အခန်း (၃၉၈+၃၉၉)
Vol. 27 Ch. 398+399
Chapter 398
မွန်းစတားများ ၁
“မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဟုတ်ဘူး… ဘယ်လို လုပ်ဖြစ်နိုင်မှာလဲ” ဟယ်ခွန်းသည် အခြေအနေသည် ဟာသ မဟုတ်တော့ကြောင်း လျင်မြန်စွာ သဘောပေါက်သွားသည်၊၊ သူ၏ ပြုပြင်ရေးအဖွဲ့သည် ယှဉ်ပြိုင်နိုင်စွမ်း မရှိပေ။ သူသည် ဤတိုက်ပွဲကို အနိုင်ရမည် မဟုတ်ကြောင်း သိသဖြင့် အလျင်အမြန်နောက်ဆုတ်သွား၏။
“မင်းက ရထား ပြင်ပြီးပြီဆိုတော့ ငါတို့ အနှောင့်အယှက် မပေးတော့ပါဘူး။ စီးပွားရေးက စီးပွားရေးပဲ… ငါတို့အားလုံး ဒီနေရာမှာ ရှင်သန်ဖို့ ကြိုးစားနေတာပါ။ ပိုပြီး ဆိုးရွားအောင် မလုပ်ပါနဲ့ ဖီးနစ်ဂိုဏ်းက လူတွေကို ဆွဲဆောင်မိလိမ့်မယ်၊ မလိုလားအပ်တာတွေ ဖြစ်လာမယ် မဟုတ်လား...”
သူ ဤသို့ပြောပြီးနောက် ဟယ်ခွန်းနှင့် သူ၏ လူများသည် လက်မြှောက်ကာ ယာဉ်ဘက်သို့ နောက်ဆုတ်သွားကြ၏။
မိုနီကာသည် စကားတစ်ခွန်းမှ မပြောဘဲ သူ့အား စိုက်ကြည့်နေသောကြောင့် ဟယ်ခွန်းသည် သူ့နှလုံးသားထဲတွင် အေးစက်သော ခံစားမှုကို ခံစားလိုက်ရ၏။ သူသည် အပေါ်ယံအားဖြင့် ကြည့်လျှင် သာမန်ဟုထင်သော ဤအမျိုးသမီး၏ တည်ရှိမှုသည် ပို၍ပင် ခြိမ်းခြောက်နိုင်စွမ်းရှိကြောင်း တွေးလိုက်မိသည်။ သူသည် တခြား ဘာမှ မပြောတော့ရန် ဆုံးဖြတ်လိုက်ပြီး ယာဉ်ပေါ်သို့ တက်ကာ လီဗာကို ဆောင့်နင်း၍ အလျင်အမြန် ဆုတ်ခွာသွားတော့သည်။
ထွက်ပြေးသွားသည်ကို မြင်သောအခါ မိုနီကာသည် အခြေအနေကို တမင်တကာ ထပ်မံတင်းမာအောင် မပြုလုပ်တော့ပေ။
“အစ်ကိုရှီ၊ ကပ္ပတိန်လင်း… အနှောင့်ယှက်ဖြစ်သွားတဲ့အတွက် စိတ်မကောင်းပါဘူး”
မိုနီကာက တောင်းပန်သော အမူအရာဖြင့် လျှောက်လာသည်။ သူမ၏ နောက်လိုက်တစ်ဦးက သေတ္တာတစ်လုံးကို သူမအား ပေးလိုက်သည်၊၊ အတွင်း၌ သွေးပဲစေ့ ၂၀ ရှိနေသည်၊၊
“ကပ္ပတိန်လင်း… ကျင်းချန်ယာဉ်တန်းက ရှင့်ကို တစ်ခုခု ဒုက္ခပေးလာရင် ကျွန်မကို ဆက်သွယ်ပါ။ ကျွန်မ ဖြေရှင်းပေးပါ့မယ်”
လင်းရှန်သည် သေတ္တာကို လှမ်းယူလိုက်သည်။ မော်နီကာ၏ ကိုင်တွယ်ပုံကို သဘောကျစွာဖြင့်
“ကောင်းပြီ၊ ခင်ဗျားရဲ့ ယာဉ်ကို တစ်ခုခုဖြစ်ရင်လည်း ကျုပ်ကို ဆက်သွယ်နိုင်ပါတယ်”
သူသည် မိုနီကာကို ကြည့်လိုက်ရာ သူ၏ နောက်စကားများတွင် ပိုမိုနက်ရှိုင်းသော အဓိပ္ပာယ်များ ပါဝင်နေသည်။
“အနည်းဆုံး ဒီနှစ်ရက်အတွင်းတော့ ကျုပ်တို့ အပေးအယူက အကျုံးဝင်ပါတယ်”
“ဟမ့်…ညီမလေး ရိုးရိုးသားသားပြောရရင် ဒါက မင်းရဲ့ ပြဿနာမဟုတ်ပါဘူး။ ကျင်းချန်ယာဉ်တန်းက အမြတ်ထုတ်ဖို့ ကြိုက်တဲ့ ပုံစံမျိုးပဲ။ ငါ ဒီလို လူမျိုးတွေကို အကြိမ်ပေါင်းများစွာ တွေ့ဖူးတယ်။ သူတို့ စည်းမကျော်မချင်း ငါ ဂရုစိုက်မှာ မဟုတ်ဘူး”
ရှီတိယွမ်သည် လက်ကို ဝှေ့ယမ်းကာ ပေါ့ပေါ့ပါးပါး ပြောလိုက်ပြီးနောက် လင်းရှန်ဘက်သို့ လှည့်ကာ
“ညီလေးလင်း စွမ်းရည်စစ်ဆေးမှုတွေက အခု နဂါးတောင်နဲ့ အနန္တရထားအလှည့် ရောက်နေပြီ။ စကားပြောတာ ရပ်ပြီး ပြန်သွားရအောင်”
လင်းရှန် ခေါင်းညိတ်လိုက်ရာ အချိန်သည် သင့်လျော်နေ၏။ ဘုရင်မ မိုနီကာ၏ ပုံစံပုံကြမ်းကို စကင်ဖတ်ပြီးပြီဖြစ်ကာ တန်းစီစောင့်ဆိုင်းရမည့် ဒုက္ခမှလည်း ကင်းဝေးသွားလေပြီ။
“ကောင်းပြီလေ… ကျွန်မ ရှင်တို့ကို ပြန်လိုက်ပို့ပေးပါ့မယ်”
မိုနီကာသည် သူမ၏ ယာဉ်တန်း၏ အသက်ရှင်သန်မှုကို ဆုံးဖြတ်နိုင်သည့် စက်ချို့ယွင်းချက် ပြဿနာသည် လင်းရှန်ကြောင့် ဤမျှ လွယ်ကူစွာ ဖြေရှင်းနိုင်လိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ သွေးပဲစေ့ ၂၀ သည် သူမအတွက် ဘာမျှ မဟုတ်ဘဲ စွမ်းအားကြီးသော ယာဉ်တန်းခေါင်းဆောင်နှစ်ဦးဖြစ်သည့် လင်းရှန်နှင့် ရှီတိယွမ်တို့နှင့်လည်း ရင်းနှီးမှုရခဲ့၏။ သူမ၏ စိတ်အခြေနေ အလွန်ကောင်းမွန်နေပြီး ပြုံးရယ်ကာ သူမ၏ လက်အောက်ခံများအား အမိန့်အချို့ ပေးလိုက်ပြီးနောက် လင်းရှန်၊ ရှီတိယွမ်တို့နှင့်အတူ မီရှယ်ဘုရားရှိခိုးကျောင်းသို့ မောင်းနှင်သွားလိုက်သည်။
မီရှယ်ဘုရားရှိခိုးကျောင်း၊ စွမ်းရည်စစ်ဆေးရေး ရင်ပြင်
ရင်ပြင်သည် ယခုအခါ အလွန် စည်ကားနေပြီး ပတ်ဝန်းကျင် လမ်းများမှ ရှင်သန်ကျန်ရစ်သူများ ပိုမိုများပြားစွာ စုရုံးကာ လာကြည့်နေကြ၏။ သတင်းသည် တောမီးကဲ့သို့ လျင်မြန်စွာ ပြန့်နှံ့သွားပြီး စီလန်မြို့ရှိ စွမ်းရည် စစ်ဆေးရေး ရင်ပြင်သည် ယခုကဲ့သို့ စည်ကားခြင်းမရှိခဲ့သည်မှာ ရက်အနည်းငယ် ကြာခဲ့ပြီ ဖြစ်သည်။
အကြောင်းရင်းမှာ ရိုးရှင်းပေသည်။ နှစ်နာရီအတွင်း လူသုံးဦးသည် ရူးသွပ်သူအဆင့်သို့ ရောက်ရှိနေခဲ့ကြခြင်းကို တွေ့လိုက်ရသည်၊၊
၎င်းတို့ထဲမှ နှစ်ဦးမှာ ယာဉ်တန်းခေါင်းဆောင်များဖြစ်သည့် ကျိုးလီနှင့် ချီလီတို့ဖြစ်ပြီး ၎င်းတို့သည် တပ်ရင်း (၇) စုံစမ်းရေးတပ်ဖွဲ့က ပြီးခဲ့သည့်ညက မြို့ထဲသို့ အစောင့်အရှောက်ဖြင့် ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။ အခြားတစ်ဦးမှာ ပြီးခဲ့သည့်နေ့လယ်ပိုင်းကမှ စီလန်မြို့သို့ ရောက်ရှိလာခဲ့သော အနက်ရောင်ကလေး ယာဉ်တန်းကြီး၏ ခေါင်းဆောင် လုံတာဟေး ဖြစ်သည်။
အဖွဲ့ခေါင်းဆောင် ကျိုးလီသည် မနေ့က လင်းရှန်နှင့်ပင် အတူတူသောက်ခဲ့သည်၊၊ လူတိုင်းအံ့အားသင့်သွားသည်မှာ သူ၌ စွမ်းရည်မရှိခြင်းပင်။ သူ၏ မျိုးရိုးဗီဇပြောင်းလဲမှုကိုသာ အားကိုးလျက် သူသည် ဝိဉာဉ်လှိုင်းတန်ဖိုး ၇၀၀ ၏ အထွတ်အထိပ်သို့ ရောက်ရှိခဲ့ပြီး အစွန်းရောက် ကိန်းဂဏန်း ၁.၅ ဖြင့် သူ၏ နောက်ဆုံး စွမ်းရည်စစ်ဆေးမှုအဆင့်သည် ၁၀၅၀ သို့ ရောက်ရှိခဲ့ရာ ရူးသွပ်သူအဆင့် (၁၀၀၀) နှင့် ကိုက်ညီခဲ့သည်။
လူ ၈၀၀ ပါ ယာဉ်တန်း၏ ခေါင်းဆောင် လုံတာဟေးတွင်လည်း အစွန်းရောက် ကိန်းဂဏန်း ၁.၅ ရှိခဲ့ပြီး သူ၏ စွမ်းရည်အထွတ်အထိပ်သည် ၈၀၀ တွင် ရှိခဲ့ကာ သူ၏ နောက်ဆုံး စစ်ဆေးမှုအဆင့်သည် ၁၂၀၀ ဖြစ်ခဲ့သည်။
အံ့အားသင့်စရာ အကောင်းဆုံးမှာ ချီလီဖြစ်ပြီး လူချမ်းသာ အမျိုးသမီးတစ်ဦးဟန် ဝတ်ဆင်ထားကာ သူ၏ ဝိဉာဉ်လှိုင်းတန်ဖိုး အထွတ်အထိပ်သည် ကြောက်မက်ဖွယ်ကောင်းသော ၁၀၈၀ သို့ ရောက်ရှိခဲ့ခြင်းပင်။ ထို့အပြင် သူ၏ အစွန်းရောက် ကိန်းဂဏန်းသည် အခန်းတွင်း၌ အမြင့်ဆုံးဖြစ်သော ၁.၇ ဖြစ်သည်။
ထို့ကြောင့် ဂျိုကာယာဉ်တန်း၏ ခေါင်းဆောင်သည် hotအဖြစ်ဆုံး ဆွေးနွေးစရာ အကြောင်းအရာဖြစ်လာပြီး စစ်ဆေးမှုအဆင့်သည် ၁၈၃၆ ရှိကာ ၂၀၀၀ နီးပါး ဖြစ်နေပြီး စစ်မှန်သော မွန်းစတားတစ်ကောင် ဖြစ်နေ၏။
“ဝါး…ဒီလူက ရုပ်ချောတဲ့ လူငယ်လေးလိုပဲ ထင်ရတာ… သူ့ရဲ့ စွမ်းရည်အဆင့်က ၁၈၀၀ ကျော်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ”
“အထင်ကြီးစရာပဲ။ ညလမ်းလျှောက်သူတွေကို ထည့်မရေတွက်ရင် သူက စီလန်မြို့မှာ တတိယ ဒါမှမဟုတ် စတုတ္ထမြောက် အင်အားအကြီးဆုံး ရှင်သန်ကျန်ရစ်သူ ဖြစ်နိုင်တယ်”
“ဟုတ်တယ်၊ အနည်းဆုံးတော့ ထိပ်ဆုံးငါးယောက်ထဲမှာတော့ ပါတယ်။ စကြဝဠာယာဉ်တန်းက ချင်ရွှမ်မင်ကို သိတယ်မလား… သူ့ရဲ့ ၁၉၇၂ က ဒုတိယနေရာမှာ ရှိသင့်တယ်။ အင်အားအကြီးဆုံးကတော့ Arctic မဟာမိတ်တပ်ပေါင်းစုက ဟန်ကျွမ့်ဖြစ်ပြီး ၂၀၀၀ ကို ချိုးဖျက်နိုင်တဲ့ တစ်ဦးတည်းသောသူပဲ။ ဒါက တကယ့်ကို ထူးခြားတာပဲ”
“ဒါပေမဲ့ သူက ယာဉ်တန်းခေါင်းဆောင်လေ၊ သူ့ကို ဘယ်သူမှ ခေါ်ထုတ်နိုင်မှာ မဟုတ်ဘူး”
“ဘယ်သူသိနိုင်မလဲ။ Arctic မဟာမိတ်အဖွဲ့က သူ့ရဲ့ ယာဉ်တန်းတစ်ခုလုံးကို စုဆောင်းချင်ရင်ရော”
“အဆင့် ၁၈၃၆ စွမ်းအားရှင်က လွယ်လွယ်ကူကူ ရွေးချယ်နိုင်တဲ့သူ မဟုတ်ဘူး”
“ဖြစ်နိုင်တယ်။ ဘယ်လောက် အားကောင်းပါစေ၊ သူတို့လည်း ငါတို့လိုပဲ အမှောင်ထုထဲမှာ ထွက်ပြေးနေရတာပဲ။ ဉာဏ်ကောင်းတဲ့သူတွေက အုပ်စုလိုက် ရှင်သန်ခြင်းက ပိုလုံခြုံတယ်ဆိုတာ သိတယ်။ ငါတို့ Arctic မဟာမိတ်တပ်ပေါင်းစုမှာ ပါဝင်မယ်ဆိုရင် သူတို့ရဲ့ အစီအစဉ်နဲ့ဆိုရင် အဆင့် A ထူးဆန်းသတ္တဝါတွေကိုတောင် ကိုင်တွယ်နိုင်မယ်”
ပရိသတ်အုပ်ကြီးသည် ဆွေးနွေးသံများဖြင့် ဆူညံနေ၏။ ကမ္ဘာပျက်ကပ်၏ အလယ်တွင်ပင် လူများကို အတင်းအဖျင်းပြောခြင်းမှ တားဆီး၍ မရနိုင်ပေ။
အထပ်မြင့် အဆောက်အအုံတစ်ခု၏ ခေါင်မိုးပေါ်တွင် ယန္တရားမျက်လုံးများရှိသော အမျိုးသမီးသည် ဂျိုကာယာဉ်တန်းမှ စစ်ဆေးခံပြီးသော ချီလီကို အာရုံစိုက်ကာ ခွဲခြမ်းစိတ်ဖြာနေ၏။
Chapter 399
မွန်းစတားများ ၂
“ဂျိုကာယာဉ်တန်း၊ အဖွဲ့ဝင် ၄၀၀ ခန့်၊ အဆင့်မြင့် စီစဉ်ဖွဲ့စည်းမှု။ ဒီ ချီလီက ဘုရင်မယာဉ်တန်းမှ မိုနီကာနဲ့ ရင်းနှီးပုံရပြီး ပြီးခဲ့တဲ့ညက ရောက်ရှိလာတဲ့ အခြားယာဉ်တန်းတွေနဲ့လည်း ဆက်ဆံရေးကောင်းမွန်တယ်”
“လေစိမ်း သူ့ကို သွားစကားပြောလိုက်ပါ။ သင့်တင့်တဲ့ စည်းကမ်းချက်တွေနဲ့ ကမ်းလှမ်းပါ။ သူ စိတ်မပါဘူးဆိုရင် ငါ ကိုယ်တိုင်သွားပြောမယ်”
ကုတ်အင်္ကျီ ဝတ်ဆင်ထားသော ဟန်ကျွမ့်သည် တည်ငြိမ်သော အသံဖြင့် ပြောလိုက်သည်။
သူ၏ ဘေးတွင် နီရွှေရွှေအရောင် မျက်နှာရှိသော အလယ်အလတ်အရွယ် အမျိုးသားတစ်ဦးဖြစ်သည့် စကြဝဠာယာဉ်တန်း၏ ခေါင်းဆောင် ချင်ရွှမ်မင်က လက်ပိုက်ကာ အလေးအနက် ပြောလိုက်သည်။
“အဆင့် ၁၈၃၆၊ လူ ၄၀၀ ပါ အဖွဲ့။ မင်းရဲ့ စည်းကမ်းချက်တွေက ကမ်းလှမ်းဖို့ မလွယ်ဘူး”
“တွင်းနက်တွေကို ဖြတ်ကျော်ဖို့ လူ ၂၀၀၀ တောင်မှ ရှင်သန်ဖို့ မသေချာဘူး”
ဟန်ကျွမ့်၏ အကြည့်သည် ပေါ့ပေါ့ပါးပါးဖြစ်နေပြီး သူ့ကို ကြည့်လိုက်သည်။
“ရှင်သန်ချင်တယ်ဆိုရင် ငါတို့ စကားပြောကြမယ်”
အောက်ဘက်တွင် ချီလီသည် စစ်ဆေးရေးနေရာ၏ အစွန်းတွင် ရပ်နေပြီး နဂါးတောင် ၁ မှ နန်ကျင်းနှင့် ပေါ့ပေါ့ပါးပါး စကားပြောနေ၏။
“လူအိုကြီးရှီနဲ့ ဟိုကောင်ချောလေးလင်း ရောက်ပြီလား”
“ရောက်တော့မယ်”
နန်ကျင်းသည် နဂါးတောင် ၁ မှ လူများ စတင် တန်းစီနေသည်ကို ကြည့်လိုက်ပြီး
“အပြင်က တစ်ယောက်က ပြောတယ်၊ သူတို့ အလုပ်ကိစ္စ ပြီးသွားပြီ… မိနစ်အနည်းငယ်အတွင်း ရောက်လာတော့မယ်”
ချီလီသည် သူ၏ မျက်နှာကို ပွတ်သပ်လိုက်ကာ သိသိသာသာ စိတ်မရှည်ဖြစ်နေ၏။
“ဟိုစက်ရဲ့ အိုင်ယွန်ဓာတ် ဖိအားက အရမ်းပြင်းတယ်။ သူတို့ရဲ့ စစ်ဆေးမှုရလဒ်ကို ငါ မသိချင်ဘူးဆိုရင် ငါ ထွက်သွားနှင့်ပြီးပြီ။ ဒီမှာ ရပ်နေတာက ငါ့ အသားအရေအတွက် မကောင်းဘူး”
နန်ကျင်း သက်ပြင်းချလိုက်သည်။
“ဒါပေမဲ့ ရှင် အပြင်ကနေ ဘာမှ မမြင်နိုင်ဘူးလေ”
“ဟုတ်တယ်… အာ့ဒါကြောင့်ပဲ” ချီလီသည် ရင်ပြင်အပြင်ဘက်ရှိ ပရိသတ်ကို စကင်ဖတ်လိုက်သည်။
“လူတွေနဲ့ ပြည့်နေတာ၊ အပေါ်ထပ် အဆောက်အအုံတွေ အားလုံး ပြည့်နေပြီ။ ငါ သူတို့နဲ့ တိုးဝှေ့နေဖို့ စိတ်မဝင်စားဘူး၊ ငါ ဒီမှာပဲ နေမယ်”
အနန္တရထားဘက်တွင် နန်ကျင်းသည် လင်းရှန်နှင့် အခြားသူများ ချက်ချင်း ပြန်လာတော့မည် ဖြစ်ကြောင်း ချန်ဆီရွှမ်အား အကြောင်းကြားခဲ့၏။ အတွင်း၌ အချက်ပြ မရှိသောကြောင့် ၎င်းတို့၏ ဆက်သွယ်ရေးကိရိယာများ ထုတ်လွှင့်နိုင်ခြင်း မရှိပေ။ ကံကောင်းစွာဖြင့် နဂါးတောင် ၁ တွင် ဆက်သွယ်ရေးအတွက် အပြင်ဘက်၌ တာဝန်ချထားသူ တစ်ဦးရှိသည်။
“လင်းရှန် ပြန်ရောက်လာတော့မယ်” ချန်ဆီရွှမ် ပြောလိုက်သည်။
“အခုပဲ ရောက်လာသင့်တယ်” မြောင်လုက ထပ်ပြောသည်။
“ကျွန်မ နည်းနည်း စိတ်လှုပ်ရှားနေတယ်”
“ကျွန်မလည်းပဲ” ရှောင်ယွမ်က တိုးတိုးလေး ပြောလိုက်ရာ သူမ၏ စစ်ဆေးမှုရလဒ်များ ကောင်းမည် မဟုတ်ကြောင်း သိသော်လည်း ထိုမြင်ကွင်းကို မြင်သောအခါ စိတ်လှုပ်ရှားမှုကြောင့် တုန်လှုပ်ခြင်းကို ခံစားနေရဆဲပင်။
“မစိုးရိမ်ပါနဲ့၊ တစ်ဆင့်ပြီးတစ်ဆင့် လုပ်သွားပါ။ ဖီးနစ်အဖွဲ့ရဲ့ သုတေသနကလည်း နည်းနည်းချင်း တိုးတက်နေပါတယ်” ရှုချင်းက သူတို့အား နှစ်သိမ့်ပေးလိုက်သည်။
“ဟုတ်တယ်၊ ငါတို့ စစ်ဆေးပြီးတာနဲ့ ငါတို့ရဲ့ အခြေအနေကို သိရပြီး အတွေ့အကြုံကနေ သင်ယူရလိမ့်မယ်” လုချန်က စမ်းသပ်ရန် စိတ်အားထက်သန်နေပြီး ပြောလိုက်သည်။
တာလို့က ခေါင်းညိတ်လိုက်ပြီး မလှမ်းမကမ်းရှိ လုရှင်းချန်ကို ကြည့်လိုက်သည်။
“မီးတောက်က အိပ်ပျော်သွားပြီလား”
“ဒီ အရူးကောင်..” ရှားရှားသည် စိတ်အနှောင့်အယှက် ဖြစ်သော အကြည့်ဖြင့် ကြည့်လိုက်သည်။
“ဒီလို အချိန်မျိုးမှာ သူ ဘယ်လို အိပ်နိုင်တာလဲ။ ငါ သွားနှိုးမယ်”
“သူ့ကို မနှောင့်ယှက်ပါနဲ့”
ကီကီက ရှားရှားကို ဆွဲထားလိုက်သည်။
“ဒီလူက ကြွားဝါရတာ အရမ်း ကြိုက်တယ်၊ သူက နောက်ဆုံးမှ စင်ပေါ် တက်မယ့်သူ ဖြစ်လိမ့်မယ်၊ စိတ်မပူပါနဲ့”
ဤစကားကို ကြားသောအခါ ရှားရှားသည် အလွန်ဆီလျော်သည်ဟု ခံစားလိုက်ရသည်။
“ကြည့်… နန်ကျင်းနဲ့ တခြားသူတွေ လာနေပြီ”
ချန်ဆီရွှမ်က ပြောလိုက်ရာ လူတိုင်းသည် ရှေ့ဘက်သို့ အာရုံစိုက်လိုက်ကြသည်။
ထိုအချိန်တွင် နဂါးတောင် ၁ မှ အဖွဲ့ဝင်အများစုဖြစ်သည့် တုန်းဇီ၊ ဝမ်ချုန်း၊ ကျွမ်းယွဲ့၊ ယုလျန်ရှင်း၊ ကျူအန်းရန်နှင့် မင်မင်တို့သည် စစ်ဆေးမှုများ ပြီးစီးသွားခဲ့ပြီ ဖြစ်သည်။ တတိယခေါင်းဆောင် လုယောင်သည် ဝိဉာဉ်လှိုင်းဖိအားစစ်ဆေးကိရိယာပေါ်သို့ တက်ရောက်လိုက်သည်။ စက်လည်ပတ်သူ၏ ထိန်းချုပ်မှုအောက်တွင် ကြီးမားသော ယန္တရားကွင်းတစ်ခုသည် နက်ရှိုင်းသော လျှပ်စစ်စီးဆင်းမှုကို ထုတ်လွှတ်ပြီး အဖြူရောင် အလင်းများ တောက်ပလာသည်။
ဘစ်ဇ်~ ထပ်
အေးစက်သော အိုင်ယွန်ဓာတ်ဖိအားက လင်းလက်သွားပြီး လုယောင်သည် အသက်ပြင်းပြင်း ရှူလိုက်ပြီးနောက် ဆင်းသက်လာခဲ့သည်။
【စစ်ဆေးမှု ပြီးဆုံး၊ အထွတ်အထိပ် ဒေတာ: ၆၅၀】
“ဝါး၊ ကပ္ပတိန်လုက ၆၅၀ ရောက်သွားပြီ၊ အဲဒါ စိန်အဆင့်အထက် ရောက်နေပြီ” နဂါးတောင် ၁ မှ အဖွဲ့ဝင်များ စတင်ဆွေးနွေးလိုက်ကြ၏။
“အထင်ကြီးစရာပဲ၊ သူ ရူးသွပ်အဆင့် ရောက်နိုင်မလား မသိဘူး”
“၆၅၀ မှာ၊ သူ့ရဲ့ အစွန်းရောက် ကိန်းဂဏန်း ၁.၆ ရောက်ရင် ရူးသွပ်အဆင့်ကို ဖြတ်ကျော်သင့်တယ်”
အစွန်းရောက်ကိန်းဂဏန်း စစ်ဆေးမှုပြီးဆုံးသောအခါ လုယောင်၏ နောက်ဆုံး အကဲဖြတ်အဆင့် ထွက်ပေါ်လာသည်။ သူ၏ အစွန်းရောက် ကိန်းဂဏန်းသည် ၁.၅ ဖြစ်ပြီး အကဲဖြတ်အဆင့်သည် ၉၇၅ ဖြစ်သည်။
လူတိုင်း စိတ်ပျက်သွားကြ၏။
“၉၇၅၊ သေစမ်း၊ ဒီလောက် နီးစပ်နေတာ”
သူတို့အားလုံး သက်ပြင်းချလိုက်ကြသည်။
အဓိက စိတ်ပျက်မှုမှာ ဖီးနစ်၏ ရူးသွပ်သူအဆင့် ဆုလာဘ်ဖြစ်သည်- ထောက်ပံ့ရေးယာဉ်၊ အေးခဲ-အမှောင်ဆေးရည်၊ YJ-03 ယာဉ်တင်လေယာဉ်ပစ်စက်အမြောက်နှင့် ခဲယမ်း ၂၀၀တို့ ပါဝင်ပြီး ၎င်းသည် နဂါးတောင် ၁ ကဲ့သို့သော အကြီးစားယာဉ်တန်းအတွက်ပင် ကြီးမားသောပမာဏဖြစ်သည်။
နောက်တွင်တန်းစီနေသော နန်ကျင်း၊ အားဖေးနှင့် ရှောင်ချင်းတို့သည် ၎င်းတို့၏ စစ်ဆေးမှုများ ပြီးစီးသွားခဲ့ပြီး ဖိအားစစ်ဆေးကိရိယာပေါ်တွင် ပြသထားသော ကိန်းဂဏန်းများသည် ဖီးနစ်မှ ဝန်ထမ်းများအပါအဝင် လူတိုင်းကို ထိတ်လန့်စေခဲ့သည်။
မျိုးရိုးဗီဇ ပြောင်းလဲသူ: ရှောင်ချင်း၊ အထွတ်အထိပ် ဒေတာ: ၇၅၀။ ယနေ့တွင် စွမ်းရည် မရှိဘဲ ဤဂဏန်းကို ရရှိသော ပထမဆုံး ပြောင်းလဲသူ။
လေဆာမျက်လုံးများ: အားဖေး၊ အထွတ်အထိပ် ဒေတာ: ၁၀၀၀။
ဒေတာသည် လူတိုင်းကို ဗုံးတစ်လုံးကဲ့သို့ ထိမှန်သွား၏။
လူတိုင်း၏ အကြည့်သည် ထူထဲသော နေကာမျက်မှန် ဝတ်ဆင်ထားသော လူငယ်လေးဘက်သို့ ရောက်သွားပြီး မြင်ရသည်မှာ အားနည်းပုံရသော ဤကောင်လေးသည် ကြောက်မက်ဖွယ်ကောင်းသော ဝိဉာဉ်လှိုင်းတန်ဖိုး သိပ်သည်းဆကို ပိုင်ဆိုင်ထားမည်ဟု မည်သူမျှ မမျှော်လင့်ခဲ့ကြပေ။
နန်ကျင်း ဆင်းသက်လာသောအခါ စစ်ဆေးကိရိယာပေါ်ရှိ ဂဏန်းများ ထပ်မံ ပေါ်လာသည်၊၊
၁၀၈၀။
ယနေ့ ဂျိုကာယာဉ်တန်းမှ ချီလီနှင့်အတူတူ ဒုတိယမြောက် ၁၀၈၀ ဖြစ်သည်။
၎င်းတို့၏ အစွန်းရောက် ကိန်းဂဏန်းများ မထွက်ပေါ်သေးသော်လည်း ဝိဉာဉ်လှိုင်းတန်ဖိုး အထွတ်အထိပ်များသည်ပင် ဟန်ကျွမ့်၊ လေစိမ်းနှင့် ချင်ရွှမ်မင်တို့အပါအဝင် ခေါင်မိုးပေါ်ရှိ လူများကို အံ့အားသင့်စွာ မျက်လုံးချင်း ကြည့်မိစေခဲ့သည်။
“နဂါးတောင် ၁… ဒီယာဉ်တန်းက တကယ်ကို ထူးခြားတာပဲ”
“ဒါက သံလမ်းသုံး ယာဉ်တန်းဖြစ်ပြီးအဖွဲ့ဝင်တစ်ထောင်ကျော် ရှိတယ်။ သူတို့ရဲ့ တိုက်ခိုက်ရေးစွမ်းအားက ချင်ရွှမ်မင်ရဲ့ စကြဝဠာယာဉ်တန်းနဲ့ တန်းတူလောက်ပဲ”
စီလန်မှ ရှင်သန်ကျန်ရစ်သူယာဉ်တန်းများအကြောင်း အားလုံးကို သိပုံရသော ဖေးရွှမ်က ပြောလိုက်သည်။
“ဒါပေမဲ့ သူတို့ သံလမ်းသုံး ယာဉ်တန်းဖြစ်လို့ သူတို့ကို ခေါ်ထုတ်နိုင်မှာ မဟုတ်ဘူး”