ကျင်ကျန်းဟန်စစ်သည်တော်များ၏တိုက်ခိုက်မှု
Vol. 89 Ch. 1330
ထိုသတင်းက တဝေတစ်ခုလုံးကို တုန်လှုပ်သွားစေသည်။ သို့သော်လည်း ထိုအဖွဲ့က နယ်စပ်ကို ချောချောမွေ့မွေ့ဖြတ်လာနိုင်သောအမှန်တရားပင်ဖြစ်သည်။ တဝေ၏အရာရှိများက နယ်စပ်ဖြတ်မည့်ကိစ္စကို သဘောတူကြပြီး တားရန်လည်း ကျွမ်းကျင်သူများကို မပို့လိုက်ပေ။ လူများစွာအတွက်က ထူးဆန်းနေသည်။ တဝေနှင့် ကျင်ကျန်းဟန်ကြားမှကိစ္စက သေရေးရှင်ရေးတမျှဖြစ်နေသည်။ ကျင်ကျန်းဟန်က အချိန်မရွေးတောင်ပိုင်းသို့ ရောက်လာပြီး တဝေကို သိမ်းလိုက်နိုင်သည်။ တဝေအတွက် ကျင်ကျန်းဟန်ကလွဲ၍ မည်သည့်ရန်သူနှင့်မဆို ပြန်လည်သင့်မြတ်နိုင်သည်။ အခွင့်အရေးအနည်းငယ်ရသည်နှင့် ကျန်ကျန်းဟန်၏မြင်းတပ်က အချိန်မရွေး တဝေသို့ ရောက်လာနိုင်သည်ကို အားလုံးသိထားကြသည်။ ထိုသို့နေ့မျိုးရောက်လာလျှင် တဝေအတွက် ကပ်ဘေးကြီးဆိုက်ရောက်သည်နှင့် အတူတူပင် ဖြစ်ပေမည်။
ကျင်ကျန်းဟန်၏ကျွမ်းကျင်သူများက အဘယ့်ကြောင့် တဝေသို့ဝင်လာရသောအကြောင်းရင်းက မည်သို့ပင်ဖြစ်စေ တိုက်ခိုက်ခံရမည်က သေချာသည်။ အဘယ့်ကြောင့်ဆိုသော် ကျင်ကျန်းဟန်စစ်သည်များ တဝေသို့ဝင်လာသည့်တစ်ခုတည်းသောအကြောင်းရင်းက တိုက်ခိုက်ခြင်းသာ ဖြစ်ပေမည်။ ထိုကိစ္စက ရှေးခေတ်ကာလကဆိုလျှင်ပင်လည်း ပြောင်းလဲသွားမည်မဟုတ်ပေ။ သို့သော်လည်း တဝေ၏အရာရှိများက ထိုကျွမ်းကျင်သူများအတွက် ထူးခြားသောစိတ်သဘောထားရှိသည်။ နန်းတွင်းကိုယ်ရံတော်များကလည်း ထိုသူများရောက်လာမည်ကို စောင့်နေသကဲ့သို့ မလှုပ်ကြပေ။ မကြာခင်ပင် တဝေ၌ နောက်သတင်းတစ်ခုက ပျံ့နှံ့လာပြန်သည်။
ထိုသူများက ကျင်ကျန်းဟန်၏ကျွမ်းကျင်သူများဖြစ်ရုံသာမက ကျင်ကျန်းဟန် လက်ယာအရှင်၏လက်အောက်ငယ်သားများဖြစ်ပြီး ပစ်မှတ်က ချူးယွင်ဖန်းသာဖြစ်ပေမည်။ ချူးယွင်ဖန်းနှင့် လက်ယာအရှင်ကြားမှကိစ္စကလည်း ပျံ့နှံ့လာပြန်သည်။ လက်ယာအရှင်က ခုန်းလုံမြို့ကို သယ်ယူပို့ဆောင်ပြီးဝင်လာသောလည်း ချူးယွင်ဖန်းထံတွင် ရှုံးသွားပြီး ဒဏ်ရာအပြင်းအထန်ရကာ ပြန်ထွက်ပြေးခဲ့ရသည်။ ကျင်ကျန်းဟန်မှစစ်သည်တော်များ ဘာကြောင့်ရောက်လာကြသည်ကို နောက်ဆုံးမှလူအုပ်က သဘောပေါက်သွားကြသည်။
မည်သို့ပင် ကြည့်ပါစေ နှစ်ဖက်လုံးက ပတ်သက်ဆက်ဆံမှုမရှိကြပေ။ လက်ယာအရှင်က ယခုတစ်ခေါက်တွင် မလှုပ်ရှားပေ။ တဝေနန်းတွင်းက လက်ယာအရှင်တဝေအတွင်းသို့ ဝင်လာမည်ကို ခွင့်ပြုမည်မဟုတ်ပေ။ ပို့လိုက်သောကျွမ်းကျင်သူများသည် မြို့တစ်မြို့ကို သုတ်သင်ရန်အထိ စွမ်းအားကြီးမားသည်။ လက်ယာအရှင်ကပါ တဝေသို့ ဝင်လာလျှင် သေချာပေါက် မြင်းတပ်သန်းချီကိုခေါ်လာသည့်နေ့ပင် ဖြစ်ပေမည်။ ထို့အပြင် သူက ကိုယ်တိုင်ရောက်လာခြင်းမဟုတ်ပေ။ တဝေကသာ ၎င်းနှင့်ရင်ဆိုင်ရန် ဆုံးဖြတ်လိုက်လျှင် အမှန်ပင် အဆုံးသတ်သွားပေမည်။
လက်ယာအရှင်က မည်မျှပင် အားကြီးသော်လည်း တဝေ၏အာဏာကို ယှဉ်နိင်ရန်က မဖြစ်နိုင်ပေ။ သို့သော်လည်း လက်ယာအရှင်က ချူးယွင်ဖန်းကို အတော်လေးမုန်းသည့်ပုံပေါ်သည်။ ထို့ကြောင့်ပင် လူလွှတ်လိုက်ခြင်းက အကောင်းဆုံးနည်းလမ်းဖြစ်သည်။ မကြာခင်ပင် ထိုအုပ်စုထဲတွင် မည်သူများပါသည်ကို အားလုံးသိလာကြသည်။
ခေါင်းဆောင်ဖြစ်သူက ငွေရောင်ပိုးထည်ဝတ်စုံရှည်ကို ဝတ်ဆင်ထားသည်။ သို့သော်လည်း သူ၏ဝတ်စုံက တဝေမှလူများဝတ်စုံဖြင့် ကွာခြားသည်။ နဖူး၌လည်း တတိယမျက်လုံးတစ်လုံးပါပြီး အငွေ့အသက်ကတောင်တစ်လုံးနှယ် ကြောက်စရာကောင်းလှသည်။
"အဲ့ဒါ အသီလာပဲ။"
အချို့က ထိုသူကို မှတ်မိသွားကြသည်။
"အရင်က သူ့အကြောင်း ကြားဖူးတယ်။ သူက ကျင်ကျန်းဟန်လက်ယာအရှင်လက်အော်ကက နံပါတ်တစ်စစ်သူကြီးပဲ။ သူ့စွမ်းအားက အတော်လေးလည်းကြောက်စရာကောင်းတယ်။ သူက ရွှေအမတေနှောင်းပိုင်းအဆင့်ကို ရောက်နေပြီလို့တောင် ပြောကြတယ်။"
"ဟုတ်တယ် ငါလည်းမှတ်မိပြီ။ တကယ်ပဲသူကိုး။ လက်ယာအရှင်က သူ့စစ်သူကြီးတွေပို့လိုက်ရတဲ့အထိ ချူးယွင်ဖန်းကို အဲ့လောက်မုန်းနေတာလား။"
"တစ်ခါတုန်းက အသီလာက တဝေက ရွှေအမတေသုံးယောက်ကို တစ်ခါတည်းနဲ့သတ်ဖူးတယ်။ အရင်နှစ်ဆယ်ချီကတည်းက သူ့နာမည်ပြောလိုက်ရင်ကို တဝေက ကလေးတွေက အငိုတိတ်ကြတယ်တဲ့လေ။"
အချို့သောအဆင့်မြင့်များက ထိုအကြောင်းကို ဆွေးနွေးနေကြသည်။ အတ်တလာအပြင် အခြားသောစွမ်းအားကြီးသူများလည်း ရှိသည်။ လက်ယာအရှင်၏သဘောထားရက်ရောမှုကြောင့် အားလုံး အံ့ဩနေကြသည်။ ထိုအုပ်စုက တဝေထဲသို့ဝင်လာလျှင် တဝေဘုရင်ကိုပင် လုပ်ကြံနိုင်သည်အထိ အင်အားကောင်းပေသည်။ သို့သော်လည်း ထိုအဖွဲ့က ချူးယွင်ဖန်းကို သတ်ရန်ဖြစ်သည်။ လက်ယာအရှင်က ချူးယွင်ဖန်းကို မည်မျှမုန်းနေသည်ကို သိနိုင်ပေ၏။
အတ်တလာအကြောင်းပြောရလျှင် သူသည်လည်း သွေးဘုရင်ထက် နောက်ကောက်မကျပေ။ ထိုသို့သောသူမျိုးက ချူးယွင်ဖန်းကို လာသတ်လျှင် ချူးယွင်ဖန်း၌ အသက်ဆယ်သက်ရှိလျှင်ပင် အသုံးဝင်မည်မဟုတ်ပေ။
"ချူးယွင်ဖန်းက ပြဿနာဘယ်လိုရှာရမလဲတော့ သေချာသိသားပဲ။ သူက ကျွမ်းကျင်သူနှစ်ယောက်ကို စော်ကားခဲ့တာ။ ဘယ်လိုမျိုးရင်ဆိုင်မလဲ ကြည့်ကြသေးတာပေါ့။"
"နန်းတွင်းညီလာခံက သူ့ကို ခေါ်ချင်နေတယ်။ ဒါပေမဲ့လို့ ကံမကောင်းစွာနဲ့ သူက ငြင်းလိုက်တယ်တဲ့လေ။ မဟုတ်ရင်တော့ ခုလိုမျိုး တစ်ယောက်တည်းဖြစ်နေမှာမဟုတ်ဘူး။"
"အမှန်ပဲ။ သူက ရွှေအမတေကောင်စီကိုလည်း စော်ကားထားသေးတယ်။ တဝေနန်းတွင်းသာ ဝင်ပါရင် သူ့အတွက် နေရာတောင်ရှိမှာမဟုတ်ဘူး။"
လူများစွာက ထိုကိစ္စကို အာရုံစိုက်ကြသော်လည်း တစ်ချိန်တည်းတွင်ပင် ချူးယွင်ဖန်းဆိုသောကလေးက ပြဿနာကောင်ဆိုသည်ကို နားလည်ကြသည်။ မကြိုက်သောသူများအတွက်မူ အခွင့်အရေးကြီးဖြစ်ပေ၏။ ချူးယွင်ဖန်းခေါင်းပြုတ်မည်ကို ကြည့်ချင်ကြသဖြင့် လူများစွာ အသီလာနှင့်အခြားသူများနောက်သို့ လိုက်လာကြသည်။ အတ်တလာဖြစ်စေ သွေးဘုရင်ဖြစ်စေ နှစ်ဦးလုံးက နာမည်ကြီးပြီး ချူးယွင်ဖန်းထက် အားကောင်းသည်။ နှစ်ဦးတိုက်ခိုက်ပါလျှင် ချူးယွင်ဖန်းမှာ သေချာပေါက် သေရမည်သာ ဖြစ်၏။
ထိုအချိန်တါင် တောင်အပြင်၌ လူဒါဇင်ထက်များသည့်အုပ်စုသည် အံ့ဩလောက်စရာကောင်းသောနှုန်းဖြင့် တောင်ကို ပိတ်ပစ်ကြသည်။ ထိုအုပ်စုက မိုးကြိုးကဲ့သို့ လျင်မြန်လွန်းသည်။ ထိုသူများက အတ်တလာနှင့်အဖွဲ့ပင်ဖြစ်သည်။
"အရှင်အတ်တလာ ဘာလို့ မပျံရတာလဲ။"
အတ်တလာနောက်မှ ခန္ဓာကိုယ်ကြံ့ခိုင်သောသူက လေးစားသောအမူအရာဖြင့် ပြောလိုက်သည်။
သူသည် ရွှေအမတေတစ်ယောက်ဖြစ်သော်လည်း အတ်တလာဖြင့်ရင်ဆိုင်ရသောအခါ၌ ဂုဏ်ယူဝံ့ကြွားမှုအနည်းငယ်မျှကိုပင်မပြပေ။ နှိမ့်ချကာလေးစားမှုကို ပြသနေသည်။
အတ်တလာက ကြောက်စရာကောင်းလှသည်။ သူသည် လက်ယာအရှင်လက်အောက်မှ နံပါတ်တစ်စစ်သူကြီးဖြစ်သည်။ စွမ်းအားအရာတွင် ကျင်ကျန်းဟန်၌ နံပါတ် (၂၀) ဖြစ်သည်။ နှစ်ဦးလုံးက ရွှေအမတေအဆင့်ဖြစ်ကြသော်လည်း အဆင့်အတန်းကွာခြားချက်က ကွာဟလွန်းလှသည်။ အခြားသူများကည်း အတ်တလာကို ဝံပုလွေများကဲ့သို့ ကြည့်နေသည်။ အတ်တလာကမူ ခပ်လှမ်းလှမ်းသို့ ကြည့်၍ စဉ်းစားပြီးမှ ဖြည်းဖြည်းချင်း ပြန်ဖြေလိုက်သည်။
"ရှင်းပါတယ်။ ငါက ချူးယွင်ဖန်းကို ဖမ်းချင်တာ။"
သူ၏ အကြည့်တို့က စူးရှလွန်းသဖြင့် ကောင်းကင်ကိုပင် ထိုးဖောက်၍ အရာအားလုံးကို မြင်နိုင်စွမ်းရှိသည့်ပုံပေါက်လေသည်။