ခေါင်းကိုထိမှန်သွားသောဓားချက်
Vol. 89 Ch. 1334
ကြောက်စရာကောင်းသောအငွေ့အသက်က ခုန်းလုံတစ်ခုလုံးကို လွှမ်းမိုးသွားသည်။ မြို့ထဲမှသိုင်းသမားများစွာက ထိုအငွေ့အသက်ကို ခံနိုင်ရည်မရှိသောကြောင့် ဒူးထောက်လိုက်ကြရသည်။ ထိုအချိန်၌ မရေမတွက်နိုင်သောအကြီးအကဲများက အဘယ့်ကြောင့် အိမ်ကို စွန့်ခွာ၍ပြေးရသည်ကို နားလည်သွားကြ၏။ ယခင်က အဘယ့်ကြောင့်ဆိုသည်ကို နားမလည်ဘဲ ယခုမှနားလည်သွားခြင်းဖြစ်သည်။
အဆင့်မြင့်များ လာတိုက်ခိုက်ကြလေပြီ.....
ထို့အပြင် ထိုအဆင့်မြင့်များက လူကို ယင်ကောင်လေးသတ်သကဲ့သို့ သတ်နိုင်သောသူမျိုးဖြစ်ပေမည်။ ကြောက်စရာကောင်းသောအငွေ့အသက်က မလုံခြုံစေရုံသာမက ငရဲသို့ဆင်းသွားရသည်ဟုပင် ခံစားမိစေသည်။ ထိုဖိအားနှင့်အတူ ခုန်းလုံ၌ လူအုပ်စုတစ်စုပေါ်လာသည်။
"ချူးယွင်ဖန်း ထွက်လာခဲ့စမ်း။"
အသီလာက အော်ပြောလိုက်သည့်အခါတွင် ခုန်းလုံတစ်ခုလုံးပင် တုန်လှုပ်သွား၏။
သူ၏ဘေး၌ ကျင်ကျန်းဟန်၏ရွှေအမတေစစ်သည်များက ဝိုင်းထားကြသည်။ မြို့ကို အရံအတားများဖြင့် ကာကွယ်ထားသော်လည်း ဖောက်ဝင်လျှင်ဝင်၍ရနိုင်သည်။ ခြေလှမ်းတစ်ဝက်ရွှေအမတေတစ်ယောက်အတွက်ပင် ထိုအရံအတားများကို ဖောက်ဝင်ရန် အလွယ်လေးဖြစ်၏။ ရွှေအမတေတစ်ယောက်က နည်းနည်းမျှတိုက်ခိုက်လိုက်လျှင်ပင် အရံအတားများကို ဖြတ်ကျော်နိုင်မည်ဖြစ်သည်။
တစ်မြို့လုံးသည် နျူးကလီးယားဗုံးနှင့်တူသည့် ရွေအမတေများဖြင့် ရင်ဆိုင်ရသည့်အခါတွင် တုန်ခါသွားရသည်။ အားလုံး၏စိတ်သည် မိမိတို့က အားကြီးသောသူများကို ရန်သွားစမိသကဲသို့ လန့်သွားကြရသည်။ ထို့အပြင်ရွေအမတေဆယ်ယောက်မကပေ။ တစ်ဦးချင်းစီ၌ တစ်မြို့လုံးကိုပင် သုတ်သင်ပစ်နိုင်သောအားမျိုး ရှိသည်။
ယခင်က ဘိုးဘေးဝူရှန်းသည် သူ၏ကိုယ်ပိုင်စွမ်းအားဖြင့် မြို့ကို ထိုးဖောက်ခဲ့သည်။ ယခုတွင်မူ ထိုသို့သူမျိုးက ဒါဇင်ခန့်ရှိနေသည်။ အားလုံးကလည်း မိမိတို့အတွက် ပြိုင်ဘက်မဟုတ်ပေ။ အသီလာ၏အော်သံကြောင့် ထိုသူများအဘယ့်ကြောင့်ရောက်လာသည်ကို နားလည်သွားကြသည်။ ၎င်းတို့က ချူးယွင်ဖန်းကြောင့် ရောက်လာခြင်းဖြစ်သည်။ အချို့သောသူများက ချူးယွင်ဖန်းက လက်ယာအရှင်ကို မည်သို့သုတ်သင်လိုက်သည့်အကြောင်းကို တွေးမိကြသည်။ ထို့ကြောင့်ပင်လျှင် ကျင်ကျန်းဟန်စစ်သည်တော်များရောက်လာသည်ဟု ထင်ကြ၏။
လူများစွာ လှုပ်ရှားချင်သော်လည်း ထိုသို့မလုပ်နိုင်ကြပေ။ ခန္ဓာကိုယ်ပေါ်သို့ တောင်တစ်တောင်လုံးဖိထားသကဲ့သို့ အားကောင်းလှသည့်အရာတစ်ခုက ဖိနှိပ်ထားသည်။ လက်များက တုန်ယင်နေပြီး ခံနိုင်ရည်မရှိကြပေ။
ဘုန်း
ရွှေအမတေများရောက်လာခြင်းနှင့်အတူ ခုန်းလုံအထက်မှအရံအတားများအားလုံးသည် ကျယ်လောင်သည့်ပေါက်ကွဲကြီးနှင့်အတူ ပျက်စီးသွားရသည်။
"ဟားဟားဟား သူတို့အားလုံးကို သတ်ပစ်ကြ။"
ကျင်ကျန်းဟန်စစ်သည်တော်များ၏မျက်လုံးထဲ၌ သွေးဆာနေသောအရောင်က ဝင်းလက်သွားသည်။ များသောအားဖြင့် ထိုသို့ပုံစံဆိုလျှင် တစ်မြို့လုံးသုတ်သင်ခံရခြင်းမျိုး ဖြစ်လာနိုင်သည်။
"မေ့နေပြီလား။ ငါတို့မှာမရှိဆုံးက အချိန်ပဲ။ ချူးယွင်ဖန်းကိုသတ်ပြီးတာနဲ့ပြန်ရမယ်။"
အသီလာက ကျင်ကျန်းဟန်၏ကောက်ကျစ်သောစစ်သူကြီးတစ်ယောက်ဖြစ်သည်။ သူ့တွင် ကောက်ကျစ်သည့်သဘာဝမျိုးရှိသည်။ သေရမည်ကိုမကြောက်သော်လည်း တဝေ၌မူ မသေချင်ပေ။ အထူးသဖြင့် အခြားသူတစ်ဦး၏နယ်ရုပ်အဖြစ် အသုံးချခံရင်း မသေလိုပေ။
ယခုတွင်မူ မိမိပြန်ပေါ်လာသည့်သတင်းများက ပြန့်သွားလောက်ပြီဖြစ်ကာ တဝေမှကျွမ်းကျင်သူများလည်း ရောက်လာကြမည်ဖြစ်သည်။ ကြာကြာနေနေလျှင် သေသွားနိုင်သောကြောင့် အချိန်မဖြုန်းရဲပေ။
ကျင်ကျန်းဟန်၏စစ်သည်တော်များက အသီလာ၏စကားအတိုင်းပင် ရပ်လိုက်ကြသည်။ ထိုအချိန်တွင် ကျုံးရှင်းမြို့ဝန်အိမ်တော်ထက်သို့ ပျံသွားကြပြီး မိမိတို့ရထားသည့်လိပ်စာအတိုင်းပင်ဖြစ်၏။
အိမ်တော်ရှိလူအားလုံးကလည်း သတ်ခံရမည်ကို စောင့်ဆိုင်းနေသည့်အတိုင်း ဒူးထောက်ထားကြသည်။ ထိုထဲတွင် ဖုဝမ်ထိုက်တစ်ယောက်တည်းသာ ကျင့်စဉ်က ခြေလှမ်းတစ်ဝက်ရွေအမတေအဆင့်သို့ ရောက်ပြီးဖြစ်သဖြင့် အနည်းငယ်မျှတော်သေးသည်။ သို့သော်လည်း ထိုသို့ကြောက်စရာကောင်းသည့်အင်အားမျိုးဖြင့် ရင်ဆိုင်ရသည့်အခါတွင် မိမိဘာသာပင် ကောင်းကောင်းမကာကွယ်နိုင်ပေ။ တစ်ကိုယ်လုံးမှ သတ္တုအချင်းချင်းပွတ်တိုက်သည့်အသံမျိုး ထွက်နေသည်။ အရိုးများကဖိခံထားရသောကြောင့်ဖြစ်၏။ အံကြိတ်ကာ တောင့်ခံထားရသည်။
"မတ်တတ်ရပ်တာနဲ့သေမယ်။"
ကျင်ကျန်းဟန်စစ်သည်တော်တစ်ဦးက ကြုံးဝါးလိုက်သည်။ သူက ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး တောင့်ခံနေသောဖုဝမ်ထိုက်ကို ရိုက်ချလိုက်သည်။ ထိုစစ်သည်တော်၏မျက်နှာထားက ကြောက်စရာကောင်းလှသည်။ ခြေလှမ်းတစ်ဝက်ရွေအမတေတစ်ယောက်လည်း သူ့အတွက်မူ ပုရွက်ဆိတ်တစ်ကောင်သာသာ သာဖြစ်သည်။
"သေစမ်း သေတော့မှာပဲ။"
ဖုဝမ်ထိုက်က စိတ်ထဲတွင် ထိုသို့တွေးလိုက်မိသည်။
ရုတ်တရက်ဆိုသလိုပင် လက်ဝါးတစ်ဖက်က ဖုဝမ်ထိုက်ပေါ်သို့ ကျလာပြီး သတ်ရန်ပြင်လိုက်သော်လည်း လေထဲ၌ ဓားအလင်းတန်းပေါ်လာကာ အားလုံးပေါ်မှဖြတ်သွားသည်။
ဝှစ်...
ဓားက အသားကိုစုတ်ဖြဲပစ်သောအသံမျိုးကို အားလုံးကြားလိုက်ရည်။ ထိုဓားအလင်းက ကျင်ကျန်းဟန်စစ်သည်တော်၏ခေါင်းကို ဖြတ်သွားပြီး ပေါက်ကွဲထွက်သွားစေသည်။ ထိုသူ၏ခန္ဓာကိုယ်က မြေကြီးပေါ်သို့ လဲကျသွားသည်။ ရွှေအမတေတစ်ယောက်လျှင်ပင် ခေါင်းပေါက်ကွဲပြီးသေသွားရသည်။ ရုတ်ချည်းဆန်သောပြောင်းလဲမှုကြီးက အားလုံးကို ထိတ်လန့်သွားစေ၏။ ကျင်ကျန်းဟန်စစ်သည်တော်များအတွက်လည်း အတူတူပင်ဖြစ်သည်။ တိုက်ခိုက်ခံရသောသူက အမတေမဲ့အဆင့်ဖြစ်သည်။ သူသည် ဓားဖြင့်တိုက်ခိုက်ခံလိုက်ရကာရှောင်ချိန်ပင် မရလိုက်ပေ။ ချုံခိုတိုက်ခိုက်ခြင်းမျိုးဖြစ်သော်လည်း လွန်စွာကြောက်စရာကောင်းလှ၏။
အားလုံးက အခြေအနေကို တွက်ဆလိုက်သည်။ ပြင်ဆင်ထားလျှင်ပင်ခုံခံနိုင်မည်မဟုတ်ပေ။ ဓားကမြန်ဆန်လွန်းပြီး မိုးကြိုးနှင့်ပင် တူသည်။
"ဘယ်သူ့လက်ချက်လဲ။"
ထိုသူများက ချက်ချင်းပင် အော်မေးလိုက်ပြီး မျက်နှာထက်မှ ကြောက်စရာကောင်းသောအမူအရာများက ပို၍တင်းမာသွားသည်။ မည်သူကမှ ကစားပွဲအစကတည်းကပင် အသတ်ခံရမည်ဟု မထင်ထားကြပေ။ အသီလာက အိမ်တော်ရှိရာသို့ တည်ငြိမ်သောအမူအရာဖြင့် ကြည့်လိုက်သည်။ ထိုသို့အင်အားရှိသူမျိုးက မိမိတို့၏ပစ်မှတ်ဖြစ်သော ချူးယွင်ဖန်းမှလွဲ၍ အခြားသူမဟုတ်ပေ။
ထိုအချိန်တွင် လူတစ်ယောက်က အိမ်တော်ထဲမှ ဖြည်းဖြည်းချင်းထွက်လာသည်။ အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသောလူငယ်လေးတစ်ဦးဖြစ်သည်။ အသက်ကြီးနေပြီဖြစ်သောအသီလာနှင့်ယှဉ်လျှင် လွန်စွာငယ်လွန်းနေပေသည်။