← Chapters

နတ်အဆင့်နဝမအဆင့်

Vol. 89 Ch. 1328

နတ်အဆင့်နဝမအဆင့်

Vol. 89 Ch. 1328

ချူးယွင်ဖန်း၏အင်အားက စိတ်ကူးမယဉ်နိုင်အောင်ထိ အင်အားကောင်းသော်လည်း သူ၏လက်ထဲ၌ ထိုမျှအားကောင်းသည့် လူသတ်လက်နက်ရှိနေလိမ့်မည်ဟု မထင်ခဲ့မိပေ။ လူများစွာ၏မျက်လုံးထဲ၌ သူသည်သာ ရန်သူဖြင့်အတူတူသေချင်လျှင် ထိုသို့လုပ်နိုင်စွမ်းရှိသည်။ သို့သော်လည်း ချူးယွင်ဖန်းက ငတုံးမဟုတ်၍ ထိုသို့လုပ်မည်မဟုတ်ပေ။ တိုက်ပွဲပြီးနောက်တွင် ကျုံးရှင်းမြို့ဝန်းအိမ်တော်က အကြီးအကျယ်အကျိုးအမြတ်ရသွားသည်။ တစ်ချက်တည်းဖြင့် ပြိုင်ဘက်ကင်းအိမ်တော်ရာထူးရသွားသည်အထိ အောင်မြင်သွားသည်ဟု ဆိုနိုင်သည်။ သို့သော်လည်း တစ်ဖက်တွင်မူ မျက်နှာကို ရိုက်ချခံလိုက်ရသူမှာ သွေးဘုရင်ပင် ဖြစ်သည်။ ချူးယွင်ဖန်း၏လက်ရှိအောင်မြင်မှုက သွေးဘုရင်ကို ရိုက်ချပစ်လိုက်ခြင်းပင် ဖြစ်သည်။

သွေးဘုရင်သည် မိမိဘာသာ ယုံကြည်ချက်ရှိလွန်းနေသဖြင့် ချူးယွင်ဖန်းကိုပင် မျက်လုံးထဲမထည့်သည်ကို အားလုံးသိထားကြသည်။ ချူးယွင်ဖန်းနောက်လိုက်မည်ဟုလည်း ကြေညာထားခဲ့ပြီး သူရဲကောင်းဆန်ဆန်လုပ်ခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ချူးယွင်ဖန်းက ထိုသို့ရိုက်ချလိုက်မည်ဟု မည်သူကထင်မည်နည်း။

သွေးဘုရင်က အတိုင်းသားကြည့်နေနိုင်မည်မဟုတ်ပေ။ ကောင်စီမှပြောရေးဆိုခွင့်ရှိသူတစ်ဦးက သွေးဘုရင်ဘက်မှအမိန့်ကို ကြေညာပေးသည်။ ချူးယွင်ဖန်းက ကောင်စီဝင်သုံးဦးကို သတ်ခဲ့သည်။ ထို့ကြောင့် ကောင်စီကို အထင်သေးကြောင်း ပြသနေသဖြင့် သွေးဘုရင်ကိုယ်တိုင်ထွက်လာပြီး ချူးယွင်ဖန်းကို ကိုယ်တိုင်သတ်မည်ဟု ကြေညာထားလိုက်ခြင်း ဖြစ်သည်။

ချက်ချင်းဆိုသလိုပင် ထိုသတင်းကြောင့် အုတ်အော်သောင်းနင်းဖြစ်သွားကြသည်။ ချူးယွင်ဖန်းက သူ၏ဝှက်ဖဲကို ထုတ်ဖော်ပြီးနောက်တွင်ပင် သွေးဘုရင်က ထိုမျှထိလွှမ်းမိုးနိုင်လိမ့်မည်ဟု မည်သူကမှ ထင်မထားသောကြောင့်ဖြစ်သည်။ ယခင်က ချူးယွင်ဖန်းက ခေါင်းငုံ့ထားခဲ့ပြီး ယခုကြေညာချက်ကြောင့် သတ်ဖြတ်သည့်အငွေ့အသက်များ ပြည့်နှက်သွားသည်ဟု ဆိုနိုင်သည်။ ရုတ်တရက်ဆန်စွာပင် တဝေတောင်ပိုင်းတစ်ခုလုံးသည် ထူးဆန်းသောအငွေ့အသက်ဖြင့် လွှမ်းခြုံသွားသည်။ တဝေမှအကြီးအကဲများကပင် ထိုအခြေအနေကို အာရုံစိုက်လာကြသည်။

ချူးယွင်ဖန်းက မီစစ်ယွမ်ကို သတ်ပြီးနောက်ပိုင်းတွင် အားလုံးက သူ့ကို တဝေကျွမ်းကျင်သူငါးယောက်ထဲမှ မီစစ်ယွမ်နေရာအစားထိုး ကျွမ်းကျင်သူအဖြစ် မြင်လာကြသည်။ ယခုတွင်မူ စတုတ္ထအဆင့်သွေးဘုရင်နှင့် ပဥ္ဇမအဆင့်ချူးယွင်ဖန်းတို့က သူသေကိုယ်သေတိုက်ခိုက်ကြတော့မည်ဖြစ်သည်။ တဝေတစ်ခုလုံးကိုပင် အကျိုးသက်ရောက်စေနိုင်သည့်ကိစ္စကြီးဖြစ်နိုင်သည်။ နှစ်ဖက်လုံး၏လွှမ်းမိုးမှုအရဆိုလျှင် သွေးဘုရင်တွင် ထိုမျှအင်အားမရှိပေ။ ချူးယွင်ဖန်းက ကျုံးရှင်းအိမ်တော်၏အထောက်အပံ့ရထားသော်လည်း အိမ်တော်၏အင်အားက ထိုအဆင့်ဖြင့် မလုံလောက်သေးပေ။ ထို့ကြောင့် တစ်ယောက်တည်းအင်အားသာ ဖြစ်နေသည်။

နှစ်ဖက်လုံး၏အင်အားက အားလုံးတစ်စေ့တစ်စောင်းစောင့်ကြည့်ရသည်အထိ လုံလောက်သည်။ ချူးယွင်ဖန်း၌ ပုံစံမဲ့ဂိုဏ်းကို တစ်ချက်တည်းဖြင့် ဖျက်ဆီးနိုင်ခဲ့သောလက်နက်မျိုး ရှိသည်။ လူများ၏အမြင်၌ ထိုလက်နက်က လောကကြီးကို ဖျက်ဆီးနိုင်စွမ်းရှိသည်။ နှစ်ဖက်လုံးသာ ထိပ်တိုက်တိုက်ပွဲဖြစ်လျှင် သေချာပေါက်ကောင်းကင်နှင့်မြေကြီးကို တုန်လှုပ်စေနိုင်သည်အထိအားကောင်းပေလိမ့်မည်။ သွေးဘုရင်၏အင်အားဖြင့် ရင်ဆိုင်ရသည့်အခါတွင် ချူးယွင်ဖန်းသည် ပြောစရာစကားပျောက်ဆုံးသွားကာ တုံ့ပြန်မှုမလုပ်ပေ။ လူများစွာက စိတ်ပူပန်စွာဖြင့် စောင့်နေကြ၏။

လက်ရှိအဖြစ်အပျက်များက ဖြစ်တော့မည်ဖြစ်သည်။ ချူးယွင်ဖန်း၏စွမ်းဆောင်ရည်ကို သုံးသပ်ကြည့်လျှင် သူသည်လည်း အလွယ်လေးလက်လျှော့မည်မဟုတ်ပေ။ နှစ်ဦးကြား၌ တိုက်ပွဲဖြစ်မည်က သေချာပြီး မည်သည့်နေရာတွင်ဖြစ်မည်ကမူ မသေချာပေ။ ထိုတိုက်ပွဲက ကောင်စီကပို၍အားကောင်းသည်လား မဟုတ်လျှင် ချူးယွင်ဖန်းက အားနည်းနေသည်လားကို အဆုံးအဖြတ်ပေးပေလိမ့်မည်။

အားလုံးက ထိုတိုက်ပွဲကို စောင့်မျှော်နေကြစဉ်တွင် ချူးယွင်ဖန်းတစ်ယောက်သည်မူ ခြံဝန်းလေးထဲ၌ မိမိဘာသာ အခန်းပိတ်ကျင့်ကြံနေသည်။ ခြံဝန်းတစ်ခုလုံးကို ချူးမျိုးနွယ်စုက စောင့်ကြပ်ပေးထားပြီး ယင်ကောင်တစ်ကောင်ပင် မဝင်နိုင်ပေ။ သို့သော်လည်း ချူးယွင်ဖန်းက ဂရုမစိုက်ပေ။ အဘယ့်ကြောင့်ဆိုသော တောတောင်မြစ်ချောင်းပန်းချီကားထဲ၌ ဝင်ပုန်းနေခြင်းကြောင့်သာဖြစ်သည်။ ထိုနေရာကသာ သူ၏ အစစ်အမှန်ပိတ်လှောင်ကျင့်ကြံရာနေရာဖြစ်သည်။ တောတောင်မြစ်ချောင်းပန်းချီကားထဲ၌ ချူးယွင်ဖန်းက ဆေးပင်တောင်အပေါ်တွင် ဝဲပျံနေသည်။ ထိုအချိန်တွင် တောင်ပေါ်၌ ကြီးမားလှသည့် ဗြဟ္မသစ်ပင်ကြီးက ကောင်းကင်နှင့် နေမင်းကိုပင် ဖုံးအုပ်ထားနိုင်သည်အထိ ကြီးမားသည်ထက် ကြီးမားလာသည်။

ချူးယွင်ဖန်းတစ်ယောက် သူ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး မလှမ်းမကမ်းမှ မ‌ရေမတွက်နိုင်သောဝိညာဉ်ကျောက်တုံးတို့က ချက်ချင်းပင် တုန်ခါသွားပြီး ဝိညာစွမ်းအားစီးကြောင်းအဖြစ် ပြောင်းလဲသွားကာ မြစ်ဝါမြစ်နှင့်ယန်းဇီမြစ်တို့ စုဆုံစီးဆင်းသွားသည့်နှယ် ဗြဟ္မသစ်ပင်ထဲသို့ စီးဝင်သွားသည်။ ချူးယွင်ဖန်းက ပုံစံမဲ့ဂိုဏ်းကို ဖျက်ဆီးပြီးနောက်တွင် ပျက်စီးအားပြင်းထန်သည့် နျူးကလီးယားဗုံးအင်အားကြောင့် မိမိအတွက် ဘာအကျိုးအမြတ်မှ မရလိုက်သော်လည်း မျက်မြင်တွေ့သွားကြသောအုပ်စုများက ကြောက်လန့်ပြီး ရက်ပိုင်းအတွင်းပင်ပို့ပေးလာသော အဆင့်နိမ့်ဝိညာဉ်ကျောက်တုံးသန်းငါးဆယ်ကို ရသွား၏။ ရုတ်တရက်ပင် ချူးယွင်ဖန်း၏အိတ်က ပြန်ပြည့်လာပြန်သည်။ သုံးရက်အတွင်း၌ ဝိညာဉ်ကျောက်တုံးဆယ်သန်းကုန်သွားပြီး အားလုံးကို ဗြဟ္မသစ်ပင်ထဲသို့ စီးဆင်းသွားစေခြင်း ဖြစ်၏။ အများစုကို သစ်ပင်က စုပ်ယူလိုက်ပြီး တစ်စိတ်တစ်ပိုင်းကို ဗြဟ္မသီးမှည့်လာရန် သုံးလိုက်သည်။ သုံးရက်အတွင်း၌ပင် ဗြဟ္မသီးက မြင်နိုင်သောအတိုင်းအတာအထိ ရင့်မှည့်လာသည်။ ထူးဆန်းသောမွှေးရနံ့က နေရာတစ်ခုလုံးတွင် မွှေးကြိုင်နေ၏။

အတော်ကြာပြီးနောက်တွင်မူ ချူးယွင်ဖန်းသည် ဝိညာဉ်စွမ်းအားလောင်းထည့်ပေးခြင်းကို ရပ်လိုက်သည်။ သူ၏ရှေ့၌ ဗြဟ္မသစ်ပင်က နောက်ဆုံးတွင် ရင့်မှည့်လာပြီဖြစ်သည်။ ထိုရင့်မှည့်နေသောသစ်သီးမှတစ်ဆင့် ထူးဆန်းသောမွှေးရနံ့ကလည်း ပြင်းထန်စွာ ပျံ့လွင့်နေသည်။ ချူးယွင်ဖန်းက အသက်ပြင်းပြင်းရှူလိုက်သည်။ မိမိ၏ခန္ဓာကိုယ်က အနည်းငယ်မျှတိုးတက်လာသည်ကို ခံစားမိသည်။

"ကောင်းတယ်။ ဒါပဲ။"

ချူးယွင်ဖန်း မျက်လုံးဖွင့်ကြည့်လိုက်သည်။ သူသည် ဗြဟ္မသစ်သီးကို ခူးလိုက်ပြီး မျိုချလိုက်သည်။ ကျင့်စဉ်ကလည်း အတော်လေးတိုးတက်လာပြီဖြစ်သည်။ ထိုအချိန်၌ အင်အားကလည်း လောကကြီးတုန်လှုပ်သွားစေသည်အထိ အားကောင်းလာသည်။ သွေးဘုရင်သည် တံခါးပိတ်ကျင့်ကြံပြီးသည်နှင့် ထွက်လာတော့မည်ကို သိထားသည်။ သို့သော်လည်း သွေးဘုရင်က ပုံမှန်ကျင့်ကြံသူသာဖြစ်သည်။ ရွှေအမတေတစ်ယောက်အတွက် အလှမ်းဝေးလွန်းလှသည်။ သို့သော်လည်း ချူးယွင်ဖန်းကမူ မတူပေ။ လက်ထဲမှဗြဟ္မသစ်ပင်နှင့်သာဆိုလျှင် အတော်လေးခရီးပေါက်နှင့်နေပြီဖြစ်၏။

ကျင့်ကြံခြင်းအမြန်နှုန်းအရဆိုလျှင် သွေးဘုရင်က သူ့အတွက် ပြိုင်ဘက်မဟုတ်ပေ။

"မင်းက ငါ့ကို သတ်ချင်တာလား။ ခုတော့ ဘယ်သူက ဘယ်သူ့ကို သတ်မလဲကြည့်ရသေးတာပေါ့။"

ချူးယွင်ဖန်းက လှောင်ပြောင်ရယ်မောလိုက်ပြီးနောက် ထပ်မံ၍ တင်ပျဉ်ခွေထိုင်လိုက်သည်။ ထို့နောက်တွင် ဗြဟ္မသစ်သီးကို မျိုချလိုက်တော့၏။

ဘုန်း....

ဗြဟ္မသစ်သီး၏အားကောင်းသောစွမ်းအားကို ချက်ချင်းပင် ထုတ်လွှင့်ပေးလိုက်သည်။ ပါးစပ်ထဲဝင်သွားသည်နှင့် အသီးက ချက်ချင်းပင် ပျော်ဝင်သွားပြီး ကြောက်စရာကောင်းသောစွမ်းအားတစ်ခုက ချူးယွင်ဖန်း၏ခြေလက်များထဲသို့ စီးဝင်ပျံ့နှံ့သွားသည်။ ချူးယွင်ဖန်းလည်း ကြာကြာဆက်မလုပ်ရဲတော့ဘဲ ဧကရာဇ်ကျင့်စဉ်ကို အမြန်လည်ပတ်စေကာ ထိုစွမ်းအားကို သန့်စင်လိုက်သည်။ ချက်ချင်းဆိုသလိုပင် ချူးယွင်ဖန်းက သစ်သီး၏ဆေးစွမ်းအားကို ခံစားမိသည်။ ကျင့်စဉ်က သိသိသာသာ တိုးမြင့်သွားပြီး ချက်ချင်းပင် နတ်အဆင့်နဝမအဆင့်သို့ တက်လှမ်းသွားသည်။ နတ်အဆင့်အဌမအဆင့်သို့ တက်လှမ်းပြီးဖြစ်သော ချူးယွင်ဖန်းသည် အခက်အခဲမရှိဘဲ နဝမအဆင့်သို့ ရောက်ရှိသွားလေ၏။

All Chapters