← Chapters

အခန်း (၄၀၈+၄၀၉)

Vol. 27 Ch. 408+409

အခန်း (၄၀၈+၄၀၉)

Vol. 27 Ch. 408+409

Chapter 408

အမြင့်ဆုံးအခြေခံမူများ ၃

လုံတာဟေး မျက်မှောင်ကြုတ်လိုက်သည်၊၊

“ဒီလောက် မြင့်တဲ့ ကန့်သတ်ကိန်းဂဏန်းနဲ့ဆို ခင်ဗျားရဲ့ ခန္ဓာကိုယ်က တော်တော်လေး ကောင်းနေမှာပေါ့… ဒါက ကျွန်တော်က ခင်ဗျားနဲ့ ယှဉ်ပြိုင်ဖို့ မဖြစ်နိုင်ဘူးလို့ ဆိုလိုတာလား”

သူ ထိုသို့ ပြောလိုက်သည့်အချိန်တွင် ပရိသတ်ကြားတွင် စိတ်မသက်မသာမှု လှိုင်းလုံးတစ်ခု ပျံ့နှံ့သွားသည်။ ထိုလေသံသည် ညလမ်းလျှောက်သူများကို စိန်ခေါ်ရန် ကြိုးစားနေသကဲ့သို့ပင် ဖြစ်သည်။

စင်ပေါ်မှ ဝမ်ကျိုးသည် ကျိုးဝူအား တစ်ချက် ကြည့်လိုက်သော်လည်း ကျိုးဝူက သူ့အား ပြန်လှည့်မကြည့်ခဲ့ပေ။ ထိုအစား သူသည် ပြုံးပြုံးရွှင်ရွှင်ဖြင့်

“သီအိုရီအရ ပြောရရင် စွမ်းရည်အကဲဖြတ်မှု အဆင့်သတ်မှတ်ချက်တွေက လူတစ်ယောက်ရဲ့ တိုက်ခိုက်နိုင်စွမ်းကို အပြည့်အဝ ကိုယ်စားမပြုပါဘူး၊၊ အဲဒါကို ကျွန်တော်တို့ ပြောပြီးပါပြီ၊၊ ဒါပေမဲ့ ခင်ဗျားတို့ရဲ့ စွမ်းရည်ကို အသုံးပြုတဲ့အခါ ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်တွေက ဘယ်လောက် အရေးကြီးတယ်ဆိုတာကို လူတိုင်း ပိုပြီး နားလည်စေဖို့ အထောက်အကူ ဖြစ်မယ်ဆိုရင် ကျွန်တော် ပြသဖို့ ဝန်မလေးပါဘူး”

ဝှစ်~

ကျိုးဝူ၏ စကားများသည် ပရိသတ်ကို ဆူညံသွားစေသည်။ ဘုရားရှိခိုးကျောင်းရင်ပြင်မှ ထွက်ခွာရန် ပြင်ဆင်နေသူများသည်ပင်လျှင် ထိုမြင်ကွင်းကို ကြည့်ရှုရန် အလျင်အမြန် ပြန်လှည့်လာကြသည်။

အသက်ရှင်ကျန်ရစ်သူတစ်ဦးက ညလမ်းလျှောက်သူတစ်ဦးအား စိန်ခေါ်နေခြင်း ဖြစ်ပြီး ၎င်းသည် စီလန်မြို့တွင် ပထမဆုံးအကြိမ် ဖြစ်သည်။

“ကောင်းပြီ”

လုံတာဟေး၏ မျက်လုံးများက တိုက်ပွဲဆာလောင်နေဟန်ဖြင့် အရောင်တောက်လာသည်၊၊ သူသည် ရှေ့သို့ တက်လှမ်းလိုက်ပြီး သူ၏ ကုတ်အင်္ကျီကို ချွတ်လိုက်ပြီး နောက်လိုက်တစ်ဦးအား ပေးလိုက်သည်၊၊

“ရိုးရိုးသားသား ပြောရရင် ကျုပ်က ဒီ ‘ကန့်သတ်ကိန်းဂဏန်း’ ဆိုတဲ့ အရာတစ်ခုလုံးကို ဂရုမစိုက်ဘူး… ခင်ဗျားရဲ့ ‘၇၀၀’ က ကျုပ်ရဲ့ ‘၈၀၀’ ကို ဘယ်လို ယှဉ်ပြိုင်မလဲဆိုတာ ကြည့်ရအောင်… တရားမျှတတဲ့ တိုက်ပွဲဖြစ်အောင် ကျွန်တော် နည်းနည်းလေးတော့ ထိန်းထားပါ့မယ်… ဒါပေမဲ့ ခင်ဗျား ထိခိုက်ဒဏ်ရာ ရရင်တော့ ခင်ဗျားမှာပဲ တာဝန်ရှိတယ်နော်”

“ဟဲဟဲ… စိတ်ဝင်စားစရာပဲ တစ်ဦးချင်း ယှဉ်ပြိုင်တိုက်ခိုက်မှု” ရှီတိယွမ်က စိတ်ဝင်တစားဖြင့် ပြောလိုက်သည်။

“ဒီညလမ်းလျှောက်သူရဲ့ စွမ်းရည်အကဲဖြတ်မှုက ကျွန်မ မျှော်လင့်ထားသလောက် မမြင့်ဘူး ထင်တယ်”

နန်ကျင်းက မှတ်ချက်ပေးလိုက်သည်။

လင်းရှန်က ဝင်ပြောလိုက်သည်၊၊

“ကျိုးဝူက စာပို့ကိုယ်စားလှယ်ယူနစ်ကပဲ… တိုက်ခိုက်ရေးက သူတို့ရဲ့ အထူးပြုမဟုတ်ပေမဲ့… ဒီလိုဆိုရင်တောင် သူတို့ရဲ့ စွမ်းရည်တွေအပေါ် နားလည်မှုက ကျုပ်တို့ထက် ပိုနက်နဲတယ်လို့ ထင်တယ်”

ချီလီက ခေါင်းညိတ်သည်၊၊

“ငါ သဘောတူတယ်… ဒါပေမဲ့ ပြပွဲကောင်းတစ်ခုကို ကြည့်ရတော့မယ် ထင်တယ်”

“ဝိုး သူတို့ တကယ် စတော့မယ်”

အနန္တ ရထားပေါ်တွင် ရှားရှားသည် ပိုမို ကောင်းမွန်သော မြင်ကွင်းကို ရရှိရန် လို့ဟွာ၏ ပခုံးပေါ်သို့ ခုန်တက်လိုက်သည်။

ကီကီက သူမ၏ ဘေးနားသို့ ပျံသန်းလာပြီး

“ငါက အဲဒီလူထွားကြီး ရှုံးမယ်ဆိုတာ လောင်းကြေး ထပ်တယ်”

ရှုချင်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

“စွမ်းရည်အမြင့်ဆုံးတန်ဖိုးမှာ ကြီးမားတဲ့ ကွာဟချက်ရှိတယ်၊၊ ဒါက တကယ်ပဲ ခနလေးနဲ့ ပြီးပါ့မလား”

“အရမ်းကောင်းတယ်… ခွန်အားနဲ့ အတွေးအခေါ်ကို ယှဉ်ပြိုင်တဲ့ တိုက်ပွဲ ဘယ်လောက် ပျော်စရာကောင်းလိုက်လဲ”

လုရှင်းချန် စိတ်ဝင်စားနေပုံရပြီး ပွဲကြည့်ဖို့ နေရာကောင်းကို ရှာဖွေရန် လူအုပ်ထဲမှ ထွက်လာခဲ့သည်။

လင်းရှန်က ကျိုးဝူအပေါ်တွင် သူ၏ အကြည့်များကို စူးစိုက်ထားသည်။ ဘာမှမရှိသောနေရာမှ ပစ္စည်းများကို ပေါ်ထွက်လာနိုင်သည့် ကျိုးဝူ၏ စွမ်းရည်အပေါ် သူသည် အမြဲတမ်း သိချင်စိတ်ရှိခဲ့ပြီး ယခုအခါ ၎င်းကို မြင်တွေ့ရပေတော့မည်၊၊

စင်ပေါ်တွင် ဝမ်ကျိုးသည် လက်ပိုက်ထားပြီး သက်ပြင်းချလိုက်ကာ ကျိုးဝူကို လှမ်းသတိပေးသည်၊၊

“အမြဲတမ်း ပြဿနာရှာနေတာပဲ… ဘယ်သူ့ကိုမှ ဒဏ်ရာ မရစေနဲ့”

ကျိုးဝူက ပြုံးရုံသာ ပြုံးပြပြီး ဖုန်းဖုန်းအား မျက်စိမှိတ်ပြလိုက်သည်။

ဖုန်းဖုန်းလည်း သဘောပေါက်သွားကာ သူမ၏ လက်ချောင်းကို ခါလိုက်ရာ မမြင်ရသော လေပြင်းတစ်ချက်သည် ထွက်လာသည်။ ကျိုးဝူ၏ မျက်လုံးများ ထက်မြက်လာပြီး သူသည် လေပြင်းကို အသုံးပြု၍ လေထဲတွင် မီတာဒါဇင်များစွာကို ဖြတ်ကျော်၍ လုံတာဟေး၏ ရှေ့ရှိ မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည်။

“သတ္တိကောင်းတယ်… ဒါကြောင့် ကျုပ်က ခင်ဗျားတို့ ညလမ်းလျှောက်သူတွေကို လေးစားတာပဲ”

လုံတာဟေးက ပြုံးလိုက်သည်၊၊

“ရှင်းအောင် ပြောရရင် ခင်ဗျားရဲ့ ဖီးနစ်က လူတွေအပေါ် လေးစားမှုရှိပါတယ်… ကျုပ်က အစွမ်းကုန် မထုတ်ဘူး…. ဒါကို စိတ်မဆိုးပါနဲ့”

“ခင်ဗျားက အရမ်းအားနာနေတာပဲ… လာပါ အချိန်မဖြုန်းပဲ စကြမလား”

ကျိုးဝူက ပြုံးလိုက်သည်။

ထိုစကားကြောင့် ပရိသတ်သည် ထိုနေရာကို အလျင်အမြန် ရှင်းလင်းပေးလိုက်သည်။

ကျိုးဝူက လုံးဝ တုံ့ဆိုင်းမနေပေ။ သူ၏ မျက်လုံးများတွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်များ ပြည့်နေပြီး သူသည် ပထမဆုံး စတင်လှုပ်ရှားခဲ့သည်၊၊

သူသည် အံ့အားသင့်ဖွယ် အရှိန်ဖြင့် ရှေ့သို့ ခုန်သွားသည်—ခြေထောက်များသည် ဘယ်ညာအဆက်မပြတ် တွန်းကန်နေပြီး ခန္ဓာကိုယ်သည် မြေပြင်နှင့် အပြိုင်နီးပါး ရှိနေကာ လုံတာဟေးဆီသို့ လေပြင်းမုန်တိုင်းတစ်ခုကဲ့သို့ လျင်မြန်သောအဟုန်ဖြင့် ပြေးဝင်သွားသည်။

လုံတာဟေး၏ မျက်နှာပေါ်မှ အပြုံးပျောက်ကွယ်သွားကာ ထက်မြက်သောအမူယာပြောင်းသွားသည်။ ဤသည်မှာ သူ၏ ပထမဆုံး သေခြင်းရှင်ခြင်း တိုက်ပွဲ မဟုတ်ပေ—စတင်တိုက်ခိုက်ရမည့် အချိန်တွင် သူသည် ဘယ်တုန်းကမှ ပေါ့ပေါ့ဆဆ မလှုပ်ရှားခဲ့ပေ၊၊ သူသည် သူ၏ ညာလက်ကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီးနောက် ရုတ်တရက် သူ၏ လက်ဖဝါးကို ရှေ့သို့ တွန်းထုတ်လိုက်သည်။ အားပြင်းသော တုန်ခါလှိုင်းတစ်ခု ပေါက်ကွဲထွက်လာသည်။

ဘန်းးး

တစ်ခဏအတွင်း သူ့ရှေ့ရှိ ဧရိယာတစ်ခုလုံးကို ဖုံးအုပ်ထားသည့် နှင်းများသည် အပေါ်သို့ ပေါက်ကွဲထွက်သွားပြီး ရေခဲဖုန်မှုန့် မုန်တိုင်းအဖြစ် ပေါက်ကွဲထွက်သွားကာ ကျိုးဝူကို လုံးလုံးလျားလျား ဝါးမျိုသွားသည်။

ဉာဏ်ကောင်းသည်—သူသည် ကျိုးဝူ ၏ အရှိန်ကို မြင်ပြီး ကျယ်ပြန့်သော ဧရိယာအဆင့် ဖိနှိပ်မှုဖြင့် တန်ပြန်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“တုန်ခါလှိုင်းလား… မင်းရဲ့ စွမ်းရည်နဲ့ နည်းနည်း ဆင်တယ်” လင်းရှန်က သူ့ရှေ့မှ ကီကီအား ပြောလိုက်သည်။

ကီကီ သည် သူမ၏ လက်များကို ပိုက်ထားပြီး အနီးတွင် ဝဲပျံနေသည်၊၊

“လုံးဝ မဟုတ်ဘူး သူက ဒါကို အစပျိုးဖို့ သူ့ ခန္ဓာကိုယ်ကို သုံးရတယ်… ကျွန်မကတော့ အတွေးတစ်ချက်ပဲ လိုတယ်”

ဥပမာ- လုရှင်းချန်သည် စိတ်ဖြင့်သာ မီးလျှံများကို မထိန်းချုပ်နိုင်သကဲ့သို့ ဖြစ်သည်— ခွန်အားချင်း နှိုင်းယှဥ်ရလျှင် လုံတာဟေး၏ စွမ်းရည်သည် ဖျက်ဆီးနိုင်စွမ်းရှိသည်မှာ သေချာသည်။

အမြင့်ဆုံးတန်ဖိုး ၁၀၀၀ ကျော်ရှိသူသည် ရူးသွပ်သူအဆင့်အထက်တွင် ရှိနေပြီး ဖြစ်သည်။ ပေါ့ပေါ့တန်တန် သဘောထားရန် မသင့်သူဖြစ်သည်။

သူ၏ လှုပ်ရှားမှုကို ထုတ်ဖော်ပြီးနောက် လုံတာဟေးသည် သူ၏ အကာကွယ်ကို လျှော့မချခဲ့ပေ။ သူ၏ တုန်ခါလှိုင်းသည် ရေဒါတစ်ခုကဲ့သို့ အလုပ်လုပ်ပေသည်—၎င်းသည် မျက်နှာပြင်များမှ ရောင်ပြန်ဟပ်ကာ ရန်သူများကို ထောက်လှမ်းရန် ကူညီပေးသည်။ သူသည် ၎င်းကို ခံစားမိပြီး ဖြစ်သည်—ကျိုးဝူသည် ထိုနှင်းတိမ်တိုက်ထဲတွင် ရှိသင့်သည့်နေရာ၌ မရှိတော့ပေ။

“ငါ့နောက်မှာလား”

ဝှစ်

လုံတာဟေး၏ မျက်လုံးများ လင်းလက်လာသည်—သူ့အနောက်မှ တိုးညင်းသော လေတိုးသံကို ကြားလိုက်ရသည်။ တွေဝေနေခြင်းမရှိပဲ သူသည် လှည့်၍ နောက်ထပ် တိုက်ခိုက်မှုတစ်ခုကို ထုတ်လွှတ်လိုက်သည်—သို့သော် ရုတ်တရက် သူသည် မမြင်ရသော နံရံတစ်ခုနှင့် တိုက်မိသကဲ့သို့ ခံစားလိုက်ရသည်။ တုန်ခါလှိုင်းသည် နောက်ပြန်သက်ရောက်လာပြီး ထိမှန်သွားရာ သူ၏ အရေပြားသည် လှိုင်းထသွားပြီး ခြေလှမ်းများစွာ နောက်ဆုတ်လိုက်ရင်း သွေးစများ ထွေးထုတ်လိုက်ရသည်။

သူ၏ အမြင်အာရုံများ တစ်စက္ကန့်မျှ ဝေဝါးသွားသည်။ သူ ပြန်သတိရလာသောအခါ — စုံစမ်းစစ်ဆေးရေးတပ်ဖွဲ့မှ ဧရာမအဓိကရုဏ်းကာကွယ်ရေးဒိုင်းကြီးတစ်ခုက သူ့နောက်တွင် ရုတ်တရက် ပေါ်လာခဲ့သည်။

တန်ပြန်အားကြောင့် သူသည် သတိလစ်မတတ် ဖြစ်ခဲ့ရသည်။ သူ ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်ခင်မှာပင် တစ်စုံတစ်ခုသည် သူ၏ လက်မောင်းကို ချုပ်ကိုင်ထားလိုက်သည်။

သို့သော် လုံတာဟေးသည် လွယ်ကူသော သားကောင် မဟုတ်ပေ။ ခြေချလိုက်သည်နှင့် သူ၏ လက်မောင်းကို ပြန်ဆွဲလိုက်သည်… ထို့နောက် လှည့်ကာ ကျိုးဝူကို ဖမ်းဆုပ်ရန် ကြိုးစားလိုက်သည်။

Chapter 409

အမြင့်ဆုံး အခြေခံမူများ ၄

“အဲ့လောက် မပြေးနေနဲ့”

သူသည် ကျိုးဝူ၏ မျက်နှာကိုပင် မမြင်တွေ့ရသေးသော်လည်း တစ်ကြိမ် တန်ပြန်တိုက်ခိုက်ခံခဲ့ရပြီး ဖြစ်သည်—ထိုအချက်တစ်ခုတည်းကပင် သူ့အား ဒေါသထွက်စေသည်။ ယခု သူသည် ဟာကွက်တစ်ခုကို မြင်လိုက်ပြီး နောက်ထပ် ကျယ်ပြန့်သော တုန်ခါလှိုင်းကို ထုတ်လွှတ်ရန် ရွေ့လျားလိုက်သည်။

သို့သော် သူ၏ ညာလက်ကို မြှောက်လိုက်သည့်အချိန်— သူ၏ ဘယ်ဘက်လက်ဖြင့် ခွန်အားကို မစုစည်းနိုင်ခင်—ကလစ် တစ်စုံတစ်ခုသည် သူ့အား ထပ်မံ ချုပ်ကိုင်လိုက်သည်။

“ဟေး”

သူသည် အော်ဟစ်လိုက်ပြီး လွတ်မြောက်ရန် ကြိုးစားသည်—သို့သော် သူ၏ လက်ကောက်ဝတ်များကို သတ္တုကန့်သတ်ကြိုးတစ်မျိုးဖြင့် လက်ထိပ်ခတ်ထားပြီး ဖြစ်သည်။ ထူထဲသော ကေဘယ်ကြိုးများသည် လျှပ်စီးကဲ့သို့သော အမြန်နှုန်းဖြင့် တွားသွားကာ သူ၏ လက်မောင်းများကို ရင်ဘတ်နှင့်ကပ်၍ ချည်နှောင်ကာ သူ၏ တုန်ခါလှိုင်းစွမ်းရည်ကို လုံးဝ ပျက်ပြယ်သွားစေသည်။

ထို့နောက်—ဝုန်း— တိုက်ခိုက်မှုတစ်ခုက သူ၏ ခြေထောက်များကို အောက်မှ ရိုက်လှဲလိုက်ရာ သူ့အား မြေပြင်သို့ မှောက်လျက် လဲကျသွားစေသည်။

သူ၏ မျက်နှာရှေ့တွင် ဓားမြှောင်အသွားတစ်ခုပေါ်လာသည်… ၎င်းသည် မြေပြင်ထဲတွင် လက်ကိုင်ကို ထိုးစိုက်ထားခြင်းဖြစ်သည်—၎င်း၏ တောက်ပနေသော ဓားသွားသည် သူ၏ နဖူးကို တည့်တည့် ချိန်ရွယ်ထားသည်။

အစ် အစ်—

ထိုခနတွင် လုံတာဟေးသည် သေမင်း၏ အသက်ရှူသံကို ကြားနေရသည်ဟု ခံစားလိုက်ရသည်—သူ၏ နှလုံးသည် ရပ်တန့်လုနီးပါး ဖြစ်သွားသည်။

ပြင်းထန်သော အသက်ရှူသံများက ပရိသတ်ကြားတွင် လှိုင်းထသွားသည်။ ၎င်းသည် မြန်သည်—အရမ်း မြန်သည်။

အပြင်လူတစ်ဦး၏ အမြင်အရ တိုက်ပွဲသည် ငါးစက္ကန့်ပင် မကြာခဲ့ပေ— အမှတ် ၁၂၀၀ ရူးသွပ်သူအဆင့်စွမ်းအားရှင် တစ်ဦးသည် သေခြင်းတရားနှင့် လက်မအနည်းငယ်သာ ကွာတော့သည်။

လုံတာဟေး၏ ခေါင်းသည် ထိုဓားသွားကို ထိမိပါက သူ့အား ကယ်တင်နိုင်မည် မဟုတ်ပေ။

လင်းရှန်၊ ရှီတိယွမ်၊ နန်ကျင်း၊ ချီလီနှင့် အပြင်ဘက်ရှိ ဟန်ကျွမ့်၊ ချင်ရွှမ်မင်၊ လေစိမ်း၊ မိုနီကာတို့ကဲ့သို့သော သူများသည်ပင်လျှင် မျက်လုံးများ ပြူးကျယ်သွားကြသည်။

—လုံတာဟေး၏ မျက်နှာသည် ဓားမြှောင်ကို ထိလုနီးပါး ဖြစ်နေစဉ်—သူ၏ ကြီးမားသော ခန္ဓာကိုယ်သည် ရုတ်တရက် လေထဲတွင် ရပ်တန့်သွားပြီး ထိုနေရာတွင် အေးခဲသွားသည်။

သူသည် သူ၏ ရှေ့ရှိ ဓားသွားကို စိုက်ကြည့်နေသည်၊၊ လေကို ရှူထုတ်နေရင် ချွေးများက သူ၏ နဖူးမှ စီးကျနေသည်။

သူ၏ နောက်ကွယ်တွင် နှင်းများသည် ငြိမ်သက်သွားသည်— ကျိုးဝူသည် တည်ငြိမ်စွာ ရပ်နေပြီး ပြုံးနေကာ သူ့အား အချိန်မီ ဖမ်းမိခဲ့သော သံမဏိ ကေဘယ်ကြိုးတစ်ခုကို ကိုင်ဆောင်ထားသည်။

“သတိထား အဲဒီလို လဲကျတာက ခင်ဗျားကို ထိခိုက်ဒဏ်ရာ ရစေနိုင်တယ်”

ကျိုးဝူက ကေဘယ်ကြိုးကို ဆွဲလိုက်ပြီး ဝက်ဝံတစ်ကောင်ကဲ့သို့ ထွားကြိုင်းသော လုံတာဟေးအား လက်တစ်ဖက်တည်းဖြင့် ပြန်ဆွဲထူပေးလိုက်သည်။

စင်ပေါ်ရှိ ဝမ်ကျိုးက ခေါင်းကို အသာခါယမ်းလိုက်သည်၊၊ ဖုန်းဖုန်းပင်လျှင် ဤသည်မှာ သူ မျှော်လင့်ထားသည့် ရလဒ်ဖြစ်သကဲ့သို့ လုံဝစိတ်လှုပ်ရှားပုံမရပေ။

သို့သော် အခြားလူများ—လုံတာဟေး၊ စွမ်းရည် စမ်းသပ်ရေး အဖွဲ့နှင့် ရင်ပြင်ရှိ ထောင်ပေါင်းများစွာသော ကြည့်ရှုသူများသည် လုံးဝ အံ့အားသင့်သွားကြသည်။

၁၂၀၀ အဆင့်သတ်မှတ်ထားသော အဆင့်မြင့် ရူးသွပ်သူစွမ်းအားရှင်တစ်ဦးသည် ငါးစက္ကန့်အတွင်း အသတ်ခံရလုနီးပါး ဖြစ်ခဲ့တာလား။

၎င်းသည် တကယ်ကို ကြောက်မက်ဖွယ်ရာ ဖြစ်သည်။

လင်းရှန်နှင့် ရှီတိယွမ်တို့သည် လေးနက်သော အကြည့်များဖြင့် အချင်းချင်းကြည့်မိလိုက်ကြသည်။ သူတို့ သိလိုက်သည်—၎င်းသည် စွမ်းရည် အမြင့်ဆုံးတန်ဖိုးများအကြောင်း မဟုတ်ပေ။ ၎င်းသည် ကျွမ်းကျင်မှု ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်နှင့် အဆင့်မြင့် နည်းဗျူဟာပိုင်းဆိုင်ရာ အသိပညာအကြောင်း ဖြစ်သည်။

လုံတာဟေး၏ စွမ်းအားသည် ဖုတ်ကောင် အစုအဝေးများအား ဆန့်ကျင်ရာတွင် ထိရောက်မှု ရှိနိုင်သော်လည်း ဉာဏ်ကောင်းသော အတွေ့အကြုံရှိသော ပြိုင်ဘက်အား ဆန့်ကျင်ရာတွင်—သူ၏ အားနည်းချက်များသည် သေစေနိုင်ပေသည်။

မျက်စိတစ်မှိတ်အတွင်း သေခြင်းရှင်ခြင်းအခြေနေက ဖြစ်နိုင်ခဲ့သည်။

ကျိုးဝူ၏ လှုပ်ရှားမှုသည် ကြည့်ရှုနေသော အသက်ရှင်ကျန်ရစ်သူ အားလုံးအတွက် မာစတာအတန်းတစ်ခု ဖြစ်သည်။

ကျိုးဝူသည် သူ၏ လက်ထဲရှိ ဓားမြှောင်ကို ကြည့်လိုက်သည်၊၊

ကြောက်ရွံ့မှုများ ကျန်ရှိနေသေးသဖြင့် ပြင်းထန်စွာ အသက်ရှူနေသော လုံတာဟေးသည် သူ၏ စွမ်းရည်ကို အသုံးမပြုနိုင်ခြင်း—ထိုအကူအညီမဲ့သော အခိုက်အတန့်သည် နိုးကြားစေသည့် အခိုက်အတန့် ဖြစ်သည်။

ကျိုးဝူ ပြောခဲ့သည့်အတိုင်းပင်—ခင်ဗျားရဲ့ စွမ်းရည်ကို အပြည့်အဝ အသုံးပြုရန် ခင်ဗျားရဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေခံက လိုက်လျောညီထွေ ဖြစ်ဖို့ လိုသည်။

“တောင်းပန်ပါတယ် ခင်ဗျား ဒဏ်ရာ မရဘူးလို့ မျှော်လင့်ပါတယ်”

ကျိုးဝူက ပြုံးပြကာ သူ၏ လက်ကောက်ဝတ်ကို လှုပ်လိုက်ရာ ဓားမြှောင်နှင့် အချုပ်နှောင်များသည် ပျောက်ကွယ်သွားသည်၊၊

လုံတာဟေးသည် ရှုပ်ထွေးသော အကြည့်ဖြင့် သူ့အား လှည့်ကြည့်သည်။ သူသည် ပါးစပ်ကို ဖွင့်လိုက်သော်လည်း စကားတစ်ခွန်းမှ မပြောနိုင်ခဲ့ပေ။ ယင်းအစား သူသည် သူ၏ ကုတ်အင်္ကျီကို ပြန်ယူလာရန် သူ၏ လူအား အမူအရာဖြင့် ပြလိုက်သည်။

ကျိုးဝူက ဆက်၍ တွန်းအားမပေးပေ။ သူသည် လှည့်၍ ဘာမှ မဖြစ်ခဲ့သကဲ့သို့ ညလမ်းလျှောက်သူအဖွဲ့ဘက်သို့ ပြန်လျှောက်သွားသည်။

ခဏတာလေးအတွင်း ညလမ်းလျှောက်သူများ၏ စစ်မှန်သော ခွန်အားကို အပြည့်အဝ ထုတ်ဖော်ခဲ့သည်။ ထိုအချိန်တွင် လူတိုင်း၏ ညလမ်းလျှောက်သူများအပေါ် အကြည့်သည် သိမ်မွေ့စွာ ပြောင်းလဲသွားသည်။

စွမ်းရည် အမြင့်ဆုံးတန်ဖိုး ၇၀၀ ရှိသူ တစ်ဦး၏ ငါးစက္ကန့်အတွင်း လှုပ်ရှားမှုသည် အမြင့်ဆုံးတန်ဖိုး ၁၀၀၀ ရှိသော အဆင့်မြင့်စွမ်းအားရှင်တစ်ဦးအား ချေမှုန်းလိုက်ခြင်း—ဤသရုပ်ပြမှုသည် လူတိုင်းအား “ကန့်သတ်ကိန်းဂဏန်း” သဘောတရားကို အလေးအနက်ထား၍ တရားဝင် တိုင်းတာမှုတစ်ခုအဖြစ် စတင် ဆက်ဆံလာစေသည်။

သို့ဖြစ်ရာ အသန်မာဆုံးသည် စွမ်းရည်ကိုယ်တိုင် မဟုတ်ဘဲ ၎င်းကို မည်သို့ ကိုင်တွယ်ရမည်ကို သိသူ ဖြစ်သည်။

“အခုဆိုရင် လူတိုင်း ကန့်သတ်ကိန်းဂဏန်းနဲ့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုအကြောင်း အခြေခံ နားလည်မှု ရှိသင့်ပါတယ်”

စင်ပေါ်တွင် ဝမ်ကျိုးသည် တည်ငြိမ်စွာ ဆက်ပြောလိုက်သည်၊၊

“အတိုချုပ်ပြောရရင် စွမ်းရည်က ဘယ်လောက်ပဲ အားကောင်းပါစေ… အဲဒါကို ဘယ်လို အသုံးပြုလဲဆိုတာပေါ်မှာပဲ မူတည်ပါတယ်… ခင်ဗျားရဲ့ စိတ်ပိုင်းဆိုင်ရာ ခွန်အားကို လေ့ကျင့်တာက ခင်ဗျားရဲ့ စွမ်းရည် စွမ်းအင် သိပ်သည်းဆကို မြှင့်တင်ပေးပြီး အမှောင်ကျုးကျော်မှုဒဏ်ကို ခံနိုင်ရည်ကို တိုးတက်စေပါလိမ့်မယ်… ဒါပေမဲ့ ခင်ဗျားရဲ့ ခန္ဓာကိုယ်က အဲဒါကို မကိုင်တွယ်နိုင်ရင် အဲဒါက အလွန် အန္တရာယ်ရှိနေဆဲပဲ”

ဤအချိန်တွင် နေရာတစ်ခုလုံးသည် တိတ်ဆိတ်သွားခဲ့သည်။ မည်သူမျှ ၎င်းကို ထပ်မံ မေးခွန်းထုတ်ရဲခြင်း မရှိတော့ပေ။

“နောက်တစ်ခု အချက်နှစ်ချက်အကြောင်း ပြောကြရအောင် ခင်ဗျားက စွမ်းအားရှင်ဖြစ်သည်ဖြစ်စေ… မျိုးရိုးဗီဇ မြှင့်တင်သူ ဖြစ်သည်ဖြစ်စေ… ဒီ ဆင့်ကဲပြောင်းလဲတဲ့ စွမ်းအားရဲ့ အရင်းအမြစ်—ဆိုလိုတာက အေးခဲ-အမှောင် အခြေခံအမှုန်က— အဓိက လမ်းကြောင်း နှစ်ခုကနေ လာပါတယ် ပထမက အမှောင်ထုပါ… ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်တွေက ဒါကို Passive အနေနဲ့ စုပ်ယူပါတယ် ဒုတိယကတော့ ထူးဆန်းတဲ့ သတ္တဝါတွေကို သတ်ဖြတ်ခြင်းပါ… သူတို့ သေတဲ့အခါ သူတို့က အမှောင်စွမ်းအင်ရဲ့ မြင်နိုင်တဲ့ အနက်ရောင် မြူခိုးတစ်ခုကို ထုတ်လွှတ်ပါတယ် ဒါကို လူ့ခန္ဓာကိုယ်ကလည်း စုပ်ယူပါတယ်… ပြဿနာကတော့ ဒီစွမ်းအားက ပြန်ပြင်ဆင်လို့ မရတဲ့ ပျက်စီးဆုံးရှုံးမှုကို ဖြစ်ပေါ်စေပါတယ်… လူတစ်ယောက်ရဲ့ သတ်မှတ်ကန့်သတ်ချက်ကို ကျော်လွန်သွားတဲ့အခါ သန္ဓေပြောင်းခြင်း ဖြစ်နိုင်ခြေက အလွန် မြင့်မားပါတယ်”

“ဒါကြောင့် ကျွန်တော်တို့က အေးခဲ-အမှောင် အခြေခံအမှုန် ဓာတ်ကူပစ္စည်းကို ထူးဆန်းတဲ့ သတ္တဝါတွေရဲ့ သွေးအဆီအနှစ်(သွေးပဲစေ့) က ထုတ်ယူပါတယ်… ဒါက နှိုင်းယှဉ်ချက်အရ ဘေးကင်းတဲ့ စုပ်ယူမှု နည်းလမ်းတစ်ခုပါ…ဒီစွမ်းအားကို ပိုမို ကောင်းမွန်စွာ မျှတအောင် လုပ်ဖို့နဲ့ ထိန်းညှိဖို့ ဖီးနစ်က နေရောင်ခြည် ထိတွေ့မှုနဲ့ အသီးနှံဖျော်ရည် သောက်သုံးခြင်းကို အားပေးပါတယ်… ဆင့်ကဲပြောင်းလဲခြင်းက အချိန်ယူရပါတယ်… ကျွန်တော်တို့ ညလမ်းလျှောက်သူတွေတောင်မှ တင်းကျပ်တဲ့ စံနှုန်းကို လိုက်နာကြရတယ်… တစ်ရက်ကို တစ်ကြိမ်ထက် ပိုမသောက်ပါနဲ့ ဒါကို သေချာမှတ်ထားပါ”

“နောက်ဆုံးအနေနဲ့ တတိယအချက်—စွမ်းရည်တွေနဲ့ ရုပ်ပိုင်းဆိုင်ရာ နည်းစနစ်တွေကို လေ့ကျင့်တာက အတူတူပဲ စည်းကမ်းချက်ကို လိုက်နာပါတယ်… ထပ်ခါတလဲလဲ လုပ်ဆောင်ခြင်းပဲ… ခင်ဗျားတို့ထဲက တချို့က စွမ်းအင် အဆင့်တွေအကြောင်း စိုးရိမ်နိုင်ပါတယ်… ဒါပေမဲ့ ခင်ဗျားတို့ရဲ့ စွမ်းရည်ကို ပိုပြီး သုံးလေလေ… အဲဒါကို ပိုပြီး နားလည်လေလေပါပဲ… မျိုးရိုးဗီဇ မြှင့်တင်သူတွေအတွက်လည်း အတူတူပါပဲ ဒါက ကြွက်သားတွေကို လေ့ကျင့်သလိုပါပဲ လူ့ခန္ဓာကိုယ်က မြန်မြန်ဆန်ဆန် ဆင့်ကဲပြောင်းလဲတဲ့အတွက် ကန့်သတ်ချက်တွေကို ကျော်လွန်ဖို့ လိုက်လျောညီထွေ ဖြစ်အောင် မြင့်မားတဲ့ ကယ်လိုရီ စားသုံးမှုနဲ့ အဆက်မပြတ် လေ့ကျင့်မှုတွေ လိုအပ်ပါတယ်”

“ဖွံ့ဖြိုးတိုးတက်မှု ကိစ္စလည်း ရှိပါတယ်… စွမ်းရည်တွေမှာ ကြီးထွားဖို့ အလားအလာရှိတဲ့ ဦးတည်ချက် များစွာ ရှိပါတယ်၊၊ တိုက်ခိုက်ရေး နည်းစနစ်တွေလို တွေးကြည့်ပါ မျိုးရိုးဗီဇ ဆင့်ကဲပြောင်းလဲသူရဲ့ ရုပ်ပိုင်းဆိုင်ရာ ခွန်အား တိုးတက်လာရင်တောင် နည်းစနစ်တွေကို ကျွမ်းကျင်ပိုင်နိုင်တာက တိုက်ခိုက်ရေး စွမ်းအားကို ပိုပြီး တိုးစေပါတယ် ဖီးနစ်မှာ နည်းအမျိုးမျိုးကို စုစည်းပြီး စုဆောင်းထားတဲ့ လမ်းညွှန်စာအုပ် ရှိပါတယ်… လူတိုင်း သေသေချာချာ လေ့လာဖို့ အကြံပြုပါတယ်”

All Chapters