← Chapters

အညံ့ခံမှာမဟုတ်ဘူး

Vol. 89 Ch. 1333

အညံ့ခံမှာမဟုတ်ဘူး

Vol. 89 Ch. 1333

ဖုဝမ်ထိုက်၏စကားများကြောင့် ချူးယောင်ဝေက သူ၏အစီအစဉ်ကို နားလည်သွားသည်။ အသီလာသည် ခုန်းလုံ၌ သေသွားလျှင် အားလုံး ချူးမျိုးနွယ်စုအကြောင်း မေ့နိုင်တော့မည်မဟုတ်ပေ။ ချူးမျိုးနွယ်စုဖျက်ဆီးခံလိုက်ရသည်ကိုလည်း မည်သူမှသိတော့မည်မဟုတ်ပေ။

အားလုံးက တိုက်ပွဲ၏တောက်ပသောအနာဂတ်ကိုသာ မြင်လိုကြသည်။ ချူးယွင်ဖန်းသေလျှင် ချူးမျိုးနွယ်စုသည် အတိတ်ကနှင့်တစ်ပုံစံတည်းဖြစ်သွားပေမည်။

မိမိတို့ကို ဘယ်သူကများ မှတ်မိတော့မှာလဲ?

အားလုံးက ငတုံးငအများ မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် အားလုံးက ဉာဏ်ကောင်းကြသည်။ သို့ရာတွင် ပွင့်ပွင့်လင်းလင်းတိုက်ခိုက်ခြင်းမျိုး မပြကြပေ။ အသီလာနှင့် အခြားသူများက ချူးယွင်ဖန်းကို သတ်လိုလျှင် စွန့်စားရမည်ဖြစ်ကာ နောက်ဆုံး၌ တဝေကဝိုင်းထားခြင်းကို ခံရနိုင်သည်။

အားလုံးက အပေါ်ယံတွင်သာ လမ်းပျောက်နေကြခြင်းဖြစ်သည်။ နောက်ဆုံးအနိုင်အရှုံးက အချင်းချင်း၏အင်အားပေါ်တွင် မူတည်နေသည်။ ထိုသုံးဦးကြား၌ အားအနည်းဆုံးက ချူးမျိုးနွယ်ဖြစ်သည်။ ချူးယွင်ဖန်းသာ မရှိလျှင် ချူးမျိုးနွယ်စုကို အလွယ်လေးချေမှုန်းပစ်နိုင်သည်။ မျှော်လင့်ချက်အားလုံးကို ချူးယွင်ဖန်းအပေါ်တွင်သာ ပုံအောထားရလေသည်။

"ဒါပေမဲ့လို့ ဘယ်သူကများ ငါတို့ချူးမျိုးနွယ်ကို အဲ့လောက်အငြှိုးထားနေရတာလဲ။"

ချူးယောင်ဝေက သံသယဖြင့် ပြောလိုက်သည်။

"မြို့ဝန်မင်း မီစစ်ယွမ်ကို ဘယ်သူကထောက်ပံ့ပေးခဲ့တာလဲဆိုတာ မေ့သွားပြီလား။"

ဖုဝမ်ထိုက်က လေသံအေးအေးဖြင့် အသိပေးလိုက်သည်။

ရုတ်တရက်ဆိုသလိုပင် ချူးယောင်ဝေက တစ်ခုခုတွေးမိသွားပြီး အတွေးများက ပို၍ရှင်းလင်းလာတော့သည်။ ချက်ချင်းပင် ပြဿနာက ဘာဆိုသည်ကို နားလည်သွားတော့၏။

တဝေ၌ မင်းသားများစွာရှိသည်။ သို့သော်လည်း ဆယ်စုနှစ်များအတွင်းတွင် သေသူကသေ၊ ဖယ်ရှားခံရသူက ဖယ်ရှားခံလိုက်ရပြီး အနည်းငယ်သာကျန်တော့သည်။

ထိုထဲတွင် တဝေ၏လက်ရှိဒုတိယမင်းသားသည် မီစစ်ယွမ်၏ထောက်ပံ့သူပင်ဖြစ်သည်။ ထိုကိစ္စကလျှို့ဝှက်ချက်မဟုတ်ပေ။ ဒုတိယမင်းသား၏ကြင်ယာတော်များထဲကတစ်ယောက်သည် ယွိဝမ်မျိုးနွယ်ဖြစ်သောကြောင့် မီစစ်ယွမ်ကို ဒုတိယမင်းသားက ထောက်ပံ့ပေးခြင်းသာဖြစ်၏။ မီစစ်ယွမ်သေသည်နှင့် ဒုတိယမင်းသားအတွက်လည်း ရိုက်ခတ်မှုကြီးကြီးမားမားဖြစ်လာသည်။ သို့သော်လည်း နန်းတွင်းညီလာခံ၌ ဒုတိယမင်းသား၏လွှမ်းမိုးမှုက ကြီးစိုးလွန်းသည်။ သူ၏လက်အောက်၌ အင်အားမည်မျှရှိသည်ကို မည်သူသိမည်နည်း။

သာမန်လူအနေဖြင့် နန်းတွင်းမိသားစုကိစ္စများတွင် ဝင်စွက်ဖက်ရန်ကမဖြစ်နိုင်ပေ။ သို့သော်လည်း ဒုတိယမင်းသားက ဝင်စွက်ဖက်သည်ကမူ ဖြစ်နိုင်သည်။ အသီလာက ချူးယွင်ဖန်းကို သတ်သည်အထိ ခေတ္တမျှအချိန်ဆွဲထားပြီး ထို့နောက်မှအသီလာကိုသတ်၍လည်း အဆင်ပြေသည်။ ထိုသို့သာဆိုလျှင် တဝေတစ်ပြည်လုံး ပြောစရာစကားပျောက်ဆုံးသွားပေမည်။ ကျင်ကျန်းဟန်၏ ရွှေအမတေဆယ်ယောက်ကို သတ်လိုက်ခြင်းကလည်း ကောင်းမှုတစ်ခုဖြစ်သွားမည်။ ထိုအကြောင်းကိုစဉ်းစားမိပြီး ချူးယောင်ဝေသည်ပင် အားလုံးနားလည်သွားသည်။ ထို့ကြောင့်ဇောချွေးပင် ပြန်လာမိသည်။ ခဲတစ်လုံးဖြင့် ငှက်သုံးကောင်သတ်မည့်အစီအစဉ်မျိုး ဖြစ်နေသည်။ ချူးယွင်ဖန်းကိုသတ်လျှင်လက်စားချေခြင်းဖြစ်ပြီး ကျင်ကျန်းဟန်၏စစ်သူကြီးကိုသတ်ခြင်းက အဆင့်တစ်ခုအထိတိုးမြင့်သွားစေနိုင်သည်။

"ခဲတစ်လုံးနဲ့ ငှက်သုံးကောင်သတ်တာပဲ။ ဘယ်လောက်ကောင်းတဲ့အစီအစဉ်လဲ။"

ချူးယောင်ဝေက အံကြိတ်၍ ပြောလိုက်သည်။

ချက်ချင်းပင် အသီလာတစ်ယောက် အဘယ့်ကြောင့် ပျောက်သွားသည်ကို နားလည်လိုက်သည်။ အသီလာက ထိုထောင်ချောက်ကို မြင်ပြီးဖြစ်ပေမည်။ အမှန်တွင် ထိုထောင်ချောက်က မရှုပ်ထွေးလှပေ။ ဖုဝမ်ထိုက်ပင် မြင်နိုင်သည်။ အဓိကအချက်ကိုသိသည်နှင့် သဘောပေါက်ရန်က မခက်ပေ။ သို့သော်လည်း မည်သို့ဗျူဟာပင်ဖြစ်ပါစေ အင်အားမည်မျှရှိသည့်ပေါ်ကလည်း မူတည်သေးသည်။

"အခုဆို ခုန်းလုံက ပြဿနာအရှုပ်အထွေးဖြစ်မဲ့နေရာဖြစ်နေပြီ။ သူအကုန်လုံးကို နားလည်သွားလောက်ပြီ။"

ဖုဝမ်ထိုက်က တွန့်ဆုတ်စွာဖြင့် အကြံပြုလိုက်သည်။

"ခုမှ‌တော့ အသုံးမဝင်တော့ဘူး။"

ချူးယောင်ဝေ့က လှောင်ပြောင်လိုက်သည်။

"အခုမှတော့ အိမ်တော်တစ်ခုလုံး သူလျှိုတွေနဲ့ပဲပြည့်နေမှာတောင် စိုးရတယ်။ ငါတို့ထွက်သွားမယ်ဆိုရင်လည်း ဘယ်နေရာဆိုတာက မကြာခင်ပေါ်သွားမှာပဲ။"

ချူးယောင်ဝေ့က ခေါင်းခါရင်းဖြင့် ပြောလိုက်သည်။

"အဲ့ဒါအပြင် ဒုတိယမင်းသားက ချူးယွင်ဖန်းကိုသတ်ဖို့ ကျင်ကျန်းဟန်ဓားကို ငှားသုံးနိုင်တယ်ဆိုမှတော့ ငါတို့ကို သူဘယ်လောက်မုန်းနေလဲသိသာတယ်လေ။ ခုန်းလုံမှာ ငါတို့ကို ဘယ်သူမှ အဲ့လိုမျိုးမလုပ်ရဲကြဘူး။ ဒါပေမဲ့ ထွက်သွားလိုက်တာနဲ့ ငါတို့ဘယ်တောင်ကြားမှာသေသွားလဲဆိုတာ ဘယ်သူမှသိလိုက်မှာမဟုတ်ဘူး။"

သူသည် ထိုသူများ၏လွှမ်းမိုးမှုကို ကောင်းကောင်းသိသည်။ မြို့ကြီးများ၌ မိမိတို့ဘာသာ ထိန်းချုပ်ထားရပြီး တဝေ၏လွှမ်းမိုးမှုကို သတိထားရသည်။ သို့သော်လည်းတောထဲတွင်သာဆိုလျှင် နည်းနည်းလေးမျှပင် မတိုက်ခိုက်လိုက်ရဘဲ သေသွားနိုင်သည်။

"အဲ့လိုဆို ငါတို့မှာ ရွေးချယ်စရာမရှိဘူးပေါ့။"

ဖုဝမ်ထိုက်က ချူးယောင်ဝေဆိုလိုသည်ကို ချက်ချင်းနားလည်သွားသည်။

အခြေအနေကို ဖြေရှင်းနိုင်သည့် အဓိကသော့ချက်သည် ချူးယွင်ဖန်းကလွဲ၍ အခြားသူမရှိပေ။

"ဒါပေမဲ့လို့ ဒုတိယမင်းသားက စိတ်မရှည်တတ်ဘူး။ သူက သခင်လေးချူးနဲ့ သွေးဘုရင်တို့ တိုက်မဲ့အထိသာစောင့်လိုက်ရင် ပိုကောင်းတယ်မဟုတ်လား။"

ဖုဝမ်ထိုက်က တွေဝေစွာဖြင့် မေးလိုက်သည်။

"အဲ့လိုဆို သိသာနေမှာမဟုတ်လား။ ဒုတိယမင်းသားက သွေးဘုရင်ဆီက ကြိုးငှားချင်တယ်။ အခုကျတော့ ထိပ်တန်းငါးယောက်ထဲမှ သွေးဘုရင်က ထောက်ပံ့ပေးမဲ့သူမရှိဘူးဖြစ်နေတာလေ။"

ချူးယောင်ဝေက ပြောလိုက်သည်။

တဝေ၏ပုလ္လင်တိုက်ပွဲ၌ ထိုထိပ်တန်းများအထောက်အပံ့က အားကိုးရသည်။ မဟုတ်လျှင် တဝေပုလ္လင်ပေါ်၌ ထိုင်နေလျှင်ပင် မြဲမြံအောင်ထိုင်ရမည်မဟုတ်ပေ။

အားလုံးက အသီလာမည်သည့်နေရာကို ပျောက်သွားသည်ကို ခန့်မှန်းနေကြစဉ်တွင်ပင် သူတို့နှင့်နီးစပ်သောလူအချို့က ခုန်းလုံသို့ ရောက်နှင့်နေကြပြီးဖြစ်သည်။ သို့သော်လည်း မည်သူကမှ ခုန်းလုံကို မချည်းကပ်ရဲကြပေ။ ခုန်းလုံမှသာမန်သူများက ထိုအကြောင်းကို မသိကြသောကြောင့်ဖြစ်သည်။ သို့သော်လည်း ခုန်းလုံက မီးတောင်တစ်တောင်ကဲ့သို့ ပေါက်ကွဲတော့မည်ကို အကြီးအကဲများက သိထားကြသည်။ အချိန်မရွေး‌ပေါက်ကွဲသွားနိုင်သည်။

မြို့ထဲမှ ရာထူးကြီးသည့်လူအချို့က ထွက်ပြေးသွားကြသည်။ ဝေးဝေးသို့ပြေးကြသည်မှာ ရွှေအမတေအဆင့်တိုက်ပွဲ၌ဝင်ပါလျှင် အသက်မရှင်နိုင်သည်ကိုသိကြသောကြောင့်ဖြစ်သည်။ ထိုအချိန်တွင် အမှောင်ထဲ၌စောင့်နေကြသော အသီလာနှင့်သူ၏လူများက ချက်ချင်းပင် လှုပ်ရှားကြတော့သည်။ မြို့ပြင်မှလူများက ရုတ်တရက်ပင် မြို့ကို အရံအတားတစ်ခုဝိုင်းထားသည်ကို တွေ့လိုက်ရသည်။ ထိုအရံအတားက မြို့ကို မိုင်ရာချီဖုံးအုပ်ထားသည်။

ထိုအရံအတားက ခုန်းလုံတွင် ယခင်က မရှိခဲ့ပေ။အားလုံးက အချင်းချင်းကြည့်လိုက်ကြပြီး အသီလာတို့ရောက်လာသည်ကို သိလိုက်ကြသည်။ ထိုအရံအတားက ရန်သူထွက်သွားမည်ကို တားရန်သာဖြစ်၏။ ထိုစဉ်တွင် ခုန်းလုံမှ သာမန်သူများကမူ အခြားသူများအဘယ့်ကြောင့်ထွက်ပြေးသွားကြသည့်အကြောင်းကို ဆွေးနွေးနေကြသည်။ ထိုအခါမှသာ မိမိတို့သည် အန္တရာယ်ထဲသို့ ရောက်နေသည်ကို သတိထားမိခါစဖြစ်သည်။ ကြောက်စရာကောင်းသောအငွေ့အသက်က ကောင်းကင်ပေါ်မှဆင်းသက်လာပြီး တစ်မြို့လုံးကို လွှမ်းခြုံထားသည်။ ခုန်းလုံမှသက်ရှိအားလုံးသည် နတ်ဘုရားတစ်ပါးဆင်းသက်လာသည်ကို ကြိုဆိုရသကဲ့သို့ ဒူးထောက်လိုက်ကြသည်။

All Chapters