← Chapters

သွားမရှုပ်သင့်သောပုဂ္ဂိုလ်

Vol. 89 Ch. 1327

သွားမရှုပ်သင့်သောပုဂ္ဂိုလ်

Vol. 89 Ch. 1327

နျူးကလီးယားဗုံးရာချီက ပုံစံမဲ့ဂိုဏ်းကို အောင်မြင်စွာဖြင့် အပြတ်ရှင်းနိုင်ခဲ့သည်။ ထိုအကျိုးသက်ရောက်မှုက မေးခွန်းထုတ်စရာကောင်းကာ အားလုံးကို တုန်လှုပ်ခြောက်ခြားသွားစေသည်။ မြို့များနှင့်တိုင်းပြည်များကို ဖျက်ဆီးသည့်အကြောင်း အမြဲပြောနေတတ်ကြသည်။ သို့သော်လည်း ချူးယွင်ဖန်း၏ရာချီသောနျူးကလီးယားဗုံးများက အမှန်ပင် နေရာကို ပြာကျသွားစေသည်။ ပုံစံမဲ့ဂိုဏ်းက အပျက်အစီးပုံအဖြစ် ပြောင်းသွားရသည်။

တိုက်ပွဲ၏ရလဒ်က တဝေ၌ မိုးကြိုးအလင်းကဲ့သို့ လျင်မြန်စွာ ပျံ့နှံ့သွားသည။ ထိုတိုက်ပွဲ၏ရလဒ်က မရေမတွက်နိုင်သောလူများကို အံ့ဩတုန်လှုပ်သွားစေသည်။ ချူးယွင်ဖန်းနှင့်ပတ်သက်ပြီး အကောင်းမြင်သောသူများသည်ပင် တိုက်ပွဲက ထိုသို့ပုံစံမျိုးဖြင့် အဆုံးသတ်မည်ဟု ထင်မထားမိပေ။ ချူးယွင်ဖန်းက ပြောထားသည့်အတိုင်းပင် ပုံစံမဲ့ဂိုဏ်းကို ပြာချပစ်ခဲ့သည်။ ထိုဖြစ်စဉ်တွင် ရွှေအမတေသုံးဦးကို တစ်ဆက်တည်းသတ်လိုက်သည့်ကိစ္စပါ ပါသေးသည်။

ထိုကိစ္စမတိုင်ခင် ချူးယွင်ဖန်း၏လက်စားချေခြင်းကိစ္စသည် ရေရှည်ကိစ္စတစ်ခုဖြစ်မည်ဟု တွေးထားကြသည်။ ဖြည်းဖြည်းချင်းဖြင့်သာ ပုံစံမဲ့ဂိုဏ်းကို အမြစ်ဖြုတ်မည်ဟု ထင်ထားကြသည်။ အမှန်တွင် ချူးယွင်ဖန်းတစ်ယောက် ပုံစံမဲ့ဂိုဏ်းသို့ ချက်ချင်းသွားရှင်းသည်က စိတ်မရှည်လွန်းရာကျသည်ဟု လူများစွာ တွေးထားကြသည်။

ချူးယွင်ဖန်းက ဒီလောက်ထိရက်စက်မယ်လို့ ဘယ်သူထင်မှာလဲ။

သူသည် နည်းနည်းပေးပင် မတွန့်ဆုတ်ခဲ့ပေ။

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ သူဘယ်လိုလုပ်လိုက်တာလဲ။ သူ့အင်အားတစ်ခုတည်းနဲ့ ပုံစံမဲ့ဂိုဏ်းကို ဖျက်ဆီးပစ်တာလား။ ယုံတောင်မယုံနိုင်ဘူး။"

"ဒီလိုအရာမျိုးက လူလုပ်နိုင်တဲ့အရာမျိုးရော ဟုတ်လို့လား။ သူက ဘယ်လိုမှော်လက်နက်မျိုးကို သုံးလိုက်တာလဲ။"

"ဒါက ချူးယွင်ဖန်းရဲ့ဝှက်ဖဲပဲဖြစ်ရမယ်။ အံ့ဩစရာပဲ။ သူ့ကိုထောက်ပံ့ပေးနေတဲ့ အားကောင်းတဲ့ဂိုဏ်းတစ်ဂိုဏ်းရှိရမယ်။ မဟုတ်ရင် သူက ဘယ်လိုလုပ် ဒီလိုဝှက်ဖဲမျိုးရလာမှာတဲ့လဲ။"

လူများစွာက မယုံကြည်နိုင်စွာဖြင့် တုံ့ပြန်နေကြသည်။ အမှန်တွင် ထိုဖြစ်စဉ်ကိုလာကြည့်ကြသူများသဖြင့် အခြေအနေကို မျက်မြင်ကိုယ်တွေ့တွေ့သွားကြသည်။ တိုက်ပွဲတွင် ပုံစံမဲ့ဂိုဏ်းကတစ်ဦးတစ်ယောက်မှ ထွက်ပြေးလွတ်မြောက်နိုင်ခြင်းမရှိခဲ့ပေ။ အစကဂိုဏ်းကို ကာကွယ်ရန်သုံးထားသော အစီအရင်များထဲတွင် ပိတ်မိသွားကြပြီး လွတ်‌မြောက်ရန်က မဖြစ်နိုင်တော့ပေ။

တစ်နည်းဆိုရလျှင် လူနည်းနည်းလောက်သာ ပိတ်မိသည်ဆိုလျှင်လည်း လွတ်နိုင်မည်မဟုတ်ပေ။

တိုက်ပွဲပြီးနောက်တွင် ပုံစံမဲ့ဂိုဏ်းက အပျက်အစီးပုံအဖြစ်သာ ကျန်ရှိခဲ့တော့သည်။ ထိုသို့အခြေအနေမျိုးတွင် ကမ္ဘာတုန်လှုပ်မတတ်မြင်ကွင်းက မရေမတွက်နိုင်သောလူများစွာအတွက် သုတေသနပြုစရာဖြစ်လာသည်။ ချူးယွင်ဖန်းက မည်သို့နည်းလမ်းမျိုးသုံးလိုက်သည်ကို အားလုံးသိချင်နေကြသည်။ အတော်များများက ချူးယွင်ဖန်းထိ ထိုအတိုင်းအတာထိ လုပ်နိုင်မည်ဟု မထင်ထားကြသဖြင့် ထိုမြင်ကွင်းကိုကြည့်ကာ ‌ချွေးဇောပြန်နေကြသည်။ ကံကောင်းစွာဖြင့် ပုံစံမဲ့ဂိုဏ်းချေမှုန်းခံရခြင်းသာဖြစ်သည်။ ပုံစံမဲ့ဂိုဏ်းမဟုတ်ဘဲ မိမိတို့သာဆိုလျှင် ကပ်ဘေးတစ်ခုနှင့်ဝင်တိုးခြင်းသာ ဖြစ်ပေတော့မည်။

အမှန်တကယ်အံ့ဩတုန်လှုပ်သွားရသူများက အမတေကောင်စီအဖွဲ့ဝင်များပင် ဖြစ်ကြသည်။ အများစုက ထိုကိစ္စတွင် ဝင်စွက်ဖက်ပြီး အကျိုးအမြတ်ရချင်ခဲ့ကြသည်။ သို့သော်လည်း ချွေးဇောပြန်ခြင်းဖြင့်သာ အဆုံးသတ်သွားကြသည်။ ပိုပြီးအံ့ဩသွားကြသည်မှာ ချူးယွင်ဖန်း၌ ဂိုဏ်းတစ်ဂိုဏ်းလုံးကိုသုတ်သင်နိုင်သည့်အင်အားရှိနေခြင်းကိုသာဖြစ်သည်။ အားလုံး၏အမြင်၌ သူသည် ဂိုဏ်းကြီးတစ်ဂိုဏ်းနှင့် မခြားနားပေ။ ချူးယွင်ဖန်းသည် ဂိုဏ်းကြီးများမလုပ်နိုင်သည့်ကိစ္စမျိုးကိုပင် လုပ်လိုက်နိုင်သည်။

လူများသည် မိမိတို့၏သိလိုစိတ်ကို ဖိနှိပ်ထားကြရသည်။ အနည်းဆုံး၌ ချူးယွင်ဖန်း၏နျူးကလီးယားဗုံးက ဘယ်ကလာသ်ညကို မသိခင်တွင်ပင် မည်မျှထိ အဖျက်စွမ်းအားကြီးသည့်လက်နက်ဖြစ်သည်ကိုမူ သိလိုက်ကြသည်။ ချူးယွင်ဖန်းနှင့်ယွီဝမ်မျိုးနွယ်စုကြားကပဋိပက္ခကလည်း ပေါ်လာသည်။ ထိုမတိုင်ခင်က ချူးယွင်ဖန်းတွင်နိုင်ရန် အခွင့်အရေးမရှိဟုသာ အားလုံးက တွေးထားကြသည်။ ယခုတွင်မှ ချူးယွင်ဖန်းက ကြောက်စရာကောင်းလွန်းသည်ကို သိသွားကြသည်။ အားလုံး၏အမြင့်၌ ချူးယွင်ဖန်းသည် ထိုသို့လက်နက်မျိုးကို ပိုင်ဆိုင်ထားလျှင် ဘယ်အရာကိုမှ ဖြုံမည်မဟုတ်တော့ဟု တွေးထားကြသည်။ အနည်းဆုံး၌ အလွယ်လေးအနိုင်ယူရန်က မဖြစ်နိုင်တော့ပေ။

ထိုတိုက်ပွဲပြီးနောက်တွင် အစက တဝေတောင်ပိုင်းကို လွှမ်းမိုးထားသောကျုံးရှင်းမြို့ဝန်အိမ်တော်သည် ယခုတွင် အံ့ဩစရာကောင်းသောအရှိန်ဖြင့် ပို၍ပင် နယ်ချဲ့လာတော့သည်။ အားများစွာက အိမ်တော်ဖြင့် ပူးပေါင်းရန် ကမ်းလှမ်းလာကြသည်။ အလုပ်ကြိုးစားစားလုပ်နေရသူတစ်ဦးမှာ ချူးယောင်ဝေ့ပင်ဖြစ်သည်။ ထိုတိုက်ပွဲမှရလာသောအကျိုးအမြတ်များက အဆုံးမရှိပင်ဖြစ်သည်။ အိမ်တော်အရွယ်အစားဖြင့်ဆိုလျှင် အလုပ်များလွန်း၍ သေမည်ပင် စိုးရသည်။

ရက်ပိုင်းအတွင်း၌ပင် လူမျိုးစုံမှပို့ပေးလာသော အဆင့်နိမ့်ဝိညာဉ်ကျောက်တုံးကပင် သန်းငါးဆယ်ကျော်လာပြီဖြစ်သည်။ ချူးယောင်ဝေ့က ထိုအရာများကို မိမိအတွက်သာ သိမ်းထားခြင်းမဟုတ်ပေ။ ချူးယွင်ဖန်းက အိမ်တော်၏အင်အားကို တည်ထောင်ပေးထားသည်ကိုနားလည်သည်။ ထိုအရာများက ချူးယွင်ဖန်းအတွက်သာမဟုတ်လျှင် မြို့ဆင်ခြေဖုံး၌ ဓားပြတိုက်ခံရန်အတွက်စောင့်နေသည့် ရွှေတုံးများသာသာ သာဖြစ်ပေမည်။

ရင်လည်းရင်နာမိသကဲ့သို့ ဝမ်းလည်းဝမ်းသာမိသည်။ အိမ်တော်၏ပထမမျိုးဆက်တွင်ပင် ထိုမျှထိကောင်းမွန်သောအခြေအနေမျိုးကို စိတ်ကူးမယဉ်ခဲ့ဖူးပေ။ ထိုအနေထားကိုသာ ဆက်ထိန်းထားနိုင်လျှင် အိမ်တော်က အမြန်ပင် တိုးတက်လာမည်ဖြစ်သည်။ အပြင်၌ ချူးယွင်ဖန်းက ပို၍ကြမ်းတမ်းလာသည်ဟုသော ကောလာဟလများလည်း ထွက်နေသည်။ ဝိညာဉ်နယ်မြေ၌ မည်သူမှ နျူးကလီးယားဗုံးကို မမြင်ဖူးကြပေ။ နျူးကလီးယားဗုံး၏စွမ်းအားကို အားလုံးတုန်လှုပ်သွားကြသော်လည်း အရူးများမဟုတ်ကြပေ။ ဆန့်ကျင်ဘက်အနေဖြင့် အမြန်ပင် နျူးကလီးယားဗုံး၏လျို့ဝှက်ချက်ကို ရှာတွေ့သွားကြသည်။ နျူးကလီးယားဗုံး၏အင်အားက ရွှေအမတေကိုပင် သုတ်သင်နိုင်သောကြောက်စရာကောင်းသောအားမျိုးဖြစ်သည်။ ချက်ချင်းဆိုသလိုပင် မြို့တစ်မြို့ကို ဘာမှမရှိတော့သည့်အတိုင်း ပြာချပစ်နိုင်သည်။

သို့သော်လည်း ထိုကသာ အားနည်းချက်ကြီးဖြစ်နေသည်။ စွမ်းအားကကြီးလွန်းသဖြင့် အလွယ်တကူအသုံးမပြုနိုင်ပေ။ မဟုတ်လျှင် သတိထား၍သာသုံးလျှင် ဗုံးကိုသုံးသူကပါ တန်ပြန်တိုက်ခိုက်မှုကို ခံစားရမည်။ အကွာအဝေးကကွာဝေးလျှင် ရွှေအမတေတစ်ယောက်က နျူးကလီးယားဗုံးဆီမှထွက်ပြေးရန် အချိန်ရနိုင်သည်။ ထိုအကြောင်းကို နားလည်သွားကြပြီးနောက်၌ တဝေတွင် နျူးကလီးယားဗုံးကိုစိုးရိမ်နေကြသောလူအရေအတွက်က လျော့နည်းသွားသည်။ ချူးယွင်ဖန်းက ထိုသို့လက်နက်မျိုးကို အလွယ်တကူထုတ်သုံးမည်မဟုတ်ဟု ခန့်မှန်းထားနိုင်ကြသည်။ မဟုတ်လျှင်လည်း တော်တော်ကြာသည်အထိ ထုတ်သုံးမည်မဟုတ်ပေ။ သို့သ်ောလည်း အားလုံး၏မျက်လုံးထဲ၌မူ ချူးယွင်ဖန်း၏နဖူး၌ 'ရန်လာစ၍မရ' ဟုစာရေးကပ်ထားသည်ဟု မြင်နေကြသည်။ သူသည် တဝေ၌ ရန်သွားမစသင့်သောပုဂ္ဂိုလ်မျိုး ဖြစ်သွားလေပြီ။

All Chapters