နောက်ကွယ်မှလူ
Vol. 89 Ch. 1332
ကျင်ကျန်းဟန်ရဲ့ကျွမ်းကျင်သူများက အဘယ့်ကြောင့် လက်ယာအရှင်က မိမိတို့ကို အသက်နှစ်ဆယ်ကျော်လူငယ်တစ်ယောက်ကိုသတ်ရန် တဝေသို့ပို့လိုက်ရသည်ကို နားလည်သွားလေသည်။ သို့သော်လည်း အသီလာပြောသည်ကို ကြားပြီးနောက်တွင် ချက်ချင်းပင် လက်ယာအရှင်တွေးနေသည်ကို နားလည်လိုက်သည်။ လူတစ်ယောက်တည်းက မိမိတို့အားလုံးကို မလှုပ်ရှားစေနိုင်သော်လည်း အသက်နှစ်ဆယ်မကအရွယ်သို့ရောက်သောအခါတ၍်မူ အားလုံးကို ကျောထဲထိစိမ့်တက်လာအောင် အင်အားကောင်းလာနိုင်သည်။ ချူးယွင်ဖန်း၏လက်ရှိအင်အားကို သုံးသပ်ကြည့်ရလျှင် နောက်ထပ်ဆယ်စုနှစ်နည်းနည်းသာ ထပ်နေပါလျှင် စိတ်ကူးမကြည့်နိုင်သောအတိုင်းအတာအထိ တိုးတက်လာနိုင်၏။ ချူးယွင်ဖန်းက အသက်ငါးဆယ်ခြောက်ဆယ်အရွယ်သို့ ရောက်လျှင် မိမိတို့က ၎င်းကို ကြောက်နေရပေမည်။
"အဲ့ဒါကြောင့် ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ ချူးယွင်ဖန်းကို သတ်ကိုသတ်ရမယ်။ ကံကောင်းလို့ ဝေလူမျိုးတွေ အမြဲတမ်း အချင်းချင်းရန်သတ်နေကြတာ။ သူတို့တိုင်းပြည်မှာ ပါရမီရှင်တစ်ယောက်ရှိပေနေမဲ့ ကာကွယ်ပေးရကောင်းမှန်းမသိကြဘူး။"
အသီလာကို ဝေလူမျိုးများကို လှောင်ပြောင်သည့်လေသံမျိုးဖြင့် ပြောလိုက်သည်။
သို့သော်လည်း ထို့ကြောင့်ပင်လျှင် အခြေအနေကို အခွင့်ကောင်းယူနိုင်သည်။
ထိုအချိန်တွင် လှပသောနန်းတော်အတွင်း၌ အဖိုးတန်အဝတ်အစားများ ဝတ်စားထားသော သက်လတ်ပိုင်းလူတစ်ယောက်က သတင်းစောင့်ဆိုင်းနေသည်။ သူ၏ရှေ့ရှိ အဆောင်လက်ဖွဲ့တစ်ခုက အလင်းရောင်ဖျပ်ခနဲလင်းလာပြီး လူကြီးတစ်ယောက်၏ပုံရိပ် ထွက်ပေါ်လာသည်။
"သူတို့ ဘယ်မှာလဲ။"
သက်လတ်ပိုင်းလူက မေးလိုက်၏။
တစ်ချိန်တည်းတွင်ပင်
"ကျွန်တော်တို့ အသီလာကို မျက်ချေသွားပြီ။ သူက အရမ်းကောက်ကျစ်တယ်။ ရှာလို့မတွေ့တော့ဘူး။"
လူကြီးက ဒေါသတကြီးဖြင့် ပြန်ဖြေလိုက်သည်။
"ဘာ မင်းသူ့ကို ရှာလို့မတွေ့တော့ဘူးတဲ့လား။"
သက်လတ်ပိုင်းလူက ကောက်ကျစ်သောအပြုံးမျိုး ပြုံး၍ ပြောလိုက်သည်။
"အားလုံးပဲ ခုချက်ချင်း ခုန်းလုံဆီ အမြန်သွားကြ။ အသီလာက ဘယ်လောက်ပဲ ကောက်ကျစ်ကျစ် ဘယ်မှာပဲပုန်းနေနေ နောက်ဆုံးတော့ ခုန်းလုံမြို့ကို သွားမှာပဲ။ ခုန်းလုံမြို့ကို စောင့်နေတာနဲ့ သူတို့ လွတ်မှာမဟုတ်ဘူး။"
ထိုသူက လှောင်ပြုံးပြုံးလိုက်သည်။ ခဲတစ်လုံးဖြင့် ငှက်နှစ်ကောင်ပစ်နိုင်မည့်အစီအစဉ်မျိုးကို ချထားခြင်းဖြစ်သည်။ အသီလာကို အသုံးချပြီး ချူးယွင်ဖန်းကို သတ်နိုင်ကာ တစ်ချိန်တည်းတွင်ပင် အသီလာနှင့်သူ၏လူများကိုပါ ဒဏ်ရာရအောင် လုပ်နိုင်သည်။ ကျင်ကျန်းဟန်စစ်သည်တော်များအားလုံးသာ တဝေတွင် သေသွားလျှင် ကျင်ကျန်းဟန်ကို ကျူးကျော်နိုင်ပြီဖြစ်သည်။
"မဆိုးဘူးပဲ။"
အဘိုးကြီးက ချက်ချင်းပင် ပြန်ပြောလိုက်၏။
"ငါချူးယွင်ဖန်းခေါင်းကို မြင်ချင်တယ်။"
သက်လတ်ပိုင်းလူက လှောင်ပြောင်ရယ်မောလိုက်သည်။
"ချူးယွင်ဖန်း မင်းတစ်ယောက်ယောက်ကို အပြစ်တင်ချင်တယ်ဆိုရင် မင်းဘာသာမင်းပဲ အပြစ်တင်တော့။ ဘယ်သူက ငါ့အစီအစဉ်ကို ဝင်ဖျက်ဆီးခိုင်းလို့လဲ။ ငါသာ မင်းကိုမသတ်ဘူးဆိုရင် ငါ့စိတ်ထဲကအငြှိုးက ပြေပျောက်ဖို့ ခက်နေလိမ့်မယ်။"
သက်လတ်ပိုင်းလူသည် ထိုအကြောင်းကို ပို၍တွေးလေလေ ပို၍သတ်ချင်စိတ်များ ပေါက်လာလေလေပင် ဖြစ်သည်။ တဝေတောင်ပိုင်း၌ မိမိလုပ်ထားခဲ့သည့်အစီအစဉ်သည် ရိတ်သိမ်းချိန်တန်ပြီဖြစ်သော်လည်း ချူးယွင်ဖန်းကြောင့် အားလုံးပျက်စီးသွားရသည်။
ကျင်ကျန်းဟန်စစ်သည်တော်များရောက်ရှိလာခြင်းက တဝေတစ်ခုလုံးကို အာရုံစိုက်လာစေသည်။ သို့သော်လည်း မကြာခင်တွင်ပင် ကျင်ကျန်းဟန်၏ရွှေအမတေများသည် အားလုံး၏မြင်ကွင်းမှကွယ်ပျောက်သွားသည့်သတင်း ရရှိသွားကြသည်။ ထို့ကြောင့် လူအများက ပို၍ပင် တုန်လှုပ်လာကြသည်။
သို့သော်လည်း လူများစွာက ခုန်းလုံမြို့သို့သာ ဦးတည်သွားနေကြသည်။ ကျင်ကျန်းဟန်မှစစ်သည်တော်များသည် မည်သည့်နေရာတွင် ပျောက်သွားပါစေ နောက်ဆုံးတွင် ချူးယွင်ဖန်းရှိသည့် ခုန်းလုံမြို့သို့သာ သွားကြမည်ဖြစ်သည်။
ထိုအချိန်တွင် ခုန်းလုံမြို့၌ ချူးယောင်ဝေ့တစ်ယောက်သည် အိမ်တော်ထဲ၌ ရှေ့လျှောက်လိုက်၊နောက်လျှောက်လိုက်ဖြင့် စိတ်ပူပန်နေသည်။ အဘယ့်ကြောင့်ဆိုသော် ထိုသတင်းများကို ကြားထားသောကြောင့်ဖြစ်သည်။ ချူးယွင်ဖန်းက ကြောက်စရာကောင်းသည့်တည်ရှိမှုများကို ဖိတ်ခေါ်လိုက်သည်ဟုသောသတင်းကို ကြားကြားချင်းပင် လန့်သွားရှာသည်။ ထို့အပြင် အသီလာပါ ပါလာသည်။
ထိုအသီလာက ကျင်ကျန်းဟန်ရှိ ကျွမ်းကျင်သူအယောက်နှစ်ဆယ်ထဲမှတစ်ယောက်ဖြစ်သည်။ ထိုအဆင့်တွင်ရှိသောကျွမ်းကျင်သူတစ်ယောက်၏လှုပ်ရှားမှုတိုင်က မရေမတွက်နိုင်သောသူများစွာကို ဆွဲဆောင်နိုင်သည်။ အသီလာနှင့်ပတ်သက်သည့်အချက်အလက်များအားလုံးက တောင်လိုပုံနေသည်။ အသီလာကဲ့သို့သောလူမျိုးက ခုန်းလုံသို့ ဦးတည်လာနေသည်ကို တွေးလိုက်သည့်အခါတိုင်း မစိုးရိမ်ဘဲမနေနိုင်ပေ။
သူ၏ဘေး၌ ဖုဝမ်ထိုက်ရှိသည်။ သို့ရာတွင် ဖုဝမ်ထိုက်လည်း မျက်နှာမကောင်းလှပေ။
ဘာလို့များ ရွေအမတေတွေ အများကြီးရှိနေရတာလဲ။
လက်ရှိခုန်းလုံ၏ခံစစ်နှင့်သာဆိုလျှင် တစ်ဖက်သူက မိမိတို့ကို သတ်သွားနိုင်သည်သာမက ခုန်းလုံတစ်မြို့လုံးကိုပါ အမှုန့်ချေပစ်နိုင်သည်။
"လက်ယာအရှင်က အသီလာကို ပို့လိုက်မယ်လို့ ထင်မထားဘူး။ ငါတို့ ဘယ်လိုလုပ်ကြမလဲ။"
ချူးယောင်ဝေ့က တည်ငြိမ်စွာပြောလိုက်သော်လည်း စိတ်ထဲ၌မူ ပူပန်နေမိသည်။
ရထားသောသတင်းအတိုင်းသာဆိုလျှင် ထိုသူများ မည်သည့်နေရာသို့ ပျောက်သွားကြသည်ကို မသိကြပေ။ တစ်နည်းအားဖြင့်ဆိုရလျှင် ခုန်းလုံမြို့အပြင်၌ ပေါ်လာနိုင်သည်။
"အကောင်းဆုံးနည်းလမ်းကတော့ တတ်နိုင်သမျှ ထွက်သွားဖို့ပဲ။ သူတို့ရောက်လာရင် ခုန်းလုံက ပထမဆုံးပစ်မှတ်ဖြစ်မှာ။ ငါတို့သာ ဒီမှာဆက်နေမယ်ဆိုရင် ငါတို့နဲ့သေချာပေါက်ရင်ဆိုင်ရမှာပဲ။"
ဖုဝမ်ထိုက်က အကြံပေးလိုက်၏။
အသီလာကဲ့သို့သူမျိုးဖြင့် ရင်ဆိုင်ရလျှင် တစ်ချက်တည်းဖြင့်ပင် သေသွားနိုင်သည်။ တစ်ဖက်သူကသာ မိမိတို့ကို သတ်လိုလျှင် ပုရွက်ဆိတ်လေးတစ်ကောင်ကဲ့သို့ အလွယ်တကူသတ်သွားနိုင်၏။
"အခုမှ နန်းတွင်းညီလာခံကို လှုပ်ရှားပေးဖို့တောင်းဆိုရင်လည်း နောက်ကျနေပြီမလား။"
ချူးယောင်ဝေ့က မေးလိုက်၏။
"နန်းတွင်းညီလာခံကသာ ဝင်ပါချင်ရင် အသီလာက ဘာလို့အဲ့လောက်မောက်မာရဲမှာလဲ။ နန်းတွင်းညီလာခံမှာလည်း သူ့ကို နယ်ရုပ်လိုမျိုး အသုံးချချင်နေတဲ့သူရှိရမယ်။"
ဖုဝမ်ထိုက်ကဆိုလိုက်၏။
သာမန်သူဖြင့် ထိုသို့ပြောရန်က အဆင်မပြေသော်လည်း မိမိသည် ကျုံးရှင်းမြို့ဝန်းအိမ်တော်ဖြင့် ထူးခြားသောဆက်ဆံရေးရှိသည်။ ဖုဝမ်ထိုက်၏စကားကြောင့် ချူးယောင်ဝေ့တုန်လှုပ်သွားသည်။ ထိုကိစ္စက အစကတည်းက ထူးဆန်းနေသည်။ အသီလာနှင့်အခြားသူများသည် တဝေသို့ အလွယ်လေးဝင်လာနိုင်သည်။ ထို့ကြောင့် အခြားသူများဖြင့် တစ်နည်းနည်းပတ်သက်နေရပေမည်။ တဝေ၏အကြီးအကဲများကလည်း ဝင်မပါကြပေ။ အချိန်တစ်ခုအထိသာ နှောင့်နှေးနေပါလျှင် မိမိတို့အတွက် မြေမြုပ်ပေးမည့်နေရာဖြစ်သွားနိုင်သည်။
"ဒါပေမဲ့လို့ အဲ့အကြီးအကဲတွေမှာလည်း တားပေးဖို့ ဘာအရည်အချင်းရှိလို့လဲ။ သူက တဝေတစ်တိုင်းပြည်လုံးရဲ့ဒေါသသင့်မှာကို မကြောက်ဘူးတဲ့လား။"
ချူးယောင်ဝေ့က ဒေါသတကြီးဖြင့် ဆိုလိုက်၏။
ထိုသို့အချိန်တွင် မိမိ၏ဒေါသကို ထိန်းချုပ်ထား၍ မရတော့ပေ။
"ဘာကို ကြောက်ရမှာလဲ။ အသီလာသာ ဒီမှာသေသွားရင် ပိုပြီးတောင်ကောင်းတယ်မဟုတ်လား။ ငါတို့ကိစ္စကို ဘယ်သူကမေ့တော့မှာလဲ။ အားလုံးက သူ့ကိုတောင် ချီးကျူးနေကြဦးမှာ။"
ဖုဝမ်ထိုက်က လှောင်ပြုံးပြုံး၍ ပြောလိုက်လေသည်။