← Chapters

နောက်ထပ်လှိုင်းတစ်ခု

Vol. 89 Ch. 1329

နောက်ထပ်လှိုင်းတစ်ခု

Vol. 89 Ch. 1329

ဗြဟ္မသစ်သီး၏ကြောက်စရာကောင်းလှသောဆေးစွမ်းအားသည် လျင်မြန်စွာ်ပင် ချူးယွင်ဖန်း၏ကျင့်စဉ်ကို နတ်အဆင့်နဝမအဆင့်သို့ တိုးမြင့်သွားစေသည်။ ရေစီးကြောင်းကတွန်းတင်ပေးလိုက်သောလှေတစ်စီးနှင့် တူလှသည်။ အခက်အခဲလုံးဝမရှိပေ။ ချူးယွင်ဖန်းသည် နတ်အဆင့်အဌမအဆင့်သို့ တက်ထားသည်မှာ မကြာသေးသော်လည်း သူ၏အခြေခံအုတ်မြစ်က လွန်စွာမှခိုင်မာသည်။ ဗြဟ္မသစ်သီးမရှိ၍ ဖြတ်ကျော်ခြင်းပြုလုပ်လိုလျှင်ပင် အလွယ်လေးလုပ်နိုင်ပေမည်။

ရွှေအမတေအဆင့်သို့ရောက်ရန် ဆယ်နှစ်မှ နှစ်နှစ်ဆယ်ထိ အချိန်ယူရသည် မဟုတ်လျှင် ဆယ်စုနှစ်ချီပြီးအချိန်ယူရသည်။ သို့သော်လည်း ချူးယွင်ဖန်း၏ကျင့်စဉ်က ဒုံးပျံကဲ့သို့ပင် မြန်ဆန်လွန်းလှသည်။ သို့သော်လည်း ဗြဟ္မသစ်သီးက အခွင့်အရေးပေးခဲ့သည်။ အားကောင်းသောဆေးစွမ်းအားက ချူးယွင်ဖန်း၏စွမ်းအားအဖြစ် ကူးပြောင်းသွားပြီး အဆက်မပြတ်ခန္ဓာကိုယ်ထဲသို့ စီးဆင်းနေသည်။

ချူးယွင်ဖန်းက လေထဲတွင် တင်ပျဉ်ခွေထိုင်နေသည်။ သူ၏နှုတ်ခေါင်းမှမှုတ်ထုတ်လိုက်သောအသက်ငွေ့ကပင် စွမ်းအားစီးကြောင်းဖြစ်စေသည်။ ထိုစွမ်းအားစီးကြောင်းက နဂါးနှစ်ကောင်ကဲ့သို့ ခန္ဓာကိုယ်ကို လှည့်ပတ်သွားသည်။ ချူးယွင်ဖန်း၏စွမ်းအားက ကြောက်စရာကောင်းလှပြီး တစ်ခါတည်းဖြင့် နှစ်ဆမြင့်တက်သွားသည်က ပြောစရာပင် မလိုပေ။ ခန္ဓာကိုယ်ထဲမှစွမ်းအားများက ဆူပွက်လာပြီး သမုဒ္ဒရာကဲ့သို့ အရပ်မျက်နှာအားလုံးဆီသို့ ပျံ့နှံ့သွားသည်။ တောတောင်မြစ်ချောင်းပန်းချီကားတစ်ခုလုံးပင် အနည်းငယ်တုန်သွားကာ နတ်စွမ်းအားက ထိုနေရာတစ်ခုလုံးသို့ပါ ပျံ့နှံ့သွားသည်။

ချူးယွင်ဖန်း၏ခန္ဓာကိုယ်အတွင်း၌ ဗြဟ္မသစ်သီး၏ဆေးစွမ်းအားက ချူးယွင်ဖန်း၏မယ်ရီဒန်များထဲသို့ပါ စီးဆင်းသွားကာ ဘောလုံးတစ်လုံးက အမြန်ဆုံးနှုန်းဖြင့် လည်ပတ်နေသည်နှင့်တူသည်။ စွမ်းအင်ဘောလုံးထဲမှစွမ်းအားအစိတ်အပိုင်းက စုပ်ယူခံနေရသည်။

ကျင့်ကြံရာတွင် အချိန်အတိုင်းအဆမသိပေ။ မျက်စိတစ်မှိတ်အတွင်းပင် ဆယ်ရက်တာကုန်ဆုံးသွားသည်။

ဆယ်ရက်တာကာလအတွင်းတွင် ချူးယွင်ဖန်းက မိမိဘာသာ တံခါးပိတ်ကျင့်ကြံနေပြီး အပြင်လောကကြီးနှင့် အဆက်အသွယ်မရှိပေ။ သို့သော်လည်း အပြင်လောက၌မူ သူ့ကြောင့် အုတ်အောင်သောင်းနင်းဖြစ်နေရှာသည်။ ဆယ်ရက်ဆိုသောအချိန်က ချူးယွင်ဖန်းက ပုံစံမဲ့ဂိုဏ်းကို ဖျက်ဆီးလိုက်သည့်အကြောင်းသတင်းပျံ့ရန် လုံလောက်ပေသည်။ ယခင်က ဘယ်သူမှသိမထားလျှင်လည်း ဆယ်ရက်အတွင်းပင် အားလုံးက သိသွားကြပေမည်။ အထူးသဖြင့် တဝေတောင်ပိုင်းရှိ အုပ်စုကြီးများပင်ဖြစ်သည်။ ပုံစံမဲ့ဂိုဏ်းသည် တစ်ချိန်က ယခင်မင်းကြီး၏လက်ရုံးဖြစ်ခဲ့ဖူးပြီး တဝေတောင်ပိုင်း၌ အရေးပါသောနေရာရထားသော်လည်း ယခုတွင်မူ မျက်စိတစ်မှိတ်အတွင်းပင် ဖျက်ဆီးခံလိုက်ရသည်။

ထို့အပြင် ဖျက်ဆီးခံလိုက်သည့်အတိုင်းအတာက လူများစိတ်မကူးနိုင်သောအဆင့်ထိပင်ဖြစ်သည်။ လူတစ်ယောက်မှ မလွတ်မြောက်ပေ။ အကြောင်းအမျိုးမျိုးကြောင့် အပြင်ရောက်နေသောသူများမှလွဲ၍ ဂိုဏ်းထဲ၌ရှိသည့် အဆင့်မြင့်မှသာမန်သူအထိ အားလုံးရှင်းခံလိုက်ရခြင်းဖြစ်သည်။ ကျန်သောသူများကမူ ဇာမဏီငှက်မွေးနှင့် ချီလင်ဦးချိုကဲ့သို့ ရှားပါးလွန်းသည်။ ထို့အပြင် အားလုံး ဂိုဏ်းနှင့်ဆက်ဆံရေးအလှမ်းဝေးနေသော အပြင်ဂိုဏ်းတပည့်များဖြစ်သည်။ ထို့ကြောင့် အားကောင်းသောပုံစံမဲ့ဂိုဏ်း၏တည်ရှိမှုက လုံးဝပျောက်ကွယ်သွားပြီဟု ယူဆနိုင်သည်။

သို့သော်လည်း ပုံစံမဲ့ဂိုဏ်းပျောက်ကွယ်သွားပြီးနောက်တွင် ကျုံးရှင်းမြို့ဝန်အိမ်တော်၏အာဏာကမူ ချက်ချင်းပင် အမြင့်သို့ ရောက်သွားသည်။ သို့သော်လည်း အိမ်တော်အင်အားက ပုံစံမဲ့ဂိုဏ်း၏အင်အားနှင့် အလှမ်းကွာသည်။ အချိန်တစ်ခုအတွင်း၌ သိသိသာသာ တိုးမြင့်သွားသော်လည်း ပုံစံမဲ့ဂိုဏ်းပိုင်ဆိုင်ခဲ့သောနယ်မြေများကျန်သေးသည်။

ချူးမျိုးနွယ်တစ်ခုလုံး၏အင်အားနှင့် အခြေခံအုတ်မြစ်သည် ရက်ပိုင်းလောက်ဖြင့် မတိုးတက်လာနိုင်ပေ။ တိုးတက်ရန် နှစ်ချီအချိန်ယူရပေမည်။ ထိုသို့အခြေအနေမျိုးတွင် ပိတ်၍ကျင့်ကြံရာမှထွက်လာမည့်သွေးဘုရင်သည် လူအများ၏အာရုံစိုက်စရာဖြစ်လာတော့သည်။ သွေးဘုရင်ထွက်လာသည်နှင့် သွေးချောင်းစီးမည်က သေချာပေါက်ပင်။ အမှန်တွင် တိုက်ပွဲက ယခင်ကထက်ပင် ကြောက်စရာကောင်းနိုင်သည်။ သွေးဘုရင်၏အင်ားက မီစစ်ယွမ်ယှဉ်နိုင်သောစွမ်းအားမျိုးပင် မဟုတ်ပေ။

အဆင့်မြင့်ငါးယောက်ကြားတွင် မီစစ်ယွမ်က အားအနည်းဆုံးဖြစ်သည်။ ပုံစံမဲ့ဂိုဏ်းအထောက်အပံ့ကြောင့် ငါးယောက်စာရင်းတွင်ဝင်သည်ဟုပင် ဆိုနိုင်ပေမည်။ ပုံစံမဲ့ဂိုဏ်း၏ယခင်ကဂိုဏ်းချုပ်ဖြစ်ခဲ့သောကြောင့်သာ ငါးဦးစာရင်းထဲဝင်ခဲ့ခြင်းဖြစ်သည်။ ချူးယွင်ဖန်းက မီစစ်ယွမ်ကို အနိုင်ယူနိုင်ရုံသာမက သတ်ပါသတ်ပစ်သည်။ သို့သော်လည်း အားလုံး၏အမြင်၌ သူသည် သွေးဘုရင်၏ပြိုင်ဘက်မဟုတ်ပေ။ သွေးဘုရင်ထွက်လာသည်နှင့် ချူးယွင်ဖန်းအတွက် ကပ်ဘေးကြီးတစ်ခုနှင့်တိုးတော့မည်ဖြစ်သည်။

ချူးယွင်ဖန်း၏ကြေညာချက်က သတ်ဖြတ်လိုစိတ်များဖြင့်သာ ပြည့်နှက်နေသည်။ ချူးယွင်ဖန်း၏သဘောထားက သွေးပွက်ပွက်ဆူစေသည်။ ထိုအချိန်၌ လူများစွာက ထိုတိုက်ပွဲကို ကြည့်လိုကြသည်။ အမှန်တွင် အများစုက တွန့်ဆုတ်ခြင်းမရှိဘဲ သွေးဘုရင်၏စွမ်းအားကို မြင်လိုကြခြင်းဖြစ်သည်။ ချူးယွင်ဖန်း၏အင်အားကလည်း အကန့်အသတ်မဲ့သည်။ လူအများအမြင်တွင် သူသည် သွားရှုပ်၍မရသောသူမျိုးဖြစ်သည်။ သို့သော်လည်း သွေးဘုရင်က သတ်မည်ဟု ကြေညာထားသဖြင့် ချူးယွင်ဖန်း၏ကံကြမ္မာက ချိတ်ပိတ်ခံရပြီးဖြစ်သည်။ ထိုတိုက်ပွဲနှင့်ပတ်သက်သည့်ကောလာဟလများက နေရာအနှံ့တွင် ပျံ့နှံ့နေသည်။ ယခင်ကထိုအကြောင်းကိုမသိသောသူများ၊ အရေးမလုပ်သောသူများပင် သိလာကြသည်။

ထိုအချိန်တွင် ချူးယွင်ဖန်းကိုတိုက်ခိုက်မည့်အစီအစဉ်ကမူ ချထားပြီးဖြစ်သည်။

မည်သူမှမမျှော်လင့်ထားသောအချိန်တွင် သွေးဘုရင်က ချူးယွင်ဖန်းကိုရှာမည်ကိုသာ စောင့်နေကြသည်။ သို့သော်လည်း ညတွင်းချင်းပင် အုပ်စုများစွာ၌ သတင်းတစ်ခုပျံ့သွားသည်။ ကျင်ကျန်းဟန်မှ စစ်သည်အုပ်စုက နယ်စပ်ကို ဖြတ်၍ ဝင်‌ရောက်လာသည်ဟုသောသတင်းပင်။ ထိုသတင်းကို ကြားလိုက်ရသည့်အခါ၌ ချက်ချင်းဆိုသလိုပင် အားလုံး၏ ရန်သူကြီးနှင့်ရင်ဆိုင်လိုက်ရသကဲ့သို့ ဖြစ်သွားသည်။ သာမန်သူများက ကျင်ကျန်းဟန်နှင့်ပတ်သက်ပြီး များများစားစား သိမထားကြပေ။ သာမန်သူများကမူ ၎င်းတို့၏မြို့က မည်သည့်နေရာတွင်ရှိသည်လောက်ကိုသာ သိထားကြသည်။ မိုင်ထောင်ချီဝေးသည့်ကျင်ကျန်းဟန်အကြောင်းကို ဘာမှမသိကြပေ။

သို့သော်လည်း တဝေမှအကြီးအကဲများကမူ ကျင်ကျန်းဟန်က နတ်ဘုရားတစ်ဆူကဲ့သို့ပင် ဖြစ်သည်ကို သိထားသည်။ တဝေအတွက်မူ ကြောက်စရာကောင်းသောအရိပ်ကြီးတစ်ခုဖြစ်ပြီး အသံကြားရုံဖြင့်ပင် အသက်မရှူနိုင်အောင် လုပ်နိုင်သည်။ လူဒါဇင်ပါသည့်အုပ်စုက တိုင်းပြည်ထဲသို့ ဝင်လာခြင်းဖြစ်သည်။ တစ်ယောက်ချင်းစီးကလည်း ပင်လယ်ကဲ့သို့ ပြင်းထန်သောအငွေ့အသက်ရှိပြီး ကြောက်စရာကောင်းလွန်းလှသည်။ ထိုအဖွဲ့သည်ပင် တဝေတစ်ခုလုံးကို တုန်လှုပ်သွားစေရန် လုံလောက်ပေ၏။

All Chapters