← Chapters

ပုံစံမဲ့ဂိုဏ်းကို ဖျက်ဆီးခြင်း

Vol. 89 Ch. 1326

ပုံစံမဲ့ဂိုဏ်းကို ဖျက်ဆီးခြင်း

Vol. 89 Ch. 1326

ခပ်လှမ်းလှမ်း၌ မရေမတွက်နိုင်သောလူများစွာသည် ဖျော့တော့သောမျက်နှာပေးဖြင့် ထိုမြင်ကွင်းကို ငေးကြည့်နေကြသည်။ ကြောင်အမ်းလွန်းသဖြင့်မည်သို့မှပင် မတုံ့ပြန်နိုင်တော့ပေ။ သူတို့သည် ယခင်က ထိုမြင်ကွင်းမျိုးကို တစ်ခါမှမမြင်ဖူးခဲ့သောကြောင့် ခပ်လှမ်းလှမ်းမှမြင်ကွင်းသည် အလန့်တကြားဖြင့် လူကိုကြောင်သွားစေမိသည်။ မိမိတို့သည် ကောင်းကင်တွင် လွင့်မျောနေသော်လည်း လေထုထဲ၌ ပျံ့နှံ့နေသည့်ကြောက်စရာကောင်းသည့်အင်အားကို ခံစားမိနေသည်။ ခပ်လှမ်းလှမ်းရှိ ပုံစံမဲ့ဂိုဏ်းအထက်၌မူ နေမင်းကုဋေကုဋာကတစ်ပြိုင်နက်ထွန်းလင်းနေသည်ဟု ခံစားရစေသည်။ အားလုံးက နတ်စွမ်းအာအဆင့်ကျွမ်းကျင်သူများဖြစ်ကြသော်လည်း ချက်ချင်းပင် တောက်ပလွန်းသောအရောင်ကြောင့် မျက်စိကန်းသွားကြသည်။

အဆုံးမရှိသောပေါက်ကွဲအားကအရာအားလုံးကို စုတ်ဖြဲပစ်ကာ ပျောက်ကွယ်သွားစေသည်။ ထိုသူတို့၏မျက်လုံးထဲ၌ မြေကြီးတစ်ခုလုံးက ပြိုကျလာသည်။ မူလက ပုံစံမဲ့ဂိုဏ်းကို ကာရံထားသောတောင်တန်းများက မြေကြီးထိနစ်မြုပ်သွားကာ တောင်ထိပ်များသည်ပင် တစ်စစီဖြစ်သွားရသည်။ ပေါက်ကွဲခြင်း၏နောက်ဆက်တွဲအားက ပြင်းထန်လွန်းလှပြီး ကမ္ဘာကြီးအဆုံးသတ်ကို ရောက်သွားသည်နှင့်ပင်တူသည်။

"ဒါဘာနည်းလမ်းလဲ။"

အတော်ကြာပြီးမှ တစ်ယောက်ယောက်က အလန့်တကြားဖြင့် ထမေးလိုက်သည်။

ချူးယွင်ဖန်းသည် ကျွမ်းကျင်သူသုံးယောက်ကို သတ်လိုက်စဉ်က ထိုမျှထိမအံ့ဩသေးပေ။ သုံးယောက်ကိုသတ်လိုက်ခြင်းက မိမိတို့နားလည်နိုင်စွမ်းထက် မကျော်လွန်သေးပေ။ သို့သော်လည်း နျူးကလီးယားဗုံးပေါက်သကဲ့သို့ ကြောက်စရာကောင်းသောမြင်ကွင်းမျိုး ဖြစ်ပေါ်လာစေသည့်အခါတွင်မူ အားလုံးကြောင်သွားကြတော့သည်။ ထိုမြင်ကွင်းက မိမိတို့နားလည်နိုင်စွမ်းထက် များစွာ ကျော်လွန်နေသည်။ မိမိတို့သိသမျှထဲတွင် ထိုသို့ကိစ္စမျိုး မဖြစ်ဖူးပေ။ ကြောက်စရာကောင်းသောအားက ဂိုဏ်းတစ်ခုလုံးကို ညတွင်းချင်းဖျက်စီးပစ်တော့သည်။

"အခု ချူးယွင်ဖန်းရဲ့ ဝှက်ဖဲကဘာလဲဆိုတာ သိလိုက်ပြီ။"

"သူ‌က ကောင်စီရဲ့ထုတ်ပြန်ချက်တွေအားလုံးကို လျစ်လျူရှုထားနိုင်တာ အံ့ဩစရာတော့မရှိပါဘူး။ ပုံစံမဲ့ဂိုဏ်းက ဖုံးကွယ်ထားချင်တယ်ဆိုရင်‌တောင်မှ ဒီလိုမျိုး အဖျက်အဆီးစွမ်းအားမျိုးနဲ့သာဆို သူတို့လည်း တစ်ချက်‌‌တောင် ခံနိုင်ရည်ရှိမှာမဟုတ်ဘူး။"

"ဒါက ဘယ်လိုမှော်လက်နက်မျိုးပါလိမ့်။ ဒီလောက်စွမ်းအားကြီးတာ။"

လူတော်တော်များများ ကြောင်သွားကြသည်။ မိမိတို့မျက်စိရှေ့မှ ထိုအဖျက်အဆီးစွမ်းအားအကြောင်းကို စဉ်းစားနေမိဆဲဖြစ်ပြီး ချူးယွင်ဖန်းက မည်သို့သောမှော်လက်နက်မျိုူး သုံးလိုက်သည်ကိုမသိကြပေ။ ချူးယွင်ဖန်းထုတ်ခဲ့ဖူးသောမှော်လက်နက်များနှင့်စာလျှင် တဝေ၏မှော်လက်နက်များက ဘာမှမဟုတ်ပေ။ နျူးကလီးယားဗုံးဖောက်ခွဲလိုက်သကဲ့သို့ပင် ရန်သူသန်းချီပြီး သတ်ပစ်နိုင်သည်။ ထိုမျှကြီးမားသောပေါက်ကွဲမှုမျိုးနှင့် ရင်ဆိုင်ကြရသည့်အခါတွင် ရွှေအမတေအဆင့်ဆိုလျှင်ပင် လွတ်မြောက်မည်မဟုတ်ပေ။ အထူးသဖြင့် လွန်စွာနီးကပ်သောအကွာအဝေးအတွင်း၌ ဖြစ်သည်။ အလှမ်းဝေးလျှင်ပင် လွတ်မြောက်နိုင်မည်မဟုတ်ပေ။

ဘယ်သူက ခံနိုင်ရည်ရှိမှာတဲ့လဲ?

"မဟုတ်သေးဘူး။ ဒါက မှော်လက်နက်မဟုတ်လောက်ဘူး။ စောနက နတ်စွမ်းအားအတက်အကျမျိုးကို မခံစားမိဘူး။ ဒီတိုင်း လက်နက်တစ်ခုပဲဖြစ်ရမယ်။"

ရွှေအမတေတစ်ယောက်က ချက်ချင်းပင် သတိထားမိကာ ပြောလိုက်သည်။

သို့သော်လည်း ထိုသို့ပြောပြီးနောက်တွင် ပို၍ပင် မဖြစ်နိုင်သေးဟု ခံစားမိသည်။

ဘယ်လိုမှော်လက်နက်ကများ ဒီလောက်ကြောက်စရာကောင်းတဲ့စွမ်းအားမျိုး ရှိနေရတာလဲ။

တဝေတွင် ထိုသို့လက်နက်မျိုး မရှိပေ။ မိမိတို့သိထားသောအရာများဖြင့် လွန်စွာကွာခြားလွန်းနေသည်။ မိမိတို့နားလည်နိုင်‌သောကိစ္စမျိုး မဟုတ်တော့ပေ။

ရှေးဟောင်းလူသားများက နျူးကလီးယားပေါက်ကွဲမှုကို နားမလည်နိုင်သည်နှင့်အတူတူပင်ဖြစ်သည်။ မိမိတို့လူမှုအဖွဲ့အစည်းက နိမ့်ကျလွန်း၍မဟုတ်ဘဲ မတူညီသောလူအဖွဲ့အစည်းလမ်းကြောင်းတစ်ခုပေါ်တွင် လျှောက်လှမ်းနေခြင်းဖြစ်သဖြင့် လောကကြီးသိပ္ပံပညာနှင့် လွန်စွာအလှမ်းကွာနေသည်။

ခပ်လှမ်းလှမ်းတွင် ရပ်နေသော ချူးယွင်ဖန်းကို မြင်ကြသော်လည်း ယခင်ကကဲ့သို့ပင် ရဲရဲဝံ့ဝံ့ပင် မကြည့်ရဲကြတော့ပေ။

အဲ့လူမှာ ဝှက်ဖဲဘယ်လောက်တောင်ရှိသေးတာလဲ။

သူထုတ်ပြရင်‌တောင်မှ လူဘယ်နှစ်ယောက်လောက်က အဲ့လက်နက်ကို သိမှာလဲ?

ထိုအချိန်၌ နျူးကလီးယားပေါက်ကွဲမှုမှထွက်လာသော မှိုပွင့်ပုံတိမ်တိုက်များ တဖြည်းဖြည်းပျောက်ကွယ်သွားသည်ကို ထိုသူများက ကြည့်နေကြသည်။ ပုံစံမဲ့ဂိုဏ်းတစ်ခုလုံး ပျောက်သွားလေပြီ။

ဝိညာဉ်နယ်မြေသည် ထိုသို့တိုက်ခိုက်မှုကို မခံရဖူးသည့်အတွက် နျူးကလီးယားဗုံးတိုက်ခိုက်မှုအတွက် ရေးဆွဲထားသောအစီအရင်မျိုး မချထားပေ။ နျူးကလီးယားဗုံးတိုက်ခိုက်မှုအတွက် လုပ်ထားခြင်းမဟုတ်ဘဲ အခြားသောမှော်လက်နက်တိုက်ခိုက်မှုအတွက်သာ အစီအရင်များ ချထားခြင်းဖြစ်သည်။

ပုံစံမဲ့ဂိုဏ်းသည် နျူးကလီးဗုံး၏အရသာကို ပထမဆုံးမြည်းစမ်းလိုက်ရသည့် ဝိညာဉ်နယ်မြေမှ ပထမဆုံးဂိုဏ်းဖြစ်လာသည်။ နျူးကလီးယားဗုံးရာချီက နယ်မြေတစ်ခုလုံးကို ဖုံးအုပ်သွားပြီး မြို့ငယ်‌လေးသဖွယ်နေရာယူထားသည့် ပုံစံမဲ့ဂိုဏ်းလေးသည် လုံးဝပင်ပျက်စီးပျောက်ကွယ်သွားရတော့သည်။

တောင်ထိပ်များက အချပ်လိုက်ဖြစ်သွားပြီး မြေကြီးကလည်း အမှုန့်ဖြစ်သွားသည်။ ကြည့်လိုက်လျှင် လှသည်ဟု ထင်ရသော်လည်း အထဲတွင်ရှိသောသူများအတွက်မူ ကယောင်ချောက်ချားဖြစ်စေသည်။ နျူးကလီးယားဗုံး၏ ကြောက်စရာကောင်းသည့်အပူချိန်က လုံးဝပင် ၎င်းတို့ကို အငွေ့ပျံသွားစေသည်။

"ဒါက ငရဲခန်းပဲမဟုတ်လား။"

အချို့သူများက အံ့ဩမှင်တက်နေမိကြသည်။ မျက်စိရှေ့မှမြင်ကွင်းက ဒဏ္ဍာရီငရဲမျိုးနှင့်တူသည်။

ချူးယွင်ဖန်းတစ်ယောက်ကမူ မိမိရှေ့မှမြင်ကွင်းကို မထုံတတ်သေးဖြင့် ကြည့်နေသည်။ ထိုမျှထိအားပြင်းသောနျူးကလီးယားဗုံးဖောက်ခွဲမှုက တဝေမှကျွမ်းကျင်သူများကို တုန်လှုပ်သွားစေသော်လည်း သူ့အတွက်မူ ဘာမှမဟုတ်ပေ။ ချူးယွင်ဖန်းနေထိုင်ခဲ့သောနေရာတွင် အားလုံးက နျူးကလီးယားဗုံးကို သုံးကြသည်။ နျူးကလီးယားဗုံးကို အချိန်မရွေးသုံးနိုင်ကြပြီး လမ်းကြောင်းတစ်ခုဖွင့်ပေးနိုင်သည်။ ဆုံးရှုံးမှုများကို လျော့ချရန်အတွက် ဖြစ်၏။

ထိုနည်းလမ်းက ပြောင်မြောက်သောနည်းလမ်းမျိုး မဟုတ်ပေ။ အမှန်တွင် ရိုးရှင်းပြီးရက်စက်သည်ထက် မပိုပေ။ နျူးကလီးယားဗုံးကို အားကိုးပြီး ရန်သူကို ဖယ်ရှားလိုက်ခြင်းသာ ဖြစ်သည်။

ချူးယွင်ဖန်းက ခွင်းလွန်းနယ်မြေမှ မထွက်မလာခင်တွင် တောတောင်မြစ်ချောင်းပန်ချီးကားနှင့်အတူ နျူးကလီးယားဗုံးအချို့ပါ သယ်လာသည်။ ကြီးမားလှသည့် နျူးကလီးယားဗုံးကြီးများကမူ ကြီးမားလွန်းပြီး သယ်ရန်လည်း အဆင်မပြေပေ။ ထို့အပြင် တိုက်ခိုက်သည့်နည်းလမ်းက ရှုပ်ထွေးသည်။ စနစ်တစ်ခုလုံးဖြင့် လုပ်‌ဆောင်ရန်လိုအပ်ကာ လူတစ်ယောက်တည်းဖြင့် မလုပ်နိုင်ပေ။ ထိုသည်မှာ သိပ္ပံပညာနှင့် သိုင်းပညာ၏ခြားနားချက်သာဖြစ်သည်။ သိုင်းပညာက တစ်ကိုယ်ရည်စွမ်းအားကို အသားပေသည်။ လူတစ်ယောက်တည်းဖြင့် တစ်လောကကလုံးကို ဖျက်စီးပစ်နိုင်သော်လည်း သိပ္ပံပညာကမူ စုပေါင်းအင်အားကို လိုအပ်သည်။ စုပေါင်းအင်အားသာမရှိလျှင် သိပ္ပံပညာ၏စွမ်းအားက စိတ်မကူးကြည့်နိုင်သောအတိုင်းအတာအထိ အားနည်းသွားနိုင်သည်။ ချူးယွင်ဖန်း၏ နျူးကလီးယားဗုံး၏စည်းကမ်းကို သိထားခြင်းသာဖြစ်သည်။ တက္ကသိုလ်တွင်သင်ခဲ့ဖူးသောပညာများဖြင့် နျူးကလီးယားဗုံးဖန်တီးနိုင်သည်။ သို့သော်လည်း နျူးကလီးယားဗုံးလုပ်ရန် အခြေခံပစ္စည်းများမှစတွက်လိုက်လျှင် ရှုပ်ထွေးပြီးကြီးမားသောလုပ်ငန်းစဉ်ကြီးဖြစ်သည်။ အခြေခံတည်ထောင်ခြင်းလုပ်ငန်းမှစပြီး ရေးခြစ်ရမည်ဖြစ်ကာ လုပ်ငန်းတစ်ခုလုံးကလည်း အချိန်အတိုင်းအတာတစ်ခုထိ ကြာနိုင်သည်။ တစ်ယောက်တည်းအင်အားဖြင့် လုပ်ဆောင်ရန်မှာ မဖြစ်နိုင်ပေ။

ထို့ကြောင့် ချူးယွင်ဖန်းက နျူးကလီးယားဗုံးနည်းနည်းသာ သုံးခြင်းဖြစ်သည်။ မလိုအပ်လျှင် ထုတ်သုံးရန် ဆန္ဒမရှိပေ။ ထို့အပြင် ထိပ်တန်းကျွမ်းကျင်သူများဖြင့် ရင်ဆိုင်ရသောအခါတွင် အားထုတ်မှုက ထိုမျှလည်း အားကောင်းနေမည်မဟုတ်ပေ။ ဝေးနေလျှင် ထိုကျွမ်းကျင်သူများ ထွက်ပြေးသွားနိုင်သည်။ ထူးခြားသောအခြေအနေမျိုး၊ ထိုသို့ပတ်ဝန်းကျင်မျိုးတွင်သာ နျူးကလီးယားဗုံး၏အစစ်အမှန်အင်အားကို ပြသပေးနိုင်သည်။ သို့သော်လည်း မည်သို့ပင်ဆိုစေကာမူ ထိုတိုက်ပွဲ၏ရလဒ်သည်မူ လွန်စွာစိတ်ကျေနပ်စရာကောင်းလှပေသည်။

All Chapters