← Chapters

အခန်း (၄၀၆+၄၀၇)

Vol. 27 Ch. 406+407

အခန်း (၄၀၆+၄၀၇)

Vol. 27 Ch. 406+407

Chapter 406

အမြင့်ဆုံး အခြေခံမူများ ၁

စမ်းသပ်မှု တစ်ပတ်အပြီးတွင် ကန့်သတ်ကိန်းဂဏန်း ၁ အောက်ရှိသူကို တွေ့ရခဲသည်။ ၎င်းသည် ပြင်းထန်သော သဘာဝရွေးချယ်မှု ပုံစံတစ်ခု ဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည်နှင့် ရုပ်ပိုင်းဆိုင်ရာ အခြေအနေတို့သည် အသက်ရှင်ရပ်တည်ရေးအတွက် အရေးပါသော အချက်များဖြစ်သည်။

စာပို့ကိုယ်စားလှယ်တစ်ဦးအနေဖြင့် ကျိုးဝူသည် ငရဲခန်းမျိုးစုံကို မြင်တွေ့ခဲ့ရပြီး ဖြစ်သည်။ ၎င်းသည် သူ့အား စိတ်လှုပ်ရှားမှု မဖြစ်စေတော့ပေ။

ဝမ်ကျိုးက သူ့အား ကြည့်လိုက်ပြီး ၎င်း၏ မျက်လုံးများ အနည်းငယ် ရွေ့လျားသွားပြီးနောက် သူ၏ အဖွဲ့အား အများပြည်သူ ပညာပေးမှု နောက်ဆုံးအဆင့်ကို စတင်ရန် ညွှန်ကြားလိုက်သည်။

စမ်းသပ်မှုပြီးဆုံးသွားသောအခါ ကြည့်ရှုသူ အများအပြားသည် အနန္တယာဉ်တန်းနှင့် နဂါးတောင် ၁ အကြောင်း စကားပြောဆိုရင်း ပြန့်ကျဲသွားကြသည်။ သို့သော် အသက်ရှင်ကျန်ရစ်သူ အများစုအတွက် ဆက်သွယ်ရန်အကြောင်းမရှိလျှင် ဤဆွေးနွေးမှုများသည် အပိုသိလိုစိတ်မျှသာ ဖြစ်သည်။

မည်သို့ပင်ဆိုစေ ဤအရာများသည် ၎င်းတို့၏ အသက်ရှင်ရပ်တည်ရေးကို တိုက်ရိုက်သက်ရောက်မှု မရှိပေ။ အများဆုံးအနေဖြင့် မြို့တော်၌ ခွန်အားကြီးသူ များလေလေ အသက်ရှင်ကျန်ရစ်သူအများစုသည် ပိုမို လုံခြုံသည်ဟု ခံစားရလေ ဖြစ်သည်။

၎င်းတို့၏ စမ်းသပ်မှုများ ပြီးဆုံးခဲ့သော ရာပေါင်းများစွာသော လူများသည် ဘုရားရှိခိုးကျောင်း ရင်ပြင်တွင် စောင့်ဆိုင်းနေကြဆဲ ဖြစ်သည်။ ၎င်းတို့သည် ဖီးနစ်ထံမှ လေ့ကျင့်ရေး သင်တန်းတစ်ခုကို မျှော်လင့်နေကြသောကြောင့် ထွက်ခွာခြင်း မရှိသေးပေ၊၊ ပို၍ အရေးကြီးသည်မှာ ထောက်ပံ့ရေးပစ္စည်းများ ရရှိရန်ပင် ဖြစ်သည်။

ဆင့်ကဲပြောင်းလဲခြင်း အဆင့်ရှိသော အသက်ရှင်ကျန်ရစ်သူများသည်ပင်လျှင် ထောက်ပံ့ရေးပစ္စည်းသေတ္တာတစ်လုံး ရရှိခဲ့သည်။ အလကားရသော ပစ္စည်းများကို မည်သူမျှ ငြင်းပယ်မည် မဟုတ်ပေ။

လင်းရှန်၊ ကီကီနှင့် မီးတောက်တို့သည် ချန်ဆီရွှမ်နှင့် အခြားသူများနှင့်အတူ ပြန်လည်စုဖွဲ့ကြသည်။ ထိုအချိန်တွင် ညလမ်းလျှောက်သူအဖွဲ့အစည်းမှ ဝန်ထမ်းများသည် လူတိုင်းကို ပင်မရင်ပြင်၌ စုဝေးစေရန် စတင်လုပ်ဆောင်နေကြသည်။ လူတိုင်း၏ အကြည့်များသည် ညလမ်းလျှောက်သူများအတွက် စံသတ်မှတ်ထားသော အနက်ရောင်သတ္တုတံဆိပ်ပါ သားရေကုတ်အင်္ကျီကို ဝတ်ဆင်ထားသည့် အရပ်နိမ့်သော လူငယ်တစ်ဦးဆီသို့ ရောက်သွားသည်၊၊ ထိုသူသည် ဝိဉာဥ်လှိုင်းထောက်လှမ်းကိရိယာဆီသို့ လျှောက်သွားသည်၊၊

ဝမ်ကျိုး ဖြစ်သည်။

စီလန်မြို့ရှိ အသက်ရှင်ကျန်ရစ်သူများကြားတွင် ဤကုတ်အင်္ကျီများသည် ကာကွယ်မှုကိုသာ ပေးသည်မဟုတ်ဘဲ ဝိဉာဉ်လှိုင်း လှုပ်ခတ်မှုများကိုလည်း ဖုံးကွယ်ထားနိုင်ပြီး ၎င်းသည် ညလမ်းလျှောက်သူများအား ထူးဆန်းသည့် သတ္တဝါများ၏ ထောက်လှမ်းခြင်းမှ ရှောင်ရှားနိုင်စေသည်ဟု ဖီးနစ်က ယုံကြည်သည်ဟူသော ကောလာဟလများ ထွက်ပေါ်နေသည်။

ဝမ်ကျိုး ရှေ့သို့ လျှောက်လာပြီး သူ၏ ညာလက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်ရာ သူ၏ နောက်ရှိ ကြီးမားသော ဝိဉာဥ်လှိုင်းထောက်လှမ်းရေးကိရိယာသည် အသံနိမ့်နိမ့်ဖြင့် မြည်ဟည်းကာ အနောက်သို့ အနည်းငယ် ရွေ့လျားသွားပြီး သူ့အတွက် ကျယ်ပြန့်သော နေရာလွတ်ကို ရှင်းလင်းပေးလိုက်သည်။

ထိုရိုးရှင်းသော လှုပ်ရှားမှု တစ်ခုတည်းကပင် ပရိသတ်ကို ချက်ချင်း တိတ်ဆိတ်သွားစေသည်။ လူတိုင်းသည် ထိုအရပ်နိမ့်သောလူအား မျက်လုံးများ ပြူးကျယ်စွာဖြင့် စိုက်ကြည့်နေကြသည်။

“ဘာ… ဘာ ဖြစ်သွားတာလဲ အဲ့ဒီ စက်က”

“အဲ့ဒါ ဘယ်လို စွမ်းရည်မျိုးလဲ”

“လခွမ်း… အဲ့ဒီအရာက အနည်းဆုံး ဆယ်တန်လောက် လေးတယ်”

“ညလမ်းလျှောက်သူတွေက တကယ်ကို ကြောက်စရာကောင်းတာပဲ”

ဤအရာအားလုံးကို စောင့်ကြည့်နေသော လင်းရှန် မျက်မှောင်ကြုတ်သွားသည်။ ထို့နောက် သူသည် ကီကီအား ကြည့်လိုက်ရာ သူမသည်လည်း ထိုနည်းတူ ထူးဆန်းသော အမူအရာဖြင့် ရှိနေသည်ကို သတိထားမိသည်။

“စိတ်စွမ်းအင်လား”

“အဲ့ထဲက တစ်မျိုးပဲ”

ကီကီ မျက်မှောင်ကြုတ်ရင်း တီးတိုးပြောလိုက်သည်၊၊

“ဒါပေမဲ့ ဘယ်လိုပဲ ကြည့်ကြည့်… ကွဲပြားနေတယ်…”

“မင်္ဂလာပါ အသက်ရှင်ကျန်ရစ်သူ အားလုံး ကျွန်တော်က ဖီးနစ်ရဲ့ ညလမ်းလျှောက်သူအဖွဲ့အစည်း ကြယ်မီးတောက်အဖွဲ့သုံး စီလန်မြို့အဖွဲ့ခေါင်းဆောင် ဝမ်ကျိုး ဖြစ်ပါတယ်”

ဝမ်ကျိုး၏ အသံသည် တည်ငြိမ်စွာ ထွက်ပေါ်လာရင်း ပရိသတ်ကို အကဲခတ်လိုက်သည်၊၊

“ပထမဦးဆုံး ဒီလိုအခြေအနေမျိုးမှာ ဖီးနစ်ရဲ့ လုပ်ငန်းကို ထောက်ပံ့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျားတို့ရဲ့ အချက်အလက်တွေကို ဖီးနစ်ရဲ့ စနစ်ထဲမှာ ထည့်သွင်းထားပြီးပါပြီ… ဒါကို ဖီးနစ်အောက်က ခင်ဗျားတို့ရဲ့ နိုင်ငံသားနံပါတ်သစ်လို့ သတ်မှတ်နိုင်ပါတယ်”

“အရင်လိုပါပဲ စွမ်းရည်စမ်းသပ်မှု ပြီးတဲ့နောက်မှာ စွမ်းရည်ရဲ့ အခြေခံမူတွေအကြောင်း ပညာပေးဖို့က ကျွန်တော်တို့ရဲ့ တာဝန်ပါ၊၊ ဒါက ခင်ဗျားတို့ကိုယ်တိုင် အမှောင်ကျုးကျော်မှုကနေ ကာကွယ်ဖို့ ပိုပြီးအထောက်အကူ ဖြစ်စေမယ်လို့ မျှော်လင့်ပါတယ်”

“ကမ္ဘာပျက်ကပ်နေ့ကတည်းက အခုဆို ၉၂ ရက် ရှိပါပြီ… ရက်စွဲ ID D92… ဒီလို ကပ်ဆိုးကြီးတွေကြားမှာ အခုထိ အသက်ရှင်ခဲ့ရင် စွမ်းရည်တွေအကြောင်း ခင်ဗျားတို့မှာ ကိုယ်ပိုင်နားလည်မှု ရှိလောက်ပါပြီ၊၊ ဖီးနစ်မှာ ကျွန်တော်တို့ရဲ့ သုတေသနက မပြီးပြတ်သေးပါဘူး… ညလမ်းလျှောက်သူတွေက အမှောင်ဒီရေတွေရဲ့ လူသားတွေအပေါ် သက်ရောက်မှုကို တက်ကြွစွာ လေ့လာနေဆဲပါ”

“ခင်ဗျားတို့ အများစုအတွက် ဒီစွမ်းအားက ဆင့်ကဲပြောင်းလဲခြင်း သန္ဓေပြောင်းခြင်းကို ယူဆနိုင်ပါတယ်၊၊ ဒါပေမဲ့ ကမ္ဘာ့အဆင့်မှာတော့ ဒါက ဂေဟစနစ်ပြိုလဲခြင်းနဲ့ လူဦးရေ ၁၀ ဘီလီယံကျော် သေဆုံးခြင်း သို့မဟုတ် ဖုတ်ကောင်အဖြစ် ပြောင်းလဲခြင်းကို ကိုယ်စားပြုပါတယ်၊၊ ဒါက ယဉ်ကျေးမှုအဆင့် ကပ်ဘေးတစ်ခုပါ… အကယ်၍ အမှောင်က ရေကြီးမှုတစ်ခုဖြစ်ရင် ဒီနေရာမှာ ရပ်နေတဲ့ ခင်ဗျားတို့က ရေကူးတတ်အောင် သင်ယူခဲ့တဲ့ ကံကောင်းသူ အနည်းငယ်ပါပဲ… ဒါပေမဲ့ လှိုင်းတွေက ရပ်မသွားသေးပါဘူး တစ်ယောက်တည်း ရေကူးတာက အသက်ရှင်နေဖို့ အာမခံချက်မရှိပါဘူး”

“ဖီးနစ်က စွမ်းရည်သုတေသနမှာ လူသားစွမ်းအားနဲ့ အရင်းအမြစ် အများအပြားကို ရင်းနှီးမြှုပ်နှံထားပါတယ် အခုဆိုရင် ညလမ်းလျှောက်သူအရေအတွက်က လေးသောင်းကျော်ရှိပြီး ကမ္ဘာတစ်ဝန်းမှာ စွမ်းအားရှင် သုံးသိန်းကျော်ကို မှတ်တမ်းတင်ထားပြီးပါပြီ၊၊ လူ့ယဉ်ကျေးမှုကို ထိန်းသိမ်းရာမှာ ဦးဆောင် အဖွဲ့အစည်းတစ်ခုအနေနဲ့ ဖီးနစ်က ကျွန်တော်တို့ စုဆောင်းထားတဲ့ အသိပညာတွေကို မျှဝေဖို့ ခင်ဗျားတို့ ဒီစွမ်းအားကို နားလည်ပြီး ဉာဏ်ပညာရှိရှိ အသုံးပြုနိုင်ဖို့ ကူညီဖို့ တာဝန်ရှိတယ်လို့ ယုံကြည်ပါတယ်… ဒါမှ ကျွန်တော်တို့ အားလုံးက နောက်ထပ် အာရုဏ်ဦးကို မြင်တွေ့ဖို့ အသက်ရှင်နိုင်မှာပါ”

ရင်ပြင်ရှိ လူတိုင်းသည် အနည်းငယ် ပို၍ မတ်မတ်ရပ်လိုက်ကြသည်။ ၎င်းတို့ အားလုံးသည် ဤမျှအထိ ရောက်ရှိရန် ထိတ်လန့်ဖွယ် ရှုပ်ထွေးမှုများနှင့် သေခြင်းတရားမှ လွတ်မြောက်လာခဲ့ကြခြင်း ဖြစ်သည်။ ဖီးနစ်သည် စွမ်းရည်များကို သုတေသနပြုရန် ကတိပြုခဲ့ရုံသာမကဘဲ ရေဒီယိုနှင့် ဤကဲ့သို့ နေရာများမှတစ်ဆင့် သတင်းအချက်အလက်များကို မျှဝေခဲ့ပြီး ထောက်ပံ့ရေး အကူအညီများကို ပေးခဲ့သည်။ ဤအကြောင်းများကြောင့် လူတိုင်းနီးပါးသည် ဖီးနစ်အား အလွန်အလေးထား၍ ယုံကြည်ကြသည်၊၊

“အချိန် အကန့်အသတ်ကြောင့် အမှောင်ဒီရေ၊ ဝင်ရိုးစွန်းညနဲ့ စွမ်းရည်အမျိုးအစားခွဲခြားမှုတွေရဲ့ အသေးစိတ်အချက်အလက် အပြည့်အစုံကိုတော့ ကျွန်တော်တို့ မပြောပြတော့ပါဘူး၊၊ အဲဒါတွေကို ကမ္ဘာလုံးဆိုင်ရာ ထုတ်လွှင့်မှု ဒါမှမဟုတ် ခင်ဗျားတို့ ဒီနေရာမှာ ခဏကြာပြီးရင် ရယူနိုင်မယ့် ဒေသဆိုင်ရာပစ္စည်းတွေကနေ ရရှိနိုင်ပါတယ်၊၊ ကျွန်တော်က အဓိက သတင်းအချက်အလက်သုံးခုနဲ့ ပတ်သက်ပြီး ခင်ဗျားတို့ကို လေ့ကျင့်ပေးဖို့ အာရုံစိုက်ပါမယ်”

အဓိက သတင်းအချက်အလက်များလား… ပရိသတ်သည် ချက်ချင်း နားစွင့်လာကြသည်။

“ဟုတ်ပြီ ကောင်းတဲ့ အချက်တွေ လာပြီ”

ထိုစကားကို ကြားသောအခါ ရှီတိယွမ်သည် နဂါးတောင် ၁ အဖွဲ့အား အော်ပြောလိုက်သည်၊၊

“နားထောင်ထား ဒါက နောက်ပိုင်းမှာ မင်းတို့ အသက်ကို ကယ်တင်နိုင်တယ်”

“ကောင်းပါပြီ” အဖွဲ့က တစ်ပြိုင်နက်တည်း တုံ့ပြန်လိုက်သည်။

အနန္တ ရထားဘက်တွင် ချန်ဆီရွှမ် နှင့် အခြားသူများသည် လင်းရှန်အနီးတွင် စုရုံးနေကြသည်။ ၎င်းတို့သည် ရှေ့ဆုံးတွင် ရှိပြီး သိချင်စိတ် ပြင်းပြနေကြသည်မှာ ထင်ရှားသည်။

“သူ့ရဲ့ အချက်လက်တွေက Fire Book မှာ ရှိသင့်တယ်… ဒါပေမဲ့ နည်းလမ်းက လေ့လာဖို့ ထိုက်တန်တယ်”

လင်းရှန်က ပြောလိုက်သည်။

အခြားသူများလည်း နားစွင့်နေကြသည်—ကျိုးလီ၊ ချီလီနှင့် ရှေ့တန်းကို ခုခံခဲ့သော ယာဉ်တန်းငါးခုမှ အဖွဲ့ဝင်များ အပြင် မနေ့ကမှ မြို့ထဲသို့ ဝင်ရောက်လာသော အချို့လည်း ပါဝင်သည်။

Chapter 407

အမြင့်ဆုံးအခြေခံမူများ ၂

“ပထမအချက် မျိုးရိုးဗီဇ ဆင့်ကဲပြောင်းလဲသူများအတွက် အလွန်ပြင်းထန်တဲ့ သေရေးရှင်ရေးအခြေနေတွေမှာ ခန္ဓာကိုယ်လုပ်ဆောင်ချက်ကို အဓိကတွန်းအားကို ဖြစ်ပေါ်စေနိုင်ပါတယ်… နီးစပ်တဲ့ ကန့်သတ်ချက် ထိုးဖောက်မှုတွေပေါ့… သေခြင်းတရားနဲ့ နီးလေလေ ဆင့်ကဲပြောင်းလဲမှုက ပိုပြီး ထင်ရှားလေလေပါပဲ ခင်ဗျားတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ အရည်အသွေးတွေပေါ် မူတည်ပြီး ခွန်အား သို့မဟုတ် ပြန်လည်ကောင်းမွန်နိုင်စွမ်းလိုမျိုး အားသာချက်တွေ ဖွံ့ဖြိုးလာနိုင်ပါတယ်… တချို့ဆိုရင် ဧရာမလူကြီးတွေ ဒါမှမဟုတ် သွေးအားဖြည့် စွမ်းအားရှင်တွေလိုမျိုး ဖြစ်လာပါတယ်”

ဝမ်ကျိုး ပရိသတ်အား ရည်ညွှန်း၍

“စွမ်းအားရှင်တွေနဲ့ မျိုးရိုးဗီဇ ဆင့်ကဲပြောင်းလဲသူတွေရဲ့ ကွာခြားချက်က အဓိကအားဖြင့် ရုပ်ပိုင်းဆိုင်ရာပါ စွမ်းအားရှင်တွေက သူတို့ရဲ့ စွမ်းအားတွေကို အသက်သွင်းတဲ့အခါ ဝိဉာဉ်လှိုင်း လှုပ်ခတ်မှုတွေကို ပြသပါတယ်… တခြားသူတွေက စွမ်းအင်ကို ခံစားမိနိုင်ပါတယ်… ဒါပေမဲ့ မျိုးရိုးဗီဇ ဆင့်ကဲပြောင်းလဲသူတွေကတော့ မပြပါဘူး၊၊ ကျွန်တော်တို့ရဲ့ ကျယ်ပြန့်တဲ့ အချက်အလက်တွေအရ နှစ်မျိုးစလုံးက အေးခဲ-အမှောင် အခြေခံအမှုန်တွေရဲ့ သက်ရောက်မှုကို ခံရတယ်၊၊ ဒါပေမဲ့ မျိုးရိုးဗီဇ ဆင့်ကဲပြောင်းလဲသူတွေကတော့ အတွင်းပိုင်း တွန်းအားကို ကိုယ်စားပြုပါတယ်… လူသား ကန့်သတ်ချက်တွေရဲ့ အဆက်မပြတ် ထိုးဖောက်မှုတွေနဲ့ ရုပ်ပိုင်းဆိုင်ရာ မြှင့်တင်မှုတွေ‌ပေါ့… သူတို့ စွမ်းအားကို မသုံးရင်တော့ သူတို့က ပုံမှန်လူတွေနဲ့ အတူတူပါပဲ”

“ကျွန်တော်တို့ ညလမ်းလျှောက်သူတွေက ဒါတွေကို ကွဲပြားတဲ့ ဖွံ့ဖြိုးတိုးတက်မှု ဘာသာရပ်နှစ်ခုလို့ ယုံကြည်ကြတယ်၊၊ မျိုးရိုးဗီဇ ဆင့်ကဲပြောင်းလဲသူတွေက ကိုယ်ခံပညာ၊ ခွန်အား၊ အမြန်နှုန်း၊ ခံနိုင်ရည်နဲ့ ကုသခြင်းတို့အပေါ် အာရုံစိုက်ပါတယ်၊၊ စွမ်းအားရှင်တွေကတော့ အဲဒီ အမှုန်တွေကို စွမ်းရည်သက်ရောက်မှုအဖြစ် ပြောင်းလဲနိုင်တဲ့ စွမ်းအားဗဟိုချက် ရှိပါတယ်”

“နားလည်အောင် ပြောရရင် ဒါက စိတ်စွမ်းအင်ပါပဲ… စိတ်စွမ်းအင်က အမှောင်ကျုးကျော်မှုကို ခုခံဖို့အတွက်လည်း အဓိကကျပါတယ်၊၊ စွမ်းအားရှင်တွေက ဒါကို ပိုပြီး သန်မာအောင် လုပ်ဖို့ လိုပါတယ်၊၊ မျိုးရိုးဗီဇဆင့်ကဲပြောင်းလဲသူတွေကတော့ ခန္ဓာကိုယ်နဲ့ စိတ်နှစ်ခုစလုံးကို တွန်းအားပေးဖို့ လိုပါတယ်၊၊ ဒါက စွမ်းအားရှင်မဟုတ်တဲ့ သာမန်လူတွေအတွက် ဘဝကို ပိုပြီး ခက်ခဲစေပါတယ်”

“ဒါပေမဲ့ စွမ်းအားရှင်တွေမှာလည်း အားနည်းချက်တွေ ရှိပါတယ် ဧရာမလူကြီးတွေ ဒါမှမဟုတ် သွေးအားဖြည့် အမျိုးအစားတွေလို ခွန်အားအခြေခံတဲ့သူတွေကလွဲရင် အများစုက ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်မှုမှာ ထိရောက်မှု နည်းပါတယ် ဆိုလိုတာက သူတို့ ခန္ဓာကိုယ်ကို လေ့ကျင့်ဖို့ ကြိုးစားရင် မျိုးရိုးဗီဇ ဆင့်ကဲပြောင်းလဲသူတွေရဲ့ နောက်မှာ ကျန်ခဲ့မှာပဲ၊၊ တချို့က ဒါကို ပေါ့ပေါ့တန်တန် သဘောထားနိုင်ပေမဲ့ ကျွန်တော့်ကို ယုံပါ… ဒါက အရေးကြီးပါတယ်… ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ ကပ်ဘေးတွေနဲ့ ထူးဆန်းတဲ့ ထိတ်လန့်ဖွယ်သတ္တဝါတွေက ပိုပြီး သန်မာလာကြတယ်… စွမ်းရည် အများစုက ကျဉ်းမြောင်းတဲ့ အတိုင်းအတာရှိပြီး ရွေ့လျားနိုင်စွမ်း နည်းတယ်… ဒီလိုအခြေအနေတွေမှာ ခင်ဗျားက ခင်ဗျားရဲ့ အဖွဲ့ ဒါမှမဟုတ် ချပ်ကာဝတ်စုံကို အားကိုးရလိမ့်မယ်၊၊ ဒါပေမဲ့ နှစ်ခုစလုံးက သူတို့က ကိုယ်ပိုင်အသက်ရှင်ရပ်တည်မှုကို အာမခံနိုင်မှာမဟုတ်ပါဘူး… ဒါကြောင့် ဖီးနစ်က စွမ်းအားရှင် အားလုံးကို သူတို့ရဲ့ ခန္ဓာကိုယ်ကိုပါ လေ့ကျင့်ဖို့ အကြံပြုပါတယ်”

“ခင်ဗျားက ပြောတာက လွယ်တယ်”

လူအုပ်ထဲမှ တစ်စုံတစ်ယောက်က ရုတ်တရက် ဝင်ပြောလိုက်သည်၊၊

“လေ့ကျင့်မှုက ထိရောက်မှု နည်းတယ်လို့ ခင်ဗျား ခုနကပဲ မပြောခဲ့ဘူးလား… ကျုပ်က စွမ်းရည်ကို မြှင့်တင်နိုင်တဲ့ အချိန်မှာ ဘာလို့ အချိန်ဖြုန်းရမှာလဲ”

ဦးခေါင်းများသည် အသံလာရာသို့ လှည့်ကြည့်လာကြသည်။ အနက်ရောင်ကုတ်အင်္ကျီ ထူထူကို ဝတ်ထားသော မျက်မှန်နက် တပ်ထားသော ဦးထုပ် ဆောင်းထားသည့် ခပ်ထွားထွား အလယ်အလတ်အရွယ် အမျိုးသားတစ်ဦးသည် လမ်းပေါ်မှ ဂိုဏ်းခေါင်းဆောင်တစ်ဦးနှင့် အလွန်တူနေသည်။

နန်ကျင်းနှင့် ချန်ဆီရွှမ် တို့သည် သူ့အား ချက်ချင်း မှတ်မိလိုက်ကြသည်။ သူသည် အနက်ရောင်ကလေးယာဉ်တန်း၏ ခေါင်းဆောင် လုံတာဟေးဖြစ်သည်။ ရူးသွပ်သူအဆင့် စွမ်းအားရှင် တစ်ဦးဖြစ်ပြီး အမှတ် ၁၂၀၀ အဆင့်သတ်မှတ်ချက် ရှိကာ မြို့ထဲရှိ အသန်မာဆုံးယာဉ်တန်းများထဲမှ တစ်ခုဖြစ်သည်။

စင်ပေါ်ရှိ ဝမ်ကျိုးက တည်ငြိမ်စွာ ပြန်ပြောလိုက်သည်၊၊

“ကျွန်တော် ပြောခဲ့သလိုပါပဲ ဒါက အကြံပြုချက်ပါ စွမ်းအားရှင်အများစုက ဒါကို သိပြီးသား ဖြစ်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်… သူတို့ရဲ့ စွမ်းအားတွေက ခိုင်မာနိုင်ပေမဲ့ သူတို့ရဲ့ အားနည်းချက်တွေကလည်း ထင်ရှားနေပါတယ်”

ထိုစကားကြောင့် ပရိသတ်အများအပြားသည် ခေါင်းညိတ်ကာ သဘောတူလိုက်ကြသည်။

လင်းရှန်လည်း ဤအရာ၏ အရေးကြီးပုံကို ခံစားမိသည်။ စွမ်းအားမြှင့်ဝတ်စုံမပါဘဲ သူသည် အလွန် အန္တရာယ်ရှိနေသည်။ သူ၏ ပြန်လှည့်ရိုက်ချက် လှုပ်ရှားမှုက သူ့အား ရွေ့လျားနိုင်စွမ်းကို မပေးခဲ့လျှင် ကြီးမားသော ထူးဆန်းသည့်သတ္တဝါများကိာ ရင်ဆိုင်ရချိန်တွင် သူသည် အမှန်တကယ် ပြဿနာများ ကြုံတွေ့ရပေလိမ့်မည်။

ဖုတ်ကောင်များက ကိုင်တွယ်ဖြေရှင်းနိုင်သေးသည်။ သို့သော် အဖြူရောင်သတ္တဝါကြီးကဲ့သို့ အရေပြားထူသော မွန်းစတားကြီးများကရော…. သူ၏ လေအမြောက်၊ ရေခဲနံရံ၊ သူ၏ ပစ္စည်းကိရိယာများနှင့် ထောင်ချောက်များ အားလုံးသည် ရလဒ်များကို အာမ မခံနိုင်ပေ။ အနန္တ ရထားသည်ပင်လျှင် C-Class ထူးဆန်းသည့် သတ္တဝါတစ်ကောင်တည်းကြောင့် တစ်ခါပင် မှောက်လုနီးနီးဖြစ်ခဲ့ရသည်။

လို့ဟွာနှင့် ကီကီ တို့သည် ပို၍ပင် ဆိုးသည်။ ၎င်းတို့၏ ကာကွယ်ရေးက အလွန်နိမ့်ကျသည်။ အဖွဲ့၏ ကာကွယ်မှု မရှိလျှင် ကျည်ဆံတစ်တောင့်တည်းကပင် လို့ဟွာကို အဆုံးသတ်နိုင်ပေသည်။

ကီကီသည် ပြင်းထန်သော စိတ်စွမ်းအားဖြင့် တိုက်ခိုက်နိုင်ပြီး ပျံသန်းနိုင်သော်လည်း သူမ၏ သေးငယ်သော ခန္ဓာကိုယ်သည် မွန်းစတားများ၏ အဆက်မပြတ် တိုက်ခိုက်မှုများကို မခံနိုင်သေးပေ။

အခြားတစ်ဖက်တွင် ရှုချင်းကဲ့သို့သော သူသည် ကြီးမားသော ပျက်စီးဆုံးရှုံးမှု မရှိသော်လည်း အန္တရာယ်ကို သေသေချာချာကိုင်တွယ်နိုင်စွမ်း ရှိသည်။ သူမသည် ရထားပေါ်တွင် မရှိခဲ့လျှင်ပင် တစ်ကိုယ်တော် အသက်ရှင်နိုင်စွမ်း အလွန်ကောင်းမွန်ပေလိမ့်မည်။

“အားနည်းချက်လား ကျုပ်တော့ အာ့လို မထင်ပါဘူး” လုံတာဟေးက လူအုပ်ထဲကနေ ပြောလိုက်ပြီး ဝမ်ကျိုး၏ အမြင်ကို ရှင်းရှင်းလင်းလင်း လက်မခံကြောင်း ပြသလိုက်သည်၊၊

“စွမ်းရည်ဆိုတာ ဘာလဲဆိုတာ ခင်ဗျား သိလား… သူတို့က အခြေခံအားဖြင့် မှော်ပညာပဲ … ဘယ်လောက်ပဲ သန်မာတဲ့ သာမန်လူဖြစ်ဖြစ် ပျံသန်းလို့ မရဘူး မဟုတ်လား”

သူသည် ရယ်မောလိုက်ပြီး ပတ်ပတ်လည်ကို ကြည့်လိုက်သည် “မျိုးရိုးဗီဇ ဆင့်ကဲပြောင်းလဲသူတွေကို ရည်ရွယ်ပြီး ပြောတာ မဟုတ်ပါဘူး… ဒါက ကျုပ်ရဲ့ အမြင်လေးပါပဲ”

သူ၏ မှတ်ချက်သည် ချက်ချင်းပင် အငြင်းပွားဖွယ်ရာ အဖြစ်အပျက်တစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။

“ဟုတ်တယ် မင်းရဲ့ လက်သီးတွေ ဘယ်လောက်ပဲ သန်မာပါစေ အင်းဆက် သံချပ်ကာ ဒါမှမဟုတ် သားရဲလက်သည်းတွေကို မကျော်နိုင်ပါဘူး…. မီးမှုတ်နိုင်တဲ့ ဒါမှမဟုတ် လျှပ်စီးထုတ်နိုင်တဲ့သူတွေက လွဲလို့ပေါ့….”

“ရွေ့လျားနိုင်စွမ်းကို စွမ်းအားဝတ်စုံနဲ့ လုံးဝ အစားထိုးနိုင်တယ်”

အသံများ အများအပြားသည် လုံတာဟေးနှင့် သဘောထားချင်းတူညီကြောင်း ထောက်ခံပြောဆိုလိုက်ကြသည်။

ဝမ်ကျိုး ထိုစကားကို ကြားပြီး အနည်းငယ် သက်ပြင်းချလိုက်ပြီး စကားပြောရန် ပြင်လိုက်စဉ် စင်မြင့်ဘေးတွင် ရပ်နေသော ကျိုးဝူက ဦးစွာ ဝင်ပြောလိုက်သည်။

“ဒါက ရွေ့လျားနိုင်စွမ်းအကြောင်း သက်သက် မဟုတ်ပါဘူး ခင်ဗျားရဲ့ ခန္ဓာကိုယ်ရဲ့ လျင်မြန်မှုနဲ့ ပြန်လည်ကောင်းမွန်နိုင်စွမ်းကလည်း အကြောင်းရင်းတစ်စိတ်တစ်ပိုင်းပါပဲ… တစ်ခါတစ်ရံမှာ ခင်ဗျားရဲ့ စွမ်းရည်ကို အပြည့်အဝ အသုံးချနိုင်ဖို့ ခင်ဗျားရဲ့ ရုပ်ပိုင်းဆိုင်ရာ အရည်ချင်းတွေကလည်း အဆင့်အတန်းမီဖို့ လိုပါတယ်၊၊ ဒါတွေအားလုံးက အတူတကွ အလုပ်လုပ်ပါတယ်…ခင်ဗျား ဒီလိုမျိုး တွေးလို့ရပါတယ်”

သူ၏ ရှင်းပြချက်သည် လူအများအပြားကို ချက်ချင်းပင် နားလည်သွားစေသည်။

သို့သော် လုံတာဟေးက လက်မခံပေ။ သူသည် လက်ပိုက်ထားပြီး ကျိုးဝူကို စိန်ခေါ်သော အကြည့်ဖြင့် ကြည့်လိုက်သည်၊၊

“ခင်ဗျားကို ကျုပ်မေးမယ်”

“ခင်ဗျားက စွမ်းအားရှင်လား”

“ဟုတ်ပါတယ်” ကျိုးဝူက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

“ခင်ဗျားရဲ့ စွမ်းရည် အမြင့်ဆုံးတန်ဖိုးက ဘယ်လောက်လဲ”

“ခုနစ်ရာပါ”

“ခင်ဗျားရဲ့ ကန့်သတ်ကိန်းဂဏန်းကကော”

“၁.၈ ပါ”

ထိုဂဏန်းသည် ပရိသတ်ကြားတွင် ချက်ချင်း ဆူညံသွားစေသည်။

တွက်ချက်ကြည့်ပါက ကျိုးဝူ၏ အမြင့်ဆုံးတန်ဖိုးသည် ၇၀၀ သာ ရှိသော်လည်း သူ၏ စွမ်းရည်အကဲဖြတ်မှု အဆင့်သတ်မှတ်ချက်သည် ၁၂၆၀ ဖြစ်ပြီး လုံတာဟေး၏ ၁၂၀၀ ထက် ပိုများနေသည်။

All Chapters