← Chapters

သာမန်ကာလျှံကာမျှသာသတ်ဖြတ်ခြင်း

Vol. 89 Ch. 1335

သာမန်ကာလျှံကာမျှသာသတ်ဖြတ်ခြင်း

Vol. 89 Ch. 1335

အမှန်တွင် ရှိနေသောရွှေအမတေများအားလုံးနှင့်စာလျှင် ချူးယွင်ဖန်းသည် လွန်စွာငယ်ရွယ်လွန်းလှသည်။ အားလုံးတွင် မိသားစုထဲမှမြေးဖြစ်သူများကို စဉ်းစားမိကြသော်လည်း ချူးယွင်ဖန်းက မြေးအရွယ်ပင် မကပေ။ အသက်အရွယ်အားဖြင့် တိုင်းတာကြည့်ပါလျှင် သူသည် မြစ်အရွယ်လောက်သာ ရှိသေးသည်။ မြစ်များသည်ပင် တိုက်ပွဲ၌ စစ်သည်တော်တစ်ယောက်လုပ်ရန် သင်ယူထားကြပြီးဖြစ်သည်။ ကျင်ကျန်းဟန်၏ကျင့်စဉ်များအားလုံးကို တိုက်ပွဲ၌ လုပ်ဆောင်ကြရသည်သာဖြစ်၏။ သို့သော်လည်း ယခုတွင်မူ အငယ်လေးဖြစ်သောချူးယွင်ဖန်းက မိမိတို့နှင့် တန်းတူဖြစ်နေသည်။ သူသည် ကျွမ်းကျင်သူများစွာပေါင်းသတ်ရသည်အထိ ကြောက်စရာကောင်းလှသောတည်ရှိမှုမျိုးဖြစ်နေသည်။ အားလုံးက လူသားများဖြစ်သော်လည်း နှိုင်းယှဉ်ကြည့်လျှင် အတော်လေးအလှမ်းဝေးနေသည်။ ထို့နောက်တွင် ချူးယွင်ဖန်း၏အသက်ကြောင့် အံ့ဩသွားရသကဲ့သို့ ချူးယွင်ဖန်းထံ၌သတ်ခံလိုက်ရသည့်သူကလည်း ဓားတစ်ချက်တည်းဖြင့် အသတ်ခံလိုက်ရခြင်းဖြစ်သည်။ ချက်ချင်းဆိုသလိုပင် ကွာခြားချက်က ကြီးမားလွန်းနေသည်။ ခေါင်းကို တစ်ချက်စာထိုးပြီး တစ်ယောက်ကို သတ်ပစ်ခဲ့သည်။ မိမိတို့သည် ထိုသို့လုပ်ရန်ပင် မစဉ်းစားရဲကြပေ။

ထိုသို့လုပ်ခဲ့သောသူက ချူးယွင်ဖန်းဖြစ်သော်လည်း မိမိတို့ကမူ ထိုသို့လုပ်နိုင်မည်မဟုတ်ပေ။ သူ၏အင်အားက မိမိတို့စိတ်ကူးထားသည်ထက် ပို၍ကြောက်စရာကောင်းလှသည်။ ထိုအချိန်တွင် အဘယ့်ကြောင့် လက်ယာအရှင်က ချူးယွင်ဖန်းကို သတ်ရန် ကြီးကြီးမားမားလှုပ်ရှားလာသည်ကို နားလည်သွားကြသည်။

"ကျင်းကျန်ဟန်ကလား။ လက်ယာအရှင်က မင်းတို့ကို ပို့လိုက်တာပေါ့။"

ချူးယွင်ဖန်းက ဖြည်းဖြည်းချင်း ပြောလိုက်သည်။

"အမှန်ပဲ။ မင်းက ချူးယွင်ဖန်းပဲ ဖြစ်ရမယ်။ ဒီနေ့တော့ လက်ယာအရှင်ရဲ့အမိန့်အရ မင်းအသက်ကို နှုတ်ယူရမယ်။"

အသီလာက ပြောလိုက်လေသည်။

"တကယ်ပဲမင်းကိုး။"

ချူးယွင်ဖန်းက မထုံတတ်သေးဖြင့် ပြောလိုက်သည်။

"သူက ဒီလောက်ကြိုးကြိုးစားစားနဲ့ မင်းတို့အားလုံးကို အဝေးကြီးကနေ တကူးတကသေတွင်းပို့လိုက်တာပဲ။"

မျှော်လင့်ထားသည့်အတိုင်းပင် ချူးယွင်ဖန်း၏စကားများက ကျန်ကျင်းဟန်မှစစ်သည်တော်များကို ဒေါသထွက်သွားစေသည်။ အားလုံးက ဒေါသတကြီးဖြင့်ချူးယွင်ဖန်းကို အော်ဟစ်လိုက်ကြသည်။

"အောက်ခြေလွတ်နေတဲ့ကောင်။"

"မာနကြီးလိုက်တာ။"

"မင်းခေါင်းကိုဖြတ်ပစ်မယ်။"

ထိုထဲမှတစ်ယောက်က ချူးယွင်ဖန်းကို ခေါင်းဖြတ်ရန် ပြင်လိုက်စဉ်တွင် ချူးယွင်ဖန်းက ခန္ဓာကိုယ်ကို အသာလေးစောင်းလိုက်သည်။ သူ၏ခြေထောက်အောက်၌ မိုးကြိုးလုံးလေးတစ်လုံးထွက်ပေါ်လာပြီး သူ့ရှေ့သို့ ချက်ချင်းရောက်သွား၏။

"သတိထား။"

ပထမဆုံးအော်လိုက်သောသူက အသီလာဖြစ်သည်။ ချူးယွင်ဖန်း၏လက်ဖဝါးမှ လျှပ်စစ်စီးကြောင်းများက ရူးလောက်စရာကောင်းအောင် ထွက်ပေါ်လာပြီး ချက်ချင်းပင် လျှပ်စစ်စီးကြောင်းအမြှောက်ကြီးအဖြစ်ပြောင်းလဲသွားတော့သည်။

ဘုန်း...

ကြောက်စရာကောင်းသောလျှပ်စစ်အမြှောက်က ကောင်းကင်ကို ဖြတ်ကျော်ပြီး ကျင်ကျန်းဟန်စစ်သည်တော်ကို မှန်သွားသည်။

ဘုန်း....

ထိုအမြှောက်ချက်ကြောင့် ကျင်ကျန်းဟန်စစ်သည်တော်၏ခန္ဓာကိုယ်က ချက်ချင်းပင် ပေါက်သွားသည်။ ရှောင်ချိန်ပင်မရလိုက်ပေ။ ချူးယွင်ဖန်းက မြန်လွန်းလှသည်။ တစ်ချက်တည်းဖြင့် အကြီးအကျယ်ဒဏ်ရာရသွားလေသည်။ ချူးယွင်ဖန်းက သူ၏ရင်ဘတ်တစ်ခုလုံးကို ဖျက်ဆီးပစ်လိုက်ပြီး တစ်ကိုယ်လုံးကလည်း နှစ်ပိုင်းပြတ်သွားသည်။ ကျင်ကျန်းဟန်စစ်သည်တော်သည် ပြန်ပင်မတိုက်လိုက်ရဘဲ ချူးယွင်ဖန်းလက်ထဲ၌ သေရလိမ့်မည်ဟု မထင်ခဲ့ပေ။

သူမျက်နှာက မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။ ချူးယွင်ဖန်းကို မျက်လုံးအပြူးသားဖြင့် ကြည့်နေမိသည်။

"ကျုပ်ကို သတ်ချင်ကြတာလား။"

ချူးယွင်ဖန်းက လှောင်ပြောင်ရယ်မော၍ ကျင်ကျန်းဟန်စစ်သည်တော်များကို ကြည့်လိုက်သည်။ သူ၏အပြုံးက ငရဲမှတက်လာသောမကောင်းဆိုးဝါးနှင့်တူသည်။ သူသည် ပြောသည့်အတိုင်းသတ်သည်။ ရွေအမတေများကို လမ်း‌ဘေးမှမြက်ပင်သာသာ လောက်သာ သဘောထားသည်။ ချက်ချင်းပင် ရန်သူကြီးဖြင့် ရင်ဆိုင်နေရသကဲ့သို့ ကျင်ကျန်းဟန်စစ်သည်တော်များ တင်းမာသွားသည်။ လူနှစ်ယောက်လုံး တစ်ဆက်တည်းသတ်ခံလိုက်ရသည်။ မိမိတို့သာ စိတ်ကြီးဝင်ပြီး ချူးယွင်ဖန်းကို အထင်သေးလိုက်ပါလျှင် အေးအေးနေနိုင်တော့မည်မဟုတ်ပေ။

အစမှအဆုံးထိ ချူးယွင်ဖန်း၏သတ်ဖြတ်နိုင်စွမ်းက လွန်စွာကြမ်းတမ်းသည်။ သုံးရက်သုံးညတိုက်ရမည့် တိုက်ပွဲဖြစ်ပေသည်။ သို့သော်လည်း ချူးယွင်ဖန်းအတွက်မူ ထိုသို့မဟုတ်ပေ။ ချူးယွင်ဖန်းရှေ့၌ အားလုံးက ဘာမှမဟုတ်ပေ။ ချူးယွင်ဖန်းက တစ်ဆက်တည်းရွှေအမတေနှစ်ယောက်ကို သတ်လိုက်သည်ကို မြင်လျှင် ခုန်းလုံမှကျွမ်းကျင်သူများကမူ ဝမ်းသာသွားကြသည်။ ၎င်းတို့အတွက်မူ ချူးယွင်ဖန်း၏အရည်အချင်းက အားကောင်းလှသည်မှာ သံသယဝင်စရာပင် မရှိပေ။ ရွေအမတေဆယ်ယောက်ရောက်လာသည့်မြင်ကွင်းကပင် ကြောက်စရာကောင်းနေပြီဖြစ်သည်။ ခပ်လှမ်းလှမ်းမှကြည့်နေကြသော နတ်အဆင့်များသည်ပင် မျက်မှောင်ကြုတ်မိသွားကြသည်။

"ချူးယွင်ဖန်းက ကောလာဟလတွေထက်တောင်မှ ပိုပြီးအားကောင်းသေးတယ်။"

"ကောလာဟလမဟုတ်ဘူး။ သူ မီစစ်ယွမ်နဲ့တိုက်တုန်းကလည်း မြင်ဖူးတယ်။ သေချာပေါက် အဲ့တုန်းကလည်း ကြောက်စရာကောင်းတယ်။"

"တစ်ယောက်ယောက်ကတော့ လူရိုင်းတွေအကူအညီနဲ့ ချူးယွင်ဖန်းကို သတ်ချင်နေတာ။ ဒါပေမဲ့လို့ ကြည့်ရတာ အဲ့အကြံက အလုပ်ဖြစ်မှာမဟုတ်လောက်ဘူး။ ချူးယွင်ဖန်းရဲ့အင်အားနဲ့ဆိုရင် သူက ထွက်ပြေးဖို့ စိတ်ပိုင်းဖြတ်လိုက်ရင် သူ့ကို ဘယ်သူမှတားနိုင်မှာမဟုတ်ဘူး။"

"အမှန်ပဲ။ သူသာ ထွက်ပြေးချင်ရင် ဘယ်သူမှတားနိုင်မှာမဟုတ်ဘူး။ ကျင်ကျန်းဟန်က ဒီနေ့ဆုံးဖြတ်ချက်မှားမှာကိုပဲ စိုးရတယ်။"

လူအုပ်က တက်တက်ကြွကြွလှုပ်ရှားနေသော်လည်း သွား၍မကူညီရဲကြပေ။ ရွေအမတေများကြားမှတိုက်ပွဲသည် တိုက်ပွဲပြီးနောက်ကျန်ခဲ့သည့်တန်ပြန်မှုကပင် မိမိတို့ကို သုတ်သင်နိုင်ရန်အတွက် အားကောင်းလှသည်။

ခုန်းလုံအထက်၌ ကျင်ကျန်းဟန်၏စစ်သည်တော်များက ချူးယွင်ဖန်းကို အရပ်မျက်နှာပေါင်းစုံမှ ဝန်းရံထားကြသည်။ သူထွက်ပြေးသွားမည်ကို စိုးသောကြောင့်ဖြစ်၏။

"ကျုပ်ထွက်ပြေးမှာစိုးနေတာလား။"

ချူးယွင်ဖန်းက ပြုံး၍ မေးလိုက်သည်။

"အမှန်ပဲ။ ငါတို့တွေက ဒီနေ့ မလွတ်နိုင်မဲ့ကွန်ရက်မျိုး ချထားပြီးပြီ။"

အသီလာက ချူးယွင်ဖန်းကို အေးစက်စွာကြည့်၍ ပြောလိုက်သည်။

"စိတ်မပူပါနဲ့။ ဒီနေ့ထွက်ပြေးဖို့လည်း မလုပ်ပါဘူး။ ဒါပေမဲ့လို့ ဘာမှတော့လည်းလုပ်မှာမဟုတ်ဘူး။"

ချူးယွင်ဖန်းက ပြောရင်းဖြင့် အလင်းတန်းတစ်ခုအသွင်နှင့် ပျောက်ကွယ်သွားသည်။ ထိုမြင်ကွင်းကြောင့် လူများလည်း ထိတ်လန့်သွားကြသည်။ ချူးယွင်ဖန်းက မိမိတို့တိုင်းထားသည့်ကြားမှ လွတ်သွားမည်ဟု မထင်ခဲ့ပေ။ အကြည့်ချင်းဖလှယ်လိုက်ကြပြီးနောက်တွင် ချက်ချင်းပင် အံကြိတ်၍ နောက်မှလိုက်သွားကြတော့သည်။

ချူးယွင်ဖန်းက ထာဝရရေကန်ရှိရာသို့ ထွက်ပြေးသွားသည်။ သူ့နောက်မှ အုပ်စုတစ်စုကလည်း လိုက်လာသည်။ ချက်ချင်းဆိုသလိုပင် ရေကန်ဘေးသို့ ရောက်သွားကြသည်။

"ငရဲကိုသွားလိုက်တော့ ချူးယွင်ဖန်း။"

ရေကန်သို့ ရောက်လျှင်ရောက်ချင်းပင် ကျင်ကျန်းဟန်စစ်သည်တော်က ချူးယွင်ဖန်းရှေ့သို့ ရောက်သွားသည်။ ကျင်ကျန်းဟန်စစ်သည်တော်၏ပုံရိပ်က အံ့ဩစရာကောင်းသောအရှိန်မျိုးဖြ့င် ပျောက်ကွယ်သွားသည်။

"သေလိုက်တော့...."

ချူးယွင်ဖန်းက သာမန်ကာလျှံကာသာ ပြောလိုက်ခြင်းဖြစ်သည်။ လက်တစ်ဖက်မှ လျှပ်စစ်စွမ်းအားများ ထွက်ပေါ်လာသည်။ ထိုလျှပ်စစ်စွမ်းအားများက တောင်တစ်လုံးနှယ် ကျင်ကျန်းဟန်စစ်သည်တော်အပေါ်သို့ အုပ်မိုးသွားသည်။

ချူးယွင်ဖန်းက ချက်ချင်းပင် ကျင်ကျန်းဟန်စစ်သည်တော်ဆီသို့ ထိုစွမ်းအားကို ပစ်လွှတ်လိုက်ကာ တစ်ဖက်သူမှာ ပြန်ပင် မတိုက်ခိုက်လိုက်နိုင်ပေ။

All Chapters