အခန်း (၄၁၄+၄၁၅)
Vol. 27 Ch. 414+415
Chapter 414
ကမ်းလှမ်းမှုများ
ရှားရှားက စဉ်းစားဟန်ဆောင်လိုက်ရာ ထိုအမျိုးသား၏ မျက်လုံးများ အရောင်တောက်သွားသည်—သို့သော် ရှားရှားက လှည့်စားသော အပြုံးဖြင့် ပြောလိုက်သည်။
“အင်း… အစ်ကိုရော ကျွန်မပါ တစ်ယောက်ချင်းစီမှာ ပေ ၃၀ ရှိတဲ့ ဇိမ်ခံရထားတွဲရှိတယ်။ တစ်နေ့ကို အသားသုံးနပ် စားရတယ်။ အစ်ကိုလင်းက ကျွန်မကို မုန့်၊ သစ်သီး၊ စည်သွပ်ဘူး၊ ကြိုက်တာ အကုန်စားခွင့်ပေးတယ်။ အိုး၊ ပြီးတော့ ကျွန်မမှာ T8-Z Vulcan စက်ရုပ် ရှိတယ်။ ဒါကြောင့်... ရှင့်ရဲ့ ကမ်းလှမ်းချက်က ကျွန်မတို့အတွက် လက်ခံဖို့ နည်းနည်းခက်တယ်~”
ထိုအမျိုးသား၏ မျက်နှာသည် အေးခဲသွားသည်။
“ရထားတွဲ တစ်တွဲလုံး…မင်းတို့ နှစ်ယောက်တည်းလား”
ရှားရှားက ခေါင်းခါလိုက်သည်။
“ငါ သိနေတယ်..”
“ကျွန်မနဲ့ အခြားတစ်ယောက်”
ထိုအမျိုးသားသည် လုံးဝ ထိတ်လန့်သွားသည်။ လူနှစ်ယောက်က ရထားတွဲ တစ်တွဲလုံးကို မျှဝေသုံးစွဲပြီး အသားနဲ့ မုန့်တွေ စားနေကြတာက—သူတို့က ဒုက္ခသည်တွေလား…. ခရီးသွားဧည့်သည်တွေလား။
မြောင်လုနှင့် ရှောင်ယွမ်တို့သည် ရှားရှားက ထိုအမျိုးသားကို လှောင်ပြောင်နေသည်ကို သိပြီး ရယ်ချင်စိတ်ကို မထိန်းနိုင်ခဲ့ကြပေ၊၊
သူသည် အခွင့်အရေး မရှိတော့ကြောင်း သိသောအခါ ထိုအမျိုးသားက ကိုးရိုးကားရားအမူယာနှင့် ခွင့်တောင်းပြီး ထွက်ခွာသွားလေသည်။
ထိုအချိန်တွင် ချန်ဆီရွှမ် ရောက်လာပြီး မှတ်ချက်ပေးသည်။ “ရူးသွပ်သူ အဆင့်အတွက် အမှောင်ဆေးရည် နှစ်ပုလင်းနဲ့ အသီးအနှံ ဖျော်ရည်လေးဘူး... ကျိုးဝူက ညလမ်းလျှောက်သူအဖွဲ့လည်း အဲဒီလို ကမ်းလှမ်းတယ်လို့ ပြောတာ မှတ်မိတယ်”
“ဒါက ဒီယာဉ်တန်းက အတော်လေးကြီးတာပဲ”
ရှားရှားက ပြောသည်။
“အမှောင်ဆေးရည်နှစ်ဘူးက အနည်းဆုံး အနီရောင်သွေးပဲစေ့ နှစ်ဆယ်လောက်တန်တာ မဟုတ်လား”
တာလို့က ခေါင်းညိတ်လိုက်သည်။
“အခြေအနေခြင်း တူညီရင်တောင် ဖီးနစ်ကို ဝင်တာက ပိုအန္တရာယ်များတယ်။ ဒါကြောင့် လူအများစုက ဒီလို ယာဉ်တန်းမျိုးကို ရွေးချယ်လိမ့်မယ်”
“ဒါကြောင့် ဒီယာဉ်တန်းတွေက ပိုကြီးလာတာ အံ့ဩစရာမဟုတ်တော့ဘူး။ သူတို့မှာ အားကောင်းတဲ့ လူတွေလည်း ရှိနေပုံရတယ်”
မြောင်လုက ထပ်ပြောသည်။
သူတို့ကို ခေါ်ယူရန် ချဉ်းကပ်ခံရခြင်းမှာ ဤသည်မှာ ပထမဆုံး အကြိမ်မဟုတ်ပေ။ စွမ်းရည်စမ်းသပ်ပွဲပြီးဆုံးပြီးနောက် အနန္တရထားမှ လူများသည် ၎င်းတို့ကို စည်းရုံးရန် ကြိုးစားသည့် အဖွဲ့များစွာနှင့် ကြုံတွေ့ ခဲ့ရပြီး ထူးဆန်းသော အပေးအယူများကို ကမ်းလှမ်းခဲ့ကြသည်။ အများစုမှာ ဖော်ရွေသော ဆက်သွယ်ကြိုးပမ်းမှုများ ဖြစ်သောကြောင့် ရန်လိုမှုသို့ ပြောင်းလဲခြင်း မရှိခဲ့ပေ။
တာလို့၊ ရှုချင်း၊ သို့မဟုတ် လုရှင်းချန်ကဲ့သို့ ထိပ်တန်းတိုက်ခိုက်ရေးသမားများသာမက ရှောင်ယွမ်ကဲ့သို့ ၂၆၀ မှတ်သာ ရခဲ့သူကိုပင် ကမ်းလှမ်းမှုများ ရှိခဲ့သည်။ ၎င်း၏ စွမ်းရည် အမြင့်ဆုံးနှင့် ကန့်သတ်အရည်အချင်းသည် ပုံမှန် ဆင့်ကဲပြောင်းလဲသူ အဆင့်သာ ဖြစ်သော်လည်း တစ်စုံတစ်ဦးက သူမကို ရှာနေခဲ့သည်။ စမ်းသပ်ပွဲရင်ပြင်တွင် မျက်နှာပြရုံမျှဖြင့် စီလန်မြို့ ရှိ ယာဉ်တန်းထောင်ပေါင်းများစွာထဲမှ တစ်ခုကို သတိထားမိစေရန် လုံလောက်နေပုံရသည်။
ရှောင်ယွမ်ကို ချဉ်းကပ်လာသူမှာ ယာဉ်တန်းငယ်လေးတစ်ခု၏ ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ၎င်း၏ အကြောင်းပြချက်မှာ လုံးဝ ရယ်စရာကောင်းပေသည်- သူမသည် သူ့၏ ပထမဆုံးချစ်သူကို သတိရစေသည်ဟု ဆိုသည်။ ပို၍ ထူးဆန်းသည်မှာ သူ ကမ်းလှမ်းခဲ့သော ကမ်းလှမ်းချက်သည် အံ့အားသင့်ဖွယ် ရက်ရောလေသည်၊၊
ရှောင်ယွမ်သည် အလွန် ဗရုတ်သုတ်ခဆန်သည်ဟု ယူဆကာ တုံ့ဆိုင်းခြင်းမရှိ ပယ်ချခဲ့သည်။
“ဝိုး၊ ဒီနားမှာ ယာဉ်တန်းတွေ အများကြီးပဲ” ရှားရှားက သိသိသာသာ စိတ်လှုပ်ရှားနေသောလေသံဖြင့် ပြောလိုက်သည်။
“ညနေစောင်းမရောက်ခင် အားလုံး ကို လျှောက်ကြည့် လို့ရမှာ မဟုတ်ဘူး။ ရှေ့ မှာ ဘာတွေရှိသေးလဲဆိုတာ သွားကြည့်ကြရအောင်”
ထိုဧရိယာမှ အနည်းငယ်မှ သွားပြီးနောက် အဖွဲ့သည် ရှင်သန်သူ ယာဉ်တန်းအမျိုးမျိုးမှ ချထား သော “ကုန်သွယ်ရေးလမ်း” ကို ဆက်လက်စူးစမ်းခဲ့ကြပြီး အသစ်အဆန်းများနှင့် ထူးဆန်းသောပစ္စည်းများအားလုံးကို ကြည့်ရှုခဲ့ကြသည်။
…
စီလန်မြို့ လက်နက်ထုတ်လုပ်ရေးစက်ရုံ၊ တင်ဆောင်ခန်းမ အမှတ် ၃။
【စကင်ဖတ်မှု တိုးတက်မှု: ၆၅%】
လင်းရှန်သည် မျက်လုံးများကို မှိတ်ထားကာ ယန္တရားနှလုံးသားကို အသက်သွင်းရင်း လုံးဝအာရုံစိုက်နေသည်။ တစ်စက္ကန့်မှ အချိန်ဖြုန်းတီးခြင်းမရှိပေ၊၊ တစ်ချိန်တည်းမှာပင် ၎င်းသည် ၎င်း၏ ဆက်သွယ်ရေးစနစ်မှ မက်ဆေ့ခ်ျများကို စောင့်ကြည့်နေသည်။ ယခုအချိန်သည် အားလပ်ချိန် ဖြစ်သင့်သော်လည်း သူသည် ဤအဖွဲ့၏ “အုပ်ထိန်းသူ” ကဲ့သို့ ခံစားနေရဆဲဖြစ်ပြီး လူတိုင်း ဘယ်နေရာတွင်ရှိနေသည်ကို စောင့်ကြည့်နေသည်။
ရထားကို စောင့်ကြည့်ရန် နောက်မှာနေခဲ့သော မီးတောက်မှလွဲ၍ အနန္တရထားအဖွဲ့ဝင်များသည် အုပ်စုခွဲပြီး စူးစမ်းရန် ထွက်ခွာသွားကြသည်။ ရှုချင်း၊ လုချန်နှင့် ချန်ဆီရွှမ်တို့၏ အဆိုအရ ၎င်းတို့အနက်မှ အချို့သည် စည်းရုံးရေး ကြိုးပမ်းမှုများနှင့်လည်း ကြုံတွေ့ ခဲ့ရသည်—အချို့သည် အကျိုးခံစားခွင့်များကို မေးမြန်းရန်၊ အချို့သည် လင်းရှန်ကို ရှာရန်၊ အခြားသူများမှာ အဖွဲ့ထဲဝင်ရန် ဆန္ဒရှိကြသည်။
သို့သော် အဖွဲ့ခေါင်းဆောင်လင်းရှန် မရှိသောကြောင့် ထိုသူအားလုံး စိတ်ပျက်ပြီး ထွက်ခွာသွားကြသည်။
ဤအရာကို ကြားရသောအခါ လင်းရှန်သည် လူအချို့ကို ထပ်၍ ခေါ်ယူသင့်-မသင့် စဉ်းစားနေမိသည်။ ယုတ္တိဗေဒနည်းအရ အနန္တရထား၌ အထောက်အပံ့များနှင့် နေရာလွတ်များစွာ ရှိသည်။ ထို့အပြင် သူ့၏ ယန္တရားစွမ်းရည်ဖြင့် ၎င်းတို့၏ တိုက်ခိုက်ရေး စွမ်းရည်များကို မြှင့်တင်နိုင်ပြီး ၎င်းတို့၏ ရှင်သန်မှုအခွင့်အလမ်းကို မြှင့်တင်နိုင်မည်ဖြစ်သည်။
သို့သော် ၎င်းသည် ဒွိဟဖြစ်စရာပင်… လူပိုများလေ တာဝန် ပိုများလေ ဖြစ်သည်—ပြီးနောက် နဂါးတောင် ၁ ကဲ့သို့ တိုက်ပွဲကြီးတိုင်းတွင် လူဒါဇင်နှင့်ချီ၍ ဆုံးရှုံးရခြင်းမျိုးကို မလိုချင်ပေ...
အရေးအကြီးဆုံးမှာ လင်းရှန်သည် အနန္တရထား ရင်ဆိုင်နေရသော ကြောက်မက်ဖွယ် ဖိအားသည် မကြာခဏ မတွေးဆနိုင်သည်အထိ မြင့်တတ်လာသည်ကို ခံစားနေရသည်။
သူတို့ ကျိအန်းမြို့ မှ ထွက်ခွာခဲ့ပြီးနောက် ဂိမ်းတစ်ခုလုံးကိုပြောင်းလဲစေနိုင်သော ယန္တရားစွမ်းရည်နှင့် S-Class စိတ်စွမ်းအင်ရှိသော ကီကီကို သူ့၏ ဘေးတွင် ထားခဲ့သော်လည်း၊ အနန္တရထား၏ ကြီးမားထူထဲသော သံချပ်ကာဖြင့်ပင် သူတို့သည် သေလုနီးပါး အတွေ့အကြုံများ မရေမတွက်နိုင်အောင် ကြုံတွေ့ခဲ့ရသည်။ ရှင်းဟို့ ရိုင်ဖယ်အချို့ သို့မဟုတ် စက်သေနတ် အပေါ့စားများဖြင့် အခြားယာဉ်တန်းများသည် မည်သို့ ရှင်သန်နိုင်ခဲ့သည်ကို တွေးကြည့်၍မရပေ။ ရှုချင်းကဲ့သို့သော သာမန်လူများမှ အားကောင်းသော တိုက်ခိုက်ရေးသမားများအဖြစ် တိုးတက်ပြောင်းလဲလာသည်ကို မြင်တွေ့ ပြီးနောက်တွင်ပင် ထိုအရာကို ရှင်းပြနိုင်ခြင်း မရှိခဲ့ပေ—အဘယ်ကြောင့်ဆိုသော် ရှုချင်း၏ ပခုံးပေါ်မှ ဝန်ထုပ်ဝန်ပိုးသည် လုံးဝ မပေါ့ပါးခဲ့သောကြောင့် ဖြစ်သည်...
အမှန်တရားမှာ လင်းရှန်သည် အန္တရာယ်များ အများစုကို ကိုယ်တိုင်သာယူထားခဲ့ခြင်းပင်။
ထို့ကြောင့် သူ့ကို အမှန်တကယ် စိုးရိမ်စေသည်မှာ မည်သည့် အသစ်ဝင်လာသူမဆို ပို၍ ကြီးမားသော အန္တရာယ်နှင့် ရင်ဆိုင်ရနိုင်သည်ဟူသောအချက်ဖြစ်သည်။ ထိုကဲ့သို့သော ဆန့်ကျင်ဘက် သဘောထားမျိုးက သူ့အား အဖွဲ့ကို တိုးချဲ့ ရန် သတိထားစေသည်၊ အထူးသဖြင့် ရှင်သန်သူများကို “အကျိုးခံစားခွင့်များ” ဖြင့် သွေးဆောင်ပြီးနောက် အမြောက်စာအဖြစ် ပြောင်းလဲစေခြင်း—သို့မဟုတ် နေ့စဉ် “၅%” သေဆုံးသူများထဲမှ တစ်ဦး ဖြစ်စေခြင်းမျိုး...
“အီး… အရမ်း ပျင်းစရာကောင်းလိုက်တာ~”
ကီကီ လင်းရှန်ရှေ့တွင် ပျင်းရိစွာ ပျံဝဲနေပြီးနောက် ယန္တရားစက်ရုပ်လက်တံ၏ အစွန်းတွင် ထိုင်ချကာ သူ့၏ ခြေထောက်များကို လေထဲတွင် လွှဲယမ်းနေသည်။
“ကျွန်မ အပြင်မှာ လျှောက်ကြည့်လိုက်တာ… ယာဉ်တန်းတွေအားလုံးက ပစ္စည်းတွေကို ဖြုတ်တာ၊ ဖြတ်တာ၊ ဂဟေဆော်တာ၊ ဒါမှမဟုတ် ပြုပြင်တာတွေပဲ လုပ်နေကြတယ်။ အစ်မချန်နဲ့ တခြားသူတွေ စျေးဝယ်ထွက်နေတယ်လို့ ကျွန်မကြားတယ်။ ကျွန်မလည်း စျေးဝယ်မထွက်ရတာ အရမ်းကြာနေပြီ~”
လင်းရှန် အနည်းငယ် ပြုံးလိုက်သည်။
“ဒီည ရထား ပြုပြင်မွမ်းမံမှုတွေကို ငါလုပ်ပြီးသွားတာနဲ့ မင်း မနက်ဖြန် တစ်နေကုန်လုံး ကြိုက်တညလုပ်လို့ရပြီ”
“တကယ်လား~” ကီကီက ကျီစယ်သောအပြုံးဖြင့် မျက်စိမှိတ်လိုက်သည်။
“ကျွန်မကို မလိမ်နဲ့နော်”
“ငါက ဘာလို့ လိမ်ရမှာလဲဟ”
“ရှင် ကျွန်မနဲ့အတူ လိုက်ခဲ့ရမယ်… တစ်ယောက်တည်း စျေးဝယ်ရတာ ပျင်းဖို့ကောင်းတယ်...”
ကီကီက သူ့ကို ကြီးမားဝိုင်းစက်သော မျှော်လင့်ချက်မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။
လင်းရှန်: “…”
Chapter 415
မြန်တယ် မဟုတ်လား
“ငါတို့ ကြည့်ရသေးတာပေါ့”
လင်းရှန် လေကို ဖြည်းညှင်းစွာရှူသွင်းပြီး စက်ရုံကို ကျော်၍ အပြင်ကို ကြည့် လိုက်သည်။
“ဒီလူတွေက သူတို့ရဲ့ ယာဉ်တန်းကာကွယ်ရေးကို အဆင့်မြှင့်တင်ဖို့ တစ်စက္ကန့်တောင် မဖြုန်းခဲ့ဘူး။ သံမဏိပြားတစ်ချပ် ပိုတာက အဖွဲ့တစ်ခုလုံးကို နောက်ထပ်တစ်ရက်လောက် ရှင်သန်စေနိုင်တယ်။ နှင်းတစ္ဆေရဲ့ ဆူးချွန်တွေတောင် ငါ့ရဲ့ သံချပ်ကာကို ထိုးဖောက်နိုင်နေပြီ။ ငါ အဆင့်မြှင့်လို့ မပြီးမချင်း ညဘက် အိပ်မပျော်ဘူး”
ကီကီက သူ့ကို နူးညံ့ပြီး တောက်ပသော အကြည့်ဖြင့် ကြည့်ကာ ကျီစယ်သော လေသံဖြင့် ပြောလိုက်သည်။
“ဟုတ်ပါပြီ၊ ဟုတ်ပါပြီ… ရှင်က တာဝန်ယူတတ်ပြီး ကျွန်မတို့ရဲ့ လုံခြုံရေးအတွက် အမြဲတမ်းစိုးရိမ်နေတယ်ဆိုတာ ကျွန်မတို့အားလုံး သိပါတယ်။ ကပ္ပတိန်လင်း… ရှင်က အရမ်းကြိုးစားနေတာ— ကျွန်မက ပခုံးနဲ့ ခြေသလုံးတွေကို နှိပ်ပေးရမလား”
“ပြီးတော့ ရိုက်လည်း ရိုက်ချင်တယ် မဟုတ်လား”
လင်းရှန်က ရယ်မောရင်း ပြောသည်။
ကီကီက နှာမှုတ်လိုက်သည်။
“အဲဒါကို အခုထိ စကားနာထိုးနေတုန်းပဲလား… သဘောထားသေးသိမ်တဲ့ ကောင်စုတ်”
၎င်းတို့ အလုပ်ရုံထဲသို့ ရောက်ကတည်းက ရှင်သန်သူအဖွဲ့အမျိုးမျိုးသည် လှည့်လည် ဝင်ရောက်လာပြီး လှုပ်လှုပ်ရှားရှား လုပ်နေကြသည်။ သို့သော် ကြီးမားသော စက်ပစ္စည်းများမှလွဲ၍ ဘာမျှ မတွေ့ရသောအခါ ၎င်းတို့သည် ကျိန်ဆဲရင်း ထွက်ခွာသွားကြသည်။ ဖြုတ်ချနိုင်သော ပစ္စည်းတိုင်းကို ယူဆောင်သွားခဲ့ပြီး—ဝက်အူများပင် အလွတ်မပေးခဲ့ပေ၊၊ လင်းရှန်နှင့် ကီကီတို့သည် ယန္တရားလက်တံအမြင့်၌ နေခဲ့ကြပြီး မည်သူမျှ သတိမထားမိကြသောကြောင့် ငြိမ်းချမ်းသော တိတ်ဆိတ်မှုကို ရခဲ့လေသည်၊၊
“ဟမ့်… ဒီလူတွေက မလွယ်ဘူး။ မီးချောင်းတွေတောင် ယူသွားကြတယ်”
“မီးတွေက အရေးကြီးတယ်၊ အထူးသဖြင့် အားကောင်းတဲ့ မီးချောင်းတွေ”
လင်းရှန်က ပြောသည်။
“ယာဉ်တန်းအချို့က ညဘက် သူတို့ရဲ့ စခန်းတွေကို မီးထွန်းကြတယ်—ဒါက ထိတ်လန့်ဖွယ်အရာတွေကို အဝေးမှာထားနိုင်တယ်လို့ ပြောကြတယ်”
“ဒါက အလုပ်ဖြစ်လို့လား”
ကီကီက မျက်မှောင်ကြုတ်လိုက်သည်။
“ဒါက အမှောင်ထဲက မီးပြတိုက်လိုဖြစ်နေမှာ မဟုတ်ဘူးလား။ သူတို့ကို တိုက်ရိုက်ဆွဲဆောင်နေတာ မဟုတ်ဘူးလား”
“မဖြစ်နိုင်လောက်ဘူး” လင်းရှန်က အသံနိမ့်ဖြင့် ပြောသည်။
“အမှောင်သတ္တဝါတွေက အမြဲတမ်း အမြင်အာရုံကို အားကိုးကြတာ မဟုတ်ဘူး၊၊ ငါတို့ ရင်ဆိုင်ခဲ့ရတဲ့ အကောင်တွေကို မှတ်မိတယ်မဟုတ်လား”
အဖြူရောင်သတ္တဝါကြီးသည် သူ တုံ့ပြန်ခြင်းမပြုမီ အချိန်ကြာမြင့်စွာ ဘေးတွင် ရပ်နေခဲ့သည်။
ခေါင်းသုံးလုံးပင့်ကူမွန်းစတားသည် သူ့အထက်တွင် ပေါ်လာခဲ့သည်။
အနီရောင်ကင်းခြေများသည် သူတို့ အနန္တရထားပေါ်တွင် ထွက်ပြေးပြီးမှသာ ရူးသွပ်သွားခဲ့သည်။
ပြီးတော့ မြေအောက်မြို့တော် အမှတ် ၉ မှ တွင်းနက်မွန်းစတားကြီးသည် နျူကလီးယားရထားစက်ခေါင်းကို အသက်သွင်းပြီးမှသာ သူတို့နောက်သို့ လိုက်ခဲ့သည်။
ထိုမွန်းစတားများတွင် မျက်လုံးများ ရှိသော်လည်း ၎င်းတို့၏ အပြုအမူသည် ဖုတ်ကောင်များ သို့မဟုတ် ထိတ်လန့်ဖွယ်လူသားများနှင့် မတူဘဲ ရှိနေသည်။
“ရှင်ဘာကိုဆိုလိုတာလဲဆိုတာ ကျွန်မ နားလည်တယ်—သူတို့က အမှောင်အမှတ်သားကို သုံးပြီး ပစ်မှတ်တွေကို အမှတ်အသားလုပ်တယ်။ ဒါပေမယ့် ရှင် သူတို့ ရှေ့မှာ ရှိနေရင်တောင် သူတို့ မမြင်နိုင်ဘူးဆိုရင် သူတို့ ဘယ်လိုပထမဆုံးနေရာမှာ Tag လုပ်တာလဲလို့ ကျွန်မတွေးနေတုန်းပဲ”
လင်းရှန်က ခေါင်းညိတ်လိုက်သည်။
“အတိအကျပဲ။ ဒါကြောင့် ငါတို့ ဖီးနစ်ရဲ့ သုတေသနရလဒ်တွေကို စောင့်ဆိုင်းရမယ်။ အမှတ်အသားလုပ်တဲ့ ယန္တရားတစ်ခု ရှိတယ်ဆိုတာ ငါတို့ သိတယ်၊ ဒါပေမယ့် ဘယ်လို အလုပ်လုပ် သလဲဆိုတာ—ရှာဖွေဖို့ အများကြီးကျန်နေသေးတယ်”
“ဟုတ်တယ်၊ မှန်တယ်။ ဒါကြောင့် ဒါက ဆိုလိုတာက—”
“ရှူး”
ရုတ်တရက် လင်းရှန်က ကီကီကို တိတ်ဆိတ်ရန် အချက်ပြလိုက်သည်။ စက်ရုံထဲသို့ တစ်စုံတစ်ယောက် ဝင်လာသည်ကို သူ ကြားလိုက်ရသည်။ မလိုအပ်သော ပြဿနာများကို ရှောင်ရှားရန် သူတို့ နှစ်ဦးစလုံး သည် မိမိတို့ကိုယ်ကို မဖော်ထုတ်ဘဲ စကင်ဖတ်ခြင်းပြီးသည်နှင့် ထွက်ခွာရန် အကောင်းဆုံးဖြစ်သည်ဟု ဆုံးဖြတ်လိုက်ကြသည်။
ကီကီ ချက်ချင်း တိတ်ဆိတ်သွားပြီး လင်းရှန်၏ ဘေးတွင် ပျံဝဲကာ ထိုင်ချပြီး ငြိမ်သက်စွာ စောင့်ဆိုင်းနေသည်။
ဒါပေမယ့် ဒီတစ်ကြိမ်မှာ ဝင်လာတဲ့လူတွေက... မတူဘူးလို့ ခံစားနေရတယ်။ အသံတွေအရ ခိုးကြောင်ခိုးဝှက်ပုံစံမျိုး ဖြစ်ပုံရတယ်။
“ဒီနေရာလေး ကောင်း တယ်~” အမျိုးသားတစ်ဦး၏ အသံ က ထောင့်တစ်နေရာမှ အလျင်စလိုနှင့် စိတ်လှုပ်ရှားစွာ ထွက်ပေါ်လာသည်။
“နင်က အရမ်းလောလွန်းတယ်—နေ့အလင်းရောင်တောင် ရှိနေတုန်းပဲ… တစ်ယောက်ယောက် ဝင်လာရင် ဘယ်လိုလုပ်မလဲ”
အမျိုးသမီးက စိတ်ပျက်သော လေသံဖြင့် ပြောသည်။
“ငါ မစောင့် နိုင်တော့ဘူး။ ငါ ဒီည ကင်းကျတယ်… လာပါ ဘေဘီ…မင်းရဲ့ ဘောင်းဘီ ကို ချွတ်လိုက်တော့~”
“အား…အေးလိုက်တာ…ငါ့ဖင်က နှင်းခဲကိုက်တော့မှာပဲ… ပိုနွေးတဲ့နေရာကို ရွေးလို့ မရဘူးလား”
“ဒါဆို ကားဆီ ပြန်သွားကြမလား”
“မရဘူး… လူတိုင်း အဲဒီမှာ ရှိနေပြီး အသံလုံတာ မဟုတ်ဘူး”
“အဲ့ဒါ ဘာဖြစ်လဲ… ငါတို့ လက်ထပ်ပြီးပြီပဲ။ လူအိုကြီးဝမ်နဲ့ သူ့မိန်းမက ညတိုင်း အဲဒီလိုပဲ လုပ်နေကြတာပဲဟာ—ကားရဲ့ ရှော့ဘားတွေတောင် ခုန်နေတာ။ ဟန်ဆောင်တာတွေမရှိပဲ ငါတို့လုပ်ကြရအောင်~”
“အား… ရပ်လိုက်…. ရှက်ဖို့ကောင်းတယ်—လုပ်တော့”
“ငါ့ကို နည်းနည်းလေးပဲ ကိုင်ပေးပါ… မဟုတ်ရင် ငါ့ဟာက မနိုးဘူး”
“နင်… ကောင်းပြီ၊ ငြိမ်ငြိမ်ရပ်နေ။ ငါ လုပ်ပေးမယ်”
…
ယန္တရားလက်တံပေါ်တွင် လင်းရှန်သည် မျက်နှာသေလေးဖြင့် ကြည့်နေသည်။ အနှုတ် ၅၀ ဒီဂရီနဲ့ သူတို့ ဒါကို လုပ်နေကြတာလား… နှင်းကိုက်မှာကို မစိုးရိမ်ကြဘူးလား...
သို့သော်လည်း စွမ်းအားမြှင့်သူများက မည်မျှ ပိုအားကောင်းလာသည်ကို တွေးလျှင် ဒါက ပြဿနာကြီး မဟုတ်နိုင်ပေ။ ရှောင်ယွမ်ပင်လျှင် ပေါင် ၁၀၀ အလေးချိန်ရှိသော လက်နက်သေတ္တာကို ပေါ့ပေါ့ပါးပါး မနိုင်ခဲ့သည်။ ဒါကြောင့် ဒီလိုမျိုး “လှုပ်ရှားမှု” ဟာ ဟော်မုန်း ပြည့်နေတဲ့ အမျိုးသားနဲ့ အမျိုးသမီးတွေအတွက် အခက်ခဲမဟုတ်ပါဘူးလေ…
ထို့နောက် သူ့၏ လက်မောင်းပေါ်ရှိ အလေးချိန် တိုးလာသည်ကို သတိထားမိသည်။ ခေါင်း လှည့်ကြည့်လိုက်သောအခါ ကီကီ၏ မျက်နှာသည် လုံးဝ နီရဲနေပြီး သူမသည် အံကြိတ်ထားကာ ဒေါသထွက်နေပုံရသည်၊၊ သူမက သူ့ပခုံးကို တင်းကျပ်စွာ ဖိကိုင်ထားပြီး အသံတိုးတိုးဖြင့် ရေရွတ်လိုက်သည်။
“အရမ်း အရှက်မဲ့တာပဲ...”
လင်းရှန်က အသံမထွက်အောင် ရယ်ပြီး တီးတိုးပြောလိုက်သည်။
“မင်း သူတို့ ပြောတာကို မကြားဘူးလား။ သူတို့က လက်ထပ်ပြီးသား စုံတွဲတွေ… အဲဒါက ရှက်ဖို့ကောင်းတာ ဘာရှိလို့လဲ”
“ပါးစပ်ပိတ်ထား”
အောက်ဘက်တွင် ထူးဆန်းသော ညည်းသံများနှင့် အော်သံများက ဗလာဖြစ်နေသော အလုပ်ရုံတစ်လျှောက် ပဲ့တင်ထပ်လာသည်။
ကီကီ၏ မျက်နှာသည် ပို၍ နီရဲလာသည်။ သူမသည် စိတ်စွမ်းအင် ဒိုင်းကာတစ်ခုကို ဆင့်ခေါ် ကာ စိတ်ပျက်စရာအသံများကို ပိတ်ဆို့ ထားပြီးနောက် သူမ၏ မျက်နှာကို လင်းရှန်၏ ပခုံးတွင် အပ်ကာ သူမ၏ နားများကို ပိတ်ထားလိုက်သည်။
တစ်မိနစ်အကြာတွင် ဆူညံသံများ ရပ်တန့်သွားသည်။
အမျိုးသမီး၏ စိတ်ပျက်လက်ပျက် ကျိန်ဆဲရေရွတ်သံနှင့်အတူ ထိုနှစ်ဦးသည် နောက်ဆုံးတွင် ထွက်ခွာသွားကြသည်။
ထိုအချိန်တွင် လင်းရှန်လည်း တုန်လှုပ်သွားကာ တီးတိုးရေရွတ်လိုက်သည်။
“ဆင့်ကဲပြောင်းလဲခြင်းက ကျောက်ကပ်ကို အကျုံးမဝင်ဘူး ထင်တယ်...”
“ရှင် ဘာပြောလိုက်တာလဲ”
ကီကီ ချက်ချင်း ခေါင်းထောင်လာပြီး သံသယမျက်လုံးများဖြင့် ကြည့်လိုက်သည်။
လင်းရှန်က ချက်ချင်း လေးနက်သောအမူယာဖြင့် ပြောလိုက်သည်။
“ဘာမှ မဟုတ်ပါဘူး။ အချိန်လိုသေးတယ်”
【စကင်ဖတ်မှု တိုးတက်မှု: ၈၀%】
“ကောင်းပြီ၊ ဒါဆို မြန်မြန်လုပ်” ကီကီက လင်းရှန်ဘက်သို့ မျက်နှာကို စောင်းလိုက်ပြီး သူမ၏ မျက်လုံးများသည် ဆိုးရွားစွာ တောက်ပနေသည်၊၊ သူမက ရယ်ချင်နေသာ အသံဖြင့် ပြောလိုက်သည်၊၊
“သူတို့က တော်တော်မြန်တယ် မဟုတ်လား”
လင်းရှန် “…”