← Chapters

အခန်း (၄၀၄+၄၀၅)

Vol. 27 Ch. 404+405

အခန်း (၄၀၄+၄၀၅)

Vol. 27 Ch. 404+405

Chapter 404

အားလုံးသည် အစွမ်းထက်သူများ ၅

သူ အတွင်းသို့ ဝင်ရောက်သွားသည်။ မြင့်မားသော နည်းပညာ အနက်ရောင် နာနိုကာဗွန် ကြွေထည်အလွိုင်းစနစ်ဖြင့် ပြုလုပ်ထားသော စက်လုံးခြမ်းပုံအခန်းကို မြင်လိုက်ရသည်။ ၎င်းသည် အရမ်းစျေးကြီးပြီး မာကျောသည်။ ရေ၊ မီး၊ ကျည်ကာ - စွမ်းအားရှင်များအတွက် အကျပ်အတည်း ပုံရိပ်ယောင် တွင် လုံခြုံစွာ အားကုန်ထုတ်နိုင်ရန် တည်ဆောက်ထားသော ခံတပ်တစ်ခုဖြစ်သည်။

[အထောက်အထား အတည်ပြုပြီး။ စမ်းသပ်ခံ အမှတ်စဉ်: D19529527။ လင်းရှန်၊ အဆင်သင့်ဖြစ်ပါက အတည်ပြုပါ]

စက်ရုပ်အမျိုးသမီး အသံတစ်ခု ပဲ့တင်ထပ်လာသည်။

လင်းရှန် ဖြည်းဖြည်းချင်း အသက်ရှူထုတ်လိုက်သည်။

“စလိုက်ပါ”

[စမ်းသပ်မှု စတင်မည်]

မီးများ ပိတ်သွားပြီး စမ်းသပ်ခန်းသည် မှောင်ကျသွားသည်။ ထို့နောက် နေရာပြည့် ဟိုလိုဂရမ်ရုပ်ပုံများက နံရံများကို လင်းစေသည် - ရုတ်တရက် လင်းရှန်သည် ဖုတ်ကောင်များ ဖုံးလွှမ်းနေသော ပျက်စီးနေသော မြို့ ထဲတွင် ရပ်နေသည်။ အထက်တွင် ထူးဆန်းသော လင်းနို့ကဲ့သို့သော ထူးဆန်းသည့် သတ္တဝါများက အဆောက်အအုံများတွင် ကပ်နေသည်။ မိုးခြိမ်းသံသည် အထက်တွင် ပြင်းထန်နေသည်။ မိုးက ရွာသွန်းနေကာ လေထုက ဖိစီးနေသည်။

“အတော်လေး လက်တွေ့ဆန်တာပဲ...”

သူသည် စမ်းသပ်ပုံစံကို ချက်ချင်း သတိထားမိသည်။

“ကောင်းပြီလေ-”

ဘစ်ဇ် ဘစ်ဇ် –

မီးများ တောက်လာသည်။ လျှပ်စီးများသည် သူ၏ လက်များမှ ပစ်လွင့်သွားသည်။ ဖောက်မြင်နိုင်သော စွမ်းအင်နယ်ပယ် AT ကာကွယ်ရေးကဲ့သို့ သူ၏ ရှေ့တွင် တောက်ပလာသည်။ တစ်ချိန်တည်းမှာပင် ရေတွက်မရနိုင်သော သတ္တုပစ္စည်းများသည် သူ၏ ပတ်ဝန်းကျင်မှ ပွင့်ထွက်လာသည်။

မီရှဲလ် ဘုရားရှိခိုးကျောင်း ရင်ပြင်တွင် မျက်လုံးများအားလုံးသည် အဆုံးစွန်စမ်းသပ်ခန်း လေးခုပေါ်တွင် စူးစိုက်နေသည်။ ထိုရလဒ်များ ထွက်ပေါ်လာသည်နှင့် အပြည့်ဝစွမ်းရည် အကဲဖြတ်အဆင့်များသည် နောက်ဆုံးတွင် ရှင်းလင်းသွားလိမ့်မည်။

ဝမ်ကျိုးနှင့် ကျိုးဝူတို့ နှစ်ဦးစလုံးသည် လင်းရှန်နှင့် ကီကီရှိရာ စမ်းသပ်ခန်းများကို စူးစိုက်ကြည့်နေကြသည်။ ယန္တရားစွမ်းရည် သုံးစွဲသူနှင့် စိတ်စွမ်းအင်ရှင်တို့အတွက် အမြင့်ဆုံး ကိန်းဂဏန်းသည် မည်မျှအထိ ရောက်ရှိနိုင်မည်ကို သူတို့ သိချင်နေကြသည်။

သို့သော် လူထောင်ပေါင်းများစွာ စမ်းသပ်မှုရလဒ်များကို စောင့်ဆိုင်းနေစဉ် တိတ်ဆိတ်နေသော ဘုရားရှိခိုးကျောင်း ရင်ပြင်တွင် ရုတ်တရက် သေနတ်သံတစ်ချက် ထွက်ပေါ်လာသည်၊၊

၎င်းသည် ရိုးရိုးသေနတ်သံမဟုတ်ပေ၊၊ ၎င်းသည် ကြီးမားသော ကယ်လီဘာ ဂက်တလင်သေနတ်၏ မြည်ဟည်းသံ ဖြစ်သည်။

ဒူး ဝီ ဝီ ဒက် ဒက် ဒက်

ရုတ်တရက် ပေါက်ကွဲမှုက အသက်ရှင်ကျန်ရစ်သူတိုင်းကို အလိုလို နောက်ဆုတ်သွားစေသည်။ သူတို့၏ မျက်လုံးများသည် အသံ၏ ရင်းမြစ်ကို ရှာဖွေရန် ဝေ့ဝဲသွားသည်။

လူအများစုသည် စိတ်ဝင်တစားကြည့်နေကြသော်လည်း အသက်ရှင်ကျန်ရစ်သူများသည် အန္တရာယ်ကို အလွန် သတိရှိနေကြသည်။ ထိုအသံသည် ချက်ချင်း ထိတ်လန့်မှုကို ဖြစ်ပေါ် စေခဲ့ပြီး များစွာသောသူများသည် တိုက်ခိုက်မှုဖြစ်သည်ဟု ယူဆနေကြသည်။ အချို့သည် သူတို့၏ သေနတ်များကိုပင် ထုတ်ထားကြသည်။

မျက်စိတမှိတ်အတွင်း လူအုပ်သည် ရှုပ်ထွေးသွားသည်။ ဖီးနစ်လုံခြုံရေးအဖွဲ့ နှင့် စုံစမ်းရေးတပ်ဖွဲ့ မှ စစ်သားများပင်လျှင် အမြင့်ဆုံးသတိအနေထားဖြင့် ခြိမ်းခြောက်မှုကို ရှာဖွေနေကြသည်။

သို့သော် စက္ကန့်အနည်းငယ် အကြာတွင် လူတိုင်း သဘောပေါက်သွားသည် - အန္တရာယ် ကျရောက်လာခြင်း မဟုတ်ပေ…. ပြင်းထန်သော သေနတ်သံသည် ရင်ပြင်အတွင်းမှ လာနေခြင်း ဖြစ်သည်။

တိကျစွာ ပြောရလျှင်... အဆုံးစွန်စမ်းသပ်ခန်းများထဲက တစ်ခုမှ ဖြစ်သည်။

“ဘာတွေဖြစ်နေတာလဲ”

“လက်နက်တွေကို အတွင်းထဲ ယူခွင့်မပြုဘူး မဟုတ်လား”

“ဟုတ်တယ်၊ ဝန်ထမ်းတွေ လူတိုင်းကို စစ်ဆေးတာ ငါမြင်ခဲ့တယ်”

“ဒါက မှားယွင်းတဲ့ အချက်ပြမှု ဖြစ်နိုင်မလား။ စွမ်းရည်တစ်မျိုးမျိုးကြောင့် ဖြစ်တာလား”

အနန္တရထား အဖွဲ့တွင် ချန်ဆီရွှမ်၊ ရှုချင်း၊ တာလို့နှင့် ရှားရှားတို့သည် အကြည့်ချင်းဖလှယ်လိုက်ကြသည်၊၊ ဘာဖြစ်နေသည်ကို သဘောပေါက်သွားသည်နှင့် ယခင်က လေးနက်နေသော မြင်ကွင်းသည် အနည်းငယ်... ရယ်စရာ ဖြစ်သွားသည်။

ထိုအသံကို ကြားသည်နှင့် အကြောင်းရင်းကို သူတို့ချက်ချင်းသိသွားကြသည်။

“အစ်ကိုလင်းက တကယ်ပဲ...”

ရှားရှား ရယ်ချင်စိတ်ကို အောင့်အီးထားရသည်။ သူမသည် ထိုစမ်းသပ်ခန်းများထဲမှ တစ်ခုအတွင်း၌ အစောပိုင်းက ဝင်ဖူးသည်။ ၎င်းသည် ပုံရိပ်ယောင် ရှင်သန်မှုပတ်ဝန်းကျင်ဖြစ်သည်။ ၎င်းသည် စွမ်းရည်များသာမက တုံ့ပြန်မှုများ၊ ပတ်ဝန်းကျင်အသိအမြင် နှင့် လျင်မြန်သော ဆုံးဖြတ်ချက်ချမှတ်ခြင်းတို့ကိုလည်း စမ်းသပ်သည်။ လင်းရှန်က အတွင်း၌ အတိအကျ ဘာလုပ်နေသည်ကို သူမ မြင်ယောင်နိုင်လေသည်။

များသောအားဖြင့် ဆူညံနေသော ရင်ပြင်သည် ဤမျှ တိတ်ဆိတ်သွားလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ခဲ့ကြပေ။ ထို့ကြောင့် သေနတ်သံသည် ပို၍ပင် ဆိုးရွားစွာ ထွက်ပေါ်နေသည်။

ဒူး -ဝီ ဝီ ဒက် ဒက် ဒက်

ဂက်တလင်သေနတ်၏ မြည်ဟည်းသံသည် ထပ်ခါထပ်ခါ ပဲ့တင်ထပ်လာသည်။

ထို့နောက် - ပေါက်ကွဲမှု တစ်ခု။

အုန်းးး

ဝမ်ကျိုးနှင့် ကျိုးဝူတို့သည် မျက်မှောင်ကြုတ်ကာ အသံရင်းမြစ်ဆီသို့ ကြည့်လိုက်ကြသည်။ စမ်းသပ်ခန်း သည် အလုံပိတ် ပတ်ဝန်းကျင်ဖြစ်သောကြောင့် အပြင်လူတစ်ဦးမှ ဘာဖြစ်နေသည်ကို မပြောနိုင်ပေ။

နောက်ဆုံးတွင် စိတ်ရှုပ်ထွေးဖွယ် မိနစ်အနည်းငယ်ကြာပြီးနောက် စမ်းသပ်မှု လုပ်ငန်းစဉ်သည် ပြီးဆုံးသွားသည်။

တစ်ချိန်တည်းမှာပင် ထိုစမ်းသပ်ခန်းအတွင်းမှ စစ်ပွဲ၏ အသံများ ရပ်တန့်သွားသည်။

ရွစ် -

စမ်းသပ်ခန်း တံခါးပွင့်လာသည်။ အနားရှိ ဝန်ထမ်းအမျိုးသမီးသည် စိုးရိမ်ထိတ်လန့်မှုအပြည့်ဖြင့် အစွန်းတွင် ရပ်နေခဲ့သည်။ အထဲမဝင်ခင် သူမသည် လင်းရှန်ကို တစ်ကိုယ်လုံးကို စစ်ဆေးမှုလုပ်ခဲ့သည် - သူ၏ ကိုယ်တွင် လက်နက်တစ်ခုမှ မတွေ့ရပေ၊၊

အခု သူမသည် အရေးကြီးသော တစ်စုံတစ်ရာကို လွဲချော်ခဲ့ခြင်း ရှိမရှိ စိုးရိမ်နေသည်။

သို့သော် ငါးမိနစ် အတွင်း... သူသည် လက်နက်များ ကို မည်သို့ထုတ်နိုင်ခဲ့သနည်း။

တံခါး ပွင့်လာသည်နှင့် ထူထပ်သော ယမ်းငွေ့တိမ်တိုက်တစ်ခုသည် စီးထွက် လာပြီး ကောင်းကင်ထဲသို့ ဖြည်းဖြည်းချင်း ပျံ့နှံ့သွားသည်။ လင်းရှန်သည် တည်ငြိမ်သော အမူအရာဖြင့် ထွက်လာပြီး သူ၏ ရလာဒ်ကို စောင့်ဆိုင်းနေသည်။

ဝန်ထမ်းသည် ထိတ်လန့်စွာ စမ်းသပ်ခန်းထဲသို့ အလျင်အမြန် ဝင်ရောက်သွားသည်။

ချက်ချင်းပင် များပြားသောသေနတ်ယမ်းငွေ့နံ့များက သူမကို ရိုက်ခတ်လာသည်။ သူမသည် ပတ်ပတ်လည်ကို ကြည့်လိုက်ရာ နာနိုကာဗွန် ကြွေထည်အလွိုင်းစနစ်ဖြင့် ပြုလုပ်ထားသော နံရံလေးခုလုံးသည် ကျည်ဆန်ရာများဖြင့် ထူထပ်စွာ ဖုံးလွှမ်းနေသည်ကို မြင်လိုက်ရသည်။ ယခင်က အနက်ရောင်ဖြစ်သော အပြားများသည် ငွေရောင်ဆေးဖျန်းထားသကဲ့သို့ ဖြစ်နေသည်။ သို့သော် ထူးဆန်းစွာ ဖြင့် ကျည်ခွံ သို့မဟုတ် ကျည်ဆန်တစ်ခုမှ မတွေ့ရပေ။ စမ်းသပ်ခန်းတစ်ခုလုံးသည် ဗလာဖြစ်နေသည်။

သေနတ်ယမ်းနံ့မှ လွဲ၍ အခြား ဘာမှမကျန်ခဲ့ပေ။

“ဘယ်လို…”

သူမသည် အနီးဆုံးတွင် ရပ်နေခဲ့သည်။ အတွင်းမှ သေနတ်သံသည် စစ်မြေပြင်၏ ရှေ့တန်းကဲ့သို့ ကျယ်လောင်နေသည်။ စမ်းသပ်မှု ပြီးဆုံးပြီးနောက် ဘာမှမကျန်ခဲ့သည်မှာ မည်သို့ ဖြစ်နိုင်မည်နည်း။

တစ်ချိန်တည်းမှာပင် ကီကီသည် သူမ၏ စမ်းသပ်ခန်း မှ ထွက်လာပြီး လင်းရှန်ဆီသို့ ချက်ချင်း ကြည့်လိုက်မိသည်။ ထို့နောက် သူမ တစ်စုံတစ်ခုကို သဘောပေါက်သွားကာ ပြုံးလိုက်သည်၊၊ သူမသည် အတွင်းမှ ဆူညံသံများ အားလုံးကို ကြားခဲ့ရပြီး ၎င်းကြောင့် အာရုံပျံ့လွင့်ခဲ့သည်။ ၎င်းက သူမ၏ စွမ်းဆောင်ရည်ကို အနည်းငယ် ထိခိုက်ခဲ့သည်။ သူမ အာရုံစိုက်ခဲ့ပါက ၂၀၀၀ ကို ချိုးဖျက် နိုင်ခဲ့သော်လည်း သူမ ဂရုမစိုက်ပေ။ သူမသည် ရူးသွပ်သူအဆင့်သို့ ရောက်ရှိနေလေပြီ။ ၂၀၀၀ ရောက်သည်ဖြစ်စေ မရောက်သည်ဖြစ်စေ သူမအတွက် အရေးမကြီးတော့ပေ၊၊

ထို့နောက် စမ်းသပ်သူ လေးဦးလုံး၏ ရလဒ်များသည် နောက်ဆုံးတွင် ထွက်ပေါ်လာသည်။

ရှီတိယွမ်နှင့် နန်ကျင်း နှစ်ဦးစလုံးသည် အမြင့်ဆုံးကိန်းဂဏန်း ၁.၆ ရရှိခဲ့ပြီး နောက်ဆုံး စွမ်းရည်အဆင့် အကဲဖြတ်မှုမှာ ၁၇၆၀ ဖြစ်သည်။

C-Class သားရဲအမျိုးအစား စွမ်းအားရှင်အတွက် ၎င်းသည် တကယ်ကို အထင်ကြီးစရာဖြစ်သည်။ လေးဦးထဲတွင် ရှီတိယွမ်၏ စွမ်းရည်သည် အမှန်တကယ် အရိုးရှင်းဆုံးဖြစ်သော်လည်း ယခု သူ၏ အစွမ်းထက်သောရမှတ်သည် လူသိရှင်ကြားဖြစ်လာသောအခါ လူတစ်ထောင်ပါသော ရထားယဉ်တန်း၏ ခေါင်းဆောင်ကို မည်သူမျှ အထင်မသေးရဲကြတော့ပေ။

တစ်ဖက်တွင် ကီကီနှင့် လုရှင်းချန်တို့၏ ရလဒ်များလည်း ထွက်ပေါ်လာသည်။ အံ့အားသင့်ဖွယ်က ကီကီသည် အမြင့်ဆုံး ကိန်းဂဏန်း ၁.၆ ရရှိခဲ့သော်လည်း လုရှင်းချန်က ၁.၇ ရရှိခဲ့သည်။

သူ၏ ရမှတ်ကို ကြည့်ရင်း လုရှင်းချန်သည် မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး ကျေနပ်သော အမူအရာဖြင့် ရေရွတ်လိုက်သည်၊၊

“ငါ ထင်ထားတဲ့အတိုင်းပဲ။ ဒီလို အရည်အချင်းမျိုးက မွေးရာပါပဲ”

နောက်ဆုံး တွင် ဂုဏ်သိက္ခာအချို့ကို ပြန်လည်ရရှိလိုက်သဖြင့် လုရှင်းချန်သည် ရှင်းရှင်းလင်းလင်း ကျေနပ်နေသည်။

Chapter 405

အားလုံးသည် အစွမ်းထက်သူများ ၆

ထို့ကြောင့် စွမ်းရည်အဆင့် အကဲဖြတ်မှုက လုရှင်းချန်ကို ၁၈၇၀ နှင့် ကီကီကို ၁၉၈၄ သို့ ရောက်ရှိစေခဲ့သည်။

သူမ၏ ရမှတ်ကို မြင်သောအခါ ကီကီ အနည်းငယ် နှုတ်ခမ်းဆူသွားသည်။ စမ်းသပ်မှုသည် တကယ် အန္တရာယ်မရှိကြောင်း သူမ သိပေသည်။ သို့သော် လင်းရှန်၏ လုပ်ရပ်များကြောင့် သူမ အာရုံပျံ့လွင့်သွားပြီး အချိန်တစ်ဝက်လောက်ကို မရယ်မိအောင် ကြိုးစားနေခဲ့ရသည်။ သူမ အာရုံစိုက်ခဲ့ပါက ၂၀၀၀ ကို ချိုးဖျက်နိုင်ခဲ့မည်ဖြစ်သော်လည်း သူမ သိပ်ဂရုမစိုက်ပေ။ သူမသည် ရူးသိပ်သူအဆင့်သို့ ရောက်နေပြီဖြစ်သည်။ ရလာဒ် ၂၀၀၀ကို သူမ ဂရုမစိုက်ပေ၊၊

“ယဉ်တန်းတစ်ခုတည်းမှာ ရူးသွပ်သူအဆင့် နှစ်ယောက်ဟုတ်လား။ ဒီ အနန္တယဉ်တန်းမှာ လူနည်းပေမဲ့ ဖုံးကွယ်ထားတဲ့ မွန်းစတားတွေ အပြည့်ပဲ”

ချင်ရွှမ်မင်က လက်ပိုက်ကာ အမြင့်ဆုံး အဆောက်အအုံပေါ်မှ ကြည့်ရင်း ပြောလိုက်သည်၊၊

“ယဉ်တန်းခေါင်းဆောင်က အထက်တန်းစားအဖွဲ့တစ်ခုကို တည်ဆောက်နေပုံရတယ်” သူ ထပ်ပေါင်း ပြောသည်။

“ဒီလို ကြီးမားတဲ့ ယဉ်တန်းမှာ အဖွဲ့ဝင်နည်းနည်းလေးနဲ့ဆို သူတို့သည် နောက်ရက်အနည်းငယ် အတွင်း မိတ်ဖက်ကမ်းလှမ်းမှုတွေနဲ့ လွှမ်းမိုးခံရလိမ့်မယ်လို့ ကျွန်မလောင်းရဲတယ်”

လေစိမ်းက ပြောသည်၊၊

ထို့နောက် သူမသည် ဟန်ကျွမ့်ဘက် လှည့်လိုက်သည်။ “သူတို့ကလည်း ရထားယဉ်တန်းပဲ။ ကျွန်မတို့ ဆက်သွယ်သင့်လား”

ဟန်ကျွမ့်က မတုံ့ပြန်ခဲ့ပေ။ သူ၏ မျက်လုံးများသည် လင်းရှန်၏ စမ်းသပ်ခန်းပေါ်တွင် ရှိနေဆဲဖြစ်သည်။

သူ၏ အချက်အလက်များသည် အခြားသူများထက် အဘယ်ကြောင့် ပို၍ ကြာနေရသနည်း။

ထိုစဉ် စမ်းသပ်ကွင်းပြင် အောက်ဘက်တွင် ရလဒ်တစ်ခုသည် နောက်ဆုံးတွင် စတင်ပေါ်လာသည်။ လူတိုင်း လင်းရှန်၏ စမ်းသပ်ခန်း အထက်ရှိ ဖန်သားပြင်ပေါ်တွင် ဖြည်းဖြည်းချင်း ပေါ်လာသော ဂဏန်းတစ်ခုကို စိုက်ကြည့်နေကြသည်။

ဟန်ကျွမ့်၏ မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားသည်။

【2】

ထိုအခိုက်အတန့် တွင် ဘုရားရှိခိုးကျောင်း ရင်ပြင် တစ်ခုလုံးသည် သုသာန်တစပြင်တစ်ခုအလား တိတ်ဆိတ်သွားသည်။

လူများစွာသည် သူတို့ အမြင်မှားခဲ့သည်ဟု ထင်မှတ်ပြီး သူတို့၏ မျက်လုံးများကို ပွတ်သပ်လိုက်ကြသည်။

ထိုဖန်သားပြင်သည် ၁ နှင့် ကွဲပြားသော ရှေ့ဆုံးဂဏန်းကို တစ်ခါမှ မပြခဲဖူးချေ။

ဝမ်ကျိုးနှင့် ကျိုးဝူတို့၏ အမူယာများ ချက်ချင်း ပြောင်းလဲသွားသည်။

“၂ ဟုတ်လား။ အဲဒါ ဘာကို ဆိုလိုတာလဲ။ ၁.၂ လား”

“ဒါ စက်က အမှားဖြစ်နိုင်တာလား”

“ဘယ်လိုလုပ် ၂ ရနိုင်မှာလဲ”

“ဒါ တကယ် ၂ ပဲ”

“ဒါဆိုရင် သူ့ရဲ့ စွမ်းရည်အဆင့် အကဲဖြတ်မှုက...”

“၂၁၀၀ ဟုတ်လား”

“ဘုရားရေ… ၂၁၀၀ ဟုတ်လား။ ဒါ ဟန်ကျွမ့်ထက်တောင် ပိုမြင့်တယ်”

“ဒီလူက ဘာလဲ”

လူအုပ်ကြီး ရူးသွပ်သွားသည်ကို မြင်သောအခါ လင်းရှန်ပင်လျှင် အနည်းငယ် အံ့အားသင့်သွားရသည်။ အဆုံးစွန် စမ်းသပ်ခန်းအတွင်း၌ အခက်အခဲများ တစ်ခုပြီး တစ်ခု သူ့အပေါ်ကျရောက်ခဲ့သည်။ ထို့ကြောင့် သူသည် သတ္တုသံချပ်ကာကို ဖန်တီးပြီး သူ၏ AT စွမ်းအင်နယ်ပယ် ကို ဖြန့်ကျက်၊ လက်နက်များကိုပင် နေရာတွင် ထုတ်လုပ်ပြီး သူ့ကိုယ်သူ ကာကွယ်ခဲ့သည်။ ၎င်းသည် ပြင်းထန်ခဲ့သည်။ သို့သော် ရိုးရိုးသားသား ပြောရလျှင် မနေ့က နှင်းလွင်ပြင်၌ အမဲလိုက်ခံရခြင်းလောက် မခက်ခဲပေ၊၊

သို့တိုင် သူသည် ပြီးပြည့်စုံသော ရမှတ်ကို မမျှော်လင့်ထားခဲ့ပေ။ ၎င်းက သူ့ကိုပင် အံ့အားသင့်သွားစေခဲ့သည်။

တစ်ခုတော့ရှိတာက… သူသည် သူ၏ AT စွမ်းအင်နယ်ပယ်၏ ကာကွယ်ရေးကို စမ်းသပ်နိုင်ခြင်း မရှိခဲ့ပါ။ စမ်းသပ်ခန်းသည် ဟိုလိုဂရမ်များနှင့် အာရုံခံမော်ဂျူးများကိုသာ အသုံးပြုခဲ့ပြီး ၎င်းတို့သည် ထိတွေ့မှုပေါ်တွင် အခြေခံ၍ အစပျိုးခဲ့သည်။ ၎င်းတို့တွင် အစစ်အမှန် စွမ်းအားမရှိပေ။ ထို့ကြောင့် သူသည် ရိုက်ခတ်မှုများကို ရှောင်ရှားခဲ့သော်လည်း အစစ်အမှန် ခြိမ်းခြောက်နိုင်စွမ်း မရှိချေ၊၊

“ညီလေးလင်းက အောင်မြင်နေတာ မဆန်းပါဘူး။ အထင်ကြီးစရာပဲ”

ရှီတိယွမ်က ရယ်ကာ လျှောက်လာရင်း ပြောသည်၊၊ သူ့အတွက် ဤစမ်းသပ်မှုသည် ဖီးနစ်ကို မျက်နှာသာပေးခြင်းသာ ဖြစ်သည်။ သူသည် ရမှတ်ကို သိပ်ဂရုမစိုက်ပေ။ သူသည် လေယာဉ်ပစ်သေနတ်နှင့် အခြား ထောက်ပံ့ရေးပစ္စည်းများကို ရရှိခဲ့ခြင်းအတွက်ကိုသာ ပို၍ ကျေနပ်လေသည်။

အာကာသဆိပ်ကမ်းနှင့် နှင်းလွင်ပြင်နှစ်ခုလုံးတွင် လင်းရှန်၏ စွမ်းရည်ကို မြင်တွေ့ပြီးနောက် ရှီတိယွမ်သည် လုံးဝ အံ့အားသင့်မနေတော့ပေ၊၊

မျှော်လင့်ချက်မဲ့အခြေနေများတွင် လက်ဗလာဖြင့် ရပ်တန့်နိုင်သော လူတစ်ယောက် - သူသည် မည်သို့ သာမန်ဖြစ်နိုင်မည်နည်း။

မျှော်စင်ပေါ်တွင် ဟန်ကျွမ့်နှင့် အခြားသူများသည် လုံးဝ ကြက်သေသေနေကြသည်၊၊ ချင်ရွှမ်မင်သည် တကယ်ကို ထိတ်လန့်သွားပုံရသည်။ သူသည် ဟန်ကျွမ့်ကို လှမ်းကြည့်လိုက်သည်။ လူသုံးဆယ်သာ ရှိသော ယဉ်တန်း၏ ခေါင်းဆောင်သည် Arctic မဟာမိတ်အဖွဲ့၏ ခေါင်းဆောင်ဖြစ်သော ဟန်ကျွမ့်ထက် ပိုမြင့်သော စွမ်းရည်ရမှတ် ရှိလိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။ ၎င်းသည် လုံးဝပင် လက်တွေ့မဆန်ပေ။

ဟန်ကျွမ့်၏ မျက်နှာအမူအရာသည် လေးနက်နေကာ သူ၏ မျက်လုံးများသည် စိတ်ဝင်စားမှုဖြင့် တောက်ပနေသည်။ ရင်ပြင်ရှိ ပုဂ္ဂိုလ်ကို စိုက်ကြည့်ပြီးနောက် သူသည် နောက်ဆုံးတွင် ပြောလိုက်သည်၊၊

“ပြပွဲပြီးပြီပဲ… သူ့ကို သွားတွေ့ရအောင်”

….

“ဝိုး အရမ်းမိုက်တာပဲ လင်းရှန်”

ကီကီက ဦးဆုံး ပျံသန်းလာပြီး တောက်ပသောမျက်လုံးများဖြင့် ကြည့်လိုက်သည်။ ထို့နောက် သူမ အနားတိုးကာ

“ဟေး ခုနက ရှင် နည်းနည်းလေးများ လွန်သွားတယ် မထင်ဘူးလား… ရှင့်ကို cheatတယ်လို့ ပြောကြမှာ မစိုးရိမ်ဘူးလား”

လင်းရှန် ပခုံးတွန့်ပြရင်း ကူကယ်ရာမဲ့စွာ ပြောလိုက်သည်၊၊

“ငတုံးမလေး… ဒါက ငါ့ရဲ့ စွမ်းရည်ပဲ… ဘယ်လိုလုပ်ပြီး လိမ်လည်တာဖြစ်မှာလဲ”

စမ်းသပ်ခန်းကို ဖိအားပြင်းထန်မှုကို ခံနိုင်ရည်ရှိ၍ ထွက်ပြေးနိုင်ခြင်းကို အတုယူ၍ ဒီဇိုင်းထုတ်ထားခြင်း ဖြစ်သည်။ သတ်ဖြတ်ခြင်းသည် အသွင်တစ်မျိုးမျှသာ ဖြစ်ပြီး အဓိက စိန်ခေါ်မှုမှာ ဘက်ပေါင်းစုံမှ တိုက်ခိုက်မှုအမှတ်များကို ကိုင်တွယ်ဖြေရှင်းရခြင်း ဖြစ်ရာ စမ်းသပ်ခံ၏ တုံ့ပြန်နိုင်စွမ်းကို စမ်းသပ်ခြင်းဖြစ်သည်။

သို့သော် လင်းရှန် သည် AT Field သာမက သံမဏိချပ်ကာဝတ်စုံပါ ရှိထားခြင်းကြောင့် လာသမျှ စိန်ခေါ်မှုတိုင်းကို ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့သည်။

စမ်းသပ်ခန်း၏ တိုက်ခိုက်မှုစနစ်ကို သူ၏ ယန္တရားနှလုံးသား က အလျင်အမြန်ပင် override လုပ်လိုက်သည်။ ထိုအခြေအနေတွင် လင်းရှန် သိပ်အားမထုတ်လျှင်ပင် စမ်းသပ်ခန်းသည် သူ့အတွက် ကြီးမားသော ခြိမ်းခြောက်မှု မဖြစ်နိုင်တော့ပေ။

သို့ဖြစ်ရာ အနှစ်သာရအားဖြင့် ဤစမ်းသပ်ခန်းသည် စည်းမျဉ်းများကို အမှန်တကယ် ကျော်လွန်၍ တွန်းအားပေးခြင်းမျိုး မဟုတ်ပေ။ သို့သော် လက်ရှိ အခြေအနေများအရ ၎င်းသည် နှိုင်းယှဉ်ချက်အရ ရည်ရွယ်ချက်ရှိရှိ စနစ်တကျ ပြုလုပ်ထားခြင်း ဖြစ်ပြီး ရလဒ်များကို အသုံးဝင်သော ရည်ညွှန်းချက်အဖြစ် အသုံးပြုနိုင်ပေသည်။

တစ်ဦးချင်းစီ၏ ကန့်သတ်ကိန်းဂဏန်းသည် အခြေခံအားဖြင့် သတ်မှတ်တန်ဖိုးတစ်ခု ဖြစ်သည်။ ဖီးနစ်က ၎င်းတို့၏ အိပ်ဆောင်စမ်းသပ်ကိရိယာများကို ထုတ်ဝေလိုက်သည်နှင့် စွမ်းအားရှင်များသည် ၎င်းတို့၏ စွမ်းရည်အဆင့် ပြောင်းလဲမှုများကို တိကျစွာ ခြေရာခံနိုင်ကြမည် ဖြစ်သည်။

စမ်းသပ်မှုပြီးဆုံးသွားရာ ဝမ်ကျိုးသည် ကွန်ပျူတာတစ်ခုကို ကိုင်ဆောင်ထားပြီး စုဆောင်းထားသော အချက်အလက်များကို ပြန်လည်စစ်ဆေးနေသည်။ ထို့နောက် သူ၏ အဖွဲ့အား ပြီးဆုံးကြောင်း အချက်ပြလိုက်သည်။

“အရင်နှစ်ပတ်နဲ့ နှိုင်းယှဉ်ရင် စွမ်းအားရှင်တွေရဲ့ ဆင့်ကဲပြောင်းလဲမှုနှုန်းက တော်တော်လေး မြန်လာတယ်”

ဝမ်ကျိုးက သူ၏ နာရီကို ကြည့်၍ ပြောလိုက်သည်။

အထူးအခြေအနေများ မရှိလျှင် ဖီးနစ်၏ စွမ်းရည်အကဲဖြတ်မှုများသည် နေ့ဘက်တွင် အမြဲပြုလုပ်လေ့ရှိသည်။ ညနေ ၃:၂၀ ရှိပြီဖြစ်ရာ အသစ်ရောက်လာသော အသက်ရှင်ကျန်ရစ်သူများသည် ၎င်းတို့၏ အလှည့်အတွက် နောက်တစ်နေ့အထိ စောင့်ဆိုင်းရမည် ဖြစ်သည်။

“သူတို့ အသက်ရှင်ဖို့ ထွက်ပြေးကြတယ် အခက်အခဲမှန်သမျှကို ကျော်လွန်ပြီး အသက်ရှင်ကြတယ် ဘယ်လောက်ပဲ အရည်အချင်းရှိရှိ အခုချိန်ထိ အသက်ရှင်နေတဲ့ ဘယ်သူမဆို ကံကောင်းခြင်းကို ကျေးဇူးတင်သင့်တယ်”

ကျိုးဝူက ပြောလိုက်သည်။

All Chapters