← Chapters

ပုံစံမဲ့ဂိုဏ်း၏နျူးကလီးယားပေါက်ကွဲမှုကြီး

Vol. 89 Ch. 1325

ပုံစံမဲ့ဂိုဏ်း၏နျူးကလီးယားပေါက်ကွဲမှုကြီး

Vol. 89 Ch. 1325

"သေစမ်း..."

နောက်ဆုံးတွင် ချူးယွင်ဖန်းဆိုသောကောင်လေးကို ထိုးဖောက်၍မရနိုင်သည်ကို သဘောပေါက်သွားကြပြီး ယခင်က မိမိတို့တွေးထားခဲ့သည်နှင့် တခြားစီဖြစ်နေသည်။ ခံစစ်ဖြစ်စေ ထိုးစစ်ဖြစ်စေ ချူးယွင်ဖန်းကို နိုင်နိုင်ရန် အခွင့်အရေးမရှိပေ။ ချူးယွင်းဖန်းဖြင့်မျက်မြင်ကိုယ်တွေ့ တွေ့လိုက်ရသောအခါ၌ လန့်ဖျပ်သွားကြသည်။ မိမိတို့၏တိုက်ခိုက်မှုများက ချူးယွင်ဖန်း၏ခုခံမှုကို မဖြတ်ကျော်နိုင်ပေ။ နည်းနည်းလေးပင်မခြိမ်းခြောက်နိုင်ပေ။ ယခင်ကမူ ချူးယွင်ဖန်းကို တားနိုင်ကြမည်ဟု တွေးထားခဲ့သည်။ ယခုတွင်မူ မိမိတို့ဦးနှောက်မရှိသည်ကို သိလိုက်ကြရ၏။ သို့သော်လည်း နောက်ကျသွားချေပြီ။

သူတို့၏မျက်လုံးထဲတွင် ချူးယွင်ဖန်းသည် ရွှေရောင်တောင်ပံနှင့်ဂဠုန်ငှက်ကြီးအသွင်ပြောင်းသွားကာ ရွှေရောင်အလင်းတန်းတစ်ခုဖြင့် တိုက်ခိုက်တော့သည်။

ဂါရုဒါလက်သီးချက်ပင်ဖြစ်သည်။

မြန်ဆန်လွန်းလှသည်။

ရွှေရောင်အလင်းတန်းက ကောင်းကင်တွင် လင်းလက်သွားပြီး ကလေးပုံစံရွှေအမတေကို ထိမှန်သွားသည်။ ထိုသူသည်လည်း ရှောင်ချိန်မရလိုက်သဖြင့် ချူးယွင်ဖန်း၏လက်သီးချက်ကြောင့် ပေါက်ကွဲထွက်သွားလေတော့သည်။ အဖြစ်အပျက်က မြန်ဆန်လွန်းလှပေသည်။

ချူးယွင်ဖန်းသည် ကလေးနှင့်တူသော ရွှေအမတေကို လက်သီးတစ်ချက်တည်းဖြင့် အစိတ်စိတ်အမွှာမွှာပိုင်းပစ်လိုက်သည်။ အားလုံးတုံ့ပြန်ချိန်ပင် မရလိုက်ပေ။

တစ်ချက်ကို တစ်ယောက်သတ်သလိုပင်။ လက်သီးတစ်ချက်ကို တစ်ယောက်စာဖြစ်သည်။

"မြန်လွန်းတယ်။ ပြန်တုံ့ပြန်ဖို့တောင် အချိန်မမီလိုက်ဘူး။"

ခပ်လှမ်းလှမ်းမှ ကြည့်နေသူများကြားတွင် ဝင်တိုက်ရန်ချောင်းနေသည့် ရွှေအမတေများ ရှိသည်။ သို့သော်လည်း ထိုသူများသည် ချူးယွင်ဖန်း၏လက်သီးချက်ကို မမြင်လိုက်ပေ။ ဖျပ်ခနဲရွှေရောင်အလင်းတန်းကိုသာ တွေ့လိုက်ရပြီး မိမိတို့ထက်ပင်အားကောင်းသည့် ထိုကလေးသည် ချူးယွင်ဖန်း၏လက်ချက်ဖြင့် တစ်စစီဖြစ်သွားရသည်။ အများစုက ချူးယွင်ဖန်း၏ကြောက်စရာကောင်းသောအင်အားကြောင့် တုန်လှုပ်သွားကြသည်။ သူသည် ရွှေအမတေတစ်ယောက်ကိုပင် အလွယ်တကူသတ်နိုင်သော နတ်ဆိုးဘုရင်ဖြစ်သည်။ လူအများ၏မျက်လုံးထဲတွင်မူ ရွှေအမတေများက ကောင်းကင်မှနတ်ဘုရားများနှင့်တူသည်။ သို့သော်လည်း ထိုနတ်ဘုရားများကို ချူးယွင်ဖန်းက လက်သီးတစ်ချက်တည်းဖြင့် သုတ်သင်ပစ်နိုင်၏။ ပြန်တိုက်ခိုက်ရန်အခွင့်အရေးပင်မရလိုက်ကြပေ။

ထိုအချိန်၌ နောက်ဆုံးကျန်ခဲ့သော သက်လတ်ပိုင်းလူကြီးသည် အံ့ဩတုန်လှုပ်သွားဟန်တူသည်။ မိမိရှေ့မှလူက မကောင်းဆိုးဝါးမဟုတ်သည်ကို မသေချာတော့ပေ။

"မကောင်းဆိုးဝါး"

သက်လတ်ပိုင်းလူက အော်ဟစ်ကာပြေးထွက်သွားတော့သည်။

မည်သို့နေရဲတော့မည်နည်း။

အစက ဆုတ်ရန်ပြင်ထားသော်လည်း မကြာခင်တွင်ပင် မိမိရှေ့၌ပင် အပေါင်းအဖော်နှစ်ယောက်က သေသွားကြသည်။

ဝှစ်

လျှပ်တစ်ပြက်အတွင်းပင် သက်လတ်ပိုင်းလူက မီတာတစ်ထောင်အဝေးသို့ ထွက်ပြေးသွားတော့သည်။ ချူးယွင်ဖန်းလက်ချက်မှလွတ်ရန် သွေးအဆီအနှစ်အားလုံးကို စွန့်လွှတ်ပြီး ထွက်ပြေးသွားခြင်းဖြစ်သည်။

သို့သော်လည်း ချူးယွင်ဖန်းနောက်ကလိုက်သည်မှ မည်သို့လွတ်နိုင်မည်နည်း။

ချူးယွင်ဖန်း၏နောက်ကျောဘက်မှ အလင်းတန်းတစ်စုံထွက်ပေါ်လာပြီး ထိုလူကို မိသွားလေသည်။ သက်လတ်ပိုင်းလူ၏အမြန်နှုန်းက လွန်စွာမြန်လှသော်လည်း ချူးယွင်ဖန်းဖြင့် ရင်ဆိုင်ရသောအခါတွင် ရွေးချယ်စရာမရှိတော့ပေ။ မိသာသွားရသည်။

သက်လတ်ပိုင်းလူက မိမိနောက်မှလေဖျပ်ခနဲတိုက်ခတ်သွားသည်ကို ခံစားမိသည်။ လှည့်ကြည့်လိုက်သောအခါ၌ ချူးယွင်ဖန်းသည် မိုးကြိုးစွမ်းအားဖြင့်ပြုလုပ်ထားသည့် ဓားတစ်ချောင်းကိုင်ကာ မိမိအားခုတ်ပိုင်းပစ်လိုက်သည်ကိုသာ မြင်လိုက်ရတော့သည်။

"မဖြစ်နိုင်ဘူး။"

မိမိမှာ ရှိသမျှအစွမ်းကုန်ကြိုးစားခဲ့ရသဖြင့် ချူးယွင်ဖန်းနောက်မှလိုက်ခြင်းမှလွတ်မည်ဟု မထင်ထားခဲ့မိ‌ပေ။

ဝှစ်

ဓားအလင်းဖြာကျလာသည်နှင့် သက်လတ်ပိုင်းလူက နှစ်ပိုင်းပြတ်သွားကာ နေရာတွင်ပင် သေပွဲဝင်ရတော့သည်။ ချူးယွင်ဖန်းက သုံးယောက်လုံးဖြင့် တိုက်ခိုက်ခဲ့ပြီး လျှပ်တစ်ပြက်စာအချိန်အတွင်း၌ပင် သုံးယောက်လုံး သေသွားရသည်။ ထိုသို့သတ်ဖြတ်နိုင်စွမ်းမျိုးက အံ့ဩတုန်လှုပ်စရာကောင်းလှသည်။

အားလုံးက မိမိရှေ့မှ မြင်ကွင်းကို ကြောင်ကြည့်နေကြမိသည်။

"မြန်လိုက်တာ။"

"သူတို့က ပြိုင်ဘက်မဟုတ်ဘူး။ ချူးယွင်ဖန်းက ကောင်စီရှေ့မှာတောင် သက်ညှာဖို့ရည်ရွယ်ချက်မရှိဘူးပဲ။"

"အမှန်ပဲ။ ချူးယွင်ဖန်းက ကောင်စီနဲ့ ထိပ်တိုက်တွေ့ဖို့ စီစဉ်ထားတာပဲ။"

"ဒါပေမဲ့ အဲ့လိုဆိုရင်တောင်မှ ပုံစံမဲ့ဂိုဏ်းကို ချေမှုန်းဖို့ကတော့ မဖြစ်နိုင်ဘူး။ ပုံစံမဲ့ဂိုဏ်းမှာက အစီအရင်တွေကလည်း မရေမတွက်နိုင်လောက်အောင် ရှိတာ။ အများစုကို ရွေအမတေအဆင့်တွေက ပြင်ထားတာ။ ချူးယွင်ဖန်းက သူ့အားသူကိုးတယ်တယ်ဆိုရင်တောင်မှ သူတို့ကို နိုင်ဖို့ဆိုတာ တစ်လလောက်တော့ အချိန်ယူရမှာ။"

လူများစွာက ချူးယွင်ဖန်း၏ကြောက်စရာကောင်းလှသောအင်အားကြောင့် တုန်လှုပ်သွားကြသော်လည်း ချူးယွင်ဖန်းက ပုံစံမဲ့ဂိုဏ်းကို တိုက်နိုင်မည်လားကမူ မသေချာပေ။ ထိုသည်မှာ မသေချာသောကိစ္စပင် ဖြစ်၏။

ချူးယွင်ဖန်းက ကျွမ်းကျင်သူသုံးဦးကို တစ်ပြိုင်နက်တည်းသတ်နိုင်မည်ဆိုလျှင် အကဲဖြတ်မှုက ပြောင်းလဲမည်မဟုတ်ပေ။ လူသုံးယောက်ကို သတ်ပြီးနောက်တွင် ချူးယွင်ဖန်းသည် ပုံစံမဲ့ဂိုဏ်း၏တောက်‌လောင်နေသောအကြည့်အောက်မှ ထွက်ပြေးသွားတော့သည်။ အားလုံးက သူဘာလုပ်နေသည်ကို သိချင်ကြသည်။

စစ်သည်ထောင်ချီဆင့်ခေါ်ဖို့ သယ်ယူပို့ဆောင်ရေးအစီအရင်ပဲ ချတော့မလို့လား။

ထိုအတွေးက ပုံစံမဲ့ဂိုဏ်းတွင်ရှိသောသူအားလုံး၏စိတ်၌လည်း ပေါ်လာသည်။

"သူဘာလုပ်ချင်နေတာလဲက ကိစ္စမရှိဘူး။ ငါတို့သာ အစီအရင်နဲ့ ဖွဲ့စည်းပုံအခင်းအကျင်းကို စောင့်ရှောက်နိုင်ရင် သူလည်း အလျင်စလိုလုပ်ရဲမှာမဟုဘူး။ ဘာမှကြောက်စရာမရှိဘူး။"

"အမှန်ပဲ။ သူက ရွှေအမတေဖြစ်နေတော့‌ရော။ ငါတို့သာ ကိုယ့်နေရာမှာကိုနေရင်ရပြီမလား။"

"သွေးဘုရင်ထွက်လာတဲ့အထိ တောင့်ခံထားနိုင်ရင် ချူးယွင်ဖန်းတော့ အသေပဲ။"

ပုံစံမဲ့ဂိုဏ်းမှ ကျွမ်းကျင်သူများက အချင်းချင်း အားပေးနေကြသည်။ ထို့နောက်တွင် ချူးယွင်ဖန်းက လက်ကိုဝှေ့ယမ်းလိုက်ပြီး လွန်စွာထူးဆန်းသောအသုံးအဆောင်တစ်ခုပေါ်လာသည်။ အဆပေါင်းများစွာကြီးသည့်ပျားအုံကြီးနှင့််တူသည်။ ပျားအုံကြီးတွင် ပြွန်အရှည်ကြီးများပါပြီး လူတစ်ယောက်စာထူသည်။

ဝှစ်

ဝှစ်

ဝှစ်

ထိုအချိန်တွင် လေကိုဆုတ်ဖြဲသွားသောအသံက ထွက်ပေါ်လာသည်။ ချက်ချင်းဆိုသလိုပင် ထိုပြွန်အရှည်ကြီးများမှ မီးတောက်များမှုတ်ထုတ်လိုက်ပြီး ပုံစံမဲ့ဂိုဏ်းဆီသို့ မီးမုန်တိုင်နှယ် တိုက်ခိုက်တော့သည်။

"အန္တရာယ်လာနေပြီ။"

ရာပေါင်းများစွာသောပြွန်ရှည်များ အသက်ဝင်လာသည်နှင့် နတ်အဆင့်နှင့်အထက် ကျွမ်းကျင်သူများက အန္တရာယ်ကို အာရုံခံမိသည်။ သေခြင်းတရားက နီးကပ်လာသည်ကို ခံစားမိကြပေသည်။ ရှင်းမပြတတ်သောအန္တရာယ်က မည်သည့်အရပ်က ရောက်လာသည်ကိုမူ မသိပေ။ သို့သော်လည်း ထိုသူများသည် ဆဌမအာရုံကို ယုံကြည်ထားသဖြင့် ထွက်ပြေးရန် ကြိုးစားကြတော့သည်။ သို့သော်လည်းမည်မျှပင် ပြေးသော်လည်း သေခြင်းတရား၏ခြိမ်းခြောက်မှုက ပျောက်ကွယ်မသွားပေ။

ဘုန်း ဘုန်း ဘုန်း

ကြီးမားလှသောမှိုပွင့်ပုံတိမ်တိုက်များသာ ဖြည်းဖြည်းချင်း ထွက်ပေါ်လာလေ၏။

All Chapters