← Chapters

ရွှေအမတေကောင်စီကဝင်စွက်ဖက်လာပြီ

Vol. 89 Ch. 1321

ရွှေအမတေကောင်စီကဝင်စွက်ဖက်လာပြီ

Vol. 89 Ch. 1321

ပုံစံမဲ့ဂိုဏ်း၌ ဆူဆူပူပူလုပ်တတ်ကြသည့် အဆင့်မြင့်များလည်း ရှိသည်။ မဟုတ်လျှင် ထိုသူများက ပုံစံမဲ့ဂိုဏ်းနှင့်အတူ ဖျက်ဆီးခံရပေမည်။ သို့သော်လည်း နာခံစွာဖြင့် သေခြင်းတရားကို လက်ခံမည့်သူများ မဟုတ်ကြပေ။ ပုံစံမဲ့ဂိုဏ်း၏ရူးလောက်စရာလှုပ်ရှားပုံများကို ကြည့်ပြီး အခြားသောအုပ်စုများက မျက်ခုံးလှုပ်လာကြသည်။

ဒါက နှစ်ဦးနှစ်ဖက် ပျက်စီးရာပျက်စီးကြောင်း ကြံနေတာမလား?

ပုံစံမဲ့ဂိုဏ်းဖြင့် ရင်ဆိုင်ရခြင်းက ရူးလောက်စရာကောင်းနှင့်ပြီးဖြစ်ကာ အခြားအုပ်စုများက ဘေးမှရပ်ကြည့်ရန်သာ ရွေးချယ်ကြသည်။ ထိုသို့ကိစ္စမျိုးတွင် ဝင်မပါချင်သည်က သိသာသည်။ ထိုသို့တိုက်ပွဲမျိုးအတွက် အသက်ကိုပေးဆပ်ထားရမည်က သိသာလှသည်။ ယခုတစ်ခေါက်တွင် ဝင်ပါမိလိုက်လျှင် သေရမည်က ကျိန်းသေပေါက်ပင် ဖြစ်၏။

ပုံစံမဲ့ဂိုဏ်း၌ ရွေအမတေဂိုဏ်းချုပ်မရှိတော့သော်လည်း အင်အားအရာတွင်မူ တဝေတောင်ပိုင်း၌ ထင်ရှားကျော်ကြားနေဆဲဖြစ်သည်။

အခြားသူများက ပုံစံမဲ့ဂိုဏ်းဖြင့် မည်သို့အလွယ်လေးရင်ဆိုင်နိုင်မည်နည်း။

လက်ရှိမြို့ဝန်ကျုံးရှင်းအိမ်တော်အကြောင်းကမူ ထည့်ပြောနေရန်ပင်မလိုပေ။ ချူးယွင်ဖန်းတစ်ယောက်တည်းဖြင့်ပင် လုံလောက်ပေသည်။

ဘယ်သူက ဒီလိုမျိုးအဆင့်မြင့်တိုက်ပွဲမှာ ဝင်ပါချင်မှာလဲ

မကြာခင်ပင် ချူးယွင်ဖန်းပေးထားသည့် အချိန်သုံးရက် ပြည့်သွားသည်။ အခြေအနေကို စောင့်ကြည့်နေကြသော အုပ်စုများစွာကလည်း ချူးယွင်ဖန်းညွှန်ကြားသည့်အတိုင်း ပုံစံမဲ့ဂိုဏ်းကအဆင့်မြင့်များက သေခြင်းတရားကို လက်ခံမည်မဟုတ်ကို သိကြပေသည်။ ခေါင်းမာမာဖြင့်ခုခံမည်မှာ အထင်းသားပင်။

အမှန်တွင် အုပ်စုကြီးများက ထိုအကြောင်းကို နားလည်ကြသည်။ မည်သူမှ တည်တည်ငြိမ်ငြိမ်ဖြင့် အသက်မပေးနိုင်သောကြောင့်သာ ဖြစ်သည်။ ယခုတွင်မူ ပုံစံမဲ့ဂိုဏ်းတစ်ခုလုံးက ရူးသွားလေပြီ။ အဆင့်မြင့်အများစုက ပုံစံမဲ့ဂိုဏ်းတစ်ခုလုံးကို ၎င်းတို့နှင့်အတူ ဆွဲချချင်နေသည်။ သို့သော်လည်း ကိုယ့်ဂိုဏ်းကို ထိုသို့လုပ်ချင်၍မဟုတ်ဘဲ ချူးယွင်ဖန်းကို ဘာမှမလုပ်နိုင်သောကြောင့်သာဖြစ်သည်ကို အချို့သူများက မြင်ကြသည်။

သုံးရက်အတွင်းတွင် တစ်လောကလုံးမှ ပုံစံမဲ့ဂိုဏ်းတပည့်များအားလုံးကို ဂိုဏ်းသို့ ပြန်လာခိုင်းသည်။ အားလုံး လိပ်ခွံထဲတွင်ပုန်းပြီး အဆုံးထိချူးယွင်ဖန်းကိုတိုက်ရန် စီစဉ်ထားကြဟန်တူသည်။ အားလုံး၏စိတ်ထဲ၌ အဖြေတစ်ခုရှိသည်။ ပုံစံမဲ့ဂိုဏ်း၏အခြေခံအုတ်မြစ်ဖြင့်သာဆိုလျှင် ချူးယွင်ဖန်းဘက်မှ ဂိုဏ်း၏ခံစစ်ကို ချိုးဖောက်ရန်မှာ မလွယ်လှပေ။

ထို့ပြင် ချူးယွင်ဖန်းသည် ပုံစံမဲ့ဂိုဏ်းမှအဆင့်မြင့်များကိုသာ သေခိုင်းခြင်းဖြစ်သည်။ ယခုတွင်မူ ပုံစံမဲ့ဂိုဏ်းက အကြင်နာမဲ့စွာဖြင့် ကိုယ့်မျက်နှာကို ပြန်ချနေသကဲ့သို့ ဖြစ်နေသည်။ ချူးယွင်ဖန်းအတွက်လည်း ကြီးမားသောရိုက်ချက်ကြီးပင် ဖြစ်၏။ အားလုံးက ချူးယွင်ဖန်း၏ တုံ့ပြန်ချက်ကို စောင့်နေကြသည်။ သို့သော်လည်း အားလုံးက ကျုံးရှင်းမြို့ဝန်အိမ်တော်နှင့် ချူးယွင်ဖန်းဘက်မှ တုံ့ပြန်ချက်ကို စောင့်ဆိုင်းနေကြစဉ်တွင် နောက်ထပ်သတ္တဝါကြီးတစ်ကောင်က အစွယ်ထုတ်ပြလိုက်ပြန်သည်။ မည်သူမှ မမျှော်လင့်ထားသည့်အချိန်တွင် ရွှေအမတေကောင်စီက ချူးယွင်ဖန်းက ပုံစံမဲ့ဂိုဏ်းကို တိုက်ခိုက်မည်ကို ခွင့်မပြုဟု ထုတ်ပြန်ချက်တစ်စောင် ကြေညာလိုက်သည်။ ထို့အပြင် ချူးယွင်ဖန်းက ကောင်စီအဖွဲ့ဝင်တစ်ယောက်ကို သတ်သွားသည့်ကိစ္စကိုလည်း လိုက်မည်ဟုပါ ထပ်ကြေညာလိုက်၏။

ချက်ချင်းဆိုသလိုပင် အားလုံး အုတ်အော်သောင်းနင်း ဖြစ်သွားကြသည်။ ထိုမတိုင်ခင်က ရွှေအမတေကောင်စီက အလျင်စလိုပြုမူလိမ့်မည်ဟု ထင်မထားခဲ့ပေ။ လူတော်တော်များများအတွက် ရွှေအမတေကောင်စီဆိုသည်မှာ မရင်းနှီးသောအရာတစ်ခု ဖြစ်သည်။ သို့သော်လည်း ချက်ချင်းဆိုသလိုပင် ကောင်စီက အကောင်းကြီးကြီးဖြစ်သည်ကို သိသွားကြသည်။

ကောင်စီသည် တဝေ၏ အ‌ရေးကြီးသောပွဲအများစု၌ ပါတတ်သည်။ သို့သော်လည်း ကောင်စီအကြောင်းကို လူများက မသိကြပေ။ သို့သော်လည်း ကောင်စီ၏သဘောသဘာဝကို သိသွားလျှင် မည်သူမှ ထိုသို့အကောင်ကြီးကြီးကို လျစ်လျူရှုရဲကြတော့မည်မဟုတ်ပေ။ သာမန်အဖွဲ့ဝင်များကပင် ရွှေအမတေအဆင့်ရှိကြသည်။ အစက ကောင်စီသည် ရုတ်တရက်ဆိုသလိုပင် ကြားဝင်နှောင့်ယှက်ရသည်ကို နားမလည်ကြပေ။ သာမန်အားဖြင့် ကောင်စီသည် အဖွဲ့ဝင်များကြားမှ ပဋိပက္ခကိုသာ ဖြန်ဖျေပေးကာ ထိုသို့အားသုံး၍ တားသည်က ရှားသည်။ ကောင်စီအဖွဲ့ဝင်များသည် အချင်းချင်းကြား၌ ပဋိပက္ခများစွာ ရှိကြသည်။ အလုပ်တူတူလုပ်ရန်ကလည်း လွန်စွာခက်ခဲသည်။ သို့သော် ယခုတစ်ခေါက်တွင်မူ ကောင်စီဝင်ပါလာခြင်းက အားလုံးစိတ်ကူးထားသည်ထက် ပိုနေသည်။ လူများစွာသည် ပုံစံမဲ့ဂိုဏ်း၏ဝှက်ဖဲက ဘာလဲဆိုသည်ကို နားလည်သွားကြသည်။ သူတို့က ချူးယွင်ဖန်းကို ဆန့်ကျင်ရဲသည်မှာ ရွှေအမတေကောင်စီ၏အထောက်အပံ့ရှိနေသောကြောင့်သာ ဖြစ်သည်။

ကောင်စီကလည်း ပုံစံမဲ့ဂိုဏ်းကို ဖျက်စီးခွင့်ပြုမည်မဟုတ်ပေ။ ပုံစံမဲ့ဂိုဏ်း၏ ခေါင်းဆောင်တစ်ဦးသည် တစ်ချိန်က ကောင်စီအဖွဲ့ဝင်ဖြစ်သောကြောင့်ဖြစ်သည်။ မရှိတော့သောအဖွဲ့ဝင်တစ်ဦး၏အာဏာက အမြစ်ဆွဲနှုတ်ခံရလျှင် အန္တရာယ်ရှိလာနိုင်သည်။ ယုန်သေသွားသည့်အတွက် မြေခွေးအိုကြီးများက ဝမ်းနည်းနေကြလေသည်။ မကြာခင်ပင် ပုံစံမဲ့ဂိုဏ်းကို ကာကွယ်ချင်နေသောသူက ကောင်စီ၏လက်ထောက်ဥက္ကဌ သွေးဘုရင်မှလွဲ၍ အခြားသူမဟုတ်သည်ကို သိလိုက်ကြရသည်။ အားလုံးလည်း အလန့်တကြားဖြစ်သွားကြရ၏။ လက်ရှီအခြေအနေတွင် ကောင်စီဥက္ကဌယွင်ဟွမ်ကတာဝန်ယူနေခြင်းမဟုတ်ဘဲ လက်ထောက်ဥက္က၌သွေးဘုရင်ကသာ တာဝန်ရှိသူအစစ်အမှန်ဖြစ်သည်။

မကြာခင်ပင် သတင်းများ ပြန့်ကုန်သည်။ သွေးဘုရင်၏အကူအညီကိုရရန်အတွက် ပုံစံမဲ့ဂိုဏ်းက ဆက်ကြေးအဖြစ် ၎င်းတို့၏နှစ်စဉ်ဝင်ငွေတစ်ဝက်ကို ပေးသည်ဟူသောသတင်းများပင် ဖြစ်၏။

ထိုသတင်းကို ကြားမိသူအားလုံးသည်ပင် ခံစားချက်များမကောင်းကြပေ။ ပုံစံမဲ့ဂိုဏ်းဆိုသည်က တဝေတောင်ပိုင်း၏ ဆရာကြီးတစ်ဆူဖြစ်သည်။ နှစ်စဉ်ဝင်ငွေက တွက်ချက်၍ပင်မရနိုင်ပေ။ အစတွင် ပုံစံမဲ့ဂိုဏ်း၏ဂိုဏ်းချုပ် မီစစ်ယွမ်ည် ဝင်ငွေတစ်စိတ်တစ်ပိုင်းလောက်သာရသည်။ ဆယ်ပုံလျှင်တစ်ပုံလောက်ပင် မရသော်လည်း သူ့အတွက်မူ ရွှေအမတေအဆင့်ကို ဖြတ်ကျော်နိုင်ရန် လုံလောက်၏။ သို့သော်လည်း ယခုရာတွင် ပုံစံမဲ့ဂိုဏ်းက သွေးဘုရင်ကို ဆက်ကြေးအဖြစ် နှစ်စဉ်ဝင်ငွေတစ်ဝက်ကိုပင် ပေးမည်ဟု ကမ်းလှမ်းထားသည်။ ထိုသို့တန်ရာတန်ကြေးမျိုးက ကျွမ်းကျင်သူတစ်ယောက်လှုပ်ရှားပေးရန် လုံလောက်၏။ သွေးဘုရင်နှင့် ရွှေအမတေကောင်စီက အဘယ့်ကြောင့် ထိုသို့လှုပ်ရှားကြသည်ကို နားလည်သွားကြသည်။

အားလုံးသိကြသည့်အတိုင်း သွေးဘုရင်ဆိုသည်မှာ အမှီအခိုကင်းသောကျင့်ကြံသူတစ်ယောက်ဖြစ်သည်။ သူ့အားထောက်ပံ့ပေးမည့်အားကောင်းသောတပ်မျိုး မလိုပေ။ ကျင့်ကြံခြင်းအတွက်လိုအပ်သောငွေပမာဏက ကြောက်စရာကောင်းလှသည်။ အထူးသဖြင့် ရွှေအမတေများအတွက်ပင် ဖြစ်သည်။ အဖွဲ့အစည်းက ကြီးလျှင်ပင် ရွှေအမတေများက လွယ်လွယ်ကူကူကျင့်ကြံနိုင်မည်မဟုတ်ပေ။ ချူးယွင်ဖန်းကဲ့သို့ နဂါးတစ်ကောင်မျိုးက စည်းကမ်းကို ဆန့်ကျင်တော့၏။ မိမိတို့သာ သွေးဘုရင်ဖြစ်လျှင်လည်း ထိုသို့အခွင့်အရေးမျိုးကို လက်လွှတ်ခံမည်မဟုတ်ပေ။ ရွေအမတေကောင်စီက ထိုကြေညာချက်ကို ထုတ်ပြန်ပြီးသည်နှင့် ကောင်စီဝင်များသည် ပုံစံမဲ့ဂိုဏ်းရှိရာသို့ ထွက်ခွာသွားကြပြီဖြစ်ကြောင်း သတင်းများ ပျံ့လာသည်။ ပုံစံမဲ့ဂိုဏ်းဆီသို့သွားသည့် ရွှေအမတေများစွာကိုပင် တွေ့လိုက်သူများ ရှိကြသည်။ ချူးယွင်ဖန်းကိုသွားတားခြင်းသာ ဖြစ်ကြပေမည်။

ကြောက်မက်ဖွယ်ကောင်းလှသောတိုက်ပွဲတစ်ခု ထွက်ပေါ်လာပေတော့မည်။ တစ်ဖက်က အဖွဲ့ဝင်အားလုံးက ရွှေအမတေများသာဖြစ်သည့် ရွှေအမတေကောင်စီဖြစ်သည်။ တစ်ဖက်ကမူ ထင်ရှားကျော်ကြားနေသည့် ချူးယွင်ဖန်းဖြစ်သည်။ နှစ်ဖက်လုံးက သာမန်သူများမဟုတ်ကြပေ။

"ရွှေအမတေကောင်စီက လှုပ်ရှားပြီးဆိုမှတော့ ချူးယွင်ဖန်း ပြန်ဆုတ်လာမှာပဲစိုးရတယ်။"

"ဒါပေါ့။ သူဘယ်လောက်ပဲအားကောင်းပါတယ်ပြောပြော ရွေအမတေကောင်စီတစ်ခုလုံးနဲ့တော့ မယှဉ်နိုင်လောက်ဘူး။"

"ပုံစံမဲ့ဂိုဏ်းက မှန်ကန်တဲ့လှုပ်ရှားမှုမျိုး လုပ်လာပြီ။ သူတို့အမွေအနှစ်က ဖျက်ဆီးမခံရ‌တော့ဘူးဆိုတာတော့ အာမခံချက်ရသွားပြီပဲ။"

All Chapters