တစ်ခါတိုက်လျှင်တစ်ယောက်
Vol. 89 Ch. 1324
တိုက်ခိုက်မှုလုပ်လိုက်သည်နှင့် သူတို့၏လူသတ်သိုင်းကွက်များသည် ချူးယွင်ဖန်းထံသို့ ဦးတည်သွားသည့် စွမ်းအားစီးကြောင်းအဖြစ် ပြောင်းလဲသွားသည်။
"ငါ့ကိုတားဖို့ ကြိုးစားနေတာလား။"
ချူးယွင်ဖန်းက လှောင်ပြောင်လိုက်သည်။
ထို့နောက်တွင် သူ၏လက်က လေထဲမှနေပြီး မိုးကြိုးစွမ်းအားလုံးတစ်လုံးကို ထုတ်ယူလိုက်သည်။ ထိုမိုးကြိုးစွမ်းအားလုံးက ဓားရှည်အဖြစ်ပြောင်းသွားပြီး လေကို ပေါက်ကွဲထွက်သွားစေကာ ထိုနှစ်ယောက်ကို ခုတ်ပိုင်းပစ်တော့သည်။
ဘုန်း
ကောင်းကင်တစ်ခုလုံး စုတ်ပြဲထွက်သွားသည်ဟု ထင်ရသည်။ ဓားသွားဖြတ်သွားသောနေရာတိုင်း၌ ကောင်းကင်ပြိုကျမတတ်ဖြစ်သွားကာ လွန်စွာအားကောင်းသောစွမ်းအားစီးကြောင်းက ထိုနှစ်ဦး၏တိုက်ခိုက်မှုကို ကြိုဆိုလို့နေသည်။
ဘုန်း
တိုက်ခိုက်မှုများနှင့် ထိုစွမ်းအားစီးကြောင်းတို့ဆုံသည့်အခါ၌ ချူးယွင်ဖန်း၏ဓားရှည်က တိုက်ခိုက်မှုများကို ချက်ချင်းပင်ခုတ်ပိုင်းပစ်နိုင်သည်။ နှစ်ယောက်လုံးပေါင်းတိုက်လျှင်ပင် ချူးယွင်ဖန်းကိုရင်ဆိုင်ရန်အတွက် အားနည်းလွန်းနေသည်။
ရွှေအမတေမဲ့ထိပ်ဆုံးအဆင့်တွင်ရှိသော မီစစ်ယွမ်သည်ပင် ချူးယွင်ဖန်း၏တိုက်ကွက်တစ်ကွက်ကိုမှ တောင့်မခံနိုင်ခဲ့ပေ။ သာမန်ရွှေအမတေမဲ့အဆင့်ဆိုလျှင် ပြောနေစရာပင်မလိုပေ။
ချူးယွင်ဖန်း၏ဓားအလင်းက ထိုနှစ်ယောက်ကို ထိတော့မည်ဆဲဆဲတွင်ပင် နောက်ထပ်အဝါရောင်အလင်းတန်းထွက်လာပြီး နှစ်ဦးလုံးကိုပတ်ကာ ကြောက်စရာကောင်းသောဓားအလင်းဆီမှ ကာကွယ်ပေးလိုက်သည်။ ထို့နောက်တွင် လှပသောအမျိုးသမီး တိုက်ပွဲမြေပြင်သို့ ပြန်ခုန်ဝင်လာပြန်သည်။
ထိုအခါ၌ မလှမ်းမကမ်းမှ တိုက်ပွဲကို ကြည့်နေကြသောကျွမ်းကျင်သူများသည်ပင် ကြောင်သွားကြသည်။ သုံးဦးလုံးပေါင်းတိုက်သည်ကို တစ်ခါနှစ်ခါမကမြင်ဖူးကြသည်။ အမျိုးသမီးက ခံစစ်လုပ်ပြီး ကျန်နှစ်ဦးက ထိုးစစ်ဆင်သည်။ သုံးဦးသည် ဗျူဟာကို ကောင်းကောင်းနားလည်ထားသည်။ ထိုဗျူဟာက မူလပုံစံမဲ့ဂိုဏ်းချုပ်မီစစ်ယွမ်ဆိုလျှင်ပင် အရေးသာနိုင်သောအနေအထားဖြစ်သည်။ ကံမကောင်းစွာဖြင့် ၎င်းတို့တွေ့ရသည့်သူက ချူးယွင်ဖန်းဖြစ်နေသည်။
"အားကောင်းလိုက်တာ။ ဒါကချူးယွင်ဖန်းရဲ့ အစစ်အမှန်အင်အားများလား။"
"သုံးယောက်ပေါင်းတိုက်တာကို သူက အရေးသာနေတုန်းပဲ။"
"ကြောက်ဖို့ကောင်းလိုက်တာ။ တိုက်ပွဲကတန်ပြန်လာတာနဲ့တင် ငါတို့တွေသေလောက်တယ်။"
လူများစွာ ကြည့်၍ ဆွေးနွေးနေကြစဉ်တွင် ပုံစံမဲ့ဂိုဏ်း၏အဆင့်မြင့်များကမူ စိတ်မအေးနိုင်ကြတော့ပေ။ သုံးယောက်လုံးက ချူးယွင်ဖန်းကို ဖိနှိပ်ထားနိုင်သော်လည်း မနိုင်သေးပေ။ ထိုသုံးယောက်ကို ခိုင်းရန်အတွက် ကြေးကြီးကြီးပေးထားရသည်။
သို့သော်လည်း ကောင်းကင်နှင့်မြေကြီး၌ တစ်ယောက်တည်းသာရှိသောနတ်ဆိုးဘုရင်နှင့်တေ့သောအခါတွင်မူ အကြောက်တရားကို သိရှိသွားကြသည်။ သုံးဦးလုံး ထိပ်သီးကျွမ်းကျင်သူများသာမဟုတ်ကြလျှင် တစ်ဖက်ရန်သူကြောင့် အပိုင်းပိုင်းပြတ်ပြီးသည်မှာ ကြာနှင့်ပြီဖြစ်သည်။ တစ်ဖက်သူကလည်း လွှတ်ပေးရန် ဆန္ဒမရှိပေ။ မိမိတို့၌ ထိုသို့စွမ်းအားမျိုးရှိလျှင်လည်း အလွယ်လေးလွှတ်ပေးနိုင်မည် မဟုတ်ပေ။
ထိုအချိန်တွင် ပုံစံမဲ့ဂိုဏ်းမှအကြီးအကဲတစ်ဦးက ပြောရန် ပြင်လိုက်သည်။ သို့သော်လည်း ဘာမှမပြောနိုင်ခင်တွင်ပင် ကောင်းကင်ထက်၌ ချူးယွင်ဖန်း၏အငွေ့အသက်က နောက်ထပ်တစ်ဆင့်မြင့်သွားသည်ကိုမြင်လိုက်ရသောအခါ၌ အားလုံးကြောင်သွားကြသည်။ ချူးယွင်ဖန်း၏ယခင်အင်အားကပင် မိမိတို့၏ပြိုင်ဘက်မဟုတ်ပေ။ ထိုအဆင့်တိုက်ပွဲမျိုးတွင်ပင် သူကအင်အားကို ထိန်ချန်ထားရဲသေးသည်။
"ဘယ်လိုလုပ် အဲ့လောက်အားကောင်းနေရတာလဲ။ သုံးယောက်နဲ့တိုက်နေတာတောင်မှ အဲ့လောက်အားကောင်းနေတာကိုး။"
"ကောင်စီက လက်တစ်ဆုပ်စာလူလေးက သူ့ကိုရှုံးမှာပဲစိုးတယ်။ သွေးဘုရင်မှ သူ့ကို နိုင်မှာပဲ။"
"ကြောက်ဖို့ကောင်းတယ်။ ဘယ်လိုလုပ် အဲ့အဆင့်ထိရောက်အောင် လေ့ကျင့်နိုင်ရတာလဲ။ သူက ခုမှနှစ်ဆယ်ကျော်ပဲရှိသေးတာကိုး။"
အားလုံး အံ့ဩတုန်လှုပ်နေကြစဉ်တွင်ပင် ချူးယွင်ဖန်းလက်ထဲမှ မရေမတွက်နိုင်သောမိုးကြိုးစွမ်းအားများစွာက လည်ပတ်ရင်းဖြင့် ကြောက်စရာကောင်းသောဓားသွားအသွင်ပြောင်းသွားသည်။
"ချိုးဖောက်...."
ချူးယွင်ဖန်း၏ဓားသွားက ချက်ချင်းပျံသန်းသွားပြီး ချက်ချင်းဆိုသလိုပင် ထိုသုံးဦးလုံးကို ခုတ်ပိုင်းပစ်လိုက်တော့သည်။
သက်လတ်ပိုင်းအမျိုးသမီးက စူးစူးဝါးဝါးအော်ကာ သူ၏ခန္ဓာကိုယ်ထဲမှ နတ်စွမ်းအားအားလုံးကို အဝါရောင်ပဝါထဲသို့ ထည့်ပြီး သုံးယောက်လုံးကို လွှမ်းခြုံကာ ကာကွယ်ပေးလိုက်သည်။
ထိုဓားရိုက်ချက်၏စွမ်းအားတစ်ခုတည်းဖြင့်ပင် သုံးယောက်လုံးကို အားကုန်သွားစေသည်။ ယခုတွင်မူ မိမိတို့ထက်နာမည်ကြီးပြီး အားကောင်းသောမီစစ်ယွမ် မည်သို့ရှုံးသွားသည်ကို သိလိုက်ကြသည်။ ချူးယွင်ဖန်းက ကြောက်စရာကောင်းလွန်းလှသည်။
မိမိတို့ကိုသာ နောက်ထပ်အခွင့်အရေးပေးပါလျှင် ထိုသွေးအိုင်ထဲတွင်မရပ်မိစေရန် ရွေးချယ်မိမည်သာ ဖြစ်သည်။ အကျိုးအမြတ်အတွက် အသက်ကို စွန့်စားခဲ့ကြသည်။ သို့သော်လည်း ယခုတွင်မူ ရွေးချယ်စရာမရှိဘဲ တိုက်ခိုက်နေကြရသည်။
ဘုန်း
ဓားအလင်းက အဝါရောင်ပဝါစကို ပိုင်းဖြတ်လိုက်ပြီး ကြောက်စရာကောင်းသောလေက ဝှေ့ခနဲတိုက်ခတ်သွားသည်။ နှစ်ဖက်လုံးက ရွှေအမတေများဖြစ်သောကြောင့် စွမ်းအားဒီရေလှိုင်းက ထွက်လာပြီး အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားတော့သည်။
ကောင်းကင်တစ်ခွင်လုံး တုန်လှုပ်သွားတော့သည်။အားလုံးသည် တိုက်ခိုက်မှု၏အလယ်၌ ကြောက်စရာကောင်းသောစွမ်းအားကို တွေ့လိုက်ရသည်။
ထိုအမျိုးသမီးက သွေးများအန်လာသည်။ မျက်နှာက ချက်ချင်းပင် ဖျော့တော့သွားသည်။ ချူးယွင်ဖန်းနှင့်တိုက်ခိုက်လိုက်ရသည့်အတွက် ကြီးကြီးမားမားထိခိုက်သွားသည်မှာ သေချာသည်။
"အား...."
အမျိုးသမီးက နောက်ဆုံးတွင် ခံနိုင်ရည်မရှိတော့ပေ။ နာကျင်လွန်းသဖြင့် အော်မိကာ နောက်ဆုတ်သွားလေသည်။
သူမ၏ရှေ့၌ အဝါရောင်ပဝါက နှစ်ပိုင်းပြတ်သွားသည်။ ဝိညာဉ်လက်နက်များဖြင့် အားအပြည့်တိုက်ခိုက်မှုကိုခံနိုင်သော သူမ၏လက်နက်သည်လည်း ချူးယွင်ဖန်းဓားချက်ကြောင့် တစ်စစီဖြစ်သွားရသည်။ အံ့ဩတုန်လှုပ်မှုများ အဆုံးမသတ်ခင်တွင် ဓားအလင်းတန်းက ကောင်းကင်မှကျရောက်လာပြီး ထိုအမျိုးသမီးရှေ့သို့ ရောက်လာသည်။
ရွှက်...
အမျိုးသမီးမှာ ရှောင်ချိန်မရလိုက်ပေ။ သို့သော်လည်း သူမသည် ချူးယွင်ဖန်း၏အငွေ့အသက်ဖြင့် ပိတ်လှောင်မိနေသဖြင့် ထပ်မံ၍မခုခံနိုင်တော့ပေ။ ဓားကြောင့် ထက်ပိုင်းပြတ်သွားကာ ချက်ချင်းသေသွားလေသည်။
ချူးယွင်ဖန်းက ချက်ချင်းပင် ထိုအမျိုးသမီး၏အလောင်းကို ကန်လွှတ်လိုက်သည်။ ကောင်းကင်မှ သွေးမိုးများ ရွာကျလာပြီး ဗြဟ္မသစ်ပင်ထဲသို့ ဝင်သွား၏။ ဖြစ်သည်က အချိန်ကြာသည်ဟု ထင်ရသော်လည်း မိနစ်လေးအတွင်းသာ ဖြစ်သွားခြင်း ဖြစ်သည်။ မိမိတို့အပေါင်းအဖော်က ဆိုးဆိုးဝါးဝါးသေသွားရပြီး ခံစစ်လည်း ပျက်သွားပြီကို မြင်လိုက်ရသဖြင့် ကျန်သောနှစ်ယောက်က ပျာယာခတ်သွားကြသည်။ သို့သော်လည်း ထိုသူများက အကြင်မဲ့သောသူများသာဖြစ်သည်။ သေမည်ကို စောင့်နေကြမည့်သူများမဟုတ်ပေ။
နှစ်ဦးသား အပြန်အလှန်ကြည့်လိုက်ပြီး အံကြိတ်လိုက်သည်။ ပြန်ဆုတ်ရမည့်အစား ချူးယွင်ဖန်းကို ပြန်တိုက်ခိုက်ကြသည်။ ခုခံမည့်အစား တိုက်ခိုက်သည့်နည်းဗျူဟာကို သုံးသည်။ သူတို့အတွက် စစ်မှန်သောခုခံမှုကသာ သေခြင်းတရားအတွက် ထိုက်တန်ပေမည်။ ချူးယွင်ဖန်းကို ယှဉ်ရန်က မဖြစ်နိုင်သောကြောင့် အဖော်ဖြစ်သူသေဆုံးသွားခြင်း မိမိတို့၏အကြံဉာဏ်က မှားယွင်းနေကြောင်း ထောက်ပြနေပေသည်။ ခုခံမည့်အစား တိုက်ခိုက်ခြင်းကသာ တစ်ခုတည်းသောမျှော်လင့်ချက်ဖြစ်သည်။ သူတို့၏တိုက်ခိုက်မှုများက ဒီရေလှိုင်းနှင့်တူလှသည်။ သို့သော်လည်း မိမိတို့ပေါင်းတိုက်လျှင်လည်း အရာမထင်သည်ကို နားလည်ထားကြသည်။ မိမိတို့ရှေ့တွင် သေဆုံးသွားသောအမျိုးသမီးနှင့်ယှဉ်လျှင် ချူးယွင်ဖန်း၏ခုခံမှုက လွန်စွာအားကောင်းလှပေသည်။