် တစ်ဖက်လူများကို ဟန့်တားနိုင်မှသာ ထိုရတနာပစ္စည်းများကို သူတို့ ရယူနိုင်မည်ဖြစ်ကြောင်း လူတိုင်း သိနားလည်ထားသည်။
တစ်ဖက်မှ အရင်ဆုံးရှုံးနိမ့်သွားသည်နှင့် တခြားတစ်ဖက်သည် ရှေ့ရှိခန်းမထံသို့ အပြေးသွားကာ ရတနာပစ္စည်းများကို ရယူနိုင်ပေမည်။
"မိုးကောင်းကင် ငှက်မွှေး"
တိုက်ခိုက်မှုအနည်းငယ်ခန့် ဖလှယ်ပြီးနောက် ချောင်ရှန်းသည် သူ၏ငှက်မွှေးယပ်တောင်ကို လေထုအတွင်း၌ ဝှေ့ယမ်းကာ လက်စည်းတံဆိပ်များကို အလျှင်အမြန်ဖွဲ့စည်းလိုက်သည်။ ငှက်မွှေးယပ်တောင်သည် လျှင်မြန်စွာလည်ပတ်သွားကာ အတွင်းရှိ မြောက်မြားစွာသောလက်နက်ပုန်းများသည် ထူထပ်သိပ်သည်းသောငှက်မွှေးများနှင့်အတူ ဖန်ရှင်းအာထံသို့ တိုးဝင်သွားသည်။
"မိုးကောင်းကင်ဓား..."
ဖန်ရှင်းအာသည်လည်း တူညီစွာပင် အားနည်းခြင်းကို ပြသလိုပုံမရချေ။ သူမ၏လက်အတွင်းမှဓားရှည် တုန်ခါသွားကာ ပျံသန်းသွားပြီးနောက် မိုးကောင်းကင်ယံကို ဖြတ်သန်းသွားသော ကြယ်ပျံတစ်စင်းအလား လေထုအတွင်း၌ တောက်ပနေသော အရိပ်အယောင်များ ကြွင်းကျန်ခဲ့သည်။ ရုတ်ချည်းဆိုသလိုပင် လေထုအတွင်း၌ ဓားပုံရိပ်ယောင်များဖြင့် ပြည့်နှက်သွားတော့သည်။
"မဟာမိုးကောင်းကင် ဂုဏ်သတင်းဝင်္ကပါ..."
"ပြင်းထန်မိုးကြိုးဗုံးဝင်္ကပါ"
သူတို့၏နံဘေးရှိ သီဝူကျင်းနှင့်တခြားအကြီးအကဲတစ်ယောက်သည် သူတို့၏အပြင်းထန်ဆုံးလှုပ်ရှားမှုများကို ထုတ်ဖော်အသုံးပြုလိုက်ကြသည်။ ရတနာပစ္စည်းများသည် သူတို့၏ရှေ့တွင် ရှိနေပြီဖြစ်သော်ကြောင့် မည်သည့်နှောင့်နှေးကြန့်ကြာမှုတစ်ခုမဆို အပြောင်းအလဲများစွာကို ဖြစ်ပေါ်စေနိုင်သည်။
သို့ရာတွင် သီဝူကျင်းသည် ထိုသို့တွေးတောထားသကဲ့သို့ မိုးကောင်းကင်ဓားဂိုဏ်းမှလူများသည်လည်း မတွေးတောဘဲနေမည်လော။
"ထာဝရဓားလမ်းကြောင်း ဓားနည်းစနစ်"
"ကောင်းကင်ဓားဆင်းသက်ခြင်း ဓားနည်းစနစ်"
သီဝူကျင်းတို့၏တိုက်ခိုက်မှုများ ထွက်ပေါ်လာသည်နှင့် တစ်ချိန်တည်းဆိုသလိုနီးပါးပင် မိုးကောင်းကင်ဓားဂိုဏ်းမှလူများသည် သူတို့၏လက်များအတွင်းရှိ ဓားရှည်များ၌ တုန်လှုပ်ချောက်ချားဖွယ်ကောင်းသောစွမ်းအားကို စုစည်းပြီးဖြစ်သည်။
"အား....မိုးကောင်းကင်က ကောင်းချီးပေးပါ...မိုးကောင်းကင်က ကာကွယ်ပေးပါ....ငါ့ကို မထိခိုက်ပါစေနဲ့"
ထိုမြင်ကွင်းကိုကြည့်ပြီး ကျောက်နံရံအကြားရှိ လှိုဏ်ခေါင်းတစ်ခုအတွင်းတွင် ပုန်းအောင်းနေသော ယုဝမ်ကျီးသည် လိပ်ပြာလွင့်လုမတတ် ထိတ်လန့်ကြောက်ရွံနေသည်။ သူသည် သူ၏လက်နှစ်ဖက်ကိုပူးကပ်ကာ ဆုတောင်းနေလေ၏။
နောက်ဆုံး၌...
လူအနည်းစု၏တိုက်ခိုက်မှုသည် ကျဥ်းမြောင်းသောစင်္ကြန်လမ်းကြားအတွင်း၌ ရှုပ်ထွေးနေတော့သည်။
"ဘုန်း...."
"ဘန်း...ဘန်း...ဘန်း...ဘန်း...."
ကွင်းဆက်တုံ့ပြန်မှုကြောင့် ဖြစ်နိုင်ကာ ပထမပေါက်ကွဲမှုပြီးသည့်နောက်တွင် ပဲ့တင်သံများက ဆက်တိုက်ထွက်ပေါ်လာသည်။
ထို့နောက် ကြွင်းကျန်သောဓားချီများနှင့် အတူယှဥ်တွဲ၍ ပြင်းထန်သောစွမ်းအားလှိုင်းများက ချက်ချင်းဆိုသလိုပင် စင်္ကြန်လမ်းတစ်လမ်းလုံးကို လွှမ်းခြုံသွားတော့သည်။
စင်္ကြန်လမ်းပေါ်တွင်ရှိနေသော တခြားကျင့်ကြံသူများသည်လည်း သက်ရောက်ခြင်းခံရကာ ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိသွားပေ၏။
နောက်ဆုံး၌ စွမ်းအားလှိုင်းများအားလုံး ပျက်ပြယ်သွားစဥ်တွင် သူတို့ရှေ့ရှိမြင်ကွင်း တဖန်ပြန်၍ ကြည်လင်ပြတ်သားလာသည်။
စင်္ကြန်လမ်းသည်လည်း မမှတ်မိနိုင်တော့သည်အထိ ပျက်စီးသွားလေပြီ။
"တောင်းပန်ပါတယ်...နင် ရှုံးသွားပြီ....ရတနာပစ္စည်းတွေက အခု ငါတို့ရဲ့ဟာဖြစ်သွားပြီ"
ဖန်ရှင်းအာက ရေခဲတမျှအေးစက်စက်အသံနှင့် ပြောဆိုသည်။ သူမတို့ဘက်တွင်လည်း ထိခိုက်ဒဏ်ရာရရှိမှုများရှိနေသည့်တိုင် ချောင်ရှန်း၏ဘက်မှလူများနှင့်နှိုင်းယှဥ်ပါက များစွာပို၍လျော့ပါးသည်။
ထိုစကားဆုံးသည်နှင့် ဖန်ရှင်းအာသည် အေးစက်စက်ရယ်မောကာ မိုးကောင်းကင်ဓားဂိုဏ်းမှလူများနှင့်အတူ ရှေ့ရှိခန်းမထံသို့ လျှောက်လှမ်းသွားတော့သည်။
"သောက်ချေးပဲ...သူတို့ကို မြန်မြန်ဟန့်တားထားကြစမ်း"
သီဝူကျင်း၏မျက်နှာသည် သေလူတစ်ယောက်ကဲ့သို့ ဖြူဖတ်ဖြူရော်ဖြစ်သွားကာ သူက အော်ဟစ်လိုက်၏။
သို့ရာတွင် သူ စကားပြောဆိုနေရင်း သူ၏ပါးစပ်မှ သွေးတစ်လုတ်အန်ထွက်လာသည်။ ယခုချိန်မှ သူတို့ကို တားဆီးဟန့်တားလိုပါက အလွန်နောက်ကျသွားလေပြီ။
မည်သို့ပင်ဆိုစေကာမူ နှင်းလေအိမ်တော်သည် လက်နက်ပုန်းများနှင့် ဝင်္ကပါပညာရပ်ကိုသာ အထူးအသားပေး၍ ကျင့်ကြံသောနေရာဖြစ်သည်။ သူတို့၏တိုက်ခိုက်ရေးစွမ်းအားသည် နာမည်ကျော်ကြားသော မိုးကောင်းကင်ဓားဂိုဏ်းနှင့် နှိုင်းယှဥ်ပါက နိမ့်ကျသည်မှာ သိသာထင်ရှားသည်။
ကောင်းကင်ဓားဂိုဏ်းမှလူများ ခန်းမအတွင်းသို့ အရင်ဆုံးရောက်ရှိသွားသည်ကို သူတို့သည် ကူကယ်ရာမဲ့စွာဖြင့် စောင့်ကြည့်ရုံသာ တတ်နိုင်တော့သည်။
"အကြီးအကဲတို့...ငါတို့တစ်ယောက်ချင်းစီက သူတော်စင်အဆင့်ရတနာပစ္စည်းတစ်ခုကို ယူဆောင်ပြီးတော့ အားလုံးကို သိမ်းပိုက်ကြရအောင်"
ခန်းမအတွင်းသို့ ဝင်ရောက်ပြီးနောက် ရှေ့မလှမ်းမကမ်းရှိ ယဇ်ပလ္လင်ကိုကြည့်ပြီး ဖန်ရှင်းအာက စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုလိုက်၏။
"ဟုတ်ကဲ့ပါ သူတော်စင်မိန်းမပျို"
အကြီးအကဲနှစ်ယောက်က အလျှင်အမြန် ခေါင်းညိတ်လိုက်ကြသည်။ သူတို့၏မျက်လုံးများသည်လည်း အလင်းရောင်များဖြင့် စူးရှတောက်ပနေသည်။ မည်သို့ပင်ဆိုစေကာမူ ရတနာပစ္စည်းများကို ရရှိတော့မည်ဖြစ်သဖြင့် သူတို့ကဲ့သို့ သိုင်းအရှင်များပင်လျှင် သူတို့၏စိတ်လှုပ်ရှားမှုကို ထိန်းချုပ်နိုင်ခြင်းမရှိချေ။
နီးကပ်နေလေပြီ...
ပို၍ပင် နီးကပ်သွားလေပြီ။
သူတို့သုံးယောက်သည် ပို၍စိတ်လှုပ်ရှားစပြုလာကာ သူတို့၏အသက်ရှုနှုန်းများကိုလည်း ထိန်းသိမ်းလိုက်ကြသည်။
"အတူတူ တိုက်ခိုက်ကြစို့"
ဖန်ရှင်းအာက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
သူမ၏အသံ ကျရောက်သွားသည်နှင့် သူတို့သည် ယဇ်ပလ္လင်ထံသို့ တပြိုင်နက်တည်းနီးပါး ရောက်ရှိသွားသည်။ သူတို့၏မျက်နှာများပေါ်တွင် စိတ်လှုပ်ရှားမှုများ ထင်ဟပ်နေကာ သူတို့၏လက်ဝါးများအတွင်းတွင် စွမ်းအားများဖြင့် ပြည့်နှက်နေပြီး သူတို့သည် ရတနာပစ္စည်းများရှိနေသောနေရာထံသို့ လက်များကိုဆန့်တန်းလိုက်ကြသည်။
သို့ရာတွင် နောက်ထပ်အချိန်အခိုက်အတန့်မှာပင်..
သူတို့သုံးယောက်၏မျက်နှာများပေါ်ရှိ အပြုံးများ ရုတ်ချည်းတောင့်တင်းသွားကာ သူတို့၏လက်များသည် လေထု၏အလယ်မှာပင် ရပ်တန့်သွားတော့သည်။
Chapter 203
သူတော်စင်အဆင့်ပစ္စည်းသုံးခုမှ မူလက ဖြာထွက်နေသောစွမ်းအားများ ပျောက်ကွယ်သွားသည်ကို သူတို့ ရှင်းရှင်းလင်းလင်း မြင်တွေ့မိလေ၏။
ဤနေရာတွင်...
နှစ်ပိုင်းပြတ်နေသော ကြိုးတစ်ချောင်း တစ်ဝက်မက ပျောက်ဆုံးနေသော တောင်ဝှေးတစ်ချောင်းနှင့် တွန့်လိမ်ပုံပျက်နေသော ကတ်ကြေးတစ်လက်...
"ဘယ်လိုဖြစ်ပြီးတော့...."
"ဘာတွေဖြစ်သွားတာလဲ"
"ဒီနေရာမှာ ဘာတွေဖြစ်ခဲ့တာလဲ"
အစောပိုင်းက ပြုံးရွှင်နေခဲ့သော ဖန်ရှင်းအာသည် ရုတ်တရက် ဒေါသူပုန်ထသွားကာ သူမ၏ပါးစပ်မှ သွေးတစ်လုတ်အန်ထုတ်လိုက်ရသည်။ သူမ၏ခန္ဓာကိုယ်တစ်ခုလုံးမှ ဒေါသအခိုးအငွေ့များ ထွက်ပေါ်နေကာ သူမသည် စိတ်ချောက်ချားစွာဖြင့် အော်ဟစ်ငိုယိုလိုက်လုနီးပါးပင်။
သူမနောက်ရှိ အကြီးအကဲများသည်လည်း အံ့အားသင့်တုန်လှုပ်သွားသည်။
အစွမ်းထက်သော သူတော်စင်အဆင့်ပစ္စည်းသုံးခုသည် အမှန်တကယ်ကိုပင် ဖျက်ဆီးခံလိုက်ရသလော...
သူတို့ရှေ့ရှိမြင်ကွင်းသည် ကြီးမားသောလှိုင်းလုံးကြီးများအလား သူတို့ကို အံ့အားသင့်တုန်လှုပ်သွားစေကာ သူတို့၏စိတ်များအတွင်း၌ မိုးကြိုးတစ်စင်း ပေါက်ကွဲသွားသကဲ့သို့ပင်။
သူတို့သည် ဤနေရာသို့ စိတ်အားထက်သန်စွာဖြင့်စိတ်လှုပ်ရှားစွာ အပြေးလာခဲ့သော်လည်း ယခုချိန်၌ သူတို့အားလုံး စိတ်ချောက်ချားကာ မိန်းမောတွေဝေသွားသည်။
သူတို့သည် နောက်ဆုံး၌ နှင်းလေအိမ်တော်ကို အနိုင်ယူကာ ရှေ့မှပြေးလာခဲ့သော်လည်း သူတို့ ပြန်ရသည်မှာ ပျက်စီးနေသော သူတော်စင်အဆင့်ပစ္စည်းသုံးခု ဖြစ်နေသလော...
"ဖန်ရှင်းအာ....မင်းရဲ့ရှေ့က သူတော်စင်အဆင့်ပစ္စည်းတွေနားကနေ နောက်ကိုဆုတ်လိုက်စမ်း"
သူတို့ တွေဝေမိန်းမောနေစဥ်မှာပင် ချောင်ရှန်းတို့လူစုသည် ပြေးဝင်လာကာ သူတို့အား တိုက်ခိုက်ကြတော့သည်။
သို့ရာတွင် ဖန်ရှင်းအာတို့လူစုသည် သူတို့အား အနည်းငယ်မျှ တုံ့ပြန်တိုက်ခိုက်ခြင်းမပြုမည်ဟု ချောင်ရှန်း မျှော်လင့်မထားမိချေ။ ထိုအစား သူတို့သည် သူတို့၏နေရာများကိုပင် အမှန်တကယ် လက်လျှော့အရှုံးပေးခဲ့သည်။
"ကြည့်ရတာတော့ မိုးကောင်းကင်ဓားဂိုဏ်းကလူတွေ ဘာမှမတတ်နိုင်တော့ပုံပဲ...အခွင့်အရေးကောင်းကို ရနေမှတော့....အကြီးအကဲနှစ်ယောက်လုံး ရတနာကိုသိမ်းပိုက်ရအောင် ငါ့နောက်ကိုလိုက်ခဲ့ပါ"
ချောင်ရှန်းက ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။
ထိုစကားကိုကြားချိန်တွင် သီဝူကျင်းနှင့်တခြားအကြီးအကဲတစ်ယောက်တို့သည် ချက်ချင်းခေါင်းညိတ်ပြကာ သူတို့၏မျက်နှာများပေါ်တွင် စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်နေပေ၏။
ထိုသူတော်စင်အဆင့်ရတနာများကို မိုးကောင်းကင်ဓားဂိုဏ်းမှလူများ ယူဆောင်သွားပြီဟု သူတို့တွေးထင်ခဲ့ကြသည်။ သို့ရာတွင် ဤမျှကြီးမားသောအလှည့်အပြောင်းကြီး ဖြစ်လာမည်ဟု သူတို့ မျှော်လင့်မထားမိချေ။
သို့ရာတွင် ချောင်ရှန်းတို့လူစုသည် ယဇ်ပလ္လင်အနီးသို့ အပြေးသွားပြီးနောက် သူတို့ ရုတ်တရက် ရှာဖွေတွေ့ရှိလိုက်ရသော အပြောင်းအလဲကြီးမှာ...ထိုသူတော်စင်အဆင့်ရတနာပစ္စည်းသုံးခုလုံးသည် ကျိုးပဲ့ပျက်စီးသွားခဲ့သလော.....
သူတို့၏အောက်မေးရိုးများ ပြုတ်ကျလုနီးပါးဖြစ်သွားကာ သူတို့သည် ရေခဲပန်းပုရုပ်များအလား နေရာမှာပင် မတ်တတ်ရပ်နေကြတော့သည်။
"ဖန်ရှင်းအာ...ဘာတွေ ဖြစ်သွားခဲ့တာလဲ...ဘာကြောင့် ဒီလိုဖြစ်သွားတာလဲ"
အသိဝင်လာပြီးနောက် ချောင်ရှန်းသည် ရူးသွပ်နေသည့်အလား ဖန်ရှင်းအာကို မေးမြန်းလိုက်၏။
"နင်က ငါ့ကို မေးနေတာလား...ငါက ဘယ်သူ့ကို မေးရမှာလဲ"
ဖန်ရှင်းအာ၏အသံက အေးစက်တင်းမာနေသည်။
ဤအချိန်အခိုက်အတန့်တွင် သူမသည်လည်း ချောင်ရှန်းထက်ပို၍ စိတ်သက်တောင့်သက်သာ ရှိမနေချေ။ သူတော်စင်အဆင့်ပစ္စည်းသုံးခုသည် သူမ၏အိတ်အတွင်းသို့ ရောက်ရှိပြီးဖြစ်သည်ဟု သူမ တွေးထင်ခဲ့လေ၏။ သို့ရာတွင် သူမ ပင်ပင်ပန်းပန်းကြိုးစားခဲ့ခြင်းအတွက် ပြန်လည်ရရှိလာသည်မှာ ကျိုးပဲ့ပျက်စီးနေသော သူတော်စင်အဆင့်ရတနာသုံးခုပင်။
"တကယ်လို့ ငါက မင်းကိုမဟုတ်ရင် ဘယ်သူ့ကို မေးရမှာလဲ....ပထမဆုံးဝင်သွားတဲ့သူက မင်းတို့ဆိုတာ အသိသာကြီးလေ"
ချောင်ရှန်းသည် ဒေါသတကြီး အော်ဟစ်ကြုံးဝါးကာ ဤအချက်ကို သူ လက်ခံရန်ဆန္ဒမရှိသည်မှာ သိသာထင်ရှားသည်။
"ပါးစပ်ပိတ်ထားစမ်း"
ထိုစကားကိုကြားချိန်တွင် ဖန်ရှင်းအာ၏မျက်နှာပေါ်၌ အေးစက်စက်အလင်းရောင်များ လွှမ်းခြုံသွားသည်။ သူမသည် ယခင်ကတည်းက ပေါက်ကွဲလုဆဲဆဲ အခြေအနေသို့ ရောက်ရှိနေလေပြီ။ ချောင်ရှန်း၏ ဤကဲ့သို့မေးခွန်းထုတ်ခြင်းကိုခံရချိန်တွင် သူမ၏ဓားကို ချက်ချင်းဆွဲထုတ်ကာ ချောင်ရှန်းကို ချိန်ရွယ်လိုက်၏။
"ငါ မင်းကို ကြောက်နေမှာမဟုတ်ဘူး"
ချောင်ရှန်းသည်လည်း ပြန်လည်တိုက်ခိုက်ရန်အတွက် သူ၏ယပ်တောင်ကို ဝှေ့ယမ်းလိုက်သည်။
"ရပ်လိုက်ကြစမ်း"
ထိုမြင်ကွင်းကိုကြည့်ပြီး သီဝူကျင်းနှင့် မိုးကောင်းကင်ဓားဂိုဏ်းမှအကြီးအကဲတို့က တပြိုင်နက်တည်း ဟန့်တားလိုက်ကြသည်။
"အခုချိန်မှာ တိုက်ခိုက်နေတာက ဘာအဓိပ္ပါယ်မှမရှိဘူး..ဘာတွေဖြစ်ခဲ့တာလဲဆိုတာကို တတ်နိုင်သမျှ အမြန်ဆုံးဖော်ထုတ်တာက ငါတို့အတွက် အကောင်းဆုံးဖြစ်လိမ့်မယ်"
သီဝူကျင်းက အသက်ပြင်းပြင်းတစ်ချက်ရှိုက်ကာ တည်ကြည်လေးနက်စွာ ပြောဆိုသည်။
"သူပြောတာမှန်တယ်...အခုချိန်မှာ တိုက်ခိုက်နေတာက ဘာအဓိပ္ပါယ်မှမရှိဘူး"
ကောင်းကင်ဓားဂိုဏ်းမှ အကြီးအကဲတစ်ယောက်ဖြစ်သော ချန်ကျင်းခုန်းကလည်း သဘောတူညီလိုက်၏။
ဤနေရာ၌ဖြစ်ပျက်ခဲ့သော ကိစ္စများသည် သူတို့ကို အလွန်စိတ်မသက်မသာဖြစ်စေသော်လည်း ကိစ္စများ၏အဓိကအကြောင်းရင်းကိုသိရန်မှာ ပို၍အရေးကြီးကြောင်း သူတို့ နားလည်သဘောပေါက်ထားသည်။
ထိုစကားကိုကြားချိန်တွင် ချောင်ရှန်းနှင့်ဖန်ရှင်းအာတို့သည် တစ်ယောက်ကိုတစ်ယောက် စူးစူးဝါးဝါးကြည့်ကာ သူတို့၏တိုက်ခိုက်မှုများကို ပြန်ရုတ်သိမ်းလိုက်တော့သည်။
ထို့နောက် နှစ်ဖက်စလုံးသည် ယဇ်ပလ္လင်ထံသို့ တပြိုင်နက်တည်း လျှောက်လှမ်းသွားပြီး ပျက်စီးနေသော သူတော်စင်အဆင့်ပစ္စည်းသုံးခုကို သူတို့၏လက်များဖြင့်ကိုင်ကာ လေ့လာဆန်းစစ်လိုက်ကြ၏။
သူတို့သည် သူတို့၏သွားကြားမှတဆင့် လေအေးများရှိုက်သွင်းလိုက်ကြသည်။
ဤသူတော်စင်အဆင့်ပစ္စည်းသုံးခုကို လက်ဗလာဖြင့် ဖျက်ဆီးပစ်နိုင်သောစွမ်းအားမျိုးသည် ဤလောကကြီးအတွင်း၌ မည်သူ့ထံတွင် ရှိနေနိုင်သနည်း။
ထို့ပြင် မည်သည့်အချိန်က သူသည် ဤနေရာသို့ ဝင်ရောက်သွားခဲ့သနည်း...
ထိုလူသည် သူတော်စင်အဆင့်ပစ္စည်းများကို မည်သည့်ရည်ရွယ်ချက်ဖြင့် ဖျက်ဆီးခဲ့သနည်း....
သူတို့၏စိတ်နှလုံးသားများအတွင်းတွင် ပဟေဠိများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကာ ဝေခွဲရခက်မှုများနှင့် ပြည့်နှက်သွားတော့သည်။
"အကြီးအကဲတို့...ကြည့်ပါအုံး"
ထိုအချိန်မှာပင် ချောင်ရှန်းက အော်ဟစ်လိုက်၏။
ထိုစကားကိုကြားချိန်တွင် လူတိုင်းသည် ယဇ်ပလ္လင်၏နောက်သို့ကြည့်ကာ ထပ်မံ၍ပင့်သက်ရှိုက်လိုက်ကြသည်။
ထိုနေရာတွင် မရေမတွက်နိုင်သော ဆေးလုံးများနှင့်ကျင့်ကြံနည်းစနစ်များရှိခဲ့သည်ကို သူတို့ ရှင်းရှင်းလင်းလင်းမှတ်မိသော်လည်း ယခုချိန်တွင် ထိုအရာများအားလုံး ပြာများအဖြစ်သို့ ပြောင်းလဲသွားလေပြီ။
ဖန်ရှင်းအာသည် လက်မခံလိုသဖြင့် ရှေ့သို့လျှောက်လှမ်းကာ ပြာပုံအတွင်းမှ တစ်ဝက်တစ်ပျက်မီးလောင်ကျွမ်းထားသော စာရွက်တစ်ရွက်ကို ကောက်ကိုင်လိုက်သည်။ စာရွက်ပေါ်ရှိ အကြောင်းအရာများကို မြင်တွေ့ချိန်တွင် သူမ၏မျက်လုံးများ ပြူးကျယ်သွားသည်။ ထို့နောက် သူမသည် ဒယိမ်းဒယိုင်ဖြင့် နောက်သို့ ခြေလှမ်းအနည်းငယ်ခန့်ဆုတ်လိုက်၏။
"ဘာဖြစ်တာလဲ"
ချန်ကျင်းခုန်းသည် ထိုစာရွက်အပိုင်းအစများကို အလျှင်အမြန်ကောက်ယူကြည့်ပြီးနောက် သူ၏ပါးစပ် ကျယ်လောင်စွာပွင့်ဟသွားသည်။
"ဒါက ဖရိုဖရဲစိတ်တည်ငြိမ်ခြင်းကျမ်းစာ...သူတော်စင်...သူတော်စင်အဆင့်ကျမ်းစာလည်း မီးလောင်သွားပြီ"
သူသည် အထစ်ထစ်အငေါ့ငေါ့ဖြစ်နေကာ သူ၏နှလုံးနေရာကို သူ၏လက်ဖြင့် ဆုပ်ကိုင်လိုက်သည်။ သူသည် သတိလစ်မေ့မျောလုနီးပါးဖြစ်သွားကာ ပြင်းပြင်းထန်ထန် ချောင်းဆိုးလိုက်၏။
ထိုစကားကိုကြားချိန်တွင် ချောင်ရှန်းသည်လည်း စာရွက်အပိုင်းအစကို ကမန်းကတန်း ဆွဲယူလေသည်။ မီးလောင်ကျွမ်းထားသော စာရွက်ကိုကြည့်ပြီး သူက ရိုင်းပျစွာ ကျိန်ဆဲလိုက်သည်။
"သောက်ချေးပဲ...ဘယ်သူလဲ...ဒါကို ဘယ်သူလုပ်တာလဲ"
"ဘယ်ခွေးမသားက သူတော်စင်အဆင့်ပစ္စည်းတွေကို ဖြုန်းတီးပစ်တာလဲ"
"ဝူး...ဝူး...ဝူး...ဒီလောက်ကောင်းတဲ့ ကျင့်ကြံနည်းစနစ်ကိုကွာ....ငါ့အတွက်သာ ချန်ထားခဲ့ရင် ဘယ်လောက်ကောင်းလိုက်မလဲ"
စာရွက်အပိုင်းအစကို သူ၏လက်အတွင်း၌ ဆုပ်ကိုင်ကာ ချောင်ရှန်းသည် အလွန်စိတ်ဓာတ်ကျသွားပြီး အော်ဟစ်ငိုယိုလိုက်လုနီးပါးပင်။
လူတိုင်း၏မျက်နှာများ အလွန်အမင်း ရှုံမဲ့နေသည်။
သူတော်စင်အဆင့် ရတနာပစ္စည်းသုံးခု ပျက်စီးသွားရုံသာမက သူတော်စင်အဆင့်ရတနာများပါဝင်သော ဆေးလုံးများနှင့်ကျင့်ကြံနည်းစနစ်စာအုပ်များအားလုံး ပြာများအဖြစ် လောင်ကျွမ်းသွားလေပြီ။
ဤသည်မှာ လူသားတို့၏သဘောသဘာဝကို ပျက်စီးစေခြင်း သို့မဟုတ် လူတို့၏စိတ်ဓာတ်ကို ပျက်ပြားသွားစေသော ကိစ္စမဟုတ်လော....
သူတို့သည် ကြီးမားသောအခက်အခဲများကိုရင်ဆိုင်ပြီး ဤနေရာသို့ အပြေးလာခဲ့သည့်တိုင် မည်သည့်အရာမျှမရရှိဘဲ ပြန်သွားရတော့မည်လော....
အမ်...
ထိုအချိန်မှာပင် ဖန်ရှင်းအာသည် ရုတ်တရက် တစ်စုံတစ်ခုကို တွေ့မြင်သွားပုံဖြင့် အံ့အားတသင့် ရေရွတ်လိုက်သည်။
ထိုမြင်ကွင်းကိုကြည့်ပြီး ချောင်ရှန်းသည် ပျာပျာသလဲ လှမ်းကြည့်လိုက်ရာ ထောင့်တစ်နေရာ၌ အထူးသီးသန့်သေတ္တာငယ်လေးတစ်လုံးကို တွေ့မြင်မိသည်။
ဤသေတ္တာငယ်လေးကို အထူးသီးသန့်ဟု သတ်မှတ်ထားရသောအကြောင်းအရင်းမှာ တခြားသေတ္တာများသည် လှန်မှောက်ခံထားရခြင်း အဖုံးများပွင့်နေခြင်း ထုရိုက်ဖျက်ဆီးခံရခြင်းတို့ တစ်ခုမဟုတ်တစ်ခု ဖြစ်နေခဲ့သည်။
ဤသေတ္တာငယ်လေးတစ်ခုတည်းသာ အကောင်းပကတိရှိနေကာ ကောင်းမွန်စွာဖုံးအုပ်ထားလေ၏။
ဤနေရာရှိ နေရာအနှံ့အပြားတွင် သူတော်စင်အဆင့်ပစ္စည်းများနှင့် နည်းစနစ်များရှိနေလေရာ နဂိုမူလအတိုင်းကျန်ရှိသော သေတ္တာငယ်လေးအတွင်းတွင်လည်း ဤကဲ့သို့ရတနာမျိုး ရှိနေနိုင်သည်။
ရုတ်ချည်းဆိုသလိုပင် ချောင်ရှန်းက ထိုသေတ္တာထံသို့ အပြေးသွားလိုက်သည်။
"သေစမ်း..."
ဖန်ရှင်းအာ အသိဝင်လာသည်မှာ အနည်းငယ်နောက်ကျသွားသည်။ သူမသည် အလျှင်အမြန်အပြေးသွားလိုက်သော်လည်း ချောင်ရှန်းထက် ခြေတစ်လှမ်းစာခန့် နောက်ကျသွားလေပြီ။
"ကျွတ် ကျွတ်...ဖန်ရှင်းအာ....မင်း ငါ့ထက်ကြိုသိခဲ့တာတောင် ဘာမှမရခဲ့ဘူး"
ချောင်ရှန်းသည် မျက်စိမျက်နှာပျက်နေသော ဖန်ရှင်းအာကိုကြည့်ကာ လှောင်ပြောင်သရော်လိုက်၏။
"ဟွန့်..."
ဖန်ရှင်းအာသည် အေးစက်စက်နှာတစ်ချက်မှုတ်ကာ သူမ၏မျက်နှာပေါ်တွင် စိတ်ပျက်အားငယ်မှုများနှင့် ပြည့်နှက်နေသည်။ သူမသည် ထိုအရာကို ပထမဆုံးရှာဖွေတွေ့ရှိခဲ့သော်လည်း အချိန်တခဏခန့် ပေါ့ဆလိုက်မှုကြောင့် သူမသည် ခြေတစ်လှမ်းခန့်နောက်ကျသွားသည်။ သူမသည် ထိုပစ္စည်းကို ချောင်ရှန်းယူဆောင်သွားသည်အား စောင့်ကြည့်ရုံသာ တတ်နိုင်တော့သည်။
"ဒီလိုဆိုမှတော့ ဒီထဲကရတနာက ငါ့ရဲ့အပိုင်ဖြစ်သွားပြီ"
ချောင်ရှန်း၏နုတ်ခမ်းထောင့် မြင့်တက်သွားကာ သူသည် သေတ္တာ၏အဖုံးကိုဖွင့်ကာ အတွင်းသို့ သူ၏လက်ကို ထည့်လိုက်၏။
ထိုမြင်ကွင်းကိုကြည့်ပြီး ဖန်ရှင်းအာနှင့်တခြားသူများ၏မျက်နှာများ တင်းမာသွားသည်။ သူတို့သည် ချောင်ရှန်း၏လှုပ်ရှားမှုများကို စောင့်ကြည့်နေကာ အတွင်း၌ မည်သည့်အရာရှိသည်ကို သိချင်စိတ်ပြင်းပြနေကြသည်။
သို့ရာတွင် ချောင်ရှန်း၏မျက်နှာအမူအယာ အနည်းငယ်ပျက်ယွင်းသွားသည်။
"ဒါက..."
ချောင်ရှန်းသည် ထိုအရာကို တဖန်ထပ်၍ဖျစ်ညှစ်ကြည့်ပြီးနောက် တစ်စုံတစ်ခုမှားယွင်းနေသည်ကို ခံစားမိလေ၏။ သူသည် သူ၏လကိကိုပြန်ရုတ်ကာ သူ၏နှာခေါင်းအနီးသို့ရွှေ့ပြီး အနံ့ခံကြည့်ချိန်တွင် သူ၏မျက်နှာအမူအယာ သိသိသာသာ ပျက်ယွင်းသွားတော့သည်။
"သောက်ချေးပဲ .."
"ခွေးချေးလား...."
Chapter 204
လျှပ်ပြက်သကဲ့သို့အရှိန်ဖြင့် ချောင်ရှန်းသည် သူ၏လက်အတွင်းရှိ သေတ္တာကိုလွှင့်ပစ်လိုက်ရာ ခွေးချေးများက နေရာအနှံ့အပြားသို့ ပြန့်ကြဲသွားတော့သည်။
"ဘယ်ခွေးမသားက ဒီလောက်ထိကလိန်ဥာဏ်ဆင်ပြီးတော့ လုပ်ခဲ့တာလဲ"
ချောင်ရှန်းက အော်ဟစ်ကြုံးဝါးကာ သူ၏လက်၌ပေကျံနေသော ခွေးချေးများကိုကြည့်ပြီး သူ၏နဖူးမှသွေးကြောများ ဖောင်းကြွလာကာ သူ အလွန်ဒေါသထွက်နေသဖြင့် သွေးအန်ထွက်လုနီးပါးပင်။
အစောပိုင်းကပင် သူ၏ယခင်အရှက်ရမှုကို ဖယ်ရှားရန်ရည်ရွယ်၍ ဖန်ရှင်းအာထက်လက်ဦးအောင် သေတ္တာကိုလုယူနိုင်ခဲ့သဖြင့် သူ့ကိုယ်သူ အလွန်ကြီးနေခဲ့သည်။ သို့ရာတွင် ဤကြမ်းတမ်းသောဖြစ်ရပ်မှန်မှာ သူ့အား ပြင်းထန်စွာထိုးနှက်လိုက်သည်ထက်ပင် ပြင်းထန်နေပေ၏။
ထိုမြင်ကွင်းကိုကြည့်ပြီး ချောင်ရှန်းတို့လူစု၏မျက်နှာများ ဖြူဖတ်ဖြူရော်ဖြစ်သွားသည်။
ခက်ခက်ခဲခဲ ရယူထားရသော ရတနာပစ္စည်းသည် ခွေးချေးတစ်ပုံသို့ ပြောင်းလဲသွားပေရာ သူတို့၏ဂုဏ်သိက္ခာကျဆင်းသွားမှုကို ဖော်ပြရန်မစွမ်းသလောက်နီးပါးပင်။
ဖန်ရှင်းအာ၏မျက်နှာပေါ်တွက်လည်း ထိတ်လန့်တုန်လှုပ်မှုအရိပ်အယောင်များ ရှိနေသည်။
သူမ အသိစိတ်ပြန်ဝင်လာချိန်တွင် ချောင်ရှန်း ဒုက္ခတွေ့သွားသည့်အတွက် ကျေနပ်အားရဖြစ်မှုများနှင့် ပြည့်နှက်သွားတော့သည်။
ချောင်ရှန်းသည် နောက်ဆုံး၌ သူမ အစောပိုင်းက တွေ့ကြုံရသည့် တရကြမ်းပြေးဝင်လာသော်လည်း အမှိုက်တစ်ပုံကိုသာတွေ့လိုက်ရသော ခံစားချက်မျိူးကို ရရှိသွားလေပြီ။
ထိုအချိန်မှာပင် တခြားအစွမ်းထက်ကျင့်ကြံသူများသည်လည်း ဤနေရာသို့ အပြေးရောက်ရှိလာသည်။
သူတော်စင်အဆင့်ပစ္စည်းများ လျှို့ဝှက်ဆန်းကြယ်စွာ ပျက်စီးသွားကာ ဆေးလုံးများနှင့်ကျင့်ကြံနည်းစနစ်များ မီးလောင်ကျွမ်းသွားခဲ့သည်ကို မြင်တွေ့ချိန်တွင် ထိုအစွမ်းထက်ကျင့်ကြံသူများအကြားမှနေ၍ ထိတ်လန့်တကြားအော်ဟစ်သံများ ထွက်ပေါ်လာသည်။
အထူးသဖြင့် အဓိကဂိုဏ်းနှစ်ဂိုဏ်းကြား ပြင်းထန်စွာတိုက်ခိုက်ပြီးနောက် အဆုံးသတ်၌ ချောင်ရှန်းသည် ခွေးချေးတစ်ပုံကိုသာ လုယူနိုင်ခဲ့သည်ကို သိရှိသွားချိန်တွင် လူတိုင်း ပြောစရာစကားမဲ့သွားသည်။
"ဟူး သခင်မလေး...မင်းက မိုးကောင်းကင်ယံကပေးတဲ့ ရွှေရောင်အခွင့်အရေးကြီးကို တကယ်ကြီးလွဲချော်သွားခဲ့ပြီ....သင်္ချိုင်းဂူထဲမှာ ဘာလှုပ်ရှားမှုမှမရှိတာကို မင်း ကြည့်လိုက်အုံး...မင်း ပြောတဲ့အန္တရာယ်က ဘယ်နေရာမှာလဲ"
ရှေးဟောင်းသင်္ချိုင်းဂူ၏ပြင်ပတွင် ယန်မူသည် စိတ်ပျက်လက်ပျက်ဖြင့် ယွင်ရှန်းချွယ်ကို စောဒကတက်နေဆဲပင်။
ယခုချိန်တွင် မတ်တတ်ရပ်၍ စောင့်ကြည့်နေရုံမှတပါး သူတို့ထံတွင် တခြားနည်းလမ်းမရှိတော့ချေ။ အကယ်၍ ယခုချိန်မှ သူတို့ အတွင်းသို့တိုးဝင်သွားလျှင်ပင် အလွန်နောက်ကျသွားလေပြီ။
ယွင်ရှန်းချွယ်၏မျက်နှာအမူအယာ ပျက်ယွင်းသွားသည်။
ဖြစ်နိုင်သည်မှာ လုချင်ရှန်း ပြောဆိုသမျှသည် အမှန်တကယ် ဖြစ်မလာခဲ့သလော....
အကယ်၍ ဤကိစ္စသာအမှန်ဖြစ်ပါက သူမသည် နှင်းလေအိမ်တော်နှင့်မိုးကောင်းကင်ဓားဂိုဏ်းတို့ကို ကြီးမားသောအခွင့်အရေးကြီး ပေးလိုက်လေပြီ။
ထိုအချိန်မှာပင် ကျင့်ကြံသူအမြောက်အများသည် သုံးယောက်တစ်ဖွဲ့ ငါးယောက်တစ်ဖွဲ့ဖွဲ့၍ သင်္ချိုင်းဂူ၏တံခါးဝမှ ပြင်ပသို့ထွက်လာသည်ကို မြင်တွေ့မိသဖြင့် သူတို့ ထိတ်လန့်တုန်လှုပ်သွားသည်။
"မင်းတို့ ဘာလို့ ဒီလောက်မြန်မြန်ကြီး ပြန်ထွက်လာတာလဲ"
ယန်မူသည် ကျင့်ကြံသူနှစ်ယောက်ကို အလျှင်အမြန်ဟန့်တားကာ မည်သည့်ကိစ္စရပ်များ ဖြစ်ပျက်ခဲ့သည်ကို မေးမြန်းလိုက်၏။
"ဘာမှကို မပြောချင်တော့ဘူး...သင်္ချိုင်းဂူထဲကို တခြားသူတွေက ဝင်စီးသွားတာ အချိန်အတော်ကြာနေပြီ"
လူတစ်ယောက်က သူ၏ခေါင်းကိုခါယမ်း၍ ပြောဆိုသည်။
"ငါတို့ အထဲကိုဝင်သွားတဲ့အချိန်မှာ...ဘာမှမရှိတော့ဘူး"
"ဘာ...."
ယန်မူတို့လူစုသည် ချက်ချင်းဆိုသလိုပင် ထိတ်လန့်တုန်လှုပ်သွားသည်။
အထူးသဖြင့် ယွင်ရှန်းချွယ်၏စိတ်အတွင်းတွင် မိုးကြိုးတစ်စင်း ပေါက်ကွဲသွားသည့်အလားပင်။
ဤသို့ဆိုပါက အဆုံးသတ်တွင် လုချင်ရှန်း ပြောဆိုခဲ့သမျှ အမှန်ဖြစ်လာပေ၏။
အတွင်းရှိရတနာများကို တခြားသူများမှ ယူဆောင်သွားပြီးဖြစ်သလော....
"ဘာတွေဖြစ်ခဲ့တာလဲ....ငါ့ကို အသေးစိတ်ကျကျ ရှင်းပြစမ်း"
ယွင်ရှန်းချွယ်က မယုံကြည်နိုင်စွာဖြင့် မေးမြန်းသည်။
"တခြားသူတွေက ရတနာတွေကို ဘယ်လိုလုပ်ပြီးတော့ ယူသွားတာလဲ"
"ဒီလောက်ထိ ထူးဆန်းတဲ့ကိစ္စမျိုး ဖြစ်လာမယ်လို့ ဘယ်သူကသိမှာလဲ...ဘယ်လိုပဲဖြစ်ဖြစ် အရင်တစ်ကြိမ် ငါတို့ပြန်ထွက်လာတဲ့အချိန်မှာ အထဲကစက်ယန္တရားတွေ အလုပ်လုပ်နေတုန်းပဲလေ....ယေဘုယျကျကျပြောမယ်ဆိုရင် ဒီနေရာကို ဘယ်သူမှ ဝင်နိုင်မှာမဟုတ်ဘူး"
ထိုကျင့်ကြံသူက ကူကယ်ရာမဲ့စွာ ပြောဆိုသည်။
"ဒါကြောင့် အခုချိန်မှာ လူတိုင်း အံ့အားသင့်တုန်လှုပ်နေပြီးတော့ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြတယ်"
"ဘာလို့ ဒီလိုဖြစ်ရတာလဲ"
ဤသည်မှာ အမှန်တကယ်ကို မယုံကြည်နိုင်ဖွယ်ရာပင်။ ယန်မူက ထိုကိစ္စကို လက်ခံရန်ခက်ခဲနေသဖြင့် ထပ်မံ၍မေးမြန်းလိုက်သည်။
"သူတော်စင်အဆင့် ပစ္စည်းသုံးခုက ဘယ်ရောက်သွားပြီလဲ...နှင်းလေအိမ်တော်နဲ့မိုးကောင်းကင်ဓားဂိုဏ်းကလူတွေ အဲ့ဒါတွေကို ရသွားလား"
"အဲ့ဒီသူတော်စင်အဆင့်ပစ္စည်းသုံးခုအကြောင်းကို ထည့်မပြောစမ်းပါနဲ့...အဓိကဂိုဏ်းကြီးနှစ်ဂိုဏ်းက အဲ့ဒီကိစ္စအတွက် ဒေါသထွက်နေတုန်းပဲ...သူတို့က ခန်းမထဲကိုဝင်ဖို့ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ပြီးမှ အဲ့ဒီရတနာတွေပျက်စီးသွားပြီဆိုတာ တွေ့လိုက်ရတယ်"
ထိုကျင့်ကြံသူက သူ၏ခေါင်းကို ခါယမ်းလိုက်သည်။
"ပျက်....ပျက်စီးသွားတာလား"
ယန်မူတို့လူစုသည် မယုံကြည်နိုင်မှုကြောင့် သူတို့၏မျက်လုံးများပြူးကျယ်သွားကာ ကူကယ်ရာမဲ့စွာဖြင့် ထပ်မံ၍မေးမြန်းလေသည်။
"ဖြစ်နိုင်တာတော့ အဓိကဂိုဏ်းကြီးနှစ်ဂိုဏ်းက ဘာတစ်ခုမှရအောင် မယူနိုင်ခဲ့ဘူးလား"
"ချောင်ရှန်းကလွဲလို့ တခြားဘယ်သူမှ ဘာမှရမသွားဘူး"
ထိုစကားကိုပြောချိန်တွင် ကျင့်ကြံသူနှစ်ယောက်၏မျက်နှာအမူအယာ အနည်းငယ်ကို့ရိုးကားရားဖြစ်သွားသည်။
"အော်...."
ယန်မူတိူ့လူစုသည် ချက်ချင်းစိတ်လှုပ်ရှားစပြုလာကာ အလျင်စလို မေးမြန်းလိုက်၏။
"သူ ဘာပစ္စည်းကောင်းလေးကို ရသွားတာလဲ"
"ခွေးချေးတစ်ပုံပဲ"
ကျင့်ကြံသူတစ်ယောက်က စိတ်ရှုပ်ထွေးသောအမူအယာဖြင့် သူ၏ခေါင်းကို ခါယမ်းလိုက်သည်။
"ခွေး..."
"ခွေးချေးတစ်ပုံလား..."
ယန်မူတိူ့လူစုသည် ပင့်သက်ရှိုက်လိုက်ကာ နေရာမှာပင် အမြစ်တွယ်နေသကဲ့သို့ ကြက်သေသေနေတော့သည်။
"လုချင်ရှန်း ပြောတာတွေက အမှန်ဖြစ်လာပြီပဲ"
ယွင်ရှန်းချွယ်သည် မယုံကြည်နိုင်စွာဖြင့် သူတို့ကိုကြည့်ကာ ပြောဆိုလေသည်။
ယန်မူနှင့်ယန်စန်းသည် ဆွံ့အနေကာ သူတို့၏မျက်နှာများပေါ်တွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။
ဤကိစ္စသည် အမှန်တကယ်ဖြစ်လာမည်ဟု သူတို့ တစ်ကြိမ်တစ်ခါမျှ တွေးထင်ထားခဲ့ခြင်းမရှိချေ။
"ဒါကအမှန်ပဲ...သခင်မလေး...လုချင်ရှန်းက ဒီသင်္ချိုင်းဂူထဲမှာ ကြီးမားတဲ့ဘေးအန္တရာယ်တွေ ရှိနေတယ်လို့လည်း ပြောခဲ့ဖူးတယ်မဟုတ်လား"
ယန်မူက ရုတ်တရက် အမှတ်ရသွားကာ အလျင်စလို မေးမြန်းလေသည်။
"အခု ရတနာတွေကို တခြားသူတွေယူသွားတယ်ဆိုတဲ့စကားကတော့ မှန်သွားပြီ...ဒါပေမယ့် ဒီသင်္ချိုင်းဂူထဲကိုကြည့်ရတာ ဘာအန္တရာယ်မှရှိပုံမရဘူး"
ယွင်ရှန်းချွယ်ကလည်း ခေါင်းညိတ်လိုက်၏။
ဤသည်မှာ အမှန်ပင်။
ဤသင်္ချိုင်းဂူအတွင်းတွင် ပို၍တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော အန္တရာယ်များ ရှိနေသေးသည်ဟုလည်း လုချင်ရှန်းက ပြောဆိုခဲ့သည်။
ထိုအချိန်မှာပင် မြေပြင်တပြင်လုံး ပြင်းပြင်းထန်ထန် တုန်ခါသွားသည်။
ထို့နောက် ယွင်ရှန်းချွယ်တို့လူစု၏ ကြက်သေသေနေသော မျက်လုံးများအောက်တွင် ပင်မခန်းမနှင့်ရှေးဟောင်းခန်းမအတွင်းရှိ လမ်းကြောင်းများအားလုံး ပြိုလဲကျစပြုလာသည်။
ပင်မခန်းမနှင့်လမ်းကြောင်းများ ပြိုလဲကျသွားသဖြင့် ယဇ်ပလ္လင်ရှေ့တွင်ရှိနေသော ချောင်ရှန်းတို့လူစု မြေပြင်ပေါ်၌ ထင်သာမြင်သာထွက်ပေါ်လာသည်။
"ဘာတွေဖြစ်နေတာလဲ"
လူတိုင်းသည် သတိကြီးစွာထား၍ သူတို့၏ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာလိုက်ကြသည်။ ထို့နောက် သူတို့၏အကြည့်များအောက်တွင် ယဇ်ပလ္လင်နောက်ရှိ ကျောက်တံခါးမှနေ၍ ရုတ်တရက် ရွှေရောင်အလင်းတန်းများ ဖြာထွက်လာသည်။
တဖျတ်ဖျတ်တောက်ပနေသော ရွှေရောင်အလင်းတန်းများကြားမှနေ၍ ပုံရိပ်ယောင်တစ်ခုသည် လေထုအတွင်း၌ ထွက်ပေါ်လာသည်။
သူ့ထံတွင် လွှမ်းမိုးချုပ်ကိုင်နိုင်သော ကိုယ်နေဟန်ထားရှိကာ သူ၏အရှိန်အဝါသည် ကြီးကျယ်ခမ်းနားပေ၏။ ပုံရိပ်ယောင်သက်သက်ဖြင့်ပင်လသူသည် လက်ရှိနေရာတွင်ရှိနေသူများအားလုံးပေါ်သို့ အလွန်ကြီးမားသောဖိအားအရှိန်အဝါကို သက်ရောက်စေသည်။
"ဒါက..."
"ဒါက ဘာလဲ"
"ဒါက သူတော်စင်ကျင်းယုမဟုတ်လား...."
"အိုး ဘုရားရေ...ငါ သူတော်စင်ကို တကယ်ကြီးမြင်တွေ့ဖူးပြီ"
ထိုမြင်ကွင်းကိုကြည့်ပြီး လက်ရှိနေရာတွင်ရှိနေသူတိုင်း ရူးသွပ်သွားသည့်အလား ထိတ်လန့်တုန်လှုပ်စွာ အော်ဟစ်လိုက်ကြသည်။
"ဒါက အမှန်ပဲ...ငါက ကျင်းယု"
နောက်ဆုံး၌ ရွှေရောင်အလင်းတန်းများဖြင့် သိပ်သည်းထားသော ပုံရိပ်ယောင်သည် မတူမတန်သောအမူအယာဖြင့် အောက်မှလူများကို ငုံကြည့်လိုက်၏။ သူ၏အသံသည် ရှေးဟောင်းခေါင်းလောင်းတစ်လုံးကို တီးခတ်လိုက်သည့်အလား မြည်ဟီးလာသည်။
"သူက တကယ့်ကို သူတော်စင်ကျင်းယုပဲ"
"အိုး...ဘုရားရေ"
"သူတော်စင်ကျင်းယုကို အရိုအသေပြုပါတယ်"
"သူတော်စင်ကို အရိုအသေပြုပါတယ်"
အဓိကဂိုဏ်းကြီးသုံးဂိုဏ်းမှ လူများအပါအဝင် လူတိုင်း ဦးညွှတ်အရိုအသေပြုလိုက်ကြသည်။ မည်သို့ပင်ဆိုစေကာမူ သိုင်းသူတော်စင်နယ်ပယ်သို့ ရောက်ရှိခဲ့သော တစ်စုံတစ်ယောက်သည် ရိုသေလေးစားခံရရန် အကြွင်းမဲ့ထိုက်တန်ပေ၏။
"ငါ စကားအပိုတွေ မပြောတော့ဘူး....ငါက လွန်ခဲ့တဲ့နှစ်တစ်ထောင်ကျော်အကြာက သေဆုံးခဲ့တယ်...ဒါပေမယ့် ငါ မသေဆုံးမီအချိန်မှာ ငါ နောင်တရခဲ့တဲ့ တစ်ခုတည်းသောကိစ္စက...ငါ့ရဲ့အမွေအနှစ်ကိုဆက်ခံဖို့ တစ်ဦးတစ်ယောက်မှမရှိခဲ့တာကိုပဲ"
"ဒါကြောင့် ငါ မသေဆုံးမီအချိန်မှာ...ငါ ဒီသင်္ချိုင်းဂူကို ချန်ထားခဲ့တယ်...နှစ်တစ်ထောင်ကျော်ကြာပြီးတဲ့နောက်မှာ တစ်ယောက်ယောက်က ငါ့ရဲ့အမွေအနှစ်ကို ဆက်ခံနိုင်မယ်လို့ ငါ မျှော်လင့်ခဲ့မိလို့ပဲ"
ခေါင်းလောင်းသံနှင့်တူညီသောအသံသည် ပတ်ဝန်းကျင်နေရာတဝိုက်၌ ပဲ့တင်ထပ်ပျံ့နှံ့နေသည်။
ထိုအသံကိုကြားချိန်တွင် လက်ရှိနေရာတွင်ရှိနေသော လူတိုင်း၏မျက်နှာများပေါ်တွင် စိတ်လှုပ်ရှားမှုအရိပ်အယောင်များ ထင်ဟပ်နေကာ သူတို့၏မျက်လုံးများအတွင်းတွင် စိတ်အားထက်သန်မှုများဖြင့် တောက်ပနေသည်။
သူတို့သည် ယနေ့၏ရတနာရှာဖွေခြင်းခရီးစဥ်ကို ကျရှုံးမှုနှင့်အဆုံးသတ်ရမည်ဟု တွေးတောခဲ့သော်လည်း ဤကဲ့သို့အလှည့်အပြောင်းမျိုး ထွက်ပေါ်လာမည်ဟု သူတို့ မျှော်လင့်မထားမိချေ။
သူတော်စင်၏အမွေအနှစ်...
မည်သည့်သူတော်စင်ပစ္စည်းနှင့်မဆို နှိုင်းယှဥ်ပါက ဤအရာသည် ပို၍အရေးပါပေ၏။
"စီနီယာကို မေးပါရစေ....စီနီယာရဲ့အမွေအနှစ်အတွက် အခွင့်အရေးရဖို့ ကျွန်တော်တို့ ဘာလုပ်ရမလဲ"
ချောင်ရှန်းက အလွန်တက်ကြွစွာဖြင့် မေးမြန်းသည်။
သူ၏မေးမြန်းမှုနှင့်အတူ လက်ရှိနေရာတွင်ရှိနေသူတိုင်း ကျင်းယုထံသို့ ကြည့်လိုက်ကြသည်။
Chapter 205
"ငါ့ရဲ့အမွေအနှစ်ကိုရဖို့က ရိုးရှင်းပါတယ်"
ကျင်းယုက ပြောဆိုသည်။
"ငါက ငါ့ရဲ့ဘဝပထမတစ်ဝက်လောက်မှာ ဓားပညာကို ကျင့်ကြံရင်းနဲ့ အချိန်ကုန်ဆုံးခဲ့တယ်...ဒါပေမယ့် ငါက ဓားပညာလမ်းကြောင်းမှာ နည်းနည်းလေးတောင် ပါရမီမရှိခဲ့ဘူး...ဒါကြောင့် ငါ့ဘဝရဲ့နောက်သက်တမ်းတစ်ဝက်မှာ ဇီသာပညာရပ်ကို အပတ်တကုတ် ကျင့်ကြံခဲ့ပြီးတော့ ဂီတပညာရပ်ကနေ ဥာဏ်အလင်းပွင့်မှုတချို့ကို ရရှိခဲ့တယ်"
"ဒါပေမယ့် ဇီသာကနေ ဥာဏ်အလင်းပွင့်မှုကို ရခဲ့ပြီးတဲ့နောက်မှာ...ငါ့ရဲ့စိတ်ကို လှုပ်ခတ်စေနိုင်တဲ့ ဇီသာတေးသံမျိုး ဒီလောကကြီးထဲမှာ ငါ ထပ်ပြီးတော့ ရှာမတွေ့တော့ဘူး"
"ဒါကြောင့် တကယ်လို့ မင်းတို့က ငါ့ရဲ့စိတ်ကိုလှုပ်ရှားစေနိုင်တဲ့ ဇီသာတေးသွားစာရွက်မျိုးကို ရှာဖွေနိုင်ပြီးတော့...ငါ့ရဲ့ရှေ့မှာ ငါ စိတ်ကျေနပ်မှုရအောင် တီးခတ်ပြနိုင်မယ်ဆိုရင်...အဲ့ဒီလူက ငါ့ရဲ့အမွေအနှစ်ကိုရမယ်"
ကျင်းယု၏အသံက ပတ်ဝန်းကျင်နေရာတဝိုက်သို့ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။
ဤသည်မှာ လူအုပ်ကြီးအကြား၌ ကြီးမားစွာရုန်းရင်းဆန်ခတ် ဖြစ်သွားစေသည်။
"ဇီသာတေးသွားစာရွက်လား..."
"ဒါက ဇီသာတေးသွားစာရွက်နဲ့ သက်ဆိုင်နေတာလား"
လူအုပ်ကြီးသည် စိတ်အားထက်သန်စွာဖြင့် တိုင်ပင်ဆွေးနွေးကာ ဤအဓိကအချက်အပေါ်တွင် သူတို့၏ဦးနှောက်များခြောက်ခန်းလုမတက် စဥ်းစားတွေးတောနေကြ၏။
"စီနီယာ...စီနီယာရဲ့အမွေအနှစ်ကို ရဖို့အတွက်...စီနီယာရဲ့စိတ်ကိုလှုပ်ရှားစေနိုင်တဲ့ ဇီသာတေးသွားစာရွက် ရှိရမယ့်အပြင် ဒါကို တီးခတ်နိုင်ဖို့အတွက် အရမ်းအဆင့်မြင့်တဲ့ ဇီသာစွမ်းရည်လည်းရှိဖို့ လိုအပ်တယ်မဟုတ်လား"
ချောင်ရှန်းက ကူကယ်ရာမဲ့စွာဖြင့် မေးမြန်းလိုက်သည်။
"ဒါပေမယ့် ကျွန်တော်တို့ထဲက အများစုက ဇီသာကို ဘယ်လိုတီးခတ်ရမယ်ဆိုတာလောက်ပဲသိတယ်"
"ဒါက အမှန်ပဲ"
"ကျွန်တော်တို့က ဇီသာကို ဘယ်လိုကောင်းကောင်းတီးခတ်ရမယ်ဆိုတာ မသိဘူး"
ချောင်ရှန်း ပြောဆိုပြီးချိန်တွင် တခြားလူများကလည်း သံယောင်လိုက်ကာ ပြောဆိုလိုက်ကြသည်။
"ဒါက အဲ့ဒီလိုမဟုတ်ဘူး"
ကျင်းယု၏အသံက ဝုန်းခနဲမြည်ဟီးလာသည်။
"မင်းတို့က ငါ့ရဲ့စိတ်ကို လှုပ်ရှားစေနိုင်တဲ့ ဇီသာတေးသွားကို ရေးစပ်နိုင်ဖို့ပဲလိုအပ်တယ်....ဒါက ဇီသာလမ်းကြောင်းမှာ မင်းတို့ရဲ့ပါရမီတွေကို သက်သေပြပြီးသားဖြစ်သွားပြီ...ဆန့်ကျင်ဘက်အနေနဲ့ ဇီသာစွမ်းရည်က အရေးမကြီးဘူး...ဘာလို့လဲဆိုရင် လေ့ကျင့်ရာကနေတဆင့် စွမ်းရည်တွေက မြင့်တက်လာမှာပဲ"
"ကျွန်တော်တို့ သိပါတယ်...ဒါက အဓိပ္ပါယ်ရှိတယ်"
ထိုစကားကိုပြောချိန်တွင် ယခင်က စိတ်ပျက်အားငယ်နေသော လူအုပ်ကြီး၏မျှော်လင့်ချက်များ တဖန်ပြန်၍ မြင့်တက်လာသည်။
ဇီသာပညာရပ်ကို အထူးသီးသန့်ကျင့်ကြံမထားသူများအဖို့ တီးခတ်ရန်မှာ မဖြစ်နိုင်ချေ။ သို့ရာတွင် ဇီသာတေးသွားကို ရေးစပ်သီကုံးရန်မှာမူ ခက်ခဲသည်ဟု ပြော၍မရချေ။
တစ်စုံတစ်ယောက်အတွက် ကြုံရာကျပန်း တေးသွားတချို့ကို ရေးစပ်သီကုံးရန်မှာ ကျယ်ပြန့်စွာတွက်ချက်စဥ်စား၍ရသဖြင့် ဖြစ်နိုင်ချေရှိသည်။
မည်သို့ပင်ဆိုစေကာမူ အင်မော်တယ်မြစ်ကုန်းမြေအတွင်းတွင် သာမာန်လူများ ဖန်တီးခဲ့သော ဂန္တဝင်သီချင်းအပိုင်းအစများ ပျံ့နှံ့နေသည်။ ထိုလူများအနက်မှအများစုသည် ယခင်က ဇီသာကိုပင် မမြင်တွေ့ဖူးခဲ့ချေ။ သူတို့သည် လယ်ကွင်းများအတွင်းတွင် အလုပ်လုပ်ကိုင်နေစဥ် ရောက်တတ်ရာရာ သီဆိုရာမှ လိုက်လျောညီထွေရှိသည့် တေးသွားများအဖြစ်သို့ ရောက်ရှိသွားပေ၏။
"ဒါဆိုရင် မင်းတို့အားလုံး သတ္တိမွေးပြီးတော့ လွတ်လွတ်လပ်လပ် ကြိုးစားကြည့်ကြစမ်း"
ကျင်းယု၏အသံက ထပ်မံ၍ ထွက်ပေါ်လာသည်။
"ပြီးတော့ အောင်မြင်သွားတဲ့တစ်ယောက်က ငါ့ရဲ့အမွေအနှစ်ကိုတင်မကဘူး....လက်ဆောင်အနေနဲ့ ဒီအင်ပါယာအဆင့် ဇီသာစင်ကိုလည်းရမယ်"
သူ၏အသံ ကျရောက်လာသည်နှင့်အတူ ရွှေရောင်အလင်းတန်းတစ်တန်းက သူ၏လက်အတွင်း၌ ဖျတ်ခနဲတောက်ပသွားသည်။
ထို့နောက် လူအုပ်ကြီး၏ထိတ်လန့်တုန်လှုပ်နေသော အကြည့်များအောက်တွင် အလျားနှင့်အနံ ကျန်းတစ်ဝက်ခန့်ရှိသော ဇီသာစင်တစ်ခုက လေထု၏အလယ်၌ မျောလွင့်နေသည်။
ထိုအရာထွက်ပေါ်လာသည်နှင့် ပြင်းထန်သောအရှိန်အဝါမှတဆင့် တုန်လှုပ်ချောက်ချားဖွယ်ဖိအားသည် အလိုအလျောက် ထွက်ပေါ်နေပေ၏။
ထိုဇီသာစင်တစ်ခုလုံးကို အနုစိတ်ဆန်ပြီး ကွက်ကွက်ကွင်းကွင်းမြင်ရသော လက်ရာများဖြင့် တန်ဆာဆင်ထားသည်။ ထိုစင်တစ်စက်လုံးအနှံ့ စိမ်းပြာရောင်ရှိကာ ကျောက်တုံးတစ်မျိုးဖြင့် ပြုလုပ်ထားပုံရသည်။ ဤသည်ကို အမျိုးအမည်မသိသော ထိပ်တန်းပစ္စည်းတချို့ဖြင့် သွန်းလုပ်ထားခြင်းဖြစ်ကြောင်း လူအုပ်ကြီးသည် ကောင်းစွာသိရှိထားပေ၏။
ဤဇီသာစင် ထွက်ပေါ်လာခြင်းနှင့်အတူ....
လက်ရှိနေရာတွင် ရှိနေသူများအားလုံး၏ ရူးသွပ်မှုများ ကြီးထွားလာသည်။
အင်ပါယာအဆင့် ရတနာတစ်ခုသည် အင်မော်တယ်မြစ်ကုန်းမြေအတွင်း၌ ထိပ်သီးအဆင့်တည်ရှိမှုကြီးပင်။ ထိုရတနာကို သူတော်စင်အဆင့်ရတနာ ရာထောင်ချီနှင့်ပင် နှိုင်းယှဥ်၍မရချေ။
ချောင်ရှန်း ဖန်ရှင်းအာနှင့်တခြားသူများသည် မျှော်လင့်ချက် ပြန်လည်ရရှိသွားသည်။
ယဇ်ပလ္လင်ထံတွင် သူတို့ခံစားခဲ့ရသော ထိုးနှက်ချက်ကို ယခုချိန်၌ ဘေးဖယ်ထားကာ မေ့လျော့သွားလေပြီ။ အကယ်၍ သူတို့သည် ကျင်းယု၏အမွေအနှစ်များနှင့်ဤအင်ပါယာအဆင့်ဇီသာစင်ကို ရရှိနိုင်ပါက ထိုသူတော်စင်အဆင့်ပစ္စည်းများသည် အသေးအမွှားဖြစ်သွားပေမည်။
"အင်ပါယာအဆင့်...အင်ပါယာအဆင့် ရတနာတစ်ခု...သခင်မလေး...မင်း အားလပ်တဲ့အချိန်မှာ မင်းရဲ့စိတ်အခြေအနေကို ကျင့်ကြံဖို့အတွက် ဇီသာကိုကျင့်ကြံခဲ့တာ ငါ မှတ်မိသေးတယ်...မြန်မြန်လေး...တစ်ခါလောက် ကြိုးစားကြည့်ပါလား"
အဝေးတစ်နေရာတွင်ရှိနေသော ယန်မူ၏အကြည့်သည် အင်ပါယာအဆင့်ဇီသာစင်ထံတွင်သာ ရစ်ဝဲနေကာ သူ၏မျက်လုံးအတွင်း၌ ရူးသွပ်စွဲလမ်းမှုများဖြင့် ပြည့်နှက်နေသည်။ သူသည် ယွင်ရှန်းချွယ်ကို အလျင်စလို တိုက်တွန်းလိုက်၏။
ယွင်ရှန်းချွယ်သည်လည်း အလွန်အမင်း စိတ်လှုပ်ရှားနေသည်။ သူမသည် ခြေလှမ်းရှေ့တိုးလိုက်စဥ်မှာပင် ရုတ်တရက် လုချင်ရှန်း၏စကားလုံးများကို အမှတ်ရသွားသည်။
သူမ၏ခြေလှမ်းများ လေထု၏အလယ်မှာပင် ရပ်တန့်သွားသည်။
"လုချင်ရှန်းပြောတဲ့အထဲက ထိပ်သီးအစွမ်းထက်ကျင့်ကြံသူ ပြောလိုက်တယ်ဆိုတဲ့စကားကို ရှင်တို့ မှတ်မိကြသေးလား"
ယွင်ရှန်းချွယ်က ပြောဆိုသည်။
"သခင်မလေး ဆိုလိုတာက..."
ယန်မူ၏မျက်လုံးများ မယုံကြည်နိုင်မှုကြောင့် ပြူးကျယ်သွားသည်။
"အမှန်ပဲ...ဒီသင်္ချိုင်းဂူထဲမှာ ကြီးမားတဲ့အန္တရာယ်တွေ ရှိနေသေးတယ်လို့ သူက ပြောခဲ့တယ်"
ယွင်ရှန်းချွယ်သည် ထိုစကားကိုပြောဆိုနေစဥ်တွင် မျက်မှောင်တင်းတင်းကြပ်ကြပ် ကြုတ်ထားလေ၏။
"သူတော်စင်အဆင့်ရတနာတွေကို တခြားသူတွေ ယူသွားပြီဆိုတဲ့ သူ့ရဲ့နိမိတ်ဖတ်မှုက မှန်ကန်နေတာကြောင့်....သူ့ရဲ့နိမိတ်ဖတ်မှုမှာ ကိုးပုံကမှန်ကန်ပြီးတော့ တစ်ပုံလောက်ပဲမှားနိုင်တယ်လို့ ကျွန်မ လက်ခံထားတယ်"
ထိုစကားကိုကြားချိန်တွင် ယန်မူသည်လည်ူ ဇဝေဇဝါဖြစ်သွားသည်။
မူလက သူတို့သည် ဤနိမိတ်ဖတ်မှုဆိုသောအရာကို လုံးလုံးလျားလျား ပယ်ချခဲ့သည်။ သို့ရာတွင် သူတော်စင်အဆင့်ရတနာများ၏ကိစ္စ ဖြစ်သွားပြီးနောက် သူတို့သည်လည်း ဇဝေဇဝါဖြစ်သွားလေ၏။
"သခင်မလေး....ဒါဆိုရင် မင်းအခု ဘာလုပ်ဖို့ရည်ရွယ်ထားလဲ"
ယန်မူက မေးမြန်းသည်။
"မသွားဘူး"
ယွင်ရှန်းချွယ်က အံ့တင်းတင်းကြိတ်ကာ ဆုံးဖြတ်ချက်ချလိုက်ပြီး သူမ၏ခြေထောက်ကို ပြန်ရုတ်သိမ်းလိုက်သည်။
"ကျွန်မတို့က ဒီကိစ္စထဲမှာ မပါဝင်မယ့်အပြင် ဒီနေရာနဲ့ဝေးဝေးမှာ နေကြမယ်"
"ကောင်းပြီ...ကောင်းပြီလေ"
ယန်မူက ခေါင်းညိတ်ပြလိုက်၏။ သူသည် ယွင်ရှန်းချွယ်ကို အနည်းငယ်မလေးစားဘဲ မနေနိုင်တော့ချေ။
အင်ပါယာအဆင့်ရတနာတစ်ခု၏ ဆွဲဆောင်မှုနှင့် ရင်ဆိုင်ရသည့်တိုင် သူမသည် ဤနိမိတ်ဖတ်မှုကြောင့် တင်းခံနေဆဲပင်။ ဤကဲ့သို့ စိတ်ဆန္ဒခိုင်မာမှုမျိုးကို သူ မပိုင်ဆိုင်နိုင်သဖြင့် သူ လေးစားကြည်ညိုမိသည်။
"စကြတော့"
ကျင်းယုက တည်ကြည်လေးနက်စွာ ပြောဆိုသည်။
သူ၏အသံ ကျရောက်သွားသည်နှင့် သူ၏ပုံရိပ်သည် ရွှေရောင်အလင်းတန်းများနှင့်အတူ ဖျတ်ခနဲလက်သွားကာ ဇီသာစင်ပေါ်သို့ ကျရောက်လာသည်။ ထို့နောက် သူသည် ဖြည်းညှင်းစွာထိုင်လိုက်ကာ သူ၏မျက်လုံးကို စုံမှိတ်လိုက်၏။
"ကျွန်မ အရင်ဆုံးသွားမယ်"
လူအုပ်အကြားမှနေ၍ ဇီသာတစ်ခုကိုကိုင်ထားသော အမျိုးသမီးကျင့်ကြံသူတစ်ယောက်တိုးထွက်လာကာ မြေပြင်ပေါ်၌ ပလ္လင်ခွေထိုင်လိုက်သည်။
ထို့နောက်....
သာယာငြိမ့်ညောင်းသော ဇီသာတေးသံက တဖြည်းဖြည်း ပျံ့လွင့်လာတော့သည်။
လူအုပ်ကြီးသည် နားလည်မှုဖြင့် တိတ်ဆိတ်ငြိမ်သက်နေကြကာ ကျင်းယု၏တုံ့ပြန်မှုကို ဂရုတစိုက် စောင့်ကြည့်နေခဲ့ကြသည်။
မမျှော်လင့်ဘဲ ထိုဇီသာတေးသံ အဆုံးသတ်သွားသည့်တိုင် ဇီသာစင်ပေါ်တွင်ထိုင်နေသော ကျင်းယုသည် သူ၏မျက်လုံးကို တစ်ကြိမ်ပင်ဖွင့်ကြည့်ခြင်းမပြုချေ။
ထိုအမျိုးသမီးကျင့်ကြံသူ၏မျက်နှာအမူအယာ အနည်းငယ်ပျက်ယွင်းသွားပေ၏။
တခြားသူများသည် စိတ်သက်သာရာရသွားသော်လည်း စိတ်အိုက်မှုများ ပို၍ကြီးထွားလာသည်။
ရိုးရိုးသားသားပြောဆိုရလျှင် ထိုအမျိုးသမီးကျင့်ကြံသူ၏တီးခတ်မှုသည် အလွန်ကောင်းမွန်သည်။ သို့ရာတွင် သူမသည် ကျင်းယု၏မျက်လုံး ဖွင့်ကြည့်ရန်ပင် စွမ်းဆောင်နိုင်ခဲ့ခြင်းမရှိချေ။ ထို့ကြောင့် ကျင်းယု၏အမွေအနှစ်ကိုရယူရန်မှာ လွယ်ကူရိုးရှင်းသော ကိစ္စတစ်ခုမဟုတ်ကြောင်း သိသာထင်ရှားစွာ ပြသနေခြင်းပင်။
"စီနီယာ...ကျွန်မကို နောက်ထပ်တေးသွားတစ်ပုဒ် တီးခတ်ခွင့်ပြုပါလား"
ထိုအမျိုးသမီးကျင့်ကြံသူက သူမ၏နုတ်ခမ်းကိုကိုက်ကာ မဝံ့မရဲပြောဆိုသည်။
"လူတိုင်း အခွင့်အရေးသုံးကြိမ်စီရမယ်....သုံးကြိမ်ပြည့်သွားရင်တော့ မင်းတို့ရဲ့စွမ်းရည်တွေက အရည်အချင်းမမီလို့ပဲ"
ကျင်းယု၏အလေးအနက်ထားသောအသံက ဇီသာစင်ပေါ်မှနေ၍ ထွက်ပေါ်လာသည်။
ထိုစကားကိုကြားချိန်တွင် အမျိုးသမီးကျင့်ကြံသူ၏မျက်နှာ သိသိသာသာ ဖြူရော်သွားသည်။
တခြားသူများသည်လည်း အလွန်အမင်း ထိတမလန့်တုန်လှုပ်သွားပေ၏။ အစောပိုင်းက အရည်အချင်းပြသရန် တရွရွဖြစ်နေသူများသည်လည်း မလှုပ်ရှားဝံ့တော့ချေ။ ကြည့်ရသည်မှာ နောက်ကျိနေသောရေအတွင်းမှ ငါးကို ကံကြမ္မာကိုမှီခို၍ဖမ်းရန်ကြိုးစားခြင်းမှာ အလားအလာမရှိသည့်အလားပင်။
မျှော်လင့်ထားသကဲ့သို့ပင် အမျိုးသမီးကျင့်ကြံသူသည် နောက်ထပ်တေးသွားတစ်ပုဒ်ကို တီးခတ်ပြီးသည့်တိုင် ကျင်းယုသည် မျက်လုံးဖွင့်ကြည့်ခြင်းမရှိချေ။
ထို့နောက်....
အချိန်များ တရွေ့ရွေ့ကုန်ဆုံးသွားလေပြီ။ ချောင်ရှန်းနှင့်ဖန်ရှင်းအာအပါအဝင် ကျင့်ကြံသူအများစုသည် ကျင်းယုကို အနည်းငယ်မျှပင်လှုပ်ရှားလာအောင် ပြုလုပ်နိုင်စွမ်းမရှိဘဲ သူတို့၏အခွင့်အရေးများကို ဖြုန်းတီးခဲ့ကြသည်။
"အကြီးအကဲချန် … ဒီလောကကြီးထဲမှာရှိတဲ့ အကောင်းဆုံး ဇီသာတေးသွားတွေကို စုစည်းဖို့ မိုးကောင်းကင်ဓားဂိုဏ်းကိုပြောပြီးတော့ ဒီနေရာကို အမြန်ဆုံးပို့ခိုင်းလိုက်ပါ "
ဖန်ရှင်းအာက အနီးရှိ အကြီးအကဲချန်ကျင်းခုန်းကို ညွှန်ကြားလိုက်၏။
"ဟုတ်ကဲ့ပါ သခင်မလေး"
ချန်ကျင်းခုန်းက အလျှင်အမြန် ထွက်ခွာသွားတော့သည်။
ထိုမြင်ကွင်းကိုကြည့်ပြီး ချောင်ရှန်းသည် နောက်ကျကျန်နေရန် ဆန္ဒမရှိသဖြင့် ဇီသာတေးသွားများကိုစုဆောင်းရန်အတွက် နှင်းလေအိမ်တော်မှအင်အားစုများအားလုံးလှုပ်ရှားရန် အကြောင်းကြားလိုက်သည်။
အမှန်အားဖြင့် ဤကဲ့သို့ လိမ်လည်လှည့်ဖျားမှုမျိုးကို ကျင်းယုသည် တားမြစ်ရပေမည်။ အကြောင်းအရင်းမှာ အကောင်းဆုံးဇီသာတေးသွားကို ရေးစပ်သီကုံးနိုင်သူသည် သူ၏အမွေအနှစ်ကိုရရှိမည်ဟု သူ ရှင်းရှင်းလင်းလင်း ဖော်ပြထားသောကြောင့်ပင်။
သို့ရာတွင် မမျှော်လင့်ဘဲ ကျင်းယုသည် ဖန်ရှင်းအာနှင့်တခြားသူများ၏လုပ်ရပ်များကို ဟန့်တားခြင်းမပြုချေ။
ထို့နောက် တခြားအင်အားစုများသည်လည်း ထိုလမ်းစဥ်အတိုင်းလိုက်ကာ ပြင်ပအကူအညီများကိုပင် ခေါ်ဆိုခဲ့ကြလေ၏။
အချိန်တိုအတွင်းတွင်...
ပင်ကျင်းမြို့ပြင်၌ စုဝေးနေသောလူအရေအတွက် တစတစပို၍များပြားလာသည်။
သို့ရာတွင် ယခုချိန်ထိတိုင် ကျင်းယု၏မျက်လုံးဖွင့်ကြည်အောင် ပြုလုပ်နိုင်သည်အထိ မည်သူ့ထံတွင်မျှ အရည်အချင်းမရှိသေးချေ