အခန်း (၄၀၂+၄၀၃)
Vol. 27 Ch. 402+403
Chapter 402
အားလုံးသည် အစွမ်းထက်သူများ ၃
“လင်းရှန်နဲ့ ရှီတိယွမ် - အနန္တရထားနဲ့ နဂါးတောင် ၁ ရဲ့ ခေါင်းဆောင်တွေ” စကြာဝဠာယဉ်တန်းမှ ချင်ရွှမ်မင်က ရေရွတ်လိုက်သည်၊၊
“တစ်ယောက်က လူတစ်ထောင်ကျော်ကို ဦးဆောင်ပြီး နောက်တစ်ယောက်က လူသုံးဆယ်ကျော်ကိုပဲ ဦးဆောင်ပေမဲ့ နှစ်ဦးစလုံးကို ဖီးနစ်က ကြက်သွေးရောင် ဖီးနစ်တံဆိပ်တွေကို ပေးခဲ့တယ်။ သူတို့က သာမန်လူတွေ မဟုတ်ဘူး”
“အစောပိုင်းက သုံးယောက်နဲ့ဆို နဂါးတောင် ၁ မှာ ရူးသွပ်သူအဆင့် သုံးယောက်ရှိနေပြီ။ အားလုံးက ခိုင်မာတဲ့ ရမှတ်တွေနဲ့... ဗာဂျရာအဆင့် ဒါဇင်ကျော်လည်း ရှိသေးတယ်။ ဒီခေါင်းဆောင်မှာ လူတစ်ထောင်ပါတဲ့ ယဉ်တန်းကြီးကို ဦးဆောင်ဖို့ အရည်အချင်းရှိတယ်ဆိုတာ သေချာတယ်”
“ပြီးတော့ အနန္တယဉ်တန်းက ပိုပြီး စိတ်ဝင်စားစရာကောင်းတယ်။ လူနည်းတယ်၊ ဒါပေမဲ့ လျှပ်စစ်သံလိုက်အမြောက်တပ်ဆင်ထားတဲ့ ကြီးမားတဲ့ ရထားနဲ့... အထက်တန်းစားတွေချည်းပဲ။ သူတို့မှာ ရူးသွပ်သူအဆင့် နှစ်ယောက်တောင် ရှိနေပြီ...”
ဟန်ကျွမ့်၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ စမ်းသပ်သူ ရာပေါင်းများစွာထဲမှ သူသည် အစွမ်းထက်သော ဝိဉာဉ်လှိုင်းတန်ဖိုးကို ခံစားနေရဆဲဖြစ်သည်။ ၎င်းသည် မပေါ်လာသေးပေ။
၎င်းသည် ဤလေးယောက်ထဲမှ တစ်ဦးဖြစ်ရမည်။
ဘုရားရှိခိုးကျောင်း ရင်ပြင်ပေါ်တွင် ဝမ်ကျိုး၊ ကျိုးဝူနှင့် ဖုန်းဖုန်းတို့သည် အခြေစိုက်ယာဉ်ဘေးတွင် ရပ်နေကြသည်။ ဖုန်းဖုန်းပင်လျှင် သူ၏ ဂိမ်းစက်ကို ဘေးချထားပြီး စိတ်ဝင်တစားကြည့်နေသည်။
“ယန္တရားစွမ်းရည်က… ဘယ်လို ရလဒ်မျိုး ပြမလဲမသိဘူး”
ထောင်ပေါင်းများစွာသော အသက်ရှင်ကျန်ရစ်သူများသည် လေထု၏ ပြောင်းလဲမှုကို ခံစားရသည်။ မျက်လုံးများ အားလုံးသည် စင်မြင့်ဆီသို့ ဦးတည်နေသည်။
“အစ်ကိုလင်း၊ ငါ အရင် သွားမယ်”
လုရှင်းချန်က ရှေ့သို့ တက်လှမ်းလိုက်သည်။ အနီရောင်ဟူဒီကို ဝတ်ဆင်ထားသဖြင့် သူသည် မျက်စိနောက်ဖွယ် ထင်ရှားနေသည်။ စီလန်မြို့၏ အပူချိန်မှာ -၅၀°C ဖြစ်ပြီး အသက်ရှင်ကျန်ရစ်သူ အများစုသည် အထူအပါးမျိုးစုံ အပူထိန်းဝတ်စုံများကို ဝတ်ဆင်ထားကြသည်။ ဒီလူကရော... တစ်ထပ်တည်းသော အဝတ်အစား။ အာရုံစိုက်မှု ရမှတ်: အများဆုံး...
လုရှင်းချန်တွင် ဂန္တဝင်ဆန်သော “အားကောင်းသူ” ဆံပင်ပုံစံက မီးတောက်ကဲ့သို့ ရှိသည်။ ဝန်ထမ်း၏ အချက်ပြမှုဖြင့် သူသည်ပေါ့ပေါ့ပါးပါး ရှေ့သို့ တက်လှမ်းလိုက်ပြီး လက်ပိုက်ကာ မျက်လုံးများကို ညင်သာစွာ မှိတ်ထားပြီး ကြီးမားသော စက်ဝိုင်းပုံ စမ်းသပ်ကိရိယာအောက်တွင် စကင်ဖတ်ခြင်း ကို တိတ်တဆိတ် စောင့်ဆိုင်းနေသည်။
ဝူးးးး - ဘစ်ဇ်
အိုင်ယွန်ဓာတ်စီးသံက ပဲ့တင်ထပ်လာပြီး လူတိုင်း၏ အာရုံကို ဖမ်းစားလိုက်သည်။
[စကင်ဖတ်မှု ပြီးဆုံးသည်။ အမြင့်ဆုံး အညွှန်းကိန်း: 1100]
ထိုဂဏန်း ပေါ်လာသည်နှင့် တစ်ပြိုင်နက်ရင်ပြင်တစ်ခုလုံး အံ့အားသင့်ခြင်းဖြင့် ပေါက်ကွဲသွားသည်။
၁၁၀၀ - ယနေ့၏ အမြင့်ဆုံးရမှတ် နန်ကျင်းနှင့် ချီလီတို့၏ အမြင့်ဆုံးရမှတ်ထက် အမှတ် ၂၀ ပိုများသည်။
ရလဒ်က လူအုပ်ကြီးကို ချက်ချင်း တောင့်တင်းသွားစေသည်။ နေရာတိုင်းတွင် ဆွေးနွေးမှုများ ဖြစ်ပေါ်လာသည်။
“၁၁၀၀ ဟုတ်လား။ ဒါ ဘယ်သူလဲ”
“သူ့အကြောင်း သတင်းအချက်အလက် မရှိဘူး...”
အနီးအနားမှ အသက်ရှင်ကျန်ရစ်သူများသာမက ဝမ်ကျိုးနှင့် ကျိုးဝူတို့လည်း အံ့အားသင့်သွားကြသည်။
“၁၁၀၀။ ဒါက ရူးလောက်စရာပဲ”
အဆောက်အအုံပေါ်တွင် ချင်ရွှမ်မင်က လျှာကိုက်လိုက်သည်။
“ငါ့ရဲ့ ၁၁၆၀ နဲ့ တပ်မှူးဟန်ရဲ့ ၁၂၀၀ အောက် နည်းနည်းလေးပဲ လျော့တယ်။ ဒီလူဟာ အနန္တရထားရဲ့ အဓိက တိုက်ခိုက်ရေးသမားတစ်ဦး ဖြစ်ရမယ်”
“သူ အနန္တယဉ်တန်းကလား။ ဘာလို့ သူတို့မှာ စွမ်းအားရှင်တွေ ဒီလောက်အများကြီးရှိနေရတာလဲ” လေစိမ်း၏ ယန္တရားမျက်လုံးက လုရှင်းချန်၏ မျက်နှာကို လျင်မြန်စွာ မှတ်သားပြီး အချက်အလက်များ ကို မှတ်တမ်းတင် စတင်ပြုလုပ်နေသည်။
ရင်ပြင်ပေါ်တွင် လုရှင်းချန်သည် သူ့ပတ်ဝန်းကျင်မှ မိုးခြိမ်းသံကဲ့သို့သော စကားသံများ ကို နားထောင်ပြီး ပေါ့ပါးသော အပြုံးတစ်ခုကို ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။ လောကီဘုံကို လွန်မြောက်ပြီးဖြစ်သော ဆရာသခင်တစ်ဦးကဲ့သို့ သူသည် ဖြည်းညင်းစွာ စင်မြင့်မှ ဆင်းလာသည်။
“၁၁၀၀ ဟုတ်လား။ ငါက လေ့ကျင့်မှုမှာ နည်းနည်းလေး ပျင်းသလိုပဲ”
သူသည် ချီးကျူးနေသော အကြည့်များကို ရှက်ရွံ့ခြင်းမရှိပဲ ခံစားနေသည်။ ရုတ်တရက် ထိုအကြည့်များ ပျောက်ကွယ်သွားသည်အထိပင်။ သူ ရပ်လိုက်သည်။ တစ်ခုခုမှားယွင်းနေသည်ကို သူ သတိထားမိသွားသည်။ အဆုံးစွန်ကိန်းဂဏန်း စမ်းသပ်ခန်းထဲသို့ မဝင်သေးဘဲ သူ နောက်ဘက်သို့ လှည့်ကြည့်လိုက်သည်။
အဘယ်ကြောင့်ဆိုသော် ထိုအချိန်တွင် လူတိုင်း၏ အကြည့်များသည် ပြောင်းလဲသွားခဲ့သည် - ယခုမှ ပျံသန်း ဆင်းသက်လာသော မိန်းကလေးဆီသို့ပင်။
ကီကီသည် လေပေါ်တွင် လက်ပိုက်ကာ ရပ်နေပြီး သူမ၏ ခရမ်းရောင်ဆံပင်သည် ပျံဝဲနေသည်။ လူအုပ်ကြီး၏ စူးစိုက်ကြည့်ရှုမှုအောက်တွင် သူမသည် စမ်းသပ်စင်ပေါ်သို့ ညင်သာစွာ ဆင်းသက်လာပြီး အနီးရှိ ဝန်ထမ်းကို ကြည့်လိုက်သည်။
“စလိုက်ပါ”
ဝူးးးး - ဘစ်ဇ်
အိုင်ယွန်စွမ်းအင်က ပွင့်ထွက်လာသည်။ ကီကီ၏ မျက်လုံးများသည် မှုန်မှိုင်းစွာ တောက်ပနေသည်။ သူမ၏ ဆံပင်သည် ဖိအားကြောင့် အထက်သို့ ပျံဝဲနေသော်လည်း ပြင်းထန်သော စွမ်းအင်သည် သူမအပေါ်တွင် လုံးဝ သက်ရောက်မှုမရှိပေ။
စကင်ဖတ်မှု ပြီးဆုံးသွားပြီကို သူမ သတိထားမိသောအခါမှ ပတ်ဝန်းကျင်ကို လှမ်းကြည့်ပြီး ရေရွတ်လိုက်သည်၊၊
“ဒါက သေခြင်းတရားကို ခံစားရတာလား။ သိပ်တော့ မဆိုးပါဘူး...”
သို့သော် သူမ ဆင်းရန် ပြင်ဆင်နေစဉ် ရင်ပြင်တစ်ခုလုံး သေဆုံးသွားသကဲ့သို့ တိတ်ဆိတ်သွားသည်။ သူမ ဝန်ထမ်းထံသို့ ကြည့်လိုက်ရာ ထိုသူ၏ မျက်လုံးများသည် မယုံကြည်နိုင်စွာ ပြူးကျယ်နေသည်။
[စကင်ဖတ်မှု ပြီးဆုံးသည်။ အမြင့်ဆုံး အညွှန်းကိန်း: 1240]
ဝုန်း
တိတ်ဆိတ်မှုသည် ပျက်စီးသွားသည်။
“ဘာ”
ခေါင်မိုးပေါ်တွင် ချင်ရွှမ်မင်၏ မျက်နှာသည် ထိတ်လန့်မှုဖြင့် တွန့်လိမ်သွားသည်။ သူ၏ လက်ကို ချလိုက်ပြီး စိုက်ကြည့်သည်။
“၁၂၄၀ ဟုတ်လား။ ဒီမိန်းကလေးက ဘာလဲ”
ဘီပီ ဘီပီ ဘီပီ
လေစိမ်း၏ ယန္တရားမျက်လုံးများက သူမကို ဆက်လက် စကင်ဖတ်နေသည်။
“တွန်းအား မရှိဘူး၊ အတောင်ပံ မရှိဘူး။ သူမက မမြင်နိုင်သော စိတ်စွမ်းအင်တစ်မျိုးနဲ့ ပျံသန်း နေတာ။ ဒါက ထူးဆန်းတာထက်ကို ကျော်လွန်နေတယ်”
“စိတ်ထိန်းချုပ်မှု… စိတ်စွမ်းအင်အမျိုးအစား စွမ်းရည်ဟုတ်လား”
ဟန်ကျွမ့်၏ အမြဲတမ်း တည်ငြိမ်နေသော မျက်နှာအမူအရာပင်လျှင် လေးနက်သွားသည်။ ဤအရာက သူ့အပေါ် သက်ရောက်မှု မရှိသော်လည်း ဖီးနစ်သည် ယှဉ်ပြိုင်သောအဖွဲ့မဟုတ်သော်လည်း တစ်စုံတစ်ဦးက သူ၏ အမြင့်ဆုံးရမှတ်ကို ကျော်ဖြတ်သွားခြင်းအား မမျှော်လင့်ထားပေ၊၊
ရင်ပြင်အောက်ဘက်တွင် ဆူပူသံများသည် ပို၍ ပြင်းထန်လာသည်။
“ဘုရားရေ... ဘာတွေဖြစ်နေတာလဲ”
“သူမက ၁၂၄၀ ရခဲ့တယ်”
“ဒါက ရူးလောက်စရာပဲ။ Arctic မဟာမိတ်အဖွဲ့က ဟန်ကျွမ့်ထက်တောင် ပိုမြင့်တယ်”
“ပြီးတော့ သူမ ပျံသန်းနိုင်တယ်...”
“ဒီယဉ်တန်းတွေမှာ မွန်းစတားတွေ ပုန်းကွယ်နေတာ ငါသိတယ်”
“သူမက သောက်ရမ်းမိုက်တယ်”
“သူမက စုန်းမပဲ”
လူအုပ်ထဲတွင် ဝမ်ကျိုး၏ အကြည့်သည် ထက်မြက်လာသည်။ စင်မြင့်မှ ဆင်းလာသော မိန်းကလေးကို ကြည့်ရင်း
“သူမက S-class စွမ်းအားရှင်ဆိုတာ သံသယဖြစ်စရာ မလိုဘူး။ ဒီလို စိတ်အခြေခံ ကြီးထွားမှု အလားအလာမျိုးက...အဆုံးမရှိဖြစ်နိုင်တယ် ”
ကျိုးဝူက မုန့်တစ်ခုထပ်စားပြီး ပျင်းရိစွာ ပြောလိုက်သည်။
“ဒီရလာဒ်တွေကို ဌာနချုပ်ကို အစီရင်ခံတဲ့အခါ အနန္တယဉ်တန်းကို သေချာပေါက် ပိုပြီး အာရုံစိုက်လာလိမ့်မယ်”
“လခွမ်း... ဒီမိန်းကလေးက ကြောက်ဖို့ကောင်းတယ်”
သူမနောက်မှ ရှီတိယွမ်က ရေရွတ်လိုက်သည်။ သူသည် အံ့ဩမှုဖြင့် လင်းရှန်ကို လှမ်းကြည့်သည်။
လင်းရှန်ပင်လျှင် သိသိသာသာ အံ့အားသင့်သွားသည်။ ယဉ်တန်း၏ အဓိက တိုက်ခိုက်ရေးသမားတစ်ဦးအနေဖြင့် ကီကီသည် အစွမ်းထက်ကြောင်း သူသိသည်။ သို့သော် ၁၂၄၀ ဟုတ်လား။ ဒါက သူ မျှော်လင့်ထားသည်ထက် ကျော်လွန်နေသည်။
မလှမ်းမကမ်းတွင် လုရှင်းချန်သည် ကီကီ ဆင်းလာသည်ကို ကြည့်လိုက်ပြီး မျက်လုံးများကို မှိတ်ပြီး အသက်ရှူသွင်းလိုက်ရင်း
“ကောင်းပြီ... ကောင်းပြီ၊၊ အဲဒီမိန်းကလေးက လူထူးဆန်းပဲ။ ဒီမီးနတ်ဘုရားက တည်ငြိမ်တဲ့ လမ်းစဥ်ကို လျှောက်လှမ်းတယ်။ မလိုဘူး၊ နှိုင်းယှဉ်စရာ မလိုဘူး”
ထို့နောက် သူသည် အဆုံးစွန်ကိန်းဂဏန်း စမ်းသပ်ခန်းထဲသို့ ဝင်ရောက်သွားသည်။
Chapter 403
အားလုံးသည် အစွမ်းထက်သူများ ၄
နောက်ဆုံးတွင် လင်းရှန်နှင့် ရှီတိယွမ်တို့၏ အလှည့် ရောက်လာသည်။ ခေါင်းဆောင်နှစ်ဦးသည် တစ်ဦးပြီးတစ်ဦး စင်မြင့်ပေါ်သို့ တက်လာကြသည်။ လုရှင်းချန်နှင့် ကီကီတို့၏ ထိတ်လန့်ဖွယ်ရလဒ်များက ပူပူနွေးနွေးရှိနေဆဲဖြစ်သဖြင့် လူအုပ်ကြီးသည် အသက်အောင့်ကာ စူးစိုက်ကြည့်နေကြသည်။
လင်းရှန်က အရင်သွားလိုက်သည်။ သူသည် ကြီးမားသောစမ်းသပ်ကိရိယာအောက်တွင် ရပ်နေစဉ် စွမ်းအင်လှိုင်းများသည် သူ၏ အထက်တွင် ဝဲလည်နေပြီး ညင်သာစွာ တုန်ခါနေသည်။ သူသည် မျက်လုံးများကို မှိတ် ထားပြီး စူးရှသောအကြည့်များကို မေ့ထားလိုက်သည်။
ဝူးးးးး -
ဝိဉာဉ်လှိုင်းတန်ဖိုး အမြင့်ဆုံး ဖိအား စမ်းသပ်ကိရိယာသည် အားဖြည့်ကာ စတင်နေပြီး မြင့်တက်လာသော စွမ်းအား ဖြင့် တုန်ခါနေသည်။
ဖျစ်
ဧရာမ စွမ်းအင်လှိုင်းသည် ထိုးတက်လာပြီး မမြင်နိုင်သော ခုန်နှုန်းကဲ့သို့ လင်းရှန်၏ စိတ်ကို ရိုက်ခတ်လိုက်သည်။
ဘစ်ဇ်–
သူ၏ ယန္တရားနှလုံးသားသည် အရှိန်မြှင့်ကာ စတင်လည်ပတ်လာသည်။
[ယန္တရားမပါဝင်သော စွမ်းအင်ကို ထောက်လှမ်းမိသည်။ ကာကွယ်ရေးစနစ်များကို ဖွင့်လှစ်သည်။]
သူ၏ မျက်လုံးရှေ့တွင် HUDဖန်သားပြင်တစ်ခုသည် တဖျတ်ဖျတ်လင်းလာသည်။ ထူးဆန်းစွာဖြင့် ကျိုးဝူ သတိပေးခဲ့သော ကြီးမားသော သေခြင်းတရားကဲ့သို့ ခံစားမှုကို သူ မခံစားရပေ။
ဖန်သားပြင် မှိန်ဖျော့သွားသောအခါ အမျိုးသမီးတစ်ဦးသည် သူ၏ ရှေ့အမှောင်ထဲတွင် ရုတ်တရက် ပေါ်လာသည်။
လင်းရှန်၏ မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားသည် - ၎င်းသည် ကျိအန်းမြို့ တိုက်ခန်းတွင် သူ၏ အိပ်မက်များထဲ၌ မြင်ခဲ့ရသော အမျိုးသမီးပင် ဖြစ်သည်။
သူမသည် ထူးဆန်းသော အနက်ရောင် ကိုယ်လုံးပြည့်သံချပ်ကာကို ဝတ်ဆင်ထားပြီး ဝါယာများနှင့် ပြွန်များက သူမထံသို့ သွယ်တန်းနေသည်။ သူမသည် စမ်းသပ်စင်ပေါ်တွင် ရပ်နေသည်။ လင်းရှန်၏ အကြည့်ကို သူမ ခံစားမိသည်နှင့် သူမ၏ မျက်လုံးများ ပွင့်လာပြီး သူ့ကို စိုက်ကြည့်လိုက်သည်။
“နင် ဖြစ်နေပြန်ပီ...နင်က ဘယ်သူလဲ”
လင်းရှန် ပြန်မဖြေနိုင်ခင်တွင် အမျိုးသမီးက အရင်စပြောလိုက်သည်။
“ချူယန်၊ မင်း ဘယ်သူနဲ့ စကားပြောနေတာလဲ”
လင်းရှန် ပါးစပ်ကို ဖွင့်လိုက်သည် - သို့သော် ဓာတ်ခွဲခန်းဝတ်စုံ ဝတ်ဆင်ထားသော သုတေသီအဖွဲ့တစ်ဖွဲ့သည် သူမ၏ သက်တမ်းအချက်အလက်များကို ထိတ်လန့်စွာ စစ်ဆေးရန် အလျင်အမြန် ပြေးလာသည်ကိုသာ မြင်လိုက်ရသည်။
သို့တိုင် အမျိုးသမီးက သူမ၏ မျက်လုံးများက လင်းရှန်ကိုစိုက်ကြည့်နေဆဲပင်၊၊
နောက်တစ်စက္ကန့်တွင် လင်းရှန်၏ မျက်လုံးများသည် ပြူးကျယ်လာသည်။ မြင်ကွင်းသည် လုံးဝ ပျောက်ကွယ်သွားခဲ့သည်။
သူ၏ ရင်ဘတ်ထဲတွင် နှလုံးသားသည် တဒုန်းဒုန်း ခုန်နေသည်။ သူ သေချာသွားသည် - သူ မြင်ခဲ့ရသော အမျိုးသမီးသည် စိတ်ကယောင်ချောက်ခြားမှု သို့မဟုတ် အိပ်မက်တစ်ခုမဟုတ်ပေ။ သူသည် အခြားတစ်နေရာမှ တစ်စုံတစ်ဦးကို တကယ်မြင်ခဲ့ရခြင်းသာ ဖြစ်သည်။
ပြီးတော့ သူမက ဘယ်သူပဲဖြစ်ဖြစ်... သူမသည် သူ့နှင့် တိုက်ရိုက်ဆက်နွှယ်မှု ရှိသည်။ မဟုတ်ပါက သူမသည် သူ၏ တိုက်ခန်းအတွင်း၌ မည်သို့ ပေါ်လာနိုင်မည်နည်း။
ထိုအတွေးသည် လျင်မြန်စွာ ပျောက်ကွယ်သွားသည်။ သို့သော် သူ ကိုယ့်ကိုယ်ကို စိတ်ငြိမ်အောင် အတင်းအကျပ် လုပ်ယူလိုက်သည်။ ရှီတိယွမ်သည် သူ၏ အလှည့် ကို စောင့်ဆိုင်းနေဆဲဖြစ်သည်။
[စကင်ဖတ်မှု ပြီးဆုံးသည်။ အမြင့်ဆုံး အညွှန်းကိန်း: 1050]
အံ့အားသင့်စရာက လင်းရှန်၏ ရလဒ်သည် မြင့်မားသော်လည်း ကီကီ သို့မဟုတ် လုရှင်းချန်ကို မကျော်ဖြတ်နိုင်ခဲ့ပေ။
“သေစမ်း... ညီလေးလင်း ၁၀၅၀ က အရမ်းကောင်းနေတုန်းပဲ”
ရှီတိယွမ်သည် စိတ်ရင်းဖြင့် လေးစားသွားသည်၊၊ လင်းရှန်၏ စွမ်းရည်သည် မယုံနိုင်လောက်အောင် စွယ်စုံရကြောင်း သူ သိသည်။ သို့သော် ၎င်းက သူ၏ တိုက်ခိုက်ရေးစွမ်းရည်သည်လည်း မလျော့နည်းကြောင်း ပြသနေသည်။
တစ်ဖက်တွင် ဝမ်ကျိုးနှင့် ကျိုးဝူတို့သည် အကြည့်ချင်းဆုံသွားသည်၊၊ နှစ်ဦးစလုံး အံ့အားသင့်နေကြသည်။
သူတို့သည် ခေါင်းဆောင်ဖြစ်သော လင်းရှန်တွင် အမြင့်ဆုံးရလာဒ်များ ရှိလိမ့်မည်ဟု ယူဆခဲ့ကြသည်။ ဤရလဒ်က ထိုယူဆချက်ကို ပယ်ချလိုက်သည်။
အပြင်ဘက်မှ မိုနီကာ၊ ချီလီ၊ အထပ်မြင့်ပေါ်မှ ဟန်ကျွမ့်တို့ပင်လျှင် ထင်ရှားသော အံ့အားသင့်မှုဖြင့် ရှိနေကြသည်၊၊
“သူက သူ့ရဲ့ ကိုယ်ပိုင်ယဉ်တန်းမှာ တတိယ အသန်မာဆုံးပဲလား” ချင်ရွှမ်မင်က မျက်မှောင်ကြုတ်လိုက်သည်။
“၁၀၅၀ က ရူးသွပ်သူအဆင့် ရမှတ်တစ်ခု ဖြစ်နေဆဲပဲ။ ဒါပေမဲ့ သူ့လူတွေက ခေါင်းဆောင်ထက် ပိုသန်မာနေတာမျိုးကို ငါ တစ်ခါမှ မမြင်ဖူးဘူး”
လေစိမ်းက ရှုပ်ထွေးစွာ ရေရွတ်သည်။
ဤကမ္ဘာပျက်ကပ်ကာလတွင် စွမ်းအားရှင်များနှင့် ပြောင်းလဲသူများသည် အဆက်မပြတ် တိုးတတ်နေကြသည်။ ရှင်သန်မှုနှင့် အမှောင်သတ္တဝါများသည် လူသားမျိုးနွယ်၏ အကြီးမားဆုံး ခြိမ်းခြောက်မှုများဖြစ်သဖြင့် စွမ်းအားသည် ခေါင်းဆောင်အခြေခံဖြစ်သည်။ လူ့ယဉ်ကျေးမှုသည် လုံးဝ ပျက်စီးခြင်းမရှိသေးသော်လည်း ခေါင်းဆောင်နိုင်စွမ်းကိုသာ အခြေခံထားသော အဖွဲ့များမှာ ရှားပါးသည် - ဖီးနစ်ကဲ့သို့သော အဖွဲ့များသည်ပင် စည်းကမ်း ထိန်းသိမ်းရန် စွမ်းအားကို အားကိုးကြသည်။
ထို့ကြောင့် ဟန်ကျွမ့်ကဲ့သို့သော လူများအတွက် ဤရလဒ်သည် ထူးဆန်းနေသည်။
“အခုချက်ချင်း မဆုံးဖြတ်သေးဘူး။ အဆုံးစွန်ကိန်းဂဏန်း ရလဒ်ကို စောင့်ကြည့်ရအောင်”
ဟန်ကျွမ့်က လင်းရှန် စမ်းသပ်ခန်းဆီသို့ ဦးတည်သွားသည်ကို ကြည့်ရင်း ပြောသည်၊၊
အနန္တရထားမှ ချန်ဆီရွှမ်ကဲ့သို့သော သူများသည် အံ့အားသင့်ခြင်း မရှိပေ။ သူတို့သည် ကီကီနှင့် မီးတောက်တို့ မည်မျှ အစွမ်းထက်ကြောင်း အားလုံး သိထားကြသည်။ သို့သော် ၎င်းက ထိပ်ဆုံးနေရာရှိ လင်းရှန်၏ နေရာကို မလှုပ်ခါစေနိုင်ပေ။
သူသည် အနန္တရထားကို အစကနေ တည်ထောင်ခဲ့သည် - လက်နက်စနစ်များ၊ စွမ်းအင်စီမံခန့်ခွဲမှုနှင့် ရှင်သန်ရေးအတွက် အရေးပါသော အခြားအင်္ဂါရပ်များ အားလုံး… လင်းရှန်သာ မရှိပါက ဤရထားပေါ်ရှိ လူအယောက် ၃၀ကျော်သည် အမှောင်ညများ၌ ဤမျှကြာအောင် ရှင်သန်နိုင်မည် မဟုတ်ပေ။
သူသည် သူတို့၏ အသန်မာဆုံး တိုက်ခိုက်ရေးသမားများထဲမှတစ်ယောက် ဖြစ်သော်လည်း… မြေအောက်မြို့တော် နံပါတ် ၉ မှ ယူပေ အာကာသဆိပ်ကမ်း၊ မိုးရေမြို့၊ ချင်းရွှေမြို့၊ နှင်းလွင်ပြင်များအထိ - လင်းရှန်သည် အသက်ရှင်သန်ရေး လျှို့ဝှက်ချက်များကို အကြိမ်ကြိမ်ဖော်ထုတ်ခဲ့ပြီး လူထောင်ပေါင်းများစွာကို ကယ်တင်ခဲ့သည်။
ထိုအရာအားလုံး၏ ရှေ့မှောက်တွင် အမြင့်ဆုံး အညွှန်းကိန်း ဆိုသည်က ဘာအဓိပ္ပာယ် ရှိပါမည်နည်း။
[စကင်ဖတ်မှု ပြီးဆုံးသည်။ အမြင့်ဆုံး အညွှန်းကိန်း: 1100]
ရှီတိယွမ်က ရလဒ် ပေါ်လာပြီးနောက် အဆုံးစွန် စမ်းသပ်ခန်းထဲသို့ ဦးတည်သွားသည်။
ဝိုးးး -
လူအုပ်ကြီးက ထပ်မံ အော်ဟစ်လိုက်ကြသည်။
လူလေးယောက်၊ အားလုံး ၁၀၀၀ အထက် - ရူးသွပ်သူအဆင့် မွန်းစတားများ… ယနေ့၏ အဓိကပြပွဲကို နောက်ဆုံးမှ ချန်ထားခဲ့ပုံရသည်။
ယခု ပွဲစတင်နေပြီဖြစ်သောကြောင့် လူတိုင်းသည် နောက်ဆုံးအကဲဖြတ်မှုကို အာရုံစိုက်လိုက်ကြသည် - ထိုလေးယောက်သည် အဆုံးစွန် စမ်းသပ်ခန်းများအတွင်း မည်သို့ ရလာဒ်မျိုးရလာမည်ကို စောင့်ကြည့်နေကြသည်။
လင်းရှန် တိတ်ဆိတ်စွာ ဝင်ရောက်သွားသည်။ ထိုအမျိုးသမီး - ချူယန်၏ ပုံရိပ်ကို ဆက်ပြီး ပြသနေသည်။ သူတို့သည် တစ်ယောက်ကိုတစ်ယောက် ပထမဆုံးမြင်ခဲ့ခြင်းမဟုတ်ကြောင်း သူ ယခု သဘောပေါက်သွားလေပြီ။ တစ်နည်းနည်းဖြင့် သူတို့သည် ဟင်းလင်းပြင်ကို ဖြတ်ကျော်ပြီး ဆက်နွှယ်နေပုံရသည်။
ဝန်ထမ်းတစ်ဦးသည် အတွင်း၌ သူ့ကို ပြောလိုက်သည်။
“မင်္ဂလာပါ။ စွမ်းအားမြှင့်ဝတ်စုံကို ချွတ်ပေးပါ။ ဒီစမ်းသပ်မှုက အပြင်ပစ္စည်းတွေကို ခွင့်မပြုပါဘူး”
လင်းရှန် ခေါင်းညိတ်ပြီး ဝတ်စုံကို ချွတ်လိုက်သည်။
“စမ်းသပ်မှုက ငါးမိနစ်ပဲ ကြာပါလိမ့်မယ်။ ရှင်က ကြိုတင်အစီအစဉ် ရေးဆွဲထားတဲ့ တိုက်ခိုက်မှုမျိုးစုံကို ရင်ဆိုင်ရမယ်။ ခံစားချက်မကောင်းတော့ဘူးဆိုရင် ရပ်ပေးဖို့ ပြောပါ။ ရပ်တန့်ပြီးရင် ရှင်ရဲ့ စွမ်းရည်ကို ထပ်ပြီး အသုံးပြုခြင်းကို ရှောင်ပေးပါ”
“သတိထားရမှာက တိုက်ခိုက်မှုတွေ အားလုံးက ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှု မရှိတဲ့ AR ပုံရိပ်တွေ… မိမိကိုယ်ကို ထိခိုက်မှု မဖြစ်စေဖို့ ရှင့်ရဲ့ စွမ်းအားကို အသုံးပြုရာမှာ သတိထားပါ”
သိပ်တော့ ခက်ခဲပုံမရချေ၊၊